Ch-88
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၈၈)


"နင့်ရဲ့ ယောက္ခမတွေက နင့်ကို အထည်တွေ အများကြီးပေးထားတာပဲ။ သူတို့က အရမ်းရက်ရောကြတယ်ဆိုတော့ နင်လည်း သူတို့နဲ့ အဆင်ပြေအောင် နေရမယ်နော်


ဤခေတ်တွင် တခြားအရာတွေက တန်ဖိုးမကြီးသော်လည်း ချည်ထည်တွေက ဈေးအကြီးဆုံးဖြစ်သလို တစ်နှစ်မှာ အထည်လက်မှတ်တွေ အများကြီးမရနိုင်ပါချေ။ ဤနေရာရှိလူတွေလိုမျိုး စားသောက်ဖို့ လုံလုံလောက်လောက်ရှိသော်ငြား အဝတ်အစားချုပ်လုပ်ရန်အတွက် ကုန်ကြမ်းဝယ်ဖို့ ပိုက်ဆံရှာရတာ ပြဿနာကြီးတစ်ခုပင်။ 


ငွေရှာရတာ ခက်ခဲလှ၏။ ပင်လယ်ခရု၊ ပြည်ကြီးမျှော့နှင့် ပုစွန်ထုပ်တွေဟာ တန်ဖိုးအများကြီးမရှိပါချေ။ ဆင့်အနည်းငယ်ဟာ ဝက်သားတစ်ပေါင်ကို ဝယ်နိုင်ပေမယ့် ငါးအသားလွှာဆို ပေါင်သုံးဆယ်ကနေ လေးဆယ်ခန့် ဝယ်လို့ရ၏။ တခြားပင်လယ်စာသေးသေးလေးတွေကိုတော့ လမ်းမပေါ်မှာ ပစ်ထားခဲ့ရင်တောင် ဘယ်သူမှ ဂရုမစိုက်ကြပေ။ 


ကင်းပုစွန်ကဲ့သို့သော အကောင်လေးတွေကို မြေသြဇာအဖြစ် တွင်းတွေထဲ ပစ်ချတတ်လေသည်။ 


"ငါ သူ့မိဘတွေနဲ့ မဆုံဖူးသေးဘူး၊ ဒါကြောင့် ငါတို့အဆင်ပြေပါ့မလားတော့ ငါလည်းမသိသေးပါဘူးဟာ။ ငါ သူတို့နဲ့ စကားနည်းနည်းလောက်ပဲ ဖုန်းပြောဖူးတာ


ချင်းရို့သည် အထည်များစွာကို လက်ခံရရှိချိန်မှာတော့ တကယ့်ကို ထိတ်လန့်သွားခဲ့ရ၏။ ယခုအချိန်တွင် ချည်ထည်ထုတ်လုပ်မှုမှာ နည်းပါးနေသေးသဖြင့် ဝယ်ယူဖို့ ခက်ခဲသလို ပိုက်ဆံရှိရင်တောင်မှ ဝယ်ဖို့မလွယ်ကူပါချေ။ အထည်လက်မှတ်တွေက များများစားစားမရှိ၍ ချွေချွေတာတာသာ သုံးစွဲနိုင်လေ၏။ အိမ်မှာ ကလေးတွေရှိရင် ဒုတိယကလေးက အကြီးဆုံးကလေးရဲ့ အဝတ်အစားတွေကို ဝတ်ရလေသည်။ 


သို့သော် ယခုအချိန်တွင် အစိမ်းရောင် စစ်ယူနီဖောင်းနှင့် အပြာရောင် စစ်ယူနီဖောင်းတို့ဟာ ရေပန်းစားနေသဖြင့် လူတွေက စစ်သားဖြစ်ပြီးနောက် စစ်ယူနီဖောင်းတွေရပြီဆိုပါက အထည်လက်မှတ်များစွာ သိမ်းဆည်းနိုင်ကြပြီဖြစ်သည်။ 


၁၉၇၂ ခုနှစ်တွင် ဝတ်စားဆင်ယင်မှု အခက်အခဲပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ဤနှစ်နှစ်အတွင်းတွင် အဆင့်မြင့်နိုင်ငံခြားရေနံဓာတုပစ္စည်းကိရိယာတွေကို မိတ်ဆက်ခဲ့ပြီး ဓာတုဗေဒ စက်မှုလုပ်ငန်းဆိုင်ရာ ချည်မျှင်ထုတ်လုပ်မှုလိုင်းတွေကို ပိုမိုဖွင့်လှစ်ခဲ့၏။ နှစ်အနည်းငယ်ကြာပြီးနောက် "တကယ်ကောင်းသော" အထည်တွေဟာ စျေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့လာပေလိမ့်မည်။ 


