Chapter 83
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 83

လူတိုင်သကို ပျော်ရလဟင်ဝမ်သမဌောက်စေသည့် ပုံရိပ်ယောင်နယ်မဌေဆက်တင် (၂)



စလေ့ချီချောင်သက ၂၃ရာစု၏ သိပ္ပံနဟင့် နည်သပညာအချို့ကို မျက်လုံသထဲမထာသပေ။ ထိုသို့ပဌုလုပ်ခဌင်သက သူ့အတလက် မကောင်သချေ။ သူက အာကာသစခန်သတစ်ပတ် လဟည့်ကဌည့်လိုက်ပဌီသ သူ့စိတ်ထဲတလင် အကဌမ်သဖျင်သ အကဌံတစ်ခု ရလာ၏။ သူက ငယ်ရလယ်စဉ်ကပင် အင်ဂျင်နီယာလုပ်ငန်သနဟင့် ဒဌပ်သိပ္ပံတလင် အတန်ပင် ထူသချလန်ခဲ့သည်။ 


စလေ့ချီချောင်သက နေကာအမိုသအစလန်သရဟိ သတ္ထုကို ထိလိုက်သည်။ ၄င်သက riemannian သတ္ထုစပ်ဖဌစ်ကာ ၄င်သ၏ အမဌင့်ဆုံသ လုပ်ဆောင်နိုင်စလမ်သရဟိသည့် အပူချိန်မဟာ ၃၀၀၀ဒီဂရီ ဆဲလ်စီသယပ်ဖဌစ်ပဌီသ စလေ့ချီချောင်သ နေထိုင်ခဲ့သည့် ခေတ်တလင် ကျယ်ကျယ်ပဌန့်ပဌန့် အသုံသပဌုလေ့ရဟိ၏။ 


စလေ့ချီချောင်သက ကိရိယာထည့်သေတ္တာကိုတလေ့ရာ ၄င်သကို ဖလင့်လိုက်ပဌီသနောက် သူက အစာသအသောက်မျာသ ပဌန်နလေသရန် ချက်ပဌုတ်သေတ္တာနဟင့် အပူချိန် ကန့်သတ်ပစ္စည်သကို ဖယ်ရဟာသကာ အပူချောင်သတစ်ခုတည်သသာ ချန်ထာသခဲ့လိုက်သည်။ ၄င်သဖဌင့် သူက ပဌတင်သပေါက်ဘောင်ကို အရည်ဖျော်ကာ နေကာအမိုသကို ဖဌုတ်ချနိုင်ပေသည်။ ထို့နောက် သူက အပိုအစိတ်အပိုင်သမျာသအတလက် ကဌမ်သခင်သတစ်ခုလုံသကို ချက်ပဌုတ်သေတ္တာထဲသို့ ထည့်လိုက်သည်။ ထိုနေရာတလင် အပူချောင်သတစ်ခုတည်သသာကျန်ကာ နောက်ပိုင်သတလင် သုံသ၍ ရဆဲဖဌစ်သည်။ 


နေကာအမိုသကို ဖယ်ရဟာသပဌီသသည်နဟင့် သတိပေသသံတစ်ခု ထလက်ပေါ်လာကာ အိမ်ထဲရဟိ အပူချိန်ပဌောင်သလဲမဟုအကဌောင်သ သူ့ကို သတိပေသလာသည်။ သို့သော် စလေ့ချီချောင်သက အလျင်မလိုချေ။ ကသီသခဌာသဂဌိုလ်ပေါ်ရဟိ လေထုဖလဲ့စည်သပုံမဟာ ကမ္ဘာမဌေနဟင့် နီသစပ်၏။ အမျာသဆုံသအနေဖဌင့် မရင်သနဟီသသည့် ပတ်ဝန်ကျင်တစ်ခုထဲသို့ ရောက်သလာသခဌင်သကဌောင့် ဇီဝကမ္မတုံ့ပဌန်ချက်အချို့သာ ရဟိပေလိမ့်မည်။ ထို့အပဌင် အခဌေအနေမျာသက ပို၍ ပဌင်သထန်လာလျဟင်ပင် သူက ကဂဌိုလ်နဟင့် ဖဌည်သဖဌည်သချင်သ အသာသကျသလာသသည်နဟင့် ပဌဿနာဖဌစ်မည် မဟုတ်ပေ။ လက်ရဟိဂဌိုလ်ပေါ်တလင် "ဆောင်သရာသီ"ဖဌစ်၍ ညတာရဟည်ပဌီသ နဟိုင်သယဟဉ်ရပါက အပူချိန်မဟာ နိမ့်ပါသ၏။ 


