အပိုင်း ၁၈၉
Viewers 15k

Chapter 189

စစ်ပွဲကြီး ဖြစ်တော့မယ်


ဤအချိန်တွင် ယောင်စစ်ထံ၌ သနားညှာတာစိတ် အနည်းငယ်မျှ မရှိတော့ပေ။


အဟမ်း ... သူမက မင်းသားကို အနိုင်ယူခဲ့တယ် ...


မူရွှမ်သာ သတိလစ်မသွားခဲ့ပါက သူမ ထိုကဲ့သို့ပင် ဖြစ်နေဦးမည်။ သို့သော် သူမ အသိစိတ်ပြန်ကပ်လာခဲ့သည့်အချိန်တွင် ဘဝင်မြင့်နေသည့်မင်းသား၏ မျက်နှာတစ်ခုလုံးက သွေးနှင့်ဖုံးအုပ်ထားသည့် အသားများသာ ကျန်တော့သည်။


သုံးရက်မြောက်နေ့အထိ မူရွှမ် မနိုးလာသည့်အခါ သူမ စိုးရိမ်လာပြီး ထိုမင်းသားကို မီးရှို့ပစ်ချင်စိတ်များ ပေါ်လာပြန်သည်။


" မပူပါနဲ့ ..."

လင်းလုံက သူမကို တည်ငြိမ်စွာပြောလိုက်သည်။ 

" တကယ်လို့ သွေးမျိုးသန့်တွေက လွယ်လွယ်နဲ့ သေမယ်ဆိုရင် ငါတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေကိုရှာဖို့ ဒီလောက် ခံစားရမှာ မဟုတ်ဖူး ... သူက စွမ်းရည်နဲ့ စိတ်ခွန်အားတွေကို အလွန်အကျွံသုံးပြီး ခဏ သတိလစ်နေတာပါ ..."


" သူ ဘယ်တော့မှ နိုးလာမှာလဲ ..."


" ငါလည်း မသေချာဘူး ..."

လင်းလုံ ပခုံးတွန့်ပြလိုက်သည်။ 


" ဒါပေမဲ့ ဘေးနားမှာ မင်းရှိနေတယ်ဆိုရင် သူ ကြာကြာ မအိပ်နေလောက်ပါဘူး  ... သူ အိပ်နေတယ်ဆိုတာကလည်း စွမ်းရည်လွန်ကဲသွားလို့ပါ ... အားပြန်ပြည့်ရင် နိုးလာလိမ့်မယ် ... အနည်းဆုံးတော့ သူ့အခြေအနေက မင်းသားထက် ကောင်းသေးတယ် ..."


တွေးကြည့်ရုံနှင့်ပင် သူ တုန်ယင်လာသည်။

" ဒါနဲ့ မင်းရဲ့စိတ်ခွန်အားက ဘယ်လိုဖြစ်တာလဲ ... နည်းနည်း ကြောက်ဖို့မကောင်းဘူးလား ... မင်းသားတောင်မှ ချေမှူန်းခံလိုက်ရတယ် ... မင်းက စိတ်နံရံတွေကို ထိုးဖောက်လိုက်ရုံ မကဘူး သူ၏အသိစိတ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ ... စွမ်းရည်တွေတောင် ပြန်ရပါ့မလား မသိဘူး ..."


သူမ အမျက်ဒေါသ၏ အတိမ်အနက်ကို သိပြီးနောက် မူရွှမ့်ကို သူ ဆန့်ကျင်ခဲ့စဉ်က။ သူမ ‌ဒေါသမထွက်ခဲ့သဖြင့် စိတ်သက်သာရာရသည်ဟု ခံစားမိသွားသည်။


" ကျွန်မလည်း သေချာမသိဘူး ..."

ယောင်စစ် ခေါင်းခါလိုက်သည်။ မူရွှမ် အနီရောင် အလင်းများဖြင့် ထိုးဖောက်ခံရတော့မည်ကို မြင်လိုက်စဉ်က‌ ဒေါသနှင့် စိုးရိမ်မှုများက သူမကိုဆွဲချသွားပြီး  သတ်ဖြတ်ချင်စိတ် တစ်ခုတည်းသာ ရှိတော့သည်။ 


အဲ့လိုဖြစ်နေမှတော့ ဘယ်သတိထားမိတော့မလဲ ...


