Chapter 82
"အဖေ"
ပန်းဟွာသည် မြင်းပေါ်မှအမြန်ဆင်းလာသည်။ ရုံရှား မတုံ့ပြန်ခင်မှာ သူ့ရှေ့က လေပြင်းတစ်ချက် တိုက်သွားသလို ခံစားလိုက်ရပြီး မကြာမီ သူ့ဇနီးလောင်းလေးက ပေအနည်းငယ်အကွာသို့ ရောက်နေသည်ကို တွေ့ရ၏။ထို့နောက် သူက ကွဲကျနေသော ပန်းအိုးနှင့်အတူ သစ်သားအဆောက်အဦးကို ဝန်းရံရန် ပန်းမိသားစု၏ အစောင့်များအား ကူညီဖို့ သူ့အစောင့်များကို အလျင်အမြန် ညွှန်ကြားလိုက်သည်။
"အဖေ၊ အဆင်ပြေရဲ့လား"
ပန်းဟွာသည် ပန်းဟွိုက်၏ လက်ကို ဆွဲကိုင်ကာ တစ်ကိုယ်လုံးအား အပြန်ပြန်အလှန်လှန် ကြည့်နေ၏။
"အဆင်ပြေပါတယ် အဖေ တကယ်အဆင်ပြေပါတယ်"
ပန်းဟွိုက် ယခုထိ ဘာဖြစ်လို့ဖြစ်သွားမှန်း မသိသေး။သမီးဖြစ်သူက စိုးရိမ်တကြီးကြည့်နေသည်ကိုလည်း သူ ဘယ်လိုတုံ့ပြန်ရမှန်း မသိသေးချေ။
အဖေဖြစ်သူ အဆင်ပြေနေတာကြောင်း ပန်းဟွာ ချက်ချင်း စိတ်သက်သာရာရသွားသည်။ပြီးလျှင် သူမ ခါးမှ ကြာပွတ်ကိုဆွဲထုတ်ပြီး သေးငယ်သော အဆောက်အဦးတံခါးဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမသည် တံခါးကို အကြိမ်ပေါင်းများစွာ ကန်ပြီး သစ်သားတံခါးကို အပေါက်ဖောက်ကာ အစောင့်များကို ခိုင်းလိုက်၏။
"တံခါးကို ဖျက်လိုက်"
တံခါးကျိုးပျက်သွားပြီးနောက် ပန်းဟွာသည် အစောင့်အနည်းငယ်ဖြင့် ပြေးဝင်လာခဲ့သည်။ လူတိုင်းသည် ပျက်စီးနေသောတံခါးနှင့် တိုက်ခိုက်ဖို့ပြင်ဆင်နေသည့် ပန်းမိသားစု၏ အစောင့်များကို ကြည့်၍ ကြောက်သွားကြသည်။
တုကျိုး တံတွေးတစ်ချက် မျိုချလိုက်မိ၏။ ကျိုးပဲ့ပျက်ဆီးနေသော တံခါးကိုကြည့်ရင်း မြို့စားမင်းရုံ၏ ခါးပိန်ပိန်လေးအား တစ်ချက်ကြည့်လိုက်သည်။ဤကန်ချက်နှင့်ဆို မြို့စားမင်းရုံ၏ လက်များ၊ခြေထောက်များပါမကျန် အကုန်ကြေမွသွားနိုင်သည်။
"ဘာလို့ ငါ့ကိုကြည့်နေတာလဲ" ရုံရှား မြင်းပေါ်မှ ဆင်းလိုက်သည်။ "ဒါကို အာဏာပိုင်တွေဆီ အကြောင်းကြားဖို့ လူလွှတ်လိုက်..."
