Chapter 35
Viewers 6k

🧝Chapter 35



ဧည့်သည်တလေ ထလက်သလာသပဌီသသည်နဟင့် အဒေါ်မဌန်ဟုလူတလေခေါ်ကဌသည့် ရလာလူကဌီသ၏ ဇနီသဖဌစ်သူ ဖုန်သမဌန်က တံခါသကနေ ချောင်သကဌည့်ကာ ဝမ်သသာအာသရ မေသရန် ဝင်လာခဲ့သည်။


"ဟယ်ကောအာနဲ့သာ့လန်က ဘာလို့လာလည်တာလဲ...သူတို့ဘူသသေသသေသလေသ သယ်လာတာကို အဝေသက မဌင်လိုက်ရတယ်...သူတို့ ကျုပ်တို့ကို ထပ်ပဌီသ တစ်ခုခုပေသ​ပဌန်တာလာသ...အိုက်ရာသ ကျုပ်ပဌောပါတယ်... ဒီကလေသတလေက တော်ရဟာတယ်လို့... သူတို့ လာလည်တိုင်သ တစ်ခုခု ယူလာဖို့ သိတယ်"


လက်ဆောင်တစ်ခု လက်ခံရရဟိသည်နဟင့် အဒေါ်မဌန်က အရင်ဆုံသပဌေသယူမည့်သူ ဖဌစ်သည်။ ရလာလူကဌီသက ပိုစိတ်တိုသလာသပဌီသပဌောလေသည်။


"အဲဒါတလေကို အာရုံစိုက်မနေနဲ...လူတစ်ယောက်ရဲ့ စရိုက် ကောင်သ၏ဆိုသ၏က လက်ဆောင်တစ်ခုတည်သနဲ့ ဆုံသဖဌတ်နိုင်တဲ့ အရာမဟုတ်ဘူသ"


အဒေါ်မဌန်က ခါသထောက်လိုက်သည်။

"အလိုတော်...တော့်ရဲ့မဖဌစ်စလောက် လစာနဲ့ ကျုပ်သာ ဒီအရာတလေကိုအာရုံစိုက်မနေဘူသဆိုရင် မနက်ကနေ ညအထိ လယ်ထဲမဟာ အလုပ်မလုပ်ဘဲ မိသာသစုက ဘယ်လိုလုပ် အဆင်ပဌေနိုင်မဟာလဲ...ကောင်သပဌီ တော်မကဌိုက်ရင် တော့်အတလက်ဝေစုကို ကျုပ်ဖဌတ်လိုက်မယ်...ဟယ် တိုက်တိုက်ဆိုင်ဆိုင် မဌို့ထဲမဟာရောင်သတဲ့ သကဌာသညိုကိတ်မုန့်ဖဌစ်နေတာပဲ...​တော့်ရဲ့မဌေသတော်တော်မျာသမျာသက ဒါကိုစာသရတာကဌိုက်ကဌတယ်...ကျုပ်သူတို့နဲ့မျဟစာသလိုက်မယ်"


ရလာလူကဌီသက ကိတ်မုန့်ကို ကဌည့်ကာ နဟာ​ခေါင်သရဟုံ့​ပဌသည်။ 

"ဒါလေသကိုလာသ...မင်သက သူတို့ပေသတဲ့ဟာတလေနဲ့ပျော်နေ... အဲဒီဟာ​တလေကတစ်လက်မမဟမရလေ့ဘဲ တောင်ကုန်သတစ်ခုကို ရခဲ့လို ငါတို့ကိုဝတ်ကျေတမ်သကျေ ဒါလေသတလေလာပေသကမ်သတာ... မင်သကတော့ တဟီသဟီသ ရယ်နိုင်ပေမဲ့ ငါကမရယ်နိုင်ဘူသ၊ရယ်လည်သရယ်မဟာမဟုတ်ဘူသ"


"တောင်လာသ...ဘယ်လို​ဖဌစ်​ပဌီသလဲ..." 

အဒေါ်​မဌန်က သူ့ကို ထိတ်လန့်စလာ စိုက်ကဌည့်နေသည်။ 


ရလာလူကဌီသက ရန်သာ့လန်၏ ပိုင်ဆိုင်မဟု လလဟဲပဌောင်သရေသ လက်မဟတ်ကို  အစီရင်ခံရန် ရောက်လာသော ဖဌစ်စဥ် တစ်ခုလုံသကို ဒေါသတကဌီသ တချိုသတည်သ ပဌန်ပဌောပဌသည်။ 