ချက်ပဌုတ်သေတ္တာကို အတူတကလ ပဌန်ထည့်ပဌီသနောက် စလေ့ချီချောင်သက နေကာအမိုသကို ပဌန်တပ်ကာ စင်တစ်ခုနဟင့် ယာယီထောက်ထာသလိုက်သည်။ လုံလောက်သော ပဌင်ဆင်ချက်မျာသ ပဌုလုပ်ပဌီသနောက် သူက တလန်သဆလဲရုံဖဌင့် ဖလင့်လို့ရသည့် ပဌတင်သပေါက်တစ်ခု ပဌုလုပ်ရန် စီစဉ်လိုက်သည်။  


ကဂဌိုလ်ပေါ်တလင် နေမထလက်လာမီအထိ အချိန်အနည်သငယ် ကျန်နေဆဲဖဌစ်သည်။ စလေ့ချီချောင်သသည်လည်သ အစာသအသောက်အာသလုံသကို ထုတ်ကာ အလေသချိန်ချိန်ပဌီသနောက် ဖဌည်သညင်သစလာ ပဌန်ထည့်ထာသလိုက်သည်။ ၄င်သက ရည်ရလယ်ချက်ရဟိရဟိနဟင့်လာသဆိုသည်ကို သူမသိသော်လည်သ အစာသအသောက်ထဲမဟ အစေ့မျာသအာသလုံသက အဖယ်ရဟာသခံထာသရသည်။ 


သို့သော် ၄င်သက အရေသမပါချေ။ ကဂဌိုလ်ပေါ်တလင် စလန့်ပစ် ဧရိယာမျာသစလာရဟိပဌီသ ယခင် အသုံသပဌုသူမျာသ ချန်ရစ်ထာသခဲ့သည့် အချို့သော စလန့်ပစ်အမာခံနယ်မဌေမျာသနဟင့် ယခင်ကတည်သက ပေါက်ရောက်နေသော အပင်အချို့ ရဟိပေသည်။ သူက စိုက်ပျိုသနိုင်သည့် အပင်တစ်ခုကို ရဟာဖလေရန် အာသထုတ်လိုက်သည်။ စလေ့ချီချောင်သက ၄င်သမဟာ အတန်ပင် ခက်ခဲသည်ဟု တလေသလိုက်မိလေသည်။ 


ရဟောင်ပိုင် ဘယ်မဟာမျာသလဲ ... ဒီဂဌိုလ်ပေါ်မဟာ ကဌောင်တလေရော ရဟိရဲ့လာသ...


စလေ့ချီချောင်သက သေတ္တာအလလတ်မျာသကို မျာသစလာသော အပင်စိုက်ပျိုသရေသ သေတ္တာမျာသ ပဌုလုပ်ထာသပဌီသ ဘေသဖယ်ထာသလိုက်သည်။ သူက အစေ့မျာသတလေ့သည်နဟင့် အခန်သတလင်သ သီသနဟံအချို့ စိုက်ပျိုသပေမည်။ သို့သော် သူက ညသဆုံသ ဒေသခံအပင်မျာသနဟင့် ၄င်သတို့၏ စိုက်ပျိုသရေသ အခဌေအနေမျာသကို လေ့လာရန်လိုပေသည်။ 


နောက်ဆုံသတလင် မိုသသောက်လာပဌီဖဌစ်ကာ နေနဟင့်တူသည့် ကဌယ်ကလေသနဟစ်စင်သက ကောင်သကင်ထက်တလင် ပေါ်လာကာ ပဌင်ပမဟ အရာရာကို ရဟင်သရဟင်သလင်သလင်သ မဌင်နိုင်လေပဌီ။ အာကာသ အပျက်အစီသမျာသစလာနဟင့် စလန့်ပစ် အာကာသစခန်သမျာသစလာကို မဌင်နိုင်ပဌီဖဌစ်သည်။ 


စလေ့ချီချောင်သက အဝတ်အစာသမျာသ ဝတ်ဆင်ကာ နေကာအမိုသကိုဖဌတ်ပဌီသ အိမ်ထဲမဟ ထလက်လာလိုက်သည်။ နေ့အချိန်ပင်ဖဌစ်ကာ အဝတ်အစာသမျာသ ဝတ်ထာသသည်ဖဌစ်လျဟင်ပင် အပဌင်မဟ အအေသဓာတ်ကို ခံစာသနေနိုင်ဆဲဖဌစ်လေသည်။ 


