အပိုင်း ၁၈၈
Viewers 16k

Chapter 188

ငါ့လူကို ဒုက္ခပေးရဲတယ်ပေါ့


ဤမင်းသား‌က သွေးမျိုးသန့်များထဲတွင် အသန်မာဆုံးစွမ်းရည်ရှိသည်ဟု ယောင်စစ် ထင်လိုက်မိသည်။ ကောင်းကင်ပေါ်တွင် ပြည့်နေသည့် အနီရောင် အလင်းတန်းများက ထိုလူ၏ မထင်မှတ်ထားသော စွမ်းအားများကို သက်သေပြနေသကဲ့သို့ပင်။


ဝင်ပေါက်ကို ပြတ်ပြတ်သားသားဖြင့် ဖျက်ဆီးလိုက်ခြင်းကြောင့် ယောင်စစ် စိတ်သက်သာရာရသွားသည်။ အကယ်၍ ထိုလူကဲ့သို့ သွေးမျိုးသန့်များ ထပ်မံရောက်လာပါက ဂလက်ဆီ အရေအတွက်များများ ဖျက်ဆီးခံရမည် ဖြစ်သည်။


သူက သန်မာပေမယ့် မူရွှမ်နဲ့ လင်းလုံတို့ ပူးပေါင်းလိုက်မယ်ဆိုရင် ... ဟုတ်ပြီ ... အဲ့တာတောင် နိုင်ဖို့ အခွင့်အရေးမရှိသေးဘူး ...


○| ̄|_


အနီရောင် အလင်းတန်းတစ်ခုက လင်းလုံကို ဖြတ်သွားသဖြင့် သူ နောက်ပြန်ဆုတ်သွားသည်။ သူ့ထံမှ သွေးများ အဆက်မပြတ် ထွက်လာသည်။


" လင်းလုံ ..."

လျန်ယုက သူ၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို ကိုင်ထားပြီး အော်လိုက်သည်။ သူမ မျက်လုံးတွင် မျက်ရည်များ ဝိုင်းလာသည်။


" ရှင် အဆင်ပြေရဲ့လား ..."


" အဆင်ပြေကြရဲ့လား ..."

ယောင်စစ်က စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ မူရွှမ်နှင့် လင်းလုံတို့နှစ်ယောက်လုံး ဝင်ပေါက်ဖွင့်ရန် ၎င်းတို့၏စွမ်းရည်များစွာကို အသုံးပြုခဲ့ကြသောကြောင့် အနိုင်ယူရန်အခွင့်အရေးအနည်းငယ်သာရှိသည်။


ထို့အပြင် မင်းသားက လင်းလုံ၏ တိုက်ခိုက်မှုကို စက္ကန့်ပိုင်းအတွင်း ချေမှုန်းနိုင်ခဲ့သည့်အတွက် အလွန်သန်မာလှသည်။ 


မင်းသားက ၎င်း၏ မူလပစ်မှတ်များကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည်။ ရောင်ခြည်များက အရံအတားပေါ်သို့ ထပ်ခါထပ်ခါ ကျလာပြီး အချက်တိုင်းတွင် ၎င်းတို့၏ ပြင်းထန်မှု တိုးလာသည်။  တဖြည်းဖြည်းနှင့် အက်ကြောင်းများ ပေါ်လာသည်။


" ငါတို့ရဲ့ စွမ်းရည်တွေကို သွေးအကျဉ်းထောင်က ဖိနှိပ်ထားတယ် ..."

လင်းလုံ သွေးများထပ်မံ အန်လိုက်ပြီး သူတို့၏ အထက်မှ အနီရောင်အလင်းများကို လက်ညိုးထိုးပြလိုက်သည်။


" သူက ဒီနေရာမှ အာဏာရှင်ပဲ ... သူ့ရဲ့စွမ်းရည်ကို ကျော်လွန်နိုင်တာ မရှိဘူး ..."


သေစမ်း ... ဒါကြောင့် သွေးအကျဉ်းထောင်ကို ဆောက်လိုက်တာပေါ့ ...


