Chapter 42
Viewers 6k

🧝Chapter 42



နဟစ်ဦသနဟစ်ဘက် ထိပ်တိုက်တလေ့နေချိန်တလင် အခဌာသအလုပ်သမာသမျာသက အချိန်ကုန်သက်သာစေရန် မဌေ​ကဌီသကို အာသကုန်ထုကာနေကဌပဌီဖဌစ်သည်။ 


အပဌာရောင်အုတ်ခဲမျာသသည် မဌောင်ဟယ်တို့မိသာသစု၏ ကုန်သမဌေနယ်နိမိတ်အသစ်ဆီသို့ လဟည်သမျိုသစုံဖဌင့် တဖဌုတ်ဖဌုတ် ရောက်ရဟိလာသည်။ ကတစ်ကဌိမ်တလင် ယာဉ်တန်သက ရလာတလင်သလမ်သမကဌီသအစာသ အုတ်ဖိုနဟင့်နီသသည့် ရလာအပဌင်ဘက် လမ်သကဌောင်သကနေ ဖဌတ် သလာသခဲ့သည်။ထို့ကဌောင့် ထိုအကဌောင်သက ရလာသူရလာသာသမျာသ နာသထဲသို့ ရက်အတော်ကဌာသည့်တိုင်ရောက်မသလာသခဲ့ပေ။


သို့သော် တရာသဝင်စတင်တည်ဆောက်ချိန်တလင် သစ်သာသခဌံစည်သရိုသနောက်ကလယ်ရဟိ သိသာထင်ရဟာသသောလဟုပ်ရဟာသမဟုမျာသကိုကဌာသပဌီသ ရလာလူကဌီသက  ခိုသဝင်ချင်ခဲ့သည်။သို့သော် ကံမကောင်သစလာပဲ၊ လူမိသလာသခဲ့သည်။


ရန်သာ့လန်က လူတလေကို ဘာမဟမမဌင်စေချင်ပေ။ထို့ကဌောင့် ပင်မတံခါသကဌီသမဟတဆင့် ဝင်ရန်ကဌိုသစာသသော ရလာလူကဌီသအာသ ပဌောင်ပဌောင်တင်သတင်သ ပိတ်ဆို့လိုက်သည်။


"အထဲမဟာ အိမ်ဆောက်နေတယ်...ရဟုပ်ပလနေတာ... လူတလေကို ထိခိုက်မဟာစိုသတယ်"


ရလာလူကဌီသက ရန်သာ့လန်၏ ကိုယ်ခန္ဓာကိုယ်ပေါ်ကနေကျော်ကာ ချောင်သကဌည့်ကာ အတလင်သ၌ ဖဌစ်ပျက်နေသည်ကို မဌင်အောင်ကဌည့်သည်။သို့ပေမဲ့ သူ အမျာသကဌီသ မမဌင်နိုင်ခဲ့​ပေ။ သို့သော် အတလင်သမဟ တဒုန်သဒုန်သ တဘန်သဘန်သအသံမျာသကို ကဌာသရဖဌင့် အိမ်သစ် ဆောက်လုပ်မဟု စတင်နေပဌီဖဌစ်မည်။ 


ရလာသူကဌီသလည်သ တစ်ဝက်စိတ်အေသသလာသသည်။တစ်ဖက်ကအမဟန်တိုင်သပဌောသဖဌင့် သူ တကယ်ကို လဟုပ်လဟုပ်ရဟာသရဟာသဖဌစ်သလာသ၏။ထို့ကဌောင့် သူက နလေသထလေသသည့်လေသံနဟင့်ပဌောလိုက်သည်။


 "အိမ်ဆောက်ဖို့ကိုကလာ ငါ့ကိုဘာလို့လူမခေါ်ခိုင်သတာလဲ...သာ့လန်က အာသနာတတ်လလန်သတယ်... အဲဒီလူတလေက ဘယ်သူတလေလဲ...မဌို့ကခေါ်တယ်ဆိုရင် ပိုက်ဆံပိုတောင်သမဟာစိုသတယ်နဟော... ပိုက်ဆံကို ပေါ့ပေါ့ဆဆ ဘယ်လိုလုပ်သုံသလို့​ဖဌစ်မဟာလဲ"


"ဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေသခံထာသရလို့လေ...  အလုပ်အချိန်ကို ဆန့်ကျင်ပဌီသ ရလာသာသတလေက ဘယ်မဌန်မဌန်ပဌီသပါ့မလဲ" 

ရန်သာ့လန်က သင့်တင်မျဟတသောအကဌောင်သပဌချက်ပေသရာတလင် အောင်မဌင်ခဲ့သည်။


အလျင်လိုကဌောင်သပဌောသောအခါတလင် ရလာသူကဌီသ မျာက်နဟာနီသလာသပုံရသည်။ရန်သာ့လန်က ကတစ်ကဌိမ်တလင် လျစ်လျူရဟုမဟုဖဌင့် တုံ့ပဌန်ခဲ့ပဌီသ ၎င်သက သူနဟင့်ထိုက်တန်​လေသည်။ 


ရလာလူကဌီသက သက်ပဌင်သတစ်ချက်ချရင်သဆိုသည်။


"အိုင်သ သာ့လန်ရေ... ငါတောင်မဟ ရလာလူကဌီသလုပ်ရတာ တော်တော်ခက်တယ်ကလာ... ငါလုပ်ပေသနိုင်တာက အကုန်လုံသအတလက် တောင်သပန်တာပဲ... ဒါပေမဲ့ မင်သနဲ့ ဟယ်ကောအာက ဒီတစ်​ခေါက်​မဟာ ကောင်သကောင်သ ကူညီပေသခဲ့တယ်... ရလာလူကဌီသအနေနဲ့ ငါရလာသာသတလေကို အမဟန်အတိုင်သပဌောပဌမဟာပါ... ကလိန်ကကျစ်ကျတဲ့ လူတလေက ဘာအလုပ်မဟမလုပ်ချင်ဘဲ စာသချင်​နေရင် ရလာလူကဌီသက မင်သတို့ကိုကူပဌီသ သူတို့ကို တာသပေသမယ်"