"ဟုတ်ကဲ့"
တုကျိုးသည် အမိန့်ကို တသွေမတိမ်းနာခံတတ်သော ရုံရှား၏ အနာဂါတ် အစောင့်များကို ကြည့်ကာ အံ့သြသွားခဲ့သည်။
"ဦးရီးတော်...ကြောက်သွားလား"
ရုံရှား ပန်းဟွိုက် ဘက်သို့ လျှောက်သွားသည်။
"ငါ အဆင်ပြေပါတယ်"
ပန်းဟွိုက် နောက်ဆုံးတွင် သတိပြန်ဝင်လာကာ မြေပြင်ပေါ်ရှိ ရွှံ့ပန်းအိုးကြီးကို ကြည့်ပြီး ချွေးများစိုလာရသည်။ဤ ပန်းအိုးကြီးသာ သူ့အပေါ်ကျလာလျှင် သူ့အသက်ဆုံးသွားနိုင်သည်။
ရုံရှားသည် အခင်းဖြစ်ပွားရာနေရာကို ကာကွယ်ရန် အစောင့်များအား အမိန့်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ မြေသားများကို ကြည့်လိုက်သည်။ ပန်းအိုးထဲမှ မြေသားတို့သည် ပျော့ပျောင်းပြီး ကျပ်ခဲမနေ။ပန်းအိုးကလည်း သစ်နေသေးသည်။ စိုက်ထားသည်က သိပ်ကြာသေးပုံမရပေ။ ပန်းကို ပြုစုပျိုးထောင်ရာသည်မှာ အတော်အသေးစိပ်သည်။ ပန်းအမျိုးမျိုးကို အိုးအမျိုးမျိုးတွင် အသုံးပြုသင့်သည်။ ဤပန်းမျိုးသည် လယ်ကွင်းမှတွေ့ရာအပင်ကို နှုတ်ယူလာသကဲ့သို့ တန်ဖိုးမရှိပေ။ သို့သော် ဤလေးလံသော မြေအိုးကြီးက ကြေးနီဒင်္ဂါးတစ်ရာနီးပါးတန်သည်။သာမာန်လူအများစု ဆိုပါက၊ ဤပန်းအိုးအတွက် ငွေအများကြီး သုံးစွဲရန် ဆန္ဒရှိမည်မဟုတ်ပေ။
“တရားရုံးချုပ်က အရာရှိတွေကို ခေါ်ထားလိုက်"
ရုံရှားသည် ပန်းအိုးထဲမှ မြေကြီးများအား လက်ဖြင့်ဆုပ်ကာ မတ်တပ်ထရပ်ပြီး ပန်းဟွိုက်ကို အလေးပြုသည်။
"ဒါဟာ မတော်တဆမှု မဟုတ်ပါဘူး၊လူသတ်မှုပါ"
"ဘာ....ငါက ဘာမှအလုပ်မလုပ်ဘဲ ပျင်းနေတဲ့သူပဲ၊ ဒီလူတွေက ငါ့ကို ဘာလို့သတ်ချင်ရတာလဲ"
ရုံရှား စကားမပြောနိုင်အောင်ပင် ဆွံ့အသွား၏။ပန်းမိသားစုသည် စကားကို ဂရုမစိုက်စွာပြောဆိုတတ်ကြောင်း သူ သဘောပေါက်ထားပြီးသားဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အစောင့်တွေကိုတော့ လျှော့လို့မရပါဘူး"
"ဒိုင်း!"
သစ်သားအဆောက်အဦးထဲမှ အသံတစ်ခုထွက်လာသည်။ ရုံရှားသည် ပန်းဟွာ ဒုက္ခရောက်မှာကို စိုးရိမ်သွားပြီး အဆောက်အဦးထဲသို့ သွားဖို့ပြင်လိုက်သော်လည်း ပန်းဟွိုက်က သူ့ကိုတားထားသည်။
ပန်းဟွိုက်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ရင်း "မင်း ဟွာဟွာ့ကို လွှတ်ထားလိုက်ပါ၊မင်းသွားစရာ မလိုပါဘူး၊ဒီကလေးမက အစစအရာရာ တော်တယ်၊ ဒါပေမယ့် ဒေါသထွက်တဲ့အခါ သူ့ကိုယ်သူ ဘယ်လိုထိန်းရမလဲ မသိတော့ဘူး..."
