အပိုင်း၁၀၀
Viewers 4k


Chapte 100


ကောကုန်းကျင့်ထင် အိမ်တော်


ပန်းဟွာသည် အိပ်ရာမှ နိုးလာပြီး ပြတင်းတံခါး အပြင်ဘက်ကို လှည့်ကြည့်လိုက်ရာ အပြင်ဘက်မှာ မှောင်နေသေးသည်ကို တွေ့လိုက်ရ၍ အိပ်ယာပေါ် ပြန်လှဲချလိုက်သည်။သို့သော်လည်း အိပ်ယာပေါ်လှဲလိုက်သော်လည်း ဘာကြောင့်မှန်းမသိ အိပ်မပျော်နိုင်ခဲ့ပေ။ မိုးလင်းမှ မှိန်းခနဲ အိပ်ပျော်သွားသည်။


 "ဟွာဟွာ"


 "ဟွာဟွာ..."


ပန်းဟွာ မျက်လုံးဖွင့်ပြီး ကုတင်ဘေးမှာ ထိုင်နေသည့် အဘွားအိုကို ကြည့်လိုက်၏။ထို့နောက် အဘွားအို၏ ရင်ခွင်ထဲကို တိုးဝင်လိုက်၏။   


"အဖွား ဘာလို့ဒီကိုရောက်နေတာလဲ"


 "သမီးကိုတွေ့ဖို့လေ" တော်ဝင်မင်းသမီးက ချစ်စဖွယ် ခေါင်းညိတ်ကာ ပြုံးပြသည်။  "အဖွား ဒီနေ့ သိပ်ပျော်တယ်"


ပန်းဟွာသည် တော်ဝင်မင်းသမီး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး "ဘာလို့ပျော်နေတာလဲ"


တော်ဝင်မင်းသမီးက သူမကိူ ပြုံးပြသော်လည်း ဘာမှပြန်မပြော။ ကလေးငယ်တစ်ယောက်ကို ချော့နေသလိုမျိုး သူမ နောက်ကျောကိုသာ ညင်သာစွာ ပွတ်သပ်ပေးသည်။အဖွားဖြစ်သူ၏လက်များက နူးညံ့သည်ဟု ခံစားမိနေတာကြောင့် ပန်းဟွာလည်း အိပ်ပျော်လုနီးပါးပင်။


 "သမီး...အဘိုးနဲ့ အဖွား ပြန်တော့မယ်"


 အဖွားဖြစ်သူ၏ စကားကြောင့် သူမ ထိတ်ကနဲပင် လန့်ဖျပ်သွားရသည်။


 ထူးဆန်းတယ်....အဖိုးက အနောက်ဘက်ပိုင်းကို သွားခဲ့တာ ကြာပြီမဟုတ်လား၊အခု အဖွားက အဖိုးနဲ့ ဘာလို့ အတူပြန်သွားတာလဲ။ အနောက်ဘက်ပိုင်းကိုပဲလား...


ပန်းဟွာ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ အပြင်မှာ နေထွက်နေပြီဖြစ်သည်။သူမသည် ကုတင်ပေါ်တွင် ထထိုင်ကာ မျက်ခုံးမွှေးများကို ပွတ်သပ်လိုက်သည်။ သူမ မနေ့က တွေးခဲ့သော အရာများကို အိပ်မက်မက်နေခြင်းသာ။မနေ့က မြို့စားမင်းချမ် အိမ်တော်၌ အဖွားဖြစ်သူ၏အကြောင်း ပြောဆိုနေကြ၍ သူမ အဖွားကို အိမ်မက်မက်ခြင်းဖြစ်မည်။ 


 "သခင်မလေး နိုးပြီလား"


