Chapter 43
Viewers 6k

🧝Chapter 43

ရက်နှစ်ဆယ်သည် တိုတောင်းသည်လည်းမဟုတ်၊ ရှည်​ကြာသည်လည်းမဟုတ်။


 


ရွာလူကြီးက မြောင်လီတို့ မိသားစုအတွက် နေရာတိုင်းတွင် ဖာဖာထေးထေး ပြော​ပေးနေချိန်တွင် အဒေါ်ယွီက သူမနှင့် တွေ့သမျှလူတိုင်းကို သူအ၏သံသယများအကြောင်းဆွေးနွေးနေသည်။


မကြာခင်မှာပဲ မြောင်လီတို့မိသားစုက ပဲပိစပ် စိုက်ချင်​သောကြောင့် ရန်သာ့လန်တို့မိသားစု၏ မြေကို လိုချင်​နေ​ခြင်း​ဖြစ်ကြောင်း ရွာတစ်ဝက်လောက်က သိသွားခဲ့သည်။ယင်းက နောက်ဆုံးမှာ ရန်သာ့လန်က မြေကိုစွန့်လွှတ်ပြီး သူ့အိမ်သစ်ဆီကို ပြောင်းရွှေ့ရသည့် အကြောင်းရင်းဖြစ်လေသည်။


အခြားအရာများကဲ့သို့ပင်၊ လူတို့၏ယုံကြည်လိုစိတ်သည် ၎င်းတို့၏ထင်မြင်ယူဆချက်များပေါ်တွင်မူတည်သည်၊ ထို့ကြောင့် သူတို့ဆန္ဒအလျောက်လုပ်သည်ဖြစ်စေ၊ အတင်းအကြပ်ခိုင်းစေခြင်းကြောင့်ဖြစ်စေ အမြင်က ၎င်းတို့အပေါ်တွင် မူတည်​လေသည်။အဒေါ်ယွီ၏ဗားရှင်းကို လူအများစုက သဘောကျကြသည်။ ရန်သာ့လန်တို့အိမ်တစ်လုံးဆောက်နေသည်က ငြင်း၍ မရ​ပေ။ ရွာသားများ၏အမြင်တွင်၊ ဈေးနည်းသောပဲပိစပ်ကဲ့သို့သော သီးနှံများစိုက်ပျိုးရန် နေအိမ်ကို ဖြိုချပြီး  တစ်ဖက်လူကို အိမ်သစ်ဆောက်​စေခြင်းမှာ သာမန်ထက်ကျော်လွန်ပြီး မတွေးတတ်အောင်ပါပင်။


​ဆေးခန်းမှ ထွက်ခွာပြီးကတည်းက ရန်သာ့လန်ကိုသွား မတွေ့တော့သည့် မြောင်ချမ်းက ထိုအကြောင်းကို သဘာဝအတိုင်း ကြားသွားသည်။ နောက်ဆုံးတွင် သူ မနေနိုင်ဘဲ ရန်သာ့လန်၏အိမ်သို့ ဒေါ်သတကြီး​ပြေးသွားခဲ့သည်။မကြာသေးမီက သူ့အမေက ​ကောပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ်  လက်ထပ်ခိုင်းနေပြီး သူဘာကြိုက်သည်ကိုအတင်း​ပြောခိုင်းနေသဖြင့် စိတ်တိုပြီး ရန်သာ့လန်ကိုပင်သွားမတွေ့ချင်ခဲ့ပေ။


သူရောက်လာသောအခါတွင် ထိုလူနှင့် မြောင်ဟယ်က ယခင်ကထက် ပိုမိုနီးကပ်လာသည်ကို တွေ့လိုက်ရပြီး မြောင်ချမ်း ပို၍ပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။ 


"သာ့လန်...ဒီလိုကြီးကြီးမားမားကိစ္စဖြစ်သွားတာတေင် ငါ့ကိုဘာလို့​မပြောတာလဲ...ငါတို့က ဘောင်းဘီတစ်ထည်အတူတူဝတ်ပြီးကြီးလာကြတာ... ငါတို့ ဘယ်တုန်းက ဒီလောက်စိမ်းသွားတာလေ... မင်းနားထဲကို တစ်ယောက်ယောက်က မဟုတ်တရုတ်စကားတွေ ရွှေနားတော်သွင်းနေတာလား"