လင်းလုံ၏ စွမ်းရည်ကို အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း ရှင်းပြလိုက်သလိုပင်။ 


ဒါဆို သူမ ဘာလုပ်ရမလဲ ... သူမ ဘာလုပ်နိုင်လဲ ...


" ငါတို့စွမ်းရည်တွေ အသုံးမပြုနိုင်ရင် အခြားတစ်ခုခု သုံးရမှာပေါ့ ..."

မူရွှမ် က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ သူ၏ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။


ဘာကို ဆိုလိုတာလဲ ...


" ငါတို့စွမ်းရည်တွေ မသုံးနိုင်ရင်လား ..."

လင်းလုံ သူ၏စကားလုံးများကို စဉ်းစားနေသည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။


" မင်း မဟုတ်မှလွဲရော ... မင်း ရူးနေလား ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ဦး ..."

သူက စိတ်ခွန်အားကို သုံးချင်နေတာပဲ


" တခြား အကြုံပြုချက်များ ရှိလို့လား ..."


“…”  

လင်းလုံ တိတ်ဆိတ်သွားသည်။


အကယ်၍ သူတို့၏စွမ်းရည်များ တားဆီးခံလိုက်ရပါက သူတို့ အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ စိတ်ခွန်အားဖြစ်သည်။

ဒါပေမယ့် စိတ်ခွန်အားက အသိစိတ်တစ်ခုပဲ ဆိုတော့…


ယောင်စစ်လည်း ၎င်းကို နားလည်သည်။ သူမ မူရွှမ်၏ တီရှပ်ကို တင်းတင်းဆုပ်ထားသည်။ ခေါင်းမော့ပြီး မူရွှမ့်ကို ကြည့်လိုက်သည်။

" မူရွှမ် ..."


" စိတ်မပူပါနဲ့ အားလုံး အဆင်ပြေသွားမှာပါ ...ကိုယ့်ကို ယုံနော် ..."

မူရွှမ် လက်မြှောက်ပြီး သူမခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။


“…” 

သူမ လက်သီးကျစ်ကျစ် ဆုတ်ထားမိသည်။


မူရွှမ် သူမကို အနောက်ကို ပို့လိုက်သည်။ ထို့နောက် သူ့ထံမှ ကြီးမားသော ခွန်အားတစ်ခု ထွက်လာသည်။ အနီရောင်အလင်းများ ပြည့်နေသည့် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ပြီး မင်းသားလေးဆီ ဦးတည်သွားခဲ့သည်။


ဘိုးဘေးက အမှတ်တမဲ့ဖြစ်နေသည့်အတွက် တိုက်ရိုက် ထိမှန်သွားသည်။


အောင်မြင်သွားပြီ ...


ယောင်စစ် စိတ်ဓာတ် တက်ကြွလာသော်လည်း အနီးကပ် စစ်ဆေးကြည့်သောအခါတွင် သက်ရောက်မှုများက ခေတ္တမျှသာရှိကြောင်း သူမ သိလိုက်သည်။ မင်းသားက သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ခါလိုက်သည်။ သူ၏ အနက်ရောင်မျက်လုံးများက သူတို့ကို စူးစိုက်ကြည့်နေသည်။

" မင်းက စိတ်ခွန်အားနဲ့ တိုက်ခိုက်ချင်နေတယ်ပေါ့ ... မင်းရဲ့ အဆင့်နဲ့လေ ... ဟမ့် ..."


သူ၏ပတ်ပတ်လည်တွင် ရွှေဝါရောင်အော်ရာအလွှာတစ်ခု ပေါ်လာပြီး မူရွှမ်၏ စိတ်ခွန်အားကို တန်ပြန်လိုက်သည်။


" အသုံးမဝင်ဘူးလား ..."

ယောင်စစ် ကြက်သီးထလာသည်။


" မဟုတ်ဘူး အသုံးဝင်တယ် ..."