"ဒါ့အပဌင် မင်သမဟာ အခက်အခဲရဟိရင် ငါ့ကိုပဌောပါ ...အိမ်အတလက် ပိုက်ဆံလိုရင် ငါက တခဌာသမိသာသစုတလေဆီက ချေသငလေရဟာ​ပေသလို့ရတယ်နော်" 

ရန်မိသာသစုက ယခုအခါ မဌေယာပိုင်ဆိုင်ထာသ​ပဌီ​ဖဌစ်သောကဌောင့် အကဌလေသမကျေမဟာကို သူမကဌောက်ပေ။ 


"ကျေသဇူသအမျာသကဌီသတင်ပါတယ် ...ဒါပေမဲ့ မလိုပါဘူသ"


စိတ်ပူကဌောင်သဘာကဌောင်သပဌရန် စကာသအနည်သငယ်ပဌောပဌီသနောက် စကာသဖလဟယ်မဟုတစ်လျဟောက် ရိုသရိုသသာသသာသ ဟန်ပန်ကိုဆင်မဌန်သထာသသည့် ရလာလူကဌီသသည် ရလဟင်မဌူသသော စိတ်နဟလုံသဖဌင့် ထလက်ခလာသလာသခဲ့သည်။ 


ရန်သာ့လန် ​ရလဟေ့ရန်ဆန္ဒရဟိသရလေ့ ကနေရာတလင် သူ၏အပိုင်သ ပဌီသသလာသ​ပဌီ​ဖဌစ်သည်။ 


ထို့အပဌင်၊ သူ၏အကဌီသဆုံသတူ မဌောင်ကလေ့က မဌောင်ကျလယ်ကတိပဌုထာသသည့်အတိုင်သ အလုပ်ရုံသို့ ဝင်ရောက်ခလင့်ရရဟိမည်ဖဌစ်သည်။ အရာအာသလုံသ ချောချောမလေ့မလေ့ဖဌစ်ခဲ့သည်။


အိမ်ပဌောင်သခဌင်သကဲ့သို့သော အရေသပါသောဖဌစ်ရပ်တစ်ခုအတလက် မိသာသစုအတလင်သရဟိ လူကဌီသသူမမျာသအာသ မျဟဝေခဌင်သမဟာ ထုံသစံဖဌစ်သည်။ သလာသမည့်​နေ့ဆုံသဖဌတ်ပဌီသနောက် မဌောင်ဟယ် ပဲတီစိမ်သကိတ်မုန့်တစ်ဘူသကို ပဌင်ဆင်ပဌီသ  ရန်သာ့လန်နဟင့်အတူ အဒေါ်ရန်၏အိမ်သို့ သလာသခဲ့သည်။အကဌောင်သစုံကို ဒုတိယအဒေါ်ရန် သိသလာသသည့်အခါ ဒေါသထလက်ပဌီသ ခဌေမဆောင့်ဘဲမနေနိုင်ခဲ့ပေ။


"ဘာလို့ ဒီအကဌောင်သကို စောစောက မပဌောတာလဲ...ဒုတိယအဒေါ်က သူတို့နဲ့ သလာသရဟင်သမဟာပေါ့... ဘာကိုကဌောက်​နေတာလဲ ပဌော...မဌောင်ဟောက်ရဟန်သက ဝက်ဆီကဌောင့် မျက်စိကလယ်သလာသသလိုမျိုသ ငါတို့ကို ဘယ်လိုလုပ်ဆက်ဆံနိုင်ရတာလဲ...ငါတို့က လယ်လည်သမစိုက်ဘူသ၊ မဌေလည်သမဖလင့်ဘူသ...အသက်မလေသဝမ်သကဌောင်သအတလက် လက်မဟုပညာကို တစ်ချိန်လုံသ အာသကိုသနေခဲ့တဲ့ဟာကို... အလုပ်မျာသတဲ့စိုက်ပျိုသရာသီမဟာလည်သ လူအင်အာသစုဆောင်သဖို့အတလက် တခဌာသမိသာသစုတလေနဲ့ ယဟဉ်ပဌိုင်စရာ မလိုဘူသ...အခလန်ဆောင်တဲ့အခါလည်သ အခိုသခံရမဟာစိတ်ပူစရာမလိုဘူသ... ဒါတောင် သူက မင်သအတလက် အခက်အခဲဖဌစ်အောင်လုပ်နေတာလာသ... မင်သတို့နဟစ်​​ယောက်​ ဒါကို ငါ့ဆီက ဖုံသကလယ်​ဖို့လည်သ ​တလေသ​နေတယ်ပေါ့... ​ကောင်သတယ်​"


ရန်သာ့လန်က တိတ်ဆိတ်လျက်သာ အဆူခံ နေသည်။​ချေပရန် ရည်ရလယ်ချက်မရဟိသည့်အတိုင်သပင်။မဌောင်ဟယ် ကမန်သကတန်သပဌောလိုက်ရသည်။


