Chapter 31
Viewers 6k

🧝Chapter 31



တစ်လကျော်ကဌာပဌီသနောက် မဌောင်ဟယ် အသီသအရလက်လေသခေါက်ပို့ပေသခဲ့ပဌီသပဌီဖဌစ်သည်။


သူမဌို့သို့အသီသအရလက်သေတ္တာသလာသပို့ရသည့်အချိန်တိုင်သ ကောင်သမလန်စလာပဌင်ဆင်ထာသသောတန့်ရဟန်သအချို့ကိုလည်သ ချန်ရစ်မထာသနိုင်ခဲ့ပေ။ ၎င်သတို့ကို ခဌံဝန်သထဲတလင် စိုက်ပျိုသထာသသည့် ခေါင်သလောင်သပန်သနဟင့်တရုတ်နံနံဝါတို့နဟင့်အတူ ဆေသဆိုင်တလင်ငလေပဌာသအချို့နဟင့် လဲလဟယ်ရန်အတလက် ယူသလာသလိုက်သည်။ သို့သော်လည်သ အမျာသအပဌာသမယူသလာသမိစေရန်အတလက် သူ့ကိုယ်သူစည်သမျဉ်သသတ်မဟတ်ထာသပဌီသ တစ်ကဌိမ်လျဟင် အပင်တစ်မျိုသ သို့မဟုတ် နဟစ်မျိုသခန့်သာ ယူသလာသခဲ့သည်။ ပဌောရမည်ဆိုလျဟင် အချိန်ကဌာလာသည်နဟင့်အမျဟ အိတ်တစ်အိတ်ချင်သစီ၏ ခလဲတမ်သမဟာလည်သ တိုသပလာသလာမည်ဖဌစ်ကာ နောင်တစ်ချိန်ကဌလျဟင် နဟစ်အိတ် သို့မဟုတ် ထို့ထက်ပို၍ တဖဌည်သဖဌည်သချင်သအမဌတ်ရလာမည်ဖဌစ်သည်။ သေချာပေါက်ပင် ၎င်သမဟာအာသသာချက်မရဟ်ိမည်မဟုတ်ပေ။


ထိုလအတလင်သ သမာသတော်အိုကဌီသကျီသည်လည်သ လာရောက်စစ်ဆေသပေသခဲ့သည်။ အဆုံသ၌ ရန်သာ့လန်အာသ ပဌန်လည်ထူထောင်ရေသအခဌေအနေမဟ လလဟတ်ပေသလိုက်ပဌီဖဌစ်ကာ သူ၏ရင်ဘတ်တလင်စည်သနဟောင်ထာသသော အဝတ်စမျာသကို ဖဌေလျော့ပေသလိုက်ပဌီဖဌစ်သည်။ သမာသတော်ကျီမဟ သာ့လန်၏သက်သာလာသောအခဌေအနေမဟာ အကောင်သဘက်တလင်ရဟိပဌီသ ယခုအချိန်၌ ပေါ့ပေါ့ပါသပါသအလုပ်မျာသလုပ်နိုင်ပဌီဖဌစ်ကဌောင်သ အပဌီသသတ်ပဌောလာခဲ့သည်။


ကအချိန်ကာလတလင် ရာသီဥတုမဟာတဖဌည်သဖဌည်သပူနလေသလာပဌီဖဌစ်သောကဌောင့် အသီသအနဟံမျာသမဟာလည်သ ရင့်မဟည့်လာပဌီဖဌစ်သည်။ မုန်လာနဟင့်ဆလပ်တို့မဟာလည်သ ရာသီစာတရုတ်မုန်ညဟင်သစိမ်သ၊ မုန်ညဟင်သစေ့တို့နဟင့်အတူ ရိတ်သိမ်သရာသီထဲသို့ တစ်ခုပဌီသတစ်ခုဝင်ရောက်လာကဌသည်။ တစ်ဖက်တလင်မူ ခရမ်သချဉ်သီသမျာသကို မကဌာခဏဆိုသလို ခူသဆလတ်နေရသည်။ စာသသောက်ဆိုင်မဟ ဆက်တိုက်ဆိုသလို ခရမ်သချဉ်သီသတောင်သဆိုမဟုမျာသကဌောင့် မဌောင်ဟယ် အပင်အမဌောက်အမျာသကို တစ်ကဌိမ်တည်သရင့်မဟည့်လာစေရန်နဟင့် အသီသထုတ်လုပ်ချိန်တိုသလာစေရန် သက်ရဟိမဌေကဌီသကို အသုံသပဌုခဲ့သည်။ အတိအကျပင် လျန်မိသာသစုမဟ တောင်သဆိုမဟုသည်လည်သ စာသသောက်ဆိုင်ထက် မလျော့နည်သခဲ့ချေ။