"အား"
ထိုစဉ် သစ်သားအဆောက်အဦးထဲမှ လူတစ်ယောက်၏ အော်သံ ထွက်ပေါ်လာသဖြင့် ပန်းဟွိုက် တုန်လှုပ်သွားသည်။ သူ့အနာဂတ် သားမက်၏ ပဟေဠိဆန်သော အကြည့်ကိုမြင်လိုက်သောအခါ၊သူ ခြောက်သွေ့စွာ ရယ်မောပြီး ဘာမှ မမြင်ဟန်ဆောင်၍ ခေါင်းကို လှည့်လိုက်သည်။
မကြာမီ အဆောက်အဦးထဲမှ လက်နက်သံများ ကြားရသည်။ရုံရှားသည် အတွင်း၌ ရန်ဖြစ်နေမှန်းသိ၍ ဝင်သွားချင်သော်လည်း ပန်းဟွိုက်က သူ့လက်ကိုဆွဲထားဆဲပင်။ ထို့ကြောင့် သူက တုကျိုးအား "မင် ဝင်ပြီးကြည့်လေ"
"ဟုတ်ကဲ့"
မြေဆီလွှာနှင့် ပန်းအိုးကွဲများပေါ် နင်းလာရင်း တုကျိုး အထဲကို အမြန်ပြေးဝင်သွားလိုက်၏။
မကြာမီ ဝိုင်းအုံကြည့်နေကြသူများမှာ အဆမတန်များပြားလာပြီး စစ်သည်ရဲမက်များလည်း ရောက်လာကြသည်။ လူအများအပြား ရောက်နေတာကြောင့် စစ်သည်များက ကြိုးတန်းကာ အဆောက်အဦးကို ဝိုင်းထားကြသည်။ တာဝန်ခံအရာရှိသည် ပန်းဟွိုက်ကို မြင်သောအခါ နှုတ်ဆက်ဖို့ပြင်နေစဉ်၊အော်သံစူးစူးတစ်ခုကြားလိုက်ရ၍ သူ့ပုခုံးများပါ မလှုပ်နိုင်တော့ချေ။
အရာရှိက ပန်းဟွိုက်ကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ "အထဲမှာ အစောင့်တွေ ရှိပါသလား"
ပန်းဟွိုက် ခေါင်းသာညိတ်ပြီး ဘာမှ ပြန်မပြော။
နောက်ထပ် အော်သံပေါင်းများစွာ ထွက်ပေါ်လာသည်။ အရာရှိခမျာမှာတော့ ဒူးတုန်အောင်ပင် လန့်ထိတ်နေရ၏။ ကောကုန်းကျင့်ထင်၏ အစောင့်များသည် အမှန်ပင် စစ်သူကြီး မျိုးဆက်များပင် ဖြစ်သည်။ သူတို့သုံးသည့် လူဖမ်းနည်းက သာမာန်နှင့်မတူချေ။
တုကျိုးသည် အဆောက်အဦးထဲသို့ ပြေးဝင်သွားပြီးနောက် ကြမ်းပြင်ထက်တွင် လူနှစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ဆိုင်ရှင်နှင့် စားပွဲထိုးဖြစ်ပုံရသည်။ သူ အောက်ကိုငုံ့ပြီး သူတို့၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်ရာ အသက်ရှင်နေသေးသဖြင့် စိတ်သက်သာရာ ရသွားသည်။
