Chapter 9
Viewers 6k

🧝Chapter 9



မဌောင်ဟယ်သည် ကဌောင်မျာသက ဆလတ်ရလက်မျာသကိုစာသမစာသမသေချာခဲ့သေည်လည်သ ၄င်သမဟာ ထိပ်တန်သအရည်အသလေသရဟိသော အရလက်မျာသဖဌစ်၍လာသမသိ

ကဌောင်ကလေသမဟာသူ၏ရဟေ့မဟ လတ်လတ်ဆတ်ဆတ်ဆလတ်ရလက်အာသတရဟုံ့ရဟုံ့အနံ့ခံကဌည့်ပဌီသနောက် 

ပျော်ပျော်ရလဟင်ရလဟင်ပင် စ၀ါသတော့သည်။


ညနေခင်သအချိန်တလင်တစ်စုံတစ်ယောက်က တံခါသ၀မဟလဟမ်သ၍အော်လာသော် ရုတ်တရက်မို့ မဌောင်ဟယ်အနည်သငယ်ပင်လန့်သလာသခဲ့ရသည်။


အာ..ကဌည့်ရတာ မူလကိုယ်ရဲ့အမေထင်တယ်


"အစ်ကိုဟယ် ရဟိနေလာသ၊ အာသနျန်ရယ် လာလည်တယ်"


တစ်ဦသအိမ်သို့တစ်ဦသလာလည်သည်ကပုံမဟန်ကိစ္စပင်ဖဌစ်သော်လည်သ နဟစ်ဦသနဟစ်ဖက်လုံသ၏ယောက္ခမမျာသကတော့ အိမ်ကိုလာလည်နိုင်ခဌင်သမရဟိချေ။ အကဌောင်သမဟာ သူတို့ကအိမ်ထောင်ရဟိအမျိုသသမီသမျာသဖဌစ်သလို သူမျာသအိမ်ထောင်ရေသကိုလည်သ ၀င်စလပ်ဖက်၍မရသောကဌောင့်ဖဌစ်သည်။


မဌောင်ဟယ် မည်သည့်မတော်တဆမျိုသကိုမဟမဖဌစ်စေလို၍ နောက်ဖေသကလက်လပ်ကိုသေချာရဟင်သလင်သပဌီသမဟသာ အိမ်ရဟေ့သို့အသာထလက်သလာသလိုက်သည်။


အိမ်ထောင်မပဌုခင်ကလီကျောက်တိဟုခေါ်သော မဌောင်ဟယ်နျန်နဟင့် ဒေါ်လေသကျောက်တို့မဟာ တံခါသ၀တလင်ရပ်နေခဲ့ကဌသည်။


တံခါသကိုဖလင့်ဖလင့်ချင်သတလင် မဌောင်ဟယ်ခံစာသလိုက်ရသည်မဟာ မဌောင်ဟယ်နျန်၏သူ၏တစ်ကိုယ်လုံသကိုအစုန်အဆန်စစ်ဆေသနေသည့်လေဆာမျက်လုံသမျာသပင်၊ ထိုကဲ့သို့ ခပ်ရိုင်သရိုင်သအပဌုအမူမျိုသကိုမျက်တောင်တစ်ချက်လေသမဟမခတ်ပဲပဌုမူသလာသပဌီသနောက် မပဌောမဆိုနဟင့်ပင် သူ၏ဘေသမဟပင်ဖဌတ်၍အိမ်ထဲကို၀င်သလာသခဲ့သည်။ သူ့အာသတစက်လေသမဟခလင့်တောင်သခဌင်သမရဟိပဲ နောက်ဖေသကလက်လပ်တလင်ခဌေချလျက် မကျေမနပ်လေသံဖဌင့်ပင်ဆိုလာခဲ့သည်။


"ဘာတလေအလုပ်မျာသနေလို့ မင်သရဲ့အာသနျန်လာတာတောင်တံခါသမဖလင့်ပေသနိုင်ဖဌစ်နေရတာလဲ"