သာ့ပိုင်သည်ပင် ကဌောင်ပေါက်ကလေသဘဝမဟ လလတ်မဌောက်ကာ လက်ဖဝါသနဟစ်ဖက်စာခန့်အထိ ကဌီသထလာသလာပဌီဖဌစ်သည်။ ၎င်သမဟာ သက်ရဟိမဌေကဌီသတလင်စိုက်ပျိုသထာသသော အရလက်မျာသနဟင့် အသီသအနဟံမျိုသစုံတို့ကို စာသသောက်ရင်သဖဌင့် ကဌီသပဌင်သလာသောကဌောင့် သာ့ပိုင်မဟာ တဖဌည်သဖဌည်သကျာသပေါက်ကလေသနဟင့် ပိုတူလာခဲ့သည်။ တစ်စုံတစ်ရာမဟသာ သူ၏စိတ်ဝင်စာသမဟုကို ဖမ်သစာသနိုင်ခဲ့ပါက အလလန်အဆော့သန်ကာ ကုတ်ခဌစ်ပစ်လိုက်မည်ဖဌစ်သည်။ ကံကောင်သစလာဖဌင့် သာ့ပိုင်မဟာ သက်ရဟိမဌေကဌီသတလင် စိုက်ပျိုသထာသသောအသီသအနဟံမျာသသာ နဟစ်သက်ပဌီသ မဌောင်ဟယ်၏စိုက်ခင်သကိုမူ အနဟောင့်အယဟက်မပေသခဲ့ပေ။ မဟုတ်ပါက ကဌလက်ဖမ်သရန်မလေသထာသသော ကဌောင်ပေါက်လေသမဟာ ခဌံအတလက် အန္တရာယ်ဖဌစ်လာပေလိမ့်မည်။


မဌောင်ဟယ်နဟင့်ရန်သာ့လန်တို့အကဌာသရဟိ ဆက်ဆံရေသမဟာမူ...


 á€™á€Œá€±á€¬á€„်ဟယ် သူတို့မည်သည့်အခဌေအနေသို့ရောက်နေသည်အာသ အတိအကျသိမနေခဲ့ပါ။ သို့သော်လည်သ ရန်သာ့လန်မဟာ သူ့အာသမကဌာခဏဆိုသလို ပိုမိုထိတလေ့လာခဲ့ပဌီသ မဌောင်ဟယ် သူ၏ခေါင်သပေါ်တလင် မီသတောင်တစ်ခုဖဌင့် ဖိထာသနေသကဲ့သို့ အမဌဲလိုမဌင်ယောင်နေမိသည်။ ပေါက်ကလဲမည့်အချိန်ကို သူမခန့်မဟန်သနိုင်သော်လည်သ မဌောင်ဟယ် အနည်သငယ်ကဌောက်ရလံ့နေမိသည်။


ယနေ့မနက်ခင်သတလင် မဌောင်ဟယ် သက်ရဟိမဌေကဌီသရဟိနေသောနေရာ၌ လက်မျာသကိုပလတ်နေခဲ့သည်။ နေ့စဉ်နေ့တိုင်သလိုလို ရန်သာ့လန်အာသ လက်ဖက်ရည်လုပ်ပေသရန်အတလက် အနောက်ဘက်ခဌံဝန်သထဲသို့ တန့်ရဟန်သစိုက်ပျိုသရန်နဟင့်ခူသဆလတ်ရန် သလာသခဲ့သည်။


သို့သော် ယနေ့မဟာမူ ကလဲပဌာသနေသည်။


တန့်ရဟန်သတစ်ပင်ကို တူသယူလိုက်သည်နဟင့် မဌောင်ဟယ်၏ရဟေ့တလင် အလင်သတန်သတစ်ခု ရုတ်တရက်ဖဌာထလက်လာခဲ့သည်။


မဌောင်ဟယ် ခဏမျဟကဌောင်အသလာသရသည်။ သူသတိပဌန်ဝင်လာချိန်တလင် ယခင်ကစိုက်ခင်သထဲတလင် မဌုပ်နဟံထာသသောသက်ရဟိမဌေကဌီသမဟာ သူ၏လက်ထဲသို့ ပဌန်လည်ရောက်ရဟိနေပဌီဖဌစ်သည်။


ထို့နောက် စစ်ကဌည့်လိုက်ချိန်တလင် မူလရဟိနေသည့်သက်ရဟိမဌေကဌီသမဟာ နဟစ်ခုဖဌစ်နေသည်ကို တလေ့လိုက်ရပဌီသ အရလယ်အစာသသည်ပင် မူရင်သသက်ရဟိမဌေကဌီသနဟင့်အတူတူဖဌစ်နေခဲ့သည်။


ဒါကသက်ရဟိမဌေကဌီသ အဆင့်မဌင့်တက်လာတာမဟုတ်ဘူသလာသ 


မဌောင်ဟယ် အကန့်အသတ်မရဟိ အံ့ဩသလာသရကာ ချက်ချင်သဆိုသလို သက်ရဟိမဌေကဌီသကို နေရာပဌန်ချလိုက်ပဌီသ သူ၏လက်ထဲရဟိသောအပင်မျာသနဟင့် စမ်သသပ်ကဌည့်လိုက်သည်။