'ပြီးခဲ့တဲ့ တစ်ခေါက်က ဆေးခန်းမှာ ငါမြောင်ဟယ်ကို ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်တယ်...ငါ့ကွယ်ရာမှာ ဘယ်လို အမှိုက်တွေ ထွေး(ပြော)ထားလဲ မသိဘူး' 


မြောင်ချမ်း အနောက်ခန်းဆီသို့ စူးစူးစိုက်စိုက်ကြည့်ရင်း တွေးလိုက်မိသည်။ 


မြောင်ဟယ် အိမ်ထဲသို့ ပြေးဝင်ပြီး နောက်ခန်းထဲတွင် နေလိုက်သည်။ ထိုလူက သူ့အပေါ် အလွန်မျက်စိမှိတ်မုန်းနေကာ သူ ခရမ်းချဉ်သီးများကို အဒေါ်ချင်၏အိမ်သို့ သွားပို့တိုင်း အမြဲလိုလိုပင် လှောင်ပြောင်ခံရသည်။ 


'အခု ငါ့ အိမ်မှာ​​ရောက်နေတာ...မင်းငါ့ကိုမတွေ့ချင်ရင် ငါ့ကိုမရှာနဲ့'


ရန်သာ့လန်က ၎င်းကိုမြင်ပြီးနောက် ချက်ချင်းသဘောပေါက်သွားပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ချမ်းဇီ ငါပြောထားတယ်နော်...ဒီလို ထပ်မလုပ်နဲ့လို့"


မြောင်ချမ်းက ဒေါသတကြီးဆို၏။

"ငါကဘာဖြစ်နေလို့လဲ... ငါ မင်းကို မေးခွန်းတွေတောင် မမေးရတော့ဘူးလား... ငါ အခု မင်းအတွက် မ​ကောင်းတဲ့လူနဲ့တူနေ​ပြီလား...အိမ်ထောင်ပြုပြီးရင် ပင်ကိုယ်စရိုက်တောင် ပြောင်းသွားနိုင်တယ်ဆိုတာ ငါမသိခဲ့ဘူး...အခုတလော ငါ့အမေက ဒီအိမ်ထောင်​ပြုဖို့ကိစ္စချည်းပြောနေလို့ ငါ သေအောင် ကြောက်နေပြီ"


အပြစ်တင်ဝေဖန်နေသည်ကို ကျော်ပြီး ရန်သာ့လန်က လေးလေးနက်နက် ပြောလိုက်၏။

"​သေချာရွေးချယ်မှ အဆင်ပြေမယ်" 


ဤစာကြောင်းက မြောင်ချမ်းကို တစ်နည်းနည်းနှင့် လှုံ့​ဆော်​ခဲ့ပြီး သူ၏ စိတ်ခံစားမှုတွေက ပိုပြီး အပြောင်းအလဲမြန်လာသည်။


"သေချာရွေးရမယ်​ပေါ့...မင်းရဲ့ကောလိုမျိုးဟာကိုသေချာရွေးရမှာလား... ငါ မင်းကို ပြောသင့်လားမပြောသင့်ဘူးလားတောင် ငါဘယ်လောက် ဝေခွဲမရဖြစ်နေလဲ မင်းသိလား...မင်းဒဏ်ရာရနေချိန်မှာ ​ဟယ်ကောအာက မြောင်ယွမ်ကိုတွေ့ဖို့ မြို့ကိုသွားတာကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်... ရှက်စရာကောင်းချက်ပဲ...ငါ့အ​မေကလည်း သူ့ကိူ မိသားစုကိုထောက်ပံ့ဖို့ ဟင်းသီးဟင်းရွက်စိုက်တတ်တဲ့အတွက်ချီးကျူးခဲ့တယ်...ဒါပေမဲ့ အဆုံးမှာတော့ သူက ခွေးမြီးကောက်ကျည်တောက်စွပ်ဖြစ်နေတုန်းပဲ"


ရန့်သာ့လန်က တစ်ဖက်လူကိုယ်စား ရှင်းပြလိုက်သည်။ 

"ဒုတိယ အဒေါ်လည်း ပါတယ်"


"ဟ မင်းရဲ့ဒုတိယအဒေါ်က သူနဲ့အတူရှိနေရင်တောင် အကုန်အမှန်ပါ၊သူ့လှည့်ကွက်မဟုတ်ဘူးလို့မင်းသိလို့လား... သူ့ချစ်သူကို အဲဒီမှာစောင့်နေဖို့ တမင်ရွေးခဲ့တာဟုတ်မဟုတ် ဘယ်သူသိမှာလဲ

