Chapter 34
Viewers 6k

🧝Chapter 34



လူတိုင်းလူတိုင်းတွင် ထူးခြားသောအကြိုက်များရှိကြသည်မှာ ပုံမှန်ပင်။ ဆိုင်ရှင်ကျန်းအဖို့ လူတိုင်းအား အတင်းအကြပ် သဘောကျခိုင်းရန် ဖြစ်နိုင်ပါမည်လော။ လူထုမှမနှစ်သက်မည်ကိုစိုးရိမ်ခြင်း နှင့်အတူ သူ၏ဒေါသနှင့်အရှုံးကိုသာ မြိုချလိုက်ရသည်။ ဆိုင်ရှင်ကျန်း အလွန်ဒေါသထွက်နေရသည့်အတွက် ဆိုင်အတွင်းရှိ ထူးဆန်းသောလေထုကိုပင် သတိမမူမိလိုက်‌ပါ။


အဆိုပါမြင်ကွင်းကို အစမှအဆုံးထိ မြင်တွေ့လိုက်ပြီးနောက် မြောင်ဟယ် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ကုန်ပစ္စည်း၏အရည်အသွေးသည်သာ နိမ့်ကျနေခဲ့ပါက ရှေးခတ်မှလူဖြစ်စေ မော်ဒန်ခေတ်မှလူဖြစ်စေ ထောက်ပြနိုင်သည့်တစ်စုံတစ်ယောက်ကတော့ ရှိစမြဲပင်။


ရွာအစည်းအဝေးတွင် မြောင်ကျွယ်၏အဆိုအရဆိုလျှင် ပြုလုပ်နည်းကို သူတစ်ဦးတည်းသာ ကိုင်ဆောင်ထားမည်ဖြစ်သည်။ အခြားနည်းဖြင့်ဆိုပါက ရွာအလုပ်ရုံမှ ဟင်းပွဲအတွက် တို့ဖူးပူတင်းကိုသာ ထုတ်လုပ်နိုင်ပေမည်။ မြောင်ဟယ်အနေဖြင့် ရွာ၏အလုပ်ရုံမှ သူတို့၏တို့ဖူးပူတင်းအရည်အသွေးကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်ကိုသာ မျှော်လင့်မိလေသည်။


ဤအရေးနှင့်ပတ်သက်ပါက မည်သို့ပင်ဆိုစေကာမူ ၎င်းမှာသူ့ကိစ္စမဟုတ်ပေ။ မည်သည့်အခြေအနေမျိုးတွင်မဆို မြောင်ယွမ်၏မိသားစုအပေါ် မကျေနပ်ချက်များ သူ့ထံရှိနေသေးပြီး မြောင်ယွမ်၏မိသားစုစီသို့ ပဲများကူရောင်းပေးရမည့် ရွာ၏အစီအစဉ်အား ငြင်းပယ်မည်ဖြစ်သည်။ ထို့ကြောင့် မြောင်ဟယ် ၎င်းကိုသူ၏စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။


ထို့နောက် မြောင်ဟယ် ရန်သာ့လန်အား ဆွဲခေါ်ကာ အစေ့အဆန်အရောင်းဆိုင်သို့ သွားလိုက်ပြီး ဆန်၊ ပြောင်းနှင့်ဂျုံကဲ့သို့ အစေ့များကိုဝယ်ယူလိုက်သည်။ လက်ရှိတွင် သူတို့၏သက်ရှိမြေကြီးမှာ တိုးပွားလာပြီဖြစ်ရာ ဆန်စပါးကိုကိုယ်တိုင်စိုက်ပျိုးခြင်းအားဖြင့် ပို၍ဈေးသက်သည်မည်ဖြစ်သလို အာဟာရလည်း ပိုမိုကြွယ်ဝပေလိမ့်မည်။


မြောင်ဟယ်တို့နှစ်ဦး အပြုံးများဖြင့် မြို့ပေါ်၌လှည့်လည်သွားလာနေချိန်တွင် သခင်လေးရှုမှာမူ အနည်းငယ်စိတ်ပျက်နေရသည်။