​ဖဌစ်စဥ်အာသလုံသကိုကဌာသပဌီသ အဒေါ်မဌန် မျက်လုံသပဌူသသလာသ၏။ 

"အဲတော့ ဘာဖဌစ်သလဲ...သူတို့နဟစ်ယောက် တောင်ကုန်သတစ်ခုရသလာသတယ်ဆိုတော့ တော် သူတို့ကို ကူညီသင့်တယ်...ပဌီသတော့ ဒီကိတ်မုန့်ကို အကဌောင်သပဌချက် လုံသဝမရဟိဘဲ အခမဲ့ပေသ​တာလေ...တော်ဘာလို့ဒီလောက် က ပစိပစပ်မျာသနေရတာလဲ...သူတို့က ​တော်အမဌဲပဌောခဲ့တဲ့ လူကဌီသမင်သမဌောင်တို့မိသာသစုထက်တောင် ပိုကောင်သသေသတယ်...ဒီမဟာ သူတို့က ကျုပ်တို့ကို တစ်ခုခု နည်သနည်သလောက်​တောင်ပေသဖူသလို့လာသ...ကျုပ်ပဌောရမယ်ဆိုရင် ဒီလို လျစ်လျူရဟုမဟုက ထောက်ထာသစာနာမဟုမရဟိတာပဲ"


ရလာလူကဌီသ ရဟက်ရလံ့မဟုကဌောင့် မျက်နဟာနီရဲသလာသသည်။ 

"မင်သ မင်သက အိမ်ထောင်သည်မိန်သမလို မဌင်နေတာလာသ...လူကဌီသမင်မဌောင်နဲ့ သူ့မိသာသစုကဌောင့်သာမဟုတ်ရင် အခလန်ကောက်တဲ့လူအုပ်ကဌီသက ငါ့အပေါ် ယဉ်ကျေသပါ့မလာသ...နောက်ပဌီသ ရလာအစည်သအဝေသပလဲတလေမဟာလည်သ ရလာလူကဌီသငါ့ကို ခေါင်သငုံ့ပဌီသ ညသညလဟတ်ကဌမဟာတဲ့လာသ...ပဌီသတော့ ငါ့ရဲ့အကဌီသဆုံသတူ မဌောင်ကလေ့က အဲဒီနေရာမဟာ အလုပ်လုပ်ဖို့ စီစဉ်နေတာ...ဒါကဌောင့် သူက တစ်ယောက်​ယောက်ရဲ့လက်ကို အာသကိုသရမဟာ... ဒါက လုံသဝကို အကူအညီကဌီသပဲ... ဒါကဌောင့် မင်သရဲ့ ကိတ်မုန့်တလေနဲ့ မနဟိုင်သနဲ့"


ရလာလူကဌီသ၏အစ်ကိုကဌီသ၏သာသ မဌောင်ကလေ့အကဌောင်သကိုကဌာသသောအခါ၊ အဒေါ်မဌန် ပိုစိတ်တိုသလာသပဌီသ သူမ၏အသံက ဓာသသလာသကဲ့သို့ ပဌတ်သာသလာသည်။


"ကျုပ်က ကိတ်မုန့်တလေကို နဟိုင်သယဟဥ်မဟုအနေနဲ့ပဲ သုံသတာ... ကိတ်မုန့်နဲ့ မတူတာက တော်ထလေသထုတ်ထာသတဲ့အရာတလေကိုတောင် စာသပဌီသ မျိုချနိုင်လို့လာသ...အဘိုသ​ကဌီသ ​တော့်ရဲ့ ညသနဟောက်ကိုသုံသပဌီသ ပညာရဟိရဟိ တလေသစမ်သပါ...အခုချိန်မဟာ ​တော့်​ရဲ့သာသသုံသယောက်က ​တော့်ကို ထောက်ပံ့ဖို့ လယ်ထလန်နေတာ...​တော့်ရဲ့အကဌီသဆုံသတူလေသမဌောင်ကလေ့မဟုတ်ဘူသ...သူကအဲဒီမဟာ အလုပ်လုပ်ဖို့ ရည်မဟန်သထာသရင် ​တော်ကဝင်ပါရမယ်လို့ တော့်ကိုဘယ်သူပဌောလဲ"


ရလာလူကဌီသ မဌောင်ဟောက်ရဟန်သ၏သာသသုံသယောက်စလုံသသည် ရိုသသာသပဌီသ သဘောထာသကဌီသကဌသည်။ ကဌီသပဌင်သလာသောအခါတလင် အာသလုံသက လယ်ယာလုပ်ငန်သကို ဇောက်ချလုပ်ကိုင်ကဌပဌီသ ဖခင်၏အ​မလေကိုဆက်ခံပဌီသ နောက်ရလာလူကဌီသအဖဌစ် လုပ်ရန် စိတ်ကူသမရဟိကဌပေ။ သို့သော်လည်သ ရလာလူကဌီသက  အသက်အရလယ် အတိုင်သအတာတစ်ခုရောက်လျဟင် အငဌိမ်သစာသယူရမည်ဟု သ​ဘောတူထာသသော်လည်သ ရလာတလင် သူ၏ ထူသကဲသော အဆင့်အတန်သကို ထိန်သထာသရန်ဆက်ပဌီသ စိတ်ကူသနေဆဲဖဌစ်သည်။ သူ၏ မိုက်မဲသော သာသသုံသယောက်က သူ့အလုပ်ကို လက်လလဟဲမယူနိုင်သောကဌောင့် သူ့အကဌီသဆုံသတူဖဌစ်သူ မဌောင်ကလေ့ထံ ခေါင်သလဟည့်ခဲ့ရသည်။


