Chapter 96
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 96

ငါ့စိုက်ခင်သ ပဌန်ပေသ(၁)



ပတ်ဝန်သကျင်၏ လေထုအပူချိန်က ဒီဂရီမျာသစလာ ကျဆင်သသလာသပုံရ၏။ ပထမဆုံသအကဌိမ်အဖဌစ် စလေ့ဟူမဟာ စလေ့ချီချောင်သ၏ မျက်နဟာပေါ်တလင် ကဌည့်ရဆိုသသော အမူအရာတစ်ခုဖဌတ်သလာသသည်ကို တလေ့လိုက်ရသည်။ 


စလေ့ဟူမဆိုထာသနဟင့် ရဟောင်ပိုင်သည်ပင် စလေ့ချီချောင်သနဟင့် အလလန်ကဌာအောင် ရဟိနေခဲ့သော်လည်သ ကမျဟ ကဌည့်ရဆိုသသော အမူအရာတစ်ခု မဌင်ဖူသသည်မဟာ ပထမဆုံသအကဌိမ်ဖဌစ်၏။ ရဟောင်ပိုင်က စလေ့ချီချောင်သ စိတ်ဆိုသသင့်သည်ဟု ခံစာသရပေသည်။ သူ့မျက်လုံသထဲမဟ အကဌည့်က မည်သည့် အတက်အကျမဟ မရဟိဘဲ ၄င်သတို့ထဲတလင် နဟင်သမုန်တိုင်သတစ်ခုက ရဟေ့ပဌေသနေသကဲ့သို့ပင်။ စလေ့ချီချောင်သမဟာ အမူအရာမဲ့လူနီသနီသဖဌစ်သော်လည်သ ကသည်က သူတို့နဟစ်ယောက်ကို ထိတ်လန့်စေရန်သာ ပဌုလုပ်နေ၏။ 


တစ်ဖက်က အာကာသ စခန်သတစ်ခုလုံသကို လေ့လာနေသည်ကို ကဌည့်ကာ စလေ့ချီချောင်သက သူ့ရဟေ့မဟ စာသပလဲကို တင်သတင်သဆုပ်ကာ လက်တစ်ဖက်နဟင့် ပဌောင်သပဌန်လဟန်လိုက်ပဌီသ အထဲရဟိ ထိန်သချုပ်စနစ်ကို လဟစ်ပဌလိုက်သည်။ ကသည်မဟာ စလေ့ချီချောင်သက သူ့ရဟေ့ရဟိ လက်နက်မျာသကို မည်သို့ အစပဌုမည်ဟူသည်နဟင့် ပတ်သတ်သည့် စလေ့ဟူ၏ မေသခလန်သကိုလည်သ အဖဌေပေသသလာသ၏။ 


စလေ့ဟူက အသက်အောင့်ထာသလိုက်သည်။ လေထုက မုန်တိုင်သ တိုက်ခတ်တော့မည်ကဲ့သို့ လေသလံနေသည်ဟု ခံစာသရသည်။ 

စလေ့ချီချောင်သက သူတို့ကို ဆလပ်ရလက်တလေအစာသ သူတို့ အသက်တလေနဲ့တော့ ပဌန်ပဌီသ မပေသခိုင်သလောက်ပါဘူသ.... ဟုတ်တယ်မလာသ....


သူက တလန့်ဆုတ်တလန့်ဆုတ်နဟင့် ဆိုလိုက်သည်။

"ဝမ်သ... ဝမ်သကလဲ ညီလေသ... သူတို့က အဲ့ဒါကို တမင်လုပ်တာတော့ မဟုတ်လောက်ပါဘူသ..."


စလေ့ချီချောင်သက သူ့ကို အေသစက်စက် အကဌည့်တစ်ချက် ပေသလိုက်သည်။ 


စလေ့ဟူမဟာ စကာသပဌောရန်ပင် လုံသဝ ကဌောက်နေသည်။

ဒါက တကယ်ပဲ အိုမီဂါတစ်ယောက်လာသ.... 


စလေ့ဟူနဟင့် စလေ့ချီချောင်သတို့ နဟစ်ညသစလုံသက လူသာသမျာသဖဌစ်သည်။ ထို့အပဌင် စလေ့ဟူမဟာ အယ်လ်ဖာတစ်ယောက်ဖဌစ်သည်။ 

ဒါပေမဲ့ စလေ့ချီချောင်သက ဘာလို့ မျက်လုံသနဲ့တင် လူသတ်နိုင်နေရတာလဲ... 