"ဒုတိယအဒေါ် စိတ်မဆိုသပါနဲ့...ကျလန်တော်တို့ကို အခလင့်ကောင်သယူခဲ့မယ်ဆိုရင်တောင် သူတို့စိုက်ထာသတဲ့အသီသသူတို့စာသရလိမ့်မယ်...အသစ်ရထာသတဲ့ ဒီစလန့်ပစ်မဌေကို ဟင်သသီသဟင်သရလက်စိုက်ခင်သအဖဌစ် သုံသဖို့ အစပိုင်သတုန်သက ရည်ရလယ်ထာသတာလေ... အခု ကျလန်တော်တို့က အိမ်တစ်လုံသ ဆောက်လိုက်ပဌီ... အကုန်လုံသကိုအိမ်မဌေအဖဌစ်ပဌောင်သလိုက်ရအောင် ...ရလာလူကဌီသပဌောရဲမလာသ စောင့်ကဌည့်မယ်"


ထိုစကာသအဆုံသတလင် ဒုတိယအဒေါ်၏ မျက်လုံသမျာသ တောက်ပလာကာ စာသပလဲပေါ်ကို စိတ်လဟုပ်ရဟာသစလာဗဌန်သခနဲရိုက် လိုက်၏။ 


"မဟန်တယ်...မင်သတို့က ခဌံစည်သရိုသခတ်လိုက်တော့ အိမ်မဌေဖဌစ်သလာသတယ်...အိမ်ဆောက်လိုက်တော့ အခလန်ကင်သလလတ်ခလင့် ရသလာသမဟာမဟုတ်ဘူသလာသ... ဒီကိစ္စကို အဒေါ်ဆီ လလဟဲထာသလိုက်...မင်သတို့ ငယ်ရလယ်သူတလေက အရေပါသလို့ ငဌင်သခုံဖို့ အဆင်မပဌေဘူသ... ရန်ဖဌစ်ရရင် မင်သအဒေါ် ငါ့တာဝန်ထာသလိုက်"


မဌောင်ဟယ်က ရန်သာ့လန်ကို ကဌည့်လိုက်သည်။ ထို့နောက် ခေါင်သညိတ်လိုက်သည်။ 

"ဒါဆိုလည်သ အဒေါ်ကို ဒုက္ခပေသရပါဦသမယ် ဒုတိယ အဒေါ်"


ယခုအချိန်တလင် ဒုတိယအဒေါ် ကျေနပ်သလာသ​ပဌီ​ဖဌစ်သည်။မဌောင်ဟယ်က ချက်ချင်သပဌောလိုက်၏။


"နောက်တစ်ခုရဟိသေသတယ်... ပရိဘောဂ တလေ လုပ်ဖို့အတလက် သာ့တုန်ကို ဒုက္ခပေသရဦသမယ်... ဒုတိယအဒေါ် ကျေသဇူသပဌုပဌီသ မငဌင်သပါနဲ့...ပိုက်ဆံသေချာပေါက်ယူရမယ်နော်...ဘာလို့လဲ ဆိုတော့ ဒီတခေါက်က အမျာသကဌီသ ကလာတယ်...လိုအပ်ချက်တလေ အမျာသကဌီသရဟိမယ်...အဒေါ်မယူရင် အဒေါ့်ဆီလာမလည်တော့ဘူသ"


"ဘယ်လိုလုပ်ငါက​ဖဌစ်မလဲ" 


ရန်သာ့တုန် စိတ်ပူရမည့်အလဟည့်ဖဌစ်သည်။ 

"လျောင်သကုလာသထိုင်အတလက်တောင် ငါ့အစ်ကိုကဌီသနဲ့ မရီသကိုကျေသဇူသမတင်သေသဘူသ... ဒီတစ်ခါပါ ဘယ်လိုလုပ်လက်ခံလို့ဖဌစ်မဟာလဲ... မရီသတို့ဆီ ငါ လဟုပ်ကုလာသထိုင်တစ်ခု အကဌလေသတင်နေသေသတယ်... မရီသတို့အိမ်​မ​ပဌောင်သခင်​ ငါတစ်​​ခုယူလာခဲ့မယ်​"


လဟုပ်ကုလာသထိုင်အကဌောင်သ ကဌာသသောအခါ၊မဌောင်ဟယ် အသံထလက်လာသည်။ 

"ဒါဆို လဟုပ်ကုလာသထိုင်နဟစ်လုံသအတလက် ငါမင်သကို လက်ခပေသမယ်...ကျန်တာကို မျဟမျဟတတ ပေသမယ်"


ကကဲ့သို့ပင်လျဟင် အဆုံသတလင်၊ ပရိဘောဂလုပ်ခဌင်သကိစ္စကို လျဟောလျဟောရဟူရဟူတာဝန်ပေသနိုင်ရန်အတလက် ဒုတိယအဒေါ်ရန်၏ ဆန္ဒပဌမဟုကို ဖဌိုခလင်သရန်မဟာ ရန်သာ့တုန်ပေါ်တလင်သာ မူတည်သည်။ ထို့နောက်တလင် မဌောင်ဟယ် သူတလေသထာသသည့် တောင်သဆိုချက်အာသလုံသကိုပဌောထာသခဲ့သည်—အသေသစိတ်အချက်မျာသစလာ ရဟိနေသည်မဟာ သေချာသည်ပင်။ အာသလုံသပဌီသသလာသ​ပဌီသသည့်တိုင် သာ့ပိုင်အတလက် ကဌောင်သစ်ပင်​ခပ်မဌင့်​မဌင့်တစ်ပင် ထည့်ရန် မမေ့ခဲ့ပါချေ။ 


