၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၉၁)
ကျန်းဖျင်က ခင်ပွန်းဖြစ်သူရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို တိတ်တဆိတ် နားထောင်ခဲ့လျက်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ မကြာသေးမီက ပင်လယ်လေပြင်း တိုက်ခတ်သွားခြင်းကြောင့် ဒီလူဟာ *လေမှုတ်ထုတ်နိုင်နေတာပဲ။ (*ကြွားဝါလွန်းတယ်)
အကြွားလွန်ပြီး အကျနာမှာကို မကြောက်ဘူးလားမသိပါဘူး...
ဘေးအိမ်က လောင်ဝမ်ဟာ မျက်နှာထားတင်းတင်းကြီးနဲ့ နားထောင်နေလျက် "လောင်လုရေ အဲဒါတွေမပြောနဲ့တော့။ မင်းရဲ့ သားရှောင်ယန် လက်ထပ်လိုက်တဲ့ မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာကို ငါမသိထားလို့လားကွာ?"
သူမက လှတာအပြင် တခြားပြောစရာရှိသေးလို့လား?
သနားစရာပဲ... တကယ်သနားစရာပါပဲကွာ...
လောင်ဝမ်ဟာ သူ့သူငယ်ချင်းဆီမှာ ရလာနိုင်တဲ့ လှတပတမြေးမလေးအတွက် လုံးဝချဥ်စူးမနေသလို လုံးဝအားကျနေခြင်းမရှိပါချေ။
ပထမဆုံးအနေနဲ့ လင်မယားနှစ်ယောက်ဟာ မြေးမလေးတစ်ယောက်မွေးရလောက်အောင် သဟဇာတဖြစ်နေရမှာလေ။
"အရင်ဦးဆုံး ငါ့သားအိမ်ကို သွားကြတာပေါ့။ ငါ့သားအငယ်ဆုံးလေးနဲ့ ချွေးမလေးတို့က လမ်းကြောင်းမှန်ပေါ်ရောက်နေကြပြီလေကွာ"
(T/N: လောင်ဝမ်က သူ့သားရဲ့ အိမ်ထောင်ရေးက အေးချမ်းနေတယ်လို့ပြောတာပါ၊ သူတို့က လုယန်တို့စုံတွဲကို ရန်တွေဖြစ်၊ အဆင်မပြေဘူးလို့ ထင်နေကြတာနော်)
သူတို့အဖွဲ့ ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် တောင်ဘက်သို့ ခရီးထွက်လာကတည်းက လောင်ဝမ်ရဲ့ သားအိမ်သို့ ဦးစွာသွားရပေမည်။
လုကျုံးရီ အလွန်မဆင်မခြင်ကြွားဝါနေရတဲ့ အကြောင်းရင်းသည်ကား သူ့သားအငယ်ဆုံးဟာ တောင်ဘက်အစွန်းဆုံးမှာ ရှိနေတာဖြစ်၍ လောင်ဝမ်တို့ကို လမ်းတစ်ဝက်မှာ ခါထုတ်ပစ်ခဲ့လို့ရသောကြောင့်သာ။ သူတို့ရဲ့ ချွေးမလေးက ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ကိုယ်တိုင်လည်း မမြင်ဖူးသေးဘူးလေ။
လောင်ဟယ်ရဲ့ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့ရဲ့ ငြင်းခုံသံတွေကို နားထောင်နေရင်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပွဲကြည့်နေလေသည်။
(T/N: အစက ကိုယ်ထင်တာ ၄ယောက်ပဲလာတယ်ထင်လို့ နောက်တစ်ယောက်ထပ်ပါလာသေးတယ်နော်၊ ပေါင်း ၅ယောက် ခရီးထွက်လာကြတာ)
သူက ပွဲကြည့်ဖို့လာရုံသက်သက်ပါပဲ။