သစ်သားအဆောက်အဦးက အတော် ဟောင်းနေပြီမို့ သူနင်းလိုက်တိုင်း အသံတကျီကျီမြည်နေ၏။ သူ လျှောက်လာရင်း လှေကားထစ်မှ လူတစ်ယောက်လြိ ဒလိမ့်ခေါက်ခွေး လှိမ့်ဆင်းလာသည့် အိုးတစ်လုံးကို မြင်လိုက်ရသည်။ သူဘေးနားကို ရှောင်လိုက်၍ အိုးက နံရံထောင့်မှ လူတစ်ယောက်ကို ထိသွားသဖြင့် ရှေ့ဆက်မတိုးရဲအောင်ဖြစ်သွားရသည်။
တုကျိုး ထိုင်ချလိုက်ပြီး ထိုလူ၏ လက်ဖဝါးများကို ကြည့်လိုက်သည်။ ထိုသူ၏ လက်မနှင့် လက်ညိုးကြားတွင် အသားမာ အဖုအထစ်တချို့ ရှိနေပြီးလက်များက သန်မာကြံ့ခိုင်သည်။ ထို့ကြောင့် ကိရိယာများ သို့မဟုတ် လက်နက်များကို မကြာခဏ အသုံးပြုတတ်သူ ဖြစ်နိုင်သည်။ထိုလူ၏ မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး မမှတ်မိနိုင်လောက်အောင် ရောင်ရမ်းနေသည်။မူလက ဘယ်လိုပုံစံမှန်းပင် မမှန်းဆနိုင်တော့။ တရားခံမှာ အသက်မသေသေးသလို၊ အရာရှိများလည်း ရောက်နေတာကြောင့် သူ မတ်တပ်ပြန်ရပ်လိုက်သည်။
အပေါ်ထပ်မှာ လှုပ်ရှားသံများ ကြားနေရတာကြောင့် လုပ်ကြံသူမှာ တစ်ယောက်တည်း မဟုတ်နိုင်ချေ။သူ အပေါ်ထပ်ကို လှမ်းကြည့်လိုက်ရာ လှေကားနှင့် မနီးမဝေးတွင် လဲလျောင်းနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။စောစောက လူထက် အခြေအနေမကောင်းပေ။ သူ့အဝတ်အစားများက စုတ်ပြဲနေပြီး ကြာပွတ်နှင့်အရိုက်ခံရသည့် လက္ခဏာများ ရှိသည်။
တုကျိုး ကြာပွတ် အကြောင်းကို တွေးပြီး သက်မ,ရှိုက်လိုက်၏။
သူ ဘေးဘီ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မီးခိုးရောင်ဝတ်ထားသည့် လူတစ်ယောက်၏ ခွကြားကို ကြာပွတ်နှင့်ရိုက်နေသော ပန်းဟွာကို တွေ့လိုက်ရသည်။ ထိုလူ၏အော်သံများမဆုံးခင် ပန်းဟွာသည် ယောက်ျားတစ်ယောက်၏ အဓိက အစိတ်အပိုင်းများကို ခြေဖြင့်တက်နင်း ဖိချေနေ၏။ထိုသူသည် မူးလဲသွားသလား မသိ၊မျက်နှာက ဖြူဖျော့နေပြီး အသံတောင်မထွက်နိုင်တော့။
ပန်းဟွာ မကျေနပ်သေးသလိုပုံနှင့် ထိုလူကို ထပ်ကန်ပြန်သည်။ထို့နောက် ကြာပွတ်ဖြင့် လုပ်ကြံသူ၏လည်ပင်းကို မြွေတစ်ကောင်လို ရစ်ပတ်ထားလိုက်သည်။
"ပြောပါ၊ ရှင့်ကို ဘယ်သူပို့လိုက်တာလဲ!"
