🧝Chapter 55
ထိုအချိန်မှာ မြောင်ဟယ်နှင့်ရန်သာ့လန်တို့က အဒေါ်ကုံး ပြန်ကတည်းက အချိန်ယူပြီးပြင်ဆင်ခဲ့သည့် ပြင်ဆင်စရာအားလုံးနီးပါး ပြီးသွားပြီဖြစ်၏။ ခြံစည်းရိုးတံခါးကို ညွှန်ကြားချက်တွေအတိုင်းဖွင့်ပြီး မကြာခင်မှာပဲ ဖုန်တလုံးလုံးနှင့် ရထားလုံးများက လမ်းဆုံးကို ရောက်လာသည်။
ရန်သာ့လန်က မြောင်ဟယ်ကို အခန်းထဲမှာ စောင့်ခိုင်းပြီး သူ့တို့ကို ရှေ့တက် နှုတ်ဆက်လိုက်သည်။
ရထားလုံးပေါ်ကနေ ဆင်းလာသည့် ဆိုင်ရှင်ကျင်းက ပြုံးကာ ဂုဏ်ပြု ချီးမွမ်းစကားများဆိုသည်။
"ရန်ရှုန်းတိနဲ့ ဟယ်ကောအာ... နှစ်ယောက်သားနေကောင်းကြရဲ့လား... ငါဆိုင်ရှင်ကျင်းက အိမ်သစ်ပြီးသွားတာကို ဂုဏ်ပြုဖို့ ဒီကိုရောက်လာတာပါ... အင်း၊ ဒီအိမ်ကိုကြည့်ရတာ လီမင်က တကယ်ကို ယုံကြည်စိတ်ချရတဲ့သူပဲ... အလုပ်မခိုဘူး...သူဆောက်ထားတဲ့ အိမ်အသစ်က တကယ်ကို ခမ်းနားတယ်... လှတယ်...ကောင်းလိုက်တာနောက်ဆုံးတော့ မိတ်ဆက်ပေးတဲ့သူ ငါ့သိက္ခာကို အကြီးကြီးကယ်တင်နိုင်သွားပြီ"
ရန်သာ့လန်က သူနှင့်အပြန်အလှန်နှုတ်ဆက်ပြီးဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ကျင်း...ဒီတစ်ခေါက်အလုပ်ရှုပ်စေမိလို့ စိတ်မကောင်းပါဘူး"
"အဓိပ္ပါယ်မရှိ... အသေးအဖွဲကိစ္စလေးကို...အကူအညီပေးတာလို့တောင်ခေါ်လို့မရဘူး... ငါမင်းကိုပြောမယ် လူကြီးမင်းချွီသိသွားတော့ ဒီနေ့ထမင်းလာစားဖို့စီစဉ်နေတယ်... အဆင်မပြေရင် တစ်ခုခုထပ်ဖြစ်တော့မှာပဲ...ဆိုင်ရှင်ဖြစ်ရတာတကယ်ကို ကံမကောင်းဘူး... လာ လာ ငါ မင်းတို့စားပွဲဝိုင်းပြင်ဖို့လိုအပ်တာတွေယူလာခဲ့တယ်...လူနည်းနည်းလည်းခေါ်လာတယ်....လုပ်ချင်တာ လုပ်ကွာ"
ရန်သာ့လန်က ကျေးဇူးတင်စွာဖြင့် လက်သီးဆုပ်ပေါ်လက်ဖဝါးအုပ်ကာ ဦးညွှတ်လိုက်သည်။မြောင်ဟယ်က ဆိုင်ရှင်ကျင်းကို ပြုံးပြီး နှုတ်ဆက်လိုက်၏။
"ဆိုင်ရှင်က ယဉ်ကျေးလွန်းနေပါပြီ...ကျွန်တော်တို့က စားပွဲ၊ ကုလားထိုင်နဲ့ တူတွေပဲ ငှားချင်တာပါ...ဘာလို့ လူတွေပါခေါ်လာရတာလဲဗျာ... လက်ဖက်ရည်ဆိုင်လုပ်ငန်းကို မနှောင့်နှေးစေပါနဲ့ဗျ"