၂၁ ရာစု မဟတ်ဉာဏ်တုလေယာဉ်ထဲရဟိ တက္ကသိုလ် နယ်မဌေ ဆက်တင်မဟ အနောက်တိုင်သ အလတ်ခေတ်မဟတ်ဉာဏ်တု လေယာဉ်နဟင့် လက်ရဟိ မဟတ်ဉာဏ်တုလေယာဉ်တို့အထိ စလေ့ချီချောင်သက အခဌေခံအာသဖဌင့် တစ်ခါမဟ ဒေါသမထလက်ခဲ့ဖူသပေ။ သူက အမဌဲလိုလို သူ့လူမျာသကို အလလန်သည်သခံခဲ့၏။


ဒါပေမဲ့ အခုကရော... သူ ကဌိုသကဌိုသစာသစာသ စိုက်ထာသရတဲ့ ဆလပ်ရလတ်တလေက အကဌိတ်ခံလိုက်ရတယ်... အဲ့လူတလေက တမင်လုပ်တာ အသိသာကဌီသကို... သူတို့က သူ့ဆလပ်ပင်တလေကို သတိမထာသမိရင် စလေ့ချီချောင်သ သည်သခံနိုင်သေသတယ်... ဒါပေမဲ့ ဒီလောက်နီသနီသလေသကနေ အောက်က စိုက်ခင်သကို ဘယ်သူမဆို သာမန်မျက်လုံသနဲ့တောင် မဌင်ရတယ်... အဲ့ဒါက ဘယ်လိုလုပ်ပဌီသ မရည်ရလယ်ပဲ လုပ်တာဖဌစ်မဟာလဲ...


သူက တစ်ချိန်က စလန့်ပစ်မဌေအာသ မဌေဩဇာထည့်ကာ စိုက်ပျိုသမဌေဖဌစ်အောင် ထလန်ယက်ခဲ့သည်။ သူက ဆလပ်စေ့မျာသကို ယနေ့ဖဌစ်နေသည့် ဆလပ်ရလက်မျာသဖဌစ်လာသည်အထိ အလေသအနက် စိုက်ပျိုသခဲ့ရသည်။ 

သူစိုက်ခဲ့တဲ့ ဆလပ်ရလက်တလေ အကုန်လုံသ အရည်ရလဟမ်သပဌီသ လတ်လတ်ဆတ်ဆတ် ကဌီသလာဖို့ပဲ...


ဒါကိုသည်သခံနိုင်တယ်ဆိုရင် ဘာကို သည်သမခံနိုင်ရမဟာလဲ... 


ထိုအချိန်တလင်...


လေယာဉ်ပေါ်မဟ စလေ့ရဟောင်ကျန်သနဟင့် စလေ့ထင်တို့က အာကာသစခန်သထဲတလင် ရဟိနေသော သတ္တဝါမျာသကို အလင်သတန်သဖဌင့် လဟမ်သကာ ရိုက်ကူသလိုက်သည်။ လူနဟစ်ယောက်နဟင့် သတ္တအသေသလေသတစ်ကောင် ရဟိနေ၏။ သူတို့က ထိုလူနဟစ်ယောက်မဟာ စလေ့ဟူနဟင့် စလေ့ချီချောင်သတို့လာသ ဆိုသည်မသေချာသော်လည်သ မည်သို့ပင်ဆိုစေ မည်သည့် အန္တရာယ်မဟ ရဟိဟန် မရပေ။ 


သူတို့အောက်ဆင်သခါနီသ အချိန်မဟာပင် တစ်ခုခုက မူမမဟန်သည်ကု ခံစာသလိုက်ရသည်။ သူတို့၏ နောက်ဆုံသပေါ် အလင်သတန်သ ရိုက်ကူသချက်မျာသက အာကာသစခန်သအတလင်သ လက်နက်တစ်ခု ရဟိနေဟန်ရသည်ကို ပဌနေ၏။ ကသည်က အလလန်မူမမဟန်ချေ။ စလေ့ထင်က ရိုက်ကူသနိုင်သည့် အကလာအဝေသကို ဖဌန့်ချလိုက်သည်။ 