သာ့ဟယ်စားသောက်ဆိုင်မှထွက်လာပြီးသည့်နောက် သူ၏ဗိုက်ထဲတွင် မည်သည့်အစာမှမရှိသည့်အတွက် အလိုလိုက်ခံရထားသော သူဌေးသားတစ်သိုက်မှ သူ့အားအဖော်ပြုကာ အနီးအနားရှိ ယန်ရွှေလက်ဖက်ရည်အိမ်သို့ ခေါ်သွားပေးခဲ့သည်။ ယန်ရွှေလက်ဖက်ရည်အိမ်မှ သာ့ဟယ်စားသောက်ဆိုင်၏ တို့ဖူးပူတင်းအား တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်နေသည်ဟူသော သတင်းများမှာလည်း လျင်မြန်စွာ ပျံ့နှံ့နေသည်ဖြစ်ရာ အမှန်တကယ်ကို ကံစမ်းမဲနှိုက်ရသကဲ့သို့ဖြစ်နေရသည်။


သို့သော်လည်း ပေါက်မဲမှာမူ ရွှေသို့မဟုတ် အခြားအဖိုးတန်ပစ္စည်းမျိုးမဟုတ်ခဲ့ပေ။ ယင်းအစား ၎င်းတို့မှာ အလကားပေးသောအရန်ဟင်းပွဲများဖြစ်နေခဲ့သည်။ ကျပန်းစကားလုံးများကို အနိုင်ရရှိခြင်းအားဖြင့် လှပကာ အရသာရှိလှသောဟင်းပွဲများကို မှာယူနိုင်သည်။ အထူးသဖြင့် ဟင်းရွက်သုံးမျိုးကြော်၊ အသားအစာသွပ်ပေါက်စီနှင့် အကျော်ကြားဆုံးဖြစ်သော ဇီးသီးဖြင့် အချဉ်ဖောက်ထားသည့် ခရမ်းချဉ်သီးများကိုပင်။


ယန်ရွှေလက်ဖက်ရည်အိမ်အနေဖြင့် အဆိုပါဟင်းပွဲများ၏ အရည်အသွေးမှာထူးခြားသော်လည်း ပါဝင်ပစ္စည်းများမှာ အကန့်အသတ်ရှိနေသောကြောင့် ဝယ်သူတိုင်းအပေါ် ရောင်းချပေးရန် မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် မဲအနေဖြင့် ပြုလုပ်လိုက်ရခြင်းဖြစ်သည်။ ဝယ်သူအနေဖြင့် ယနေ့ဝယ်ယူသည့်ဟင်းပွဲများ၏တန်ဖိုးမှာ သုံးတေးအထက်ကို ကျော်လွန်နေသရွေ့ မဲများရယူနိုင်သည်။ သို့သော်လည်း သင့်အနေဖြင့် မစားခင်အချိန်၌ ရွေးချယ်ရမည်ဖြစ်သည်။


ဤသည်မှာ အသေးစားဆုလဒ်သာ ဖြစ်သော်ငြား အနိုင်ရရှိသူအနေဖြင့် သံသယဝင်ရန်ပင် မလိုအောင် အံ့ဩမှုနှင့် ကံကောင်းခြင်းများကိုသာ တွေးနေပေလိမ့်မည်။ သာ့ဟယ်စားသောက်ဆိုင်၏ တို့ဖူးပူတင်းမှာ ဆန်းကြယ်မှုများနှင့်ပြည့်နေချိန်၌ ယန်ရွှေလက်ဖက်ရည်အိမ်၏ အရန်ဟင်းပွဲများမှာမူ ကံအပေါ်ကိုသာ မှီခိုနေမည်ဖြစ်သည်။ ဤသည်မှာ ဗျူဟာကို ဗျူဟာနှင့်တိုက်ခိုက်ခြင်းပင်။ ယန်ရွှေလက်ဖက်ရည်အိမ်အနေဖြင့် ၎င်းတို့၏ပုံမှန်ဝန်ဆောင်မှုအခြေအနေဆီသို့ တဖြည်းဖြည်းချင်း ပြန်လည်တက်လာနေသည်ဟု ဆိုရပေမည်။


သခင်လေးရှုမှ ထိုအကြောင်းကို ကြားလိုက်ချိန်၌ အလိမ်အညာတစ်ခုဟု သူခံစားနေရသည့်အတွက် စိတ်ဝင်တစားမရှိခဲ့ချေ


