Chapter 88
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 88

နွေဦးက စောရောက်လာတဲ့အခါ လူတွေက အလုပ်ကြိုးစားကြတယ် (၁)



စွေ့ချီချောင်းက အသားကျရန် ၂ရက်ခန့်ကြာလိုက်သော်လည်း မည်သို့ပင်ဆိုစေ သူအပေါ်တွင် သက်ရောက်မှုများစွာမရှိပေ။ သူက သူ့ကိုယ်သူ ဂလူးကို့စ်များ ပိုစားကာ ဖြည့်စွက်ပေးပြီး အစာချေလွယ်သည့် တစ်စုံတစ်ခုစားမည်ဟု ဆုံးဖြတ်ထားသည်။ သူ့အဝတ်များ ညစ်ပေနေခြင်းက အရေးမကြီးပေ။ သူက အဝတ်များကိုလျှော်ပြီး ချွေးထွက်လာလျှင် ရေချိုး၍ရပေသည်။ 


ထို့အပြင် သူက သေခါနီးဖြစ်နေခြင်းလည်း မဟုတ်ပေ။ 

အဲဒါကို ဘာလို့အလုပ်မလုပ်ပဲ နေရမှာလဲ... 


စွေ့ချီချောင်း၏ အာရုံမှာ လယ်ကွင်းဆီသို့ အပြည့်အဝ ပြောင်းလဲသွားကာ သူ့၏ လယ်အလုပ်များကို နွေဦးတွင် အပြီးလုပ်မည်ဟု သူ့ကိုယ်သူ ကြွေးကြော်လိုက်သည်။  


စွေ့ချီချောင်းက ၁နာရီလျှင် မြေ၂မူခန့် ထွန်ပြီး လယ်ကွက်တစ်ကွက်တည်းကို သုံးကြိမ်ပြန်၍ ထွန်သည်။ သူက တစ်နေ့လျှင် ၇နာရီ၊ ၈နာရီခန့်သာ အနားယူပြီး လယ်ထွန်ခြင်းအပြင် အခြားအလုပ်များလည်း လုပ်ကိုင်နေသည်။ နောက်ဆုံးတွင် သူက စိတ်ကျေနပ်သည်အထိ ၃၀မူခန့် ထွန်ယက်လိုက်သည်။ 


ယခင်က အမှိုက်များ၏ စွန်ပစ်နယ်မြေများနှင့် ပြည့်နှက်နေသော အာကာသစခန်းမှာ ယခုတွင် သန့်ရှင်းကာ သပ်ရပ်နေ၏။ အသုံးမဝင်သော အမှိုက်များကို ဘေးတွင် ပုံထားပြီး မြေကြီးက ပျော့ပြောင်းနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ၄င်းမှာ စိုက်ပျိုးနိုင်သည့် မြေပြင်တစ်ခုဟု ပြောနိုင်သည်။ သူက ရေလောင်းကာ မြေဩဇာ ထပ်ထည့်ပါက လယ်ကွက်ကောင်းတစ်ခုဖြစ်လာပေမည်။ 


စွေ့ချီချောင်းက တံခါးတွင် ထိုင်ပြီး ဝင်နေသည့် နေမင်းကြီးနှင့် ကုန်မြေကို စိုက်ကြည့်ကာ အလွန်ကျေနပ်သည်ဟု ခံစားနေရသည်။ 


ရှောင်ပိုင်က တစ်မူထူးခြားသော အထိတ်တလန့် ခံစားချက်ဖြင့် တစ်ဖက်တွင် လှဲနေလေသည်။  


သူက စွေ့ချီချောင်း၏ ဖယ်ရိုမုန်းများကို အမြဲလိုလို အနံ့ရနေပြီး စားပြီးသည့်တိုင် ဗိုက်ဆာနေသည်။ သူက ဗိုက်လည်းဆာနေသလို ဗိုက်လည်းပြည့်နေ၏။ 


သူက စွေ့ချီချောင်းကိုလှမ်းကြည့်ပြီး စွေ့ချီချောင်းတစ်ခုမှ မခံစားရလောက်ဟု တွေးလိုက်သည်။ ထိုအစား ခံစားနေရသည်မှာ ရှောင်ပိုင်ဖြစ်သည်။ 

ဒါက ဘယ်လို အိုမီဂါမျိုးရဲ့ estrusကြီးလဲ... အဲ့ဒါက နားလည်မှုလွဲနေတဲ့ပုံမရပေမဲ့ စွေ့ချီချောင်းက သူ့ရဲ့ estrusကာလမှာ ပိုပြီးတောင် အလုပ်လုပ်နေသလိုပဲ...