...သူ့စိတ်ထဲမှာ နည်းနည်းလေးမှ တွေးမနေဘူးလို့ အာမခံနိုင်ပါ့မလား... တကယ်တမ်းမှာ သူက တခြားတစ်ယောက်ကို တောင့်တနေချိန်မှာ မင်းဆီကနေ ဖုံးကွယ်ထားတာက ပိုစက်ဆုပ်စရာကောင်းပြီး မသိမသာနဲ့အန္တရာယ်များတာ မဟုတ်ဘူးလား"


ရန်သာ့လန်က နည်းနည်းလေးပင်တုံ့ဆိုင်းမနေချေ။

 "သူမလုပ်ဘူး...ငါသူ့ကိုယုံတယ်"


"မင်းသူ့ကိုယုံတယ်​ပေါ့...ဒါဆိုမင်းက ငါ့ကို မယုံဘူးလို့ ဆိုလိုတာလား" 


မြောင်ချမ်း တစ်စုံတစ်ယောက်ကို တက်ကြိတ်လုနီးနီးဖြစ်နေပြီဖြစ်သည်။ "ကောင်းပြီ...ကြည့်ရတာ ဒီနေ့ ငါ့လာခဲ့တာကို မလိုလားဘူးထင်တယ်...အခု မင်းက ငါပြောတာကိုတောင် နားမထောင်တော့ဘူး...ငါတစ်ယောက်ထဲကပဲ— စိတ်ကူးယဉ်​နေတာပဲ...ဒါပေမဲ့ ငါလက်လျှော့မှာမဟုတ်ဘူး... အထောက်အထားတွေ့ရင် ဒီအစ်ကိုက ဘယ်လောက်ကောင်းတယ်ဆိုတာ မင်းသိလာလိမ့်မယ်"


နှစ်ယောက်သား စကားဆိုးဆိုးများဖြင့် လမ်းခွဲခဲ့ကြပြန်သည်။


မြောင်ဟယ်ခင်ဗျာ အလုပ်ရှုပ်လွန်း၍ သူဘယ်လိုအပြစ်တင်ခံနေရလဲဆိုသည်ကိုပင် ဂရုစိုက်ရန်အချိန်မရှိပေ။


ယခုအချိန်တွင် သူက ကုန်ပစ္စည်းများကို အချိန်မီပို့ဆောင်ပြီး ပဲတီစိမ်းကိတ်မုန့်များကို သုံးရက်လျှင် နှစ်ကြိမ် ပို့ပေးရသည်။ တစ်ခါက လျန်ယွမ်ဝေသည်လက်ဖက်ရည်ဆိုင်မှာ ပွဲတက်ပြီး ကိတ်မုန့်တွေကို မတော်တဆ အိမ်ပြန်ယူလာခဲ့သည်။၎င်းတို့ကို သူ့ဇနီးနှင့်ဟူထိုက စားလိုက်သည်။


နောက်ပိုင်းမှာ ဘာဖြစ်မလဲဆိုသည်က ခန့်မှန်း၍ရ​ပေသည်။ ထို့အကြောင်းကြောင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုရှိလာကာ နောက်ဆုံးတွင် ၎င်းသည် အတူတူ့စားစရာပို့​ပေးရခြင်းပဲဖြစ်သော်လည်း လျန်အိမ်တော်ကိုပါပို့ပေးရခြင်းဖြစ်လေသည်။


ကံကောင်းထောက်မစွာ၊ပဲထောင်းခြင်းနှင့် ​​မွှေရခြင်းကဲ့သို့သော ပဲတီစိမ်းကိတ်မုန့်များပြုလုပ်ခြင်း၏ ပင်ပန်းသောအလုပ်များကို ရန်သာ့လန်မှတာဝန်ယူခဲ့သည်။ ထို့ကြောင့် မြောင်ဟယ်က ဟင်းခတ်အမွှေးအကြိုင် ထည့်ပေးရန်နှင့် ကြီးကြပ်ရန်သာ လိုသည်။ မဟုတ်လျှင် ရေရှည်မှာ ပါးလျလျ သူ့လက်မောင်းများက တစ်ဝက်လောက် သုံးမရဖြစ်ပေလိမ့်မည်။


ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လူတစ်ဦးချင်းစီအတွက် အစားအသောက်များကို ဂရုစိုက်ခြင်းသည် ယခုလအတွင်း နောက်ထပ် သိသာထင်ရှားသော ဝန်ထုပ်ဝန်ပိုး ဖြစ်​လေသည်။