" အဲ့ဒီအချိန်က ကျွန်မ ..."

သူမ အသိစိတ်ပြန်ဝင်လာချိန်၌ မင်းသားက ဖွတ်ဖွတ်ညက်ညက် ကြေနေပြီဖြစ်သည်။


" စိတ်ခွန်အား ပေါက်ကွဲသွားတာများလား ..."

လင်းလုံ သူမကို ကြည့်နေသည်။


စိတ်ခွန်အားသည် အခြေခံအားဖြင့် လူတစ်ဦး၏ အသိစိတ်ဖြစ်ပြီး အရေးကြီးသော အခြေအနေများအောက်တွင် အံ့ဩဖွယ်ရာ ပမာဏကို ထုတ်လွှတ်နိုင်သည်။ သူ၏မေးခွန်းကို ရပ်လိုက်ပြီး အမူအရာကို အလေးအနက်ထားကာ ပြောင်းလဲလိုက်သည်။


" မင်းသားကို သတင်းပြန်မပို့အောင် တားလိုက်နိုင်ပေမယ့် တခြားသူတွေ သိသွားဖို့က အချိန်နည်းနည်းပဲလိုမယ် ... နောက်တစ်ကြိမ်လာတဲ့ လူတွေက မင်းသားတစ်ယောက်တည်း မဟုတ်နိုင်တော့တာကိုလည်း သတိထားရမယ် ..."


" မင်းသားက တစ်ယောက်တည်းရှိတာ မဟုတ်ဖူးလား ... ရှင်တို့ မျိုးနွယ်မှာ မင်းသား ဘယ်နှယောက်တောင် ရှိတာလဲ ..."


" ငါ့ရဲ့ ကမ္ဘာက ထွက်လာတုန်းကဆိုရင် ... တခြား မင်းသားအကြီး သုံးယောက်ကိုပါ ထပ်ပေါင်းရင် ..."

သူ အချိန် ခဏယူ၍ ရေတွက်ပြီးနောက် တိကျသည့် အရေအတွက်တစ်ခု ထွက်လာသည်။


" ငါးဆယ့်ခြောက်ယောက်ရှိတယ် ..."


" ငါးဆယ့်ခြောက်ယောက်တောင်လား ..."

အများဆုံးဆယ်ယောက်ခန့်သာ ရှိမည်ဟု ယောင်စစ် တွေးထားခဲ့သည်။ သို့သော် ၅၆ယောက် ဖြစ်နေသည်။

မျိုးနွယ် ၅၆ခု ပန်း ၅၆ပွင့် ညီအကို ၅၆ယောက် အား ...


" ဘာလို့ အရမ်းများရတာလဲ ..."

သူမ မင်းသားများအသိုက်ကို တုတ်နှင့်သွားထိုးမိသည်ဟုပင် ခံစားလိုက်ရသည်။


" သူတို့တွေကို မင်းသားလို့ ခေါ်ရတာက သူတို့စွမ်းရည်တွေက သာမန်သွေးမျိုးသန့်တွေထက် သန်မာလို့ပဲ ..."

လင်းလုံ ရှင်းပြနေသည်။


" သွေးစုပ်ဖုတ်ကောင် ၅၆ယောက်ထဲမှာ အထင်ကြီးစရာ အကောင်းဆုံးက အကြီးဆုံးမင်းသားသုံးယောက်ပဲ ... သူတို့သုံးယောက်ရဲ့ စွမ်းရည်က ကျန်တဲ့ မင်းသားတွေထက်တောင် သန်မာတယ်လို့ ပြောကြတယ် ..."


ယောင်စစ် မျက်မှောင်ကြုတ်လိုက်သည်။ 

မင်းသားတစ်ယောက်တည်းတောင် ဒီလောက်ခက်ခဲနေတာ အကုန်လုံးသာ တစ်ခါတည်း လာလို့ကတော့ ...


" သူတို့က ဘာလို့ စကြာဝဠာကြီးကို သိမ်းပိုက်ချင်နေတာလဲ ..."