ပန်းဟွာသည် မျက်လုံးကြီးနီရဲကာ လုပ်ကြံသူကို အေးစက်စက် စိုက်ကြည့်နေသည်။
တုကျိုး ခြေလှမ်းရပ်ကာ စိတ်မသက်မသာဖြင့် ပန်းဟွာကို ငေးကြည့်နေမိ၏။
လူသတ်သမားက သူ့လည်ပင်းကို ပြန်ကိုင် ဆွဲကိုင်လျက်ရှိသည်။ သူ့မျက်နှာမှာ နီရဲနေပြီး စကားတစ်ခွန်းမှ မပြောနိုင်။
"နင်က စကားမပြောချင်ဘူးလား"
ပန်းဟွာက လုပ်ကြံသူ၏ လည်ပင်းတစ်ဝိုက်မှ ကြာပွတ်ကို ဖြည်ချလိုက်သည်။လုပ်ကြံသူခမျာ လှည့်ထွက်ပြေးချင်သော်လည်း ပန်းဟွာ၏ ကိုယ်ရံတော်တစ်ဦးက သူ့ကို ပြန်ကန်ထုတ်လိုက်သည်။
သူမက ထိုသူ့ကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ပြီး "ငါ့မိသားစုကို ဘယ်သူက လာထိဖို့ ပြောလိုက်တာလဲ၊ နင် မပြောချင်ဘူးဆိုရင် ဒီနေ့ လုပ်ခဲ့တာကို နင့်တသက်လုံး နောင်တရစေရမယ်"
"ကျွန်တော် ပြောပါ့မယ်"
လုပ်ကြံသူသည် သူ့အဖော်သုံးယောက်၏ သနားစရာကောင်းသည့် အခြေအနေကို မြင်လိုက်ရ၍ ကြောက်ရွံ့နေခဲ့ပြီဖြစ်၏။
"ကျွန်တော်တို့က လမ်းဘေးက လူရမ်းကားတွေပါ၊ငွေရရင် သူများက မကောင်းကြံခိုင်းတာတွေကိုအကုန်လုပ်ပါတယ်၊ အရောင်ဖျော့ဖျော့ဝတ်ရုံဝတ်ထားတဲ့ လူတစ်ယောက်က မြင်းနက်ကြီးစီးပြီး သက်တော်စောင့်တွေနဲ့ ကျွန်တော်တြိ့ဆီကို လာပါတယ်၊ပီ့းတော့ လူတစ်ယောက်ကိုလုပ်ကြံပေးဖို့ပြောပါတယ်၊အောင်မြင်ရင် ရွှေ 100 ပေးပါမတဲ့"
ပန်းဟွာက လှောင်ပြောင်ဟန်ဖြင့်"ဘာ…အရာရှိ ကောကုန်းတစ်ယောက်ရဲ့အသက်က ရွှေ ၁၀၀ ပဲ တန်သလား၊ ငါ့ကိုလှည့်စားဖို့ ဒီလိုအကြောင်းပြချက်မျိုး မသုံးနဲ့"
သူမ ထူးဆန်းသည့်အိပ်မက်များ မက်ကတည်းက မိသားစုကို ကားကွယ်ချင်ခဲ့သည်။သူမ၏ မိသားစု လုံခြုံနေသရွေ့ အိမ်အသိမ်းခံရသည်ကိုလည်း မမှုပေ။အနည်းဆုံးတော့ သူမတို့မိသားစုအသက်ရှင်နေသေးသည်။ ယခုမူကား၊ သူမ၏ မိသားစုကို တစ်ယောက်ယောက်က လုပ်ကြံချင်နေသဖြင့် ဆင်ခြင်နိုင်စွမ်းတို့ ပျောက်ရှသွားရ၏။
သူမ အဖေကိုလာထိလို့ ဒီလူတွေကို နှိပ်စက်လိုက်တာ၊သူမ မှားသလား...ကျွင်းကျူးဖြစ်တော့ရော ဘာလုပ်ရမှာလဲ... သူများတွေရဲ့ အမြင်ကို ဘာလို့ဂရုစိုက်နေရမလဲ.. ကမ္ဘာပေါ်က လူထောင်ပေါင်းများစွာရဲ့ ပါးစပ်က သူမရဲ့မိသားစုလောက် အရေးမကြီးပါဘူး...ဖာ့ခ်ပဲ အားလုံးကို....