ချင်းရို့ ကွမ်ချန်မှာရှိတုန်းက ဟောင်ကောင်က ထွက်တဲ့ အရမ်းကောင်းတဲ့ အထည်စတွေကို တွေ့ခဲ့ရလေသည်။ ဒီအချိန်မှာ ဟောင်ကောင်နှင့် ပြည်မကြီးကို နေ့စဥ်နေ့တိုင်း ဆက်သွယ်သွားလာနေသော ရထားတစ်စီးရှိသလို သံမဏိတံတားတစ်စင်းလည်း ရှိနေခဲ့ပြီဖြစ်၏။ ဆွေမျိုးတွေဆီ လာလည်ကြတဲ့သူတွေက မနက်ဆို အဝတ်အစားအသစ်တွေ ဝတ်ဆင်လာကာ ပြည်မကြီးက မိသားစုဝင်တွေအတွက် အဝတ်ကောင်းတွေ ချန်ထားခဲ့ပြီး ညဘက်တွင် စုတ်ပြဲနေတဲ့ အဝတ်ဟောင်းတွေနဲ့ ပြန်သွားတတ်ကြ၏။ 


"နောင်မှာ သူ့မိဘတွေနဲ့တွေ့ရင် သေချာဂရုစိုက်နော်…" ချင်းမျန့်က အတွေ့အကြုံရှိသူပီပီ အကြံပေးလေ၏။ သူမက သူမရဲ့ယောက္ခမတွေနဲ့ အရင်တုန်းကအတွေ့အကြုံတွေကို ပြောပြရင်း "ညီမလေးရေ နင့်ရဲ့အရင်တုန်းကအခြေအနေ သိပ်မကောင်းပေမယ့် အခုတော့ နင့်ရဲ့ ဘဝက အဆင်ပြေလာပြီနော်။ နောက်ပြီးတော့ နင်က ကြေညာသူပါ ဖြစ်လာခဲ့ပြီ၊ ဘယ်လောက်ကောင်းလိုက်သလဲဟာ


"ငါတို့ကျောင်းမှာ ရေဒီယိုတစ်လုံးရှိတယ်လေ၊ နေ့လည်ဆို နင့်အသံကို ငါကြားနိုင်တယ်။ လူတိုင်းက နင့်အသံကို နားထောင်ရတာ ကြိုက်ကြတယ်ဟယ်။ ဒီကြေညာသူက ငါ့ညီမပါဆိုပြီး ဆရာမတွေကို ငါမပြောထားဘူး၊ သူတို့သာ ဒီအကြောင်းကိုသိရင် ငါ့ကို မနာလိုဖြစ်ကြမှာ သေချာတယ်


… 


ညီအစ်မနှစ်ယောက် ရယ်ရယ်မောမော စကားစမြည်ပြောနေကြစဥ် သိပ်မကြာခင်မှာပဲ ဖိတ်ခေါ်ထားခြင်းမရှိတဲ့ အမျိုးသမီးနှစ်ဦး ရောက်လာခဲ့၏။ တစ်ဦးက နဖူးတွင် မှဲ့ရှိကာ ကျန်တစ်ဦးမှာ ပင်လယ်ပြာရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားလျက် အိမ်ထဲသို့ အတူတူလျှောက်ဝင်လာခဲ့လေသည်။ 


သူတို့လက်ထဲတွင် အထည်စတစ်ပိုင်းပါလာကာ အင်္ကျီချုပ်ရန်အတွက် ချင်းမျန့်ကို လာရှာခြင်းပင်။ 


"ချင်းမျန့်ရေ ငါ နင့်ကို တွေ့ဖို့လာတာ" နဖူးပေါ်မှာ မှဲ့ကြီးကြီးရှိတဲ့ အမျိုးသမီးက ပြုံးလိုက်၏။ သူမရဲ့ နာမည်မှာ စွင်းမင်ဖန်းဖြစ်ပြီး ချင်းမျန့်နဲ့ တစ်ရွာတည်းသားတွေ ဖြစ်ခဲ့ဖူးပါ၏။ 


သူမရဲ့ ဘေးနားက အမျိုးသမီးကတော့ သူမရဲ့ ညီမ စွင်းမင်လိပင်။ 


စွင်းမင်ဖန်းက ယခု ချင်းမျန့် နေထိုင်တဲ့ သက်ကယ်အိမ်ကို ကြည့်လိုက်ရင်း သူမရဲ့ မျက်လုံးထဲတွင် ပျော်ရွှင်ခြင်းတွေ၊ ဂုဏ်ယူခြင်းတွေ ပိုလို့တောင် များပြားလာလေပြီ။ 