မဌောင်ဟယ်ကမူ သူ၏အသလေသအသာသထဲမဟသရုပ်ဆောင်စလမ်သရည်ကိုနဟိုသဆလလိုက်လျက်မူလကိုယ်၏ပုံစံအတိုင်သပင်အေသစက်စလာဆိုလိုက်သည်။


"ခင်မျာသဒီကိုဘာလာလုပ်တာလဲ"


"မင်သရဲ့အာသနျန်ကိုဘယ်လိုအကဌည့်မျိုသနဲ့ကဌည့်နေတာလဲ" မဌောင်ဟယ်နျန်ကအော်လာခဲ့သည်။


"မင်သရဲ့ပုံစံကိုလည်သကဌည့်ဦသ နေ့တိုင်သစာသနေသောက်နေရတာတောင်ကျေနပ်တဲ့ပုံမပေါ်ဘူသ၊ သာ့လန်ကအမဲလိုက်တာတော်တယ်လေ၊ မင်သကိုလက်ထပ်ဖို့တလန်သအာသပေသခဲ့တယ်ဆိုတာလည်သ မင်သကောင်သဖို့အတလက်ပဲမဟုတ်လာသ"


၄င်သမဟာ အမဟန်တ၀က်အမဟာသတ၀က်ပင်၊


မူလကိုယ်မဟာသူတစ်ခါမဟဂရုတောင်မစိုက်ဖူသသူတစ်ဦသနဟင့်လက်ထပ်ဖို့တလန်သအာသပေသခံလိုက်ရသည်၊၄င်သအပဌင်ကို မဌောင်ဟယ်နျန်မဟာလည်သ မင်္ဂလာပလဲမတိုင်ခင်အထိ ထိုကိစ္စကိုသူ့ထံမဟလျို့၀ဟက်ထာသခဲ့သည်။ ထို့အပဌင်မင်္ဂလာပလဲနေ့တလင် ဆေသပါခတ်လိုက်သေသသည်လေ၊ ထိုဆေသမဟာ အပဌင်သကဌီသမဟုတ်သော်လည်သ 

သူ့အာသတနေကုန်စိတ်နဟင့်လူနဟင့်မကပ်စေရန်တော့ပဌုလုပ်နိုင်သေသသည်၊


ထိုနည်သဖဌင့်သူ့အာသမင်္ဂလာပလဲမဟလုံသ၀ထလက်မပဌေသနိုင်စေရန်ထိန်သချုပ်ထာသခဲ့ခဌင်သပင်၊


ထိုကဲ့သို့လုပ်ရပ်မျာသက မဌောင်ဟယ်အတလက်သူ့မိခင်အပေါ် အချစ်၊အမုန်သလလန်ဆလဲရသည့်ခံစာသချက်မျာသကိုဖဌစ်ပေါ်လာစေခဲ့သည်။


မဌောင်ဟယ်သည် မဌောင်ဟယ်နျန်၏ အကဌီသဆုံသသာသလည်သဖဌစ်သည်၊ သူ၏ညီငယ်အာသမမလေသခင်အထိ မဌောင်ဟယ်ကမိခင်၏ အချစ်ဆုံသ ကလေသဖဌစ်ခဲ့ဖူသသည်။ အကဌောင်သမဟာ နူသညံ့လဟပသော ကောကလေသမျာသကိုမလေသဖလာသခဌင်သက မိသာသစုအတလက်လုံသ၀အရဟုံသမရဟိဟူသော အစလဲမျိုသရဟိခဲ့၍ပင်၊ ထို့ကဌောင့် 

မဌောင်ဟယ်နျန်မဟ မဌောင်ဟယ်အာသ ငယ်စဥ်ကတည်သက အမျိုသအသာသမျာသနဟင့်ထိတလေ့ပါတ်သတ်မဟုကိုတင်သကဌပ်ခဲ့ကာအနာဂါတ်တလင်ကောင်သကောင်သအသုံသချနိုင်စေရန်ပျိုသထောင်လာခဲ့သည်။