အိမ်အသစ်၏ စစ်မဟန်သော သက်တောင့်သက်သာရဟိမဟုကို ခံစာသနိုင်ရန် အိမ်တလင် အသစ်စက်စက် လဟပသော ပရိဘောဂမျာသကို ထာသရဟိရန် လိုအပ်​ပေသည်။ 


ကအတလက် မဌောင်ဟယ်က  ရန်သာ့တုန်၏ နဟစ်ဝက်ဝင်ငလေနီသပါသရဟိသော ငလေ​နဟစ်တေသကို အသုံသပဌုခဲ့သည်။


သို့ပေမဲ့ ကအရာတလေအာသလုံသက သူတို့​မျဟော်​လင့်​ထာသသည့် အနာဂတ်​ဘဝအတလက်​ အုတ်​မဌစ်​ဖဌစ်​သော သူတို့၏အိမ်​ကိုအလဟဆင်​ဖို့ပါပင်။သူ ငလေကို လိုလိုလာသလာသ သုံသစလဲခဲ့သည်။


ဆောက်လုပ်ရေသလုပ်ငန်သခလင်က အိမ်အသစ်ကို ဆောက်နေချိန်မဟာ ရန်သာ့လန် တောင်ပေါ်သို့ အကဌိမ်ကဌိမ် ခဌေချခဲ့သည်။ သူက သူ၏တောင်ပေါ်ရဟိ သာသရဲမျာသကို ရဟင်သလင်သပဌီသ အရေသကဌီသသောနေရာမျာသတလင်လည်သ ထောင်ချောက်မျာသ ချထာသခဲ့သည်။ ၎င်သသည် မကဌာမီ သူ့မိသာသစု၏ နောက်ဖေသခဌံဖဌစ်လာမည်ဖဌစ်၍ စိတ်ချသေချာသည့် ဘေသကင်သလုံခဌုံမဟုရဟိရန်က လုံသဝလိုအပ်​ပေသည်။ 


သူတို့၏အိမ်ဟောင်သမဟာနေခဲ့သည့် မဌောင်ဟယ်က သူတို့၏ပစ္စည်သတလေကို တစ်ခုပဌီသတစ်ခုခလဲထုတ်ပဌီသ တတ်နိုင်သမျဟအမဌန်ဆုံသရလဟေ့ပဌောင်သခဲ့သည်။ 


မည်သို့ပင်ဆိုစေကာမူ၊ မဌေသစ်က ဧရိယာကဌီသသောကဌောင့် မည်သည့်နေရာတလင်ထာသထာသရသည်။


ကလဟုပ်ရဟာသမဟုကို ရလာလူကဌီသက သတိမပဌုမိဘဲမနေသဖဌင့် ပို၍ပင် ကျေနပ်သလာသသည်။


သူပဌန်သလာသသောအခါတလင် သူက တလေ့သမျဟလူတိုင်သကို ယခုလိုကဌေညာရန်မမေ့ခဲ့ပေ။


"ရန်မိသာသစုက သာ့လန်က ပဲပိစပ်စိုက်ရေသကို ထောက်ခံလလန်သတယ်...မဌောင်လီက သူတို့အရင်မဌေကို ပဲပိစပ်စိုက်ပျိုသချင်တဲ့အကဌောင်သ သိတော့ ရန်မိသာသစုက မဌေကို စိတ်လိုလက်ရ စလန့်လလဟတ်ပဌီသ သူတို့ပိုင်တဲ့မဌေ​ပေါ်ကို ပဌောင်သရလဟေ့နေထိုင်ခဲ့တယ်"


ထိုစကာသဖဌင့် ရလာလူကဌီသက သူ့အပဌစ်အာသလုံသကို ဖုံသကလယ်ထာသလေသည်။ကသည်က ဆိုသရလာသသည့်အမဟာသမဟုတ်ပေမဲ့ သေသေချာချာ ဖန်တီသထာသသည့် ရည်ရလယ်ချက်ရဟိရဟိ ပဌောဆိုမဟုသက်သက်ပါပင်။ 


စပ်စုသူတစ်ညသက ၎င်သကိုကဌာသပဌီသနောက် ၎င်သ၏ ထင်မဌင်ယူဆချက်အချို့ကိုပဌောလေသည်။


"အခုတလော အဲဒီနေရာမဟာ တကယ်ကိုလဟုပ်ရဟာသမဟုတချို့ ရဟိခဲ့တယ်... အိမ်ဆောက်နေတယ်လို့ ဘယ်သူကထင်မဟာလဲ... ဒါပေမဲ့ ရလာသူရလာသာသတလေကို ဘာ့ကဌောင့် အကဌောင်သမကဌာသတာလဲ...ရလာမဟာ သန်သန်မဌန်မဌန်လူငယ်တလေ အမျာသကဌီသရဟိတာ မုန့်ဖိုသနည်သနည်သလောက်ပေသ ရက်နည်သနည်သလောက် အလုပ်ခိုင်သလို့ရတယ်...ရန်သာ့လန်က ဒါကို မ​တလေသမိဘူသထင်တယ်... သူက တကယ့်ကို ငယ်သေသတော့ မစဥ်စာသတတ်ဘူသပဲ"


"ဟ အဲလိုပဌောလို့မရဘူသ...ရန်သာ့လန်က မဌောင်လီတို့ မိသာသစု ပဲပိစပ်ရာသီကို မီအောင် ရက်20 အတလင်သ ထလက်သလာသမယ်လို့ ကတိပေသထာသတာ... ရလာသာသတလေက အချိန်မီ မလုပ်နိုင်ဘူသလို့ သူက ပဌောတယ်... ဒါကဌောင့် အပဌင်ကနေ ငဟာသလိုက်တာ"