ပန်းဟွာသည် အစေခံမိန်းကလေး၏ အသံကိုကြားသော် ခေါင်းညိတ်ပြလိုက်သည်။ အစေခံမိန်းကလေးများက လက်ဆေးရန် ကိရိယာတန်ဆာပလာများ ကိုင်ဆောင်၍ဝင်လာသည်။ ပန်းဟွာ ပါးစပ်ကို ဆေးကြောနေစဥ် ရူရီက တိုးတိုးလေးပြောသည်။


"အရှင်မင်း၊ နန်းတော်ထဲကနေ လူလွှတ်ပြီး မြို့စားကို တရားရုံးသွားခိုင်းခဲ့ပါတယ်" 


ပန်းဟွာ ပါးစပ်ထဲက ရေများကို ထွေးထုတ်ပြီး ပါးစပ်ကို လက်ကိုင်ပုဝါနှင့် သုတ်လိုက်သည်။


  "အဖေ့ပုံစံက ဘယ်လိုဖြစ်နေလဲ" 


 "ကျွန်မ မသိပါဘူး"  ရူရီက ခေါင်းခါလိုက်သည်။  "ဒါပေမယ့် ကျွင်းကျူး နိုးရင် ပင်မအဆောင်ကို သွားသင့်ပါတယ်"


 "သိပြီ"  


ပန်းဟွာ ခေါင်းညိတ်ကာ အဝတ်အစားလဲပြီး ဆံပင်ကို ဖြီးပြီးနောက်၊ အစေခံမိန်းကလေးနှင့်အတူ ပင်မ အဆောင်ထဲကို သွားခဲ့သည်။ သူမ အိပ်ရာထ နောက်ကျနေတာကြောင့် ယင်းရှစ်နှင့် ပန်းဟမ် တို့သည် စားပွဲတွင် ထိုင်နေပြီဖြစ်သည်။ သူမ ဝင်လာသည်ကိုမြင်လျှင် ယင်းရှစ်က သူမကို ထိုင်ခိုင်းလိုက်၏။


 "နန်းတော်မှာ ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်မယ်"  ယင်းရှစ်က လက်ဖက်ရည်သောက်ပြီး သူမ၏ ကလေးနှစ်ယောက်ကို လေးနက်စွာပြောဆိုနေပေ၏။ “နောက်နှစ်ရက်လောက်ဆို မင်းတို့နှစ်ယောက် အိမ်မှာနေပြီး အခြေအနေကို စောင့်ကြည့်ရမယ်” ​​


ပန်းဟွာ လှည့်ကြည့်လိုက်သည်။


 "ဘာဖြစ်တာလဲဟင်၊ နန်းတော်က လူတစ်ယောက်က အဖေ့ကို တရားရုံးဆီ ခေါ်သွားတယ်လို့ ရူရီဆီက ကြားလိုက်ရတယ်"


 "ဟုတ်တယ်,အခုပဲ စစ်မက်ရေးရာ ဝန်ကြီးက နန်းတော်ရဲ့ အခြေအနေမကောင်းဘူး၊ ငါတို့သတိထားသင့်တယ်လို့ လူလွှတ်ပြီး ပြောခဲ့သေးတယ်"


စစ်မက်ရေးရာဝန်ကြီးသည် သူ၏ အစောပိုင်းနှစ်များတွင် ပန်းမိသားစု၏ အဘိုးထံ အကြွေးတင်ခဲ့သည်။ ယခုနှစ်များတွင် ဤမိသားစုနှစ်စုသည် အဆက်အသွယ်များစွာမရှိကြသော်လည်း ကြီးကြီးမားမား တစ်ခုခုကြုံတိုင်း လူလွှတ်၍ တိတ်တဆိတ် သတင်းပေးပို့တတ်သည်။ ယင်းသည် ဘန်မိသားစုအား အခြေအနေကို သတိပြုမိစေရန်နှင့် ဘေးအန္တရာယ်ဖြစ်စေခြင်းမှ ကာကွယ်ရန်ဖြစ်သည်။


