Chapter 90
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 90

လယ်စိုက်ရတာက ချစ်ရတာထက်ပိုကောင်းတယ် (၁)



စွေ့ဟူ၏ တတိယမြောက် rutဝင်သည့်နေ့တွင် သတိပေးချက်တစ်ခုက ၁၀မိနစ်တစ်ခါ မြည်နေလေသည်။ သုံးကြိမ်မြည်ပြီးနောက် စွေ့ဟူထဲရှိတားမြစ်ဆေး၏ ဆေးလက်ကျန်မှာ တဖြည်းဖြည်းကျလာပြီး သူ့ခံစားချက်များနှင့် လိုအင်များက တဖြည်းဖြည်း အားသာလာသည်။ 


သူ့လည်ချောင်းများခြောက်လာပြီး သူ့မျက်လုံးများက နီရဲကာ သူ့ခန္ဓာကိုယ်မှ ဖယ်ရိုမုန်းများ ထွက်နေပြီး သူက အိုမီဂါ ဖယ်ရိုမုန်းများအား ပိုပို၍ ခံစားလွယ်လာသည်။ 


ထိုအိုမီဂါက တစ်နေရာတည်းတွင် ချိုမြိန်သော ဖယ်ရိုမုန်းများ ထုတ်လွတ်နေသည်ကို သူက ရှင်းရှင်းလင်းလင်း အနံ့ရပြီး ရနံ့က အလွန် အံ့ဩစရာကောင်းပေသည်။ ၄င်း၏ ချက်ထားသည့် နှံစားပင်ငါးမျိုးအနံ့က သူ့ကို အစာအိမ်တွင်သာမက အောက်ပိုင်းတွင်ပါ ဆာလောင်လာအောင် ပြုလုပ်နေ၏။  


စွေ့ဟူ၏ လက်များအား ပွတ်တိုက်မှု ဆန့်ကျင်ရေး အထိန်းအချုပ်များဖြင့် ချည်နှောင်ထားသော်လည်း ၄င်းက သူ့ rut၏ ရလဒ်တစ်ခုဖြစ်သည့် စိတ်လှုပ်ရှားမှုကို မဖျောက်ဖျက်နိုင်ပေ။ သူတို့က heatဝင်လာသည်နှင့် အယ်လ်ဖာတစ်ယောက်၏ တစ်စိတ်တပိုင်းအား သားရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်ပေသည်။ 

အဲ့ဒါဆို သူအနံ့ရနေတဲ့ ဖယ်ရိုမုန်းတွေက သူ့ဝမ်းကွဲညီရဲ့ ဖယ်ရိုမုန်းတွေဆိုတာကို သူက ဘာလို့ ဂရုစိုက်တော့မှာလဲ... 


သူက အပြင်းအထန် စတင်ရုန်းကန်လာပြီး သူ့ခန္ဓာကိုယ်အား သတ္ထုနံရံနှင့်ပစ်တိုက်ကာ အသံအကျယ်ကြီး ပြုလုပ်လိုက်သည်။ 

"စွေ့ချီချောင်း.... စွေ့ချီချောင်း...."


တုံ့ပြန်မှု မရှိသည့်အပြင် အစပိုင်းတွင် စွေ့ချီချောင်းကို အကျဉ်းချရန် သူတို့က ဤနေရာကို အသန်မာဆုံး သတ္ထုများဖြင့် ဆောက်လုပ်ထားခဲ့၏။ သူက သူ့ကိုယ်သူ နံရံအား ပစ်တိုက်လိုက်သည့်အခါ ကြောင်တစ်ကောင်ကသာ ခပ်မြင့်မြင့်၌ထိုင်ပြီး သူ့ကို အမူအရာမဲ့ ကြည့်နေလေသည်။ 


စွေ့ဟူ၏ ဖျားနာနေသော ဦးနှောက်က ဤအခြေအနေက ဘာမှားနေသည်ကို တွေးတောရန် စတင်၍ အားကုန်အသုံးပြုလာသည်။ 

ပြဿနာက: ငါ့ညီက ဘာမှမဖြစ်တဲ့အချိန်မှာ ငါ့ခန္ဓာကိုယ်က ဘာလို့ ဆန္ဒမီးတွေ တောင်လောင်နေတာလဲ...