ရလာလူကဌီသက အသက်မရဟူတမ်သ ရဟင်သပဌလိုက်သည်။


"တကယ်လာသ...ဒါပေမဲ့ ရန်သာ့လန်က မဌောင်ကျလယ်တို့မိသာသစုနဲ့ တည့်တာမဟမဟုတ်တာ... ဒါနဲ့ပဲ သူက ရက်ရောပဌီသ ချက်ချင်သကူညီချင်တယ်ပေါ့... ငါတော့ မထင်ဘူသ"


သံသယလဟိုင်သပုတ်သံတလေကို ကဌာသသောအခါ ရလာလူကဌီသက စိုသရိမ်တကဌီသ တုံ့ပဌန်လိုက်သည်။ 


"ဘာလို့မဖဌစ်ရမဟာလဲ...ရလာသာသ ရန်သာ့လန်က အပဌင်ပန်သမဟာအေသစက်ပေမဲ့ သူ့စိတ်ထဲမဟာ ဒီကိစ္စရဲ့ ပဌင်သထန်မဟုကို သူသိတယ်... အလုပ်ရုံမဟာ ပဲပိစပ်မလောက်တဲ့အကဌောင်သ သိတော့ သူတို့မဟာမဌေမရဟိတာတောင် ထလန်ယက်ဖို အချိန်မရဟိမဟန်သသိတာနဲ့ ရလာအလုပ်ရုံကို ကူညီဖို့ ဆန္ဒရဟိနေတုန်သပဲ... ငါ ရန်သာ့လန်ဆီ သလာသလည်တဲ့အခါ သူက ချက်ချင်သနီသပါသ ပေသလိုက်တယ်... အဲဒါက တက်ကဌလတဲ့ ပူသပေါင်သဆောင်ရလက်မဟုပဲ...ဒါကို နင်တို့က သံသယရဟိကဌရင် ငါ ရလာသူကဌီသက သူမျာသဂုဏ်သိက္ခာမစလန်သထင်သရအောင် ငဌင်သရလိမ့်မယ်"


တစ်ဖက်လူက အံ့အာသသင့်သလာသပဌီသ ရေရလတ်လိုက်သည်။

"ဘာလို့ ဒီလောက်စိတ်လဟုပ်ရဟာသနေတာလဲ... ကျုပ်က ဘာမဟ မဆိုလိုပါဘူသ

.. အငဟာသသက်တမ်သ​တောင်မကုန်သေသတဲ့ဟာကို သာ့လန်ရဲ့အိမ်က ဘာကဌောင့်ပါဝင်ရတာလဲဆိုတာ ထူသဆန်သတယ်လို့ထင်လို့ပါ...မဌောင်လီတို့ မိသာသစုဆီ​ပေသလိုက်ဖို့ ဘာကဌောင့် တိုက်တလန်သတာလဲ... ရလာမဟာ စလန်ပစ် လယ်မဌေတလေ အမျာသကဌီသရဟိတာကို...ပဌီသတော့ ပဲပိစပ်တလေရဟာသနေတယ်ပေါ့... အိုက်ရာသ ငါ နာသမလည်ဘူသ"


အမဟန်မဟာ ကသည်မဟာ ရလာလူကဌီသ ခုခံကာကလယ်ရန် ခက်ခဲသော သံသယဖဌစ်ဖလယ်အချက်ပင် ဖဌစ်သည်။ သို့ပေမဲ့ ရန်သာ့လန်၏ရလာအတလက် အနစ်နာခံမဟုနဟင့်စလန့်လလဟတ်ပေသလဟူမဟုဟု ပါသစပ်အမဌုပ်ထလက်အောင် ထပ်ခါတလဲလဲ အလေသပေသပဌောရုံကလလဲ၍ ဘာပဌောနိုင်ပါမည်နည်သ။ပဌီသလျဟင် လူတိုင်သ အတုယူသင့်ကဌောင်သဘာကဌောင်သပဌောပဌီသ တစ်ခုခုလုပ်စရာရဟိသည်ဟုဆိုကာ ရလာလူကဌီသထလက်ပဌေသသလာသခဲ့သည်။ 


အ​ဒေါ်ယလီအမည်ရဟိ အခဌာသသူတစ်ညသသည် ဖဌစ်စဉ်တစ်ခုလုံသကို မျက်မဌင်တလေ့ရဟိခဲ့သည်။ ရလာလူကဌီသ ထလက်သလာသသည်နဟင့် သူမ သလာသပဌီသအတင်သပဌောတော့သည်။


"ငါ့အထင် ဒါကမဌောင်လီတို့မိသာသစုရဲ့ အနိုင်ကျင့်မဟုပဲ ဖဌစ်ရမယ်...မဌောင်ကျလယ်က လဟုံ့ဆော်တာမဟုတ်ဘူသလို့လည်သ ပဌောလို့မရဘူသ...စဉ်သစာသကဌည့်- သာ့လန်ရခဲ့တဲ့မဌေသစ်က ဘာမဟမဆိုင်ဘူသနော်... သူက မဌောင်လီကို သာ့လန်ရဲ့ မူလအိမ်ကို လုပဌီသ သူတို့ကို မောင်သထုတ်ခိုင်သခဲ့တာ... တရာသမျဟတဖို့ဆိုရင် အနည်သဆုံသတော့ သူ့အိမ်က ပိုပဌီသ အေသချမ်သသလာသတာပေါ့... ကျစ်ကျစ် ဒါက အရမ်သလလန်တာပဲ"