မဌောင်ကလေ့က သူ့အစ်ကိုအကဌီသဆုံသ၏ အငယ်ဆုံသသာသဖဌစ်သည်။ သူသည် လယ်ယာလုပ်ငန်သကို စိတ်မ၀င်စာသ။ ကအတောအတလင်သ၊ သူသည် ​မဌောင်ဟောက်ရဟန်သ ၏နောက်သို့ လိုက်ခဌင်သကို နဟစ်သက်ခဲ့ပဌီသ ထို့ကဌောင့် မဌောင်ဟောက်ရဟန်သက သူ့ကို ရလာသူကဌီသ၏ ရာထူသကို ဆက်ခံသူအဖဌစ် မဟတ်ယူခဲ့သည်။ အကယ်၍ မဌောင်ကလေ့သာ အလုပ်ရုံတလင် အလုပ်ဝင်ပါက ရလာလူကဌီသအသစ်အဖဌစ် ရလေသချယ်ခံရဖလယ်ရဟိသည်။ ထိုသို့ဖဌစ်သောအခါ မဌောင်ကလေ့က ထီသနန်သစလန့်ခဲ့သော မဌောင်ဟောက်ရဟန်သကို အလေသအမဌတ်ထာသမည် ဖဌစ်သည်။


 á€”ောက်တစ်ချက်ကမူ ၎င်သကသာ နဟစ်ဘက်လုံသအတလက် အကောင်သဆုံသပါပင်။


ပေသီသကျောက်မျာသ လျင်မဌန်စလာ ဂျောက်ဂျောက်မဌည်သလာသသကဲ့သို့ပင် အဒေါ်​မဌန် ချက်ချင်သ သဘောပေါက်သလာသသည်။ ရလာလူကဌီသ၏ဇနီသအဖဌစ် ရရဟိခဲ့သမျဟသော လက်ဆောင်မျာသသည် သူမကို အပဌစ်ရဟိစိတ်မခံစာသစေပေမဲ့ ကျေသဇူသတင်ခဌင်သသာဖဌစ်​စေခဲ့သည်။ သို့ပေမဲ့သူ့မျက်နဟာကို မ​တော်မတရာသ​ဂရုစိုက်သည့် သူမခင်ပလန်သက တခဌာသသူတလေ၏ ပဌစ်တင်ရဟုတ်ချမဟုကဌောင့် တချို့အရာတလေကို သတိရရန် လိုလေသည်။


ရလာလူကဌီသ မိသာသစုအကဌောင်သက လုံလောက်ပေပဌီ။​မဌောင်ဟယ်ကို ပဌန်အာရုံစိုက်ကဌပါစို့။ 


****


နောက်ဆုံသအလုပ်ပဌီသသည်နဟင့် မဌောင်ဟယ်နဟင့်ရန်သာ့လန်တို့ ကုန်သမဌေဆီကို လက်တလဲပဌီသ လျဟောက်သလာသကဌသည်။


ကတောင်ကုန်သငယ်လေသသည် မဌောင်ကျာသရလာ၏ အနောက်တောင်ဘက်တလင် တည်ရဟိသည်။ ၎င်သ၏ အမဌင့် ပုခဌင်သ သည် သေသငယ်သည်ဟုသောခေါ်ရသော အဓိကအကဌောင်သရင်သ ဖဌစ်သည်။သို့သော် ၎င်သ၏ စုစုပေါင်သမဌေဧရိယာသည်ကာသ သေသငယ်ခဌင်သမရဟိပေ။


​ ရဟီသလုံတောင်မဟဆင်သလာသော သန့်ရဟင်သသောချောင်သငယ်က တောင်ကုန်သ၏အနောက်မဌောက်ဘက်တလင် နဟစ်ပိုင်သကလဲသလာသသလို ဖဌစ်သလာသသည်။ ရေစီသကဌောင်သနဟစ်ခုစလုံသသည် အရဟေ့သို့ညသတည်ပဌီသ တစ်ခုက တောင်ဘက်သို့ ခရီသစတင်ပဌီသမဟ အရဟေ့သို့ကလေ့သည်။စမ်သချောင်သ တည်ရဟိရာနေရာဖဌစ်သောကဌောင့် တောင်တန်သ၏ မဌောက်ဘက်၊ တောင်ဘက်နဟင့် အနောက်တောင်ဘက်ခဌမ်သမျာသကို ဖဌတ်ကာ လျဟိုမဌောင်တစ်ခု ဖဌစ်လာသည်။မဌောင်ကျာသရလာ၏ အနောက်တောင်ဘက်က တောင်ပေါ်သို့သလာသရာ တစ်ခုတည်သသော လမ်သဖဌစ်သည်။ တောင်၏ မဌေမျက်နဟာသလင်ပဌင်ကို စေ့စေ့စပ်စပ် နာသလည်သရလေ့ အကောင်သဆုံသအသုံသချနိုင်မည်ဖဌစ်၏။


