Chapter 89
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 89

နွေဦးက စောရောက်လာတဲ့အခါ လူတွေက အလုပ်ကြိုးစားကြတယ် (၂)



မျိုးစေ့ထုတ်လုပ်ရေးအတွက် စိုက်ထားသော ကန်စွန်ဥများက စားသုံးရန် စိုက်ထားသော ကန်စွန်းဥများထက် မြန်မြန် ကြီးထွားလာလေသည်။ အပူချိန် သင့်လျော်လာသည့်အခါ ကန်စွန်းဥမျိုးများသည်လည်း ပျိုးကြဲစိုက်ပျိုးနိုင်သည်။ စွေ့ချီချောင်းက အနည်းငယ်သာ စားသုံးပြီး ကျန်သည်များကို လယ်ထဲတွင် စိုက်ထားလိုက်သည်။ တောင်ရိုးတစ်လျှောက်တွင် သံချောင်း အတိုအရှည်များ သို့မဟုတ် သစ်ကိုင်းများ ထိုးစိုက်ထားပြီး အရွယ်အစားနှင့် ပုံသဏ္ဍာန်မျိုးစုံ မီးသီးများချိတ်ဆွဲထားသည်။ စွေ့ချီချောင်းက တစ်ညတာလုံးအတွက် အလင်းရောင်ပေးရန်နှင့် ကန်စွန်းဥများအတွက် မီးထွန်းပေးရန် စုဆောင်းထားခြင်းပင်။  


ကန်စွန်းဥများ အညှောင့်ပေါက်လာသောအခါ သူက ကန်စွန်းဥအပင်ပေါက်များကို လှီးကာ စိုက်ပျိုးရန်ဖြတ်ထားနိုင်သည်။ ၃လ သို့မဟုတ် ၄လအတွင်း သူက ကန်စွန်းဥ အမြောက်အများကို ခူးနိုင်ပေမည်။  သာမန်သိုလှောင်မှုနှင့်ဆိုပါက ၄င်းတို့ကို လအနည်းငယ်ခန့်သာ သိုလှောင်ထားနိုင်ပြီး အေးခဲခြင်းနည်းပညာကို အသုံးပြုပါက စွေ့ချီချောင်းမှာ ဤနေရာတွင် ကန်စွန်းဥ ပြတ်လတ်မည် မဟုတ်တော့ချေ။ 


ဆိုလိုသည်မှာ ကန်စွန်းဥများက ထိုအချိန်အထိ ဘေးကင်းနိုင်သည်ဟုပင်။ 


နွေဦးရောက်လာပြီးနောက် လူသူမဲ့ဂြိုလ်ပေါ်မှ တိရစ္ဆာန်မျိုးစုံက ထပ်မံတက်ကြွလာကြသည်။ ဤနေရာမှာ လူသူကင်းမဲ့သောကြောင့် တိရိစ္ဆာန်အမျိုး များစွာမရှိသော်လည်း စွေ့ချီချောင်း၏ သီးနှံများကို ထိုးဆိတ်နေသော ငှက်တစ်မျိုး ရှိပေသည်။ သူအာရုံမစိုက်မိသောအခါ ငှက်က ဆလပ်ရွက်များစွာကို ထိုးဆိတ်တတ်၏။ 


စွေ့ချီချောင်းက ပိုက်သာဂိုးရပ်ကိုတွေ့ကာ ၄င်းပေါ်တွင် သတ္ထုပိုက်များနှင့် အဝတ်များချည်ထားလိုက်ပြီး ငှက်များကိုခြောက်ရန် တောင်ရိုးတစ်လျှောက်လျှောက်သွားစေလိုက်သည်။ 


"ငါမင်းကို နားမထောင်နိုင်ဘူး... မင်းက ငါ့သခင် မဟုတ်ဘူး..."

ပိုက်သာဂိုးရပ်က လျှောက်သွားနေရင်း ဆိုလိုက်သည်။

"မင်းငါ့ကိုယ်ပေါ်မှာ ပစ္စည်းတွေ ချည်စရာလိုတယ်ဆိုရင်တော့ ငါမင်းကို မတားနိုင်ဘူး ဟုတ်တယ်မလား..."