ပြီးခဲ့သည့်ရက်များတွင် စွေ့ချီချောင်းက မြက်ပင်များ အားလုံးကို စမ်းစိုက်နေသည်။ သူက ဤဂြိုလ်ပေါ်မှ မည်သည့်သီးနှံက အပင်ပေါက်နိုင်ပြီး စားသုံးပင်အဖြစ် သုံး၍ရမည်ကို သိရန်လိုအပ်ပေသည်။ သူက အဆီများသည့်အစားအစာများ၏ အော်ဂလီဆန်စရာ အရသာကို ရှင်းလင်းရန် လတ်ဆတ်သော တစ်ခုခုကို အရသာခံရန်လိုအပ်သည်။   


ခေတ်များမတူတော့၍ သူ သီးနှံများ ရလာသည်နှင့် ကိရိယာများဖြင့် အစိတ်အပိုင်းများကို ရိုးရှင်းစွာ လေ့လာနိုင်၏။ ပြဿနာတစ်စုံတစ်ရာရှိနေပါက သူက ယာယီဘေးဖယ်ထားမည်ဖြစ်သည်။ ပြဿနာမရှိပါက ချက်ပြုတ်ပြီး မြည်းကြည့်ကာ မြေကြီးတွင် စိုက်ပျိုးနိုင်ပေသည်။ 


သီးနှံအမျိုးအစားတစ်ခုစီက နေရာအနည်းငယ် ယူထားသည်။ စွေ့ချီချောင်းက ၄င်းတို့ကို နှစ်ရှည်ခံသီးပင်များ ဖြစ်နေသည်လား၊ ၄င်းတို့၏ ကြီးထွားမှု စက်ဝန်းက မည်မျှကြာသည်၊ ကြီးထွားမှု အဆင့်ဆင့်တိုင်းတွင် သူတို့က မည်သည့်အသွင် ရောက်ရှိသည်၊ သူတို့က လူသားတို့၏ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသည်လား၊ သီးနှံ၏ အစိတ်အပိုင်းများကို ဆေးအဖြစ် သို့မဟုတ် အစားအသောက်အဖြစ် အသုံးပြု၍ ရနိုင်သည်လားနှင့် သူတို့ကို ပိုမို စားသုံးခြင်း သို့မဟုတ် လျော့နည်းစားသုံးခြင်းတို့ကြောင့် မည်သည့်သက်ရောက်မှုများ ရှိနိုင်သည် စသည်တို့ကို အဆက်မပြတ် စောင့်ကြည့်နေရန်လိုအပ်ပေသည်။


စွေ့ချီချောင်းက အချက်အလက်များကို လက်ရေးဖြင့် ချရေးပြီး သူ့၏ မှတ်စုစာအုပ်ထဲတွင် ကုဒ်နံပါတ်များ ပေးထားခဲ့သည်။ မည်သို့ပင်ဆိုစေ သူက ဤနေရာတွင် အကျဉ်းကျနေသည်ဖြစ်ပြီး မှတ်စုစာအုပ်များမှာ အခြားနေရာမှ ရှာတွေ့လာသည်များပင်။ သိပ္ပံနှင့် နည်းပညာ အဆက်မပြတ် တိုးတက်လာသည်နှင့်အတူ e-notebookများမှာ စာရွက်အမျိုးအစားအားလုံး၏ ခံစားချက်နှင့် ရနံ့ကို အပြည့်အဝ နှိုးဆွပေးနိုင်သည်။ 


စမ်းသပ်မှုအတွက် အသုံးပြုထားသော မြေမှာ ၁၀မူခန့် ရှိသည်။ စွေ့ချီချောင်းက သူ့တွင်ရှိသော သီးနှံများ၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြောင်းရွှေ့စိုက်ပျိုးထားပြီး ကျန်သည်များကို တဖြည်းဖြည်း ဆက်လက်စုဆောင်းကာ ရွှေ့စိုက်လိုက်သည်။ 


ဤသည်က ရေရှည် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဤနေရာရှိ အပင်များက ပုံစံအမျိုးမျိုးနှင့် ကြီးထွားကြသည်။ ၄င်းတို့ကြီးထွားရာတွင် ပြုမူသည့် ပုံမှန်ပုံစံကို တွေ့ရှိပါက အနာဂတ်ရှိ မူလဂြိုလ်ပေါ်မှ သီးနှံများဖြင့် မျိုးစပ်စိုက်ပျိုးနိုင်သည်။ 