"ဟေ့ ဟယ်ကောအာ ဘာမှမပြောနဲ့...သူဌေးလေးတို့အိမ်မှာတစ်ခုခုဖြစ်နေတာကို လက်ဖက်ရည်ဆိုင်က ဘယ်လိုလုပ် မကူညီနိုင်လို့ဖြစ်မှာလဲ... သူတို့ကိုဒီခေါ်လာတာကတင် သူတို့အတွက် ကောင်းချီးတစ်ခုလို့ ယူဆလို့ရတယ်...ဆိုင်ရှင်ငါတောင် အရင်တစ်ခေါက်ကထမင်းတစ်နပ်ကိုမေ့မရဘူး"
"ဒါဆိုလည်း ဒီနေ့ ဆိုင်ရှင်ကျင်းကို သေချာပေါက် စိတ်ပျက်မစေရပါဘူး... ဒါကြောင့် နှလုံးသားကိုဖွင့်ပြီးစားပါခင်ဗျ"
"အဲဒါမှန်တယ် ...ဟယ်ကောအာတောင် မသိသာပေမဲ့ဝနေပြီ... ကိုယ့်ဘာချက်ပြီး ကိုယ့်ဘာကိုယ်တအားတွေစားနေတာနေမယ်"
မြောင်ဟယ် ဤစကားကြောင့် နင်သွားကာ သူ့မျက်နှာ ရုတ်တရက် နီမြန်းသွားသည်။
ထိုအချိန်တွင် ရန်သာ့လန်က ကြားဝင်နှောက်ယှက်ရန်ဆန္ဒရှိနေသည်။
"ရှောင်ဟယ်က ကိုယ်ဝန်ရှိနေပြီ... သည်းခံပေးပါ"
ဤသည်က ဆိုင်ရှင်ကျင်း သတင်းကောင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်ပြီး မျက်လုံးများပြူးကျယ်သွားကာ အော်လိုက်သည်။
"ဟေး အဲဒါ နှစ်ထပ်ကွမ်း ပျော်ရွှင်မှု မဟုတ်ဘူးလား...ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ် တကယ်ဂုဏ်ယူပါတယ်...ရန်ရှုန်းတိမှာ ဘာစိတ်ပူစရာရှိသေးလဲ... မြေကွက်၊ အိမ်၊ လယ်၊ ကောနဲ့ကလေးတစ်ယောက်အကုန်ရှိတယ်...အနာဂတ်မှာ မင်းရဲ့ဘဝက တကယ်ကောင်းလိမ့်မယ်...စိတ်မပူနဲ့"
အင်မတန်ပြောင်ပြောင်တင်းတင်း ဂုဏ်ပြုခံရလိုက်ပြီးနောက်၊ရန်သာ့လန်က ခေတ္တတန့်နေပြီးမှ သူ့ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားဆိုသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ရှင်"
ထိုအခိုက်အတန့်တွင် သူ မြောင်ဟယ်နှင့် မျက်လုံးချင်းဆုံသွားသည်။မြောင်ဟယ်က ကောင်းကောင်းနားလည်ပြီး တစ်ဖက်လူကိုပြုံးပြလိုက်သည်။
ဒါပေမဲ့... သူတို့က ဘယ်သူ့အတိုင်းမှ လိုက်ကနေဖို့ မလိုဘူး...
ကိုယ်ပိုင် နေ့ရက်တွေကိုကောင်းကောင်း ရှင်သန်ဖို့က အရေးကြီးဆုံးပါပဲ...