ယခုတစ်​ခေါက်တွင် ငှားထားသော အလုပ်သမားများသည် လီမင်၏ အလုပ်သမားအဖွဲ့ထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထုံးစံအတိုင်း သူတို့ရွာက မဟုတ်သည့်အတွက် သည်မှာ အိပ်ပြီး သည်မှာစားလေသည်။ အလုပ်သမားအဖွဲ့သားများသည် ယာယီအဆောင်များဖြစ်သည့် ၎င်းတို့၏ အိပ်ဆောင်များကို ၎င်းတို့ဘာသာပဲ ပြုလုပ်ခဲ့ကြသည်။ သို့သော် အစားအစာများနှင့် ပတ်သက်၍မူ ဤခေတ်တွင် အမြန်ပြင်စာ(fast food)စားသောက်ဆိုင်များမရှိပါချေ။ပိုက်ဆံပေးလျှင်ပင် စားစရာမရှိလျှင် လူက ဘယ်သွားစားရမည်နည်း။ထိုသို့ဖြစ်ရာ ထုံးစံအတိုင်း မြောင်ဟယ်တို့မိသားစုတာဝန်ဖြစ်လာ၏။


ထို့ကြောင့် ​မြောင်ဟယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများ တဝတပြဲစားသည်ကို နေ့စဉ်နှင့်အမျှ ကြည့်နေခဲ့ရသည်။ 


"​​ရှောင်ကောအာ ဒီဟင်းကို ဘယ်လိုချက်ထားတာလဲဗျ... နေ့တိုင်း အရမ်းအရသာရှိအောင် ဘယ်လိုများချက်ပြုတ်နိုင်ရတာလဲ... ပြီးတော့ ဒီထမင်း... အလိုဗျာ ကျုပ် အိမ်ကြီးအိမ်​ကောင်းတွေအများကြီးဆောက်ဖူးပေမဲ့ ဒီလောက်​မွှေးတဲ့ ဆန်မစားဖူးဘူး"


မြောင်ဟယ် ရယ်ရုံသာတတ်နိုင်ခဲ့သည်။ဤလူတွေ ဘာမှမခိုမကပ်ဘဲ လုံ့လဝီရိယရှိရှိ အလုပ်များနေပုံကို မြင်လိုက်ရသဖြင့် သူ သူတို့အိမ်ဟောင်းကို ပြန်သွားပြီး ရှီရန်ဖြင့် ဆန်အိတ်အနည်းငယ်နှင့် အသီးအရွက်အနည်းငယ်ကိုထုတ်ပြီး  သာမာန်စားစရာတွေနှင့် ရောကာချက်ပေးခဲ့သည်။


"ဟုတ်တယ်...အသားနိုင်းချင်းအရသာလည်းမဟုတ်ပါဘူး... ငါဘာလို့ဒီလောက်စားရတာပျော်​နေတာလဲ...ငါက အသီးအရွက်လည်း မကြိုက်ပါဘူး... ဗိုက်ဆာလွန်းလို့ ဖြစ်မယ်...ဒီတစ်ခါလုပ်စရာတွေ အများကြီးရှိတယ်...ပြီးတော့ ငါကပင်ပန်းနေတာ... ဒီတစ်ပန်းကန်ပြီးတာနဲ့ နောက်တစ်ပန်းကန်စားရမှ​ဖြစ်မယ်"


"ဖက်တီး သူများကပင်ပန်းနေပြီ... အရင်ကလို အရှိန်နဲ့ မင်းစားပါလား...မင်းဘယ်နှစ်ပန်းကန်တီးပြီးပြီလဲ ရေတောင်မရေနိုင်ဘူး...မင်းသာဆက်စား​နေရင် သူ နားရမှာကို မဟုတ်ဘူး"


မြောင်ဟယ်က လူတွေကို သူ့ကို ပင်ပန်း​နေ​ပြီဟု အော်သံကြားရသဖြင့် သူ့ပါးပြင်များ နီရဲလာသည်။ 


"နောက်တစ်နပ်ကျရင်စားဖို့ အသားထပ်ထည့်ရင်ရော... ဒီဟင်းက နည်း....."