" ဘာလို့လဲဆိုတော့ ဝမ်အာ့မာက မင်းကို စာချုပ်ချုပ်ဆိုသူ ရှာပေးခဲ့လို့လေ ... အဲ့ဒါက တခြားလူတွေလည်း သူတို့ စာချုပ်ချုပ်ဆိုသူကို ဒီမှာ ရှာလို့ရတယ်ဆိုတဲ့ သဘောပဲလေ ... ဟုတ်တယ်မလား ..."

မင်းသား၏ ပြောစကားအရ သူတို့၏ မျိုးနွယ်စု တစ်ခုလုံးကိုပင် ဤနေရာသို့ ပို့ချင်နေသည့်ပုံပင်။


" ငါ အဲ့ဒါကို အရင်တည်းက သံသယဝင်ခဲ့တာ ..."

လင်းလုံ၏ မျက်နှာတည်သွားပြီး အသံတိုးသွားသည်။


" ဒါပေမဲ့ မင်းသားကို မြင်လိုက်ရတဲ့အချိန်က ဒီကမ္ဘာမှာ စာချုပ်ချုပ်ဆိုသူတွေ တကယ်ရှိနိုင်တယ်လို့ ခံစားလိုက်ရတယ် ..."


" ဘာ ... ချီးပဲ ကျွန်မကို လန့်အောင် မလုပ်ပါနဲ့ ... ဘာလို့ အဲ့လို ထင်ရတာလဲ ..."


" ဘာလို့လဲဆိုတော့ ဒါ ငါတို့ရဲ့ အမြွှာစကြာဝဠာ ဖြစ်နေနိုင်တယ်လေ ..."


“…” 

ဘာဖြစ်တယ် ...


" အရာအားလုံးက နှစ်ဖက်စီရှိကြတယ်လေ ... ယင်နဲ့ယန် အလင်းနဲ့အမှောင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း စသဖြင့်ပေါ့ ..."

လင်းလုံ ရှင်းပြနေသည်။


" ဒါပေမဲ့ ငါတို့မျိုးနွယ်ကတော့ ချွင်းချက်ပဲ ... ငါတို့က ဘယ်တော့မှမသေဘူး ငါတို့ကမ္ဘာကြီးထဲမှာပဲ ထာဝရ နေကြရတယ် ... ဒဏ္ဍာရီထဲမှာ အနန္တစကြာဝဠာ တကယ်ရှိတယ်ဆိုရင် ဒီတစ်ခုက ငါတို့ရဲ့အမြွှာ ...ငါတို့ရဲ့ ထာဝရရှင်သန်ခြင်းကို ဖြေရှင်းပေးနိုင်မယ့် အရာပဲ ..."  


" ရှင် ဆိုလိုတာ ... ဒီစကြာဝဠာက သူတို့ရဲ့ အမြွှာလို့ ပြောချင်တာပေါ့ ..."


သူ ခေါင်းငြိမ့်လိုက်သည်။ 

" တခြားစကြာဝဠာတစ်ခုကို ကျော်လွန်ပြီး ပို့ဆောင်ခံလိုက်ရတဲ့ သွေးမျိုးစစ်တိုင်းမှာ စာချုပ်ချုပ်ဆိုသူ ရှာဖို့အပြင် မစ်ရှင်နှစ်ခုရှိသေးတယ် ... အဲ့နှစ်ခုထဲက အရေးကြီးဆုံးက စာချုပ်ချုပ်ဆိုသူ အများစုနေထိုင်တဲ့ အမြွှာစကြာဝဠာကို ရှာဖို့ပဲ ... ဒါပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ကြပါဘူး ... အနန္တစကြာဝဠာကြီးထဲမှာ စာချုပ်ချုပ်ဆိုသူ ရှာတွေ့တာကပဲ ထူးခြားဆန်းကြယ်တယ်လို့ သတ်မှတ်နိုင်ပြီ ဒါပေမဲ့လည်း ..."


" ဒါပေမဲ့ ရှင်ရယ် ဝမ်အာ့မာနဲ့ မူရွှမ်တို့က စကြာဝဠာတစ်ခုတည်းမှာပဲ စာချုပ်ချုပ်ဆိုသူ ရှာနိုင်ခဲ့ကြတာ ... ဒါဆိုရင် ဒီစကြာဝဠာက ရှင်တို့ရှာနေတဲ့ အမြွှာစကြာဝဠာကြီးပေါ့ ..."

ယောင်စစ် ပြောလိုက်သည်။


" မှန်တယ် ..."