စစ်မက်ရေးရာဝန်ကြီးသည် ကျောက်မျိုးရိုး ဖြစ်သော်လည်း၊ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ကျောက်ကျား နှင့် မသက်ဆိုင်ပေ။သူတို့သည် မျိုးနွယ်မတူသလို၊ဂိုဏ်တစ်ခုတည်းမှလည်း မဟုတ်ပေ။မျိုးရိုးနာမည်ချင်း တူနေတာပင်။


ပန်းဟမ် နှင့် ပန်းဟွာ နာခံစွာ ခေါင်းညိတ်သည်။ ယင်းရှစ် ပြုံးပြီး "ရုတ်တရက်ကြီး အရမ်း သတိထားဖို့ ပြောတာမဟုတ်ပါဘူး၊ ဝန်ကြီးကျောက် တစ်ယောက်တည်းကသာ သတက်းစကားပြောတာဆိုရင် း အခြေအနေက သိပ်ပြီး မပြင်းထန်ပါဘူး၊ ဒါပေမာ့် သူ့ထက်အရင် နောက်တစ်ယောက်ကလည်း သတင်းပို့သေးတယ်"


"ဘယ်သူလဲ" 


သတင်းပို့သူဟူ၍ သူမတို့ မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သည့် စစ်သူကြီးဟောင်းများ ဖြစ်မည်ဟင ပန်းဟွာ ထင်လိုက်သည်။ သို့သော် သူတို့သည် အဆင့်အတန်းမမြင့်ပေ။ တချို့က မက်ဆေ့ချ်ပို့လျှတောင်  သတင်းအတိအကျ ပေးစရာအများကြီးမရှိနိုင်ချေ။


"သမီးရဲ့ စေ့စပ်ထားသူ မြို့စားမင်းရုံ" 


ယင်းရှစ်က စာရွက်တစ်ရွက်ကို ထုတ်ပြီး ပန်းဟွာရှေ့မှာ တင်လိုက်သည်။စာရွက်ပေါ်က စကားလုံးများသည် အနည်းငယ်သာ ရှိသည်။ အလျင်စလို ရေးထားပုံရ၏။ 


"နန်းတော်ထဲမှာ တစ်ခုခုဖြစ်သွားတယ်။ သတိထားပါ"


ပန်းဟွာ စာရွက်ကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တောက်လောင်နေဆဲ ဖယောင်းတိုင်တစ်တိုင်ပေါ်တွင် စာရွက်ကို တင်လိုက်ကာ ပြာအဖြစ်သို့ ပြောင်းသွားစေ၏။


 “အမေ၊ သမီးတို့ ဘာမှမသိထားဘူးနော်”


ယင်းရှစ်က ပြုံးလိုက်သည်။ "သမီး ပြောတာမှန်တယ်၊ အမေတို့ဘာမှမသိဘူး"


ပန်းဟမ်သည် ယင်းရှစ်ကိုကြည့်ပြီးနောက် ပန်းဟွာကို တစ်ဖန်ပြန်ကြည့်ရင်း စိတ်ရှုပ်သွားသည်။ စောစောကတော့ သတင်းကို သိတယ်၊ ပြီးတော့ သတင်းကို မသိဘူးဖြစ်သွားတယ်... ဒါက ဘာကိုဆိုလိုတာလဲ။ ဟုတ်တယ်၊ ဘာကိုဆိုလိုတာလဲ....


ကုတင်ပေါ်မှ အတင်းထလာရသော ပန်းဟွိုက်သည် ခန်းမထဲတွင် မှင်တက်စွာ ရပ်နေသည်။ သူ့ဘေးမှာ ရပ်နေသူများသည် သူနှင့် ရင်းနှီးကြသည်။သို့သော် သာမာန်နေ့များတွင် တရားရုံးတက်လျှင်ပင်၊ထိုသူတို့အားလုံး တက်ရောက်ကြမည်မဟုတ်ပေ။ သူတို့အားလုံး ဒီနေ့မှ ဘာလို့ရောက်လာတာလဲ…