 “ ဘာလို့သည်လှည့်ကွက်ပဲ ထပ်လာရတာလဲ…နည်းနည်းပါးပါး အမှန်အကန်‌တစ်ခု‌တလေကိုတောင်မှ မရှာနိုင်ကြတော့ဘူးလား…” 


အကယ်၍ သခင်လေးရှူသည်သာ မော်ဒန်ခေတ်တွင် နေထိုင်ခဲ့မည်ဆိုပါက သူ့အားအစားရွေးသော စားသုံးသူတစ်ယောက်ဟု ယူဆနိုင်မည်ဖြစ်သည်။


သို့သော်လည်း သူ၏ဘေးနှစ်ဖက်မှ အပေါင်းအဖော်များမှာ အလုအယက်သွေးဆောင်လာကြသည် 


“ မဟုတ်ဘူး မဟုတ်ဘူး… သည်တစ်ခေါက်ကတော့ ကျိန်းသေပေါက် သခင်လေးရှုကို စိတ်ပျက်စေမှာမဟုတ်ပါဘူး…ပြီးတော့ ယန်ရွှေလက်ဖက်အိမ်က ဟင်းပွဲတွေက နဂိုကတည်းက မြို့ရဲ့အကောင်းဆုံးတွေပဲဟာ…”


“ ထားလိုက်တော့… ငါ့ဗိုက်လည်း အတော်လေးဆာနေပြီ… လုပ်ချင်တာသာ လုပ်လိုက်ကြ…” သူတို့အဖွဲ့မှာ ယနေ့တွင် ပျော်ပါးရင်းဖြင့် အချိန်ကုန်ခဲ့မိသောကြောင့် နေ့လယ်စာစားချိန်ကိုပင် ကျော်လွန်သွားမိသည်။ အတိအကျဆိုရမည်ဆိုလျှင် ညနေစာစားချိန်သို့ပင် နီးကပ်နေပြီဖြစ်သည်။


သခင်လေးရှုမှ အရေးမစိုက်ပုံရသောကြောင့် သူ၏အဖော်မှ အခြားတစ်ယောက်ထံ မျက်စပင့်ပြလိုက်သည်။ ထိုသူမှ ခေါင်းညိတ်လိုက်ပြီး ဆိုင်အနောက်သို့ဝင်ကာ ဆိုင်ရှင်ကျင်းအား တိတ်တဆိတ်သွားရှာလိုက်သည်။


“ ဆိုင်ရှင်ကျင်း ကျူပ်သတိမပေးဘူးလို့ မပြောနဲ့နော်… တကယ်လို့သာ သည်ကနေ့ ကျုပ်တို့စားပွဲကကံမထူးဘူးဆိုရင် အခွင့်အရေးကိုဆုံးရှုံးရတော့မှာ ခင်ဗျားနားလည်တယ်မလား…”


ဆိုင်ရှင်ကျင်း၏မျက်လုံးများတောက်ပလာကာ ထပ်ခါတလဲလဲခေါင်းညိတ်လိုက်မိသည်။ အကယ်၍သာ အခြေအနေမှာ ထိုသို့ဖြစ်လာပါက သူ့အနေဖြင့် ခြယ်လှယ်နိုင်ရန် နေရာပေးထားရမည်ပင်။


ထို့အတွက်ကြောင့် ငွေပြားအတော်အတန်ကျသင့်သော ဟင်းပွဲများအား မှာယူပြီးသည်နှင့် အနီရောင်ဝါးပြားများပါသည့် သေတ္တာတစ်ခုကို ထုတ်ယူလာလိုက်သည်။ သံသယဝင်ရန်ပင်မလိုချေ သခင်လေးရှုမှာ ယနေ့တွင်ကံကောင်းနေခဲ့ကာ လူတိုင်းလိုချင်နေကြသော ဇီးသီးဖြင့် အချဉ်ဖောက်ထားသော ခရမ်းချဉ်သီးဟင်းတစ်ပွဲကို ကံထူးခဲ့လေသည်။


ဇီးသီး၏ချိုချိုချဉ်ချဉ်အရသာပါသော ခရမ်းချဉ်သီးများသည် သူ၏လည်ချောင်းအတွင်းသို့ သက်ဆင်းသွားချိန်၌ ၎င်းတို့မှ လတ်ဆတ်လန်းဆန်းသော အချိုရည်များက သခင်လေးရှု၏အတွေးအသစ်ကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ အဆုံး၌ သခင်လေးရှု၏မျက်လုံးများပွင့်လာခဲ့ပြီး စားပွဲကိုရိုက်ကာ ပြောလိုက်မိသည်