ကျန်နေသော ဆလပ်ရွက်မျိုးစေ့များအားလုံးမှာ ယခင်ကတည်းက ပျိုးကြဲထားပြီးဖြစ်သည်။ မြေကြီးကို မြေဩဇာထည့်ပြီးနောက် ၁၀ရက်မှ ရက်၂၀အထိ အသားကျအောင် ထားထားရသည်။ လယ်ကွင်း၏ နယ်နိမိတ်မှာ အလယ်တွင် အနေအထားပြုပြင်ထားသည်။ ၄င်းတို့အားလုံးပြီးစီးသည့်အခါ ပျိုးကြဲရန်အတွက် သင့်လျော်ပြီဖြစ်သည်။ သူက စုစုပေါင်း လယ်ကွက် ၁၀မူရှိပြီး ၁မူလျှင် ၂၀မှ ၄၀ ဂရမ်နီးပါးစိုက်ပျိုးနိုင်သည်ဟု တွက်ချက်ရသည်။


ထို့နောက် အိမ်ထဲမှ ဆလပ်ရွက်များက ရင့်လာသောအခါ မျိုးစေ့အချို့ကို ပျိုးကြဲရန်ချန်ထားပြီး ၅မူကို ပျိုးကြဲကာ စိုက်ပျိုးလိုက်ကာ ကျန်သည့်အပိုင်းကို ကန်စွန်းဥများမှည့်လာသည့်အခါ စိုက်ပျိုးနိုင်သည်။  


ဤကာလအတွင်း မျိုးစေ့အသစ်များ ရလာခဲ့ပါက စွေ့ချီချောင်းက တခြားမြေဧရိယာကို ရှင်းလင်းပေမည်။ ဤလူသူမဲ့ဂြိုလ်ပေါ်တွင် သူစိုက်ချင်သည့်နေရာတွင် စိုက်ပျိုးနိုင်ပြီး အကန့်အသတ်လုံးဝ ရှိမည် မဟုတ်ပေ။ တစ်ခုတည်းသော စဉ်းစားစရာအချက်မှာ အာကာသ အမှိုက်များကို ရှင်းလင်းရန် စက်ကြီးများ မရှိသည့်အချက်ပင်။ 


သူ ဆလပ်ရွက်အပင်များ အများအပြား စိုက်ရသည့် အကြောင်းပြချက်မှာ သူ့တွင် ဆလပ်ရွက်မျိုးစေ့များသာရှိပြီး အပင်ပေါက်သည့် ကာလမှာ အခြေခံအားဖြင့် အလွန် ‌မခြောက်သွေ့၍ ရေလောင်းရန်မလိုခြင်းကြောင့် ဖြစ်သည်။ ၄င်းတို့က နွေဦးအစောပိုင်းတွင် အပူချိန်နိမ့်ပါးခြင်းကို ခံနိုင်ရည် ရှိပြီး အလင်းလိုအပ်ချက်လည်း အလွန်နည်းသည်။ ယခင်က မှတ်ဉာဏ်တုလေယာဉ်ပေါ်တွင် စွေ့ချီချောင်းက ၄င်းတို့ကို လသာဆောင်ပေါ်တွင် စိုက်ပျိုးသောအခါ ဆလပ်ရွက်များက အလင်း ၂နာရီခန့်သာ ရရှိသော်လည်း ကြီးထွားကြသည်။ 

သူတို့က ဒီမှာလည်း ကောင်းကောင်း ကြီးလာမယ်ဆိုတာ မသိသာဘူးလား... 


သို့သော် ကန်စွန်းဥများအတွက်မူ နောက်ပိုင်းတွင် နေရောင်အောက်တွင်ထားရန် အချိန်ကြာကြာလိုအပ်မည်မှာ အသေအချာဖြစ်၏။ ဤနေရာရှိ နေရောင်ခြည်က သူတို့အတွက် မလုံလောက်ကာ အပင်ကြီးထွားမှုကို သက်ရောက်မှုရှိပေလိမ့်မည်။ စွေ့ချီချောင်းက မီးအိမ်များ ပိုကောက်ကာ ၄င်းတို့အတွက် လူလုပ်အလင်းအသုံးပြုရန် ပြင်ဆင်ထားသည်။ ကံမကောင်းစွာဖြင့် ရုံတစ်ခုဆောက်လုပ်ရန် ပစ္စည်းအလုံးအလောက် မရှိချေ။  