"မဟုတ်ဘူး မဟုတ်ဘူး မထည့်ပါနဲ့...ဒီဟင်းက ကောင်းတယ်... အရမ်းကောင်းတယ်"


"မဟုတ်တရုတ် စကားတွေ ရပ်လိုက်ဖက်တီး...ပါးစပ်ပိတ်ပြီး ထမင်းကောင်းကောင်းစား"


"အမ်...ဒါပေမဲ့ အသားနဲ့ အသီးအရွက်တွေက တကယ်အရသာရှိတဲ့ဟာကို…"


သူတို့အချေအတင်ဖြစ်နေစဉ် မြောင်ဟယ်က မျှော်လင့်ချက်​ပြည့်နေသော တည်တည်ကြည်ကြည်အကြည့်များကို လက်ခံရရှိခဲ့သည်။ ယခင်က ရန်သာ့လန် တောင်ထိပ်ကို သန့်ရှင်းရေးလုပ်သောအခါ ရစ်ငှက်အချို့ကို ဖမ်းမိခြင်းမှာ ကံကောင်းသည်။ယခုတော့ တောင်ပေါ်မှာ အနည်းငယ်သာကျန်​တော့လောက်သည်။ 


ယခုလို အရသာရှိသည့် အစားအစာများက ကွာဟချက်တွေကို တံတားထိုးပေးနိုင်​သောကြောင့် မြောင်ဟယ်နှင့် အလုပ်သအားအဖွဲ့သားတွေက ပိုရင်းနှီးလာကြသည်။လီမင် နှင့် အခြားသူများကို မြောင်ဟယ်က ပဲတီစိမ်းကိတ်စားရန် ဖိတ်ကြားခဲ့သည်။ သူက လက်ဖက်ရည်ဆိုင်အတွက်လုပ်သည့်အတူတူ အရေအတွက်အနည်းငယ် ထပ်ထည့်လုပ်ရသည်က ပြဿနာ မဟုတ်​ပေ။ သို့ပေမဲ့ ယခု​လိုလက်ရာမြောက်သည့် အစားအစာကို တစ်ခါမှ မမြည်းစမ်းဖူးသည့် အလုပ်သမားတွေက စိတ်အားထက်သန်စွာ စားကြပြီး အတွင်းထဲမှ ကျေနပ်နှစ်သိမ့်မှုခံစားရလေသည်။


ထို့ကြောင့်၊ ပန်းပြတင်းစည်းရိုးနှင့် ခေါင်မိုးပေါ်ရှိ ချိတ်များနှင့် မျက်နှာကျက်အုပ်ကြွပ်များကဲ့သို့သော ဘတ်ဂျက်မရှိခြင်းကြောင့် ချန်လှပ်ထားသည့် အချို့နေရာငယ်များကို  မြောင်ဟယ် နှင့် ရန်သာ့လန် တို့မသိလိုက်ဘဲ တိတ်တဆိတ် အဆင့်မြှင့်လိုက်​ကြ​လေသည်။မည်သို့ပင်ဖြစ်စေ အလုပ်သမားခေါင်းက သူဌေးဖြစ်သည်။သူက အစားအသောက်ကို နှစ်သက်သဖြင့် အခကြေးငွေ မယူဘဲ လုပ်ပေးမည်ဟု ပြောခဲ့သည်။ အလုပ်သမားတွေကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။



တစ်နေ့တွင် အလုပ်သမားများသည် ရန်သာ့လန်ကြောင့် အံ့အားသင့်သွားကြသည်။ 


အကြောင်းမှာ ရန်သာ့လန်က ဇီးသီးပင်ကို တောင်ပေါ်ကနေ ကိုယ်တိုင်သယ်ချလာ၍ဖြစ်သည်။ တစ်ပင်လုံးဖြစ်ပြီး သစ်ရွက်နှင့်အမြစ်များနှင့်အတူပင်။ ကြီးကြီးမားမားမဟုတ်ပေမဲ့ အသီးတွေ တွဲလွဲခိုကာသီးနေပြီဖြစ်သည်။၎င်းကိုအခြေခံကြည့်လျှင်ပင် အရွယ်​ရောက်​ပြီးအပင်ဖြစ်နေ​လေပြီ။ သူ ၎င်းကိုတောင်ပေါ်မှသယ်ချလာမှုကြောင့်ဖြစ်သည့် ရုတ်ရုတ်သဲသဲဖြစ်မှုက ဆောက်လုပ်ရေးလုပ်သားအမြောက်အများကို ဆွဲဆောင်ခဲ့ကာ ဝိုင်းမေးကြတော့သည်။


"ရန်ရှုန်းတိ  ဒီသစ်ပင်ကို ဘယ်လို​ဖြစ်လို့သယ်လာတာလဲ... စိုက်ချင်လို့လား"