 တခြားလူများသည် ပန်းဟွိုက်ထက်တောင် ပိုအံ့သြသွားရ၏။သာမာန်အားဖြင့် ပန်းဟွိုက်သည် တရားရုံးသို့ မသွားတတ်ချေ။ ယခု ဝမ်းနည်းပူဆွေးနေချိန်၌ တရားရုံးသို့ မလာ၍လည်းဖြစ်သည်။သူဒီနေ့ ဘာလို့ဒီကိုရောက်နေတာလဲ။ သို့သော် သူတို့သည် တရားရုံးထဲမှာဖြစ်၍ မေးဖို့ မသင့်တော်ချေ။  


ထိုမှသာ ဧကရာဇ်၏ အကြံအစည်ဖြစ်သည်ကို ရုတ်တရက် အားလုံး သဘောပေါက်သွားကြသည်။ တစ်နာရီလောက်ကြာသည်အထိ ဧကရာဇ် ပေါ်မလာသေးသဖြင့် တရားရုံး တာဝန်ရှိသူများ အံ့ဩသွားကြသည်။ ပုံမှန် အစည်းအဝေးကျင်းပချိန်ထက် တစ်နာရီနောက်ကျနေတာတောင် ဧကရာဇ်က ဘာလို့ ထွက်မလာသေးတာလဲ။


အားလုံး ခန့်မှန်းနေကြသလိုပင် ရုံရှားနှင့် တခြားလူသုံးယောက် အထဲမှ ပေါ်လာကြသည်။သူတို့လေးယောက်စလုံး လေးနက်တည်ကြည်နေကြ၏။ လေးယောက်သား ခန်းမထဲသို့ ဝင်ပြီးနောက် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ ယင်းကြောင့် အခြားတရားရုံးအရာရှိများ သံသယဖြစ်သွားခဲ့သော်လည်း မေးခွန်းတစ်ခုမှ ‌မမေးရဲချေ။ 


 "အိမ်ရှေ့စံ ကြွချီလာပြီ!"


ထိုခဏဝယ် နဂါးရုပ်များနှင့် ချယ်လှယ်ထားသော ခေါင်းဆောင်သရဖူကို ၀တ်ဆင်ထားသည့် အိမ်ရှေ့စံသည် မိန်းမစိုး ဝမ်ကုန်းကုန်းနှင့်အတူ ထွက်လာသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ 


 "ခမည်းတော်ဧကရာဇ်က ငါကိုယ်တော်ကို အုပ်ချုပ်ဖို့ အမိန့်ပေးထားတယ်"  


အိမ်ရှေ့စံသည် ခန်းမရှေ့သို့ လျှောက်သွားကာ နဂါးပလ္လင်ပေါ်မှာ မထိုင်ဘဲ နဂါးပလ္လင်အောက်က ဒုတိယခုံမှာ ထိုင်လိုက်၏။ 


 "ခမည်းတော်ဧကရာဇ် လောလောဆယ် မကျန်းမာဘူး၊ ဒါကြောင့် ရက်အနည်းငယ် အနားယူဖို့ လိုတယ်၊ ဒါကြောင့် နောက်ရက်အနည်းငယ်ကြာသည်အထိ ဒီက တာဝန်ရှိသူများအားလုံးနဲ့အတူ ငါကိုယ်တော် အလုပ်တွဲလုပ်မယ်"


နေစမ်းပါဦး၊ ဧကရာဇ်က အိမ်ရှေ့စံကို ယာယီအုပ်ချုပ်သူဖြစ်စေတဲ့အထိ နေလို့မကောင်းဘူးလား။


"အိမ်ရှေ့စံကို နှုတ်ဆက်ပါတယ်။ အိမ်ရှေ့စံ နှစ်ထောင်ပေါင်းများစွာ သက်တော်ရှည်ပါစေ"