မကြာသေးမီက မိုးစတင်ရွာသွန်းလာ၍ စွေ့ချီချောင်းက ရေလှောင်ကန်ကို တိုးချဲ့ထားသည်။ ၄င်းကို မိုးရေစုဆောင်းရန် အသုံးပြုခြင်းအပြင် သူ့ကိုယ်ပိုင် အာကာသယာဉ် ကိရိယာဖြင့်လည်း စုဆောင်းပေသည်။ 


သူက ထိုကိရိယာကို အဆက်မပြတ် လုပ်ဆောင်နိုင်ရန် ပြောင်းလဲထားသည်။ အိမ်သုံးရေပမာဏကို ထည့်မတွက်ပါက ရေလှည့်လည်ရေး ပစ္စည်းတစ်ခုဖြင့် နေ့တိုင်း ရေတန်ပေါင်းများစွာကို ထုတ်လုပ်နိုင်သည်။ နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက် လယ်ကွင်းများက နေ့တိုင်းရေလောင်းရန် လိုမည်မဟုတ်ပေ။ ယခုတွင် သူ့တွင် ရေပမာဏ အလုံအလောက်ရှိရာ လယ်ကွင်းကို တစ်ရက်ခြား ရေလောင်းနိုင်၏။ 


သူက အလိုအလျောက် ရေပေးဝေရေးစနစ်ကို တွေးတောနေသည်ဖြစ်ရာ သူလုပ်ရန်လိုအပ်သည့် နောက်လုပ်ငန်းစဉ်မှာ တူးမြောင်းတစ်ခုတူးရန်ဖြစ်သည်။ သူ မွှေနှောက်ရှာဖွေစဥ်က စက်လက်မောင်းတစ်ခု ကောက်လာခဲ့သည်။ ၄င်းမှာ မူလက ဟင်းချက်ရန် အသုံးပြုသော်လည်း ထပ်တိုးပြုပြင်ပြီးနောက် သတ္ထုပုံးကို Uပုံစံ ဖြတ်ထားပြီး စက်လက်မောင်းဖြင့် ချိတ်ထားကာ စကူတာပေါ်တွင် ချိတ်ထားလိုက်သည်။ ၄င်းက ၁မိနစ်အတွင်း မြေကြီး ၇ပုံး၊ ၈ပုံးခန့် တူးနိုင်ပြီး မြေကြီးများကို တစ်ဖက်သို့ စွန့်ပစ်နိုင်သည်။ သူစကူတာ မောင်းလိုက်သည့်အခါ တူးမြောင်းတစ်ခု ပေါ်လာလေသည်။ 


——ထိုကဲ့သို့ ယာဉ်မျိုးမှာ တစ်နေရာသို့ သွားရောက်သည့် နည်းလမ်းထက် မြေတူးစက်နှင့် ထွန်စက်တစ်ခုအဖြစ် သုံးပြုနိုင်လေသည်။ 


ဤနည်းဖြင့် ရေလှောင်ကန်မှ ရေများကို လယ်ကွင်းဆီသို့ တိုက်ရိုက်ပင် ဖြန့်ဖြူးနိုင်သည်။ စွေ့ချီချောင်းက မျိုးကျဲရန် နေ့ကောင်းတစ်ရက်ကို ရိုးရိုးရှင်းရှင်း ရွေးချယ်နိုင်သော်လည်း သူ့အား အလိုအလျောက် မျိုးကျဲပေးရန် သင့်တော်သည့် ကိရိယာတစ်ခု ရှာမတွေ့သည်မှာ နှမြောစရာကောင်းလှသည်။ 


ယခုတွင် မြေပြင်တစ်ခုလုံးက ပျိုးကြဲရန် အဆင့်သင့်ဖြစ်နေပြီး စွေ့ချီချောင်း၏ estrusသည်လည်း ပြီးဆုံးလုနီးပြီ ဖြစ်သည်။ 


စွေ့ချီချောင်းက ရှောင်ပိုင်၏ ခေါင်းကို ပုတ်ကာ ဆိုလိုက်သည်။

"ဒါက နွေဦးစောစောရောက်လာတဲ့အခါ လူတွေ ဘယ်လိုမျိုး အလုပ်ကြိုးစားသလဲ ဆိုတာပဲ..."


ရှောင်ပိုင် : "..."


မှတ်ဉာဏ်တုလေယာဉ်ကနေ အခုထိ မင်းသင်ယူထားတာ ဒါပေါ့...