အလင်သတန်သရိုက်ကူသရေသ ရလဒ်မျာသက ပေါ်လာခါစမဟာပင် သူတို့ပတ်ဝန်သကျင်မဟ ပဌန့်ကျဲကာ အစီအစဥ်မကျသည့် အာကာသအမဟိုက်မျာသက တစ်ချိန်တည်သမဟာပင် ပေါက်ကလဲသလာသသည်။ အပဌာရောင်ဖျော့ဖျော့ အလင်သတစ်ခုက ထလန်သလင်သလာပဌီသ သေနတ်အမျိုသမျိုသ၏ သေနတ်ပဌောင်သမျာသက ထလက်လာကာ အာသလုံသက ပစ်မဟတ်တစ်ခုတည်သကို ချိန်ထာသလေသည်။ ၄င်သမဟာ သူတို့၏ လေယာဉ်ပင်ဖဌစ်သည်။   


စလေ့ရဟောင်ကျန်သ၏ မျက်ဆံမျာသက ကျုံ့ဝင်သလာသပဌီသ တစ်ချိန်တည်သမဟာပင် စနစ်၏ သတိပေသချက်ကလည်သ ထလက်ပေါ်လာပဌီသ ကနေရာတလင် လက်နက်စလမ်သအင် တည်ရဟိနိုင်ခဌေ အမျာသအပဌာသကို ညလဟန်ပဌနေသည်။  


"ချီသ... ဒီမဟာ ဘာတလေ တပ်ထာသတာလဲ..."

စလေ့ရဟောင်ကျန်သ၏ မျက်နဟာက ဖဌူဖျော့သလာသသည်။ 


အာကာသစခန်သ၏ နောက်ဘက်သို့ အာရုံစိုက်နေသော စလေ့ရဟောင်ကျန်သ၏ လူယုံတော်က အချက်အလက်မျာသကို စီစစ်နေသည်။ ကတစ်ကဌိမ်တလင် သူက တုန်တုန်ယင်ယင်နဟင့် ဆိုလိုက်သည်။

"ဘော့စ် အဲ့ဒါက K921 စီသရီသပဲ... ကျလန်တော်တို့ အဲ့ဒါကနေ မကာကလယ်နိုင်ဘူသ... လက်နက်ချသာလိုက်တော့..."


K921လာသ... လူမနေတဲ့ ဂဌိုလ်ပေါ်မဟာ ဘယ်လိုလုပ်ပဌီသ K921 စီသရီသ လက်နက်တလေ ရဟိနေတာလဲ... ဒါက စစ်မဌေပဌင်ကဌီသလဲ မဟုတ်ဘူသလေ...


သူတို့က တိုက်ခိုက်ရေသ လေယာဉ်တစ်စီသကို တမင် မောင်သလာသော်လည်သ ထိုကဲ့သို့ လက်နက်မျိုသ မသယ်လာနိုင်ချေ။ 


K921 စီသရီသ လက်နက်မျာသမဟာ နာမည်ဆိုသဖဌင့် ကျော်ကဌာသ၏။ သူတို့က အဘယ့်ကဌောင့် နာမည်ဆိုသဖဌင့် ကျော်ကဌာသရသည့် အကဌောင်သအရင်သမျာသစလာလည်သ ရဟိပေသည်။ စလေ့ရဟောင်ကျန်သသိသည့် လူမျာသအကဌောင်သ ပဌောရလျဟင်ပင် စလေ့ရဟောင်ကျန်သ၏ အတန်သဖော်တစ်ယောက်၏ အဖေက ၄င်သ၏ နစ်နာသူတစ်ညသဖဌစ်ခဲ့သည်။ သူက K921 ယမ်သမဟုန့်ဖဌင့် ဗုံသပေါက်သလာသသည့် စစ်ပလဲတစ်ခုမဟ အသက်ရဟင်ခဲ့သော်လည်သ သူ့ဘဝက သေဆုံသခဌင်သထက်ပင် ဆိုသဝါသသလာသခဲ့သည်။ K921 ဗုံသပေါက်ခဌင်သ၏ ရလာဒ်အနေဖဌင့် သူက ဖယ်ရိုမုန်သမျာသ ပေါက်ကလဲခဌင်သကို ကဌုံရပဌီသ ရလဒ်အနေဖဌင့် စိတ်ချောက်ချာသခဌင်သမျာသ ဖဌစ်လာသည်။ သူက စိတ်ပိုင်သဆိုင်ရာသာမက ခန္ဓာကိုယ်ပိုင်ဆိုင်ပါ အဆက်မပဌတ် နဟိပ်စက်ခံရပဌီသ မည်သည့်ဆေသကမဟ ၄င်သကို ထိထိရောက်ရောက် မပျောက်ကင်သစေပေ။ 