လင်းလုံ အော်ပြောလိုက်သည်။ 


" သူ့ရဲ့အသိစိတ်ကို ထိခိုက်သွားတယ် မဟုတ်ရင် သူက ကာကွယ်ဖို့ အရံအတား လုပ်လိုက်မယ့်အစား ပြန်တိုက်ခိုက်မှာ ..."


လင်းလုံက မူရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။

" မဆိုးပါဘူး မူမျိုးနွယ် ... ငါက မင်းရဲ့ နှာဘူးစွမ်းရည်တစ်ခုတည်းကိုပဲ သိတာ ... မင်းရဲ့ စိတ်ခွန်အားကပါ နှာဘူးဆန်နေမယ် မထင်ထားဘူး .... မင်းက တကယ်ကို လူမဟုတ်ဖူးပဲ ..."


“…” 

သူများတွေကို အဲ့လိုပဲ ချီးကျူးတာလား ...


" ဆက်လုပ်ထား ... သူ့ရဲ့ အသိစိတ်ကို အဲ့လိုပဲ ဖောက်ထွင်းနိုင်ရင် ငါတို့ အနိုင်ရနိုင်တယ် ..."


" ဟမ့် မင်းအဲ့လိုမလုပ်ခင် ငါက အကုန်လုံးကို သတ်ပစ်မှာပေါ့ ..."

မင်းသားက လှောင်ပြောင်လိုက်သော်လည်း သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ ခဏကြာသည့်အခါ  ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုက သူတို့ဆီ ဦးတည်လာခဲ့ပြီး  အမြင်အာရုံများ နီရဲလာခဲ့သည်။


မူရွှမ်၏ နှုတ်ခမ်းပေါ်မှ သွေးများက ပိုများလာပြီး သူတို့၏ အရံအတားပေါ်တွင်လည်း အက်ကွဲကြောင်းများ ပေါ်လာသည်။


" ချီးပဲ ..."

လင်းလုံ စိတ်ပျက်စွာ ဆဲရေးလိုက်သည်။ သူ မတ်တပ်ရပ်ပြီး သူ၏ကိုယ်တွင်းမှ စွမ်းအားများကို စုစည်းကာ နောက်ထပ် အရံအတားတစ်ခုကို ဆင့်ခေါ်လိုက်သည်။ နောက်တစ်ချီ တိုက်ခိုက်မှုက လင်းလုံ၏ အရံအတားကို အပြင်ဘက်မှ တည့်တည့် ရိုက်ချိုးလိုက်သည် ။


၎င်းက နှိုင်းယှဉ်၍ မရနိုင်သည့် ခွန်အားတစ်ခု ဖြစ်နေပြီး အနီရောင်အလင်းတန်းများဖြင့် ထိလိုက်သည့်အခါ လင်းလုံထံမှ သွေးများ မရေမတွက်နိုင်အောင် စီးကျလာသည်။ ၎င်းက ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုပင်။


" လင်းလုံ ..."

လျန်ယု ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။


လင်းလုံအံကြိတ်ပြီး မင်းသား၏ စိတ်အကာအကွယ်ကို ထိုးဖောက်ရန် ကြိုးစားနေသော မူရွှမ့်ကို ကြည့်လိုက်သည်။


" မူမျိုးနွယ် ဆက်လုပ်ထား ... ငါက အကန့်အသက်ရောက်သွားပြီ အဲ့ဒီအကာအကွယ်ကိုပဲ ထိုးဖောက်ဖို့လိုတာ ... မင်း အဲ့ဒါ ..."

မူရွှမ်၏ ပါးစပ်မှ သွေးများအန်လာပြန်သည်။


ငါတို့ အကာအကွယ်အလွှာကိုပဲ ဖောက်ထွင်းဖို့ လိုတာလား ...


ယောင်စစ် သွေးများပေကျံနေသော လင်းလုံကို ကြည့်ပြီးနောက် ဖြူဖျော့နေသည့်မူရွှမ်ကို ကြည့်ကာ အံကြိတ်လိုက်သည်။ သူမ အစွမ်းကုန် ထုတ်သုံးရတော့မည် ဖြစ်သည်။ ထို့နောက် သူမစိတ်ခွန်အားကို နှိုးထလိုက်သည်။


" ချီးပဲ ... မင်း ဘာလုပ်နေတာလဲ ..."