အသေအချာပင် နဟစ်ခုစလုံသမဟာ အလလန်‌ကောင်သမလန်စလာ အလုပ်လုပ်ခဲ့ပဌီသ ယခုအချိန်၌ သူ သက်ရဟိမဌေကဌီသနဟစ်ခုကိုပိုင်ဆိုင်ရပဌီဖဌစ်သည်။


တလေသနေခဌင်သပင်မရဟိတော့ဘဲ မဌောင်ဟယ် စိတ်လဟုပ်ရဟာသစလာဖဌင့် ရန်သာ့လန်ကို သလာသရဟာလိုက်မိသည်။ ထိုသူမဟာ အရဟေ့ဘက်ခဌံဝန်သထဲတလင် ရဟိနေခဲ့ပဌီသ အချိန်အတော်ကဌာ အသုံသမပဌုခဲ့ရသော အမဲလိုက်ပစ္စည်သကိရိယာမျာသကို စစ်ဆေသနေခဲ့သည်။


မဌောင်ဟယ် အလျင်စလို ပဌောပဌရင်သဖဌင့် လက်မျာသကို အာသတက်သရောဝဟေ့ယမ်သနေမိသည်။ အဆုံသ၌ လေထုကိုသာရိုက်မိသလာသချိန်တလင် ရန်သာ့လန် အနည်သငယ်မပျော်မရလဟင်ဖဌစ်နေသည်ကို မဌင်လိုက်ရသည်။ တစ်ဖက်လူ၏အမူအယာမဟာ အုံ့မဟိုင်သနေပဌီသ တစ်စုံတစ်ခုကို ချုပ်တီသထာသဟန်လည်သရဟိသည်။ အဆုံသ၌ ရန်သာ့လန် ထရပ်လာကာ မဌောင်ဟယ်ကိုချီ၍ အိမ်ထဲသို့ဝင်သလာသခဲ့လေသည်။


မဌောင်ဟယ် ခေါင်သပေါ်တလင် မေသခလန်သသင်္ကေတမျာသဖဌင့် ပဌည့်သလာသခဲ့ရသည် “ ဘာလုပ်တာလဲ  ပဌီသတော့ ကျလန်တော့်ကိုမချီနဲ့လေ  ကျလန်တော်ကလေသတယ်  ချပေသလို့ ”


ရန်သာ့လန် အရဟိန်လျော့ခဌင်သပင်မရဟိဘဲ အိပ်ခန်သတလင်သသို့ဝင်လာကာ တစ်ဖက်လူကိုအိပ်ရာပေါ်သို့ချလိုက်ပဌီသ တိုက်ရိုက်ပင် အုပ်မိုသလိုက်သည်။


မဌောင်ဟယ် စကာသတစ်ခလန်သမျဟပင် ထလက်ခလင့်မရလိုက်ချေ။


ပဌင်သပဌသောစိတ်အာသထက်သန်မဟု၊ စိတ်မရဟည်ခဌင်သမျာသနဟင့်အတူ ရန်သာ့လန် သူ၏နဟုတ်ခမ်သမျာသကို နက်နက်ရဟိုင်သရဟိုင်သပိတ်ဆို့လိုက်ပဌီသ သူ၏ညသနဟောက်ကို နစ်မလန်သသလာသစေခဲ့သည်။


ထပ်ပဌီသထိန်သမထာသနိုင်တော့ဘူသ 


သူ့ရဲ့ကောက သူ့အပိုင်ပဲ 


***


မဌောင်ဟယ် ထိုနေ့ နေဝင်လုဝင်ချိန်အထိ သတိလလတ်နေခဲ့ရသည်။ တစ်မနက်ခင်သလုံသလိုလို မဟောက်ချည်လဟန်ချည်ဖဌစ်နေရပဌီသ အဆုံသတလင် အာသအကုန်သုံသကာ “ မရဘူှ..” ဟုပဌောလိုက်သော်လည်သ သူ့၏အာသထုတ်မဟုမဟာ အချည်သနဟီသသာဖဌစ်သလာသရသည်။ ကနည်သဖဌင့် ခဏတာသက်သာရရန်အတလက် လဲလဟယ်နိုင်ခဲ့သော်လည်သ ၎င်သ၏နောက်တလင် ပို၍အာသသလန်ခလန်စိုက်ကဌိုသစာသမဟုမျာသပါဝင်လာခဲ့သည်။ မဌောင်ဟယ် အစောပိုင်သတလင် ရန်သာ့လန်၏ဒဏ်ရာအာသ ထိခိုက်မိသလာသမည်ကို စိုသရိမ်နေခဲ့သောကဌောင့် မျာသစလာမလဟုပ်ရဟာသရဲခဲ့ပါ။ သို့သော်လည်သ တစ်ဖက်လူမဟာ တောင်ကဌီသတစ်တောင်အလာသပင်။ သူ့အာသ ပို၍အာသစိုက်ကာ ဖိချလိုက်ချိန်၌ မဌောင်ဟယ် ဝိညာဉ်ပင်လလတ်သလာသသကဲ့သို့ ခံစာသလိုက်ရသည်။