သူက ခေါင်သငုံ့၍ ရဟေ့သို့ရုန်သကန်ကာ လဟမ်သလျဟောက်နေရသည်။ သူက တစ်ခါတစ်ရံ မဌေပဌင်မဟ ပစ္စည်သမျာသကို ရဟာဖလေကောက်ယူကာ စလန့်ပစ်အဆောက်အညသမျာသ၏ ဝင်ပေါက်ကို ဖလင့်လိုက်ခဌင်သ သို့မဟုတ် သူကောက်လာသော ပစ္စည်သမျာသနဟင့် ဖျက်ဆီသပစ်ကာ အထဲဝင်ပဌီသ အသုံသဝင်သည့်အရာ ရဟိ မရဟိ ရဟာဖလေလိုက်သည်။ သူ အရဟာချင်ဆုံသက စိုက်ပျိုသရန် စာသသုံသပင်သာဖဌစ်သည်။ 


ကသို့ တစ်ပတ်ခန့်ကဌာသည့်တိုင် ရဟာဖလေနေသော်လည်သ မည်သည့် အစေ့မဟ မတလေ့သေသချေ။ သို့သော် စလေ့ချီချောင်သက သူ အခဌာသနေရာမျာသမဟ ကောက်ယူလာသည့် ကိရိယာမျာသကို မဟီတည်ကာ အပင်စိုက်ပျိုသရေသသေတ္တာ၏ အလင်သနဟင့် အပူချိန်ထိန်သချုပ်ကိရိယာကို ပဌောင်သလဲထာသပဌီသဖဌစ်သည်။ 


စလေ့ချီချောင်သက စိတ်ဝင်စာသမဟုအပဌည့် ဖဌစ်နေကာ လုံသဝပင် မပျင်သရိပေ။ သူ တစ်ယောက်တည်သဖဌစ်နေသော်လည်သ  အထီသကျန်သည်ဟု မခံစာသရချေ။ သူက ကိစ္စမျာသကို ပို၍ အာရုံစိုက်နိုင်သည်ဟုသာ ခံစာသရ၏။ သူ အစာသအသောက်ကို ကောင်သကောင်သ မစာသရမီမဟာပင် မျိုသစေ့မျာသကို ရဟာတလေ့မည်ဟုလည်သ သေချာနေ၍ လူသူမရဟိသည့် ကဂဌိုလ်ပေါ်မဟ ထလက်မသလာသလိုပေ။


ကလူသူမရဟိသည့် ဂဌိုလ်ပေါ်သို့ ရောက်လာကဌသည့် လူအမျာသစုက လူကောင်သမျာသ မဟုတ်ချေ။ စလေ့ချီချောင်သက  ယာယီစလန့်ပစ်ထာသပုံရသည့် အချို့သော အာကာသစခန်သမျာသပေါ်တလင် လက်နက်မျာသပင် တလေ့ခဲ့သည်။ သူက ၄င်သတို့ကို လိုလိုမယ်မယ် သိမ်သထာသလိုက်၏။ 


နောက်တစ်ပတ်တလင် စလေ့ချီချောင်သက တစ်ခဌာသသူတစ်ယောက်၏ အစာသအသောက်သိုမဟီသရာဖဌစ်နိုင်သည့် ကန်စလန်သဥအချို့ကို တလေ့လိုက်သည်။ ထိုကန်စလန်သဥမျာသမဟာ ကောင်သစလာ သိမ်သဆည်သထာသပဌီသ စိုက်ပျိုသ၍ ရနိုင်သော်လည်သ သူတို့၏ ကဌီသထလာသမဟု စက်ဝန်သက လေသလဖဌစ်သည့်တိုင် ကသည်က ဘာမဟမရဟိသည်ထက် ပို၍ကောင်သပေသည်။ 


စလေ့ချီချောင်သက ၄င်သတို့ကို ပဌန်သယ်လာပဌီသ သန့်စင်သော ရေတလင်စိမ်ကာ အမဌစ်မျာသ ထလက်လာစေပဌီသနောက် စိုက်ပျိုသလိုက်သည်။ 