 “ ကောင်းတယ်… တကယ်ကြီးကို အရသာရှိတာပဲ…နောက်တစ်ခါ ငါ့အစ်ကိုကြီးတောင်ပိုင်းလာရင် သည်ဆိုင်ကိုလာမြည်းကြည့်ဖို့ ပြောဦးမယ်…”


တူညီသောအဖွဲ့ထဲမှ လူငယ်လေးများသည်လည်း တက်ကြွနေကြသည်။


ထိုအရာမှာ မည်သည်ကို ဆိုလိုသည်နည်း။ ရှုမိသားစု၏တော်ဝင်ကုန်သည်အဖြစ် အရည်အချင်းပြည့်မီသူ အကြီးဆုံးအစ်ကိုကြီးမှာ နောင်တစ်ချိန်တွင် ယန်ရွှေမြို့သို့ အလွယ်တကူဝင်ထွက်သွားလာမည်ဟု ဆိုခြင်းပင်။ ထိုသူသာ ခရီးသွားလာနေသရွေ့ ဆိုင်ရှင်ကျင်းအနေဖြင့် သူ၏ကုန်ပစ္စည်းများ မရောင်းချနိုင်မည်ကို စိုးရိမ်နေရန် လိုတော့ပါမည်လော…


သခင်လေးရှုက သူ့ဂုဏ်သိက္ခာကို မြင့်တင်ရန် မရည်ရွယ်ဘဲ ကူညီပေးခဲ့သည်ကို မြောင်ဟယ် မသိ​ပေ။ထိုစဥ်ကတည်းက မြို့တွင်းရှိ သခင်လေးများစွာက အခွင့်အခါရှိတိုင်း နေရာတိုင်းတွင် ယန်ရွှေလက်ဖက်ရည်ဆိုင်၏ ကံကြမ္မာကောင်းကို မြှင့်တင်ကြပြီး သာ့ဟယ်စားသောက်ဆိုင်၏ တိုဟူး​နှောင်းကို မတော်တဆ ချနင်းမိခဲ့ကြသည်။


မြို့က ပြန်ရောက်ပြီး နောက်တစ်နေ့မှာ ...မြောင်ဟယ်တစ်ယောက် အားပြန်ဖြည့်ရန် အိပ်ယာပေါ် အဖိထားခံရပြန်သည်။သူအိပ်ယာခင်းလဲစရာအပိုတစ်ခု ထပ်ဝယ်ခဲ့သည့်အတွက်ကြောင့်နှင့် ရန်သာ့လန်က ဘာကို နားလည်မှုလွဲသွားမှန်းမသိပေ။ ထို့အပြင် သမား​တော်ကျီကလည်း သူ့ကို လွတ်လွတ်လပ်လပ်လေ့ကျင့်ခန်းလုပ်၍ရကြောင်း ခွ့င့်ပြုချက်တံဆိပ်တုံး ခပ်နှိပ်ပေးခဲ့သည်။ 


ထိုညတွင် မြောင်ဟယ် ထပ်ပြီးအိပ်ရာပေါ်မှာအစားခံခဲ့ရသည်။


ဤတစ်ကြိမ်မှာ သူ့စိတ်တွေ ပိုရှင်းလင်းနေခဲ့ပေမဲ့ သိပ်အကူအညီမဖြစ်ပေ။ရန်သာ့လန်က ကုတင်ပေါ် နှင့် ကုတင်အောက်၌ ကိုယ်ရည်ကိုယ်သွေး နှစ်မျိုးရှိသည်။တစ်မျိုးက လွှမ်းမိုးချုပ်ခြယ်တတ်ပြီး တည့်တိုးသမားဖြစ်ကာ သူလုပ်ချင်ရာလုပ်သည်။တစ်ခြားတစ်မျိုးကသူများအတွက်တွေးပေးတတ်ကာ ငြီးငွေ့စရာကောင်းပြီး တခြားသူများအား သူဘာတွေးနေလဲခန့်မှန်းရအောင်လုပ်နေသည်။