***
ထို့နောက် မြောင်ဟယ် ပျော်ရွှင်နေသော ဆိုင်ရှင်ကျင်းအား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး ရန်သာ့လန်က ရန်သာ့တုန် နှင့် ရန်သာ့ချွမ်းကို ခေါ်ကာ လက်ဖက်ရည်ဆိုင်မှ ငှားထားသော စားပွဲနှင့် ကုလားထိုင်များကို နေရာချသည်။အဒေါ်ရန်ကလည်း သူမ၏အကြီးဆုံးချွေးမကိုခေါ်လာပြီး မီးဖိုချောင်ထဲမှာကူလုပ်သည်။ဆိုင်ရှင်ကျင်းက ထိုနားက ဖြတ်သွားသောအခါ ၎င်းကို လှမ်းကြည့်ကာ အနည်းငယ် စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။
"ဟယ်ကောအာ မီးဖိုခန်းထဲမှာ ဘာမှမသိပ်မမြင်မိဘူး...တကယ် နောက်မှ မီးဖိုချောင်မှာ တစ်ခုခုချက်မှာလား ..ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်က စားပွဲထိုးကို ခေါ်လိုက်မယ်လေ... ဒီအချိန်မှ စီစဉ်ရင်း အရမ်းနောက်ကျသွားပြီ"
မြောင်ဟယ်က ပြုံးပြီး ဆိုလိုက်၏။
"ဧည့်သည်တွေကို အလကားပြန်ပြေးခိုင်းလို့ဘယ်ဖြစ်မလဲ ...သေချာပေါက် စားဖိုတစ်ခုခုရှိရမှာပေါ့...စိတ်မပူပါနဲ့... အချိန်ကျရင် ဆိုင်ရှင်ကျင်း သိလိမ့်မယ်"
ဆိုင်ရှင်ကျင်း မီးဖိုပေါ်မှာ စားစရာဘယ်တွေ့ပါ့မည်နည်း။အကြောင်းမှာ ဤအချိန်မှာ အဓိက ဟင်းလျာတွေကို မြေကြီးထဲမှာ မြှုပ်ပြီး ချက်နေသောကြောင့်ဖြစ်၏။
မှန်သည်။မြောင်ဟယ် ယနေ့တွင် အခြားသော အစီအစဉ်များအကြောင်း များများစားစား မပြောခဲ့ပေ။ဧည့်ခံပွဲ၏ အဓိက လမ်းကြောင်းပေါ်တွင်သာ အားစိုက်ထားခဲ့သည်။
သူတောင်းစားကြက်ကင်က အိုးကြီးအိုးငယ်တွေ အများကြီးမပါဘဲ တစ်ခါတည်းဖုတ်လိုက်၍ရသည်။
သူတောင်းစားကြက်ကင်ကို ရွှံ့အုပ်ကြက်ကင်ဟုလည်း ခေါ်သည်။ ရှေးအကျဆုံးနည်းလမ်းမှာ ကြက်၏ကလီစာများကို ဖယ်ရှားပြီး အမွှေးများပေါ်မှာ ရွှံ့အုပ်ကာ ထင်းမီးပုံထဲ၌ ထည့်ကာ မီးဖုတ်ရသည်။ရွှံ့ခြောက်ပြီးမားသွားသည့်အခါ ရိုက်ခွဲလိုက်လျှင် ကြက်အမွေးတွေက ရွှံ့တွေနှင့်အတူ ပြုတ်ကျပြီး မွှေးကြိုင်သည့် သူတောင်းစားကြက်ကင်ကို ရနိုင်လေသည်။ နောက်ဆက်တွဲအနေဖြင့် ကြက်ကလီစာများကို ဖယ်ရှားပြီး ဟင်းသီးဟင်းရွက်များ၊အရသာရည်များထည့်ခြင်း သို့မဟုတ် ထပ်တိုးအရသာရရန် အပြင်ဘက်အလွှာကို ကြာရွက်ဖြင့် ပတ်ကာ ရွှံ့အုပ်၍ ဖုတ်ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးကို အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့သည်။