သူ့ညီလေးက မည်သည့် ဖယ်ရိုမုန်း ကာကွယ်ရေး ပစ္စည်းများပင် အသုံးမပြုထား၍ ဤသည်က အဓိပ္ပာယ်မရှိပေ။ 

သူက ဒီနေရာမှာ ကန်စွန်းဥတောင် ရှာနိုင်သေးတာ ဖိနှိပ်ဆေးတစ်ခုမှ မရှာနိုင်ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူး... သူ့ဖယ်ရိုမုန်းတွေက တစ်ချိန်လုံး လေထဲမှာ ရှိနေတာ... သူ့ညီလေးက သူမမြင်နိုင်တဲနေရာမှာ သူ့ကိုယ်သူများ ကြိုးနဲ့ချည်ထားသလား...


ဒါပေမဲ့ ငါ ဘာလို့ မီးဖိုချောင်ထဲက လှီးချွတ်သံတွေ ကြားနေရတာလဲ... 


.....


၄င်းမှာ အမှန်ပင်ဖြစ်သည်။ စွေ့ချီချောင်းမှာ လက်ရှိအချိန်တွင် မီးဖိုချောင်ထဲ၌ ငါးခေါင်းတစ်ခုကို လှီးဖြတ်နေခြင်းပင်။ သူက ငါးကို သတ်ဖြတ်ပြီးဖြစ်ကာ သန့်ရှင်းနေပြီး ငါးခေါင်းကို နှစ်ပိုင်းပိုင်းကာ အညစ်အကြေးများ လှီးထုတ်ပစ်လိုက်သည်။ သူက အစပိုင်းတွင် ငါးခေါင်းကို ပေါင်းလိုသည်ဖြစ်သည်။ ထိုကဲ့သို့ ဟင်းပွဲမျိုးအတွက် ငါးတစ်ကောင်လုံးကို အသုံးပြုသည်က ပိုကောင်းသော်လည်း ဤငါးကြီးက ကြီးလွန်းသည်ဖြစ်ရာ သူက လှီးထားလိုက်သည်။ 


ကြီးလိုက်တဲ့ ငါးကြီး...  ဒါကို အနပ်တွေ အများကြီး စားလို့ရတယ်...


လတ်ဆတ်သောငါးမှာ ဆေးပြီးနောက် ငါးညှီနံ့ လုံးဝ မရတော့ပေ။ ၄င်းက စွေ့ချီချောင်းကို ကြက်သွန်နီနှင့် ဂျင်းများ ထပ်ထည့်စရာမလိုအောင် ကူညီပေးသည်။ သူက ကြက်သွန်နီနှင့် ဂျင်းကို မတွေ့သေးကာ သူ့၏ ကြက်သွန်နီနှင့် ဂျင်းအထောက်အပံ့မှာ ပြုပြင်ထားသည့် ပါဝင်ပစ္စည်းများ ပါဝင်ပြီး စိုက်ပျိုး၍ မရနိုင်ရာ ၄င်းတို့ကို အနည်းငယ် အသုံးပြုလိုက်ပါက သူ့အထောက်အပံ့လျော့သွားနိုင်၏။ 


ဤမတိုင်မီက သူ ဆလပ်ရွက်မျိုးစေ့များနှင့်အတူ ဝိုင်အချို့တွေ့ခဲ့သည်။ သို့ဖြစ်၍ သူက ငါးပေါ်သို့ ဝိုင်အနည်းငယ်လောင်းကာ ဆားဖြူးလိုက်ပြီး ပေါင်းရန်အတွက် ချက်ပြုတ်ရေး စက်ထဲသို့ တိုက်ရိုက်ထည့်လိုက်ပြီး ပဲငံပြာရည်အနည်းငယ် လောင်းထည့်ကာ ပေါင်းလိုက်သည်။ ဤတစ်ကြိမ်တွင် ငါးက လတ်ဆတ်သော ရနံတစ်ခု ထုတ်လွှတ်နေ၏။ 