"ဟုတ်တယ်...အိမ်ရဲ့ဘေးနှစ်ဖက်မှာ လပ်​နေတဲ့နေရာတွေရှိတယ်... အရိပ်ရအောင် သစ်ပင်တွေ စိုက်မလို့"


"ဒါက ဘယ်လောက်လေးလိုက်သလဲ... ပျိုးပင်တွေကို အပြင်ကနေ ဝယ်လို့ရတယ်... ဒီလိုမျိုး သယ်လာရင် မရှင်နိုင်​လောက်တော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းက မယုံနိုင်လောက်အောင် သန်တာပဲဟေ့... အမိုးရက်မတွေတင်တဲ့အလုပ်နဲ့ကိုက်တယ်"


"တောင်​ပေါ်မှာကျ အလကားရတယ်လေ"


"အင်း ဒါပေမဲ့လည်း ရန်ရှုန်းတိက ဆုံးဖြတ်ရမဲ့လူလေ... ငါတို့မှာသစ်သယ်တဲ့ လက်တွန်းလှည်းရှိတယ်..နောက်တစ်ခါကျ ငါတို့ မင်းကို အဲဒါနဲ့ ဆွဲခိုင်းမယ်...လှည်းနဲ့ဆွဲ... မသယ်နဲ့...အားကုန်အများကြီး သက်သာတယ်"


"ကျေးဇူးတင်ပါတယ်... နောက်တစ်ခါကျ ငှားမယ်ဗျာ"


လီမင်က အနားကိုလျှောက်လာပြီး ဝိုင်းကူသည်။

"သစ်ပင်စိုက်ချင်တလား...လာ လာ ဘယ်မျိုးစေ့ကို စိုက်ရမလဲ ပြောပြမယ်... နေရဲ့အနေအထားက မမှားရဘူး... မဟုတ်ရင် လင်းရိပ်မိလိမ့်မယ်... လာ မင်းဘယ်လိုသစ်ပင်မျိုးစိုက်ချင်လဲ ငါ့ကိုအရင်ပြော... အသေးစိတ်ပြောပြပေးမယ်"


ခေါင်းစဉ်ပြောင်းသွားသော်လည်း မြောင်ဟယ်က  နင့်နင့်နဲနဲရင်ထဲထိသွားဆဲဖြစ်သည်။


ရန်သာ့လန် သယ်လာသည့် သစ်ပင်ကရှီရန်ကို ဖုံးကွယ်ရန်ဆိုသည်ကို သူ မည်သို့ နားမလည်ဘဲနေမည်နည်း။



ဤတစ်ခေါက် ရန်သာ့လန်မထွက်ခင် မြောင်ဟယ်က သူအရင်က တောင်ပေါ်တက်သည့်အချိန်ကို သတိရပြီး အဲ့ဒီမှာ ဇီးသီးတွေ သီးနေပြီလားဟု မေးလိုက်သည်။ထိုမေးခွန်းတစ်ခုတည်းကနေ ရန်သာ့လန်က တစ်ဖက်လူလိုချင်သည့်အရာမှာ ထိုအသီးများထဲက အစေ့များဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိသွားသည်။ ရှိခဲ့ပါက၊ သူ ရှီရန်ကိုအသုံးပြု၍ သစ်ပင်စိုက်နိုင်သည်။ 


သို့သော် စွန့်ပစ်မြေခေါင်ခေါင်ပေါ်တွင် သစ်ပင်တစ်ပင် ရုတ်တရက် ပေါ်လာပါက၊ သံသယများ တိုးလာမည်ဖြစ်သည်။ တောင်ပေါ်မှ သစ်ပင်ကို ဤမျှ ထင်ရှားပေါ်လွင်သော်လည်း အံ့အားသင့်ဖွယ်​ကောင်းသည့်နည်းလမ်းဖြင့်သယ်လာပါက ရှီရန်ကို အနာဂတ်တွင် မည်သို့ပင် အသုံးပြုစေကာမူ အခြားသူများ ရှေ့မှောက်တွင် ပြီးပြည့်စုံသော အကြောင်းပြချက် ဖြစ်နိုင်သည်။ 


…. ဒါပေမယ့် အဲဒီအပင်က ဘယ်လောက်လေးလိုက်မလဲ...