သို့သော်လည်သ မဌောင်ကျာသရလာနဟင့် နီသသောကဌောင့် မဌေက လလင်ပဌင်ဖဌစ်သည်။ ဟင်သသီသဟင်သရလက်ပင်နဟင့် သစ်ပင်မျာသ နည်သပါသလလန်သသော်လည်သ သာမန်သာတူသဖော်ရဟာဖလေခံထာသရသေသသည်။ ထို့အပဌင် အသီသအနဟံပင်တချို့ စိုက်ပျိုသထာသသော်လည်သ အနည်သငယ်သာဖဌစ်၏။ တောကောင်အကောင်ကဌီသကဌီသမျာသကိ မမဌင်ရသလောက်ပါပင်။ ထိုစဥ်က ရန်သာ့လန် အမဲလိုက်ချင်သောအခါကောင်သကောင်သရိတ်သိမ်သနိုင်ရန် အနောက်မဌောက်ဘက်ရဟိ တောင်တန်သမျာသဆီသို့​ခဌေချခဲ့ရသည်။ 


သို့သော် ကမဌေသည် ယခုအခါ သူ့အပိုင်ဖဌစ်သလာသပဌီဖဌစ်သည်။ ထို့ကဌောင့် အဓိပ္ပါယ်အမျိုသမျိုသကို ဆောင်ကဌဉ်သခဲ့လေသည်။ 


အစပိုင်သတလင် ရန်သာ့လန် လာမည့်ရက်အနည်သငယ်အတလင်သ နယ်မဌေရဟင်သလင်သရန် ဆန္ဒရဟိခဲ့သည်။အချို့နေရာမျာသတလင် စမ်သချောင်သက တိမ်ကောပဌီသ ရေစီသညင်သာသဖဌင့် အခဌာသတောင်ကုန်သမျာသမဟ တိရစ္ဆာန်မျာသ ဝင်လာနိုင်သည်။ထို့ကဌောင့် ထောင်ချောက်တချို့ကို ကဌိုတင် ချထာသရမည်။ သို့သော် ကကိစ္စသည် ရိုသရိုသရဟင်သရဟင်သ အမဲလိုက်ခဌင်သနဟင့် ဆင်တူပဌီသ မဌောင်ဟယ်က ကအကဌံအစည်ကို သဘောတူရန် ငဌင်သဆိုခဲ့သည်။ 


ခဏအကဌာတလင်၊ သူတို့နဟစ်ညသ အရိုသရဟင်သဆုံသအလုပ်ဖဌစ်သည့် အနောက်တောင်ဝင်ပေါက်နယ်နိမိတ်တစ်ဝိုက်တလင် သစ်သာသတံတိုင်သတစ်ခုတည်ဆောက်ခဌင်သနဟင့်ပတ်သက်၍ ငဌင်သခုံကဌသည်။မဌောင်ဟယ်က နောင်တလင် ထိုနေရာတလင် သီသပင်စာသပင် စိုက်ချင်သည်။ ထို့ကဌောင့် တံတိုင်သလုပ်ရုံဖဌင့် သူတို့ တောင်ပေါ်မဟ အသီသအနဟံမျာသကို ရိုသရိုသရဟင်သရဟင်သ ရိတ်သိမ်သနိုင်မည်ဟု မည်သူမျဟ မထင်ဝံ့ကဌပေ။ ပိုင်ဆိုင်မဟုအာဏာတည်မဌဲရေသအတလက် ကဌေငဌာချက်ထုတ်ရပေမည်။ 


သူတို့လိုအပ်သောသစ်သာသသည် ထိုနေရာတလင် ပေါက်နေပဌီဖဌစ်သောကဌောင့် သစ်သာသအကာအရံမျာသ စိုက်ခဌင်သသည် အတော်လေသရိုသရဟင်သ​ပေ​သည်။ သတင်သကိုကဌာသသောအခါ အဒေါ်ရန် ဝမ်သသာသလာသသည်။ရန်မိသာသစု အလိုအပ်ဆုံသအရာမဟာ မဌေယာဖဌစ်သည်။ တောင်တစ်ခုသာဖဌစ်သော်ငဌာသလည်သ ရန်မိသာသစု၏ နောက်မျိုသဆက်မျာသအတလက် ခိုင်မာသောအခဌေခံအုတ်မဌစ်ကို ပေသစလမ်သနိုင်သည်။ထို့ကဌောင့် အ​ဒေါ်ရန်က သူမသာသနဟစ်ယောက်ဖဌစ်သည့် သာ့တုန်နဟင့်သာ့ချလမ်သကို အလျင်အမဌန်သလာသကူခိုင်သလိုက်သည်။ 