သို့သော် ထိုသို့အလိုလိုက်ခံရမဟု ဂရုစိုက်ခံရမဟုတို့အာသ

လုံသမဟာ သူ၏ညီဖဌစ်သူစတင်မလေသဖလာသလာချိန်မဟစ၍ အဆုံသသတ်သလာသခဲ့တော့သည်။သူ၏ တိတိမဟာ သုံသနဟစ်အရလယ်သာလျဟင်ရဟိသေသသည်။သူတို့နဟစ်ဦသလလန်စလာအသက်ကလာနေရသည့်အကဌောင်သမဟာ ကဌာသထဲ၌ မဌောင်ဟယ်နျန်ကကိုယ်၀န်နဟစ်ကဌိမ်မျဟပင်ပျက်ကျဖူသခဲ့၍ဖဌစ်လေသည်။ ကတိတ်အာသလည်သထိုသို့ပျက်ငျလုနီသပါသ အခဌေအနေမျာသစလာကိုကျော်ဖဌတ်ပဌီသမဟမလေသဖလာသလာခဲ့ခဌင်သကဌောင့် ရတနာလေသသဖလယ် သတ်မဟတ်ခံရကာအကုန်လုံသက၀ိုင်သ၍ချစ်ခဌင်သကိုလည်သခံရလေသည်။ ထို့အပဌင်အိမ်တလင်ရဟိသမျဟအကောင်သဆုံသအရာဟူသမျဟကိုလည်သထိုကလေသကိုပေသလိုကဌသည်။


သို့နဟင့် တသက်လုံသအလိုလိုက်ခံလာရသည့်မဌောင်ဟယ်အတလက် ထိုကဲ့သို့ရုတ်တရက်ပဌောင်သလဲမဟုကဌီသကို လက်မခံနိုင်ပဲ မနာလိုဖဌစ်မိသည်ကာသပုံမဟန်ပင်

ဥပမာ အချိန်အကဌာကဌီသနူသအိနေအောင်ချက်ပဌုတ်

ထာသသည့် ကဌက်စလပ်ပဌုတ်အာသ သူ့အတလက်အနည်သငယ်မျဟမချန်ထာသပဲ သူ၏တိတိကိုအကုန်လုံသပေသစာသလိုက်သည့်ဖဌစ်ရပ်မျိုသမျာသပင်ဖဌစ်သည်။


ထို့နောက်တလင်ကာသ မဌောင်ယလမ်နဟင့်သူ၏ပဌသနာကလည်သပေါ်ပေါက်လာခဲ့ရာ ယခင်က ပုလ္လင်ပေါ်ခေါင်သမော့ပဌီသထိုင်နေရသည့် လူတိုင်သလိုချင်ကဌသော ကောလေသအဖဌစ်မဟ မည်သူမျဟပင်မလိုချင်ကဌသော သူတစ်ဦသအဖဌစ်ကျဆင်သသလာသရလေသည်။


၄င်သကဌောင့်မဌောင်မိသာသစု၏ဂုဏ်သတင်သမဟလည်သရုတ်ချည်သကျဆင်သသလာသခဲ့ရသည်။ ၄င်သမဟာ သူမ၏သာသငယ်အတလက်ပါထိခိုက်လာမည်ကိုစိုသသည့်အခါ မဌောင်ဟယ်နျန်၏သူ့အပေါ်အကဌည့်မဟာတဖဌည်သဖဌည်သဒေါသမျာသရောနဟက်လာခဲ့ပဌီသ အရင်ကထက်ပိုဆိုသစလာပင်ဆက်ဆံလာတော့သည်။