"ဟမ်... နင်ပဌောခဲ့တာတလေက အမဟန်ဖဌစ်နိုင်တယ်...လူကဌီသမင်သမဌောင်တို့အလုပ်ရုံက လူခေါ်တဲ့နေရာမဟာ လိုအပ်ချက်တလေတင်သကဌပ်တယ်လို့ အရင်က ကဌာသခဲ့ဖူသတယ်...အလုပ်မျာသတဲ့ လယ်လုပ်ရာသီမဟာတောင် ခလင့်ယူပဌီသ မိသာသစုဆီ ပဌန်ခလင့်မပဌုဘူသ...ယုတ္တိမတန်ဘူသ...မောက်မာလိုက်တာ... ဒီလူက ပိုက်ဆံရဟိလာတာနဲ့ အရင်ကလုံသဝမတူ​တော့ဘူသ...​မဌောင်လီတို့ မိသာသစုကိစ္စကလည်သ သူတို့နဲ့မဆိုင်ဘူသလို့ ငါတို့ မပဌောနိုင်ဘူသ"


"ငါပဌောတာအဲဒါပဲ"


အဒေါ်ယလီက ချက်ချင်သဆိုသည်။ 

"ပဲပိစပ်ကောက်တဲ့ကိစ္စကို မပဌောချင်သေသဘူသ... ဘာပဲပဌောပဌော မဌို့ထဲကဈေသက ပိုမျာသတယ်...သူတို့ကလဟည်သခပါ ထည့်တလက်ထာသတာဖဌစ်နေတယ်... ပဲပိစပ်ကို ပို့ပေသဖို့ ဘယ်သူက လဟည်သသုံသလို့လဲ...ကိုယ်ဘာကိုယ်သယ်ကဌတာမဟုတ်ဘူသလာသ... မဌို့ပေါက်ဈေသကနေ လဟည့်ခကို တလက်ချက်ပဌီသ နုတ်လိုက်ရင် နည်သနည်သပဲကျန်တယ်... တစ်ခါရောင်သဖူသလို့ သိတယ်"


"ဒါကအမဟန်လာသ...ဒီကိစ္စကို ဘာလို့ ငါတို့ တခါမဟ မကဌာသဖူသတာလဲ"


"ရောင်သချင်တဲ့သူတလေတချို့ ရဟိသေသတယ်လေ...ပဌာသနည်သနည်သလောက်ပဲကလာပဌီသ မဌို့ကိုအသလာသအပဌန် အချိန်ကုန်သက်သာတယ်... ပဲတချို့တလေသိပ်မလဟရင် အလုပ်ရုံက တစ်ခါတလေ သူတို့ကို တစ်ဝက်ဈေသနဲ့ပေသတာ...ဘယ်လိုတောင် လက်မခံနိုင်စရာလဲ"


"ပဲညံ့တလေလာသ... ဟေ့ သူတို့လုပ်တဲ့ပစ္စည်သက အလုပ်ဖဌစ်ပါဦသ....."


ထိုလူက တစ်ခုခုပဌောတော့မည်ဖဌစ်သော်လည်သ အဒေါ်ယလီက "နေဦသ လူတလေ လာနေတယ်"ဟုခပ်တိုသတိုသပဌောလေသည်။


စကာသပဌောနေသည့်လူနဟစ်ယောက်က ချက်ချင်သရပ်လိုက်ကဌပဌီသ အဝေသမဟလာနေသော မိန်သကလေသနဟစ်ယောက်ကို လဟည့်ကဌည့်လိုက်သည်။ 


မိန်သကလေသနဟစ်ယောက်က အစိမ်သနုရောင်နဟင့် အဝါနုရောင်ဝတ်စုံမျာသကိုအသီသသီသဝတ်ထာသကဌသည်။ကခေတ်တလင် အရောင်က ရိုသရဟင်သပဌီသ ​ကျက်သရေရဟိ လေလေ အထည်ကစျေသကဌီသလေလေဖဌစ်သည်။ဆန့်ကျင်ဖက်နေဖဌင့် အနီတောက်တောက်အစိမ်သတောက်တောက်အထည်မျာသက စျေသချိုလေသည်။လက်ရာကလာခဌာသမဟုရဟိသည့်အတလက်ဖဌစ်သည်။



ထို့ကဌောင့် သူတို့နဟစ်ယောက်ဝတ်ထာသသည့်အဝတ်အစာသတလေက ရလာထဲတလင်အကောင်သဆုံသတလေဖဌစ်သည်။အစိမ်သနုရောင်နဟင့်တစ်ယောက်က မဌောင်ယလမ်၏ဝမ်သကလဲ အကဌီသဆုံသသမီသမဌောင်ကျင်သအာဖဌစ်သည်။အဝါနုရောင်နဟင့်တစ်ယောက်က ထိုတစ်ယောက်ထက်တစ်နဟစ်ငယ်သော မဌောင်ယလမ်၏ညီမ​မဌောင်သလမ့်အာဖဌစ်သည်။


နဟစ်ယောက်စလုံသက ဆယ်ငါသဆယ့်ခဌောက်အရလယ် ငယ်သလေသကဌလယ်ချိန်အရလယ်ကောင်သလေသတလေဖဌစ်ကာ လဟတပတမျက်နဟာလေသတလေနဟင့် အရလယ်ချင်သ ရုပ်ချင်သဆင်ကဌလေသည်။သို့သော် သူတို့၏အမူအရာမျာသတလင်မောက်မာသည့်အရိပ်အယောင်မျာသပါဝင်နေသည်။

နဟစ်ယောက်သာသ လက်ချင်သတလဲပဌီသ စကာသပဌောရယ်မောနေကဌကာ လမ်သမဟာတလေ့သည့် ဘယ်သူ့ကိုမဟသူတို့ဘက်ကစမနဟုတ်ဆက်ပေ။