မြောင်ဟယ် လက်ထဲမှာရှိသည့် အရင်းအမြစ်တွေကို ရေတွက်လိုက်သည်။ ကြက်သားပြတ်လပ်မှု မရှိ။ ရွှေ့ပြောင်းပြီးကတည်းက ရန်သာ့လန် ထောင်ချောက်များကို လှည့်ပတ်ရန် တောင်ပေါ်သို့ ပုံမှန်တက်လေ့ရှိသည်။ထို့ကြောင့် သူအရင်တစ်ခေါက်ဝယ်ခဲ့သော ကြက်များမပါဘဲတွက်လျှင်တောင် ဖမ်းမိထားခဲ့သည့် ရစ်ငှက်ကောင်ရေ တစ်ဒါဇင်ကျော် သည်။
ဤတစ်ခေါက်တွင် ၎င်းတို့အားလုံးကို ဧည့်သည်တွေအတွက် အဓိကဟင်းလျာဖြစ် သုံးခဲ့သည်။စိတ်ထဲမှာ အနည်းငယ်နာကျင်ပေမဲ့ အရည်အသွေးက အပြင်ကထက် ပိုကောင်းလေသည်။ ပြီးနောက်၊ ၎င်းတို့ကိူ ရှီရန်မှထုတ်လုပ်သည့်အစာများဖြင့် ကျေးမွေးခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး တစ်လခွဲခန့် ကျွေးမွေးထားခဲ့သည်။
ကြက်သားကိုယ်တိုင်က အရသာရှိမည်ဟု မျှော်လင့်၍ရသည်၊ နောက်တစ်ဆင့်က ချက်နည်းပင်။
သူတောင်းစားကြက်ကင်ကို အရသာရှိသော အစာများဖြင့် အစာသွပ်ထားသည်။တစ်ခါချက်သည်နှင့် အသီးအရွက်ရော အသားပါပါပြီး အားထုတ်မှုအများကြီးကို သက်သာစေနိုင်သည်။ ထို့အပြင် အအေးဟင်းလျာများ နှင့် သစ်သီးအဆာပြေမုန့်များထပ်ထည့်ထားသည်။အဓိကအကျွေးအမွေးက ဧည့်သည်များကို ကျေနပ်စေလောက်ပါသည်။
ထို့ကြောင့် မြောင်ဟယ် အထဲကအစာအတွက် အလွန်ဂရုစိုက်ခဲ့ပြီး ရှီရန်မှထုတ်သော ကောင်းမွန်သော ဟင်းသီးဟင်းရွက်များကိုချည်း အသုံးပြုကာ ဧည့်သည်များစွဲသွားလိမ့်မည်ဖြစ်ကြောင်းသေချာစေခဲ့သည်။
ဥပမာအားဖြင့်၊ အာလူးနှင့် မုန်လာဥနီများက အဆီကို စုပ်ယူနိုင်ပြီး တောရိုင်းမှိုများနှင့် ကြက်သွန်နီများကို လတ်ဆတ်မှုနှင်ချိုမြိန်မှုများကို ထပ်ထည့်ပေးနိုင်သည်။သူတို့ သစ်အယ်သီးအမြောက်အမြားကိုပင် ထည့်လိုက်ကြသေးသည်။ဘာပဲပြောပြော ဤအချိန်မှာ တောင်ပေါ်တက်ပြီး ကောက်ထားသည်ဟုပြော၍ရလေသည်။
ဧည့်သည်များကို ဧည့်ခံမည့်မွန်းတည့်ချိန်သို့ တဖြည်းဖြည်းရောက်လာသောအခါ အသားကင်၏ လတ်ဆတ်သောရနံ့များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