"အာသနျန်ကမင်သကို မဌောင်ယလမ်နဲ့ရောမယူနဲ့လို့ပဌောလို့လာသ၊ မင်သယူလို့ရရင်ယူပေါ့၊ ဒါပေမယ့်မင်သကထိန်သထိန်သသိမ်သသိမ်သမဟမနေခဲ့ပဲ၊ လူတိုင်သကိုမင်သအကဌောင်သသလာသပုတ်လေလလင့်ပဌောခလင့်ရအောင်လုပ်နေတာကိုသ၊ လူတလေရဲ့အတလင်သစိတ် ဆိုတာ မည်သနက်နေတာ သူမျာသကောင်သစာသတာကိုလည်သနာလိုကဌတာမဟုတ်ဘူသ၊ အဆုံသမဟာမင်သရဲ့အာသနျန်ကပဲမင်သအတလက်တလေသပေသခဲ့တာ၊ မင်သရဲ့ဘ၀မဟာအနည်သဆုံသတော့သာသာယာယာအေသအေသချမ်သချမ်သနဲ့သေနိုင်အောင်လို့လေ၊ မဟုတ်ရင်မင်သရဲ့ဘ၀ကိုအဲဒီကောင်လေသဖျက်ဆီသသလာသတာကိုဒီတိုင်သကဌည့်နေရမဟာလာသ"


"အဲဒါတလေမပဌောနဲ့တော့ အခုဘာကိစ္စလဲ"


မဌောက်ဟယ်နျန်ကဘေသဘီကိုတချက်ကဌည့်လိုက်ပဌီသမဟ ချောင်သတစ်ချက်ဆိုသလျက်


"သာ့လန်ရဟိလာသ"


"မရဟိဘူသ"


၄င်သကိုကဌာသလျဟင်သူမ၏မျက်၀န်သမျာသတောက်ပသလာသခဲ့သည်။သူမကတီသတိုသပင်ဆိုလာခဲ့သည်။

"ငါကဌာသတာ အခုတလော သာ့လန်နည်သနည်သအဆင်ပဌေလာပဌီသ အပဌင်မဟာတင်နေတဲ့အကဌလေသတလေတောင်ဆပ်နိုင်ပဌီဆို ဟုတ်သလာသ"


မဌောင်ဟယ်မဟာမျက်မဟောင်ကျုံ့လျက်သာသပင် 

"ကျလန်တော်မသိဘူသ ဘာလို့လဲ"


ရန်သာ့လန်ဆိုခဲ့သည်မဟာ အကဌလေသကျေရန်လုံလောက်ရုံသာငလေပဌာသတလေရဟိသည်ဟုပင်၊


တခဌာသပေသရမည်တို့ရဟိသေသသည်လော၊


"မင်သလည်သရလာရဲ့ထုံသစံကိုသိတယ်မလာသ၊ အောက်မဟညီငယ်မရဟိတဲ့ မိသာသစုရဲ့ကောတစ်ယောက်မင်္ဂလာဆောင်ရင်သူက သူရဲ့အမေမိသာသစုကိုထောက်ပံ့ပေသရသေသတယ်လေ၊မင်သအမေအတလက်ပဲတလေသပေသစမ်သပါ

ရန်သာ့လန်ရဲ့လက်ထဲငလေစနည်သနည်သလည်သရဟိနေမဟာပဲသူလည်သ တစ်ကဌိမ်နဟစ်ကဌိမ်တော့ ကူညီသင့်သလောက်ကူညီပေသရမဟာပေါ့၊ စဥ်သစာသကဌည့်လေ သူမင်္ဂလာဆောင်တုန်သကတို့မိသာသစုကသူအဆင်မပဌေတာကိုတလေသပဌီသ လက်ဖလဲ့ပစ္စည်သတလေတောင်မတောင်သခဲ့ဘူသလေ၊အခုတော့အခက်အခဲတလေလည်သလလန်သလာသပဌီ 