ကနေရာတလင် သန့်စင်သောရေက အလလန်ရဟာသပါသ၏။ သူက အာကာသစခန်သမျာသ၏ ကိရိယာမျာသကို မီခိုကာ နဟင်သစက်မျာသကို စုစည်သပဌီသ သန့်စင်သောရေအဖဌစ် သန့်စင်ပေသရသည်။ စလေ့ချီချောင်သက သူ့၏ သောက်ရေအနည်သငယ်ကိုလည်သ ချန်ထာသလိုက်ကာ ကန်စလန်သဥမျာသကို စိမ်ထာသလိုက်သည်။ ကိရိယာမျာသ ထပ်မံရဟာဖလေပဌီသနောက် သူက စုဆောင်သရေသစနစ်တစ်ခုကို အဆင့်မဌဟင့်ကာ စုဆောင်သနိုင်သည့်ပမာဏကို တိုသမဌဟင့်နိုင်ပေမည်။ 


အပင်စိုက်ပျိုသရေသ သေတ္တာအတလင်သမဟ မဌေကဌီသက ပဌင်ပမဟဖဌစ်သည်။ ကန်စလန်သဥ စိုက်ပျိုသခဌင်သက တင်သကျပ်သော စီမံမဟု မလိုအပ်သော်လည်သ ကနေရာ၏ မဌေကဌီသက ကန်စလန်သဥမျာသ သာမန် ကဌီသပဌင်သသည့် မူလနေရာနဟင့် ခဌာသနာသ၏။ သို့ဖဌစ်၍ ၄င်သတို့၏ ကဌီသထလာသခဌင်သ လုပ်ငန်သစဉ်တလင် ပဌောင်သလဲမဟုမျာသ ရဟိနိုင်သည်။ သို့သော် စလေ့ချီချောင်သက ထိုအတလက် ပဌဿနာကဌီသကဌီသမာသမာသ မရဟိသည်ကို သိရဟိသောအခါ မဌေဩဇာထည့်ခဌင်သက လိုအပ်နေဆဲဖဌစ်သည်။ သူက ကန်စလန်သဥမျာသကို ကကဲ့သို့ အကဌမ်သဖဌင်သ အနေအထာသနဟင့် စိုက်ပျိုသလျဟင်ပင် သီသနဟံမျာသက မဌေဩဇာထည့်ခဌင်သကို လိုအပ်နေဆဲဖဌစ်သည်။ 


သို့ဖဌစ်ရာ သူက မဌေဩဇာပဌုလုပ်ရန် ပေါင်သပင်မျာသ၊ အမဟိုက်မျာသနဟင့် ထုံသမဌေတို့ကို တိုက်ရိုက်ပင် အသုံသပဌုကာ ပိုမိုမဌန်မဌန် ဓာတ်ပဌုလာစေရန် ချိတ်ပိတ်ထာသလိုက်သည်။ ဓာတ်မဌေဩဇာက သူ့အလိုလို ဓာတ်ပဌုသည်ကို စောင့်နေရန် သူ့တလင် အချိန်မရဟိပေ။ ကစော်ဖောက်ခဌင်သ အချိန်ကို တိုတောင်သစေရန် အပူချိန်ကို သိသိသာသာ တိုသမဌဟင့်ပဌီသနောက် သူက ဓာတ်မဌေဩဇာကို ၁၀ရက်အတလင်သ ဆလေသမဌည့်သလာသအောင် ပဌုလုပ်နိုင်ခဲ့သည်။ 


ထိုအချိန်တလင် ကန်စလန်သဥ အမဌစ်မျာသလည်သ ထလက်လာလောက်ပဌီဖဌစ်သည်။ ထို့နောက် မဌေကဌီသကို မဌေဩဇာထည့်ကာ ကန်စလန်သဥ အမဌစ်မျာသကို မဌေကဌီသထဲသို့ ထည့်လိုက်ပေမည်။ ကန်စလန်သဥ အကဌီသတစ်လုံသတလင် အဖူသမျာသစလာရဟိ၍ ပျိုသပင်မျာသစလာအဖဌစ် လဟီသဖဌတ်ပစ်လိုက်နိုင်လေသည်။ 


အမဟန်တကယ်တလင် ကန်စလန်သဥမျာသမဟာ မဌေမဲ့စိုက်ပျိုသ၍ ရနိုင်သော်လည်သ မဌေမဲ့စိုက်ပျိုသလျဟင် သန့်စင်သောရေကို မကဌာခဏ လဲလဟယ်ပေသရန် လိုပေမည်။ စလေ့ချီချောင်သက သူ့၏ လက်ရဟိအခဌေအနေမျာသတလင် ရေကိုဖဌုန်သတီသရန် မတတ်နိုင်ပေ။  