မည်သို့ပင်ဆိုစေ၊ သူတို့အားလုံးသည် တရားရုံး အရာရှိများဖြစ်၍ ဧကရာဇ်ကို ကူညီသည့် အိမ်ရှေ့စံအား ဧကရာဇ်လို သဘောထားရမည်ဖြစ်သည်။ 


ဧကရာဇ် ဆင့်ခေါ်ထားသော အရာရှိလေးဦးသည် ယန်မျိုးနွယ်စု သို့မဟုတ် ရှစ်မျိုးနွယ်စုနှင့်လည်း မသက်ဆိုင်နေခြင်းမှာ အံ့အားသင့်စရာပင်။ထို့ကြောင့် ယန်ဟွေ့ နှင့် ရှစ်ချုံးဟိုင်တို့သည် ဧကရာဇ်၏ ယုံကြည်မှုအား ဆုံးရှုံးသွားသည်ကို တွေ့မြင်နိုင်သည်။မဟုတ်ရင် ဧကရာဇ်က ချမ်အမ်မြို့စားမင်းနဲ့ တခြားသူတွေကို ဒီလိုအရေးကြီးတဲ့ ကိစ္စအတွက် ဘာကြောင့် အရင်ဆုံး ခေါ်ရမှာလဲ။


အိမ်ရှေ့စံသည် နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားရှိသည်။ တိုင်းပြည်၏ အခြေခံအုတ်မြစ် မတည်မငြိမ်ဖြစ်မှုနှင့်အတူ တရားရုံးတွင် သူ၏အပြောအဆိုနှင့် လုပ်ဆောင်ချက်များသည် မလွှဲမရှောင်သာ ထိရောက်မှုနည်းပါးနိုင်သည်။ ကံကောင်းထောက်မစွာဖြင့်၊ ယန်မျိုးနွယ်စုနှင့် ရှစ်မျိုးနွယ်စုတို့သည် ဆုတ်ယုတ်မှုများကြောင့် တရားရုံးတွင် ယခင်ကဲ့သို့ သြဇာလွှမ်းမိုးမှု မရှိပေ။  ဤသို့ဖြင့် ရုံရှားနှင့် အခြားအရာရှိသုံးဦး၏ အကူအညီဖြင့် တရားရုံးအစည်းအဝေး အောင်မြင်စွာပြီးဆုံးခဲ့သည်။ အိမ်ရှေ့စံသည် အရာရှိများစွာ၏ ချီးကျူးမှုကိုပင် ရရှိခဲ့သည်။


အစည်းအဝေးပြီးသည်နှင့် အိမ်ရှေ့စံသည် မဟာရွှေလမင်းနန်းတော်သို့ အမြန်ပြန်သွားခဲ့သည်။ သူသည် ဧကရာဇ် ယွင်ချင်အား တရားရုံးတွင် ဖြစ်ပျက်ခဲ့သမျှနှင့် အရာရှိများ သတင်းပို့သည့် အဓိကဖြစ်ရပ်များကို ပြန်ပြောပြသည်။ 


 ဧကရာဇ်ကလည်း အိမ်ရှေ့စံ၏ တည်ကြည်သော သဘောထားကို အလွန်နှစ်သက်မိတာကြောင့် အိမ်ရှေ့စံနှင့် ပတ်သက်သော မကျေနပ်မှုများသည် လေထုထဲရှိ မီးခိုးငွေ့များကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


 သို့သော် ဒုတိယမင်းသားသည် သူ့အား စောင့်ကြပ်နေသော အစောင့်များနှင့် ပဋိပက္ခဖြစ်ခဲ့ကြောင်း အစေခံများထံမှ ကြားသိရပြီးနောက်၊ကြည်လင်နေသော ဧကရာဇ်၏ စိတ်ထားကလေးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။


"သူ့ကို စိတ်မပူစမ်းနဲ့၊ အလကားကောင်၊ သူ့ဘာသာသူ ဒုက္ခရောက်လိမ့်မယ်"