ပရိုဂရမ်၏ နောက်ဆုံးအပိုင်းတွင် LJJ ပလက်ဖောင်းက လူစိတ်ဝင်စားမှုမြင့်တက်သွားပြီး ထိုအပိုင်း မထုတ်လွှင့်မီ သတိပေးစာတစ်စောင် ထုတ်လွင့်ကာ စွေ့ချီချောင်းက သူ့၏ estrusကာလသို့ ဝင်ရောက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ပရိုဂရမ်အဖွဲ့က  သူ့၏ estrus အတွင်းမှ အခန်းများကို ဖြတ်မထုတ်ဘဲ အားလုံးကို ပရိသတ်ဆီသို့ ထုတ်လွှင့်ခဲ့သည်။ 


ပေါက်ကွဲထွက်နေသော ပရိသတ်များအားလုံး - LJJက ရူးနေလားးး...


ယခင် LJJ ပြုပြင်ပြောင်းလဲမှု မလုပ်မီ သူတို့က ပရိုဂရမ်မှ အခန်းများကို မည်သည့်အခါမှ ဖြတ်ထုတ်မည် မဟုတ်ချေ။ သူတို့က ဆင်ဆာဖြတ်ရန်ပင် စိတ်မဝင်စားချေ။ တဖြည်းဖြည်းနှင့် သူတို့က တချို့အခန်းများကို ဆင်ဆာစဖြတ်လာပြီး နောက်ဆုံးတွင် ပါဝင်သည့်အကြောင်းအရာများ အားလုံးကို စံသတ်မှတ်ကာ ပရိသတ်အားလုံး ကြည့်ရန်သင့်တော်သည့် ပလက်ဖောင်းတစ်ခု အပြည့်အဝ ဖြစ်လာကြသည်။ 


[ ဒီတစ်ခေါက် ဘယ်လိုဖြစ်တာလဲ... စွေ့ချီချောင်းရဲ့ ပရိုဂရမ်က အရမ်းနာမည်ကြီးနေလို့ LJJက အစိုးရဆီက ပိတ်ချခံရနိုင်ခြေရှိတာတောင် စွန့်စားဖို့ ဆန္ဒရှိနေတာလား... ]


[ သူတို့က အဲ့လို ကြေညာချက်ထုတ်လိုက်တယ်ဆိုကတည်းက ဒီအပတ်ရဲ့ ပရိုဂရမ်က တကယ်ပဲ အောင်အောင်မြင်မြင် ထုတ်လွှင့်လို့ရပါတော့မလား... ]


ဖိုရမ်ပေါ်တွင် ဆွေးနွေးမှုများ အများအပြားရှိနေကြသည်။ တိုက်ရိုက်ထုတ်လွှင့်ချိန်ရောက်လာသောအခါ ပရိုဂရမ်ကို တစ်ခါမှမကြည့်ဖူးသည့် ပရိသတ်အများအပြားက ချန်နယ်ထဲသို့ ရောက်လာကြသည်။ LJJ ပလက်ဖောင်းပေါ်သို့ တစ်ကြိမ်မှ မရောက်ဖူးသည့် လူအချို့သည်ပင် ၄င်းကိုကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်ကို စောင့်နေကြသည်။ သူတို့က LJJက အိုမီဂါတစ်ဦး၏ estrus ကာလကို ပြင်ဆင်ခြင်းမပြုပဲ မင်းသားတစ်ယောက်ကို A/B/O မှတ်ဉာဏ်တုလေယာဉ်ပေါ်သို့ မည်သို့ပို့မည်ကို ကြည့်ချင်နေကြသည်။ 


LJJ ၏ ကြော်ငြာရန်အသုံးပြုသည့် နည်းလမ်းများကို လျစ်လျူရှုကာ LJJ၏ ကျော်ကြားမှုနှင့် အဆုံးသတ်ရလဒ်မှာ သူတို့က ဝက်ဆိုဒ်အတွက် ပရိသတ်အသစ်အများအပြားကို ဆွဲခေါ်နိုင်ပြီး စွေ့ချီချောင်း၏ တတိယ ပရိုဂရမ်ကို နာမည်ကြီးခေါင်းစည်းတစ်ခု ဖြစ်လာအောင်လည်း ပြုလုပ်ပေးကာ အောင်မြင်မှုထိပ်သို့ ခုန်တက်သွားစေလိုက်သည်။ အမျိုးမျိုးသော စိုက်ပျိုးရေး ကုမ္ပဏီများ၏ ကြေညာကမ်းလှမ်းချက်များသည်လည်း သူတို့တံခါးဝသို့ ရောက်လာကြသည်။ 


[တိုက်ရိုက်ထုတ်လွှင့်တော့မှာ... တိုက်ရိုက်ထုတ်လွှင့်တော့မှာ.... စိတ်လှုပ်ရှားလိုက်တာ...]