စွေ့ချီချောင်းမှာ ထိုငှက်များက သူ့ဟင်းသီးဟင်းရွက်အကောင်းများကို လာမဆိတ်သရွေ့ သတ်မည်မဟုတ်ပေ။ သူ မူလက ပုပ်သိုးစေရန် ဘေးဖယ်ထားသည့် အရွက်များကို သူတို့အား ဆိတ်ခွင့်ပြုထားလိုက်သည်။ အစပိုင်းတွင် ထိုငှက်များက စွေ့ချီချောင်းကိုမြင်သည်နှင့် လန့်ကာ ပျံထွက်သွားကြသည်။ သို့သော် စွေ့ချီချောင်းက ဆလပ်ရွက်များကို ဖြန့်ကြဲထားသောအခါ သူတို့က ဘေးတွင် ထိုးဆိတ်နေလေသည်။ 


စွေ့ချီချောင်းက သူ့ဟင်းသီးဟင်းရွက်များကို အဆိတ်ခံရခြင်းကို သည်းမခံနိုင်ဟု တစ်ကိုယ်တည်း တွေးလိုက်သော်လည်း ထိုငှက်များကိုလည်း မဖမ်းနိုင်ချေ။ အနာဂတ်တွင် ငှက်များပျံနိုင်သော ဧရိယာကို လှည့်ပတ်နေမည်သာဖြစ်သည်။ အတန်ကြာအောင် အစာကျွေးပြီးနောက် ငှက်များက ယဉ်ပါးကာ သူအတွက် စားသောက်ရန် အသားရှိလာနိုင်၏။


စွေ့ချီချောင်းသည်လည်း ပိုက်သာဂိုးရပ်နှင့် နေရောင်ခြည် လှုံ့ဆော်ရေး နည်းစနစ်တို့ ကျေးဇူးကြောင့် အနားယူကာ အပြင်တွင် အနားပိုယူနိုင်လောက်ပေမည်။ သူက ဆောင်းရာသီအတွင်းက တွေ့ခဲ့သည့် ရေကန်ကို သွားလိုက်သည်။ ဆောင်းရာသီတွင် ရေခဲအလွှာမှာ အလွန်ထူသည်။ ယခုတွင် နွေဦးရာသီရောက်ပြီဖြစ်သော်လည်း ရေကန်ပတ်လည်ရှိ ရေခဲအနည်းငယ်သာလျှင် အရည်ပျော်သေး၏။ 


စွေ့ချီချောင်းက ရေကန်ထဲတွင် ငါးမျှားရန် ရှောင်ပိုင်ကို ခေါ်သွားလိုက်သည်။ သူအသားစာခဲ့သည်မှာ လပေါင်းအနည်းငယ်ပင် ကြာပြီဖြစ်သည်။ 


နွေဦးရောက်လာသည့်အခါ ထိုငါးများသည်လည်း ဆာလောင်နေကြသည်။ အတန်ကြာပြီးနောက် စွေ့ချီချောင်း၏ ငါးဖမ်းတုတ်တံမှာ ပေါ်လာပြီး လှုပ်ရှားသွားသည်။ ရှောင်ပိုင်က စွေ့ချီချောင်း၏ ခြေထောက်ပေါ်သို့ အလျင်အမြန် ခုန်တက်ပြီး တုတ်ကိုဆွဲကာ သူ့ကို စိုက်ကြည့်နေသည်။ 


စွေ့ချီချောင်း၏ ငါးမျှားတံမှာ အာကာသ အမှိုက်များမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ၄င်းမှာ တခြားသတ္ထုများနှင့် ပေါင်းစပ်ကာ ပစ္စည်းကြီးများကို သယ်ယူရန် ခွင့်ပြုပြီး ခံနိုင်ရည်ကို မြှင့်တင်ထားသည်။ မြေအောက် ငါးများမှာ အတန်ပင် အစွမ်းထက်သော်လည်း ငါးမျှားတံ၏ အရည်အသွေးမြင့်မှုကြောင့် ၄င်းက ကျိုးမသွားပေ။ 