သေရော  ... ဒါဆိုရင် မင်းသား ပြန်ပြန် မပြန်ပြန် ဟိုလူတွေက ဒီကို ရောက်လာမှာပဲပေါ့ ... ဘာလို့လဲဆိုတော့ သူတို့ တစ်ဘဝလုံးရှာခဲ့ရတဲ့ စာချုပ်ချုပ်ဆိုသူတွေက ဒီနေရာမှာ ရှိနေနိုင်တယ်လေ ...


ရှေ့တိုး နောက်ဆုတ် မရတဲ့ အခြေအနေ ဖြစ်နေပါလား ...


" ခဏနေပါဦး ... ရှင့်မှာ မစ်ရှင်နှစ်ခုရှိတာလို့ ပြောတယ်မလား အခြားတစ်ခုက ဘာလဲ ..."

ယောင်‌စစ်မေးလိုက်သည်။


" အိုး ... နောက်တစ်ခုက ဒါနဲ့မဆိုင်ပါဘူး ..."

သူက မရှင်းပြမီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


" အဲ့ဒါက ငါတို့မျိုးနွယ်စုရဲ့ ဘုရင်ကို ရှာဖို့ပဲ ... ဒဏ္ဍာရီအရဆိုရင် သူက အသန်မာဆုံးသွေးမျိုးစစ်ပဲ ... သူက ငါတို့ရဲ့ စာချုပ်ချုပ်ဆိုသူတွေကလွဲရင် ငါတို့ကို သေခြင်းတရားဆိုတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့လူ ... သူ့ကို ဘယ်သူမှမမြင်ဖူးဘူး ... ယုတ်စွအဆုံး မင်းသားတွေကတောင် မမြင်ဖူးဘူး ... အဲ့ဒါကြောင့် သူ့ရဲ့တည်ရှိမှုက မသေချာဘူး ..."


ယောင်စစ် ခေါင်းငြိမ်းလိုက်သည်။ ယခုအချိန်၌ တခြား‌အရေးတကြီးကိစ္စများစွာ ရှိနေသဖြင့် ယောင်စစ် ထိုကိစ္စကို ထပ်မမေး‌မိတော့ပေ။ စစ်ပွဲဖြစ်နိုင်မည့် အလားအလာ အလွန်ပင် များနေသည်။


" တကယ်ကိုပဲ တခြား ဖြေရှင်းချက် မရှိတော့ဘူးလား ..."


" ဖြစ်နိုင်တယ် ... မင်းသားမှာတော့ တခြားဖြေရှင်းချက် ရှိရင်ရှိမှာ ဒါပေမဲ့ ..."

လင်းလုံ မျက်မှောင်ကြုတ်လိုက်သည်။


ယောင်စစ် သဘောပေါက်သွားသည်။ မင်းသားက ယခုချိန်ထိ ပြန်လည် မကောင်းမွန်လာသေးပေ။ မဟုတ်ပါက သူ အားလုံးကို ပြောပြလိမ့်မည်။


" စဉ်းစားစရာလေးတွေက ရှိနေသေးတယ် ... အခုတော့ ငါ မင်းသားအခြေအနေကို သွားစစ်ဆေးလိုက်ဦးမယ် ..."

လင်းလုံ အပြင်ဘက်ကို ညွှန်ပြလိုက်သည်။


ယောင်စစ် ခေါင်းငြိမ့်ပြပြီး သူ့ကို အပြင်ဘက်ကို လိုက်ပို့လိုက်သည်။ သူမစိတ်ထဲ ရှုပ်ထွေးနေသည်။

သူတို့ စစ်ပွဲကြီးကို တကယ်စတော့မှာလား ... အဲ့ဒီအရူးဘိုးဘေးတွေနဲ့သာဆိုရင်  သွေးစုပ်ဖုတ်ကောင်အားလုံးကို ဆင့်ခေါ်ရင်တောင် နိုင်ဖို့ အခွင့်အရေး မရှိနိုင်ဘူး ... နိုင် နိုင်ချေရှိတာက မူရွှမ်တစ်ယောက်ပဲ ရှိတယ် ..."


" ယောင်ယောင်လား ..."

ရင်းနှီးနေသည့် အသံတစ်ခုကို နောက်မှ ကြားလိုက်သည်။


" မူရွှမ် ..."