[ငါက estrus ကာလကို မကြည့်ချင်ပါဘူး... အရှင်သခင်စွေ့ လယ်စိုက်နေတာပဲ ကြည့်ချင်တာ... *ကြေးခွက်ခေါက်ပြီး တရားမှတ်နေ*]


[အပေါ်ထပ်က မှတ်ချက်တွေကို ဖျတ်ခနဲ ကြည့်လိုက်တာနဲ့တင် သူတို့အကုန်လုံးက အကောင်းစား ပရိသတ်တွေဆိုတာ ငါသိတယ်...]


[အဲ့ဒါက လုံးဝမိုက်တဲ့ မင်းရဲ့ စွေ့ဖြစ်နေတုန်းပါပဲ... သူက လက်ဗလာနဲ့ ထယ်သွားလုပ်နေတာနော်...]


[သူက လက်ဗလာနဲ့ ထွန်စက်လည်း လုပ်နေတာ...]


[ဘုရားရေ... ငါအရမ်း စိတ်လှုပ်ရှားတာပဲ... ဒီလူပြောတာ သခင်ကြီးစွေ့က မကြာခင် heatဝင်တော့မှာတဲ့... ဘာလုပ်ရမလဲ... ငါတော့ အဲ့အခန်းကို ကြည့်တောင်မကြည့်ရဲဘူး...]


[ငါလည်း မကြည့်ရဲဘူး... ဒါက အဖြောင့်ဖြစ်နေတဲ့ လောင်ဇီကို ကွေးအောင် ကြိုးစားနေတဲ့ LJJရဲ့ လျှို့ဝှက်အကြံအစည်ပဲ...]


[ငါအရမ်း စိတ်တိုတယ်... အမှိုက်ကောင် LJJ... မင်းက ငါ့သခင်ကြီးစွေ့ရဲ့ သရုပ်သကန်ကို ဖျက်ဆီးနေတာပဲ... ကန့်ကွက်တယ်... ငါပြင်းပြင်းထန်ထန် ကန့်ကွက်တယ်... ငါက သခင်ကြီးစွေ့ ကာမဆန္ဒ မပြည့်မဝဖြစ်နေတာကို မကြည့်ချင်ဘူး... သခင်ကြီး စွေ့ကို လွတ်ထားလိုက်ပါ... သူ့ဟာသူ လယ်စိုက်နေပါစေ...]


....


[ဒီအပိုင်းက ပြီးတောင် ပြီးတော့မယ်... သူက heat မဝင်သေးဘူးလား... ]


[...စာတန်းထိုးထားတာကိုကြည့်... သူက heat ဝင်နေပြီလား...]


[အဲ့ဒါက ဘယ်လိုလုပ်ပြီး heat ဝင်နေတာဖြစ်မှာလဲ... သူက အရူးအမူး လယ်ထွန်နေတာ မဟုတ်ဘူးလား...]


[နွေဦးတောင်ရောက်တော့မယ် စွေ့ချီချောင်းက သူ့ရဲ့ estrusကို အပြင်းအထန် တွန်းလှန်နိုင်တယ်... အဲ့ကာလအတွင်းမှာ သူက လယ်ပဲထွန်နေပြီး စွန့်ပစ်မြေ ၃၀မူကို စိုက်ပျိုးနိုင်တဲ့ လယ်မြေအဖြစ် ပြောင်းပစ်လိုက်တယ်...]


[....]


[…ငလူးပဲ LJJ......]


[ငါက နာမည်ကြီးနေတာကိုတွေ့ပြီးမှ ဒီရောက်လာတဲ့ အသစ်လေးပါ... အဲ့ဒါက ငါထင်ထားတာနဲ့ နည်းနည်း လွဲနေတဲ့ပုံပဲ... သူ့ရဲ့ ပရိုဂရမ်တွေက အမြဲတမ်း ဒီလိုပဲလား...]


[မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်သေးဘူး... ဒါက ငါသိတဲ့ A/O/B လောကမဟုတ်ပါဘူး...]


[မြေနိုး... ရယ်ရလွန်းလို့ မျက်ရည်ပါကျတယ်... ငါတို့က LJJနဲ့ စွေ့ချီချောင်းရဲ့ အရူးလုပ်တာကို ထပ်ခံလိုက်ရပြန်ပြီ... ဟားဟားဟားဟားဟား.... သူ့ရဲ့ လယ်စိုက်ချင်တဲ့ စိတ်ဆန္ဒတွေက အရမ်းသန်မာနေလို့ ဘယ်လိုတောင် စိတ်လွတ်သွားသလဲ... မကြာခင်တောင် နွေဦးရောက်တော့မယ်... ဟားဟားဟားဟားဟားးးး...]


