Chapter 92
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 92

တရုတ်သွေးစစ်စစ် (၁)



ချစ်ကြိုက်တာက ဘာများ ပျော်စရာကောင်းလို့လဲ... အယ်လ်ဖာတစ်ယောက်ကို ရှာရတာရဲ့ ပျော်ရွှင်မှုက ဘာလဲ...


၄င်းမှာ စွေ့ဟူအား ရေအေးများဖြင့် ပတ်လိုက်သကဲ့သို့ဖြစ်သွားပြီး သူ့၏ စိတ်အားထက်သန်မှုမှ နိုးထလာသကဲ့သို့ပင်။ ထို့နောက် သူက စွေ့ချီချောင်းကို ထူးဆန်းစွာကြည့်လိုက်သည်။ 

သူက ဘာလို့ အဲ့လောက် ယုံကြည်ချက်ရှိနေတာလဲ... သူက ပုန်ကန်နေတာလား.... ဒါမှမဟုတ် ဒီမကောင်းဆိုးဝါးလေးက ဂလင်းရောဂါရပြီး ဂလင်းနဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်တွေကို သက်ရောက်နေတာလား... သူက အယ်လ်ဖာနဲ့ အိုမီဂါ ဆက်ဆံရေးတွေကို လုံးဝ စိတ်မဝင်စားဘူးပေါ့...


အယ်လ်ဖာများနှင့် အိုမီဂါများက အချင်းချင်း ဆွဲဆောင်ကြသည်။ ဤသည်က လူသားမျိုးနွယ် မွေးဖွားမှု အစကတည်းက တည်ရှိနေသည့် သဘာဝ စည်းမျဉ်းတစ်ခုဖြစ်သည်။ ခေတ်သစ်သို့ရောက်လာပြီးနောက် မိတ်လိုက်ရာတွင် လူသားများ၏ သားရဲဆန်သော အပြုအမူများကို ဖုံးကွယ်ရန် လူသားတို့က ဖယ်ရိုမုန်း ဖုံးကွယ်ရေးပစ္စည်းများ၊ တားမြစ်ဆေးများနှင့် အခြားဆေးဝါးများကို တိုးချဲ့လာကြသည်။ သို့သော် မည်သူကမှ ဤအင်္ဂါရပ်ကို ဖျက်ပစ်ရန် မတွေးကြပေ။ 


တစ်စုံတစ်ဦးက အယ်လ်ဖာလည်းမဟုတ် အိုမီဂါလည်းမဟုတ်ပါက estrusကို ကြုံတွေ့ချိန်တွင် ရူးသွပ်မှု၊ နှစ်ဦးစလုံး တွဲဖက်ဖြစ်လာပါက စိတ်ကျေနပ်မှုနှင့် တွဲဖက်ဖြစ်လာပြီးနောက် စိတ်ပိုင်းဆိုင်ရာ ဖြေဖျောက် တင်းတိမ်နိုင်မှုကို ခံစားရန်မှာ အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။ 


"ပြီးတော့မယ်... ပြန်ရအောင်..."

စွေ့ချီချောင်းက ပိုက်ကွန်ကို အနေအထားအမှန်သို့ ချိတ်ထားလိုက်သည်။ သူက ဘေးတွင် ချိတ်အကြီးကြီးတစ်ခုပင် ပြင်ထား၏။ 


စွေ့ဟူက စိတ်ဓာတ်ကျလာသည်။ 


သူ၏ ပျံသန်းရေးအမြင့်မှာ နိမ့်၍ စွေ့ချီချောင်းက အပြန်လမ်းတွင် ရင်းနှီးသော ကားတစ်စီးကို တွေ့လိုက်သည်။ ၄င်းမှာ ရေကန်ဘေးတွင် နောက်ဆုံးတွေ့ခဲ့သည့် အချိန်က လီဆာ၏ကားဖြစ်သည်။ 


စွေ့ချီချောင်းက ရုတ်တရက် သူ့ဆုံးဖြတ်ချက်ကို ပြောင်းကာဆိုလိုက်သည်။

"ခဏလေး... အဲ့ကားကို အမှီလိုက်ပေး..."


စွေ့ဟူက လှမ်းကြည့်ကာ ခြောက်ကပ်သောအပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"ဝမ်းကွဲညီလေး... မင်းက လူသူမဲ့ဂြိုလ်ပေါ်မှာ မိတ်ဆွေတောင် ဖွဲ့ထားတာပေါ့..."