အိမ်ရှေ့စံက တုံ့ဆိုင်းသွားပြီး ပြောသည်။  "ခမည်းတော် ၊ဒုတိယညီတော်က မဆင်မခြင်လုပ်တတ်လို့ပါ၊ တစ်ယောက်ယောက်က သူ့ကိုရှင်းပြရင် သူနားလည်မှာပါ"


 ဧကရာဇ် မကျေနပ်နိုင်သေး။  "နားလည်မယ် ဟုတ်လား၊သူက အသက် 20 ရှိနေပြီ၊အခုထိ ဦးနှောက်က မရှိတုန်းပဲ၊ မင်း ငါ့ကိုလည်း ဒေါသထွက်ပြီး သေစေချင်တာလား"


 "ဒါပေမယ့်…"


ဧကရာဇ် ယွင်ချင် ဒေါသထွက်လာပြီး သူ့မျက်နှာတစ်ဝက်လောက်က အေးခဲသွားရ၏။


"မင်း သူ့အတွက် ပြောစရာ မလိုတော့ဘူး၊ ငါ့အမြင်အရတော့ ငါ့ပြဿနာတစ်ဝက်က သူ့ကြောင့်ဖြစ်ရတာ"


အိမ်ရှေ့စံ တစ်ခုခုပြောဖို့ပြင်သော်လည်း ဧကရာဇ်၏ မှုန်ကုပ်နေသော မျက်နှာကို ကြည့်ပြီး သူ  မနှောင့်ယှက်ဝံ့တော့ပေ။ သူသည် ဧကရာဇ်၏အာရုံကို လွှဲဖယ်ရန် အစီရင်ခံစာများကိုသာ ဆက်လက်ဖတ်ရှုရသည်။


သခင်ကျိုးသည် ရုံရှားနှင့်အတူ နန်းတော်မှ ထွက်လာပြီး တိုးတိုးပြောလိုက်သည်။ "မြို့စားမင်းရုံ ဧကရာဇ် ကြည့်ရတာ ကျန်းမာရေး သိပ်မကောင်းဘူးဖြစ်မယ်" 


ရုံရှား သက်ပြင်းချလိုက်သည်။  

"ဧကရာဇ်က ကောင်းကင်ရဲ့သားတော်၊ ကောင်းကင်ဘုံရဲ့ အကာအကွယ်နဲ့ နေကောင်းသွားမှာပါ"


"ကျွန်တော်လည်း အဲ့ဒီလို မျှော်လင့်ပါတယ်"


ရုံရှားက သခင်ကျိုးကို လှည့်ကြည့်လိုကာ “ဧကရာဇ် ကျန်းမာပါစေလို့ပဲ ဆုတောင်းရမှာပဲ” 


 သခင်ကျိုး ခေတ္တရပ်ပြီးနောက် အဝေးကို လှမ်းကြည့်လိုက်သည်။  "ဟုတ်ပါတယ်၊မြို့စားမင်းရုံပြောတာ မှန်ပါတယ်"


 "သခင်ကျိုး....မြို့စားမင်းရုံ"  


ထိုစဉ် ပန်းဟွိုက်သည် သူတို့နှစ်ယောက်ကိုမြင်ပြီး မြင်းကိုအမြန်ပြေးအောင် လက်ဖြင့်ပုတ်လိုက်သည်။ရုံရှား လှည့်ကြည့်လိုက်သော် သူ့ကို မြင်မိ၍ ဇက်ကြိုးကို အလျင်အမြန်ဆွဲကာ မြင်းကို ရှေ့မဆက်စေဘဲ ရပ်နားစေ၏။ 


  "ဦးရီးတော်"


ပန်းဟွိုက်သည် မနက်စောစောထလာရ၍ တစ်ချက်သမ်းဝေရင်းဆိုလိုက်၏။


"အရှင်မင်းကြီး ဘယ်လိုနေလဲ"


သခင်ကျိုးသည် ရုံရှားကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောပေ။ ရုံရှားကသာ "ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က လေဖြတ်ရောဂါ ခံစားနေရတယ်၊ သူ အနားယူဖို့ လိုတယ်" 


လေဖြတ်တယ်..