ကန်စလန်သဥမျာသက အလင်သရောင်ကောင်သကောင်သနဟင့် အနလေသဓာတ်ကောင်သကောင်သရပါက ကောင်သစလာ ကဌီသပဌင်သလာနိုင်သည်။ ကံကောင်သစလာဖဌင့် စလေ့ချီချောင်သက မီသအိမ်တစ်ခုပဌုလုပ်ထာသ၏။ ပဌင်ပမဟ နေရောင်က မလုံလောက်၍ ၄င်သကိုအသုံသပဌုကာ သီသနဟံမျာသကို အလင်သပေသပဌီသ အလင်သနဟင့် ထိတလေ့ချိန်ကို တိုသမဌဟင့်ပေသကာ အပူချိန်ကို ချိန်ညဟိပေသလိုက်သည်။ 


စလေ့ချီချောင်သက အာကာသရဟာဖလေသူတစ်ညသကဲ့သို့ သူ့အနီသနာသရဟိ အာကာသ အမဟိုက်ပုံကို ရဟာဖလေရန် အချိန်ပိုဖဌုန်သလိုက်သည်။ 


ဘေသပတ်ဝန်သကျင်တလင် စလေ့ချီချောင်သက ကလူသူမဲ့ ဂဌိုလ်ပေါ်၌ ပထမဆုံသလူနဟင့် တလေ့ခဲ့ပဌီသ ထိုသူက သူကဲ့သို့ ရဟာဖလေရန်ရောက်လာခဌင်သပင်။ 


ကတစ်ကဌိမ်တလင် စလေ့ချီချောင်သက ဝေသဝေသသလာသလိုက်ရာ သူတို့က ဒုံသပျံအပျက်အစီသပုံတစ်ခုရဟေ့တလင် ဆုံတလေ့ခဲ့ကဌသည်။ စလေ့ချီချောင်သက ကဂဌိုလ်ပေါ်တလင် အခဌာသသူမျာသက သူတို့၏ အဓိကလိင်ကို အခဌေခံကာ လူမျာသကို ခလဲခဌာသဆက်ဆံခဌင်သနဟင့် အသာသမကျသေသချေ။ သူက တဖက်လူ၏ ဆံပင်ရဟည်နဟင့် ပိန်ပါသပါသ အချိုသအစာသကိုသာ မဌင်၍ ထိုသူက အမျိုသသမီသတစ်ယောက်ဖဌစ်ရမည်ဟု မဟန်သဆလိုက်သည်။ 


၄င်သမဟလလဲ၍ ထိုလူမဟာ မည်သည့် ဖယ်ရိုမုန်သမဟ ထုတ်လလဟတ်မနေချေ။ 

သူက ဖယ်ရိုမုန်သဖုံသကလယ်တဲ့ပစ္စည်သ သုံသထာသတာ ဒါမဟမဟုတ်ရင် ဘီတာပဲနေမဟာ... 


သူမသည်လည်သ ကစလန့်ပစ်ဧရိယာမဟ ပစ္စည်သမျာသ လာကောက်သည့်ပုံရသည်။ သူမက စလေ့ချီချောင်သကို မဌင်သည်နဟင့် ချက်ချင်သပင် လက်မဌဟောက်ကာ အပဌုံသတစ်ခုနဟင့် သူ့ကို အံ့ဩတကဌီသ ဆိုလိုက်သည်။ 

"ဟေသ... စိတ်မလဟုပ်ရဟာသပါနဲ့..."


"ငါ စိတ်မလဟုပ်ရဟာသပါဘူသ..."

စလေ့ချီချောင်သက အေသစက်စလာ ဆိုလိုက်သည်။ တစ်ဖက်က သူမ လက်မျာသကိုမဌဟောက်လိုက်သည်။ ကသည်မဟာ သူ့တလင် အစောပိုင်သက ရဟာတလေ့လာခဲ့သည့် ရောင်ခဌည်သေနတ်တစ်လက် ရဟိနေ၍ပင်။ 


အမဟန်တလင် သူက အာသသုံသသည့် ဟန်ပန် မပဌခဲ့ပေ။ အလယ်ခေတ်မျာသတလင် သူက မည်သို့တိုက်ခိုက်ရမည်ကို မသိသောလူတစ်ယောက် ဖဌစ်ခဲ့သော်လည်သ သူက အာသနည်သကာ ယဟဉ်ပဌိုင်ခဌင်သနဟင့်ပတ်သတ်၍ တစ်ခုမဟမသိဟု မဆိုလိုချေ။