သူတို့က ငါ့သူငယ်ချင်းတွေ မဟုတ်ပါဘူး... ငါက သူတို့နဲ့ အပေးအယူတစ်ခုလုပ်ထားတာပဲရှိတာပါ... အဲ့ဒါပါပဲ...


စွေ့ဟူ၏ လေယာဉ်က ပို၍နိမ့်နိမ့်ပျံလိုက်ပြီး လီဆာက မကြာမီပင် သူတို့ရှိနေသည်ကို တွေ့သွားလေသည်။ ကားတစ်ခုတည်းနှင့် သူမက သူတို့ထံမှ လုံးဝ လွတ်မြောက်မည် မဟုတ်ပေ။ သူမက နေရာတွင် ချက်ချင်း ရပ်လိုက်ပြီး သတိတကြီးနေလိုက်သည်။ စွေ့ဟူသည်လည်း သူတို့ကားနှင့် အတန်ငယ် လှမ်းသည့်နေရာတွင် လေယာဉ်ကို ရပ်လိုက်သည်။ ထို့နောက် စွေ့ချီချောင်းက လေယာဉ် အပေါက်ကိုဖွင့်ကာ ခုန်ချလိုက်သည်။ 


စိတ်လှုပ်ရှားနေကြသော လီဆာနှင့် အဲလ်ဘတ်တို့က သူ့ကိုမြင်သောအခါ အနည်းငယ် စိတ်အေးသွား၏။ ထို့နောက် သူတို့က မစ္စတာထရစ်စတန်နောက်တွင် အယ်လ်ဖာတစ်ယောက် ရှိနေသည်ကို တွေ့လိုက်သည်။ လိမ္မော်ရနံ့ ဖယ်ရိုမုန်းများက တစ်လျှောက်လုံး ပြန့်နှံ့လာသည်။ ထရစ်စတန်ကဲ့သို့ပင် သူက သူ့ဖယ်ရိုမုန်းများကို လုံးဝ ဖုံးကွယ်မထားပေ။ လီဆာနှင့် အဲလ်ဘတ်တို့က အချင်းချင်း မကြည့်ဘဲ မနေနိုင်တော့ချေ။ 


သူတို့ ထရစ်စတန်ကို နောက်ဆုံးတွေ့သည့်အချိန်က တစ်ဖက်မှာ estrus ကာလ ရောက်ခါနီးပြီဖြစ်သည်။ သူက သူတို့သတိပေးချက်ကို မတုံ့ပြန်ခဲ့ပေ။ ယခုတွင်မူ ထိုလူမှာ သူ့တွဲဖက် ဖြစ်ပုံရပြီး သူ တားမြစ်ဆေးမလိုအပ်သည်မှာ အံ့ဩစရာမရှိတော့ချေ။ 


ဤသည်မှာ ဤအယ်လ်ဖာက estrusကာလ ရောက်လုဆဲဆဲ အိုမီဂါကို အပြင်ထွက်ခွင့် ပြုခြင်းပင်။ ၄င်းမှာ ခြယ်လှယ်တတ်သည့် အယ်လ်ဖာများ ပြုလုပ်မည့် အရာမဟုတ်ပေ။ 


"မစ္စလီဆာ..."

စွေ့ချီချောင်းက သူမကို နှုတ်ဆက်လိုက်သည်။ 


"မစ္စတာ ထရစ်စတန်... ရှောင်ပိုင်..."

လီဆာက သူ့တို့ကားထံမှ ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။ သူမက အကွာအဝေးတစ်ခုတွင် ရပ်လိုက်ပြီး ရှောင်ပိုင်က သူ့"အဘွား"ကို ဂရုမစိုက်သော်လည်း သူမက သူ့ပခုံးပေါ်မှ ရှောင်ပိုင်ကို နှုတ်ဆက်လိုက်သည်။ လီဆာက စွေ့ဟူကို တောက်ပသောမျက်လုံးများဖြင့်ကြည့်ကာ သွယ်ဝိုက်မေးလိုက်သည်။ 

"အဲ့ဒါက နင့်ရဲ့......"


လီဆာ၏လေသံမှတစ်ဆင့် သူမ အထင်လွဲနေခြင်းကို သူသိ၏။ 


"ဟုတ်တယ်... ငါက သူ့ရဲ့ အယ်လ်ဖာပဲ..."