(T/N: ဒီလူအိုကြီးရဲ့ စိတ်ဓာတ်လေးတခုဟာ... 😂)
လောင်ဝမ်၊ လောင်လုနှင့် သူတို့အဖွဲ့ဟာ လောင်ဝမ်ရဲ့ သားအိမ်သို့ ဦးစွာရောက်ရှိခဲ့သည်။ တိုက်ဆိုင်မှုပဲလားတော့မသိပါချေ။ သူတို့ရောက်ရောက်ချင်းမှာပဲ လောင်ဝမ်ရဲ့ သားအငယ်ဆုံးနှင့် သူ့ချွေးမအငယ်ဆုံးတို့က ရန်ဖြစ်နေခဲ့ကြကာ နောက်ဆုံးတွင်မူ သူတို့ကို စည်းရုံးနိုင်သွားခဲ့သည်။
ရဲဘော်လုကျုံးရီက အခွင့်အရေးယူကာဖြင့် စနောက်လေ၏။ "လောင်ဝမ်ရေ မင်းရဲ့သားနဲ့ ချွေးမလေးတို့က အတော်လေးကို သဟဇာတရှိတာပဲကွာ"
လောင်ဝမ်လည်း ဂုဏ်သိက္ခာအတွက် သူ့ကိုယ်သူ အတတ်နိုင်ဆုံးကြိုးစားကာ "ဒီတခေါက်က မတော်တဆဖြစ်သွားတာပဲဟေ့။ ငါ့သားနဲ့ချွေးမက ပုံမှန်ဆို အရမ်းချစ်နေကြတာပဲ။ ဟုတ်တယ်၊ သူတို့နှစ်ယောက်က အရမ်းကိုသဟဇာတရှိကြပြီးတော့ ရန်ဖြစ်ခဲပါတယ်ကွာ။ သူတို့အိမ် ဘယ်လောက်သန့်ရှင်းသပ်ရပ်နေလဲ ကြည့်လိုက်"
"လောင်လုရေ မင်းရဲ့သားနဲ့ ချွေးမတို့ကရော ရန်မဖြစ်ဘူးလို့ မင်းထင်နေလား? မင်းလုယန်ရဲ့ ဒေါသကြီးပုံမျိုးနဲ့ဆိုရင်တော့... မင်းအသိစိတ်ပေါ်အခြေခံပြီး ပြောနိုင်သလားဟေ?"
မည်သို့ပင်ဆိုစေကာမူ လုကျုံးရီဟာ ဒီလူက သူတို့နောက်ကို လိုက်လာမှာမဟုတ်တော့ဘူးလို့ တွေးထင်ထားရာ မော်ကြွားစွာဖြင့် ပြောလာလေ၏။
"ဘယ်သူပြောတာလဲကွ? မင်းကျတော့ မင်းရဲ့သားနဲ့ ချွေးမက ဆက်ဆံရေးကောင်းတယ်လို့ ပြောတယ်ပေါ့၊ ငါ့သားလည်း သူ့မိန်းမနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါပြောခဲ့တယ်လေ။ ငါ့သားဆို သူ့မိန်းမကို ကူညီပြီးတော့ မြေပေါက်ပေး၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ အတူတူစိုက်ပျိုးကြတာလေ"
လောင်ဝမ်: "…"
ရဲဘော်ဟောင်းလုရေ... မင်း နည်းနည်းချဲ့ကားလွန်းနေတာလားကွာ။
လုယန်က မြေပေါက်ပေးပြီး ပန်းတွေစိုက်တယ်ပေါ့လေ?
"နှုတ်ဆက်ပါတယ်ကွာ လောင်ဝမ်ရေ၊ နောက်မှ ကျောင်းသောင်မှာ တွေ့ကြတာပေါ့"
ရဲဘော်လုကျုံးရီဟာ ရှိုးကောင်းကောင်းကို ကြည့်ပြီးနောက် ကျေနပ်အားရစွာ ပြောလိုက်လေ၏။
"အာ... မဟုတ်ပါဘူး၊ ဘာလို့နောက်မှတွေ့ရမှာလဲ သူငယ်ချင်းရာ။ ငါတို့အတူတူ တောင်ဘက်ကို သွားလည်ကြတာပေါ့ကွာ။ ငါ ချုံကျိုးကျွန်းကို မရောက်ဖူးသေးလို့ လျှောက်လည်ဖို့အတွက် လျှောက်ခဲ့ပြီးသား"
လုကျုံးရီ: "အို... မင်းလိုက်ချင်တာလား? မင်းရဲ့ သားနဲ့ ချွေးမတို့နဲ့ မနေတော့ဘူးလား? မင်း သူတို့ဆီ လာလည်ဖို့ ဒီကိုလာတယ်ဆိုတာ မေ့သွားတာလားကွာ?"
