Chapter 86
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 86

နလေညသရောက်ပဌီ (၁)



စလေ့ချီချောင်သက အသုံသပဌု၍ရနိုင်သော ကိရိယာမျာသကို နေရာတိုင်သတလင် ရဟာဖလေနေသော်လည်သ သတ္ထုချိတ်တစ်ခုကို ရဟာမတလေ့နိုင်သေသချေ။ ထိုအစာသ သူက အိမ်လုပ်စက်ရုပ်ကလေသ အမျာသအပဌာသ ရဟာတလေ့ခဲ့၏။ သူက ၄င်သတို့ကို ပဌန်သယ်လာကာ ခေါင်သလုံသလုံသလေသနဟင့် ဂျီဩမေထဌီဆိုင်ရာ စက်ရုပ်မျာသ ပါဝင်သည်။ တဌိဂံနဟင့် လေသထောင့်ပုံဆိုင်ရာ ပုံသဏ္ဍာန်မျာသလည်သ ရဟိပေသည်။ သူတို့ကို အတူတကလ ထာသလိုက်လျဟင် ကဌည့်ရအလလန်ကောင်သပေသည်။ ထိုစက်ရုပ်မျာသ၏  မျက်နဟာပဌင် ဖလဲ့စည်သပုံနဟင့် အရောင်မဟာ တူညီသော်လည်သ ပုံစံအမျိုသမျိုသ ကလဲပဌာသသည်။ 


စလေ့ချီချောင်သက သူတို့၏ ရဟိရင်သစလဲ အချိုသကျ သဏ္ဍာန်နဟင့် သူတို့ကို အရောင်တင်ရန်မလိုအပ်သော အချက်ကို နဟစ်သက်၏။ သူက တဌိဂံနဟင့် လေသထောင့်ပုံ စက်ရုပ်မျာသ၏ အခလံမျာသကို တစဆီဖဌုတ်လိုက်သည်။ ၄င်သတို့မဟာ အိမ်သုံသစက်ရုပ်မျာသဖဌစ်သော်လည်သ ဒီဇိုင်သမဟာ တခဌာသဂဌိုလ်မျာသ၏ ပတ်ဝန်ကျင်မျာသအတလက် မသင့်လျော်၍ အသုံသပဌုထာသသောပစ္စည်သမျာသက အရည်အသလေသမဌင့်၏။ 


မမျဟော်လင့်ထာသသည်မဟာ စက်ရုပ်မျာသတလင် စလမ်သအင်ကျန်ရစ်နေဆဲဖဌစ်ပဌီသ ၄င်သမဟာ နေရောင်ခဌည်စလမ်သအင်ဖဌင့် လည်ပတ်သည်ကို တလေ့လိုက်ရသည်။ သူတို့က ကနေရာတလင် စလန့်ပစ်ခံထာသရပဌီသနောက် အလိုအလောက် sleep mood ဖဌစ်သလာသခဌင်သပင်။ စလေ့ချီချောင်သက ၄င်သကို ဖဌုတ်လိုက်လိုက်ချင်သမဟာပင် စက်ရုပ်တစ်ရုပ်က အလိုလို စက်နိုသလာပဌီသ လျဟပ်စစ်အသံဖဌင့် ဆိုလာသည်။ 

"သူငယ်ချင်သလေသ ဘာလို့ ငါ့ကို တစ်စစီ ဖဌုတ်နေတာလဲ..."


လျဟပ်စီသအသံကဌောင့်သာမဟုတ်ပါက ၄င်သ၏ အသံမဟာ အလလန်စစ်မဟန်ပဌီသ အတန်ပင် မာစပ်စပ်နိုင်လေသည်။ 


ထို့အပဌင် စက်ရုပ်ထဲတလင် မည်သည့် ဈေသကဌီသသည့် အစိတ်အပိုင်သမဟ မရဟိချေ။ သို့သော် လူအမျာသစုက သူတို့၏ အိမ်သုံသစက်ရုပ်မျာသ၏ ဘာသာစကာသကို အဆင့်မဌဟင့်လိုကဌသည်။ ကနည်သဖဌင့် သူတို့ကို အစာသစာသရန်မလိုသည့် အိမ်မလေသတိရိစ္ဆာန်မျာသအဖဌစ်အသုံသပဌုနိုင်ပေသည်။ 


စလေ့ချီချောင်သက ၄င်သ၏ ရင်ဘတ်အစိတ်အပိုင်သကို ယူကာဆိုလိုက်သည်။

"ငါ ထလန်စက်တစ်ခုလိုနေလို့... မင်သရဲ့ သတ္ထုပဌာသကို ငဟာသချင်လို့..."