မှန်ပေသည်၊ရန်သာ့လန်က မြောင်ဟယ်ကို နာကျင်အောင်လုပ်ရန် မရည်ရွယ်ပါချေ။သို့သော် သူ၏လွှမ်းမိုးချုပ်ကိုင်မှုကို တွေ့ကြုံခံစားလိုက်ရခြင်းသည် မြောင့်ဟယ်၏စိတ်ကိုဗလာဖြစ်သွားစေပြီး ကောင်းသည်ဟု ခံစားရ​စေဆဲဖြစ်သည်။ 


***

နောက်တစ်နေ့တွင် မြောင်ဟယ် နိုးလာသောအခါတွင် သူ့ခန္ဓာကိုယ်က ​ခြေ လက်တွေချိုးဖဲ့အချက်ခံထားရသည့် ပုဇွန်နှင့်တူသည်ဟု ခံစားရသည်။ရန်သာ့လန် အလုပ်ရှုပ်နေချိန်တွင် သူသာ စောစောသိလျှင် အိပ်ရာခင်းပိုဝယ်ခဲ့မည်ဟုတွေးလိုက်မိသည်။


 ဘယ်လောက်မှလုံလောက်မယ်ဆိုတာဘယ်သူသိမှာလဲ... 



"စားချင်လား"


ထိုအချိန်တွင် ရန်သာ့လန်က အခွံခွာထားသောလိုင်ချီးသီးတစ်လုံးကို မြောင်ဟယ်အားခွံ့​​ကျွေးလာ၏။


အသီးများကိုနေရာဒေသအမျိုးမျိုးတွင် စိုက်ပျိုး​ကြပြီး ရာသီပြင်ပတွင် စိုက်ပျိုးထားသော အသီးအနှံများကို အိမ်တွင်သာ စားသုံးနိုင်ကြသည်။သူများ မပေးဝံ့ကြ​ပေ။


သမားတော်ကျီထံမှ လိုင်ချီးက အရိုးကျိုးနေသော လူနာများအတွက် အကျိုးပြုကြောင်း သူသင်ယူခဲ့ရသည်။ထို့ကြောင့် ယနေ့ သူတို့ နှစ်ယောက် ပုံမှန်စားနေကျအတိုင်း ခရမ်းချဉ်သီးစားမည့်အစား ခရစ်စတယ်လိုကြည်လင်နေသည့် လုံးဝိုင်းဝိုင်း လိုင်ချီးသီးတွေကို စားနေကြခြင်းဖြစ်သည်။


မြောင်ဟယ် ရှက်​သွေး​ဖြာသွားပြီး သူရှက်နေသည်ကို ဖုံးကွယ်ရန် လိုင်ချီးသီးကို ခပ်မြန်မြန်မျိုချလိုက်သည်။


 လတ်ဆတ်ပြီး နူးညံ့သည့်အသားက ချိုမြိန်သည့်အရည်ကို ချက်ချင်းထုတ်ပေးလေသည်။ဗီဇအရ မြောင်ဟယ် တစ်ဖက်လူ၏လက်ချောင်းကို မရည်ရွယ်ဘဲ လျှာဖျားဖြင့် လျက်လိုက်မိသည်။ရန်သာ့လန်၏ မျက်လုံးများ မည်းနက်သွားသည်ကိုမြင်လိုက်ရပြီး သူ ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေမိသည်။တစ်ဖက်လူဦးခေါင်းသည် သူ၏အမြင်အာရုံထဲမှာ တဖြည်းဖြည်း ပြည့်လာကာ သူမသိလိုက်မီတွင် မြောင်ဟယ်တစ်ယောက် ပါးစပ်ကို အပိတ်ခံလိုက်ရသည်။ နောက်ဆုံးတွင် ရန်သာ့လန်၏နှုတ်ခမ်းက လိုင်ချီးနေရာမှာ အစားထိုးဝင်​ရောက်လာ၏။



"ခင်ဗျား…"

မြောင်ဟယ်၏ မျက်နှာ ဒီဂရီများစွာ ပိုပူလာသည်။ 


 နမ်းပြီးသွားသောအခါ ရန်သာ့လန်၏ အမူအရာမှာ မပြောင်းမလဲမူသေပင်။ အနမ်းက တစ်ခါမှ မဖြစ်ခဲ့ဖူးသလိုပဲ မျက်လွှာချပြီး လိုင်ချီးအခွံခွာသည့်ဆီ ပြန်​ရောက်သွားလေသည်။