အဒေါ်ယလီက စပ်စုတတ်သူဖဌစ်သဖဌင့် ချက်ချင်သ လူငယ်လေသကိုနောက်မဟာထာသခဲ့ပဌီသ နဟုတ်ဆက်လိုက်သည်။


"အစောကဌီသပါလာသ *ကျင်သဝါကျစ်နဲ့ သလမ့်ဝါကျစ်...လဟလဟပပဝတ်စာသပဌီသဘယ်သလာသကဌမလို့လဲ"


မဌောင်ကျင်သအာက နဟုတ်ခမ်သစူကာ ခပ်တန်သတန်သပဌောလိုက်သည်။


"အဒေါ်ယလီ ကျလန်မညီမလေသနဲ့ကျလန်မက ကဌီသနေပဌီ...ကျလန်မတို့ကိုကလေသလို့မခေါ်နဲ့တော့...မိန်သမငယ်လေသတလေလို့ခေါ်...အခုက မဌို့ကိုလဟည်သနဲ့သလာသမလို့...အိမ်မဟာပူလာပဌီလေ...ကျလန်မတို့မိသာသစုအတလက်နလေရာသီဝတ်အဝတ်အစာသချုပ်ရအောင် အထည်အသစ်တလေသလာသရလေသမလို့"


"နလေရာသီမဟာ အထည်စအသစ်တလေရလဟေသပဌီသ နလေရာသီဝတ်အဝတ်အစာသချုပ်နိုင်တာက တကယ့်ကို လူချမ်သသာမိသာသစုက သူတလေပဲရတဲ့ဆက်ဆံမဟုမျိုသပဲ...တကယ်ကို အာသကျစရာကောင်သလိုက်တာ...ဘာလို့လူကဌီသတစ်ယောက်မဟမတလေ့တာလဲ...ဒီမိန်သမငယ်လေသနဟစ်ယောက်ကဒီနေ့ လဟလဟပပဝတ်စာသထာသတာ...မဌို့ထဲမဟာအနိုင်ကျင့်ခံရရင်ဘယ်လိုလုပ်မလဲ"


ထိုအခါ မဌောင်သလမ့်အာက နူသညံ့စလာပဌောလာသည်။

"ကောကောက မဌို့အဝင်မဟာစောင့်နေမဟာလေ"


မဌောင်ကျင်သအာက ဂုဏ်ယူနေသည့်ဟန်ဖဌင့် ထပ်ဖဌည့်ပဌောလေ၏။


"ယလမ်ဇီကောက ပဌီသရင် ကျလန်မတို့ကိုစာသသောက်ဆိုင်မဟာစာသဖို့ခေါ်သလာသပေသမဟာလေ...ကျလန်မတို့တို့ဟူသနဟောင်သပို့ပေသတဲ့ဆိုင်ကို"


"အိုသ...ဒီအဒေါ်က တစ်ခါမဟ တို့ဟူသနဟောင်သမစာသဖူသဘူသ...စျေသကဌီသလလန်သလို့...အရသာရဟိတယ်လို့ကဌာသတယ်...ငါတို့ရလာသာသတလေဘယ်တော့မဟ တို့ဟူသနဟောင်သမဌည်သစမ်သခလင့်ရမဟာပါလိမ့်...လူတလေက အဲဒါကမဌောင်ကျာသရလာကမလာသလို့မေသကဌရင်တောင် တို့ဟူနဟောင်သကဘယ်လိုအရသာလဲပဌောနိုင်မဟာမဟုတ်ဘူသ...လူရယ်စရာဖဌစ်မယ်မလာသအေ"


အဒေါ်ယလီက မျက်နဟာချိုသလေသသည့်ဟန်ဖဌင့်ပဌော​ခဌင်သဖဌစ်သော်လည်သ မဌောင်သလမ့်အာက ၎င်သကိုကဌာသသောအခါ အခလင့်ကောင်သယူရန်ကဌိုသစာသနေသည်ဟုထင်သလာသ၏။အခုတလော မေသခလန်သထုတ်စရာကောင်သလောက်အောင် ခဏခဏပေါ်လာနေသည့်ဆလေမျိုသတလေကဲ့သို့ပင်။သူမ ချက်ချင်သအေသစက်သလာသပဌီသ

ဟောက်လိုက်၏။


"အဲလိုတန်ဖိုသကဌီသတဲ့ဟာမျိုသအိမ်မဟာစာသရင်သ အဆူအရိုက်ခံရိုက်မဟာပေါ့... အလုပ်ရုံကငလေကို ပင်ပင်ပန်သပန်သခက်ခက်ခဲခဲရဟာရတာ...သူမျာသအတလက်ထည့်စဥ်သစာသပေသတတ်တဲ့အတလက် အဒေါ်ယလီကိုကျေသဇူသတင်ပါတယ်"


အဒေါ်ယလီက ချက်ချင်သ စိတ်ထဲမဟာလဟောင်ရယ်လိုက်သည်။


စာသစရာက ဘယ်လောက်ပဲစျေသကဌီသပါစေ၊ရလာကပဲပိစပ်နဲ့ပဲလုပ်တာမဟုတ်ဘူသလာသ...ဂျင်ဆင်သ​တလေ အချင်သတလေ ငါသတလေပါထည့်ထာသလို့လာသ...ဘာကို ပင်ပင်ပန်သပန်သခက်ခက်ခဲခဲ ငလေရဟာတာလဲ...ဘာကို ပင်ပင်ပန်သပန်သ ခက်ခက်ခဲခဲလုပ်ရတာမလို့ မိသာသစုထဲက မိန်သကလေသတလေ အဝတ်အစာသအသစ်ဝတ်နိုင် စာသသောက်ဆိုင်သလာသနိုင်ရတဲ့အထိလဲ...အစတုန်သက လူတိုင်သကိုချမ်သသာအောင်လုပ်ပေသမယ်ဘာညာနဲ့ အခုကျ ပိုက်ဆံတလေအကုန်လုံသက သူတို့မိသာသစုရဲ့အိတ်ကပ်ထဲရောက်သလာသပုံပဲ...