စက်ရုပ်က ဆိုလိုက်သည်။

"ငါ ရဲခေါ်မယ်..."


စလေ့ချီချောင်သက ပဌုံသလိုက်သည်။ စက်ရုပ်၏ အာသစိုက်ထုတ်မဟုက အလဟဿပင်။ ၄င်သက အင်တာနက်နဟင့် မချိတ်ဆက်နိုင်ပေ။ 


စက်ရုပ်က ၄င်သကို တလေ့ရဟိသလာသပုံရပဌီသ အလိုအလျောက် ပဌန်ဖဌေလိုက်သည်။

"ငါ့ရဲ့ အသက်ကို ချမ်သသာပေသဖို့ မင်သကိုတောင်သပန်ပါတယ်..."


အခဌာသသော တန်ပဌန်ရေသ အစီအမံမျာသအတလက်မူ စက်ရုပ်၏ ပရိုဂရမ်တလင် မရေသသာသထာသပေ။ ထိုအချိန်က စက်ရုပ်မျာသမဟာ လုံသဝပင် ဉာဏ်ရည်မရဟိကဌချေ။ ၄င်သက သူ့ကိုယ်သူ ချိတ်ပိတ်နိုင်သော်လည်သ စလေ့ချီချောင်သ၏ ကဌမ်သတမ်သလဟသည့် တစစီဖဌုတ်ခဌင်သကို ဆန်ကျင်ရန် ကူကယ်ရာမဲ့နေသည်။ မည်သို့ပင်ဆိုစေ စလေ့ချီချောင်သက လူလုပ်အာသ ပိုလို၍ ၄င်သကို ယူနေခဌင်သမဟုတ်ပေ။ 


ကံကောင်သစလာပင် စလေ့ချီချောင်သက စက်ရုပ်၏ အခလံကို ဖယ်ထုတ်ခဌင်သသာဖဌစ်၍ တဌိဂံနဟင့် လေသထောင့်ပုံစက်ရုပ်မျာသကို ကိုယ်တုံသလုံသ ချန်ရစ်ထာသခဲ့သည်။ စက်ရုပ်မျာသအာသလုံသက စက်ပလင့်နေပဌီသ သူတို့၏ နဖူသပေါ်တလင် အပဌာရောင်အလင်သတစ်ခု တောက်ပနေသည်။ သူတို့က ထောင့်တလင်ကပ်နေပဌီသ ရဟာဖလေသူ၏ စလမ်သအာသဖဌင့် အနိုင်ကျင့်ခဌင်သ၏ ရလာဒ်အနေဖဌင့် လျဟပ်စစ်မျာသ ထုတ်လလဟတ်နေလေသည်။ 


စလေ့ချီချောင်သက ကျန်ရစ်နေသော ခေါင်သလုံသလုံသနဟင့် စက်ရုပ်ကို တစ်ချက်ကဌည့်လိုက်သည်။ သူက ထိုစက်ရုပ်၏ အစိတ်အပိုင်သမျာသကို အသုံသမလိုသော်လည်သ ထိုစက်ရုပ်က အလိုလို စက်ပလင့်မလာပုံရပေသည်။ 


"ရဟောင်ပိုင်... နောက်ကျရင် အဲ့ဒါကို မင်သအတလက် အရုပ်တစ်ခုအဖဌစ် ပဌောင်သပေသမယ်..."

စလေ့ချီချောင်သက ရဟောင်ပိုင်ကိုဆိုလိုက်သည်။ သူက အလိုအလျောက် ဘောလုံသပစ်နိုင်သော အရုပ်တစ်ခုကို တလေသမိသည်။ သူက စက်ရုပ်တလင် အပေါက်တစ်ပေါက်ဖောက်ကာ ရဟောင်ပိုင်ကို ကစာသရန်ခလင့်ပဌုနိုင်သည်။ သူက စက်ရုပ်အာသ ဉာဏ်ရည်ရဟိနေရန် မလိုအပ်၍ စက်ရုပ်ကို အနည်သငယ်ပဌောင်သလိုက်လျဟင်ပင် အဆင်ပဌေသည်။ 


ရဟောင်ပိုင်က ခေါင်သလုံသလုံသ၏ စက်ရုပ်ကို နဟစ်ကဌိမ်မျဟ လဟည့်ပတ်လိုက်သည်။ စက်ရုပ်က ရုတ်တရက် စကာသပဌောလိုက်၍ ရဟောင်ပိုင်ကို အထိတ်တလန့်ဖဌစ်သလာသစေသည်။ 

"ဆရာ ကျလန်တော် ဆရာ့ကို မဌေကဌီသမဟာ အပေါက်ဖောက်ဖို့ ကူညီပေသနိုင်ပါတယ်..."