လိုင်ချီးသီးအနည်းငယ်က မြောင်ဟယ်ကို ခေါင်းကနေ ခြေဖျားအထိ ပူနွေးလာ​စေ၏။ လိုင်ချီးသီးက အပူစာဖြစ်သည်ကို လူတိုင်း သိထားကြသည်။ မိနစ်အနည်းငယ်အကြာတွင် ဖျက်ခနဲလှုပ်ရှားမှုနှင့်အတူ မြောင်ဟယ် အိပ်ယာပေါ်တွင် သူ့ကိုယ်သူ ပြန်မြင်လိုက်ရသည်။ သူ၏ အစောပိုင်းအတွေ့အကြုံများအရ သူ အားအကုန်ခံပြီး သိပ်ခုခံရုန်းကန်မနေချင်​တော့ပေ။



ထုံးစံအတိုင်း မြောင်ဟယ် ဟန်းနီးမွန်းကာလအကြောင်းကို သိ​ပေသည်။ 


ဟန်းနီးမွန်းကာလက သူမျှော်လင့်ထားသည်ထက် များစွာပိုရှည်​ကြာသည်ကိုပဲ သူမသိခဲ့ခြင်းဖြစ်၏။



***

မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။မြောင်ဟယ် နောက်ဆုံးတွင် အခက်အခဲမရှိဘဲ လှုပ်ရှားနိုင်သောအခါတွင် သူ မြို့ကဝယ်ခဲ့သည့်ကိတ်မုန့်များကို ပြင်ဆင်ထားလိုက်သည်။ ထိုအချိန်တွင် ရန်သာ့လန်က ပိုင်ဆိုင်မှုလွှဲပြောင်းရေး လက်မှတ်ကို ယူကာ အကြောင်းကြားရန် ရွာလူကြီးအိမ်သို့ အတူတူချီတက်လာခဲ့​သည်။ 


ရွာလူကြီးက သူတို့ကို ကြိုဆိုရင်း ပြုံးနေပေမဲ့ အတွင်းစိတ်က စိတ်မသက်မသာဖြစ်​နေ၏။ 


'ဘာလို့ တစ်ယောက်ယောက်က ဒီလောက်တောင် ကံကောင်းနိုင်ရတာလဲ... လူကို ကယ်ရုံနဲ့ တောင်ကို လက်ဆောင်ရသွားတယ်'


သို့သော်လည်း ရွာလူကြီးက ကြင်နာစွာပြောလိုက်ဆဲပင်။


"ဒါက သာ့​လန်ရဲ့ကံကြောင့်ပဲ... တခြားသူတွေက မနာလိုဖြစ်နေလိုက်တာမှ... ဟားဟား တောင်​ပေါ်ဆိုပေမဲ့ အောက်ခြေမှာ မြေပြိုမှာကို ကြောက်ရ​သေးတယ်နှော... မင်းတို့လူငယ်တွေ ဆက်လက်ကြိုးစားနေသရွေ့ မင်းတို့ရဲ့နေ့ရက်တွေ သာယာဝပြောလာမှာပါ"


ရန်သာ့လန်က ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ရွာလူကြီး"


"ဒါပေမဲ့ အနာဂတ်မှာ သာ့လန်က ​​အခွန်တွေကို အာရုံစိုက်ရမယ်... အကယ်၍ မင်းက မြေရိုင်းတွေပေါ်မှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီး လယ်ကွင်းအဖြစ် လုပ်မယ်ဆိုရင် အခွန်က တောင်ပေါ်နဲ့ မတူတာကို သိထားရမယ်...အိမ်မြေပေါ်မှာဟင်းသီးဟင်းရွက်စိုက်တာနဲ့မတူဘူး...အဲဒါက  အခွန်မဆောင်ရဘူး... ရိတ်သိမ်းရာသီလည်း ပြီးသွားပြီ...ပဲပိစပ်စိုက်ရင်ကော ဘယ်လိုလဲ...အဲဒီက​နေတစ်ဆင့် မင်းတို့ ဒီဆောင်းဦးရာသီမှာ အခွန်ကင်းလွတ်ခွင့်ရနိုင််တယ်... နောက်ပြီးတော့ ငါလည်း အကြီးအကဲ​မြောင်ကို ကြိုပြောထားလိုက်မယ်...အဲလိုဆိုသူစိတ်ကွက်မှာမဟုတ်ဘူး"