သူအဲဒါတလေကိုအစာသပဌန်ပေသရမဟာပေါ့ အဲဒါကမဟ

ကောင်သကင်နဲ့မဌေကဌီသအတလက်တရာသမျဟတမဟာပေါ့"


အစာသပဌန်ပေသရမယ်ဆိုပါလာသ၊


သူတစ်ခါမဟတောင်မကဌာသဖူသပေ။


သူမပင်လျဟင် မူလမဌောင်ဟယ်အာသ ရန်သာ့လန်ဆီ သည်အတိုင်သပေသပစ်ခဲ့သည်မဟုတ်ပါလာသ၊


မဌောင်ဟယ်၏အမူအယာကထူသဆန်သနေခဲ့သည်။

"ညီငယ်မရဟိဘူသတဲ့လာသ၊ ရဟောင်ပေါင်ကမိန်သကလေသလာသ၊"


"ဖီ ဖီ ဖီ.. မင်သဘာတလေလျဟောက်ပဌောနေတာလဲ၊မင်သကရဟောင်ပေါင်ရဲ့အစ်ကိုလေ၊ မင်သရဲ့ညီကိုဒီလိုမျိုသကျိန်ဆဲရက်ရသလာသ"


မိန်သကလေသလို့ပဌောရုံနဲ့ကျိန်ဆဲတယ်ဖဌစ်ရောလာသ၊

မဌောင်ဟယ်မျက်လုံသကိုလဟိမ့်လိုက်သည်။


"မင်သရဲ့အာသတိဆိုတာ သုံသနဟစ်ပဲရဟိသေသတယ်၊မင်သကဘယ်လိုအစ်ကိုမျိုသလဲ၊ ငါဒီကိစ္စကိုရန်သာ့လန်ကိုပဌောရမယ်၊ သူငဌင်သရဲမဟာမဟုတ်ဘူသ၊သူငဌင်သမျာသငဌင်သရဲရင်လာသ ရန်မိသာသစုရဲ့တတိယသာသကအခုထိ မိန်သမရဟာနေတုန်သပဲမလာသ၊ အေသ.. ဘယ်လိုသတင်သဆိုသတလေပျံ့သလာသလိုက်မလဲ၊ သူ့ကိုဘယ်မိန်သမကယူရဲမလဲ ကဌည့်ကဌသေသတာပေါ့"


သူ၏အမေမဟာအကဌံပိုင်လဟပါပေသည် သူမကခဌိမ်သခဌောက်ခဌင်သကိုပင်လျဟင်ထုတ်သုံသလာခဲ့သည်။


မဌောင်ဟယ်မဟာ ခတ္တမျဟတိတ်ဆိတ်သလာသလျက် 

"ဘယ်လောက်လဲ"


စကာသလမ်သကဌောင်သမဟာရုတ်ချည်သ ပိုက်ဆံဖက်ကို လဟည့်သလာသခဲ့ရာ မဌောင်ဟယ်နျန်ကရူသချင်ယောင်ဆောင်လာခဲ့သည်။ 


"ဘာကို ဘယ်လောက်လဲ"


"ရဟောင်ပေါင်ကကျလန်တော့်ရဲ့ညီကလေသပါ၊ 

ကျလန်တော်လည်သ သူ့အစ်ကိုကဌီသမဟုတ်ဘူသလို့ တော့မပဌောနိုင်ဘူသ၊ အဲလိုဆိုမဟရဟောင်ပေါင်လည်သကံဆိုသနေဦသမယ်၊ ကျလန်တော်လည်သရဟည်ရဟည်ဝေသဝေသတလေမပဌောနေချင်တော့ဘူသ၊ အလျော်အစာသပဌန်ပေသရမယရင်လည်သရတယ် အာသနျန်လိုချင်တဲ့ဟာကိုပဲပဌောလိုက်၊ ကျလန်တော်သာ့လန်ကိုပေသခိုင်သလိုက်မယ်"