ယောင်စစ် ရင်ခုန်သွားပြီး ‌တစ်ဖက်သို့ လှည့်လိုက်သည့်အခါ ခုတင်ပေါ်မှ နိုးထလာသည့်သူ့ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ့ထံသို့ ပြေးဝင်သွားသည်။


" ရှင် နောက်ဆုံးတော့ နိုးလာပြီပေါ့ ..."

လွန်ခဲ့သည့် သုံးရက်က သည်းမခံနိုင်ဖွယ် ဝမ်းနည်းမှုများ ရုတ်ချည်းပျောက်ကွယ်သွားသည်။


သူ၏ ဒဏ်ရာများကို သတိရသွားသဖြင့် ယောင်စစ် သူ့ကို ကြည့်ရှု့စစ်ဆေးနေသည်။

" ရှင် အဆင်ပြေရဲ့လား ... ဘယ်လို နေသေးလဲ ... နေလို့မကောင်းတဲ့ နေရာများရှိသေးလား ..."


မူရွှမ် သူမကို ပေါင်ပေါ်တွင် ထိုင်စေလိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ဖက်ထားကာ သူမဆံပင်များကို ပွတ်သပ်ပေးနေသည်။

" အင်း ... ကိုယ်အဆင်ပြေပါတယ် ... မင်းကိုတော့ လွမ်းနေတာ ..."


သူက ရုတ်တရက် ခေါင်းငုံ့ကာ သူမကို နမ်းလိုက်သည်။


ရင်းနှီးနေသည့် မျက်နှာတစ်ခုက နီးကပ်လာပြီး သူမ အခြေအနေကို နားမလည်နိုင် ဖြစ်သွားသည်။ သူမ မိန်းမောနေစဉ် သူ၏လျှာက သူမပါးစပ်ထဲ ဝင်လာသည်။ ယခင်ကကဲ့သို့ ရှက်ရွံ့စွာ ကြိုးပမ်းမှုများနှင့်လည်း မတူပေ။ ယခု သူ၏ လုပ်ရပ်က နူးညံ့သိမ်မွေ့မှုနှင့် အကန့်အသတ်မရှိသော ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။  ထို့ပြင် အတွေ့အကြုံရှိသူ တစ်ယောက်ဟုပင် ထင်ရသည်။ ယောင်စစ် နှလုံးခုန်သံများကို မခံနိုင်တော့ပဲ  သူမစိတ်ထဲတွင် ဗလာကျင်းသွားသလိုပင် ခံစားလိုက်ရသည်။


မူရွှမ် ဘာဖြစ်သွားတာလဲ ... အိပ်ပျော်နေတုန်း အမြင်မှန် ရသွားတာများလား ...


ထိုအနမ်းက မည်မျှကြာသွားသည်ကို မသိလိုက်ပေ။ သူတို့ ရပ်တန့်လိုက်ချိန်တွင် သူမ အသက်ပြင်းပြင်း ရှုနေရသည်။ မူရွှမ် တစ်စုံတစ်ခုကို ထိန်းချုပ်ထားရန် ရုန်းကန်နေသကဲ့သို့ အသက်မြန်မြန်ရှုနေရသည်ကို သူမ ကြားနေရသည်။ ခဏကြာသောအခါ ပုံမှန်ကဲ့သို့ အသံတိုးတိုးဖြင့် စကားပြောလာသည်။

" ကိုယ် တောင်းပန်ပါတယ် ..."


သူမခါးကို တင်းတင်းဖက်ထားလိုက်ပြီး သူမ၏ အင်္ကျီထဲသို့ စိမ့်ဝင်သွားသော အခြားလက်တစ်ဖက်ကို ဖြည်းညှင်းစွာဆွဲယူလိုက်သည်။


ယောင်စစ် အခြေအနေကို သဘောပေါက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။

“…” 

ဘာလို့ တောင်းပန်နေတာလဲ ဆက်လုပ်လေ ...


" ယောင်ယောင် ...  ကမ္ဘာကြီး မဖျက်ဆီးခံရခင်က အဖြစ်အပျက်တွေကို ကိုယ် ရုတ်တရက် သတိရသွားပြီ ..."


“…”


ဘာ ...


(⊙_⊙)