ရွာလူကြီးက ပြုံး၍ ပြောသည်။ 


'ငါစိတ်ကွက်မှာကိုကျ သူစိတ်မရှိဘူးလား'


မြောင်ဟယ် သူ့စိတ်ထဲမှာ ခြောက်ကပ်ကပ်နှင့်ရယ်လိုက်သည်။ ထို့နောက် ရန်သာ့လန်က ပြန်ပြောလေသည်။

"ရပါတယ်... အိမ်မှာ အဆင်ပြေပါတယ်"


ရွာလူကြီးက ခဏတာ ပြုံးပြီး ပြန်ဖြေသည်။ 


"မှန်တယ်...လျန်မိသားစုက မကြာသေးမီက ပေးခဲ့တဲ့ လက်ဆောင်တွေကို ထည့်မပြောနဲ့ဦး...ဟယ်ကောအာက မနက်ခင်းမှာ  ဟင်းသီးဟင်းရွက်ရောင်းတဲ့အကြောင်း လူတွေပြောနေကြတာ ကြားမိတယ်... ဒါလည်း ကောင်းတဲ့ လုပ်ငန်းတစ်ခုပါပဲ"


"လျန်မိသားစုရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ရမှာပါပဲ"

မြောင်ဟယ်က ပြောလိုက်သည်။ 



ရွာလူကြီးက အဓိပ္ပါယ်ပါပါဖြင့် ခေါင်းညိတ်သည်။ 

"အင်မတန်ကြီးကျယ်ခမ်းနားတဲ့ လျန်မျိုးရိုးတွေနဲ့ အဆက်အသွယ်တစ်ခုတည်ဆောက်ရတာ ကံကောင်းပါတယ်...​နောက်ပိုင်းကျရင် မင်း လူကြီးမင်း​မြောင်ရဲ့ မိသားစုနဲ့ လက်တွဲနိုင်ပြီး ရွာကိုလည်း အကျိုးပြုနိုင်ရင်နိုင်မှာ"



မြောင်ဟယ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော ဟန်ပန်များ ထွက်ပေါ်လာသည်။ ထို့နောက် သူက ပြုံးလိုက်သည်။ 


"လူကြီးမင်းမြောင်လိုမျိုး တန်ခိုးအာဏာရှိလူတစ်ယောက်ကို ကျွန်တော်တို့ကဘယ်လိုလုပ်လက်လှမ်းမီမှာလဲဗျာ"


ထိုစကားကိုကြားသောအခါ ရွာလူကြီးက အနည်းငယ်မ​ကျေမနပ်​ဖြစ်သွားသည်။



သူက မြောင်ဟယ်ကို ပဲပိစပ်စိုက်ပြီး မြောင်ကျွယ်၏ မိသားစုဆီ ပို့ပေးရန်သာ အဆို​ပြုခဲ့ခြင်းဖြစ်ပြီး ဤနှစ်ယောက်ကို သဘောတူစေချင်သည်။ 


ထိုသို့ဆိုလျှင် နောင်တွင်၊ လူအနည်းငယ်ကသာ မြောင်ကျွယ်၏ မိသားစုကို ချမ်းသာသူများကို မျက်နှာသာပေးကာ ဆင်းရဲသူများကို အထင်အမြင်သေးသည်ဟု ရှုတ်ချ​ကြလိမ့်မည်။မြောင်ဟယ်က မြောင်ကျွယ်ကို ပဲပိစပ်ရောင်းရန် သဘောတူလိုက်သည့်အခါ လူတွေက ဤကိစ္စကို ခွင့်လွှတ်မှာ သေချာ၏။ ဒါဆို ဘာပြောစရာရှိဦးမှာလဲ...