သို့သော် ဤအခိုက်အတန့်တွင် ရန်သာ့လန်၊ မြောင်ဟယ် နှင့် လူအနည်းငယ်က သတင်းအသစ်ကြောင့် အာရုံပြောင်းသွားခဲ့သည်။
မြောင်ဖင်း၊သူ့ကော ချန်းရုံ နှင့် သူ့ညီ မြောင်ကောင်းတို့သည် မြောင်ကျားရွာမှလာသော ပထမဆုံးဧည့်သည်များဖြစ်သည်။
သို့ပေမဲ့ သူတို့ရောက်လာသည့်အချိန်တွင် မျက်နှာတွေ သိပ်မကောင်းကြပေ။
မြောင်ဖင်းက ခေါင်းယမ်းရင်းဆိုသည်။
"လမ်းဆုံမှာ စောင့်နေတဲ့အလုပ်ရုံကလူတွေ ရှိတယ်...သူတို့က ဒီနေ့ သူတို့ရဲ့ဧည့်ခံပွဲအကြောင်း ပြောကြတယ်... သူတို့ပွဲကိုမလာရင်ဒါမှမဟုတ် တခြားနေရာကိုသွားရင်ပဲပိစပ်ကို လက်မခံဘူးလို့ ပြောကြတယ်...ဒီမြောင်ကျွယ်တို့ မိသားစုက လူတိုင်း သူတို့ရဲ့ မျက်နှာကို ကြည့်ပြီးနေရမယ်လို့ ထင်နေကြတာလား"
မြောင်ကောင်းကလည်း နှာခေါင်းရှုံ့ကာ ဆို၏။
"ဟုတ်တယ်...ငါတို့မိသားစုက ပဲပိစပ်မစိုက်တာကို မပြောနဲ့ဦး...ငါတို့ကစိုက်ရင်တောင် အဲလိုလူတွေကို ရောင်းမှာမဟုတ်ဘူး"
ရန်သာ့လန် ကောလေးက သူ့လက်သီးကို လာထိနေသည်ကို ခံစားနေရပြီဖြစ်သည်။
"ကိစ္စမရှိပါဘူး... အိမ်တက်ထမင်းကျွေးကဘာကြောင့်နဲ့မှ ပျက်မှာမဟုတ်ဘူး"
မိတ်မဖွဲ့ထိုက်သူများကို သူ အပြစ်မတင်၊သူတို့က မိတ်မဖွဲ့ထိုက်သူများဖြစ်လျှင် သူ ထမင်းတစ်နပ်အလကားမကုန်တော့သည်ပင်။
အနာဂတ်တွင် သူ မြောင်ကျွယ်တို မိသားစုထံမှ တရားမျှတမှုကို သေချာပေါက် ရှာမည်။
မြောင်ဖင်းက ရန်သာ့လန်အသစ်ဆောက်ထားသည့် အိမ်ကို တစ်ချက် ကြည့်ပြီး ပြုံးလိုက်ပြန်သည်။
"ဒါပေမဲ့ သူတို့ အဲလိုလုပ်တော့ဘာဖြစ်လဲ... ငါတို့သာ့လန်က အဆင်ပြေတယ်... တိတ်တိတ်လေး ဆောက်ထားတဲ့ အပြာရောင်အုတ်အိမ်ကြီးထဲမှာ ဘဝကိုကောင်းကောင်း နေနေရပြီ... စိတ်ယုတ်မာတဲ့ သူတွေ အကုန်လုံး မျက်လုံးတွေပြုတ်ကျကုန်တော့မှာပဲ... ဟေးသူများတွေက မြေသားတဲတွေမှာ နေနေကြတုန်း၊ အပြင်မှာ ဒီလို တိုက်ပွဲကြီး ဖြစ်နေတယ်... ဒါကြောင့်နောက်ကျ အိမ်ချင်း ပြန်ယှဥ်ကြည့်"
မြောင်ကောင်းကလည်း ၎င်းကိုကြားပြီးနောက်ပျော်နေသည်။
"မြောင်လီတို့ အိမ်သစ်အကြောင်းပဲပြောရအောင်...သူတို့က အိမ်ဆောက်ဖို့တအားကြိုးစားခဲ့ပြီး သူတို့အိမ်သစ်က သာ့လန်တို့အိမ်ထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ ပြောတယ်... ဟေး နောက်ကျင် ငါ ပြောလိုက်မယ် သာ့လန်တို့က အခု အပြာရောင် အုတ်ကြွပ်မိုးအိမ်မှာ နေနေကြတာ...သူတို့ ဆက်ဆောက်ကြပါစေ ဟီးဟီး"