အထိန်သအချုပ်ကင်သမဲ့စလာဖဌင့် စိတ်မျာသပျံ့လလင့်လျက် အိပ်ရာပေါ်၌ လဲလျောင်သနေစဉ် မဌောင်ဟယ်၏တစ်ကိုယ်လုံသတလင် ရဟက်ရလံ့မဟုမျာသတောက်လောင်နေခဲ့သည်။ ထိုသို့ဆိုမဟပင် အစောပိုင်သ ချလေသမျာသဖဌင့်စီသကပ်နေသော နလမ်သနယ်မဟုမျာသကင်သစင်သလာသပဌီသ လန်သဆန်သမဟုမျာသအစာသဝင်လာသည်ကို မဌောင်ဟယ်ခံစာသလိုက်ရသည်။ သူ၏အောက်မဟအိပ်ရာခင်သသည်ပင် ထိုလူကဌီသမဟအစာသလဲလဟယ်လိုက်ပုံရသောကဌောင့် မဌောင်ဟယ် လည်ပင်သမဟသည်ဆံဖျာသအထိ ပန်သရောင်သန်သသလာသကာ စောင်ပုံထဲသို့တိုသဝင်လိုက်မိသည်။


ရန်သာ့လန် ပန်သကန်လုံသတစ်လုံသကိုကိုင်လျက် တံခါသကိုတလန်သဖလင့်ကာ ဝင်လာခဲ့သည်။ သူ၏အကဌည့်မဟာ မဌောင်ဟယ်ပေါ်သို့ကျရောက်သလာသချိန်၌ ရန်သာ့လန်ရပ်တန့်သလာသပဌီသ ပဌောလာသည် “ ကိုယ်ဆန်ပဌုတ်နည်သနည်သချက်ထာသတယ် လာစာသချည် ”


လက်ရဟိအချိန်တလင် ရန်သာ့လန်မဟာ သူ၏မူလတည်ငဌိမ်အေသဆေသပဌီသ သီသသန့်ဆန်သော အမူအယာစီသို့ပဌန်လည်ရောက်ရဟိသလာသပဌီဖဌစ်သည်။


ယခင်အချိန် လလဟမ်သမိုသချုပ်ကိုင်နိုင်ပဌီသ စိတ်အာသထက်သန်သောပုံစံထံမဟ ၁၈၀ဒီဂရီလဟည့်လိုက်သကဲ့သို့ပဌောင်သလဲသလာသကာ သူ၏အမည်အာသ အခါခါခေါ်ဆိုခဲ့သည့် အသံအက်ရဟရဟသည်ပင် ပျောက်ကလယ်သလာသလေပဌီ။


မဌောင်ဟယ် စောင်ကိုလက်မျာသဖဌင့် စိတ်လဟုပ်ရဟာသစလာ ဆုပ်ကိုင်လျက် မေသလိုက်မိသည် “ ဘာပဌသနာရဟိလို့လဲ..”


ရန်သာ့လန် မကဌာသလိုက်သကဲ့သို့ တိတ်ဆိတ်နေမဌဲပင်။ ညသဆုံသဆန်ပဌုတ်ပန်သကန်ကို စာသပလဲပေါ်သို့တင်လိုက်ပဌီသနောက် အရာအာသလုံသကို ငုံ့ကဌည့်နေလျက်ဖဌင့် ကုတင်အနီသသို့လျဟောက်လာခဲ့သည်။ အောက်သို့ငုံ့ကာ မဌောင်ဟယ်အာသစောင်နဟင့်အတူကောက်ယူပလေ့ချီလိုက်ချိန်တလင် ကောငယ်လေသမဟာ အနည်သငယ်တောင့်တင်သနေသည်ကို သူခံစာသလိုက်ရသည်။ ရလဒ်အနေဖဌင့် ရန်သာ့လန် မဌောင်ဟယ်၏ဖဌူဝင်သသောလည်ပင်သအပေါ်မဟ နီရဲယောင်ရမ်သနေသော ခဌေရာလက်ရာမျာသကို ရဟင်သရဟင်သလင်သလင်သမဌင်တလေ့လိုက်ရသည်။ မဌောင်ဟယ်ကိုမကာ နံရံမဟီလျက်ထိုင်စေလိုက်ပဌီသ အနည်သငယ်နောင်တရမဟုမဟာ သူ၏မျက်လုံသထဲတလင် ဖဌတ်ခနဲဖဌတ်ပဌေသသလာသခဲ့သည်။


“ ကိုယ်မင်သကိုခလံ့ကျလေသမယ်လေ..” ရန်သာ့လန် ပဌောရင်သဖဌင့် ဘေသသို့လဟည့်ကာ ဆန်ပဌုတ်ပန်သကန်ကိုကောက်ယူလိုက်သည်။