စွေ့ချီချောင်းက ဆား သို့မဟုတ် ပဲငံပြာရည်တို့နှင့် မနှပ်ထားသော အပိုင်းများကိုရွေးကာ ပန်းကန်အသေးတစ်ခုထဲသို့ ထည့်လိုက်သည်။ အရသာမနှပ်ထားသော အပိုင်းများက ရှောင်ပိုင်အတွက်ဖြစ်သည်။ ထို့နောက် သူက ကျန်သည်များကို သိမ်းထားကာ လက်တစ်ဖက်တွင် ငါးဟင်းပန်းကန်နှင့် အခြားတစ်ဖက်တွင် ကန်စွန်းဥများကိုင်ကာ ထွက်သွားလိုက်သည်။ 


နှံစားပင်ငါးမျိုးနှင့် ဆင်တူသည့် ဖယ်ရိုမုန်းများက ယခုတွင် အသားနှင့် ကန်စွန်းဥရနံ့တို့ဖြင့် ပေါင်းစပ်သွားသည်။ စွေ့ဟူက သတိလတ်လွတ်ဖြစ်သွားသည်။ 

အဲ့တော့ အဲ့ဒါက ငါ စိတ်ထင်တာ မဟုတ်ဘူးပေါ့... စွေ့ချီချောင်းက တကယ်ကြီး ဟင်းချက်နေတာလား...


စွေ့ချီချောင်းက ထိုင်ချပြီး ပန်းကန်ကို ရှောင်ပိုင်ထံသို့ တွန်းပေးလိုက်သည်။ သူက ကန်စွန်းဥများ စားနေစဉ်တွင် စွေ့ဟူဘက်သို့ လှည့်လိုက်သည်။

"ဝမ်းကွဲအစ်ကိုရဲ့ ခွန်အားက အမြဲတမ်း အရမ်းကောင်းတာပဲလား... ဒါမှမဟုတ်... အဲ့ဒါက estrusရဲ့ လွှမ်းမိုးမှုကြောင့်ပဲလား..."


စွေ့ဟူ နံရံသို့ ဝင်တိုက်ကာ ဖြစ်လာသည့် ဆူညံသံများက သူ့မီးဖိုချောင်ထဲမှ ကြားနိုင်သည်အထိ ကျယ်၏။ ဘာဖြစ်နေသည်ကို မသိသူများက သားရဲတစ်ကောင် နံရံကို ပြေးတိုက်နေသည်ဟု ထင်ပေလိမ့်မည်။ 


ဤကဲ့သို့ နီးကပ်လှသော အကွာအဝေး၌ စွေ့ဟူက သူ့ကို စိုက်ကြည့်နေရာ မျက်လုံးများက နီသထက်နီလာပြီး သူ့ခန္ဓာကိုယ်အား ရှေ့သို့တိုးရန် ရုန်းကန်နေသော်လည်း သူ့လက်မှ အချုပ်အနှောင်များကြောင့် နောက်သို့ ပြန်ပြန်ကျနေလေသည်။ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ဆိုလိုက်သည်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး...... မင်းက ဘာလို့ ဘာမှမဖြစ်တာလဲ..."


အယ်လ်ဖာတစ်ယောက်၏ ဖယ်ရိုမုန်း ပေါက်ကွဲခြင်းက သဘာဝအားဖြင့် အိုမီဂါများအပေါ် သက်ရောက်မှု အတန်ပင် ရှိသော်လည်း estrusအား သူ့အတွက် ဘာမှမဟုတ်သလို ခံစားရသူတစ်ဦးအတွက်မူ ထိုကဲ့သို့ ဖယ်ရိုမုန်းများက ငါးလှီးရာတွင် စောင်းသွားအောင်ပင် မပြုလုပ်နိုင်ပေ။ 