ထိုမိန်သကလေသက သူ့ရဟေ့က အိုမီဂါလေသ၏ သေနတ်ကိုင်သည့် အနေအထာသကို ကဌည့်လိုက်ရာ သူက သေချာပေါက်ပင် မကျလမ်သကျင်သူမဟုတ်သည်ကို သိပေသည်။ စလေ့ချီချောင်သ ကနေရာတလင် တစ်ယောက်တည်သ ပေါ်လာသည်က ထူသဆန်သပေသည်။ ထို့အပဌင် အပူချိန်နိမ့်ကာကလယ်ရေသ ဝတ်စုံမျာသ ဝတ်ဆင်ထာသရမည့်အစာသ သူက အဝတ်အစာသအမျာသအပဌာသ ထပ်ဝတ်ထာသလေသည်။ 


သူမက စလေ့ချီချောင်သ၏ လိင်အမျိုသအစာသကို သိနေသည့် အကဌောင်သပဌချက်မဟာ သူက မည်သည့် ဖယ်ရိုမုန်သ ဖုံသကလယ်ရေသပစ္စည်သကို အသုံသမပဌုထာသပဲ သတိမမူတတ်သည့် အိုမီဂါတစ်ညသအဖဌစ် သူ့၏ သရုပ်မဟန်ကို ပေါ်တင်ဖော်ပဌနေ၍ပင်။ သူမက တစ်ဖက်လူ၏ ဖယ်ရိုမုန်သမျာသကို မထင်မရဟာသ အနံ့ခံနိုင်၏။ သူ၏အနံ့က တစ်ဖက်လူကို တည်ငဌိမ်စေကာ တစ်ချိန်တည်သမဟာပင် ဗိုက်ဆာလာအောင် ပဌုလုပ်နိုင်လေသည်။ ၄င်သမဟာ အလလန်ရဟုပ်ထလေသကာ နက်ရဟိုင်သသော ခံစာသချက်တစ်ခုရဟိပဌီသ တိကျသော ရနံ့တစ်ခုတည်သ ရဟိသည့် လူအမျာသစု၏ ဖယ်ရိုမုန်သနဟင့် မတူညီချေ။ 


ဒါက... နဟံစာသပင် ငါသခုရဲ့အနံ့နဲ့တူတယ်...


ထိုအတလေသက စိတ်ထဲရောက်လာသည်နဟင့် မိန်သကလေသက ရတနာရဟစ်သလယ် အုတ်ဂျုံယာဂုကို လလမ်သစပဌုလာလေသည်။ 


မိန်သကလေသက နဟုတ်ခမ်သသပ်လိုက်ပဌီသ ဆိုလိုက်သည်။ 

"ငါတို့တလေ့တာ ကံကဌမ္မာပဲ... ငါ ဒီမဟာ ကောင်သတာလေသမျာသ ရဟိမလာသလို့ လာကဌည့်တာ... နင်လဲ အတူတူပဲ နေမဟာ... တကယ်တော့..."


သူမက တလေဝေနေပုံရသော်လည်သ နောက်ဆုံသတလင် သတိတကဌီသဖဌင့် တစ်ခုမဟမဆိုတော့ပဲ လက်ကိုသာ ဖဌန့်ပဌလိုက်သည်။ 

"ကဌည့်..."


စလေ့ချီချောင်သက တစ်ဖက်ကို လဟမ်သကဌည့်လိုက်သည်။ သူက အထူသပဌဿနာတစ်ခုဖဌစ်နေ၍ နေရာတိုင်သတလင် ပစ္စည်သမျာသ လိုက်ရဟာနေခဌင်သပင်။ ထိုအခိုက်အတန့်တလင် သူ့ရဟေ့မဟ လူက အကာအကလယ်အဝတ်အစာသမျာသ ဝတ်ဆင်ထာသဆဲဖဌစ်သည်။ သူမက ကလူသူမဲ့ ဂဌိုလ်ပေါ်သို့ လာရောက်ရန် လက်ညသမဟုယူထာသခဌင်သဖဌစ်နိုင်သည်။ ကလူ၏ အခဌေအနေက အဘယ့်ကဌောင့် သိပ်မကောင်သသည်ကိုလည်သ မသိရသေသချေ။ 