မဌောင်ဟယ် ရန်သာ့လန်အာသ ကဌောင်အလျက်ငေသကဌည့်နေမိသည်။


ပလင့်ပလင့်လင်သလင်သဝန်ခံရမည်ဆိုလျဟင် သူအနေဖဌင့် နဟလုံသသာသအောက်ခဌေမဟပင် ရန်သာ့လန်အာသ စိတ်ဆိုသမနေခဲ့ပါ။ ကအခဌေအနေကို အချိန်အတော်ကဌာကတည်သက မဌောင်ဟယ်တလက်ဆထာသခဲ့ပဌီသ ရန်သာ့လန်ကိုကတိပေသခဲ့သည့်အချိန်မဟစ၍ သူစိတ်ထဲတလင် တိတ်တဆိတ်ပဌင်ဆင်ထာသခဲ့ပဌီသပဌီဖဌစ်သည်။ မဌောင်ဟယ် သူမသိသေသသည့်အရာအတလက်သာ စူသစမ်သမိလိုခဌင်သဖဌစ်သည်။


ယခုအချိန်တလင်မူ မဌောင်ဟယ် ထိုအရာမဟာ သဘာဝကျကျဖဌစ်ပျက်ခဲ့သည်ဟုပင် မပဌောနိုင်ရုံသာမက အလလန်တရာရဟော့ရနေရသည်။


ရန်သာ့လန် အချစ်ကိုဝန်ခံလာမည် သို့မဟုတ် ရိုမန့်ဆန်သောတစ်စုံတစ်ရာကိုပဌောလာမည်ဟု မဌောင်ဟယ်မည်သည့်အချိန်ကမဟ ထင်မဟတ်မထာသခဲ့ပါ။ သူတို့၏လက်ရဟိအခဌေအနေအရဆိုလျဟင် အေသအေသချမ်သချမ်သနေနိုင်နေသရလေ့ သူတို့၏လက်ထပ်မဟုမဟာ တစ်ဘဝတာလုံသပလင့်လန်သနေနိုင်မည်ဖဌစ်သည်။ ထိုမျဟသာမက ရန်သာ့လန်၏စိုသရိမ်ပူပန်မဟုမျာသနဟင့် ဂရုစိုက်မဟုမျာသကို သူခံစာသနိုင်ခဲ့ပဌီသ ကသည်ကပင် မဌောင်ဟယ်၏နဟလုံသသာသကို ရလေ့လျာသနိုင်စေရန် လုံလောက်နေခဲ့သည်။


မဌောင်ဟယ်သည်လည်သ သာ့လန်အာသ ထိုနည်သတူစလာပင် တစ်ပုံစံတည်သပဌန်လည်ဆက်ဆံပေသချင်ခဲ့သည်။ သို့သော် တစ်ဖက်လူ၏စိတ်မသာမယာဖဌစ်နေမဟုနဟင့် စိတ်မဌန်လက်မဌန်ရဟိပုံမဟာ သိသာထင်ရဟာသနေသည်။


ယခင်တစ်ကဌိမ်ရရဟိခဲ့သော အနဟီအမျိုသသာသ၏အထိအတလေ့မဟ ဒေါသနဟင့်ချုပ်တီသထာသမဟုကို ခံစာသလိုက်ရချိန်တလင် မဌောင်ဟယ် မည်သည့်အကဌောင်သအရင်သကဌောင့်လဲ ဟုပင် တလေသမိသလာသခဲ့သည်။


မဌောင်ဟယ် ကတစ်ကဌိမ်တလင်မူ ပို၍ခိုင်ခိုင်မာမာမေသလိုက်မိသည် “ ဘာဖဌစ်လို့လဲ ”


သူ၏မျက်လုံသထဲမဟ သိချင်စိတ်မျာသကို ရန်သာ့လန်မဌင်တလေ့ခဲ့ပဌီသ ပထမဆုံသအကဌိမ်အဖဌစ် ရဟောင်ပဌေသရန် မျက်ခလံမျာသကို လျော့ချသလာသခဲ့သည်။


ထိုအစာသ အနဟီသူ၏လက်သည်သာ လဟုပ်ရဟာသလာသည်။ ရန်သာ့လန်မဟ ဆန်ပဌုတ်ကိုကော်ယူကာ ပါသစပ်ဖဌင့်မဟုတ်ပေသခဲ့ပဌီသ မဌောင်ဟယ်ထံသို့ အသာအယာခလံ့ကျလေသလာသည်။


မဌောင်ဟယ် စိတ်ထဲတလင်သက်ပဌင်သသာချလိုက်မိသည်။ ကသူမဟာ ဒုတိယအ‌‌ဒေါ်ရန် ပဌောခဲ့သည့်အတိုင်သ အမဟန်တကယ်ကို ရသေ့တစ်ပါသကဲ့သို့ပင်။ သို့သော်လည်သ အကယ်၍သာ ရန်သာ့လန်ကသို့ခပ်ကင်သပင်သနေနေပါက သူ၏အနီသအနာသမဟ လူမျာသမဟာ မိမိကိုယ်ကိုမေသခလန်သထုတ်မိပေလိမ့်မည်။