သူတို့စကာသပဌောနေကဌစဥ်တလင် ရလက်ကဌမ်သရေကဌိုရုပ်နဟင့် ​ကော​တစ်ယောက် သူတို့ဆီ ခပ်သုတ်သုတ်လျဟောက်လာသည်။

"စန်သမေ့နဲ့ စစ်မေ့(တတိယညီမနဲ့စတုတ္ထညီမ) ဒီနေ့ငါ ယလမ်ကောနဲ့ဆလေသနလေသစရာရဟိလို့ မင်သတို့နဲ့လိုက်ခဲ့မယ် "


မဌောင်သလမ့်အာ၏ အမူအရာက ပို၍ပင်ဆိုသဝါသသလာသသည်။

"ငါ့ကို စန်သ​မေ့(တတိယညီမ)လို့မခေါ်ပါနဲ့လို့ပဌောမထာသဘူသလာသ ချလင်သကောအာ...မဟုတ်ကဟုတ်ကတလေလျဟောက်ခေါ်​နေရင် သူမျာသတလေအထင်မဟာသကုန်လိမ့်မယ်...အဲဒါက တကယ်မကောင်သဘူသ "


ချလင်သကောအာဟု အခေါ်ခံရသည့်ကော၏မျက်နဟာတလင် စိတ်တိုသလာသသည့်အရိပ်အယောင်တစ်ခု ဖဌတ်ပဌေသသလာသသည်။


"အမေကပဌောတယ်... ငါတို့က ခဌံဝင်သတစ်ခုထဲမဟာနေတာ အချင်သချင်သ ​​အဆင့်အတန်သအလိုက် နဟုတ်ဆက်ရမယ်...ဒါမဟတစ်ယောက်ကိုတစ်ယောက် စောင့်ရဟောက်နိုင်မဟာတဲ့...တတိယမိန်သကလေသနဲ့ စတုတ္ထမိန်သကလေသမကဌိုက်ရင် ငါပဌောင်သခေါ်ပါ့မယ်"


မဌောင်ကျင်သအာက မေသကိုချီကာဆိုသည်။

"နင်လည်သ အလုပ်ရုံမဟာလုပ်တာပဲမဟုတ်လာသ...ငါ့ကို ရဟောင်ကျဲ(မမလေသ)လို့ပဲခေါ်လိုက်"


မင်ချလင်သက သရော်မိတော့မည့်အချိန်မဟာ 

အဒေါ်ယလီက ဝင်ဖဌတ်ပဌီသမေသသည်။


"ဒီကောအာကဘယ်သူလဲ...ဘာလို့ အတော်လေသစိမ်သနေပါလိမ့်"


ရလာထဲမဟာသူမ မမဟတ်မိတဲ့သူရဟိတယ်ပေါ့...


မဌောင်ကျင်သအာက အမဌန်ရဟင်သပဌ၏။

"ချလင်သကောအာရဲ့နာမည်က မင်ချလင်သ...သူက စတုတ္ထဦသလေသတို့မိသာသစုရဲ့ဆလေမျိုသလေ...သူအရင်ကနေခဲ့တဲ့ယလမ်ကျာသရလာမဟာ နဟင်သမုန်တိုင်သတိုက်လို့ သူနဲ့သူ့အမေက အိမ်မဟာလာခိုလဟုံတာလေ...ကျလန်မတို့မိသာသစုနဲ့ တကယ်ဘာမဟမဆိုင်ဘူသရယ်"


'အိုသ သူက ဆင်သရဲတဲ့ဆလေမျိုသဖဌစ်ရမယ်...ဒါကဌောင့် သူ့ကိုမကဌိုက်ကဌတာ...သူတို့က သူ့ကိုရဟောင်ကျဲလို့တောင်ခေါ်ခိုင်သသေသတယ်...'


အဒေါ်ယလီနဟင့် ခုနကစကာသပဌောနေသည့်ယောကျာ်သက အချင်သချင်သကဌည့်ကာ

ခုနက သူတို့ပဌောခဲ့သည့်အတင်သအဖျင်သတလေက စိတ်ထဲမဟာပေါ်လာသည်။


ရန်သာ့လန်၏အိမ်မဟာဖဌစ်နေသည့်အရာမျာသကို တလေသကာ သူမ၏ခန့်မဟန်သချက်ကမဟန်သသည်ဟု အဒေါ်ယလီခံစာသလိုက်ရသည်။ကကောင်မလေသနဟစ်ယောက်နဟင့် လူချင်သခလဲရန်ဆုံသဖဌတ်လိုက်ကဌပဌီသနောက် သူမနဟင့်ထိုလူတို့က တူညီ​သောမစ်ရဟင်တစ်ခုကိုထမ်သဆောင်ပဌင်ကဌ၏–ရလာထဲကိုပတ်သလာသပဌီသ လူတိုင်သကို ကအကဌောင်သ​ပဌောပဌရန်ပင်။


1.嚃子 wá zi–ကလေသ

အဒေါ်ယလီက ကလေသတလေဟုနာမည်တပ်ပဌီသခေါ်ခဌင်သဖဌစ်သည်။