ပန်းဟွိုက် ထိတ်လန့်သွားရသည်။ ဤရောဂါသည် ကုသရန် အလွန်ခက်ခဲသည်။သူ့လက်၊ သူ့ခြေများသည် ယခင်လို သွက်လက်နေမှာ မဟုတ်ချေ။ပြင်းထန်ပါက အိပ်ရာပေါ်တွင်သာ လှဲနေရမည် ဖြစ်သည်။အိမ်ရှေ့စံကို ဘုရင်ခံအဖြစ် သတ်မှတ်ပေးခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ လေဖြတ်ခံရသော ဧကရာဇ်သည် နန်းတွင်း၌ ထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။


ကျိုးပင်းအမ်သည် ရုံရှားက ပန်းဟွိုက်ကို ဤအကြောင်း ပြောပြသည့်အတွက် ပို၍ပင် အံ့အားသင့်သွားသည်။ ပန်းဟွိုက်က ဒါကို လျှို့ဝှက်မထားဘဲ သူ့ကို ဒုက္ခပေးမှာ မကြောက်ဘူးလား


သူတို့သုံးယောက်သား လမ်းခွဲသောအခါတွင်၊ ရုံရှားသည် ပန်းဟွိုက် နောက်သို့ လိုက်သွားသည်ကို ကျိုးပင်းအမ် မြင်လိုက်ရမှ ရုတ်တရက် သဘောပေါက်သွားသည်။ ရုံရှားသည် ပန်းဟွိုက်ကို သူ၏ယောက္ခမအဖြစ် အမှန်တကယ် ဆက်ဆံပုံရသည်။အဲ့ဒီပန်းဟွာကျွင်းကျူးက ရုံရှားကို ဒီလောက်ထိ ဖြစ်စေအောင်ပဲ စွမ်းရသလား... သူသည် ကောင်းကင်တွင် ထွန်းလင်းနေသော နေမင်းကို မော့ကြည့်ကာ ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။ မနေ့ညက နွေဦးရာသီဖြစ်ပါလျက် မိုးခြိမ်းသံများ ကြားရသည်။ယနေ့မှ နေရောင်က တောက်ပနေသည်။ရာသီဥတုဆိုသည်မှာ တကယ်ကို မှန်းဆလို့ မရချေ။


ပန်းဟွိုက်သည် ရုံရှားကို အိမ်တော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားသည်။ယခုလို ဖိတ်ကြားခြင်းက ရုံရှား နှင့် ပန်းဟွာ စေ့စပ်ပြီးနောက် ရှားရှားပါးပါး အခွင့်အရေးပေးခြင်းပင်။ ထို့ကြောင့်လည်း ရုံရှား ချက်ချင်းပင် မတွန့်ဆုတ်ဘဲ ခေါင်းညိတ်လိုက်သည်။ယောက်ျားဆိုသည်မှာ မိန်းမတစ်ယောက်ကိုသာ ကြိုက်ပါက၊မရှက်မကြောက်ဘဲ အရေထူရမည်ဖြစ်ကြောင်း သူ၏အနာဟါတ် ယောက္ခမက သင်ကြားပေးနေခြင်းပင်။ 


"သခင်ကြီးကို နှုတ်ဆက်ပါတယ်၊မြို့စားမင်းရုံကိုလည်း နှုတ်ဆက်ပါတယ်" 


ပနးမိသားစု၏ တံခါးစောင့်များက သူတို့ နှစ်ယောက်ကို မြင်သောအခါ ဦးညွှတ်ပြီး မြင်းများကို တင်းကုပ်ဆီသို့ ခေါ်သွားကြသည်။အစေခံအားလုံး စိတ်အားထက်သန်ပြီး ဂရုတစိုက်ရှိကြ၏။ သူတို့နှစ်ယောက်ကို ဧည့်ခန်းဆီ လိုက်ပို့ကာ ဦးညွှတ်ပြီး ထွက်သွားကြသည်။