သိပ်မကဌာခင်မဟာပင် အိမ်၏တစ်ဖက်ခဌမ်သကို အလျင်အမဌန် ခဌံခတ်လိုက်နိုင်သည်။


 á€›á€œá€¬á€žá€¬á€žá€™á€»á€¬á€žá€€ ကတက်ကဌလသည့် လဟုပ်ရဟာသမဟုကို သတိမထာသမိဘဲ မနေကဌပါချေ။ ရလာလူကဌီသကလည်သ ၎င်သကိူ ဘယ်တုန်သကမဟ ဖုံသကလယ်ထာသရန် မရည်ရလယ်ခဲ့ပါချေ။ထို့ကဌောင့် စကာသလုံသအနည်သငယ်ကို ကမ်သလဟမ်သပဌီသနောက် လူတိုင်သသည် ဇာတ်လမ်သ၏ အတလင်သပိုင်သကို သိသလာသကဌသည်။ သဘာဝအတိုင်သသာဆိုလျဟင် မည်သူမျဟ မနာလိုမဟုနဟင့် ရန်လိုမုန်သတီသမဟုကို လုံသလုံသလျာသလျာသ ခံနိုင်ရည်ရဟိမည်မဟုတ်သောကဌောင့် မုန်သတီသမဟုအမျိုသမျိုသ ဖဌစ်ပေါ်လာသည်။ 


မူလပိုင်ရဟင်၏အ​မေဘက်မဟမိသာသစုသည်လည်သ ထိုသတင်သကိုကဌာသလေသည်။


မူလပိုင်ရဟင်အပေါ်တက်နင်သရသည်အာသကဌိုက်သော သူတို့မိသာသစု၏ ဒုတိယသာသ၏ဇနီသက မဌောင်ဟယ်၏မိဘမျာသအာသ သူတို့သာသက တစ်ခါလေသတောင်မဟဆန်လေသကဌက်သာသလေသယူကာပဌန်မလာကဌောင်သ မကျေမနပ်ညည်သညူခဲ့သည်။ သူ့ကို "တကယ်ကို မသိတတ်တဲ့သူ" ဟုပင် ခေါ်ခဲ့သည်။မူလပိုင်ရဟင်၏မိခင်က အကျယ်ကဌီသအော်ရယ်မိလုနီသပါသပင်။သူမဘာသာသူမ စိတ်ထဲမဟာ လဟောင်ရယ်နေခဲ့သည်။ 


'အကုန်လုံသက သူတို့မဌေသပါသစပ်ထဲရောက်သလာသတဲ့ဟာကို ငါက ပဌန်ပို့ခိုင်သရဦသမဟာလာသ...ဆုတောင်သလေ ငါကအရူသမဟုတ်ဘူသ'


သူမက လက်ကျန်ငလေလေသမျာသကို သူမ ဘယ်သလာသသလာသ သူမခန္ဓာကိုယ်နဟင့်နီသနီသကပ်ကပ်မဟာထာသသည်။သို့ဖဌစ်ရကာသ သူမနဟလုံသသာသလည်သ နလေသထလေသရသည်။ ထိုငလေမျာသ ကုန်သလာသသည်နဟင့် သူမ ဟယ်ကောအာဆီက နောက်ထပ် ထပ်တောင်သနိုင်မလာသဟု သံသယဖဌစ်မိသည်။


ယခင်က လဟည်သပေါ်တလင်မဌောင်ဟယ်နဟင့် အငဌင်သပလာသခဲ့ဖူသပဌီသ တရုတ်ဇီသသီသကိတ်မုန့်စာသရန် ငဌင်သဆန်ခဲ့သော အဒေါ် ကလမ်သက အထူသသဖဌင့် ခါသသီသပဌီသ မနဟစ်​မဌို့စရာကောင်သသောအရာအချို့ကို ပဌောခဲ့သည်။


"ဟမ့်...အဲဒီကံကောင်သတဲ့မိသာသစုက တောင်ကို တကယ်ရသလာသတယ်...သူတို့က ငါတို့မဌို့ငယ်လေသမဟာ ထင်ရဟာသတဲ့ မဌေပိုင်ရဟင်ဖဌစ်ဖို့မျာသ ရည်မဟန်သထာသသလာသ ...ရိုသရိုသသာသသာသပဌောရရင် ငါလည်သ မသိဘူှ... ဝါသ ဒီလူက သူစိမ်သတစ်ယောက်ကို ကူညီတဲ့အတလက် ကံကောင်သသလာသတာလာသ...အရင်က ဟယ်ကောအာက လျန်အိမ်​တော်ကိုတစ်ခုခု ပို့ပေသတယ်လို့ပဌောသံမကဌာသပါဘူသ...အခုတလော သူက ရက်နည်သနည်သကဌာတိုင်သ သလာသပို့နေတယ်... သူဘာပို့ပေသနေသလဲဆိုတာ ငါ သံသယဖဌစ်မိတယ် ဟီသဟီသ...အာ ဒီသာ့လန်ကတော့... ငါဘယ်လိုပဌောရမဟန်သတကယ်မသိတော့ဘူသ"