ဤနည်းအားဖြင့် သူ မြောင်ကျွယ်ထံသို့ ပိုကောင်းကောင်း ပိုများများရောင်းနိုင်သည်။ ထိုနေ့တွင် ရွာအစည်းအဝေးပွဲအတွင်း မြောင်ကျွယ်က ယခင်လူကိုယ်စား ပဲပုပ်ဝယ်ယူမှုကို စီမံဆောင်ရွက်ရန် ရွာလူကြီးအား အပ်ခဲ့သည်။ ထိုမှစ၍ ရွာသူရွာသားများ၏ ကြည်ညိုလေးစားမှုသည် အဆင့်သစ်သို့ တိုးမြင့်လာခဲ့သည်။ ထိုကဲ့သို့ လေးနက်သော စိတ်အားထက်သန်မှုကို ရရှိသဖြင့် ရွာလူကြီး ပီတိဖြစ်ရသည်။


ဟယ်ကောအာ၏အိမ်ထောင်ရေးကို ကိုင်တွယ်ဖြေရှင်းရန်အရေးတွင် မြောင်ကျွယ်၏မိသားစုဘက်တွင် ရပ်တည်ရခြင်းသည် သူ့ကိုယ်ပိုင်ခံစားချက်မျှသာဖြစ်သောကြောင့် ထိုသို့သောဆုံးဖြတ်ချက်တစ်ခုချရခြင်းဖြစ်သည်။


ပြီးလျှင် မကြာသေးမီက သူ  သူ၏အကြီးဆုံးတူဖြစ်သူ မြောင်ကွေ့ ကို  အလုပ်ရုံတွင် အလုပ်ရအောင်  ကူညီပေးချင်သော်လည်း မြောင်ကျွယ် နှင့် တိုက်ရိုက်ဆွေးနွေးရန် အကူအညီလိုအပ်နေသည်။ ထို့ကြောင့် သူ့တူ၏ကိစ္စကို မပြောပြမီ ပဲပိစပ်ကို အရင်ကောင်းကောင်းရောင်းလိုက်လျှင် ပိုကောင်းမည်ဟု သူထင်ခဲ့သည်။


ရန်သာ့လန်က သူ၏ အဆိုပြုချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိမ့်မည်ဟု မည်သူက စိတ်ကူးမိမည်နည်း။


ထို့အပြင် သူက ​မြောင်ဟယ်ကိုလည်း ရွာသူရွာသားများအား ဟင်းသီးဟင်းရွက်ရောင်းနည်း သင်ပေးရန် အရိပ်အမြွက်ပြောခဲ့သည်။သို့ပေမဲ့ မြောင်ဟယ်ကနားမလည်ချင်ယောင်ဆောင်နေ၏။


'ဒီနှစ်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်​နေတာလား...တကယ်မရည်ရွယ်ဘဲလား' 

ရွာလူကြီးက စိတ်ထဲတွင်နှာမှုတ်လိုက်သည်။


'လျန်အိမ်တော်က ဘာကြောင့် သူတို့ရဲ့တောင်တွေကို ပေးမယ်ဆိုတာ ငါမပြောနိုင်ဘူး...သူတို့က တခြားသူတွေထက် ပိုသာကြောင်း ပြချင်နေပုံရတယ်... မဟုတ်ဘူးလား...တွေးကြည့်လိုက်စမ်းပါ...တောင်တစ်လုံးမှာ ကောက်ပဲသီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေ မ​ပေါက်နိုင်ဘူး... အဲဒါကိုရတော့ ဘာအသုံးဝင်လို့လဲ...ဒီလူငယ်လင်မယား - သူတို့ကိုယ်သူတို့ဘယ်လောက်ထိစွမ်းတယ်ဆိုတာမသိမှာစိုးတယ်...မြေပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်​လေ'


အကျိုးစီးပွား ပဋိပက္ခတွေ မရှိသည့်အခါ ရွာလူကြီးက ရွာကို အလုပ်အကျွေးပြုရသည်ကို ဘယ်တုန်းကမှ စိတ်မကွက်ခဲ့​ပေ။


သို့ပေမဲ့ အရေးကြီးသည့် ရွေးချယ်စရာ ပေါ်လာသည့်အခါ နှလုံးသားက အနည်းငယ် လေးလံလာသလို မခံစားရဘဲမနေခဲ့ပါချေ။


ရွာလူကြီးက ၎င်းကို ခဏလောက် စဉ်းစားပြီး သူတို့နှစ်ယောက်ကို နောက်ထပ် စကားအနည်းငယ်သာ ပြောလိုက်ပြီး ပြန်လွှတ်လိုက်သည်။