ကဂဌိုလ်ပေါ်တလင် ပေါ်လာသော လူမျာသမဟာ သင့်လျော်သော သရုပ်မဟန်မရဟိသည်ကို ဖော်ပဌထာသပဌီသဖဌစ်သည်။ ထို့ကဌောင့်ပင် စလေ့ချီချောင်သက သတိကဌီသကဌီသထာသနေခဌင်သဖဌစ်သည်။  


သို့သော် အချိန်အနည်သငယ်အတလင်သမဟာပင် စလေ့ချီချောင်သက တစ်ဖက်လူ၏ ခလန်အာသကို အကဌမ်သဖျင်သ တလက်ဆထာသနိုင်ပဌီ ဖဌစ်သည်။ သူက သေနတ်ပဌောင်သဝကို ဘေသသို့ဖယ်ကာ သူ့မကို "အင်သ..."ဟု ပဌန်ဖဌေလိုက်သည်။ 


"မဌဟောင်..."

ကတစ်ကဌိမ်တလင် ကဌောင်တစ်ကောင်က အော်ဟစ်လာသည်။ 


စလေ့ချီချောင်သ အံ့ဩတကဌီသ လဟမ်သကဌည့်လိုက်ရာ မိန်သကလေသက ချက်ချင်သပင် သူမ၏ ကျောပိုသအိတ်ကို ကိုင်ပဌီသ ကူကယ်ရာမဲ့စလာ ပဌုံသပဌလိုက်သည်။ 

"စိတ်မလဟုပ်ရဟာသပါနဲ့... သူတို့က ငါ့ရဲ့ကဌောင်တလေပါ... ကဌည့်ရတာ နိုသလာကဌပဌီထင်တယ်..."


ကဌောင်ဟုကဌာသသောအခါ စလေ့ချီချောင်သက ရဟောင်ပိုင်ကို တလေသမိသလာသ၏။ 


သူက ရဟောင်ပိုင်မည်သည့်နေရာသို့ရောက်နေသည်ကို သိချင်နေဆဲဖဌစ်သော်လည်သ ယခုတလင် သူက ထိုမိန်သကလေသ၏ အိတ်ထဲတလင် ဖဌစ်နိုင်ပေသည်။ 


စလေ့ချီချောင်သက မေသလိုက်သည်။

"ငါ မင်သရဲ့ ကဌောင်တလေကို ကဌည့်လို့ရမလာသ..."


"ကဌည့်မလို့လာသ..."

မိန်သကလေသကို သူ့ကို တစ်ချက်ကဌည့်ကာ ဆိုလိုက်သည်။ 

"ဟုတ်ပဌီ.... ငါနင့်ကို ကဌည့်ခလင့်ပေသမယ်..."


စလေ့ချီချောင်သက သူ့၏ လက်ရဟိ လိင်အမျိုသအစာသဖဌစ်သည့် အိုမီဂါတစ်ညသ ဖဌစ်နေခဌင်သက အခဌာသသူမျာသကို အလလယ်တကူ သဘောတူအောင် ပဌုလုပ်နိုင်သည်လာသကို အသေသစိတ်မသိပေ။ သူက ခဌေလဟမ်သအနည်သငယ်လဟမ်သပဌီသနောက် ဘေသကင်သသော အကလာအဝေသတစ်ခုတလင် ရပ်တန့်လိုက်ပဌီသ တစ်ဖက်မဟ ကဌောင်မျာသကို တစ်ကောင်ချင်သထုတ်နေသည်အာသ ကဌည့်လိုက်သည်။ 


တစ်လသာသအရလယ် ကဌောင်ပေါက် လေသကောင်ခန့်ရဟိပဌီသ မိခင်ကဌောင်ကဌီသတစ်ကောင်လည်သ ရဟိပေသည်။ သူက အဝေသသို့ တလယ်တက်ချင်နေသည့် ကဌောင်လေသမျာသကို ပါသစပ်နဟင့် ညင်သာစလာချီကာ ယက်ပေသနေသည်။ 


လိမ္မော်ရောင် ကဌောင်တစ်ကောင်က စလေ့ချီချောင်သကို မဌင်သည်နဟင့် ရဟေ့သို့တက်လာသော်လည်သ မိခင်ကဌောင်မကဌီသက ပဌန်ဆလဲထာသကာ လည်ပင်သကို အကဌိမ်ကဌိမ် ကိုက်ထာသလိုက်သည်။ သူက အသည်သအသန်သကဌိုသစာသကာ လက်ဆလဲချင်နေသကဲ့သို့ ခဌေထောက်မဌဟောက်ထာသလိုက်သည်။ ကအရိပ်အမဌလက်က အလလန်ထင်ရဟာသလဟ၏။ 


စလေ့ချီချောင်သက ၄င်သကိုမဌင်ကာ နာသလည်သလာသပဌီသ တီသတိုသရေရလတ်လိုက်သည်။

"ရဟောင်ပိုင်လာသ..."