သူတို့မှာ ပင်ပျိုတွေဝယ်ရန် ဘတ်ဂျက်အများကြီးမရှိတော့​ပေ။သို့ပေမဲ့ အချိန်ယူရန် ရွေးချယ်နိုင်ပြီး ၎င်းတို့ကို အလျင်စလိုလုပ်ရန် မလိုအပ်ပါချေ။


စိတ်ဆိုးနေသော်လည်း မြောင်ဟယ် တချိန်တည်းမှာ အကြွးအကျယ် ရင်ထဲထိရှသွားသည်။ထိုညက တစ်ယောက်သောသူ၏ ပုခုံးတွေကို နှိပ်နယ်ပေးသောအခါ သူကပြောလိုက်သည်။


"ဒီလိုလုပ်စရာမလိုပါဘူး...ခင်ဗျားကို ထိခိုက်စေနိုင်တယ်...ကျန်းမာရေးထက် ပိုအရေးကြီးတာ မရှိဘူး...ဒီလို မိုက်မဲတာတွေ ထပ်မလုပ်နဲ့"


"ကိုယ်မနိုင်ဝန်မထမ်းပါဘူး... နောက်တစ်ခါကျ မက်မွန်ပင် သယ်လာခဲ့မယ်"


"မလိုဘူးလို့ ပြော​နေတယ်လေ"


"မက်မွန်ပင်အ​ငယ်လေးတွေရှိတယ်"


"စဥ်းစားစရာမလိုဘူး... မလုပ်နဲ့ပဲ"


"သစ်တော်ပင်လေးတွေ ရှိတယ်"


မြောင်ဟယ် ရန်သာ့လန်ကိုပါးတစ်ချက်လောက်ပိတ်တီးပြီး အယားဖြေချင်မိလုနီးနီးဖြစ်သည်။သူလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်သောအခါ ရန်သာ့လန်၏ မျက်လုံးများတွင် သိသာထင်ရှားသော အပြုံးတစ်ခုကိုသာ တွေ့ရှိလိုက်ရ​လေသည်။ 


"….ကျွန်​တော့်ကိုစိတ်တို​အောင်လုပ်ရတာပျော်ရဲ့လား"


"အင်း"

မျက်မှောင်ကြုတ်သည်ဖြစ်စေ ပြုံးသည်ဖြစ်စေ ကောလေးက ကြည့်ကောင်းနေဆဲဖြစ်သည်။


မြောင်ဟယ် တစ်စုံတစ်ယောက်ကို ထုရိုက်​ပစ်ချင်လာသည်။ 

"အလေးအနက်ထားစမ်းပါ မသယ်နဲ့... ဒီတစ်ခုကိုရှိချင်ယောင်ဆောင်လိုက်"


ရန်သာ့လန်က ယခုလိုသာပြန်ဖြေသည်။ 

"ကိုယ်တို့ တောင်ပေါ်ကို အရင်မတက်ခင် အိမ်ကို အရင်ဖြိုရမယ်" 


မြောင်ဟယ်က ခေတ္တရပ်ကာ အနည်းငယ် မနေမနပ်ဖြစ်ပြီး ဟိုကြည့်သည်ကြည့်ဖြစ်သွား၏။

"ဖြိုချရမဲ့အချိန်​တောင်​ရောက်ပြီပဲ...အတွေးနဲ့တောင် မခွဲနိုင်ဘူး"


မည်သို့ပင်ဖြစ်စေ ထိုအိမ်မှာ သူတို့နေထိုင်ခဲ့ပြီး အိမ်နှင့် ရင်းနှီးလာခဲ့သည်။ ထိုအိမ်၏ နံရံများအတွင်းတွင် စိတ်လှုပ်ရှားဖွယ်ရာနှင့် အဖိုးတန်သော အမှတ်တရများစွာ ရှိခဲ့သည်။ ဥပမာအားဖြင့်၊ သူ ရှီရန်အခဲတစ်တုံးကို မြေပြင်ပေါ်တွင် မတော်တဆပြုတ်ကျပြီး ထို​နွေကြက်သွန်ကိုစိုက်မိသည်နှင့် အခြားအမှတ်တရများစွာက သူတို့အတွက်အဖိုးဖြတ်မရပေ။


ရန်သာ့လန်က တိုးတိုးလေးပြောသည်။ "ကိုယ့်အတွက်​တော့ မင်းရှိနေရင် အဆင်ပြေပါတယ်"


အသံက နွေးထွေး​ပြီးနူးညံ့သည်။သို့ပေမဲ့ ထိုစကားများကိုပြောရင်း ရန်သာ့လန်က မြောင်ဟယ်ကို ကုတင်ပေါ်ဆွဲတင်ပြီး သူ့လက်တွေကို မြောင်ဟယ်၏အဝတ်အစားတွေအောင်ထိုးထည့်လာသည်။