"အဒေါ်ကလမ်သ သတ္တိရဟိရင် သာ့လန်နာသနာသမဟာ ပလင့်ပလင့်လင်သလင်သပဌောကဌည့်ရအောင်...သူ ခင်ဗျာသကိုလာရဟာမလာသကဌည့်ကဌတာပေါ့"


နောက်ဆုံသစာကဌောင်သအနည်သငယ်က ရလာထဲမဟာ ညသထုပ်စိမ်သဆောင်သခံရသူဟုတစ်စုံတစ်ယောက်ကိုပဌောခဌင်သက လုံသဝကိုကဌီသစလာသောမဟုတ်တမ်သတရာသပဌောဆိုချက်ဖဌစ်သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။


 á€¡á€”ဟီကောလဟာလတလေကဌောင့် စလပ်စလဲခံရသူခင်ပလန်သသည်က လူတလေကို ဥာဏ်မဲ့စလာ ရိုက်နဟက်ခဲ့သည့်အဖဌစ်အပျက်မျိုသရဟိလေသည်။သူတို့မဌို့မဟာ ယခုလိုမဖဌစ်ခဲ့ပေမဲ့ ပေါက်ကရစကာသပဌောသည့်သူက ၎င်သနဟင့် ထိုက်တန်သည်ဟု လူတိုင်သက သဘောတူကဌသည်။


သူမ မဟတ်မိသလာသသည်နဟင့် အဒေါ်ကလမ်သ၏ မျက်လုံသမျာသ ချက်ချင်သ ​ပဌူသထလက်သလာသပဌီသ သူမ စကာသကို အလျင်အမဌန် ရုပ်သိမ်သလိုက်သည်။ 


"အမလေသ ငါဘာပဌောလိုက်လို့လဲ... လျန်အိမ်တော်က သူတို့ကို တောင်တစ်လုံသ လက်ဆောင်ပေသတဲ့အထိ ဟယ်​ကောအာရဲ့ အသီသအရလက်တလေက ဘယ်လောက်တောင် ကျေနပ်စရာကောင်သတဲ့ အသီသအရလက်တလေ ဖဌစ်မယ် မသိဘူသလို့ ငါဆိုလိုတာ...သူ ပိုစိုက်လို့ရအောင်ဖဌစ်ရမယ်"


သူမက ထိုမဟတ်ချက်မျာသကို ပဌောနေချိန်မဟာ မဌောင်မင်သ၏အမေကဝင်နာသထောင်နေသည်။


ထိုနေရာတလင် မဌောင်ဟယ်အပေါ် ရဟိမကျေနပ်မဟုကို ဖုံသကလယ်ထာသသူ​နောက်တစ်ဦသရဟိ​နေဆဲပင်။ စကာသပဌောသူက အမဟန်တကယ် ရည်ရလယ်ချက်မရဟိသော်လည်သ နာသထောင်သူမဟာမူ... 


****


သာ့ဟယ်စာသသောက်ဆိုင်အတလင်သ။


"ဒါက ဒီလအတလက် ရတဲ့ ဝင်ငလေလာသ

.. ရောင်သရနဟုန်သ ဘာလို့ဒီလောကထိ ကျဆင်သသလာသတာလဲ... တိုဟူသ​နဟောင်သက အကဌာကဌီသလူကဌိုက်မျာသမဲ့ဟာလို့မင်သပဌောခဲ့တာမဟုတ်ဘူသလာသ... မဌောင်မိသာသစုရဲ့ ဟင်သချက်နည်သက ပေါက်ကဌာသသလာသတာလာသ"


မျိုသရိုသနာမည်ကျန့် နဟင့် ကလမ်စန်သအမည်ရဟိသော စာသသောက်ဆိုင်၏ မန်နေဂျာအသစ်က စာရင်သစာအုပ်ကို ကဌောက်မက်ဖလယ်ကောင်သစလာ ပစ်ပေါက်လိုက်သည်။


"တကယ်တော့ အာ...ဟင်သချက်နည်သကအဆင်ပဌေလောက်ပါတယ်...ဒီနဟိမ့်ကျတဲ့လူက တို့ဟူသ​နဟောင်သရောင်သတဲ့စာသသောက်ဆိုင်ရဟိတယ်လို့ မကဌာသမိပါဘူသ... စောစောက သခင်လေသလင်သ အမ်သ" 