"ကောကုန်း...."
လုပ်ကြံသူ၏ မျက်နှာသည် စိတ်ပျက်အားငယ်မှုအပြည့်နှင့်ပင်။သူတို့ အရာရှိကောကုန်းကို လုပ်ကြံမိတာလား၊ အဲ့ဒီလူက ရိုးရိုးသာမာန် ချမ်းသာတဲ့ စီးပွားရေးသမားပဲ မဟုတ်လား… သူတို့ လုပ်ကြံသတ်ဖြတ်မှု အောင်မြင်ပါက အာဏာပိုင်များ ခြေရာခံခြင်းမှ ရှောင်ရှားနိုင်စေရန် အင်ပါယာတောင်ဘက်ပိုင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အလုပ်ရှင်က ပြောကြားခဲ့သည်။
သူတို့ကို လှည့်စားခဲ့ကြတာလား...
လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆတ်ကနဲ တုန်ခါသွားခဲ့သည်။ ခဏအကြာတွင် သူက "ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော် အားလုံးကို ပြောပြချင်ပါတယ်၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
"ပြောစမ်း…"
ပန်းဟွာက သူ့ကို မြေပြင်ပေါ်သို့ တွန်းချကာ လက်ထဲမှ သွေးစွန်းနေသည့် ကြာပွတ်ကိုလည်း စားပွဲပေါ် ပစ်ချလိုက်သည်။ထိုအခါ သူမ၏ သက်တော်စောင့်က ကြာပွတ်ကို ကောက်ကိုင်လိုက်ပြီး ဘေးဘက်သို့ တိတ်တဆိတ် ဆုတ်သွားသည်။
လုပ်ကြံသူက သူမကို အကုန်ပြောပြသည်။လုပ်ကြံရသည့် အကြောင်းအရင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့ထံ လူတစ်ယောက် ရောက်လာပြီး လူသတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ လုပ်ကြံရမည့် ပစ်မှတ် ဝတ်မည့် အဝတ်အစားပုံစံ၊ ခန္ဓာကိုယ်ပုံသံတို့ကိုပါ ပြောပြခဲ့သည်။
သူတို့အားလုံးက အဆင့်နိမ့်လူဆိုးများဖြစ်ကြောင့် အင်အားကြီးသူများနှင့်တွေ့ဖို့ အခွင့်အလမ်း မရှိချေ။ ထို့ကြောင့် သူတို့သည် သစ်သားအဆောက်အဦးတွင် ပုန်းအောင်းပြီး ပစ်မှတ် လမ်းဖြတ်ကူးနေစဉ် ပန်းအိုးဖြင့် ပစ်ပေါက်သတ်ရန် ပြင်ဆင်ခဲ့ကြသည်။
နည်းလမ်းက အနည်းငယ် ရိုးရှင်းသော်လည်း အတော်အသုံးဝင်သည်။သူတို့ဘက်မှလည်း သေသေချာချာ ပြင်ဆင်ကြ၏။အကယ်၍ ပစ်မှတ်ကို ထိပါက၊ အနီးရှိလူတိုင်းသည် ပစ်မှတ်ကို ဝိုင်းကြည့်ပြီးနောက် လူသတ်သမားအား ရှာဖွေရန် သစ်သားအဆောက်အဦးထဲသို့ ဝင်မည်ဖြစ်သည်။ထို့ကြောင့် သူတို့ဘက်က ပုန်းစရာနေရာရှာဖို့ အခွင့်ကောင်းယူနိုင်သည်။အဆောက်အအုံထဲသို့ လူများ ဝင်လာကြလျှင် သူတို့ကလည်း လူအုပ်ထဲမှာ ရောယောင်၍ ကိုယ်ယောင်ဖျောက်၍ရသည်။ ဘယ်သူမှ သူတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ချေ။