ယခုလိုစကားတွေပြောပြီးနောက်မှာ အပြင်က ပြဿနာက ဘာမှမဟုတ်သလိုပါပင်။ ထိုအချိန်တွင် အဝေးမှ နောက်ထပ်အော်သံတစ်ခုထွက်ပေါ်လာသည်။
"ဝိုး မြောင်ဖင်း မင်း ဒီနေ့ ငါတို့ထက် စောလာတာပဲ...တကယ် ထူးဆန်းတယ်... မင်းတို့အားလုံးက အမြဲနောက်ကျနေတာ နောက်မဟုတ်ဘူးလား"
"မြန်မြန်မပြေးရင် မင်းတို့ညီအစ်ကိုနှစ်ယောက် အကုန်စားပစ်မှာကို ကြောက်လို့ကွ"
"အကုန်စားပစ်မှာ...ပြန်သွားပြီး လမ်းဆုံကလူကို ဒီလိုဒုက္ခခံနေစရာမလိုဘူးလို့ ပြောလိုက် ...သာ့လန်ရဲ့အစားအသောက်တွေအကုန်လုံးကို ဧည့်သည်တွေ စားပစ်လိုက်ပြီ...မင်းတို့ ရပ်နေစရာ မလိုဘူးလို့"
"ဟားဟား ဒါပဲလေ ဝိုး... ငါဘာမြင်လိုက်တာလဲ ကြည့်စမ်း...အပြာရောင်အုတ်"
ယခုတစ်ကြိမ်တွင် ရောက်လာသူများက ရန်သာ့လန် နှင့်အတူ တောင်တက်အမဲလိုက်လေ့ရှိသော လူငယ်လေးဖြစ်သည့် မြောင်သာ့ဟူ နှင့် သူ၏ဝမ်းကွဲ သာ့ဟိုင်တို့ဖြစ်သည်။ သက်ဝင်လှုပ်ရှားနေသော လူငယ်အနည်းငယ်သည် စုစည်းမိကြပြီး တစ်ခုတည်းသော စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာများသည် ပါးစပ်ထဲမှဟာသများ၏ အကြောင်းအရာဖြစ်လာသည်။
ရန်သာ့လန်၏ ဖုံးကွယ်ထားသော ဒေါသများပင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
၎င်းနောက် ဦးလေးလင်းတို့မိသားစု၊ ရန်သာ့တုန်ကိုလက်သမားပညာသင်ပေးခဲ့သည့် လက်သမားဆရာကြီး ၊လုကန်းတို့မိသားစုများ ရောက်လာကြပြီးနောက် အဒေါ်ချင်းကလည်း မျက်နှာသေကြီးနှင့်ဖြစ်သောမြောင်ချမ်းနှင့်အတူရောက်လာသည်၊လူအိုကြီးလျှိုတို့လင်မယားလည်းရောက်လာသည် ...
မြောင်ဟယ်က ရန်သာ့လန်၏လက်ကို ညှစ်ပြီး ပြုံးပြုံးလေးပြောလိုက်သည်။
"ကြည့်ကြည့်...လာမဲ့သူကလာမှာပါဆို"
***
တခြားတစ်ဖက်တွင်
မြောင်ကျွယ်တိုအိမ်ရှေ့ရှိ မြေကွက်လပ်၏ရှေ့တွင် အခြားရထားလုံးများ ဖြတ်သွားနေပြန်သည်။
"လာပြီ...ရထားလုံးလာပြန်ပြီ"
"အခုနက အဖွဲ့လိုမဖြစ်ပါစေနဲ့..နေရာမှန်တွေ့ဖို့ကြာလိုက်တာ...လမ်းပြကတုံးချက်ပဲ"
"ဟေ့...အဲဒါကမတူဘူး... တခြားရထားလုံးနဲ့ မတူဘူးလားလို့..."