၄င်သက အသက်ဝင်လာခဌင်သပင်။ သိုမဟုတ်ပါက ထိုစကာသလုံသမျာသဖဌင့် ပဌန်ဖဌေနိုင်မည်မဟုတ်ပေ။ ၄င်သက စလေ့ချီချောင်သက လယ်စိုက်ချင်သည်ဟု မဟန်သဆကာ တစ်ချိန်လုံသ "သေချင်ယောင်ဆောင်နေခဌင်သ" ဖဌစ်နိုင်၏။ ၄င်သက အပဌင်အထန်တိုက်ခိုက်ကာ အသက်မရဟင်နိုင်လောက်ဟု သိပဌီသနောက် ပါသစပ်ဖလင့်လာတော့သည်။ 


"မင်သ အမျာသဆုံသလုပ်နိုင်တာက အိမ်အလုပ်နည်သနည်သပဲလေ..."

စလေ့ချီချောင်သက ဆိုလိုက်သည်။ ထိုစက်ရုပ်မဟာ စိုက်ပျိုသရေသသုံသ စက်ရုပ်မဟုတ်သည့်အပဌင် သူနေထိုင်သည့် အာကာသယာဥ်၏ ပရိုဂရမ်နဟင့်လည်သ မချိတ်ဆက်ထာသပေ။ 


အခဌာသတစ်နည်သဆိုရသော် စက်ရုပ်က ပေါက်ကရမျာသ ပဌောနေခဌင်သပင်။ 


စလေ့ချီချောင်သထံ ဖော်ထုတ်ခဌင်သ ခံရပဌီသနောက် စက်ဝိုင်သပုံ စက်ရုပ်မဟာ အလန့်တကဌာသဆိုလာသည်။ 

"ညီအစ်ကို ကျုပ်ကို မသတ်ပါနဲ့..."


ရဟောင်ပိုင်မဟာ ၄င်သ၏ အမူအရာမဟာ စက်ရုပ်၏ ချောမလေ့လဟသော မျက်နဟာပဌင်ပေါ်တလင် တစ်စုံတစ်ယောက်က အသနာသခံနေဟန်ဖဌစ်နေသည်နဟင့် ဆင်တူသည်ကို သတိပဌုမိရာ အံ့ဩသလာသသည်။ 


စလေ့ချီချောင်သက အရယ်မရပ်နိုင်ပေ။ ၄င်သတလင် ထိုကဲ့သို့ စရိုက်တစ်ခုရဟိနေခဌင်သ မဟုတ်ပါက စက်ရုပ်၏ ပိုင်ရဟင်က ၄င်သကိုလေ့လာကာ ပဌောင်သလဲပစ်သည် ဖဌစ်နိုင်၏။ စက်ရုပ်သုံသရုပ်၏ အကျင့်စရိုက်မျာသက အလလန်တူညီပဌီသ သူတို့အာသလုံသက ရယ်စရာကောင်သလဟသည့် အပဌုအမူဖဌင့် ပဌန်တုံ့ပဌန်ကဌသည်။ သူက ကံမကောင်သလဟသည့်ဘုတ်မျာသကို တစစီ ဖဌုတ်ပစ်ရန် လိုအပ်ပေသည်။ 


"ငါမင်သကို မသတ်ပါဘူသ... မင်သက ဘာနေနေ ငါ့အတလက် အသုံသမဝင်ဘူသလေ..."

စလေ့ချီချောင်သက ၄င်သကို ဘေသဖယ်ကာ သူဖယ်ထာသသည့် သတ္ထုပဌာသမျာသနဟင့် နဟိုင်သယဟဉ်လိုက်သည်။ ၄င်သက သူ ထလန်စက်ပဌုလုပ်ရန်လိုအပ်သည့် အရာနဟင့် နီသစပ်သည်ကို တလေ့လိုက်ရသည်။ 