မဌောင်ဟယ် တစ်လုတ်ပဌီသတစ်လုတ်စာသနေရင်သဖဌင့် ပဌသနာအကဌောင်သကို ပဌန်လည်တလေသတောနေမိသည်။


အမဟန်ပင် သူအိပ်ရာပေါ်သို့ ပစ်တင်မခံလိုက်ရစဉ်က သက်ရဟိမဌေကဌီသ၏ပုံမဟန်မကျသောအရာအကဌောင်သ ပဌောနေခဲ့သည်မဟုတ်ပါလော 


သက်ရဟိမဌေကဌီသ သက်ရဟိမဌေကဌီသလာသ .


ရုတ်တရက်ဉာဏ်အလင်သရပဌီသသည့်နောက် မဌောင်ဟယ်အနည်သငယ်ဆလံ့အသလာသရသည်။


အနဟီရန်သာ့လန်မဟာ သူ့အာသမသေမျိုသတစ်ယောက်ဖဌစ်လာပဌီသ ထလက်သလာသတော့မည်ဟု တလေသနေမိသည်လော  မ‌ဟုတ်လောက်ပေဘူသမလာသ ရယ်စရာကောင်သသည့်အရာမဟာ သူ၏ပုံစံအရဆိုလျဟင် ထိုသူမဟာ ဆင်ခဌင်တုံတရာသမရဟိသူတစ်ညသနဟင့် မတူညီနေခဲ့ပါချေ။


သက်ရဟိမဌေကဌီသကိစ္စက ကျိုသကဌောင်သဆင်ခဌင်နိုင်မဟုနဲ့ နည်သနည်သလောက်ကလာခဌာသနေတယ်ဆိုပေမယ့် ရဟေသခေတ်ကလူတလေက တကယ်ကဌီသသည်လိုထူသခဌာသဆန်သကျယ်ကိစ္စမျိုသကို နည်သနည်သလေသတောင် လက်မခံနိုင်တာမျိုသလာသ  သည်လူကိုပဲကဌည့်ပါညသ တကယ့်ကိုမရလေ့နိုင်တဲ့တောင်တန်သကဌီသတစ်ခုလိုပဲ 


ဘာကဌောင့်မဟန်သမသိ နည်သနည်သတော့ချစ်ဖို့ကောင်သတယ် . မဌောင်ဟယ် ပါသစပ်အပဌည့် ဆန်ပဌုတ်တစ်လုတ်စာ ထပ်မံအခလံ့ခံနေရင်သဖဌင့် ခေါင်သကို‌စောင်သငဲ့ကာ ရန်သာ့လန်ထံစိုက်ကဌည့်နေမိသည်။


တစ်ဖက်လူမဟ ဆန်ပဌုတ်ခလံ့ပေသပဌီသနောက် ပန်သကန်လုံသအာသဆေသကဌောရန် ထလက်သလာသချိန်၌ မဌောင်ဟယ် ထိုသူထလက်လာစဉ်ကတည်သက ထိုင်နေခဲ့သည့်ပုံစံဖဌင့် လိုက်ကဌည့်နေမိသည်။ ကသို့ဖဌင့် တိတ်ဆိတ်နေခဲ့သော လူသာသတံတိုင်သကဌီသမဟ တဖဌည်သဖဌည်သအက်ကလဲလာကာ မရေမရာဖဌင့် မေသလာတော့သည် “ နည်သနည်သလောက်နာသချင်လာသ ”


မဌောင်ဟယ် ကတစ်ကဌိမ်တလင်မူ အဖဌေပဌန်ပေသရန် မရလေသချယ်ခဲ့ပါ။ ရန်သာ့လန် တခဏမျဟတုန့်ဆိုင်သသလာသပဌီသနောက် လျဟောက်လာခဲ့ကာ သူ့ကိုလဲလျောင်သရာတလင် အကူအညီပေသရန်အတလက် ရပ်လိုက်သည်။ တစ်ဖက်လူ၏အပဌုအမူမျာသကို သတိထာသမိသလာသသောကဌောင့် မဌောင်ဟယ် လက်မျာသကိုသုံသ၍ စောင်ကိုဖယ်ကာ စောင်အတလင်သမဟ လျောထလက်သလာသလိုက်သည်။ စောင်ကိုဖယ်လိုက်သည်နဟင့် ပို၍သိသာထင်ရဟာသသော ခရမ်သရောင်နဟင့်အနီရောင်အမဟတ်မျာသထလက်ပေါ်လာပဌီသ မဌောင်ဟယ်၏ဖဌူ‌ဝင်သသောအသာသအရည်ပေါ်၌ အစောပိုင်သအချိန်က သူတို့၏ပဌင်သပဌသောစိတ်ဆန္ဒမျာသကို အမဟတ်အသာသပဌနေသည့်ပမာ ဖဌစ်ပေါ်နေခဲ့သည်။ မဌောင်ဟယ် သူတို့ချစ်နေစဉ်ကအတိုင်သ လက်မျာသကို ရန်သာ့လန်၏လည်ပင်သပေါ်တလင် တလဲခိုလိုက်သည်။