စွေ့ဟူက ဦးဆုံးဖြေလိုက်သည်။ သူက သူ့ဝမ်းကွဲညီလေး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သိလို၏။ ထိုလူများက သူ့ကို သိခြင်းကိုတွေ့ရာ သူ မမျှော်လင့်ထားသည့် တစ်စုံတစ်ရာ တွေ့ရမည်လားဟု တမင်တကာ မျှော်လင့်နေသည်။ 


ကံမကောင်းသည်မှာ တစ်ဖက်က ခေါင်းသာညိတ်ပြလာ၏။ အများဆုံးမှာ သူတို့နှစ်ဦးစလုံးက အတွဲနှင့်တူဟန် ရှိသည်ကို စိတ်ဝင်စားနေကြပြီး သူ့ဖြစ်တည်မှုကို သတိတကြီး ထားနေခြင်းသာ။ 


ဆန့်ကျင်ဖက်အနေဖြင့် သူ့ဝမ်းကွဲညီလေး၏ ကြောင်က ရယ်နေသကဲ့သို့ "ဟီးဟီး"ဟု အသံပြုလိုက်သည်။ စွေ့ဟူက သူအမှတ်မှားသည်လားကို မသိသော်လည်း ကြောင်၏ လေသံမှာ ဟာသများနှောနေသည်ဟု ခံစားရ၏။ 

ကြောင်တွေက မာနကြီးပြီး သွေးအေးတဲ့ သတ္တဝါတွေအဖြစ် မွေးလာကြလို့ နေမှာပေါ့...


စွေ့ချီချောင်းက စွေ့ဟူကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းမပြတော့ချေ။ ကံကောင်းသည်က သူ ရှင်းမပြလိုက်ခြင်းပင်။ သူက ဤသည်မှာ သူ့ဝမ်းကွဲအစ်ကိုဟု ပြောလိုက်ပါက လီဆာနှင့် သူ့အဖော်က တားမြစ်ဆေးမရှိသည့် သူတို့နှစ်ဦးကို အင်းစက်(ညီအစ်ကိုအချင်းချင်း ချစ််ကြိုက်ခြင်း)ပြုလုပ်သည်ဟု ထင်သွားနိုင်၏။ 


"ငါဒီနားက ဖြတ်သွားတုန်း နင်တို့ကိုတွေ့လို့... နင်တို့ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေများ လိုသေးလား မေးချင်လို့..."

စွေ့ချီချောင်းက လိုရင်းကို အလျင်အမြန် ဆိုလိုက်သည်။ 

"ငါ့မှာလဲဖို့ ဆလပ်ရွက် အပိုနည်းနည်း ရှိတယ်..."


သူ့တွင် ခူးထားသည့် ဆလပ်ရွက်ပမာဏကို သိုလှောင်ရန် အေးခဲနေရာ လုံလုံလောက်လောက်မရှိပေ။ ဆလပ်ရွက်များကို အပြင်တွင် ကြာမြင့်စွာ သိမ်းထား၍မရပေ။ သူဆလပ်ရွက်စားနေသည်လည်း အလွန်များပြီဖြစ်ရာ ထပ်မစားလိုတော့ချေ။ ဖြစ်နိုင်လျှင် သူက အခြားပစ္စည်းများနှင့် လဲလှယ်လို၏။ 


"ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်လား..."

လီဆာက တွေးလိုက်သည်။ သက်သာလွယ်ကူမှုအတွက် သူတို့၏ အထောက်အပံ့အများစုမှာ အာဟာရဓာတ် ဆေးရည်များ၊ စည်သွပ်ဘူးများ စသည်များသာပါဝင်ပြီး တစ်ပတ်အတွင်း လတ်ဆတ်သော အစားအသောက် အနည်းငယ်သာ စားရသေး၏။ ထိန်းသိမ်းခြင်း နည်းပညာက သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို လတ်ဆတ်သည့် အနေအထားတွင် အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော်လည်း အမှန်တကယ် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ကွာခြားနေဆဲပင်။ 


အဲ့ဒါက ထရစ်စတန်ရဲ့ အယ်လ်ဖာက ထရစ်စတန်ဆီ သယ်လာတဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေလား... 

လီဆာက စိတ်ထဲတွင် တွေးတောနေပြီး အဲလ်ဘတ်က စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ 

"ဒါပေါ့... မင်းမှာ ဘယ်လောက်များများ ရှိလဲ..."