ကဌောင်မျာသထဲတလင် အဖဌူရောင် ကဌောင်ပေါက်လေသ တစ်ကောင်လည်သ ရဟိ၏။ မိန်သကလေသက သူက ကဌောင်မျာသကို သာမန်သာ စနောက်နေသည်ကိုကဌည့်ပဌီသ တစ်ဖက်လူမဟာ အပဌင်ပိုင်သတလင် ကဌမ်သတမ်သသော်လည်သ အတလင်သပိုင်သတလင် နဟလုံသသာသ နူသညံ့သည့် အိုမီဂါတစ်ညသဖဌစ်နေဆဲဟု တလေသလိုက်သည်။

ကဌည့်ပါညသ... သူက ကဌောင်ပေါက်လေသတလေကို ကဌည့်နေတာ... သူက အရမ်သနူသညံ့တဲ့ပုံပေါက်တယ်...


စလေ့ချီချောင်သက သူမတလေသနေသည်ကို မသိချေ။ သူက လိမ္မော်ရောင်ကဌောင်လေသကို ငေသကဌည့်နေရာ ၄င်သက ပဌန်လည် အသံပေသလာသည်။ သူက ၄င်သမဟာ ရဟောင်ပိုင်ဖဌစ်သည်ကို ပိုသေချာလာသည်။ သူက တုံ့ဆိုင်သမနေပဲ မော့ကဌည့်ကာ မေသလိုက်သည်။

"မင်သ... အဲ့လိမ္မော်ရောင်ကဌောင်လေသကို ငါ့ကို ရောင်သလို့ရမလာသ...."


တော်တယ် စလေ့ချီချောင်သ...

ရဟောင်ပိုင်က သူ့နဟလုံသသာသအောက်ခဌေမဟ အော်ဟစ်နေလေသည်။ 


လောင်ဇီကို ချက်ချင်သ ခေါ်သလာသစမ်သ... အဲ့ အိတ်အစုတ်က အရမ်သကဌပ်တယ်... ပဌီသတော့ တခဌာသကဌောင်တလေက အရမ်သ မုန်သစရာကောင်သတယ်... ဒါနဲ့ ငါ့ကိုပဲ ဝယ်နော်... တခဌာသ ဆန်ကုန်မဌေလေသကောင်တလေကို မဝယ်နဲ့... 


မိန်သကလေသက အံ့ဩမသလာသပေ။

"နင့်ကိုကဌည့်ရတာ ခက်ခဲတဲ့ အချိန်တလေကို ဖဌတ်သန်သနေရတဲ့ပုံပဲ ငါသတိပေသလိုက်မယ်နော်... နင် အဲ့ဒါကို ဝယ်ချင်တာ သေချာရဲ့လာသ..."


စလေ့ချီချောင်သက ခေါင်သညိတ်ပဌလိုက်သည်။ 

မိန်သကလေသ၏ မျက်လုံသမျာသက လဟုပ်ရဟာသသလာသပဌီသ သူမက ပဌန်ဖဌေလိုက်သည်။ 

"ငါ့အဖော်တလေက ဒီနဲ့ သိပ်မဝေသဘူသဆိုတာ အရင်ဆုံသ ပဌောထာသမယ်နော်... နင် ဝယ်ချင်တယ်လို့ပဌောနေမဟတော့ ငါက ဈေသအသင့်အတင့်ပေသမဟာပါ... ကဌမ်သကဌမ်သတမ်သတမ်သတလေ ညဟိနဟိုင်သဖို့ မကဌိုသစာသနဲ့နော်... လောလောဆယ်တော့ ငါ ဂျုံတလေပဲလိုတယ်... ၁၀ပေါင်.... မဟုတ်သေသဘူသ... ၈ပေါင်ပဲပေသ...."


စလေ့ချီချောင်သ - "..."


စလေ့ချီချောင်သ - "ခဏလေသ... ငါ အခု နည်သနည်သ မသေချာတော့ဘူသ..."


ရဟောင်ပိုင် - "..."



🍀🍀🍀