စွေ့ချီချောင်းက သူ့လက်များကို အဝတ်ဖြင့် တိုက်ရိုက်ပတ်ထားလိုက်ပြီး သူ့လက်ထဲမှ ငါးမျှားတံကို တင်းတင်းဆုတ်ကာ သူ့၏ မျက်မြင်တွက်ချက်မှုအရ ၃၀ သို့မဟုတ် ၄၀ ကီလိုဂရမ်ခန့် ရှိသည့် ငါးအကြီးကြီးတစ်ကောင်ကို ဆွဲမြှောက်လိုက်သည်။ ၄င်းမှာ ငါးဟုပြောရန် အနည်းငယ် မသင့်လျော်ပေ။ ထိုရေနေသတ္တဝါတွင် လုံးဝ မပျက်စီးနေသည့် သေးငယ်သော ခြေသည်းခြောက်ခုရှိနေ၏။ ၄င်း၏ ခေါင်းက ကြီးပြီး လုံးဝန်းနေကာ ကြေးခွံများက သေးငယ်လှသည်။ ၄င်း၏ အရောင်က လှပကာ နေရောင်ထဲတွင် တောက်ပနေဟန်ရ၏။ 


သို့သော် သူက ၄င်းကို စမ်းသပ်ရန် သူ့၏ ကိရိယာဖြင့် ထိုးလိုက်သောအခါ ငါး၏ ဖွဲ့စည်းပုံက အဆင်ပြေ၏။ ၄င်းက လူသားခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေပေ။ သူ ၄င်းကို စား၍ရသော်လည်း အရသာ ကောင်းလား၊ ဆိုးလားမသိချေ။


စွေ့ချီချောင်းပြင်ဆင်ထားသည့် ပုံးမှာ အသုံးမဝင်တော့ချေ။ ၄င်းက ဤမျှကြီးမားလှသည့် ငါးကြီးမဆန့်ပေ။ ငါးက ရေကန်အစပ်တွင် နာရီဝက်ခန့်နေပြီး သေဆုံးသွား၏။ ၄င်းသေသွားသည်နှင့် ချက်ချင်းပင် ကြေးခွံများက အရောင်မှိန်ကာ အရောင်မဲ့လာလေသည်။ 


ရှောင်ပိုင်အတွက် ကောင်းသည့်အချက်တစ်ခုမှာ သူက ငါးအစိမ်းကို စိတ်မဝင်စားဘဲ ထိုအစား ထိုငါးကြီး၏ အနံ့ကို မုန်း၏။ ဤနေရာတွင် မည်သည့် ကာကွယ်ဆေးနှင့် ပိုးသတ်ဆေးများ မရှိ၍ စွေ့ချီချောင်းက သူ့ကို အသားစိမ်းမကျွေးပေ။ 


ငါးကြီးကို ပြန်သယ်လာပြီး စွေ့ချီချောင်းက ရေချိုးခန်းထဲသို့ယူသွားကာ ဆေးကြောပြီး လှီးဖြတ်လိုက်သည်။ 


ငါးက အလွန်ကြီး၍ မီးဖိုချောင်ထဲရှိ စဉ့်နီတုံးနှင့် မဆံ့သောကြောင့် ၄င်းကို ရေချိုးခန်းထဲတွင် လှီးရပေမည်။ စွေ့ချီချောင်းက သူကောက်လာသော သစ်သားထိုင်ခုံပေါ်တွင် ထိုင်ပြီး ငါးခေါင်းကို လှီးလိုက်သည်။ သွေးများက အစပိုင်းတွင် မဲနက်နေပြီး လေနှင့် ထိတွေ့ပြီးနောက် တဖြည်းဖြည်း အနီရင့်ရောင် ပြောင်းသွားသည်။ ရှောင်ပိုင်မှာ ရုတ်တရက် ရေချိုးခန်းထဲသို့ အပြေးလာပြီး စူးစူးရှရှအော်ဟစ်နေ၏။ 


စွေ့ချီချောင်း၏ နှလုံးသားက တင်းကျပ်သွားပြီး ဓားတစ်ချောင်းနှင့် ထွက်ကြည့်လိုက်သည်။ အာကာသစခန်း၏ ပိတ်ထားသော တံခါးက ပွင့်နေသည်ကို သူတွေ့လိုက်သည်။ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးက တံခါးဝတွင်ရပ်နေပြီး စွေ့ချီချောင်း၏ လက်များက သွေးများဖြင့် ပေကျန်နေကာ သူ့မျက်နှာပေါ်တွင် သွေးစက်များ ပေနေသည်ကို တွေ့သွားသည်။ စွေ့ချီချောင်းက လက်တစ်ဖက်တွင် ဓားပင် ကိုင်ထားသေးသည်။ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ 


"ဝမ်းကွဲညီလေး မင်း ဘာလုပ်နေတာလဲ...ခေါင်းမာလွန်းလို့ ကိုယ့်ကိုယ်ကိုပါ သတ်သေချင်သွားပြီလား..."