လီဆာက အဲလ်ဘတ်ကို လှမ်းကြည့်လိုက်သည်။ အတန်ကြာအောင် ညှိနှိုင်းပြီးနောက် သူတို့က သဘောတူကာ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။


တစ်ချိန်တည်းမှာပင် လီဆာသည်လည်း သူမကိုယ်သူမ စိတ်ထဲတွင် သူမက ဆလပ်ရွက်အရေအတွက်နှင့် ဆလပ်ရွက်ခူးချိန်တို့ကို မရေရာပြောကာ တဖက်မှ သူတို့တွင် လူမည်မျှရှိသည်ကို မသိရန် ပြုလုပ်ရမည်ကို သတိပေးနေ၏။ အစပိုင်းတွင် သူတို့က ထရစ်စတန်မှာ အိုမီဂါတစ်ဦးသာဖြစ်သည်ဟု ခံစားရ၍ စိတ်ထားကောင်းကောင်းထားပေးသည်။ ယခုတွင် သူ့အယ်လ်ဖာ ပေါ်လာပြီဖြစ်ရာ အခြေအနေက ကွဲပြားလာသည်။ 


လီဆာက ရိုးရိုးရှင်းရှင်း ဆိုလိုက်သည်။

"ငါတို့ ဆလပ်ရွက်တွေ အများကြီး မကုန်ဘူး... နင့်မှာ ၁၀ပေါင်လောက်ရှိလား... ငါတို့က သိပ်မသေချာဘူး..."


စွေ့ချီချောင်းက လီဆာစိတ်ထဲရှိ အချိုးအကွေ့များစွာကို မတွေးမိချေ။ သူ့အတွက် ထိုသို့ပြုလုပ်ရန် မလိုပေ။

"ရှိတယ်... ရေကန်ဘေးမှာ အလုပ်လုပ်ဖို့ ချိန်းကြရအောင်... ငါ့အတွက် စည်သွပ်ဘူးတွေလိုတယ်... နင်တို့မှာ ဆီသွပ်ဘူးတို့၊ ဆားတို့၊ သကြားတို့နဲ့ အာဟာရဓာတ်ပေါင်း အရည်တွေ ရှိရင်...."


နှစ်ဖက်စလုံးက ဆလပ်ရွက်မည်မျှကို လီဆာ၏ ပစ္စည်းမည်မျှနှင့် လဲလှယ်မည်စသည့် ကိစ္စတစ်ခုအပေါ်တွင် သဘောတူညီမှု ရရှိသွားသည်။  ထို့နောက် သူတို့က လမ်းခွဲကာ စွေ့ချီချောင်းက ဦးဆုံးပြန်သွားသည်။ လူတိုင်းက တစ်ဖက်လူ နေထိုင်ရာနေရာကို အတိအကျ မေးမြန်းရန် အပြန်အလှန် မကြိုးစားကြချေ။ 


စွေ့ချီချောင်းက တစ်ဖက်လူများနှင့် လုပ်ငန်းလုပ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ စွေ့ဟူက ၄င်းကိုမြင်ရာ စိတ်မအေးဖြစ်နေ၏။ သူ၏ အကယ်တင်ခံရမည့် သူ့ခရီးက အမြဲလိုလို အောင်မြင်မည်မဟုတ်ဟု ခံစားရသည်။ 


"ဝမ်းကွဲညီလေး...."

စွေ့ဟူက စွေ့ချီချောင်းကို ကြည့်လိုက်သည်။

"မင်း ဒီလူတွေကို ကောင်းကောင်းသိလို့လား... ငါထင်တာတော့ သူတို့က ထွက်ပြေးလာတဲ့ အိုမီဂါတွေ ထင်တယ်နော်... သူတို့က တခြား အရပ်သားတော်လှန်ရေး အဖွဲ့အစည်းက လူတွေဖြစ်နိုင်တယ်... ဒီလိုပဲ ဆက်သွားရင် သူတို့ ပြဿနာတက်သွားနိုင်တယ်နော်..."


လီဆာနှင့် သူ့အဖော်မှာ ဖယ်ရိုမုန်း ဖုံးကွယ်ရေး ပစ္စည်းများ အသုံးပြုထားသော်လည်း သူတို့ ပြုမူသည့်နည်းလမ်းမှာ သာမန်အိုမီဂါတစ်ဦးထက် များစွာတည့်တိုးဆန်ပြီး စွေ့ဟူ၏ အကဲခတ်ခြင်းမှဆိုလျှင် သူတို့၏ လိင်အမျိုးအစားအစစ်အမှန်ကို ပြောနိုင်ဆဲဖြစ်သည်။ 


ကမ္ဘာကြီးက မငြိမ်ချမ်းပေ။ အချို့ နိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အိုမီဂါ လုံးဝ မရှိချေ။ ဤကမ္ဘာကြီးက တော်လှန်ခြင်းဆီသို့ ဦးတည်နေသည်။ 


စွေ့ချီချောင်းက ကြောင်ကို ဖက်ထားကာ မျက်လုံးများမှိတ်ပြီး အနားယူနေသည်။ 

"ငါသူတို့နဲ့ သိပ်ပြီး နီးနီးကပ်ကပ် အဆက်အသွယ်မရှိပါဘူး..."