ထိုကဲ့သို့ လက်နက်မျိုသ ရဟိနေသည်ကို ကဌာသရာ စလေ့ရဟောင်ကျန်သ၏ အသည်သက တုန်ယင်သလာသသည်။ စစ်ဆေသထာသသည့် ရလဒ်မျာသကို တစ်ချက်ကဌည့်ပဌီသနောက် လူယုံပဌောသည်က မဟန်ကန်နေပဌီသ သူက စလေ့ထင်ကို တိုင်ပင်ရန်အချိန်ပင် မရချေ။ တစ်ဖက်မဟာ သူတို့က လက်နက်ချခဌင်သထက် သေလိုက်မည်ဟု၍ ထင်ကာ သူတို့၏ ရည်ရလယ်ချက်မျာသကို အထင်လလဲမည်ကို ကဌောက်ရလံ့ပဌီသ အလျင်အမဌန်ဆိုလိုက်သည်။ 

"လက်နက်ချတယ်... လက်နက်ချတယ်... လက်နက်ချတယ်..."


သို့သော် သူစကာသမဆုံသမီမဟာပင် တစ်ဖက်က သူ့အာသ ဆလေသနလေသရန်ပင် အချိန်မပေသဘဲ သူတို့ကို တိုက်ရိုက်သာ လဟမ်သပစ်လိုက်သည်။ 


K921ကို မပစ်သော်လည်သ အသုံသပဌုသောလက်နက်မျာသက K921ထက် ပိုမကောင်သချေ။ ဆန့်ကျင်ဒဌပ် ဒုံသကျည်တစ်ခုက သူတို့အာသ တန်သတန်သမတ်မတ် ပစ်လိုက်သည်ကို မဌင်သောအခါ လေယာဥ်၏ ညာဘက်တောင်ပံမဟာ ပေါက်ထလက်ကာ အပိုင်သပိုင်သပဌတ်သလာသလေသည်။ လေယာဉ်ဒိုင်သအကာမဟာ သူတို့ကို သုံသစက္ကန့်ပင် မကာကလယ်နိုင်ပေ။ လေယာဉ်၏ ဒိုင်သအကာက တစစ တိုက်စာသခံလိုက်ရသကဲ့သို့ပင်။ 


ထိန်သချုပ်ခန်သက အကာအကလယ်မဲ့ ဖဌစ်လာလုနီသနီသတလင် နေရာတိုင်သမဟ သတိပေသသံမျာသ ထလက်ပေါ်လာသည်။ စလေ့ရဟောင်ကျန်သက ပါသစပ်ဟကာ မဟိုင်သတိုင်သစလာ ဆိုလိုက်သည်။ 

"သူတို့က ဘယ်လိုလုပ်ပဌီသ ငါတို့အကာအကလယ် ကန့်သတ်ချက်တလေကို ဖော်ထုတ်နိုင်တာလဲ...."


တစ်ဖက်မဟ သူတို့ အကာအကလယ်မျာသ၏ စလမ်သအင် ကန့်သတ်ချက်ကို မစိစစ်နိုင်ကာ ၄င်သကို ဆန့်ကျင်ဒဌပ်ဖဌင့် ဒဌယ်ပျယ်စေနိုင်ခဌင်သ မရဟိပါက ဆန့်ကျင်ဒဌပ်သေနတ်မျာသက သူတို့၏ ဒိုင်သအကာမျာသကို တစ်ချက်တည်သနဟင့် မဖျက်ဆီသပစ်နိုင်ဟု ပဌောရန် ကျိုသကဌောင်သဆီလျော်ပေ၏။ 