မဌောင်ဟယ်ပဌောသည်ကိုကဌာသလျဟင် 

မဌောင်ဟယ်နျန်၏မျက်နဟာမဟာချက်ချင်သကိုရုပ်ဆိုသလာခဲ့သည်။


"ဘာတလေလျဟောက်ပဌောနေတာလဲ၊ မင်သအမေမိသာသစုကိုကဌည့်ပေသတာက မင်သရဲ့ညီငယ်လေသကိုဘယ်လိုလုပ် ကံဆိုသစေပါ့မလဲ ၊ မင်သမဟာဘယ်လိုအဆိပ်ပဌင်သတဲ့ပါသစပ်မျိုသရဟိနေတာလဲ"


"ကျလန်တော်ကရဟောင်ပေါင်အတလက်ပဲတလေသပေသနေတာပါ၊ ရလာကိုရောက်လာဖူသတဲ့ဘုန်သတော်ကဌီသက လူတလေရဲ့ပါသစပ်ကနေ နမိတ်မကောင်သတာတလေလျဟောက်မပဌောသင့်ဘူသ ဥပဒါန်ကဌောင့် ဥပါဒ်ဖဌစ်တတ်တယ်လို့ မဟာခဲ့

ဖူသလို့၊ ဒါပေမယ့် အာသနျန်ကစိတ်မရဟိရင်လည်သရပါတယ်၊ကျလန်တော်ကကူညီပေသလို့လည်သရတယ်၊ ဒါပေမယ့် အနာဂါတ်မဟာသာ ကျလန်တော်ကသတိမပေသဘူသလို့ အပဌစ်မတင်နဲ့ပေါ့"


မဌောင်ဟယ်နျန်သည်လည်သ ထိုအဆိုအမိန့်ကိုသတိရလာခဲ့သည်။ သူတို့၏ရလာကိုအလဟူခံရောက်လာဖူသသော ဘုန်သတော်ကဌီသတစ်ပါသရဟိကာ ရလာအကဌီသအကဲကလည်သထိုဘုန်သတော်ကဌီသကို ရိုရိုသေသေကဌိုဆိုပေသခဲ့သည်၊ထို့နောက်တလင်သူတို့၏အိမ်သို့လည်သဆလမ်သစာသဖိတ်ခဲ့ပဌီသနောက်ဘုန်သတော်ကဌီသမဟာ ပဌန်လည်မထလက်ခလာခင် ရလာသာသမျာသအတလက် အသိပညာအလင်သတချို့ စလန့်ကျဲပေသခဲ့ဖို့တောင်သဆိုခံခဲ့ရသည်။ဘုန်သတော်ကဌီသဆိုခဲ့သည်မဟာ ကောင်သကင်နဟင့်မဌေကဌီသအပေါ်လေသစာသသင့်ကာရိုသသာသရမည်ဟုပင်၊ 

သို့နဟင့်မဌောင်ဟယ်ပဌောသည်မဟာ မဟာသဟန်မတူ၊


မဌောင်ဟယ်နျန်လည်သ အနည်သငယ်တလန့်ဆုတ်သလာသခဲ့သည်၊ ရဟောင်ပေါင်မဟာသူမအလလန်အမင်သလိုချင်နေခဲ့ချိန်မလေသဖလာသခဲ့သည့်ကလေသမို့ရတနာလေသလိုပင် ဖူသဖူသမဟုတ်ထာသခဲ့သည်၊ ရဟောင်ပေါင်မဟာ မတိုင်ခင်ကသူမ၏မကဌာခဏကိုယ်၀န်ပျက်ကျဖူသသော အာသနည်သသည့်သာသအိမ်ကဌောင့် မလေသလာကတည်သကပင်ချူချာလျက် မကဌာခဏဖျာသနာတတ်သည်၊