"အဲ့ဒါကောင်းတယ်..."

စွေ့ဟူက သူ့စိတ်ထဲတွင် ဝမ်းနည်းနေကာ ဆိုလိုက်သည်။ 


သူ့ဝမ်းကွဲညီလေး ကြုံခဲ့ရတာကြောင့် အဲ့လိုလူတွေကို အများကြီး မတွယ်တာနေသင့်ဘူး... 

သူတို့က အဖမ်းခံရခြင်း ဖြစ်နိုင်သော်လည်း အချင်းချင်း စောင့်ရှောက်နေပုံရ၏။ 


စွေ့ချီချောင်းက A/B/O လူ့အသိုင်းအဝိုင်းတွင် နေထိုင်ခြင်းအား ပထမဆုံးအကြိမ် ကြုံရခြင်းဖြစ်လျှင်ပင် ဖြစ်နိုင်ခြေရှိသည့် ပြဿနာများကို မှန်းဆနိုင်ပေသည်။ သို့သော် သူက အယ်လ်ဖာ နှင့် အိုမီဂါတို့၏ အရူးအမူး မိတ်လိုက်ခြင်းလုပ်ဆောင်ချက်များကို စိတ်မဝင်စားသလို အိုမီဂါ၏ တန်းတူအခွင့်အရေး တော်လှန်မှုကိုလည်း စိတ်မဝင်စားချေ။ ၄င်းတို့အားလုံးက သူ့အား လယ်စိုက်ခြင်းမှ တားမြစ်နိုင်သည့် အနှောင့်အယှက် အကြောင်းအရာထဲတွင် ပါဝင်နေသည်။


စွေ့ဟူက ၄င်းကို တွေးတောကာ သူ စိတ်ကူးထားသည့် ၁၀၁ခုမြောက် အဖြေအတွက် မေးလိုက်သည်။ 

"...ကောင်းပြီ... ဝမ်းကွဲညီလေး... မင်းက အယ်လ်ဖာတွေကို စိတ်မဝင်စားဘူးဆိုတော့ အိုမီဂါတွေကို စိတ်ဝင်စားတာလား..."


စွေ့ချီချောင်း - "မဟုတ်ပါဘူး..."


သူက စွေ့ဟူကို ထူးဆန်းစွာကြည့်ပြီး တိတ်တဆိတ် မျက်မှောင်ကြုတ်ထားလိုက်သည်။ သူက A/B/O မှတ်ဉာဏ်တု လေယာဉ်ပေါ်ရှိ လူများက ထိုကဲ့သို့ မသန့်စင်သော အတွေးမျိုး မည်သို့ရှိနေသလဲဆိုခြင်းကို တွေးတောလိုက်သည်။ 


....


စွေ့ချီချောင်းပြန်ရောက်သည့်အခါ သူက ဆလပ်ရွက်များကိုထုတ်၍ အစည်းစည်းကာ စတုရန်း၊ စက်ဝိုင်းနှင့် ပိုက်သာဂိုးရပ်တို့က သယ်ပေးပြီး စွေ့ဟူ၏ လေယာဉ်ထဲတွင် ပုံထားလိုက်သည်။ 


ပိုက်သာဂိုးရပ်က အော်လိုက်သည်။

"ငါက မင်းရဲ့ စက်ရုပ်မဟုတ်ဘူး... မင်းက ငါ့ခေါင်းပေါ်ကို တစ်ခုခုတင်ပြီး အဲ့ကို အတင်းလွှတ်လိုက်တာ..."