လင်းလုံ သူမ၏ လှုပ်ရှားမှုများကို မြင်သွားပြီးအထိတ်ထလန့်ဖြင့် အော်ဟစ်လိုက်သည်။


" မစဉ်းစားမဆင်ခြင်ပဲ မလုပ်နဲ့ ... မင်းရဲ့ စိတ်ခွန်အားနဲ့ဆိုရင် ကူညီပေးနိုင်မှာ မဟုတ်ဖူး ... မင်း လမ်းတောင်မလျှောက်နိုင်ဘူး ဖြစ်သွားမယ် အမ် ..."


သူ၏ စကားမဆုံးမီမှာပင် ယောင်စစ်၏ စိတ်ခွန်အားက မင်းသားခေါင်းကို ရုပ်ပိုင်းဆိုင်ရာအသွင်ဖြင့် ရိုက်ခတ်လာသော အလင်းတန်းတစ်ခုကဲ့သို့ ရောက်လာသည်။


အမ် ...


အဲ့တာ စိတ်ခွန်အားလား အုတ်ကြွပ်ပြားကြီး ထင်နေတာ ...


(⊙_⊙)


လင်းလုံ ကြောင်အသွားသည်။ အနီရောင်အလင်းတန်းက အရံအတားကို ထိုးဖောက်သွားပြီး ယောင်စစ်ကို ကာပေးထားသည့် မူရွှမ့်ဆီသို့ တိုက်ရိုက်ဦးတည်နေသည်။ ၎င်းတို့ သူမဘေးမှ ဖြတ်သွားသည်ကို ခံစားလိုက်ရပြီးနောက် မူရွှမ်၏ ဘေးတွင် ပူနွေးသည့်အနီရောင်အရည်များ စီးကျလာပြီး ယောင်စစ် မျက်နှာကို လာစင်သည်။


" မူ ... ရွှမ် ..."


ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး သူမနားထဲ တဝီဝီ ဖြစ်လာသည်။ သူမရှေ့တွင် မူရွှမ်က သွေးအိုင်ထဲ လဲနေပြီး သူ၏ မျက်လုံးသူငယ်အိမ်လည်း နီရဲနေသည်။ ယောင်စစ်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားပြီး သန်မာသည့်အင်အားတစ်ခုက သူမကိုယ်တွင်းမှ တစ်ဟုန်ထိုးထွက်လာသည်။ ဖိနှိပ်ရန် မဖြစ်နိုင်သည့်စွမ်းအားနှင့်အတူ ၎င်းက သူမ၏ ပစ်မှတ်ဆီသို့ ပြေးသွားသည်။


" ချီးပဲ ... ငါ့လူကို ထိရဲတယ်ပေါ့ ... ငါ နင့်ကိုသတ်မယ် ..."


ယောင်စစ် ကိုယ်တွင်းမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နဂါးငွေ့တန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ အနီရောင်ပင်လယ်ကြီး ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၎င်းတို့ကို ဝန်းရံထားသည့် သွေးအကျဉ်းထောင်လည်း မရှိတော့ပေ။ 


မင်းသား၏ ဦးခေါင်းပေါ်မှ စတုရန်းကြွေပြားများ ချက်ခြင်း များပြားလာပြီး ရာဂဏန်းခန့်ပင် ရှိလာသည်။ ၎င်းတို့က အလယ်ဗဟိုမှ ပုံရိပ်ကို တိုက်ခိုက်ကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးစုပ်ဖုတ်ကောင်မင်းသား၏ စိတ်ခွန်အားများ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။


ယောင်စစ်တွင် သတ်ဖြတ်ရန် အတွေးတစ်ခုသာ ရှိတော့သည်။


“…” လင်းလုံ


“…” လျန်ယု


“…” မူရွှမ် ...