"ဒါပဲဖြစ်မယ်...ဟုတ်တယ်မလား...မဟုတ်ရင် ဘယ်လိုလုပ် ရွာထဲကိုရထားလုံးတွေ ဒီလောက်အများကြီးဝင်လာပါ့မလဲ"
"ဟုတ်တယ်...ဧည့်ခံပွဲချိန်လည်းနီးပြီ...လူကြီးမင်းမြောင်တို့အိမ်က ဧည့်သည်တွေလည်း ရောက်လာချိန်တန်ပြီလေ"
"ဟုတ်တယ် ဟေးးး ဘာလို့ထပ်ပြီးဖြတ်သွားပြန်တာလဲ...ငါတို့ စားပွဲသွားဖွင့်ခိုင်းရတော့မှာလား"
ခြံအပြင်ဘက်တွင် စားပွဲကြောင့် ပြဿနာများစွာရှိနေသော်လည်း မြောင်ကျွယ်က လက်ဖက်ရည်သောက်ရင်း ခန်းမထဲတွင် ထိုင်နေဆဲဖြစ်သည်။
"ဧည့်သည်တွေအကုန် အပြင်မှာရောက်ပြီလား"
မြောင်ကျွယ်၏ သားများ၊ ချွေးမများနှင့် မြေးများသည် ခန်းမထဲတွင် တန်းစီကာရပ်နေပြီး မထွက်မီ အိမ်ထောင်ဦးစီး၏ နောက်ဆုံးဖြေရှင်းချက်ကို စောင့်ဆိုင်းနေကြသည်။
တစ်ယောက်ယောက်က မေးလာသည့်အခါ သာ့ဖန်၏ဇနီး အဒေါ်ယင်က ထွက်လာပြီး ပြုံးကာဆို၏။
"လောင်ရယ် သူတို့အားလုံး ဒီမှာရောက်နေပါပြီ...အခုထိုင်ခုံက နည်းနည်းတော့ အဆင်မပြေပေမဲ့ မိသားစုက တတ်နိုင်သမျှ ခုံတန်းတွေ ရွှေ့နေပါတယ်...အဲဒါမှမလောက်ရင် အဆင်ပြေပါ့မလားမသိဘူး...ယွမ်ဇီကို ဧည့်သည်တွေကို သွားဧည့်ခံခိုင်းရမယ်"
မြောင်ကျွယ်ကဆိုသည်။
"ကောင်းပြီ...ယွမ်ဇီကို နောက်ကျ သွားခိုင်းလိုက်...ယွမ်ဇီ မင်း မြို့ထဲမှာပဲ ပျင်းစရာကောင်းအောင် စာလုပ်နေတာကမင်းအတွက်မကောင်းဘူး...နပ်တဲ့လူတွေ အများကြီး ရှိတယ်...မင်း ဧည့်သည်တွေနဲ့ စကားပြောရင် လူတွေကို တန်ဖိုးထားခံရသလိုခံစားရလိမ့်မယ်"
ဤသည်မှာ မြောင်ကျွယ်၏ မိသားစုဖွဲ့စည်းပုံအပေါ် သုံးသပ်ချက်ဖြစ်သည်။
မြောင်ကျွယ်တွင် သား သုံးယောက်နှင့် သမီးနှစ်ယောက်ရှိသည်။သမီးများက အစောကြီး အိမ်ထောင်ကျသွားပြီး အကြီးဆုံးသားနှင့် ဒုတိယသားက ပညာရေးမှာ အရည်အချင်းမရှိသဖြင့် လယ်လုပ်ရာတွင် အပါးမခိုခဲ့ကြပေ။မြောင်ကျွယ် သူကောင်းကောင်းသွန်သင်ဆုံးမနိုင်ခဲ့သည်ဟုခံစားရေသာ်လည်း ကြိုက်သည်လည်းမဟုတ်မကြိုက်သည်လည်းမဟုတ်ပေ။
ထို့နောက် သူ သူ၏တတိယသားကို ပညာသင်ကြားပေးရန် ရွေးချယ်ခဲ့သည်။အစတုန်းက သူ သူ့ကိုအချစ်ဆုံးဖြစ်ပေမဲ့ ကံမကောင်းစွာနှင့် သူကအများကြီးမအောင်မြင်ခဲ့ပါချေ။ တတိယသားက ရွာတွင် သူစတင်ခဲ့သော စာတတ်မြောက်ရေးအဖွဲ့ကိုသာ တာဝန်ယူနိုင်ခဲ့သည်။သူတို့ထဲကမည်သူမှ ဘွဲ့ထူးဂုဏ်ထူးမရခဲ့ကြပေ။