စွေ့ဟူက သူ့လေယာဉ်ကိုမြင်သောအခါ ခုန်ပေါက်နေတော့သည်။ ၄င်းက ငါးညှီနံ့နံနေပြီး ဟင်းရွက်များပြည့်နေသည်။ 

ငါ့လေယာဉ်က ဒီထက် ကြည့်ရမဆိုးနိုင်တော့ဘူး... စွေ့ချီချောင်းက လယ်စိုက်ချင်တာကို သိရတာက သပ်သပ်... ငါ့လေယာဉ်ကိုအကြိမ်ကြိမ် ဖျက်စီးနေတာက သပ်သပ်ပဲ... လွန်ခဲ့တဲ့ ၁လကဆို ငါ့လေယာဉ်က အိုမီဂါတွေ အဲ့ဒါကို စီးရဖို့အရေး အချင်းချင်း ရန်ဖြစ်နေရတဲ့ နေရာတစ်ခုဖြစ်ခဲ့တာ....


"မဟုတ်ဘူး... ငါတို့နောက်ဆို အဲ့ဒါနဲ့ ပိုးသတ်ဆေး ဖြန်းရမှာ..."

စွေ့ချီချောင်းက ဆိုလိုက်သည်။ 


"မင်းက ပိုးသတ်ဆေးကို ဘယ်ကရတာလဲ..."

စွေ့ဟူက အရှက်တကြီးနှင့် သူ့နားနှင့် ပါးကို ကုတ်ခြစ်လိုနေပြီး စွေ့ချီချောင်းကို လှမ်းကြည့်လိုက်သည်။ 


"ငါလောလောဆယ် တစ်ခုကို စမ်းသပ်နေတာ..."

စွေ့ချီချောင်းက ခေါင်းငုံ့လိုက်သည်။ မည်သည့်ဂြိုလ်သို့ရောက်သွားသည်ဖြစ်စေ သဘာဝတရား၏ စည်းမျဉ်းများက အတူတူပင်။ အရာအားလုံးက ကြီးထွားရန်အတွက် အချင်းချင်း မှီခိုနေရန်လိုပြီး သဘာဝအလျှောက် ပိုးမွှားများကိုတွန်းလှန်နိုင်သည့် အပင်များကိုလည်း ဤနေရာတွင် တွေ့ရမည်ဟု သူယုံကြည်၏။ 


သူက ထိုလုပ်ငန်းစဉ်ကို လုပ်နိုင်သော အပင်တစ်ပင်ကို မရှာနိုင်ပါက ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်အချို့ကို ရရှိနိုင်သည်မှာ အသေအချာဖြစ်ပြီး ၄င်းတို့က အသုံးများသော ပစ္စည်းများဖြစ်သည်။ ၄င်းတို့ကို အများအပြားစိုက်ပြီးနောက် ၄င်းတို့၏ သစ်ရည်များကို စုဆောင်းနိုင်သည်။ သူတို့၏ သစ်ရည်သည်လည်း အင်းစက်များကို တွန်းလှန်နိုင်ပြီး ၄င်းဖြင့် သူက ယုံကြည်ချက်ရှိနေ၏။ သူက ပထမဦးဆုံး စွေ့ဟူ၏ လေယာဉ်သို့ ဖြန်းပက်ခြင်း လုပ်ငန်းစဉ်နှင့် အခြားနည်းစနစ်များကို ထည့်သွင်းရမည်။ 


စွေ့ဟူမှာ သူ့၏ မိမိုက်လှသော လေယာဉ်ကို ပိုးသတ်ဆေးဖြန်းရန် အသုံးပြုရမည်ဟု သဘောပေါက်သွားသောအခါ သူ့ဘဝက ပို၍ အသက်မဲ့လာသည်ဟု ခံစားရသည်။ 

"မင်းပျော်ရင် ပြီးတာပါပဲ..."


သူက သူ့ရင်ဘတ်ကိုသာထိလိုက်ပြီး သူ့အား အသေဒေါသမထွက်နိုင်တော့ဟု ခံစားရသည်။ 


နောက်တစ်ရက်တွင် စွေ့ချီချောင်းက လဲလှယ်မှုလုပ်ရန် တစ်ယောက်တည်းသွားလိုက်သည်။ လီဆာနှင့် အခြားသူများက စွေ့ဟူကို ဆန့်ကျင်နေသည်ဟု သူခံစားရ၍ စွေ့ဟူကို ချန်ထားခဲ့လိုက်သည်။ 


လီဆာနှင့် အဲလ်ဘတ်သည်လည်း တခြားအဖော်သုံးဦး ခေါ်လာသည်။ သူတို့က စွေ့ချီချောင်းတစ်ဦးတည်းလာသည်ကို တွေ့ရာ စိတ်အေးသွားသလို အနည်းငယ် ရှက်ရွံ့သွားသည်ဟုလည်း ခံစာရ၏။