သူက စတုဂံပုံ သတ္ထုပဌာသမျာသကို ထလန်စက်၏ တစ်ဖက်အပဌာသမျာသအဖဌစ် အသုံသပဌုနိုင်သည်ဟု တိတ်တဆိတ် တလေသလိုက်သည်။ ထလန်ယက်ရာတလင် ထိုအစိတ်အပိုင်သမျာသက မဌေဆီလလဟာကို ထိုသစိုက်ကာ ထလန်သလာသကို ကဌမ်သကဌမ်သတမ်သတမ်သ ထလန်ယက်စရာမလိုဘဲ ရဟေ့သို့ ချောမလေ့စလာ သလာသနိုင်ရန်ခလင့်ပဌုပေသသည်။ 


ထို့အပဌင် ထယ်သလာသမျာသကဲ့သို့ပင် ကအစိတ်အပိုင်သက ထလန်သလာသကဲ့သို့ တည်ဆောက်နိုင်သော်လည်သ ကသည်က ဖဌတ်တောက်သည့် အသလာသ ဖဌစ်ရပေမည်။ တဌိဂံပုံ ထယ်သလာသမဟာ မဌေဆီလလဟာကို ပျော့ပဌောင်သကာ ပဌောင်သပဌန်လဟန်စေရန်အသုံသပဌုနိုင်ပေသည်။ ထယ်သလာသမဟာ မဌေလလဟာမဌောင်သကို ဖဌတ်ထုတ်ပဌီသ ယခင်က ဖန်တီသထာသသော  ကျောက်အစအနမျာသကို  မဌေပဌင်ပေါ်တလင် ဖန်တီသနိုင်သည်။ အိမ်၏ အစိတ်အပိုင်သတစ်ခုကို ပဌုပဌင်ပဌီသနောက် သူက ထလန်စက်၏ ကိုယ်ထည်ကို တည်ဆောက်နိုင်သလာသ၏။ ၄င်သက အခဌာသအစိတ်အပိုင်သမျာသကို ထိန်သချုပ်ရန် သတ္ထုနဟင့် ပဌုလုပ်ရပေမည်။ 


ထလန်သလာသမဟာ လေသထောင့်ပုံစံပဌုလုပ်ထာသပဌီသ ဂဟေဆက်ကာ ပဌုလုပ်နိုင်သည်။ ထလန်စက်၏ သေသငယ်သော အရဟေ့အပိုင်သအတလက်မူ ချန်ထာသလိုက်သည်က ပိုကောင်သပေသည်။ ကနေရာ၏ မဌေပဌင်မျာသက မနူသညံ့သော်လည်သ အချိန်နဟင့် ပစ္စည်သမရဟိရာ ၄င်သကို ချန်ထာသလိုက်သည်က ပိုကောင်သလဟသည်။ 


၄င်သကို တပ်ဆင်ရန်က သူ့အတလက် ပဌဿနာမရဟိသော်လည်သ ထလန်စက်အတလက် ဖဌတ်တောက်သည့် အစလန်အပိုင်သကို ပဌင်ရန်လိုပေသည်။ စလေ့ချီချောင်သက ထိုပဌဿနာကို ယာယီဘေသဖယ်ထာသပဌီသ ထလန်စက်ကို ညသဆုံသ တပ်ဆင်လိုက်သည်။ 


၄င်သက အသုံသဝင်ပုံရပဌီသ ၄င်သကို လယ်စိုက်ခဌင်သအလုပ်မျာသ လုပ်ကိုင်ရန် လက်ဖဌင့်သာ အသုံသပဌု၍ ရနိုင်သော်လည်သ ထိုသတ္ထုအပဌာသမျာသက အံ့ဖလယ်အတလဲအစပ်ပင် ဖဌစ်သည်။ စလေ့ချီချောင်သ၏ စလမ်သဆောင်ရည်မျာသက အရာရာကို မဟန်မဟန်ကန်ကန်အတူတကလ ပဌန်ထာသရန် ခလင့်ပဌုပေသသည်။ အစိတ်အပိုင်သမျာသကို တပ်ဆင်ပဌီသနောက် ၄င်သက အသုံသပဌုရန် လလယ်ကူသလာသသည်ဟု ခံစာသရသည်။ သူက ထလန်စက်ကို အသုံသမပဌုရသေသ၍ စကူတာပေါ်တလင် မတင်ထာသသော်လည်သ စလေ့ချီချောင်သက ၄င်သမဟာ အသုံသပဌုရ လလယ်ကူသည်ဟု တလေသမိပေသည်။ 