စွေ့ဟူ၏ ဖယ်ရိုမုန်းများက မွှေးပျံ့လှသော လိမ္မော်သီးများနှင့် တူပြီး အယ်လ်ဖာများအကြားတွင် ဤရနံ့မှာ ချိုမြိန်သည်ဟု စဥ်းစားနိုင်သည်။ ၄င်းတို့က စွေ့ချီချောင်းကို လိမ္မော်ပင်စိုက်ရန် နည်းလမ်း ၁၀၀ကို တွေးတောမိစေရန်သာ ပြုလုပ်နိုင်၏။ 


ကန်စွန်းဥမှာ ချိုမြိန်၊ နူးညံ့ကာ ဖယောင်းသားနှင့်တူသည်။ သူက ၄င်းကို ဇွန်းတစ်ချောင်းနှင့် တိုက်ရိုက်ပင် နှစ်ပိုင်းပိုင်းလိုက်သည်။ ငါးသည်လည်း အလွန်နူးညံ့သည်ဟု ခံစားရပြီး အရသာရှိ၏။ ကန်ရေမှာ အတန်ပင် အေးသောကြောင့် အသားက သာမန်ငါးများထက် ပို၍ နူးညံ့နေသည်။ လက်တွေ့တွင် ငါး၏ လက်သည်းလေးများက အရွတ်များနှင့်တူသော်လည်း ပိုပျော့ပျောင်း၏။ သူတို့က အားထည့်ကိုက်လိုက်လျှင် ဂျွတ်ခနဲမြည်လာတတ်ပြီး ထူးဆန်းသော အရသာလည်း ရှိသည်။ 


စွေ့ချီချောင်း၏ ဖယ်ရိုမုန်းအနံ့များက ကန်စွန်းဥနှင့် ငါးတို့၏ အနံ့တို့ထက် ပို၍ ဆွဲဆောင်မှု ရှိပေ၏။ 


ဤအထူး ကာလအတွင်းရှိ စွေ့ဟူ၏ အာရုံခံ ငါးပါးမှာ ပို၍ စူးရှနေပုံရသည်။ အစားအသောက်များကို ဖြတ်ကာ စားနေသော စွေ့ချီချောင်း၏ အပြုအမူများက သူ့မျက်လုံးထဲတွင် အနှေးပြကွက်နှင့် ပြသနေ၏။ ဖြူဖွေး နူးညံ့သော ငါးကို ဖြတ်လိုက်သည့် အပြုအမူမှ စွေ့ချီချောင်း၏ ရှည်သွယ်သွယ် လက်ချောင်းများက ပန်းကန်ခွက်ယောက်များကို ဆုပ်ကိုင်လိုက်သည်အထိ အရာအားလုံးက သူ့အတွက် ဖြားယောင်းမှုများ ထုတ်နေလေသည်။ 


"ငါ့ကိုပေး... ငါ့ကိုပေး..."

စွေ့ဟူက အော်ဟစ်လိုက်ကာ စွေ့ချီချောင်းထံမှ သူဘာကို အတိအကျ လိုအပ်သည်ကို မပြောနိုင်သော်လည်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက ဆာလောင်နေဟန်ရသည်။ 


သူက ဆက်လက်အော်ဟစ်နေပြီး မျက်ရည်နှင့် နှပ်များ ထွက်လုဆဲဆဲ ဖြစ်နေ၏။ အိုမီဂါတစ်ဦးက လက်တစ်ကမ်းတွင် ရှိနေသော်လည်း သူ မရနိုင်ပေ။ ၄င်းက သူ့ကို ရူးသွပ်အောင် ပြုလုပ်နေပြီး သူ့၏ ဒေါသတကြီး အော်ဟစ်သံများကြားတွင် သတိလက်လွတ် တောင်းပန်သံများ ရောပါနေသည်။

"ငါ့ကိုပေး.... ငါ့ကို ပေးပါ..."