ဤသည်မှာ ပန်းမိသားစု၏ ကျေးကျွန်များ၏ အကျင့်စရိုက်များထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် သူတို့၏သခင်များနှင့် ဧည့်သည်များအပေါ် စိတ်အားထက်သန်စွာ ဧည့်ဝတ်ကျေပွန်ကြသည်။ထို့ကြောင့် ဧည့်သည်တိုင်းအား ကျေနပ်မှုကြီး ခံစားရစေ၏။ 


ရုံရှားသည် တခြားလူများ၏အိမ်များသို့ ဧည့်သည်အဖြစ် လာရောက်ဖူးသော်လည်း ပန်းမိသားစု၏ တံခါးစောင့်များကဲ့သို့ ယဉ်ကျေးပြီး ဂရုစိုက်သည့် တံခါးစောင့်မျိုး မတွေ့ဖူးချေ။


 "လာ၊ အထဲမှာ စကားပြောရအောင်"  


ပန်းဟွိုက်သည် ရုံရှား၏ ပခုံးကို ပုတ်ပြီး ဒုတိယမြောက် တံခါးမှတစ်ဆင့် အထဲသို့  ခေါ်ဆောင်သွားခဲ့သည်။ သို့​သော်​ သူတို့နှစ်​​ယောက်​မဝင်​မီ၊အစေခံ တစ်​​ယောက်​က ယင်းရှစ် အဆင်​သင့်​ဖြစ်​​စေရန်​ အစီရင်​ခံတင်ပြထားပြီးဖြစ်​သည်​။


" ဘယ်သူလဲ...."


ပန်းဟွာသည် ယင်းရှစ်၏ ခြံဝင်းထဲတွင် ပုံပြင် နားထောင်နေစဉ် အစေခံ၏ သတင်းကို ကြားလိုက်ရသည်။


"ဘယ်​သူ​ရောက်​လာတယ်​လို့​ ပြောတာလဲ"


 "မြို့စားမင်းရုံပါ...."


 "သူလား၊ သူဆိုရင်တော့ ဆက်ပြောလို့ရတယ်"


ယင်းရှစ်က သူမကို စိုက်ကြည့်နေရင်း 

"သမီးက  ပိုပိုပြီး ဆိုးလာပါလား၊ မြို့စားမင်းရုံ လာတာတောင် ပုံပြင် နားထောင်နေတုန်းလား၊ အဲဒါ ဘယ်လိုမျိုးပါလိမ့်"


 "သူက တခြားသူတွေနဲ့ မတူဘူး"  


ပန်းဟွာသည် သစ်သီးတစ်စိတ်ကို ငွေခက်ရင်းဖြင့် ထိုးကာ စားပြီး ပါးစပ်ကို တို့သုတ်လိုက်၏။


"တစ်ချို့ဆိုရင်တော့ ဟုတ်မှာပေါ့၊ ဒါပေမယ့် သူကတော့ ဒီလို အသေးအဖွဲတွေကို ဂရုမစိုက်ပါဘူး"


"သူက သိပ်ကြီးကျယ်ခမ်းနားလွန်းလို့  အသေးအဖွဲတွေကို ဂရုမစိုက်တာဖြစ်မယ်" ယင်းရှစ် လက်ကို ဝှေ့ယမ်းပြီး ပုံပြင်ပြောသူကို သွားစေလိုက်သည်။ 

"ဒါပေမယ့် သူ့ကို မယဉ်ကျေးလို့ မရဘူးလေ"


နောက်ဆုံးတော့၊ ယင်းရှစ်သည် ရုံရှား၏ သဘောသဘာဝကို ကောင်းကောင်းနားမလည်သည့်အတွက် ပန်းဟွာထက် သတိရှိနေခြင်းပင်။



xxxxxx