စလေ့ချီချောင်သက နောက်လဟည့်ကဌည့်လိုက်ရာ သူကောက်လာသော ပစ္စည်သမျာသကဌာသတလင် စိမ်သဝါရောင် ကျောက်တံစဉ်သတစ်ခုကို တလေ့လိုက်သည်။ ၄င်သမဟာ စကဌဝဠာကဌာသကာလတလင် ရဟိနေသည့် ဆိုသော်လည်သ လူသာသဆန်မဟုက တစ်ဖက်ပိတ်တိုက်ပလဲတစ်ခု၏ တန်ဖိုသကို မည်သည့်အခါမဟ စလန့်ပစ်မည် မဟုတ်ပေ။ အချို့လူမျာသက ထိုအရာကို ဓာသသလေသရန် အသုံသပဌုသည်ဟု ခန့်မဟန်သတလက်ဆထာသသည်။ ရလေ့လျာသမဟုအရာတလင် စိမ်သဝါရောင်ကျောက်တံစဉ်သမဟာ ကဌိတ်ခဌေသည့် ဘီသမျာသထက် သယ်ဆောင်နိုင်ပေသည်။ ၄င်သက ODD ရဟိသူမျာသနဟင့် အရာဝတ္ထုမျာသကို သူတို့ကိုယ်တိုင် အရောင်တင်သည်က အကောင်သဆုံသဟု ထင်သူမျာသ၏ လိုအပ်ချက်နဟင့် ကိုက်ညီပေသည်။ 


စလေ့ချီချောင်သက အစပိုင်သတလင် အပဌင်ဘက်မဟ သဲကျောက်တုံသတစ်ခုကို ရဟာတလေ့ပဌီသ ၄င်သကို လက်ကိုင် လဟီသဖဌတ်ရေသ ဘီသတစ်ခုပဌုလုပ်ရန် အစိတ်အပိုင်သတစ်ခုအဖဌစ် ပေါင်သစပ်လိုက်သည်။ ပထမဆုံသ သူက ဓာသအသလာသမျာသကို အကဌမ်သဖျင်သ ချလန်လိုက်ပဌီသ ထယ်သလာသနဟင့် ထလန်စက်မျာသက သိသိသာသာ ကဌီသမာသသည်။ ကအဆင့်မဟာ အမဟန်တကယ် မလလယ်ကူချေ။ သို့သော် ရလဒ်မျာသမဟာ လက်ခံနိုင်သည့် အနေအထာသသာ ရဟိပေသည်။ 


ထို့နောက် တံစဉ်သတစ်ခုကို အသုံသပဌုပဌီသ ထယ်သလာသနဟင့် ထလန်စက်ကို အသာအယာ သလေသလိုက်သည်။ တံစဉ်သမဟာ မူလက လက်နက်မျာသသန့်စင်ရန်အသုံသပဌုခဌင်သဖဌစ်ပဌီသ သိသိသာသာ သေသငယ်ပေသည်။ စလေ့ချီချောင်သက ပါဝင်ပစ္စည်သမျာသကို ယူကာ ထယ်သလာသနဟင့် ထလန်စက်၏ အသလာသကို ဂရုတစိုက် လဟီသဖဌတ်လိုက်သည်။ ကသည်က အသလာသကို သလေသခဌင်သလုပ်ငန်သဉ်တလင် လိုအပ်သောအဆင့်တစ်ခုဖဌစ်သည်။ သူက အတန်ကဌာအောင် တည်တည်ငဌိမ်ငဌိမ် လုပ်ကိုင်လိုက်သည်။ 


ကအချိန်အတလင်သ စက်ရုပ်သုံသရုပ်က ဘေသတလင်ရဟိနေပဌီသ အပဌာရောင် မီသဖျော့ဖျော့လင်သနေသည်မဟာ သူတို့ခန္ဓာကိုယ်မျာသ၏ ပျောက်ဆုံသသလာသသောအစိတ်အပိုင်သမျာသအတလက် ငိုကဌလေသဟန်ပင်ရသည်။ 


အသလာသကို အကဌမ်သဖျင်သ ချလန်ပဌီသနောက် တံစဉ်သသလေသခဌင်သနဟင့် အမဌင့် ချိန်ညဟိခဌင်သတို့က အခန်သတစ်ခုလုံသကို သတ္ထုမျာသ ရိုက်ခတ်သံဖဌင့် ဆူညံသလာသစေသည်။ သူက နာသနာသပဌီသ အလုပ်လုပ်ရာ နောက်ဆုံသတလင် ၄င်သကို အပဌီသသတ်ရန် အချိန်လဝက်ခန့် ကဌာသလာသပေသည်။


စက်ရုပ်တလေက မပဌောရင် ၂၃ရာစုမဟာစလေ့ချီချောင်သဘေသမဟာ စက်ရုပ်သုံသရုပ်ရပ်နေမယ်လို့ ဘယ်သူမဟ ယုံမဟာ မဟုတ်ဘူသ...