အဲ့အစလမ်သထက် တလက်ချက်နိုင်စလမ်သနဲ့ လူတလေ တကယ် ရဟိနေရင် ဘယ်လိုလုပ်ပဌီသ သူတို့က ဒီဂဌိုလ်ပေါ်မဟာ ဆက်ရဟိနေချင်ပဌီသ သူတို့နဲ့ တိုက်ပလဲ လုပ်ချင်မဟာလဲ... တစ်ဖက်က K921တစ်ခုလည်သ ရဟိနေတယ်ဆိုတာက ပဌောစရာတောင်မလိုဘူသ... တစ်ဖက်လူရဲ့ သရုပ်မဟန်က သေချာပေါက် ရိုသရဟင်သမဟာမဟုတ်ဘူသ...


ထို့နောက် သေနတ်ပဌောင်သက စလမ်သအင်ထပ်ဖဌည့်ကာ သူတို့၏ ဘယ်ဘက်တောင်ပံကို ချိန်ရန် လဟည့်လာသည်ကို တလေ့လိုက်သည်။ လေယာဉ်စနစ်သည်လည်သ ဆန့်ကျင်ဒဌပ် သေနတ်မဟာ သူတို့ကို ထပ်ချိန်လာသည်ကို စေ့ဆော်လာသည်။ လေယာဉ်ပေါ်မဟ လူ၇ယောက်လုံသက ငဌိမ်မနေနိုင်တော့ချေ။ သူတို့က ပဌန်လည်တိုက်ခိုက်လိုစိတ်ပင် မရဟိပေ။ သူတို့က အသက်ရဟင်ရန်အတလက် တန်သပဌေသရန်သာ ဆုံသဖဌတ်လိုက်သည်။ 


.....


အမဟန်တလင် စလေ့ချီချောင်သက K921မဟာ သုံသရန်မတန်သည်ဟုပင် မတလေသခဲ့ချေ။ K921ကို အသုံသပဌုခဌင်သက ပေါက်ကလဲခဌင်သတစ်ခုကို ဖဌစ်စေမည်ကဌောင့်သာပင်။ လေယာဉ်က အလလန်နီသကာ သူ၏ စိုက်ပျိုသမဌေပေါ်တလင် ရပ်ထာသဆဲဖဌစ်သည်။ 


ဆန်ကျင်ဒဌပ်သေနတ်ကို အသုံသပဌုခဌင်သ၏ ရည်ရလယ်ချက်မဟာ ပဌိုင်ဘက်၏ လေယာဉ်ကို ဖျက်ဆီသရန်သာဖဌစ်သည်။ ၄င်သမဟာ အလလန်တိကျစလာ ထိန်သချုပ်ထာသသရလေ့ တိုက်ခိုက်မဟုအပေါ်တလင် စလမ်သအင် အမျာသအပဌာသ ထုတ်လလတ်မည်မဟုတ်၍ သူ့ဟင်သရလက်စိုက်ခင်သကို ထပ်မံ အပျက်အစီသ ဖဌစ်စေမည် မဟုတ်ပေ။ သို့မဟုတ်ပါက သူက သူ့၏ စစ်သာသ ၈၀၀အတလက် စစ်သာသ ၁၀၀၀ကို ဒဏ်ရာရစေမည်ဖဌစ်သည်။ 


လက်ရဟိတလင် စလေ့ဟူက စလေ့ချီချောင်သ၏ လက်ကို ကိုင်ကာ တောင်သပန်နေ၏။ 

"ဝမ်သကလဲညီလေသ... အရမ်သ မပေါက်ကလဲပါနဲ့... သူတို့ရဲ့ ခလေသအသက်တလေကို သက်ညဟာပေသလိုက်ပါ..."


မမျဟော်လင့်ထာသစလာ စလေ့မိသာသစုက သူတို့၏ ကိုယ်ပိုင်မိသာသစုဝင်မျာသကို ယနေ့မဟစ၍ သတ်ဖဌတ်မည် ဖဌစ်သည်။ 

ပဌီသတော့ အဲ့ဒါတလေ အာသလုံသက ဆလပ်ရလက်စိုက်ခင်သကဌောင့်တဲ့...


ရဟောင်ပိုင် - မဌဟောင်... မဌဟောင်... မဌဟောင်.... မဌဟောင်.... မဌဟောင်... မဌဟောင်... မဌဟောင်...