သူမက ဤကျွန်းငယ်လေးတွင် "သူငယ်ချင်းဟောင်း" နှင့် တွေ့နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိခဲ့ဘဲ ချင်းမျန့်နဲ့ ဆုံခဲ့ရသည်။  


ချင်းမျန့်ရဲ့ ဘဝဟာ ဒီလောက်ထိ ဆိုးရွားသွားတာကို မြင်ရ၍ သူမ တိတ်တဆိတ်ပျော်ရွှင်သွားခဲ့ရ၏။ 


အဲဒီအချိန်တုန်းက ချင်းမျန့်ဟာ သူတို့လိုပဲ ဆင်းရဲနွမ်းပါးတဲ့ တောင်သူလေးတစ်ဦးဖြစ်ခဲ့ပေမယ့် ချန်မျန့်လို "ပညာတတ်"တစ်ယောက်နဲ့ အိမ်ထောင်ပြုနိုင်ခဲ့ပြီး လျောင်ပြည်နယ်သို့ လိုက်ပါသွားခဲ့သည်။ ဒါဟာ တောင်ပေါ်က မိန်းကလေးတွေအားလုံးရဲ့ အိပ်မက်တစ်ခုပဲလေ။ ချင်းမျန့်က သစ်ကိုင်းမြင့်မြင့်တက်နိုင်ခဲ့ပြီး ဖီးနစ်အဖြစ် ပြောင်းလဲသွားကာ ပညာတတ်တစ်ဦးရဲ့ ဇနီးသည်ဖြစ်လာခဲ့သည်။ 


စွင်းမင်ဖန်းက စစ်သားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် သူက စစ်သားအဖြစ်မှ ထွက်ခဲ့လေသည်။ သူမလည်း လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ပညာတတ်လူငယ်တစ်စုနှင့်အတူ ကျွန်းသို့ ရောက်ခဲ့ခြင်းပင်။ 


ဘဝဟာ မဆိုးလှပါချေ။ သူမရဲ့ ညီမကိုပါ ခေါ်ခဲ့ပြီး ဤနေရာရှိ တပ်မတော်က ခင်ပွန်းတစ်ယောက်ကို ရှာစေချင်ခဲ့၏။ 


ယခုအခါ စွင်းမင်ဖန်းက နိမ့်ကျနေတဲ့ ချင်းမျန့်ကို မြင်လိုက်ရသဖြင့် ရုတ်ချည်း စိတ်သက်သာရာရသွားခဲ့၏။ ဖီးနစ်တစ်ကောင်ဖြစ်သွားခဲ့တဲ့ ဒီမိန်းကလေးကို သူမ မနာလိုအားကျခဲ့ဖူးပေမယ့် ယခုတော့ ဖီးနစ်ကနေ မြက်ခင်းပြင်မှာ နေထိုင်ရတဲ့ ကြက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ သူမရဲ့ ခင်ပွန်းကလည်း ဒီလိုကျောင်းစုတ်လေးမှာ စာသင်နေတာဟာ တကယ့်ကို ရယ်စရာပါပဲ။ ဒီလူဟာ သူမရဲ့ ယောကျ်ားလောက်တောင် မကောင်းပါဘူးဟယ်။ 


ဒါဟာ ကံကြမ္မာအလှည့်အပြောင်း ဖြစ်နိုင်လေရဲ့။ 


စွင်းမင်ဖန်းက ယခုရက်ပိုင်းအတွင်း ချင်းမျန့်ကို လာမကြည့်ဘဲ မနေနိုင်ဖြစ်နေပြီး သူမရဲ့ လက်ရှိအခြေအနေကို ကြည့်ရင်း စိတ်သက်သာရာရနေလျက်။ 


အခုတော့ ဒီမိန်းကလေးကို သူမရဲ့ ခြေထောက်အောက်မှာ နင်းချေနိုင်ပြီဟ


"ချင်းမျန့်ရေ ကျေးဇူးပြုပြီးတော့ ငါ့ညီမရဲ့ အဝတ်အစားတွေကို ပြင်ပေးပါဦး။ နင် အဝတ်အစားတွေကို မပျက်စီးအောင်လို့ သတိထားရမယ်နော်။ ငါ့ညီမက အရင်လိုမဟုတ်တော့ဘူး၊ သူမက ရေတပ်အရာရှိတစ်ဦးနဲ့ အိမ်ထောင်ကျသွားတာလေ..." စွင်းမင်ဖန်းက ကြွားလုံးထုတ်ပါတော့သည်။ 