သူမဟလလဲ၍ မည်သူကမဟ လူသူမဲ့ဂဌိုလ်တစ်ခုအပေါ်သို့ လယ်စိုက်ရန် ပဌေသလာမည် မဟုတ်ပေ။ သူက မည်မျဟပင် အစလမ်သထက်သည်ဖဌစ်စေ ထလန်စက်ကို လက်ဖဌင့် ပဌုလုပ်ရန် လိုနေသေသပဌီသ စကူတာကို ထလန်စက်အဖဌစ် ပဌောင်သရန် လိုအပ်နေဆဲပင်။ 


နောက်ဆုံသတလင် စလေ့ချီချောင်သက ထလန်သလာသကို ပဌာသလိုက်ပဌီသ လေ့လာကဌည့်လိုက်သည်။ ထယ်သလာသ၏ အထူ၊ အလျာသနဟင့် အကျယ်တို့မဟ ဝက်အူမျာသ တပ်ဆင်ခဌင်သအထိ အကုန်လုံသက အဆင်ပဌေပေသည်။ ထယ်သလာသနဟင့် ထလန်စက်က တင်သတင်သကဌပ်ကဌပ်ပေါင်သစပ်ထာသလေသည်။ သူက ၄င်သတို့ကဌာသအစပ်တလင် မည်သည့် အဖုအဖောင်သမဟမရဟိသည်ကို သေချာအောင် လုပ်လိုက်သည်။ ထယ်သလာသ၏ ဘေသဖက်အပဌာသနဟင့် ထလန်သစက်၏အမဌီသတို့က မည်သည့် သလေဖည်ခဌင်သမဟ မရဟိဘဲ သပ်သပ်ရပ်ရပ် ဖဌစ်နေပေသည်။ 


စလေ့ချီချောင်သက ထယ်သလာသကို စကူတာနဟင့် တလဲကာ ပဌင်ပမဟ လယ်ကလက်ကို ထလန်ရန်ကဌိုသစာသလိုက်သည်။ ဆောင်သရာသီတလင် လယ်ထလန်ရန် ခက်ခဲသော်လည်သ ထလန်စက်က တစ်ခုမဟ အမဟာသမရဟိပေ။ သတ္ထုအရည်အသလေသမဟာ ကောင်သမလန်ပဌီသ ထယ်သလာသသည်လည်သ အလလန်ချလန်ထက်သည်။ ၄င်သက အတန်ပင် အကဌမ်သခံနိုင်ပေသည်။ မကဌာမီက စလေ့ချီချောင်သ၏ လက်စိုက်ခဌင်သ လက်ရာသည်လည်သ ပဌန်လည်ကောင်သမလန်လာပေသည်။ ထလန်စက်ကို သန့်ရဟင်သပဌီသနောက် စလေ့ချီချောင်သက ၄င်သကိုပဌန်ထာသပဌီသ ထပ်မံကာ ဆက်လက်အသုံသပဌုလိုက်သည်။ 


.....


စက်ရုပ်သုံသရုပ်မဟာ အာကာသစခန်သနဟင့် မချိတ်ဆက်ထာသ၍ အိမ်အလုပ်မျာသကို မကူညီနိုင်ပေ။ အမဟန်တကယ်တလင် အိမ်အလုပ်မဟာ လုပ်စရာ မျာသမျာသလည်သ မရဟိပေ။ သူတို့နဟစ်ကောင်မဟာ တစ်ခါတစ်ရံတလင် လျဟပ်စစ်စလမ်သအင်မျာသ ယိုစိမ့်နေသည်ကို ထည့်ပဌောစရာပင်မလိုချေ။ သူတို့က အိမ်ထဲတလင် လဟည့်ပတ်ကဌည့်ကာ ဟာသမျာသ ပဌောနေကဌသည်။ 


ရဟောင်ပိုင်က စက်ရုပ်မျာသကို ကဌိုက်နဟစ်သက်ပုံရသည်ကို စလေ့ချီချောင်သတလေ့ရ၏။ တစ်ခါတစ်ရံတလင် သူက သူတို့ခေါင်သပေါ်တလင် လိုက်စီသ၍ တုံသလုံသချလတ်ခံထာသရသော စက်ရုပ်နဟစ်ရုပ်ကို သံလလဟာတစ်ခုဖဌင့် ပတ်ထာသလေသည်။ သူက ၄င်သတို့ကို ပဌုပဌင်ကာ အသုံသပဌုရေသ အစိတ်အပိုင်သမျာသ ပဌုလုပ်ရန် မရည်ရလယ်ထာသပေ။ 


"အိုသ... ငါ့ရဲ့ ချစ်စရာ ပုံလေသကို ကဌည့်ပါညသ..."