[မိုးမေလင်းလိုက်ကွာ... LJJက ဒီအပိုင်းကို ဖြတ်ဖြတ် မဖြတ်ဖြတ် သောက်ရေးမှမပါတာ... LJJက လုံးဝ စိတ်မပူတာ အံ့ဩစရာမရှိတော့ပါဘူး...]


[ငါထင်တာ သူက အရင်ကထက်တောင် ပိုပြီး စိတ်အားထက်နေသလားလို့... ဒါပေမဲ့ အဲ့ဒါက သူ့estrusနဲ့တော့ ဘာမှမဆိုင်ပဲ အဓိကက နွေဦးရောက်တော့မှာမို့ကို...]


[လခွမ်း... ဒါဘယ်လို ပေါက်ကရကြီးလဲ... နွေဦးက စောစောရောက်လာရင် လူတွေက အလုပ်ကြိုးစားကြတယ်ဟုတ်လား... အဲ့ဒါက နွေဦးမရှိရင် လူတွေက အလုပ်ကြိုးစားတယ်လို့ ဖြစ်သင့်တာ... ငါဆိုလိုချင်တဲ့ နွေဦးဆိုတာက ထန်တာကို ပြောချင်တာ...]


[ငါတော့ တော်ပြီ... ဒါက ငါ့ဘဝတစ်လျှောက်လုံး မြင်ဖူးသမျှထဲမှာ ပြောစရာမရှိအောင် အလုပ်နိုင်ဆုံး A/B/O ယဉ်ကျေးမှုပဲ...]


......


ငါ့မြေလေးကို ကြည့်ပါဦး... အဲ့ဒါက တကယ်ကို ချောမွေ့ပြီး မြေဩဇာထည့်ထားပြီးပြီး... အဲ့ဒါက တကယ်ကို ညီညာပြီး ပထမတန်းစားပဲ…


စွေ့ချီချောင်းက ပျိုးကြဲနေစဉ် ပျော်ရွှင်ဝင့်ကြွားနေသည်။ LJJက သူ့အား ဤနေရာတွင် တစ်ယောက်တည်း လယ်စိုက်ရန် ပို့ထားရာ သူက အချိန်ဆုံးသည်အထိ လယ်စိုက်၍ရပေသည်။ 


သူ့၏ estrusကာလ ကုန်ဆုံးသွားသောအခါ စွေ့ချီချောင်းက ပို၍ တက်ကြွလာသည်။ မြေပြင်မှာ ယခင်ကတည်းက လုံလုံလောက်လောက် ရေလောင်းထားပြီးဖြစ်ရာ စွေ့ချီချောင်းက လက်ဖြင့် မျိုးစေ့များ လိုက်ကြဲပေမည်။ သူမျိုးကြဲသည့် နည်းလမ်းက အလွန်သေသပ်ပြီး အမှားတစ်ခုပင် မပါချေ။


အပင်ထွက်လာသည့်အခါ သီးနှံများက တပ်ရင်းတွင် ရပ်နေသော စစ်သားများကဲ့သို့ သေသပ်နေမည်မှာ အသေအချာပင်ဖြစ်သည်။


အပင်စိုက်ပြီးနောက် သူက မြေကြီးကို အဖုံးဖုံးကာ အစိုဓာတ်ပေးရန် စွေ့ချီချောင်း အရင်ကတည်းက ကြိုပြင်ထားသည့် မြက်အချို့ဖြန့်ပေးရပေမည်။ ရှောင်ပိုင်က သူ့ကို အလုပ်ကူလုပ်ပေးရန် သူ့ပတ်လည်တွင် ခုန်ပေါက်နေပြီး မြက်များကို ဆွဲယူလာသည်။ 


မျိုးကြဲပြီးနောက် စွေ့ချီချောင်းက နေ့တိုင်း စစ်ဆေးပေးသည်။ ၅ရက်နီးပါး ကြာပြီးနောက် အညှောင့်များ စတင်ထွက်လာလေသည်။ သူက မြက်များကို ဖယ်ကာ မနက်ခင်းနှင့် ညနေခင်းတွင် မကြာခဏ ရေလောင်းပေးလိုက်သည်။ 