ချင်းမျန့်က ဘာသိနိုင်မှာလဲ? စွင်းမင်ဖန်းဆိုတဲ့ သူမကိုယ်တိုင်မှ ရာထူးတွေ၊ ဂုဏ်ဒြပ်တွေ ခြားနားချက်တွေကို ရှင်းရှင်းလင်းလင်း နားမလည်ဘူးလေ။ 


ဘယ်လိုပဲဖြစ်ဖြစ် စွင်းမင်ဖန်းက သူမရဲ့ မတ်လေးဟာ အရမ်းပါဝါကြီးပြီး ထိုလူက တခြားသောအရာရှိခေါင်းဆောင်တွေနဲ့ အတူတူဖြစ်တယ်လို့ ခံစားရလေ၏။ 


"တကယ်လား? ကောင်းတာပေါ့!" ချင်းမျန့်က စွင်းမင်ဖန်းဟာ သူမရှေ့မှာ ကြွားဝါချင်နေမှန်း သူမသိသောကြောင့် အလိုက်သင့်လေး နားထောင်လိုက်ရုံသာ။ 


လျောင်ပြည်နယ်တွင် ချင်းမျန့် လက်ထပ်တော့မယ့်အချိန်၌ စွင်းမင်ဖန်းက အရမ်းမနာလိုဖြစ်ခဲ့ပေမယ့် ယခု သူမကို ဒီလိုမြင်လိုက်ရတဲ့အတွက် မော်ကြွားလို့မဆုံးနိုင်တော့ပေ။ 


ချင်းမျန့်လည်း သူမပြောတာကိုသာ နားထောင်နေပြီး ဘာအကြောင်းမှမပြောခဲ့ပါချေ။ သူတို့ညီအစ်မနှစ်ယောက်လုံးက သူတို့မွေးရပ်မြေကလူတွေနဲ့ သိပ်ပြီးတော့ အဆက်အသွယ်မလုပ်ချင်ကြပေ။ 


အခု သူတို့က ကျွန်းပေါ်မှာဆိုတော့ မွေးရပ်မြေကလူတွေနဲ့ အဆက်အသွယ်မရှိတော့ဘူးလေ။ 


"ငါ့ညီမ အိမ်ထောင်ကျတဲ့ယောကျ်ားက အရမ်းတော်တာ။ သူတို့အိမ်ထောင်ကျပြီးတော့ မိသားစုခြံဝင်းထဲမှာ နေတယ်လေ။ အိမ်ကအရမ်းလှတာပဲ၊ အုတ်နဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်..." 


"ငါ့ညီမဝတ်ထားတဲ့ ဂါဝန်နဲ့ ဒီဖိနပ်အဖြူတွေကို ကြည့်လိုက်၊ မလှဘူးလားဟယ်


ချင်းမျန့်က သူမကို စကားပြောချင်စိတ်နည်းလေလေ စွင်းမင်ဖန်းက ပို၍စိတ်လှုပ်ရှားလာလေလေပင်။ 


ထို့ကြောင့် သူမက ပိုပြီးပြောချင်လာကာ "ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်နော်။ တခြားသူတွေကို ပြန်မပြောနဲ့ဦး။ ငါ့ညီမ အိမ်ထောင်ကျတဲ့ အဲဒီယောက်ျားက ခေါင်းဆောင်တစ်ယောက်လေ။ သူ့နာမည်က လုယန်တဲ့ - တပ်မဟာရဲ့ လု နဲ့ မီးတောက်ရဲ့ ယန်လေ။ သူ့မိသားစုကလည်း ပညာတတ်တွေဆိုတော့ ဒီနာမည်ကို ပေးခဲ့ကြတာ-" 


"အဟွတ် အဟွတ် အဟွတ်..." ရေသောက်နေတဲ့ ချင်းရို့က ရေသီးလုမတတ်ဖြစ်သွားရ၏။ 


တစ်ယောက်ယောက်ဆီက ကြွားလုံးထုတ်ခံရတဲ့ ထိုနာမည်ကို သူမကြားလိုက်ရတာ တိုက်ဆိုင်မှုပဲလားဟ? လုမျိုးရိုးနဲ့ စစ်ဦးစီးချုပ်နောက်ထပ်တစ်ယောက်ရှိတာလား


ချင်းမျန့်: "…" 


Thanks for reading!