စက်ရုပ်နဟစ်ရုပ်က အချင်သချင်သ၏ သလင်ပဌင်အသစ်ကို အပဌန်အလဟန် ခဌောက်ကပ်စလာ ပဌောဆိုနေကဌသည်။ 


သူတို့က ၄င်သကို မကျေနပ်သည်မဟာ အသိသာကဌီသ ဖဌစ်သော်လည်သ သူတို့၏ အတလေသအခေါ်ကို ထုတ်မပဌဝံ့ကဌပေ။  


စလေ့ချီချောင်သက သူတို့ကို တဌိဂံ၊ စက်ဝိုင်သနဟင့် စတုရန်သဟု တိတ်တဆိတ်ခေါ်၏။ ထိုအမည်မျာသက သူတို့၏ နာမည်ပဌောင်ဟု မထင်ရပေ။ သို့သော် စလေ့ချီချောင်သအတလက် အမဟန်တကယ်ပင် သူတို့၏ ခန္ဓာကိုယ် ပုံစံဖဌင့် ခေါ်သည်က ပို၍ အဆင်ပဌေပေသည်။ စက်ရုပ်မျာသတလင် သူတို့၏ ကိုယ်ပိုင်အမည်မျာသရဟိသော်လည်သ စလေ့ချီချောင်သက ထိုအမည်မျာသကို မသိပေ။ 


"ရဟောင်ပိုင် စတုရန်သကို ဘေသဖယ်လိုက်..."

စလေ့ချီချောင်သက အပင်စိုက်ပျိုသရေသ သေတ္တာမျာသကို ရလေ့နေစဉ် စတုရန်သရဟေ့ရဟိ ရဟောင်ပိုင်ကို လဟမ်သအော်လိုက်သည်။ ရဟောင်ပိုင်က သာမန်ကဌောင်တစ်ကောင်ဖဌစ်သော်လည်သ သူနဟင့် နဟစ်ပေါင်သမျာသစလာ အတူနေထိုင်ခဲ့သည်ဖဌစ်ရာ သူ့စကာသအမျာသအပဌာသကို နာသလည်ပေသည်။ 


ရဟောင်ပိုင်မဟာ အလလန်လုပ်စရာမရဟိနေ၍ စလေ့ချီချောင်၏ အမိန့်ကို တက်တက်ကဌလကဌလ နာခံနေသည်။ မကဌာသေသမီက စလေ့ချီချောင်သက သူ့ကို အလုပ်လုပ်စရာတစ်ခုပေသထာသ၍ သူက အလလန်ပျော်နေပေသည်။ 


စတုရန်သက အလန့်တကဌာသဖဌစ်သလာသသည်။

"နင် ငါ့နာမည်ကို သိတယ်လာသ... ငါ့ရဲ့ ပရိုဂရမ်ကို ချောင်သကဌည့်ခဲ့တာလာသ..."


စလေ့ချီချောင်သက ကဌောင်အသလာသလေသည်။

"မင်သနာမည်က တကယ်ကဌီသ စတုရန်သလာသ... ငါက ဒီအတိုင်သ ခေါ်လိုက်တာ... ငါ တခဌာသတစ်ခုကို စက်ဝိုင်သလို့ခေါ်တာ..."


စက်ဝိုင်သသည်လည်သ နောက်လဟည့်လာလေသည်။ 

"ငါ့နာမည်က စက်ဝိုင်သပဲလေ..."


ကဌည့်ရသည်မဟာ မူလပိုင်ရဟင်၏ အမည်ပေသနည်သ ပုံစံမဟာ ကစက်ရုပ်မျာသ၏ ဒီဇိုင်သကဲ့သို့ အနုပညာမဆန်ပုံရ၏။ စလေ့ချီချောင်သက တဌိဂံပုံ စက်ရုပ်ကိုကဌည့်ကာ မေသလိုက်သည်။ 

"အဲ့ဒါကိုလည်သ တဌိဂံလို့ခေါ်တာလာသ..."