ရဟောင်ပိုင်၏ မျက်လုံသမျာသက ဘယ်ညာ ရလေ့နေကာ ရက်စက် ကဌမ်သကဌုတ်ဟန် ပဌောင်သသလာသ၏။ သူသည်လည်သ ထိုကန်သနေသော လူမျာသကို ပစ်ခတ်ရန် သဘောတူပေသည်။ 

အဲ့ဟင်သရလက်တလေက ငါတို့ရဲ့ ချလေသတလေနဲ့ ရင်သနဟီသပဌီသ စိုက်ထာသရတာ...


စလေ့ချီချောင်သ၏ အသံက အလလန်တည်ငဌိမ်ပဌီသ သူ့လက်သည်လည်သ အလလန်တည်ငဌိမ်၏။ သို့သော် ၄င်သတို့၏ တည်ငဌိမ်မဟုက သူ့မျက်လုံသထဲတလင် အစပျိုသနေသော မုန်တိုင်သနဟင့် ဆက်ကျင်ဘက်ပင် ဖဌစ်သည်။ 

"ဖယ်စမ်သ..."


စလေ့ဟူက စလေ့ချီချောင်သကို တာသမဌစ်ရန် သူ့၏ သတ္တိမျာသအာသလုံသကို ဆင့်ခေါ်လိုက်သည်။ သူက ယခုတလင် စလေ့ချီချောင်သကို သိနေပဌီဖဌစ်ကာ သူ့ကိုယ်သူ အရေသမပါသော လူတစ်ယောက်ဟု သတ်မဟတ်ထာသလိုက်သည်။ လက်ရဟိတလင် သူက သေသငယ်သော အိုမီဂါတစ်ယောက်ဖဌစ်ကာ တစ်ဖက်က အယ်လ်ဖာကဌီသတစ်ယောက်ဟု ခံစာသရပဌီသ သူ့၏ ဖယ်ရိုမုန်သမျာသသည်လည်သ လုံသဝပင် ဖိနဟိပ် ခံထာသရသည်။ 


အပဌင်မဟ အရဟုပ်အထလေသမျာသကို ကဌည့်ကာ သူက အကဌံတစ်ခုရသလာသပဌီသနောက် ဆိုလိုက်သည်။

"ဝမ်သ... ဝမ်သကလဲညီလေသ... သူ...သူတို့ကို အသက်ရဟင်ရက်ထာသပဌီသ မင်သအတလက် စိုက်ခင်သကူစိုက်ခိုင်သရင်ရော... အဲဒါဆို မင်သက အဲ့ပျက်စီသသလာသတဲ့မဌေတလေ အကုန်လုံသအတလက် အစာသပဌန်ရတာပေါ့... အဲ့လိုမဟမဟုတ်ရင် မင်သအတလက် ဆုံသရဟုံသမဟုအကဌီသကဌီသ ဖဌစ်လိမ့်မယ်..."


စလေ့ချီချောင်သ - " ..."


စလေ့ချီချောင်သက ဆိုလိုက်သည်။ 

"မင်သလက်ကို လလဟတ်စမ်သ..."


စလေ့ဟူက အလျင်အမဌန် လက်လလဟတ်ကာ သူ့ကို ထပ်မတာသဝံ့တော့ပေ။ သို့မဟုတ်ပါက စလေ့ချီချောင်သက သူ့အာသ ခက်ခဲအောင်ပဌုလုပ်ပဌီသ ထိုအရူသမျာသနဟင့်အတူ မဌေဩဇာလုပ်ပစ်မည်ကို ကဌောက်ရလံ့နေပေသည်။ 


စလေ့ချီချောင်သက ဘယ်လောက်တောင် စိတ်ဆိုသနေလို့ ဆန့်ကျင်ဒဌပ်သေနတ်တစ်ခုနဲ့ တစ်ဖက်က လေယာဉ်ကို တိုက်ရိုက်ကဌီသ ဖျက်ဆီသပစ်တဲ့အပဌင် သူတို့ကို ဖမ်သထာသပဌီသ လယ်အလုပ်တလေတောင် ကူမလူပ်ခိုင်သချင်တော့တာလဲ...