သို့သော်လည်း၊လက်တွေ့တွင် လုပ်ကြံရမည့် သူဌေးကြီး ကံကောင်းလိမ့်မည်ဟု မထင်ထားမိချေ။ ထိုသူသည် ပန်းအိုးပစ်မည့်နေရာသို့မရောက်မီ ခြေတစ်လှမ်း အကွာမှာပင်သာ ရုတ်တရက် လှည့်ထွက်သွားသည်။သို့သော်လည်း သူတို့က ပန်းအိုးကို ပစ်ပါက်ပြီးဖြစ်၍ နောက်ကျသွားပြီ။ ထို့အပြင် သက်တော်စောင့်များကလည်း မယုံနိုင်လောက်အောင် မြန်ဆန်ခဲ့သည်။ ဓားရှည်များကို ချက်ချင်းဆွဲထုတ်ပြီး အဆောက်အအုံကို ဝိုင်းထားကြသည်။ထို့ကြောင့် သူတို့ထင်သလိ အဆောက်အအုံထဲသို့ လူများဝင်လာဖို့မဆိုထားနှင့်၊ဘယ်သူမှ အထဲကိုမဝင်လာကြ၍ သူတို့လည်း ဟန်ဆောင်၍ ထွက်မရဖြစ်နေသည်။
ဤသူသည် သာမာန်သူဌေးမဟုတ်ဘဲ၊ကောကုန်းရာထူးရှိသူဆိုပါက... ရွှေတစ်သောင်းပေးလျှင်တောင် သူတို့ လုပ်ကြံရန် သတ္တိရှိမည်မဟုတ်ပေ။
"ကျွင်းကျူး"
တုကျိုးသည် ပန်းဟွာ၏ ဒေါသကိုကြောက်နေမိသောကြောင့် သတ္တိကို စုစည်းပြီး သူမအနားကို ဖြတ်လျှောက်သွားလိုက်သည်။
"အရာရှိတွေ အောက်ထပ်မှာ ရောက်နေကြပါပြီ"
"အရာရှိတွေက ဒီကိစ္စကို မကိုင်တွယ်နိုင်ဘူး၊ တရားရုံးချုပ်ကို တိုက်ရိုက်သတင်းပို့မယ်"
ပန်းဟွာ လက်ကိုင်ပုဝါဖြင့် လက်ကို သုတ်လိုက်သည်။အသံကလည်း ကြောက်ခမန်းလိလိ အေးစက်နေပြီး "ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်၊ တရားရုံးချုပ်က လူတွေ ရှာမတွေ့ရင် ဧကရာဇ်ကို အသနားခံဖို့ နန်းတော်ကို သွားမယ်"
တုကျိုး ပြန်ပြောဖို့ပြင်နေစဉ် လှေကားမှ ခြေသံများ ထွက်လာသည်။သူ ဤခြေရာများကို အလွန်ရင်းနှီးသည်။ မြို့စားမင်းရုံ၏ ခြေသံများပင်။ သူသည် ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသော အပျက်အဆီးများနှင့် ပန်းဟွာကျွင်းကျူး၏ ရှုပ်ပွနေသော ဆံပင်များကို ကြည့်ရင်း ပို၍ စိတ်မချမ်းမသာဖြစ်လာရလေ၏။
မြို့စားမင်းရုံ …… ဒါကိုမြင်ရင် ပန်းဟွာကျွင်းကျူးကို ဘယ်လိုထင်သွားမလဲ။ ကမ္ဘာပေါ်မှာ လိမ္မာပါးနပ်တဲ့ မိန်းမတွေ အများကြီးရှိပေမယ့် ဒီလိုရက်စက်တဲ့မိန်းမမျိုး ဘယ်နှစ်ယောက်များ ရှိနိုင်ပါ့မလဲ။
xxxxxx