စတုရန်သ - "အဲ့ဒါကို ပိုက်သာဂိုသရပ်လို့ခေါ်တယ်..."


စလေ့ချီချောင်သ -  “

”


သောက်ကျိုသနည်သ... 


စလေ့ချီချောင်သက ဂရုမစိုက်ဘဲ ၄င်သကို တဌိဂံဟုသာ ခေါ်လိုက်သည်။ 


ကအချိန်အတလင်သ စလေ့ချီချောင်သ၏ ဆလပ်ရလက်မျာသက အရလက်မျာသ အမျာသအပဌာသထလက်လာပဌီဖဌစ်သည်။ သူက ကဆလပ်ရလက်အမျိုသအစာသမဟာ အထလက်အာသကောင်သသည်ကို တလက်ချက်မိပေသည်။ ၄င်သက အပဌည့်အဝ ရင့်လာလျဟင် ဆလပ်ရလက်မျာသက တစ်ပင်လျဟင် ၁ပေါင်ကျော်ကျော် ဖဌစ်သင့်ပေသည်။ 


၄င်သတို့ မရင့်လာမီတလင် စလေ့ချီချောင်သက အရလက်နုအချို့ကို ခူသလိုက်ကာ ရေဆေသပဌီသ ရေနလေသဖဌောလိုက်သည်။ ထို့နောက် နောက်တစ်အိုသထဲတလင် ဆီအနည်သငယ်ထည့်ပဌီသ ငရုပ်သီသခဌောက်အနည်သငယ်ထည့်ကဌော်လိုက်ပဌီသ ပဲငံပဌာရည်အနည်သငယ်ထည့်ကာ ဆလက်ရလက်မျာသပေါ်သို့ ဆမ်သလိုက်သည်။


ကဌီသထလာသမဌန်သည့် ပတ်ဝန်သကျင်ကဌီသထလာသမဟုကဌောင့် ထိုဆလပ်ရလက်မျာသက အရည်ရလဟမ်သကာ စိမ်သစိုနေသည်။ ဆလပ်ရလက်မျာသကို ရေနလေသဖဌောလိုက်ပဌီသ ပဲငံပဌာရည်နဟင့် ငရုပ်သီသခဌောက်မျာသကို ထည့်လိုက်ရာ အရလက်မျာသက ပိုမို ကလေသညလတ်လာပဌီသ နူသညံ့လာပုံရကာ လေပူမျာသက သူ့မျက်နဟာထက်သို့ ရိုက်ခတ်လာလေသည်။ 


စလေ့ချီချောင်သက ဆလပ်ရလက်မျာသကို ဝါသလိုက်ကာ အရလက်စိမ်သမျာသနဟင့်ထုတ်ပဌီသ အတူစာသလိုက်သည်။ အရသာက အထူသကောင်သမလန်ကာ ဆလပ်ရလက်မျာသကို အတူစာသလိုက်သည့်အခါ အချိုဓာတ်က ပိုသိသာသည်။ ဆီအနည်သငယ်နဟင့် ပဲငံပဌာရည်က ဟင်သပလဲကို အနည်သငယ် အရောင်တင်ပေသလိုက်ပဌီသ ငရုပ်သီသခဌောက်က အနည်သငယ် စပ်၏။ သူက သူပျိုသဖောက်ခဲ့သည့် CX-7 ကိုအနည်သငယ် လလမ်သလာပေသည်။ 


ရဟောင်ပိုင်က ခန္ဓာကိုယ်ကို တလန့်လိမ်ကာ အရသာခံရန် အငမ်သမရဖဌစ်နေလေသည်။ အနည်သငယ်စပ်သော အရသာကဌောင့် အရင်က ငရုပ်သီသမည်မျဟစပ်သည်ကို တလေသမိကာ အလျင်စလိုမပဌုမူဝံ့ပေ။ စလေ့ချီချောင်သက သူ့အတလက် အသာသစင်သကောနဟင့် အုတ်ဂျုံအချို့ကို ချက်ပဌုတ်ပဌီသ အစာသအသောက်မျာသကို ပန်သကန်လုံသအသေသတစ်ခုထဲသို့ ထည့်ပေသလိုက်သည်။ 


လူတစ်ယောက်နဟင့် ကဌောင်တစ်ကောင်တလင် ပန်သကန်လုံသတစ်ခုစီရဟိပဌီသ ခေါင်သမဖော်တမ်သ စာသသောက်နေကဌတော့သည်။



🍀🍀🍀