မြောင်ဟယ်၏မျက်နှာ ချက်ချင်းပင် နီရဲလာသည်။သရုပ်ဆောင်မင်းသားတစ်ယောက်၏စာသားတွေက သူ့လုပ်ရပ်တွေနှင့်ထပ်တူကျသည့်အခါ တကယ်ကို ရမ္မက်များပြည့်လျှမ်း၍​နေ​လေသည်။


 "ဘယ်အကြောင်းပြောနေတာလဲ"


သို့ပေမဲ့ မကြာခင်မှာပဲ မြောင်ဟယ် မေ့သွားခဲ့သည်။ 


အပူလှိုင်းတွေက သူ့အပေါ်ကို လွှမ်းခြုံလာပြီး အတွင်းအပြင်ဝါးမျိုနေကာ မြောင်ဟယ် ထိုထဲမှာပဲ နစ်မြုပ်ရုံသာတတ်နိုင်ခဲ့သည်။


ထိုအချိန်တွင် ပင်မခန်း၏ထောင့်ရှိ ကူရှင်တစ်ခုပေါ်တွင် ဝပ်နေသည့် သာ့ပိုင်က နားရွက်များ လှုပ်ခါသွားကာ တံခါးအနောက်ဘက်ရှိ လှုပ်ရှားမှုများနှင့် မျက်နှာချင်းဆိုင်လိုက်ရာတွင် သူ့မျက်နှာက တည်တည်ငြိမ်ငြိမ်ပဲရှိ​​နေသည်။ 


၎င်းနောက် ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ဟကာ သမ်းလိုက်ပြီး ယခင်အတိုင်း ဤအိမ်တွင် သူ၏နောက်ဆုံးညကို ကုန်ဆုံးခဲ့သည်။ 


****


နောက်ဆုံးရက်မတိုင်မီ သုံးရက်အလိုတွင် ရန်သာ့လန် အိမ်ကို စတင်ဖြိုချခဲ့သည်။ ယခုအချိန်တွင် ပြောင်းရွှေ့ရန် လိုအပ်သည့်အရာအားလုံးကို ရွှေ့ထားပြီး​ပြီဖြစ်သည်။ 


မူလဟင်းသီးဟင်းရွက်များကိုပင် ၎င်းတို့၏ ဟင်းသီးဟင်းရွက် စိုက်ခင်းအသစ်တွင် ပြန်လည်နေရာချထားခဲ့သည်။သူတို့က ရှီရန်ကို လိမ်ညာလှည့်ဖြား၍အသုံး​ပြုလိုလျှင် ​မြောင်ဟယ်ကလည်း ရှီရန်ကို ပြောင်းရွှေ့ရမည်ကို လုံးဝစိုးရိမ်နေရာမလိုပေ။ 


​ဖြိုချခြင်းသည် ဆောက်​ခြင်းထက် အမြဲမြန်သည်။ သုံးရက်အတွင်းတွင် မြေသားနံရံများ လုံးဝပြိုကျသွားသည်။ရှီရန် အဆီဓာတ်မြေဩဇာထည့်ထားသည့် ဟင်းသီးဟင်းရွက်ခင်ထဲက မြေတွေကိုပင် ဘယ်သူမှ သတိမထားမိစေချင်​သောကြောင့် မြောင်ဟယ်က ကော်ထုတ်ခဲ့သည်။ခြံအပြင်ဘက်ရှိ အာရုံလွှဲရန်လုပ်ထားသော ဓာတ်မြေဩဇာကျင်းထဲက ဓာတ်မြေဩဇာများကို ဟင်းသီးဟင်းရွက်ခင်းအသစ်ပေါ်သို့ ဖြန်းလိုက်သည်။ 


အိမ်ကိုဖြိုဖျက်ခြင်းက အမြန်ပြီးသွားသော်လည်း အိမ်အသစ်က တချိန်တည်း မပြီးနိုင်ပါချေ။ဤကာလအတွင်း မြောင်ဟယ်နှင့် ရန်သာ့လန်တို့ အ​ဒေါ်ရန်၏အိမ်တွင် ခေတ္တနေထိုင်ခဲ့သည်။ 


ကတိပေးထားသည့်မြေကို လွှဲပြောင်းပေးအပ်သည့်နေ့ မကြာမီပင်ရောက်လာလေ၏။