ထိုအမျိုးသားက လျှောက်လာပြီး စနောက်လိုက်သည်။


ထိုအမျိုးသားက အာကာသစခန်း၏ တံခါးကို ဖွင့်နိုင်ကာ စွေ့ချီချောင်းကို သူ ခေါ်သည့် ပုံစံပါထပ်ပေါင်းပါက ထိုလူ၏ သရုပ်မှန်ကို စွေ့ချီချောင်းက စိတ်ထဲတွင် ချက်ချင်း နားလည်သွားသည်။ သူ့လက်တွင် ကိုင်ထားသော ဓားက တစ်ပတ်လည်သွားပြီး တစ်ဖက်လူ၏ လည်ပင်းဆီသို့ အလျင်အမြန်ပြေးသွားကာ မလှုပ်နိုင်အောင် ချုပ်ထားလိုက်သည်။ 


သို့သော် တစ်ဖက်လူက အလျင်အမြန် ရှောင်လိုက်သည်။ သူက တစ်ဖက်သို့ ချက်ချင် ရှောင်ကာ သူ့ခါးနောက်ရှိ လက်နက်ဆီသို့ လက်လှမ်းလိုက်သည်။ သို့သော် စွေ့ချီချောင်းက သူ့ထက်လျင်မြန်ကာ သူ့လက်ထဲတွင် ရောင်ခြည်သေနတ်ရှိနေပြီး ဖြစ်ကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို တိုက်ရိုက်ပစ်ထည့်လိုက်သည်။ 


ထိုလူက စွေ့ချီချောင်း၏ ဝမ်းကွဲအစ်ကို ဖြစ်နိုင်ပြီး သူဤသို့လုပ်လိုက်မည်ဟု မထင်ထာသည်မှာ သိသာလှသည်။ စွေ့ချီချောင်းက "မလှုပ်နဲ့"ဟုပင် မပြောချေ။ သူ့က သူ့ဝမ်းကွဲအစ်ကို၏ လက်ကောက်ဝတ်အရိုးကို ပစ်လိုက်သည်။ ၄င်းက လောင်ကျွမ်းနေသည့် ခံစားချက်တစ်ခုဖြင့် သူ့ဝမ်းကွဲအစ်ကိုကို နေရာတွင် မေ့မျောလုနီးနီး ပြုလုပ်နိုင်၏။ 


စွေ့ချီချောင်းက ရှေ့တက်လာပြီး ထိုလူ၏ လက်ကို ဦးဆုံး ကြိုးချည်လိုက်သည်။ ထို့နောက် သူက ဆေးသေတ္တာကို ယူလာပြီး သူ့လက်ကောက်ဝတ်တစ်ဝိုက်ကို ပတ်တီးနှစ်ကြိမ်စည်းပေးလိုက်သည်။ သူက တစ်ဆက်တည်း သူ့အစ်ကိုဝမ်းကွဲပေါ်တွင် လက်နက်များကို ရှာလိုက်သည်။ 


ထိုအချိန်မှ သူ့၏ အစ်ကိုဝမ်းကွဲက အနည်းငယ် ပိုကောင်းလာသည်ဟု ခံစားရသည်။ ထို့နောက် သူ့အစ်ကိုဝမ်းကွဲမှာ စွေ့ချီချောင်းက သူ့လက်ကို နောက်သို့ ကပ်ချုပ်လိုက်သည်ကို ခံစားမိကာ အလွန်နာကျင်သွား၏။ နောက်ဆုံးတွင် သူက ဖြူဖျော့နေသောမျက်နှာဖြင့် မေးလိုက်သည်။ 

"ချီး... မင်းအဲ့လက်နက်ကို ဘယ်ကရခဲ့တာလဲ..."


ရှောင်ပိုင်က တိတ်တဆိတ်ထွက်လာပြီး ထိုင်ချကာ သူ့ကိုကြည့်လိုက်သည်။ 


အစ်ကိုဝမ်းကွဲ - "ငလူး... အဲ့ကြောင်ကရော မင်း ဘယ်ကနေရလာတာလဲ..."


တီ...