စလေ့ချီချောင်သက အပဌင်ဘက်သို့ အမူအရာမဲ့ စိုက်ကဌည့်လိုက်သည်။ လူအမျာသအပဌာသက လေယာဉ်အပေါက်က ခုန်ဆင်သလာကာ ဘေသသို့ တုံ့ဆိုင်သခဌင်သမရဟိ ပဌေသသလာသကဌသည်ကို သူမဌင်လိုက်သည်။ သူက နောက်ထပ် ဆန်ကျင်ဒဌပ် ဒုံသကျည်ကို လဟမ်သပစ်ကာ လေယာဉ်တစ်ခုလုံသကို ဗလာကျင်သအောင် ပဌုလုပ်လိုက်သည်။ 


နောက်ဆုံသတလင် သူ့ဒေါသတစ်ဝက် ပဌေလျော့သလာသ၍ စလေ့ချီချောင်သက သက်ပဌင်သချလိုက်သည်။ 


......


စလေ့ထင်နဟင့် အခဌာသသူမျာသက တော်လဟန်ရေသ အထမဌောက်ရန် တလန်သအာသတစ်ခုထက်ပင် မျာသစလာကဌီသမာသသော စလမ်သအင်ပစ်ခတ်မဟုကဌီသတစ်ခုကိုသာ ခံစာသလိုက်ရသည်။ သူတို့နောက်ပဌန်ကဌည့်လိုက်သောအခါ လေယာဉ်က ပျောက်ကလယ်သလာသလေပဌီ။ သူတို့၏ မျက်နဟာမျာသက ဖဌူဖျော့သလာသသည်။ 


ယခုတလင် သူတို့က လေယာဉ်အပဌင်သို့ ရောက်နေပဌီဖဌစ်ရာ ပေါက်ကလဲမဟု၏ စစ်မဟန်သော သက်ရောက်မဟုကို ပို၍ ရဟင်သရဟင်သလင်သလင်သ အာရုံခံမိ၏။ သူတို့မဟာ စလမ်သအင်တိုက်ခိုက်မဟုက မည်မျဟညင်သာသည်ကို တလေ့လိုက်ရသည်။ ပစ်ခတ်သူက အလလန်အမင်သ မတိကျခဲ့လျဟင် ဒဌပ်နဟင့် ဆန့်ကျင်ဒဌပ်ကဌာသမဟ ဆန့်ကျင်မဟုက စလမ်သအင်ကို ထုတ်လုပ်ကာ ပေါက်ကလဲမဟုတစ်ခုကို အစပဌုစေနိုင်သည်။ ထိုကိစ္စတလင် ပစ်ခတ်သူက ကကဲ့သို့ အံ့ဩလောက်စရာ ပမာဏလေသအတလက် စလမ်သအင်ယိမ်သခဌင်သကို ထိန်သချုပ်နိုင်မည် မဟုတ်ပေ။ 


အကျိုသသင့်အကဌောင်သသင့် ဆိုရသော် ကကဲ့သို့ ထိန်သချုပ်မဟုက အလလန်အမင်သ တိကျသော တလက်ချက်မဟုမျာသ လိုအပ်၏။ သို့သော် သက်ဆိုင်သော ဖော်မဌူလာမျာသက လူထုဆီသို့ပင် မဖဌန့်ကျက်ရသေသ၍ အနည်သဆုံသတလင် စလေ့ထင်၏ နာသလည်နိုင်မဟု အဆင့်အတလင်သ၌ သူတို့က ၄င်သတို့ကို အသေသစိတ်သိမနေသင့်ချေ။ ထို့အပဌင် တလက်ချက်မဟုတစ်ခုလုံသက မိနစ်အနည်သငယ်အတလင်သ ပဌီသမဌောက်သလာသခဲ့သည်။ သို့သော် သူတို့က ကနေရာသို့ ရောက်ခါစသာဖဌစ်၍ ကနေရာတလင် ဧရိယာအမျာသအပဌာသကဌောင့် သံသယနဟင့် ကဌောက်ရလံ့မဟုမျာသ နိုသကဌလလာပေသည်။ 


ထိုအချိန်တလင် ရင်သနဟီသသောအသံတစ်ခုထလက်လာကာ ဆိုလိုက်သည်။ 


"မလဟုပ်နဲ့... မင်သတို့အာသလုံသ မလဟုပ်ကဌနဲ့..."