တစ်ဖက်တွင် စွေ့ချီချောင်းက သန့်စင်သော နှလုံးသားနှင့် အနည်းငယ်သော ဆန္ဒများသာ ရှိပြီး ကြောင်နှင့်အတူ တည်ငြိမ်စွာ စားနေသည်။ 


အခြားအရာများအားလုံးကို သီးခြားသတ်မှတ်ကာ စွေ့ဟူ၏ သွင်ပြင်တစ်ခုတည်းကိုသာ အာရုံစိုက်ပါက စွေ့ဟူက စွေ့ချီချောင်းထက် အိုမီဂါနှင့် ပိုတူနေ၏။ 


စွေ့ချီချောင်း၏ အမူအရာမှာ ရိုးရှင်းလှသော သူ့၏ သာမန်အမူအရာသာဖြစ်ပြီး သူ့လက်များက အလွန် တည်ငြိမ်နေပြီး သူ့အသက်ရှုနှုန်းက မပြောင်းလဲပေ။ ဆန့်ကျင်ဘက်အနေဖြင့် စွေ့ဟူ၏ မျက်နှာတစ်ခုလုံးက နီရဲနေပြီး မျက်ရည်များပင် ကျနေလေသည်။ 


စားသောက်ပြီးနောက် စွေ့ချီချောင်းက သူ့တူများနှင့် ဟင်းခွက်များကို သဘာဝကျစွာ သန့်ရှင်းလိုက်ပြီး စွေ့ဟူကို တားမြစ်ဆေးရရှိရေးအတွက် ကူညီပေးရန် ထွက်သွားလိုက်ပြီး ဗီရိုထဲရှိ ပစ္စည်းများအားလုံးကို ယူလာလိုက်သည်။ သူက လေယာဉ်တစ်ခုလုံးကို သူ့အပိုင်အဖြစ် မှတ်ယူထားရာ ယခုတွင် စွေ့ဟူရောက်လာသည်ဖြစ်၍ စွေ့ဟူကို သွားခွင့်ပေးမည် မဟုတ်ချေ။ 


စွေ့ချီချောင်းက တားမြစ်ဆေးကို စွေ့ဟူအား ထိုးပေးလိုက်ပြီး မကြာမီတွင် စွေ့ဟူက တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်သို့ လဲကျကာ အကြောသေသွားသည်။ သူ့သွင်ပြင်ကို ဖော်ပြရန် စကားအလှလေးများ သုံးရသော် ထိုင်းမှိုင်းနေသည်ဟုသာ သုံးမည် ဖြစ်သည်။ သို့သော် တဲ့တိုးပြောရသော် သူပုံစံမှာ လိင်ကိစ္စမပြုလုပ်ရသော်လည်း လိင်မှုကိစ္စတွင် အလွန်မွေ့လျော်နေသည့်ပုံဟု ဆိုရပေမည်။ 


စွေ့ဟူ၏ အမူအရာက အလွန်ရုပ်ဆိုးကာ စွေ့ချီချောင်းအား မကောင်းဆိုးဝါးတစ်ကောင်သဖွယ် ကြည့်နေလိုက်သည်။ 


သူက ရေရွတ်လိုက်သည်။ 

"ဘယ်လိုလုပ်ပြီး... မင်းက..."

ထို့နောက်သူက စွေ့ချီချောင်းထံမှ မည်သည့် အဖြေမှမရနိုင်သည်ကို သဘောပေါက်ကာ နောက်ဆုံးတွင် လက်လျော့ကာ ရိုးရိုးရှင်းရှင်းဆိုလိုက်သည်။


"ဗိုက်ဆာတယ်..."