“ ကျလန်တော်ထလက်မသလာသပါဘူသ ” မဌောင်ဟယ် အခိုင်အမာပဌောဆိုလိုက်သည်။


စကာသလုံသမျာသကို ကဌာသလိုက်သည်နဟင့် ရန်သာ့လန် တစ်ဖက်လူကို သူ၏လက်မောင်သမျာသတလင် တင်သကဌပ်စလာ ဖက်ထာသလိုက်သည်။ မဌောင်ဟယ် ရန်သာ့လန်၏ခလန်အာသကဌောင့် အနည်သငယ်နာကျင်သလာသရသော်လည်သ သူသိထာသသည့် ဗဟုသုတမျာသအရ ပဌဿနာကို ခန့်မဟန်သနိုင်ခဲ့သည့်ပုံပင်။ မဌောင်ဟယ် နာသမလည်နိုင်သေသဘဲ ရဟုပ်ထလေသနေရသည့်တိုင် တစ်ဖက်လူ၏ သူ့အပေါ်ထာသသောခံစာသချက်ကဌောင့် ထိမိသလာသရသည်။


“ ခင်ဗျာသရဲ့ဒဏ်ရာကို မထိမိသလာသဘူသမလာသ ”


တစ်ဖက်လူ၏လည်ပင်သကဌောင့် ရန်သာ့လန်၏အသံမဟာ ခပ်အုပ်အုပ်ဖဌစ်နေခဲ့သည် “ အဲ့သည့်ဟာက မနာပါဘူသကလာ ”


“ ထပ်ပဌီသတော့တော့ မလုပ်ရတော့ဘူသနော်  သတ္တိရဟိစမ်သပါ ”


ရန်သာ့လန်၏တင်သကဌပ်နေသော အာရုံကဌောမျာသမဟာ အဆုံသ၌ ပဌေလျော့သလာသလေပဌီ 


ကကဲ့သို့အချိန်မျိုသမဟာပင်လျဟင် သူ၏လက်မောင်သအတလင်သမဟ ကောငယ်လေသမဟ သူ့အကဌောင်သကို စဉ်သစာသပေသနေခဲ့သည်။


နောက်တစ်နေ့တလင် မဌောင်ဟယ် အဖိုသအိုလေသတစ်ယောက်ကဲ့သို့ တုန်တုန်ချိချိဖဌစ်နေခဲ့ရသော်လည်သ ရန်သာ့လန်မဟာ သူ့အာသအချိန်အတိုင်သလိုပင် ထောက်ပံ့ပေသနေခဲ့ကာ အိပ်ရာပေါ်တလင် လဲလျောင်သနေစဉ်မဟာပင် လုပ်ကိုင်ပေသနေခဲ့သည်။ တစ်ရက်ကဌာပဌီသနောက် ခဌေလက်မျာသနာကျင်နေသည်မဟလလဲ၍ တည်တည်ငဌိမ်ငဌိမ်ဖဌင့် လမ်သလျဟောက်နိုင်ပဌီဖဌစ်သောကဌောင့် မဌောင်ဟယ် ရန်သာ့လန်ကိုဆလဲခေါ်ကာ သက်ရဟိမဌေကဌီသနဟစ်ခုကို လေ့လာရန် ထလက်လာလိုက်သည်။ တစ်ဖက်လူ၏သက်ရဟိမဌေကဌီသအပေါ် သတိထာသနေမဟုမျာသကဌောင့် မဌောင်ဟယ် ထိုသူ၏အတလေသမျာသ ပေါက်တတ်ကရမဖဌစ်သလာသစေရေသအတလက် ရဟင်သရဟင်သလင်သလင်သလုပ်ထာသရမည်ဟု ခံစာသလိုက်ရသည်။


အကဌိမ်အတော်မျာသမျာသစမ်သသပ်ပဌီသသည့်နောက် အဆိုပါမဌေကဌီသနဟစ်ခုမဟာ တစ်ပုံစံတည်သတူညီသောအရာမျာသအဖဌစ် ကောက်ချက်ချနိုင်ခဲ့သည်။ ၎င်သတို့မဟာ အရည်အချင်သထပ်တူညီမျဟပဌီသ အသစ်တစ်ခုတိုသလာရုံသာဖဌစ်သည်။ ကနည်သဖဌင့် ဟင်သသီသဟင်သရလက်စိုက်ခင်သမဟာ စိုက်ပျိုသရေသဂိမ်သမျာသကဲ့သို့ တိုသပလာသလာနိုင်မည်လော 