လောင်ဝမ်နဲ့ သူ့ဇနီးက သူတို့နဲ့လိုက်ချင်နေကြတဲ့အခါ လုကျုံးရီလည်း ထိတ်လန့်သွားရကာ ကျန်းဖျင်အား အကူအညီတောင်းဟန် ကူကယ်ရာမဲ့နေတဲ့ အကြည့်တို့ဖြင့် ကြည့်လိုက်လေသည်။
***
ချုံကျိုးကျွန်းရှိ လုချန်ဆိပ်ကမ်း၌ သူတို့ သင်္ဘောပေါ်မှ ဆင်းပြီးသည်နှင့် ဘာစကားမှ မပြောကြတော့ဘဲ လောင်လုတို့က လောင်ဝမ်၊ သူ့မိန်းမနဲ့ လောင်ဟယ်တို့အား လုမိသားစုရှိရာ မိသားစုခြံဝင်းဆီသို့ လည်ပတ်ရန် ခေါ်ဆောင်သွားရတော့သည်။
"သွားရအောင် လောင်လုရေ၊ စိတ်ဆိုးမနေပါနဲ့ကွာ"
သူတို့အဖွဲ့က မိသားစုခြံဝင်းအတွင်း စုံစမ်းမေးမြန်းကြတဲ့အခါ လူငယ်လေးတစ်ယောက်က လမ်းညွှန်ပေးခဲ့လေ၏။
လုကျုံးရီတို့ဇနီးမောင်နှံက ခွေးကိုက်ခံထားရတဲ့ ခြံဝင်းရှေ့တွင် တိတ်တဆိတ် ရပ်လိုက်ကြလေရဲ့....
ဒီအိမ်ပဲဖြစ်မယ်...
အစတုန်းကတည်းက ခြံဝင်းဟာ သနားစရာကောင်းနေလိမ့်မှာပဲလို့ သူတို့ ထင်ထားခဲ့သော်လည်း ဒီလောက်ထိစုတ်ပြတ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါချေ။
လုဇနီးမောင်နှံဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ "…"
အသက်ရှုကြပ်လုနီးပါးဖြစ်သွားရလျက်။
ဟေ့ မင်းခြံက ဘာလို့ဒီလိုဖြစ်နေတာလဲဟ?!
***
လုကျုံးရီတို့ဇနီးမောင်နှံမှာ တိတ်ဆိတ်နေလျက်။
နံဘေးရှိ လောင်ဝမ်မှာ အနှီစုံတွဲရဲ့ အမူအရာကို မြင်တော့ ပျော်ရွှင်သွားလေ၏။
ကြည့်စမ်း၊ ကြည့်စမ်း၊ ဒါကို ဘာလို့ခေါ်တာပါလိမ့်? ဖုန်းရွှေအလှည့်အပြောင်းပဲကွ! (လုယန်ရဲ့အဖေက အရမ်းကြွားထားတော့ သူ့ဒဏ်နဲ့သူ ပြန်ခံရတယ်လို့ ပြောတာပါ)
လောင်ဝမ်က လုကျုံးရီဆီ ကမန်းကတန်းဖြင့် လက်ဟန်အမူအရာပြ၍ "လောင်လုရေ... ကျစ် ကျစ်... မင်းရဲ့ ရှောင်လု မြေတွေကလည်း ကျင်းတွေနဲ့ကွာ၊ ပြောတော့ ဟင်းသီးဟင်းရွက်တွေနဲ့ ပန်းပင်တွေ စိုက်ထားတာဆို၊ ဒါက တကယ်ပဲ..."