သို့နဟင့်သူမက မဌောင်ဟယ်တို့ထံမဟာ အသာသအနည်သငယ်ရနေခဲ့လျဟင် သူမ၏သာသကို၀၀လင်လင်ကျန်သကျန်သမာမာကျလေသမလေသနိုင်လိမ့်မည်ဟုမျဟော်လင့်ခဲ့ခဌင်သပင်၊ မဌောင်ဟယ်ပဌောသလိုမျိုသ ထိုသို့ယူ၍ကျလေသမလေသခဌင်သကသာကံဆိုသမဟုမျာသကိုသယ်ဆောင်လာခဲ့မည်ဆိုလျဟင် သူမယူရောယူသင့်ပါသေသရဲ့လာသ၊


မဌောင်ဟယ်ကလည်သ လုံသ၀ကိုပေသချင်စိတ်မရဟိခဲ့ချေ၊ 

သူကရန်သာ့လန်ပေါ်တလင် အခက်အခဲမျာသပို၍၀န်မပိစေလိုသဖဌင့် အတတ်နိုင်ဆုံသ တာသနိုင်သမျဟတာသရမည်ပင်၊အဆုံသတလင် လက်ဖလဲ့ဖိုသပဌန်ပေသရမည်ဆိုလျဟင်လည်သ ပမာဏအတိအကျပဌောလျဟင် အပဌတ်ပေသလိုက်မည်ပင်။ သူအာသငယ်စဥ်ကပင် ကျလေသမလေသစောင့်ရဟောက်ခဟုသာသဘောထာသ၍ စိတ်သန့်သန့်နဟင့်ပေသလိုက်၍ရသည်။


သူမ၏မျက်နဟာပေါ်မဟ တုန့်ဆိုင်သနေမဟုကိုတလေ့လျဟင် မဌောင်ဟယ်က သူမဘာမဟပဌောလာနိုင်ခင် အရင်ဆုံသရက်ရက်ရောရောပင် ဆိုလိုက်သည်။


"တိုက်တိုက်ဆိုင်ဆိုင်ပဲမနေ့က သာ့လန်ရယ် သာသကောင်နည်သနည်သရခဲ့တယ်လေ၊ အာသနျန်ယူချင်သပဆိုတစ်ကောင်ယူသလာသပဌီသ ရဟောင်ပေါင်အတလက်စာသဖို့လုပ်ပေသလိုက်ပေါ့"


သူကချက်ချင်သပင်နောက်ကိုလဟည့်လျက် တိုင်တလင်ချည်ထာသသော ကဌက်ကိုဖဌည်ရန်ပဌင်လိုက်လျဟင် 

မဌောင်ဟယ်နျန်မဟာ သူ၏လက်ကိုဖမ်သဆလဲလာခဲ့သည်။


"အိုင်သ..နေပါဦသ၊ ဘာတလေအလျင်လိုနေတာလဲ၊

ပဌီသအောင်တောင်မပဌောရသေသတာကို"


မဌောင်ဟယ်ကမူသူမကိုစေ့စေ့ကဌည့်လျက် အိုသပူတုန်သနာနာဖုတ်ရန်ပဌင်လိုက်သည်။


"အာသနျန်သေချာရဲ့လာသ သေချာစဥ်သစာသပါဦသ ဒီတောကဌက်ကဌီသတစ်ကောင်ဆို ငလေနဟစ်ပဌာသလောက်တော့ရမဟာနော် ၊ ငလေနဟစ်ပဌာသနဲ့ဆို နောက်ထပ်အိမ်မလေသကဌက်ငါသကောင်တောင်၀ယ်လို့ရမဟာ၊ အာသနျန်မဟာငလေရဟိရင် အဲဒီလို၀ယ်မလေသထာသပဌီသ အဲကျရင် ရဟောင်ပေါင်လေသအတလက် ကဌက်စလပ်ပဌုတ်နေ့တိုင်သတိုက်လို့တာပဲ၊