မကြာသေးမီက သူ့ကိုယ်သူ အရှက်ရပြီး စွေ့ချီချောင်းရှေ့တွင် အမှိုက်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။ သူ စွေ့ချီချောင်းအား ပြောခဲ့သည့် အိုမီဂါတစ်ယောက်အတွက် estrus ကာလအတွင်း ထိန်းသိမ်းရန် မည်မျှခက်သလဲဆိုသည်က ယခုတွင် သူကိုယ်တိုင်အပေါ်သို့ အရှက်ရစေခြင်းမျိုး ဖြစ်နေလေ၏။


လက်ရှိအချိန်တွင် အယ်လ်ဖာတစ်ယောက်ဖြစ်သော သူက စွေ့ချီချောင်းကို တောင်းဆိုနေရခြင်း ဖြစ်သည်မှာ ရှင်းလင်းပေ၏။ သူက စွေ့ချီချောင်းမှာ တည်ငြိမ်သောအခြေအနေတစ်ခုကို ထိန်းသိမ်းထားရန် မည်သည့် ဖြတ်လမ်းနည်းများ အသုံးပြုထားသည်ကို အမှန်တကယ်မသိပေ။ 


စွေ့ချီချောင်းက စွေ့ဟူလက်ကို လွတ်လိုက်ပြီး သူ့ကို ငါးခေါင်းတစ်ပန်းကန် ပေးလိုက်သည်။ 

"မင်းဒါကို အလကား စားလို့ရတယ်... စားပြီးရင်တော့ ငါ့အတွက် အပြင်မှာ ငါးကန်တစ်ကန် ကူပြီးတူးပေး..."


ငါးဝတုတ်က အရသာကောင်း၍ သူက ၄င်းတို့ကို မွေးရန် ပြန်ယူလာမည်ဟု ဆုံးဖြတ်လိုက်သည်။ သူက ဦးဆုံး ငါးကန်တူးရန် လိုအပ်ပေသည်။ အစောပိုင်းတွင် စွေ့ချီချောင်းအား တွေ့ရန်လာသည်ဆိုလျှင် သူ့။အစ်ကိုဝမ်းကွဲက ခွန်အားသန်မာ၍ လူသားအလုပ်သမားကောင်းတစ်ယောက်ဖြစ်နိုင်၏။ 


စွေ့ဟူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ပန်းကန်းလုံးကို သူ့ဒူးပေါ်တွင် တင်ကာ ထိခိုက်အနာတရဖြစ်နေသောလက်ဖြင့် ခပ်ဖွဖွ ကိုင်လိုက်သည်။ လက်တစ်ဖက်ဖြင့် သူက ငါးကိုကိုင်ကာ အားလုံးစားလိုက်သည်။ 

"ငလူး... မင်းရဲ့ ဒဏ်ရာရာနေတဲ့ အစ်ကိုကြီးက မင်းကို ငါးကန်တူးဖို့ ကူညီပေးနိုင်တယ်လို့ မင်းထင်လို့လား..."


သူက စားသောက်ပြီးသည့်တိုင် အလွန်စိတ်မကျေမနပ်ဖြစ်သည်ဟု ခံစားနေရ၍ အနည်းငယ် စိတ်ဓာတ်ကျနေသည်။ စွေ့ချီချောင်း၏ ဖယ်ရိုမုန်းများက အဆိပ်ရှိ၏။

အဲ့ဒါတွေက ဘယ်လိုလုပ်ပြီး အရမ်းအရသာရှိတဲ့ အနံ့ထွက်နေတာလဲ...


စွေ့ချီချောင်းက သူ့ကို အံ့ဩတကြီး လှမ်းကြည့်လိုက်သည်။

"မင်းက အပြောနဲ့ အလုပ် တခြားစီလုပ်တော့မှာပေါ့..."


စွေ့ဟူက မျက်လုံးများကိုမှိတ်ပြီး စကားမပြောချေ။ သူက ယခင်ပြုလုပ်ခဲ့သော အပြုအမူများအတွက် အလွန်ရှက်နေ၏။ 