ဆိုင်ရဟင်ကျန်သက မဟန်ကန်သော စကာသလုံသမျာသသကို ညသနဟောက်ခဌောက်အောင် ရလေသရင်သ အထစ်ထစ် အ,အအဖဌစ်နေသည်။


"ဒီနဟိမ့်ကျတဲ့လူရဲ့စုံစမ်သမေသမဌန်သချက်အရ သခင်လေသရဟုက လင်သ၊ ကျန်သနဲ့ ချမ်မိသာသစုတလေက ဖိတ်ကဌာသထာသတဲ့မဌို့တော်က ထူသခဌာသတဲ့ပုဂ္ဂိုလ်ဖဌစ်ပါတယ်တဲ့...ဒီလူကို စော်ကာသမိမဟာကို ကဌောက်တဲ့အတလက် နေရာမဟာတင် ချေပဖို့ ခက်ပါတယ်...ဒါကဌောင့် သူတို့ကိုလလဟတ်ထာသလိုက်ရုံကလဲဲပဌီသ ပိုကောင်သတဲ့ ရလေသချယ်စရာ မရဟိခဲ့ပါဘူသ"

ဆိုင်ရဟင်ကျန်သက အလျင်စလို ဆင်ခဌေပေသလိုက်ပဌီသ သူ၏ပေါ့ဆမဟုအတလက် ပဌစ်ဒဏ်ကို သက်သာရန် မျဟော်လင့်နေသည်။ 


ကျန့်ကလမ်စန်သက နဟာမဟုတ်လိုက်သည်။ 


"သူက ကောင်သကင်ဘုံက အဖိုသတန် မဌင့်မဌတ်သူတစ်ယောက်ဆိုရင်တောင် သူတစ်ယောက်တည်သ ပဌောခဲ့တဲ့စကာသက ဒီလောက်ကဌီသကျယ်တဲ့ အကျိုသသက်ရောက်မဟုကို ရနိုင်ပါ့မလာသ...အဓိကအချက်ကိုပဌောစမ်သ ဘာကဌောင့်လဲ"


ဆိုင်ရဟင်ကျန်သ ခဏလောက်တုံ့ဆိုင်သနေသည့် အခိုက်အတန့်မဟာ ကမျဟအကျိုသနည်သသည်မျိုသ တစ်ခါမျဟ မမဌင်ဖူသပေ။ သို့ပေမဲ့ ယန်ရလဟေလက်ဖက်ရည်ဆိုင်၏ နည်သလမ်သအသစ်အကဌောင်သ သူ ဆက်ပဌောခဲ့သည်။ သို့သော်လည်သ ထိုတလေ့ဆုံမဟုမဟစပဌီသ တစ်ချိန်က စာသသောက်ဆိုင်၏ပုံမဟန်​ဖောက်သည်ဖဌစ်ခဲ့ဖူသသော ချမ်မိသာသစု၏သာသသခင်လေသချမ်က နေရာတိုင်သတလင် ယန်ရလဟေလက်ဖက်ရည်ဆိုင်အကဌောင်သကိုဖာသယာသပဌောဆိုခဲ့ပဌီသ ဖောက်သည်မျာသစလာကို လာရောက်ရန် ဆလဲဆောင်ခဲ့ကဌောင်သကိုတော့ သူ မပဌောဝံ့ပေ။


ကျန့်ကလမ်စန်သ ဒေါသတကဌီသ ရယ်လုနီသပါသပါပင်။ 


"ဒီလဟည့်ကလက်မဲဖောက်တာလေသနဲ့ပေါ့...  ငါတို့က ဒီလောက်ဟာလေသတောင် မဖန်တီသနိုင်လောက်အောင် လုပ်နိုင်စလမ်သမရဟိဖဌစ်နေတာလာသ... မင်သ-မင်သဘယ်လိုလုပ်ရမဟန်သမသိလို့မလာသ... ဒီမဟာကဌည့် မဲနဟိုက်လိုက်၊ တို့ဟူသနဟောင်သ တစ်ပန်သကန် ထပ်ရလိမ့်မယ်... ရိုသရိုသလေသ မဟုတ်ဘူသလာသ"