လီဆာက သူမ ယူလာသော ပစ္စည်းများကို အလျင်အမြန် ထုတ်လိုက်သည်။

"ငါ နင့်အတွက် စည်သွပ်ဘူး အရသာစုံ ယူလာတယ်... အနည်းစုကတော့ အသီးတွေ... နင်အဆင်ပြေတယ်မလား... ပြီးတော့ ငါအာဟာရဆေးရည်လည်း ယူလာတယ်... ဟုတ်သားပဲ... ဒါတွေအားလုံးထက် ငါ နင့်အတွက် ပြောင်းနှံစားပင် နည်းနည်းလည်း ယူလာပေးတယ်..."


စွေ့ချီချောင်း၏ မူလက အရေးမစိုက်ဟန်မျက်နှာက တောက်ပမှုဖြင့် ပြည့်လာပြီး သူ့မျက်လုံးများက အလင်းတန်းများ ထုတ်လွတ်နေသကဲ့သို့ တောက်ပလာသည်ကို သူတို့မြင်လိုက်သည်။

"ပြောင်းနှံစားပင်လား..."


"ဟုတ်... ဟုတ်တယ်...ဘာလို့လဲ..."

လီဆာက ဆိုလိုက်သည်။ 


"အဲ့ဒါကို ပိုကြာကြာသိမ်းလို့ရအောင် နင် အခွံမခွာရသေးဘူး ဟုတ်တယ်မလား..."

စွေ့ချီချောင်းက မေးလိုက်သည်။ 


ချက်ပြုတ်ရေးစက်တွင် အလွန်နားလည်လွယ်သော လုပ်ဆောင်ချက်တစ်ခုရှိ၏။ ပြောင်းနှံစားပင်တွင် အခွံများပါနေလျှင်ပင် ချက်ပြုတ်ရေး စက်အတွက် အစားအသောက်ပြင်ဆင်ရန် ပြဿနာမဖြစ်ချေ။ စွေ့ချီချောင်း၏ မျှော်လင့်တကြီး မျက်လုံးများအောက်တွင် လီဆာက သူ့အတွေးကို အတည်ပြုရန် ခေါင်းညိတ်ပြလိုက်သည်။ 


"နင့်မှာ တခြား အစားအသောက်တွေရော ရှိသေးလား..."

စွေ့ချီချောင်းက ထပ်မံမေးလိုက်သည်။ 


"ငါတို့မှာရှိတာ ဒါအကုန်ပဲ...နေရာက အကန့်အသတ်နဲ့မို့ ဒါပဲ..."

လီဆာက လက်ခါပြလိုက်သည်။


သူက ထိုစကားကို အဆုံးမသတ်မီတွင် ရပ်တန့်လိုက်သည်။ သူတို့အဖော်များကြားတွင် တရုတ်လူမျိုးများက သူတို့မွေးရပ်မြေ၏ အစားအသောက်ကို ဦးစားပေးတတ်ကြသည်။ ရံဖန်ရံခါ အခြေအနေပေးပါက သူတို့၏ ထောက်ပံ့သူများက ထောက်ပံ့ရေး ပစ္စည်းများပို့ရာတွင် နှံစားပင်ငါးမျိုးကို အနည်းငယ်စီ ပို့လာတတ်၏။


သူမသည်လည်း မစ္စတာ ထရစ်စတန်၏ မျက်နှာပေါက်ကိုကြည့်ခြင်းဖြင့် သူ့တွင် အရှေ့တိုင်းသွေးပါခြင်း သို့မဟုတ် သူက အရှေ့တိုင်းသွေးစစ်စစ်ဖြစ်သည်ကို ခန့်မှန်းမိ၏။ မည်သို့ပင်ဆိုစေ ထရစ်စတန်ဟူသောအမည်က အတုဖြစ်နိုင်၍ အစကတည်းက သူ့တွင် ရိုးရှင်းသော အရှေ့တိုင်း မျိုးရိုးရှိသည်ကို မှန်းဆမိသည်။ ထရစ်စတန်၏ ထူခြားသော မျက်နှာပေါက်က သူစိတ်အားထက်သန်နေချိန်တွင် ဖြစ်လာသည့် သူ့အမူအရာကြောင့် မျက်စိထဲထင်းနေသည်ကို သူတို့က အံ့အားသင်နေကြသည်။ 


အဲ့လို အိုမီဂါတစ်ယောက်က ဘာလို့ လူသူမဲ့ ဂြိုလ်ပေါ်ကို လာတာလဲ... 