စွေ့ချီချောင်းက စကားမပြောတော့ပေ။ 


သူက စွေ့ဟူ၏ လေယာဉ်ကို သန့်ရှင်းရေးပြုလုပ်ရန်သွားလိုက်ပြီး ၄င်းကို ကံတရားဟု တွေးလိုက်မိသည်။ စွေ့ဟူ၏ လေယာဥ်ခန်းက ဆွဲဆန့်နိုင်စွမ်းမြင့်ကာ တိုက်စားမှုကို ခံနိုင်ရေရှိပြီး အပူချိန် ကာကွယ်မှု နိမ့်ပါးသည့် ဓာတုအထည်အချို့ဖြင့် တပ်ဆင်ထားရာ သူ့လေယာဉ်ကို ဖုံးအုပ်ရန်အသုံးပြုနိုင်၏။ 

အဲ့ဒါက ငါ့ရဲ့ ငါးကန်အတွက် မထိုးဖောက်နိုင်တဲ့ အဝတ်လုပ်ဖို့ မသင့်တော်ဘူးလား... 


ထို့အပြင် စွေ့ချီချောင်းအတွက်မူ စွေ့ဟူ၏ လေယာဉ်တစ်ခုလုံးက ပျိုးစေ့များနှင့် ပိုးသတ်ဆေးများ လေထဲမှ ကြဲချခြင်းအတွက် စိုက်ပျိုးရေး စက်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် သင့်လျော်ပေသည်။ အနာဂတ်တွင် ရေပြတ်လပ်ခဲ့ပါက သူက ၄င်းကို ရေကန်နှင့် အာကာသစခန်းကြားတွင် ရေသယ်ဆောင်ရန်လည်း အသုံးပြုနိုင်သည်။ 


စွေ့ဟူမှာ စားသောက်ပြီးနောက် ကြိုးချည်ခံထားရဆဲဖြစ်ပြီး စွေ့ချီချောင်း ဘာလုပ်နေသည်ကို မမြင်ရပေ။ 


နောက်တစ်နေ့ ဤအချိန်လောက်တွင် စွေ့ဟူက တားမြစ်ဆေးထိုးရန် အချိန်ရောက်လာပြန်သည်။ စွေ့ချီချောင်းက တားမြစ်ဆေးများပါဝင်သည့် သေတ္တာလေးကို ဖွင့်ကာ ဆေးရည်ပုလင်းကို သူ့လက်များဖြင့်တောက်ပြီး ခပ်ဖွဖွ ဆိုလိုက်သည်။ 

"ဝမ်းကွဲအစ်ကို... ငါးကန်တူးချင်လား..."


စွေ့ဟူ၏ မျက်နှာက ပြောင်းသွားပြီး ဒေါသတကြီး ဆိုလိုက်သည်။

"ပညာရှိတစ်ယောက်က အသတ်တော့ခံနိုင်တယ် အရှက်ခွဲတော့ မခံနိုင်ဘူး... ငါ မတူးချင်ဘူးလို့ပြောရင် မတူးချင်ဘူးပဲ... မင်းမှာအစွမ်းအစရှိရင် ငါ့ကို ရအောင်ပြောပေါ့... ငါပြောမယ်... မင်းကြောင့်သာမဟုတ်ရင် မင်းသာ အဲ့တားမြစ်ဆေးတွေကို လွင့်မပစ်ခဲ့ရင် ငါက အဆင်ပြေနေဦးမှာ... ငါက အိုမီဂါတစ်ယောက်နဲ့ တူတယ်လို့မင်းထင်လား..."


သူ့လေသံက အိုမီဂါများအပေါ် အထင်သေးခြင်းကိုပြသကာ အယ်လ်ဖာများသာလျှင် ပိုမို မြင့်မြတ်သောလူသားများဖြစ်ပြီး ကျန်သည့် လိင်အမျိုးအစားများအားလုံးက သားရဲများသာ ဖြစ်သည်ဟု ဆိုလိုနေသည်။ 


ထိုစိတ်ဓာတ်က သူ့အား LJJ၏ မှတ်ချက်ပေးရာအပိုင်းတွင် အကြိမ်၈၀၀တိုင်တိုင် လှောင်ပြောင်ခံရစေသည်။ 


"ရိုင်းလိုက်တာ... ငါ့မိသားစုက ငါ့ကို တားမြစ်ဆေးတွေ ဖိနှိပ်ဆေးတွေ မပေးဘူး..."