တတိယမျိုးဆက်၏အလှည့်တွင် တတိယမိသားစုမှ မြောင်ခွေ့က ဒုတိယမိသားစုမှမြောင်ယွမ်၏နောက်တွင် နောက်ကျကျန်ခဲ့သည်။ ထိုအချိန်မှစ၍ မြောင်ကျွယ် တတိယမိသားစုကို ဂရုမစိုက်တော့ပေ။ ဒုတိယမိသားစုဘက်ကို လှည့်ကြည့်လိုက်သောအခါ သူနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော မြေးက ပိုပြီး မျက်စိကျစရာကောင်းလေသည်။
နာမည်အခေါ်ခံလိုက်ရသော မြောင်ယွမ်က ရိုသေလေးစားစွာဖြင့်ပြန်ဖြေလေသည်။
"အဖိုး ကျွန်တော် ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်ပါ့မယ်"
သူနှင့်မျိုးဆက်တစ်ခုထဲတွင် မြေးပေါင်းများစွာရှိသည်။သူတို့ကြားတွင် ရပ်နေသောမြောင်ခွေ့က ထိုစကားကိုကြားသောအခါ ခေါင်းငုံ့သွားသည်။
မြောင်ယွမ်က ထုန်ရှန်းစာမေးပွဲအောင်ပြီးနောက်တွင် သူ့အဖေနှင့်အမေတို့နှင့်အတူ သူတို့အားလုံးနီးပါး အိမ်တွင် နှုတ်ဆိတ်အသံပိတ်သွားခဲ့ကြရသည်။(ပြောခွင့်ဆုံးရှုံး)
"ဒါဆို လာရမဲ့သူတွေ လာကြရဲ့လား"
မြောင်ကျွယ်က မျက်ခုံးပင့်ပြီး မေးပြန်သည်။
အဒေါ်ယင်ကရယ်ပြန်ပြီးဆိုသည်။
"အဖိုး ဘာမှမပြောရင်တောင် မြောင်ဟယ်တို့ မိသားစုအကြောင်းပြောရမှာပါပဲ ... အားလုံးက ဒီမှာရောက်နေကြတာ..မြောင်ဟယ်ရဲ့ ဒုတိယအဒေါ် ကျန်းမြန်က အရင်က အလုပ်ရုံမှာ ပဲပိစပ်တွေ အများကြီးရောင်းဖူးတယ်...နောင်လည်း လက်မခံဘူးလို့လည်းကြားရော မြောင်ဟယ်အမေကို ခေါ်လာပြီး ထိုင်ခိုင်းထားတာ ဘယ်မှ မသွားဘူး"
မြောင်မိသားစုက ဘာကြောင့် ဧည့်သည်တွေကို ဖိတ်ရသည်လဲဆိုသည့်အကြောင်းပြချက်အတွက် မြောင်ကျွယ်က မြောင်လီတို့မိသားစုကို တိုက်ရိုက်ဆွဲထုတ်ခဲ့သည်။မြောင်လီသည် အရင်က သူတို့အလုပ်ရုံ ဆောက်ရန် မြေငှားပေးခဲ့သည့် မဟာသူရဲကောင်းတစ်ယောက်ဖြစ်ပေမဲ့ ရန်သာ့လန်က ပွဲ၌ 'မြောင်'ဟုသောဒုတိယစာလုံးကို စုတ်ချက်တစ်ချက်တည်းဖြင့်မရေးနိုင်ဟု စောဒကတက်လာသည်။(စကားမတည်)
ထို့ကြောင့် သူတို့ သူ၏ဂုဏ်သိက္ခာကိုပြန်အဖတ်ဆယ်ပေးရမည်။
ကံကောင်းစွာပင် ရွာမှလူတော်တော်များများ တို့ဟူးမစားဖူးကြပေ။ချစ်ကြည်ရေးသံတမန်ခင်းရန်အချိန်ကောင်းလည်းဖြစ်ပေသည်။