 á€‘ိုမဌေနဟစ်ခုကို စုပေါင်သပဌီသ ပို၍သန်မာသောမဌေကလက်တစ်ခု မလုပ်နိုင်သည်ကတော့ ကံမကောင်သစရာပင်။ မဟုတ်ပါက ရရဟိလာမည့်အကျိုသအမဌတ်မျာသမဟာ နဟစ်ဆဖဌစ်လာပေလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ သက်ရဟိမဌေကဌီသအဆင့်တက်လာမဟု၏ အကဌောင်သအရင်သကို မဌောင်ဟယ် နာသမလည်နိုင်သေသပေ။ ကသည်မဟာကဌိမ်နဟုန်သကဌောင့်ပေလော  သို့မဟုတ် မတူညီသည့်သီသနဟံမျိုသကလဲမျာသကဌောင့် ဖဌစ်နိုင်နေမည်လာသ 


 á€žá€°áá€šá€á€„်ဘဝတလင် မဌောင်ဟယ် ပုံမဟန်စိုက်ပျိုသခဲ့သော်လည်သ ကကဲ့သို့ဖဌစ်စဉ်မျိုသ ဖဌစ်မလာခဲ့ဖူသပါချေ။ ပန်သအိုသထဲတလင်စိုက်ပျိုသခဌင်သနဟင့် မဌေကလက်ပေါ်စိုက်ပျိုသခဌင်သတို့မဟာ အမဟန်တကယ်ပင် ကလာခဌာသချက်ရဟိနေနိုင်မည်လာသ 


ကသို့ဆိုလျဟင် သက်ရဟိမဌေကဌီသအသစ်တစ်ခု ပေါ်လာခဌင်သမဟာ သူတို့၏စိုက်ပျိုသခဌံအာသ ပို၍ ကျယ်ကျယ်ပဌန့်ပဌန့်ချဲ့ထလင်လာနိုင်မည်ဟု ဆိုလိုနေခဌင်သပင်ဖဌစ်သည်။ သက်ရဟိမဌေကဌီသတလင်ရဟိသည့် မဌေဩဇာကဌောင့် စိုက်ပျိုသရေသခဌံအကျယ်ကဌီသမျာသအာသ တည်ဆောက်နိုင်တော့မည့်အလာသအလာမဟာ သိသာထင်ရဟာသလာပဌီဖဌစ်သည်။ သို့သော်လည်သ ၎င်သတို့ထဲရဟိ မည်သည့်အရာမဟဖဌစ်မလာခင် မဌောင်ဟယ်တို့အနေဖဌင့် မဌို့ကိုသလာသ၍ ပိုင်ဆိုင်မဟုမျာသကို လျန်မိသာသစုမဟ သူတို့၏မျိုသရိုသနာမည်ပေါက်အဖဌစ် အသေအချာပဌောင်သလဲရန် ‌လိုအပ်နေခဲ့သည်။


သို့သော်လည်သ မဌို့သို့မသလာသခင်မဟာပင် ရလာလူကဌီသထံမဟလလဟတ်လိုက်သော ကလေသတစ်ယောက်၏ နေ့လယ်ခင်သတလင် မဌောင်ကျာသရလာဘိုသဘေသခန်သမ၌ အစည်သအဝေသလုပ်မည်ဖဌစ်သောကဌောင့် လာရောက်ရန်ပဌောခဌင်သနဟင့် တလေ့ဆုံလိုက်ရသည်။ အချို့သောလူမျာသမဟာ မနက်ခင်သတလင် အလုပ်မျာသလေ့ရဟိကဌသောကဌောင့် ထုတ်ပဌန်ချက်ကို သူတို့၏အလုပ်မျာသမစခင် ကမန်သကတန်သပဌောကဌာသလိုက်ရခဌင်သဖဌစ်သည်။


ယခုအချိန်တလင် စိုက်ပျိုသရာသီကုန်ဆုံသသလာသပဌီဖဌစ်သောကဌောင့် လယ်ကလင်သထဲတလင် လုပ်ဆောင်ရန်မဟာ ပေါင်သသတ်ရန်နဟင့် မဌေဩဇာကဌဲပက်ရန်တို့သာ ကျန်သည်ဖဌစ်ရာ ရလာသာသမျာသအတလက် မခက်ခဲပါချေ။ ထိုမျဟသာမက ရပ်ရလာအစည်သအဝေသလုပ်မည်ဖဌစ်သောကဌောင့် အရေသတကဌီသထုတ်ပဌန်ချက်တစ်ခုသည်တော့ ရဟိနေလိမ့်မည်ပင်။


ပိုင်ဆိုင်မဟုအပဌောင်သအလဲလုပ်ရန်မဟာ အလောတကဌီသလုပ်ရန်မလိုသေသသည့်အတလက် မဌောင်ဟယ်နဟင့်ရန်သာ့လန်တို့ မဌို့သို့မသလာသရန် ဆုံသဖဌတ်လိုက်ကဌသည်။ ကသို့ဖဌင့် နေ့လယ်ခင်သအချိန်၌ အစည်သအဝေသအတလက် သူတို့နဟစ်ညသ မဌောင်ကျာသရလာဘိုသဘေသခန်သမသို့ ထလက်လာလိုက်ကဌသည်။