စွေ့ချီချောင်း၏ ဟင်းချက်သေတ္တာက အသံမြည်လာသည်။ ထိုအချိန်တွင် သူက ကန်စွန်းဥများ ချက်ပြီးသွားလေပြီ။ 


စွေ့ချီချောင်းက ဟင်းချက်သေတ္တာကို လက်တစ်ဖက်နှင့် ဖွင့်လိုက်ပြီး ကန်စွန်းဥကို ထုတ်လိုက်သည်။ 


အစ်ကို ဝမ်းကွဲ - "ငလူး... မင်းက အဲ့ကန်စွန်းဥတွေကို ဘယ်က ရလာတာလဲ...."


"တံခါးဖွင့်ပေးတာ ကျေးဇူးပဲ..."

စွေ့ချီချောင်းက ပထမဆုံး တစ်ခွန်းကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ နေ့တိုင်း နေကာအမိုးမှ အဝင်အထွက်လုပ်နေရသည်မှာ သူ့အတွက် အလွန်အဆင်မပြေဖြစ်နေခဲ့ပေသည်။ ဤသည်မှာ ဤလူက မှတ်ဉာဏ်တု လေယာဉ်၏ အချက်အလက်များတွင် ပေါ်လာသည့်အချိန်ဖြစ်သည်ကို မှတ်မိသွားသည့် အချိန်လည်းဖြစ်ပေသည်။ ဤလူက သူ့၏ ဆွေမျိုး စွေ့ဟူပင်။ 


"အပြင်ကဟာတွေက... မင်း အဲ့ဒါတွေကိုလည်း စိုက်ထားတာလား..."

စွေ့ဟူက နောက်မှ ဆိုလိုက်သည်။ သူက အာကာသယာဉ်ထဲမှ ထွက်ထွက်ချင်း သပ်ရပ်လှသည့် လယ်ကွင်းတစ်ခုကိုတွေ့လိုက်သော်လည်း ၄င်းမှာ သူ့ညီဝမ်းကွဲနှင့် ဘာမှမဆိုင်ဘဲ အခြားလူများက လူသူမဲ့ ဂြိုလ်ပေါ်တွင် လယ်လာစိုက်နေသည်ဟု ထင်လိုက်သည်။ သူက အာကာသစခန်းမှာ ကျူးကျော်ခံရမည်ကို စိုးရိမ်၍ သတိတကြီး လာရောက်ခြင်းဖြစ်သည်။


နောက်ဆုံး အထောက်အပံ့များ ပေးခဲ့သည်က လပေါင်းများစွာကြာပြီဖြစ်၍ မိသားစုက ဤအချိန်တွင် အထောက်အပံ့များ ကုန်လောက်ပြီဟု မှန်းဆမိသော်လည်း သူ့တို့၏ ဝမ်းကွဲညီလေးထံမှ ဘာမှမကြားခဲ့ပေ။ သူတို့က သူ့ဝမ်းကွဲညီလေး ဘာဖြစ်သွားသသည်ကို လေ့လာရန် သူ့ကို လွှတ်လိုက်ခြင်းဖြစ်သည်။ 

သူ နောင်တရနေပြီလား... 


သူတို့က သူ့ကို ဖိနှိပ်ဆေးမပေးထား၍ သူက estrusကာလများကို ခက်ခဲစွာဖြတ်သန်းခဲ့ရပေမည်။  estrus ကာလများကို သာမန်အိုမီဂါများက မလွန်ဆန်နိုင်ချေ။ သူ့ဝမ်းကွဲညီလေးက အမှန်တကယ် အရှုံးမပေးပါက သူ့အား ဦးနှောက်ဆေးရန် ပြန်ပြီးပြန်ပေးဆွဲလာမည်ဖြစ်သည်။ 


ဝင်ဝင်လာချင်း ဝမ်းကွဲညီလေးဆီမှာ အရေးနိမ့်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ...


စွေ့ဟူက သူ့ဝမ်းကွဲညီလေးကို ကြည့်ပြီး သူ့ညီ သူ့ထံမှ လုယူလိုက်သည့် အရာများကိုမြင်ရာ သူ့အမူအရာက အေးစက်သွားသည်။ 

သူက ဒီမှာ အရမ်းကြီး ထိန်းချုပ်ထားရလွန်းလို့ နှာဘူးတစ်ယောက် ဖြစ်သွားတာလား...


"ငါ့ကို မကြာခင်မှာပဲ လာရှာမဲ့ လူတွေ ရှိလောက်တယ်ဆိုတာ ငါတွက်ထားပြီးသား..."