အပင်ပေါက်များ ထွက်လာသောအခါ ပေတံကဲ့သို့ သပ်ရပ်နေပြီး OCDသမားများကိုပင် စိတ်ကျေနပ်စေရန် လုံလောက်ပေသည်။ ရက်အနည်းငယ်ကြာပြီးနောက် ၄င်းတို့က အပင်ပေါက်များအဖြစ် ကြီးပြင်းလာကြသည်။ ကုန်မြေ ၁ဧကပေါ်တွင် အပင် ၅၀၀၀ သို့မဟုတ် ၆၀၀၀ခန့် စိုက်ပျိုးနိုင်လေသည်။ 


စွေ့ချီချောင်းက ၁ရက်လျှင် ၂နပ်စားပြီး မိုးလင်းမှ မိုးချုပ်အထိ အလုပ်လုပ်ကာ လယ်ကွင်းထဲတွင် ရှိမနေလျှင် အာကာသအမှိုက်များကို လေ့လာနေတတ်သည်။ ညဘက်ပြန်ရောက်သောအခါ သူ့ကိုယ်သူ အလုပ်ကြိုးစားခြင်းအတွက် ဆုလဒ်တစ်ခုပေးကာ သူ့ကိုသူ နောက်ကျောကို နှိပ်နေလိုက်သည်။ 


ရှောင်ပိုင်က သူ့ပေါ်ခုန်တက်ကာ ကျောကိုနင်းပေးရန်ကူညီပေးလိုက်သည်။ စတုရန်းနှင့် စက်ဝိုင်းက ခြောက်ကပ်စွာ ဆိုလိုက်သည်။

"မင်ခါးက အလုပ်တွေ အများကြီး လုပ်နေရတာ... ဂရုစိုက်ဖို့ မမေ့နဲ့..."


ပိုက်သာဂိုးရပ်က ဆိုလိုက်သည်။

"ငါနှိပ်တတ်တယ်... ဒါပေမဲ့ ငါမင်းကို နှိပ်ပေးလို့မရဘူ..."


၄င်းမှာ စွေ့ချီချောင်းက သူတို့၏ သခင်မဟုတ်၍ပင်။ 


ပိုက်သာဂိုရပ်က အထစ်အထစ်နှင့် ရူးကြောင်ကြောင် စကားရိပ်သန်းလိုက်သည်။

"မဟုတ်သေးပါဘူး... မင်းဘာလို့ ငါ့ကို အမြန်လေး မဟက်(hack)သေးတာလဲ..."


ဤတြိဂံမှာ အမှန်တကယ် ပျက်လုနီးပါးဖြစ်နေပြီဟု စွေ့ချီချောင်းက အိပ်ရာပေါ်တွင် လှဲနေကာ တွေးလိုက်သည်။ ၄င်းကို ဒီဇိုင်းဆွဲစဉ်က အသေးစိတ်အချက်အလက်အများအပြားကို ထည့်စဉ်းစားခဲ့၏။ 

ပြီးတော့ စက်ရုပ်တွေက ဘယ်လောက်တောင် ပျင်းနေလို့ လူတွေက သူတို့ကို အလုပ်အလွယ်တကူ ခိုင်းလို့ရအောင် သူတို့ကို hackဖို့တောင်းဆိုလာတာလဲ... 


"ငါ ဘယ်လိုလုပ်ရတာလဲ မသိဘူး..."


အိမ်သုံးစက်ရုပ်များမှာ ပိုင်ရှင်၏ သီးသန့် အချက်အလက်များကို မှတ်တမ်းတင်ရန် အစီအစဉ် ဆွဲထားခြင်းဖြစ်ပြီး သူတွေ့ခဲ့သည့် တခြားသောစက်များထက်ပင် ပို၍ အလေးအနက်ပင် အချက်အလက်များကို ကုဒ်အဖြစ်အသေအချာသိမ်းဆည်းထား(encrypted)ပေသည်။ ၄င်းမှာ ၂၃ရာစု၏ ထုတ်ကုန်ဖြစ်လျှင်ပင် ထိုနယ်ပယ်တွင် သူ့၏ အရည်အချင်းနည်းပါးမှုကြောင့် သူက ထိုကုဒ်ကို မဖြည်(decrypt)နိုင်ပေ။ 


ပိုက်သာဂိုးရပ်မှာ အလွန် စိတ်ပျက်သွားပြီး သူ့ကိုယ်ပေါ်မှ မီးသီးလေးက မှောင်မဲသွားလေသည်။ 

"ဟုတ်ပါပြီ..."



🍀🍀🍀