"လောင်ဟယ်ရေ၊ မိန်းမရေ၊ ကြည့်စမ်းပါဦး၊ ဒီခြံက တကယ့်ပဲ သူတို့ခြံဖြစ်ရမယ်။ လုယန်ငယ်ငယ်ကတည်းက ငါ့မျက်စိရှေ့မှာပဲ ကြီးပြင်းလာခဲ့တာလေ"
"နှိုင်းယှဥ်ချက်ကြီးက သေလောက်တယ်ကွာ။ ဘေးအိမ်က ခြံဝင်းကို ကြည့်လိုက်ဦး၊ ဘယ်လောက်တောင် လှလိုက်သလဲကွာ။ အသီးတွေ၊ ပန်းပွင့်တွေကို ကြည့်လိုက်စမ်း။ အရမ်းလှပနေတာပဲကွာ၊ ဒီအိမ်ပိုင်ရှင်က အရမ်းတော်တာပဲဖြစ်ရမယ်"
"အိုးမိုင်ဂေါ့ ဒီနေရာမှာ အဆင်သင့်လုပ်ထားပြီးသားရှိနေပြီဆိုပေမယ့် တချို့လူတွေက အဲဒါတွေကို အတုယူလို့တောင်မရပါဘူးကွာ" လောင်ဝမ်က ရယ်မောလှောင်ပြောင်လေ၏။
ရဲဘော်လုကျုံးရီမှာ ပြောစရာစကားမရှိသလို ချေပစရာစကားတစ်ခွန်းတောင် တကယ့်ကို မရှိဘူးပဲ!
သူတို့ စိုက်ပျိုးထားခဲ့ဖူးတဲ့ ဟင်းသီးဟင်းရွက်တွေနှင့် ပန်းပင်တွေကို ပြန်တွေးကြည့်မိသွားတဲ့အခါ သူ့သားအတွက်လည်း ဤအရာမှာ လွယ်ကူမည်မဟုတ်မှန်း သူသိပေသည်။
လုကျုံးရီ တံတွေးမျိုချလိုက်ကာ သူ့မိန်းမဖြစ်သူ ကျန်းဖျင်ကို အကူအညီတောင်းလိုက်၏ - မိန်းမရေ ငါတို့ ဘာလို့များ လှည့်မပြန်သွားကြတာလဲကွာ?
ကျန်းဖျင် သူ့ကို အကြည့်တစ်ချက်ပေးလိုက်ရင်း - ဝင်သွား။
"ငါတို့ တံခါးမခေါက်ရသေးဘူးမလား? တစ်ချက်သွားကြည့်ကြတာပေါ့ကွာ။ လောင်ဟယ် မင်းအထင်ရော?"
"တခြားခြံဝင်းကို ကြည့်ပါဦး၊ သူတို့အိမ်ဘေးမှာ စံပြအတွဲတစ်တွဲ နေနေတာများလား?"
လောင်ဝမ်နှင့် လောင်ဟယ်တို့ နှစ်ယောက်သား တစ်ယောက်တစ်လှည့် မှတ်ချက်ပေးနေကြရာ လုကျုံးရီကတော့ သူ့နှလုံးသားထဲတွင် ချမ်းစိမ့်လာချေပြီ။
ယခုတော့ သူ့ရဲ့မျှော်လင့်ချက်တွေဟာ အနိမ့်ဆုံးသို့ လျော့ကျသွားခဲ့လေပြီ။ သူ့သားအငယ်ဆုံးလေးနှင့် ချွေးမလေးတို့ဟာ သူတို့အရှေ့မှာ ရန်မဖြစ်ကြသရွေ့တော့ သူကျေးဇူးတင်မိမှာပါကွာ။
"ပါး! မား! ဦးလေးဝမ်! ဦးလေးဟယ်! ဒေါ်လေး! အားလုံးက ဘာလို့ ဒီကိုရောက်နေတာလဲဗျ?"
Thanks for reading!