စွေ့ချီချောင်းက ဖြည်းညင်းစွာဆိုပြီး အံဆွဲထဲမှ ပစ္စည်းလေးတစ်ခုကိုထုတ်ကာ သူ့လက်ထဲတွင် ဆော့နေလိုက်သည်။ 


"ဝမ်းကွဲညီလေး... မင်း ဘယ်လိုလုပ်ပြီး ထွက်လို့ရသွားတာလဲ..."

သူ့ဝမ်းကွဲအစ်ကိုက မူးဝေနေပြီး ယခုချိန်ထိ အာရုံမစိုက်နိုင်သေးသော်လည်း သူ့ဝမ်းကွဲညီလေး မည်သို့ အပြင်ထွက်လာသည်ကို နားမလည်နိုင်သည့်အပြင် တံခါးမှာ ဖွင့်ထားသည့် အရိပ်အယောင်လည်း မပြချေ။ 


"ငါ နေကာအမိုးကနေထွက်တာ..."

စွေ့ချီချောင်း ဆိုလိုက်ပြီး ချိန်ညှိထားသောပစ္စည်းလေးကို စွေ့ဟူ၏လည်ပင်းသို့ တပ်လိုက်သည်။ များစွာသော ပြွန်အသေးလေးများက ချက်ချင်းပင် အောက်ဖက်မှ ထိုးထွက်လာကာ စွေ့ဟူ၏ အရေပြားပေါ်သို့ တင်းတင်းထိကပ်သွားသည်။ ထို့နောက် စွေ့ချီချောင်းက စွေ့ဟူ၏ လက်ကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ 


စွေ့ဟူက စွေ့ချီချောင်း ဘာလုပ်သည်ကို မသိချေ။ ကုသမှုပတ်တီး၏ အကိုက်အခဲပျောက်စေနိုင်သော အကျိုးဆက်က ကောင်းလှ၍ သူ့၏ လက်ဒဏ်ရာတွင် ထုံကျင်မှုကိုသာ ခံစားရတော့သည်။ ထိုသို့ဆိုလျှင်ပင် သူ့အရိုးများက ဒဏ်ရာရထားခြင်းကြောင့် သူ ပြန်ကောင်းလာရန် အနည်းဆုံး လဝက်ခန့် လိုပေမည်။ 


သူက ခေါင်းလှည့်လိုက်သည်။

"ဒါက ဘာလဲ..."


စွေ့ချီချောင်း - "လျှပ်စစ် လည်ပတ်..."


စွေ့ဟူ "..."


စွေ့ဟူက ဖြူဖျော့နေသော မျက်နှာဖြင့် ဆိုလိုက်သည်။

"မင်း လာနောက်နေတာလား..."


"ငါက ဘာလို့နောက်ရမှာလဲ..."

စွေ့ချီချောင်းက ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်၏။ သူ့မိသားစုက သူ့အား အရှုံးပေးရန် ဖိအားပေးချင်လျှင် သူသည်လည်း ဗုံးအကြီးကြီးများ ပြုလုပ်ကာ အပြင်ရှိ အာကာသအမှိုက်များထဲတွင် ဝှက်ထားမည်ဖြစ်သည်။ စွေ့ဟူကို ဝတ်ထားပေးသည်မှာ မူလက ရန်သူများကိုပစ်ရန် အသုံးပြုသော်လည်း သူက သူ့၏ ဝမ်းကွဲများကို အရှုံးပေးရန် မမျှော်လင့်ထား၍ မကြာသေးမီက ယာယီပြောင်းလဲထားခြင်းပင်။ 


စွေ့ဟူက သူ့အား စက္ကန့်ပိုင်းမျှ ကြည့်လိုက်သော်လည်း မည်သည့်အမူအရာမှ မတွေ့ချေ။ သူက သေလုမျောပါးဖြစ်နေဟန်ရပြီး ငြင်းခုန်လိုက်သည်။

"မင်း ငါ့ကို လွတ်ပေးလိုက်တာ ကောင်းမယ်နော်... မင်းဘာလို့ ဒေါသပုန်ထဖို့ပဲ စိတ်ထဲရှိနေတာလဲ... မင်း ပြန်မသွားပဲ တစ်ဘဝလုံး ဒီမှာပဲ နေသွားချင်လို့လား... အရှုံးပေးပြီး ပိုကောင်းတဲ့ အယ်လ်ဖာတစ်ယောက်သာ ရွေးလိုက်စမ်းပါ... အိမ်မှာ ရှိတဲ့ တစ်ယောက်ယောက်က ငါတစ်ခုခုဖြစ်တယ်ဆိုတာသာ သိသွားကြည့်ပါလား... မင်းကို အိမ်ပြန်ဆွဲခေါ်သွားပြီး သင်ခန်းစာပေးလောက်မှာ မဟုတ်ဘူးလား..."