ပြောင်းနှံစားပင်များကို တွေ့ခြင်းကြောင့် စွေ့ချီချောင်း၏ စိတ်လှုပ်ရှားမှုက လီဆာ၏ အချိန်ကြာမြင့်စွာ စိုက်ကြည့်ခြင်းကို ခံရပြီးနောက် လျော့နည်းသွားပြီး သူက စိတ်အေးအေးထားလိုက်သည်။ အဓိကအကြောင်းပြချက်မှာ မျိုးနွယ်တူ လူများကို စိုက်ကြည့်နေသကဲ့သို့ သူ့အား အမျိုးသမီးတစ်ယောက်၏ စိုက်ကြည့်ခြင်းကို မခံဖူး၍ပင်။ သူ့တွင် ဧကရာဇ်သွေးမျိုးဆက်၏ ကောင်းမွန်သော ပင်ကိုယ်စရိုက်ရှိလျှင်ပင် သူက ပြောစရာမဲ့နေဆဲဖြစ်သည်။ 


"ကျေးဇူးပါ..."

စွေ့ချီချောင်းက သူတို့ကို ရိုးရှင်းစွာပင် ဆလပ်ရွက်များပေးပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"နောက်ပိုင်း မျိုးစေ့တွေရှိလာရင်လည်း ငါနဲ့ လဲနိုင်ဖို့ မျှော်လင့်ပါတယ်..."


သူ ထိုသို့ဆိုသည်ကို ကြားသော လီဆာက ဆလပ်ရွက်များကိုကြည့်ပြီး ရုတ်တရက် အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။

"လေးစားစရာကောင်းလောက်တဲ့ နင်က ဒါတွေအကုန်လုံး စိုက်ထားတာတော့မဟုတ်ဘူးမလား..."


စွေ့ချီချောင်းက နှစ်စက္ကန့်ခန့် တွေးကာ ဖုံးကွယ်မနေတော့ချေ။

"ဟုတ်တယ်..."


"........"

လီဆာနှင့် သူမအဖွဲ့က ကြောင်အသွား၏။ လီဆာသည်ပင် သူမ မေးလိုက်သည့် သာမာန်ကာလျှံကာ မေးခွန်းလေးက အမှန်ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။ 


ဤသည်မှာ လူသူမဲ့ ဂြိုလ်ပေါ်တွင် လူများက လယ်စိုက်ခြင်းကို သူတို့ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သာမန်အားဖြင့် ဤနေရာသို့ လာကြသောလူများက မရေမရာ ဘဝတစ်ခုကို ဦးဆောင်နေခြင်း သို့မဟုတ် တခြားတစ်ခုနှင့် အလုပ်များနေခြင်းတို့ ဖြစ်သည်။ သူတို့က ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန် စိတ်အခြေအနေမရှိကြပေ။ ထို့အပြင် သူက ဟင်းသီးဟင်းရွက်အများအပြားစိုက်ပျိုးထား၏။ 

ဒီဟင်းရွက်တွေ စိုက်တာက တစ်နေ့လုံးကုန်တယ်မဟုတ်ဘူးလား... ပြီးတော့ ဒီခေတ်မှာ အပင်စိုက်တာက အလိုအလျောက် လုပ်လို့ရတယ်လေ... ဒါပေမဲ့ ဒီမှာ ဘာကိရိယာအကြီးမှမှ မရှိတာ....


လီဆာနှင့် သူမ၏ အဖော်များက ဟင်းရွက်မည်သို့ စိုက်ရမည်ကို မသိချေ။


သူတို့အဖွဲ့ထဲမှ တရုတ်များပင် အများဆုံး လေယာဉ်အခန်းငယ်လေးထဲတွင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီအနည်းငယ်သာ စိုက်ကြသည်။ လူတိုင်းသိကြသည့်အတိုင်း တရုတ်များက သွားလေရာ အပင်စိုက်ကြသည်။


အဲ့တော့ အဲ့ပုံသေကားချပ်ကို ထည့်စဉ်းစားရင် မစ္စတာ ထရစ်စတန်က ဘယ်လောက်တောင် တရုတ်သွေး စစ်သလဲ...


သူတို့က သူတို့စိတ်ထဲတွင် ကျီစယ်နေသည့်အရာက အမှန်တွင် မည်မျှအထိ အဖြေမှန်သည်ကို မသိကြပေ။



🍀🍀🍀