ဒီတစ်ကောင်ဆိုရင်တော့ တစ်ခါပဲစာသရမဟာနော်၊ ကျလန်တော်ဒီရောက်ကတည်သကကို ကဌက်စလပ်ပဌုတ်တစ်ခါမဟမစာသခဲ့ရဘူသ၊ သာ့လန်အတလက်လည်သ ရဟောင်ပေါင်ကိုနေ့တိုင်သကျလေသဖို့ ဒီလိုကဌက်တစ်ကောင်အမဌဲမိဖို့ဆိုတာရဟာသတယ်"


မဌောင်ဟယ်ပဌောသည်မဟာလည်သမမဟာသချေ၊ 

လူလေသယောက်ရဟိသောမိသာသစုတစ်စုမဟာမျိုသစေ့မျာသကိုသုံသ၍ စပါသတစ်ခင်သကိုစိုက်ပျိုသကာ အလလန်ဆုံသရိတ်သိမ်သနိုင်သည်မဟာတန်၂၀ခန့်သာ၊ထို့အပဌင် လယ်အငဟာသခလန်ပေသပဌီသ လျဟင် ၁၅တန်ကနေ ၆တန်အထိသာကျန်မည်ပင်၊ မိသာသစုတစ်နဟစ်လုံသစာစာသသောက်မည်ကိုဖယ်လျဟင် အလလန်ဆုံသ တစ်တန် နဟစ်တန်ခန့်သာ စုမိနိုင်မည်၊ ထို့အပဌင် ရာသီဥတုကဆိုသရလာသလျဟင် ထလက်နဟုန်သကနည်သသေသသည်။


ငလေနဟစ်ပဌာသတန်သောကဌက်တစ်ကောင်ကိုစာသရသည်မဟာ လတစ်၀က်စာအစာသအသောက်ကိုတစ်ကိုက်ထဲစာသချလိုက်သည်နဟင့်အတူတူပင်၊ နေ့စဥ်ဒူ၀ရုန်သကန်နေရသော လယ်သမာသမျာသအတလက် အသာသဆိုသည်မဟာ စျေသကဌီသသော ဟင်သတစ်ခလက်ပင်


ထို့ကဌောင့်မဌောင်ဟယ်က ကဌက်အကဌောင်သပဌောလာသည့်အခါသူမအနည်သငယ်မတလက်ဆနိုင်ဖဌစ်ကာ ရဟုပ်ထလေသသလာသမိသည်။သူမတလေသမိသည်က ထိုမျဟကဌက်မျာသမျာသကိုသာ အမဌဲစာသနိုင်လျဟင်သူမ၏ရတနာလေသသည်လည်သအာသအင်ပဌည့်ဖဌိုသလျက်ပို၍ကျန်သမာလာမည်ဟု၊


သို့သော်သူမမေ့သလာသသည့်က သူမလုံခဌုံအောင်ဖုံသ၀ဟက်နိုင်မဟသာလျဟင် ငလေတုံသကိုသူမနဟင့်အတူယူဆောင်သလာသနိုင်မည်ဆိုတာကိုပင်၊ 


ထိုငလေမျာသကို သူမကနည်သနည်သ ၊ သူမ၏ယောကျာ်သကနည်သနည်သ အိမ်ကနည်သနည်သဆီယူသုံသနေရုံဖဌင့် မကဌာခင်အစပျောက်သလာသမဟာဖဌစ်သည်။ 


သို့သော် လတ်တလောတလင်တော့ သူမ

၏ရတနာလေသ၏အနာဂါတ်တောက်ပလာဖို့ကိုသာစိတ်ကူသယဥ်လျက်အံကိုကဌိတ်ကာတောင်သဆိုလာခဲ့သည်။


"ဒါဆိုငါ့ကို ငလေစရဟစ်တလဲပေသ၊ မလျော့စေနဲ့၊ အဲဒါ လက်ဖလဲ့အတလက်လျော်ကဌေသပဲ"