စွေ့ချီချောင်းက ဆိုလိုက်သည်။ 


စွေ့ဟူက ငေးမှိုင်နေသော အမူအရာဖြင့် ဆိုလိုက်သည်။ 

"အဲ့တော့ မင်းက estrusကို ဖြတ်သန်းဖို့ တခြားနည်းလမ်းတစ်ခု ရှာခဲ့တယ်ပေါ့... အဲ့ဒါက ဆေးအသစ်လား... အဲ့ဒါက ဖယ်ရိုမုန်းတွေ ပေါက်ထွက်တာကို တားရင်တားနိုင်မှာပေါ့ ဒါပေမဲ့ အဲ့အနံ့ကိုတော့ မဖုံးကွယ်နိုင်ပါဘူး..."


စွေ့ဟူက သူဆေးအသစ်သုံးသည်ဟု ယူဆလိုက်သည်။ စွေ့ချီချောင်းက စွေ့ဟူဆီသို့လာပြီး စွေ့ဟူကို သူ့လည်ပင်းပေါ်မှ ဂလင်းကို ပြလိုက်သည်။ ၄င်းက သန့်ရှင်းနေကာ ထိုးသွင်းရာတစ်ခုမှ မရှိပေ။ သူက အရေးမစိုက်စွာ ဆိုလိုက်သည်။ 

"ဝမ်းကွဲအစ်ကို... မင်းမလုပ်နိုင်တာနဲ့ပဲ သူများတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းသွားထုတ်လို့မရဘူးလေ..."


"......."


စွေ့ဟူမှာ ပေါက်ကွဲထွက်လုနီးနီးဖြစ်နေလေပြီ။ သူက ၄င်းကို အနီးမှ အနံ့ရလိုက်သောအခါ ဖယ်ရိုမုန်းများက လေထဲတွင် ပြည့်နေပြီး လိမ္မော်ရနံ့ပြင်းပြင်းက လေထဲတွင် ပြည့်နေလေသည်။ သူ့ဒေါသနှင့် ရှက်ရွံ့မှုသည်လည်း တလိပ်လိပ်တက်လာပြီး သူ့မျက်နှာကို နီရဲလာစေသည်။


သူ့၏ နောက်ထပ်အတွေးမှာ -

မင်းမလုပ်နိုင်တာနဲ့ပဲ သူများတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လို့မရဘူးဆိုတာ ဘာဆိုလိုတာလဲ... အဲ့ဒါက စွေ့ချီချောင်းက ငါ့ရဲ့ လိင်စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေတာနဲ့ တူတယ်....


ဒါပေမဲ့ စွေ့ချီချောင်းဆိုလိုတာ သူက ဘာဆေးမှ မသောက်၊ မထိုးရသေးတာတောင် အယ်လ်ဖာတစ်ယောက်ရဲ့ ဖယ်ရိုမုန်းနဲ့ ထိတွေ့ပြီးတော့ မယိမ်းယိုင်သေးဘူးလို့လား... 


ထိုအတွေးက စိတ်ထဲရောက်လာရာ စွေ့ဟူက ၄င်းမှာ အလွန်ရယ်ရသည်ကို တွေ့လိုက်သည်။ ၄င်းက မဖြစ်နိုင်ပေ။ စွေ့ချီချောင်း၏ ဂလင်းများက ပျက်စီးသွားခြင်း မဟုတ်လျှင် သူက အခြားသူများ၏ ဖယ်ရိုမုန်းများကို အနံ့ခံနိုင်တော့သည်မှာ လုံးဝ မဖြစ်နိုင်ပေ။ 


ထိုအကြောင်း ထပ်မံ မတွေးတောနိုင်မီမှာပင် စွေ့ဟူက သူ့၏ rut ကြောင့် ဖယ်ရိုမုန်းများ ပေါက်ထွက်လာသည်ကို ထပ်မံ ကြုံတွေ့လိုက်ရ၏။



🍀🍀🍀