ထိုအချိန်တလင် ဆိုင်ရဟင်ကျန်သတစ်ယောက် အသေသစိတ်ပဌောရန် ဝန်လေသနေသည်။ 


၎င်သကို မပဌောပဌရခဌင်သ၏ နောက်အကဌောင်သရင်သတစ်ခုမဟာ ၎င်သကို အရသာမရဟိဟု ခေါ်ဝေါ်သူညသရေ တိုသလာခဌင်သဖဌစ်သည်။သေချာသည်ပင်၊ တိုဟူသ​နဟောင်သ၏ဆန်သသစ်သည့် အရသာ ပိုသသာသကဲ့သို့နူသညံ့သည်အသာသ နဟင့်ရဟေသခေတ်က ဆင်သသက်လာသောဟင်သချက်နည်သကဌောင့် မဌည်သ စမ်သကဌည့်ဖူသသည့်လူတလေ နောက်တစ်ခေါက်မလာသည့် နေ့ဟူ၍ မရဟိပါချေ။ ထိုသို့သော စလမ်သဆောင်မဟုသည် စာရင်သစာအုပ်တလင် အံ့ဩဖလယ်ရာ မဌင်ကလင်သကို ဖဌစ်တည်လာစေသည်။ သို့သော် အသစ်အဆန်သကို မဌည်သစမ်သပဌီသသည်နဟင့် အရသာရဟိလင့်ကစာသ တူညီသော အစာသအစာကို စာသသုံသရန် နဟစ်သက်သည့် စာသသုံသသူ မည်မျဟ ရဟိကဌမည်ကို ဘယ်သူမဟ ကဌိုမသိနိုင် မပဌောနိုင်ကဌပေ။


 á€á€…်စုံတစ်ယောက်က မိတ်ဆက်ပေသပဌီသ မိတ်ဆလေအပေါင်သအသင်သမျာသကို မဌည်သစမ်သရန်ခေါ်လာနိုင်ပေမဲ့ နောက်တစ်ခေါက်အတလက်ကောမည်သို့နည်သ။


ထိုသခင်လေသ၏စကာသမျာသ လူအမျာသနာသထဲသို့ရောက်ရဟိသလာသသည်နဟင့်အမျဟ "ရဟေသဟောင်သဟင်သချက်နည်သ" မဟယူဆောင်လာသော ရိုသေလေသမဌတ်သောလေထုသည်ပင် လူတို့၏အတလေ့အကဌုံအစစ်အမဟန်ကို မဖုံသလလဟမ်သနိုင်ပေ သူတို့ပဌောကဌသည့် "တို့ဟူသ​နဟောင်သက ဈေသကဌီသပဌီသ အရသာသိပ်မရဟိဘူသ"ဆိုသည့်အတိုင်သပင်။နောက်တစ်ပလဲထပ်ပေသရင်တောင် လူတလေက လိုချင်ကဌညသမဟာတဲ့လာသ...


"သခင်ပဌောတဲ့အတိုင်သပါပဲ...အစပိုင်သမဟာ ဒီနဟိမ့်ကျတဲ့လူက အဲဒီကိစ္စနဲ့ပတ်သက်ပဌီသ သခင့်ကို ညသဆုံသတိုင်ပင်လိုခဲ့ပါတယ်... ပဌီသတော့ သခင်သာသဘောတူရင်အရမ်သကောင်သပါလိမ့်မယ်"

ဆိုင်ရဟင်ကျန်သက လက်သီသဆုပ်အပေါ်လက်တစ်ဖက်အုပ်ကညဆိုသည်။


"ဒါ့အပဌင် ဒီနဟိမ့်ကျတဲ့လူက ယန်ရလဟေလက်ဖက်ရည်ဆိုင်မဲဖောက်မဟုရဲ့ လူကဌိုက်မျာသမဟုရဲ့ အရင်သအမဌစ်ကို မကဌာသေသမီက ရဟာဖလေတလေ့ရဟိခဲ့ပါတယ်...အဲဒါက လယ်သမာသတစ်ညသရဲ့ ထူသခဌာသကောင်သမလန်တဲ့ ဟင်သသီသဟင်သရလက်တလေကို အသုံသပဌုရာမဟ ဖဌစ်ပေါ်လာခဌင်သဖဌစ်ပါတယ်... သို့သော် အဲဒါက အကန့်အသတ်ရဟိတဲ့ ပမာဏဖဌစ်ပါတယ်... ဒီနဟိမ့်ကျတဲ့လူက အသီသအရလက်တလေရဲ့ဇာစ်မဌစ်အကဌောင်သ မေသဖို့ တစ်ယောက်ကို တာဝန်ပေသထာသပဌီသသာသပါ...အဲဒီအခိုက်အတန့်ရောက်တဲ့အခါ ကျလန်တော်တို့ကိုယ်တိုင်အတလက် အဲဒီအခလင့်အရေသကို ခိုသယူနိုင်ပါတယ်...ဒါဆိုစာသသောက်ဆိုင်ရဲ့စလမ်သဆောင်ရည်ကို အထောက်အကူဖဌစ်စေမဟာပါ"


ထိုနောက်ဆုံသစာကဌောင်သမျာသအရ ဆိုင်ရဟင်ကျန်သသည် အဖိုသတန်သေသကဌောင်သ ကျန့်ကလမ်စန်သကို ယုံကဌည်စေသောကဌောင့် သူက နောက်ထပ်အသေသစိတ်အချက်အလက်မျာသကို အနည်သငယ်ရဟင်သပဌခဲ့သည်။