စွေ့ချီချောင်းက လုံးဝ မမှုဘဲသူ့ကို ပြုံးပင်ပြလိုက်သည်။ 


သူ့လည်ပင်းရှိ လျှပ်စစ် လည်ပတ်ကိုတွေးမိသော စွေ့ဟူ "...."


သူက အသက်ပြင်းပြင်း ရှုကာ သူ့ဒေါသများကို ဖိနှိပ်လိုက်သည်။

"မင်းဒီမှာ ခံစားရတာ မလောက်သေးဘူးလား... ဖိနှိပ်ဆေးမရှိတဲ့ အိုမီဂါတစ်ယောက်က estrusကို ဖိအားပေးခံရပြီး ရှင်သန်ခဲ့ရမှာပဲ.... ဟွန့်... ကိစ္စမရှိဘူးလို့တော့ လာမပြောနဲ့နော်... မင်း အဲ့ခံစားချက်ကို ဘယ်နှခါတောင် သည်းခံခဲ့ရလဲ.. "


တီ.... တီ....


စွေ့ဟူ၏ ပစ္စည်းများထဲတွင် အသံမြည်နေသည့် အရာတစ်ခု ရှိနေဟန်ရ၏။ သူက သက်ပြင်းချကာ ညွှန်ကြားလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ... အရင်ဆုံး လေယာဉ်ပေါ်ကိုသွားပြီး အဲ့မှာရှိတဲ့ တားမြစ်ဆေးသွားယူလာပေး... အခုက ငါတားမြစ်ဆေး ထိုးရမဲ့အချိန်ပဲ... အဲဒါက တံခါးပေါက်ဘေးက ချိတ်ထားတဲ့ အိတ်ထဲမှာ ရှိတယ်..."


စွေ့ချီချောင်းက ထရပ်ကာ သူ့လက်များကိုဆေးပြီး ကြမ်းပြင်ကို သုတ်ရန်အသင့်ပြင်ကာ ခပ်ဖွဖွ ဆိုလိုက်သည်။

"မင်း rutဝင်တဲ့အချိန်ကျရင် ငါ သွားယူပေးမယ်..."


စွေ့ဟူက အထိတ်တလန့်ဖြစ်သွာသည်။

"မဟုတ်ဘူးလေ... ငါ မင်းကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး လျှို့ဝှက်ကြံစည်ဖို့ မရည်ရွယ်ထားဘူး... ဒါက တကယ်ကြီး ငါ့ရဲ့ အရေးကြီးတဲ့ကာလ..."


သူက စွေ့ချီချောင်း နောက်နေခြင်းမဟုတ်သည်ကို တွေ့သွားပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းသွားကာ ညှိုးငယ်သော အမူအရာဖြင့် ဆိုလိုက်သည်။

" စွေ့ချီချောင်း... ငါ့ရဲ့ တားမြစ်ဆေးထိုးတာ ကျရှုံးပြီး ငါ့ဖယ်ရိုမုန်းတွေ ပေါက်ထွက်လာရင် မင်းရော သက်ရောက်မှု မရှိဘူးထင်နေလား... မင်းက ငါ့အတွက် တားမြစ်ဆေး ယူပေးဖို့ သတိရှိနေဦးမယ် ထင်နေတာလား..."


စွေ့ဟူက ညင်သာစွာရယ်ပြီး ဆိုလိုက်သည်။

"...ငါက အင်းစက်လုပ်ဖို့ မကြောက်ပေမဲ့ မင်းရော လုပ်ရဲလို့လား..."


စွေ့ချီချောင်းက သူ့လက်များကိုဆေးပြီး ငါးကို ကိုင်နေရာ ရေသံများ ဆူညံနေသည်။ စွေ့ဟူက အတန်ကြာအောင် အေးစက်စွာစောင့်နေသော်လည်း တုံ့ပြန်မှု မရပေ။ 


တိတ်ဆိတ်နေသော အခန်းထဲတွင် ရှောင်ပိုင်သာလျှင် သူ့လက်သည်းများကို လျက်လိုက်ပြီး တံတွေးထွေးချလိုက်သည်။



🍀🍀🍀