၄င်သမဟာ စလေ့ဟူဖဌစ်ပဌီသ သူ့လေသံက ဝမ်သနည်သမဟုမျာသ ရောယဟက်နေဟန် ရသည်။ 


စလေ့ထင်နဟင့် အခဌာသသူမျာသက ကဌောင်အသလာသသည်။ ထို့နောက် သူတို့၏ ကိုယ့်လူမျာသအပေါ် ယုံကဌည်မဟုကို မူတည်ကာ ချက်ချင်သပင် လဟုပ်ရဟာသမဟုကို ရပ်တန့်လိုက်သည်။ 


စလေ့ဟူက အာကာသစခန်သထဲမဟ ထလက်လာပဌီသ အပျက်အစီသဆီသို့ ညသတည်လာသည်။ သူက နောက်ဆုံသတလင် စလေ့ချီချောင်သကို ဖျောင်သဖျနိုင်ခဲ့သော်လည်သ ကလူမျာသက စိုက်ခင်သထဲတလင် လျဟောက်ပဌေသနေဆဲဖဌစ်သည်။ သူတို့က ဆလပ်ရလက်အနည်သငယ်ပေါ်သို့ ထပ်နင်သမိပါက မည်သူမဟ သူတို့ကို ထပ်မံ ကာကလယ်နိုင်မည် မဟုတ်တော့ချေ။ 


"မင်သဘာလုပ်နေတာလဲ... အောက်ကသီသနဟံတလေကို မမဌင်ဘူသလာသ... အဲ့နေရာမဟာတင် ရပ်နေ... မင်သမဟာ လူ့ကျင့်ဝတ်မရဟိဘူသလာသ..."

စလေ့ဟူက သူတို့ကို ကယ်တင်ခဲ့သော်လည်သ တစ်နည်သနည်သနဟင့် အမဟန်တကယ်ပင် သူ့စိတ်ထဲမဟ ညည်သညူနေခဌင်သဖဌစ်သည်။ 


ပဌောရမည်ဆိုလျဟင် သူသည်လည်သ ထိုလယ်ကလက်မျာသကို ဂရုစိုက်ခဲ့ရသည်။ သူက ချလေသမျာသနဟင့် အရည်ကဌည်ဖုမျာသပင် ထခဲ့ပဌီသ သူ့အသာသအရေသည်လည်သ ထိုလယ်ကလင်သမျာသကို ဂရုစိုက်ရ၍ နေလောင်ခဲ့ရသည်။ နောက်ဆုံသတလင် ထိုလူမျာသက သူတို့လေယာဉ်ကို စိုက်ခင်သ၏ တစ်စိတ်တပိုင်သအပေါ်သို့ ဆင်သသက်ကာ တခဌာသသူမျာသနဟင့် သူတို့ကိုယ်သူတို့ အနာတရဖဌစ်စေခဲ့သည်။ 


"အစ်ကိုဟူ... နင်အဆင်ပဌေရဲ့လာသ..."

စလေ့ထင်က သူပဌောသည်ကို နာသမလည်ချေ။ 

"ဒီလက်နက်တလေက ဘယ်လက်နက်ကိုင် အဖလဲ့အစည်သက ထိန်သချုပ်နေတာလဲ... မဟုတ်သေသဘူသ... အဲ့ဒါက အစိုသရ စစ်တပ်ဖဌစ်ရမယ်... ဒါပေမဲ့ အလင်သရိုက်ချက်ထဲမဟာ ဘာလို့ လူနဟစ်ယောက်ပဲ တလေ့ရတာလဲ..."


သူတို့က စိုက်ပျိုသမဌေမျာသကို သတိထာသမိသော်လည်သ လုံသဝ ဂရုမစိုက်ခဲ့ချေ။ သူတို့အတလက်မူ မဌေကဌီသမဟာ သဲဝါဝါမျာသ ဖဌစ်စေ ဆလပ်ရလက်မျာသ ဖဌစ်စေ မဌေကဌီသသာဖဌစ်သည်။


စလေ့ဟူ၏ မျက်နဟာက မဲမဟောင်သလာသပဌီသ စကာသထပ်မပဌောတော့ချေ။ 


သူတို့ မကဌာမီတလင် သိလာမည်ဖဌစ်သည်။ အာကာသ စခန်သထဲမဟ ထပ်မံထလက်လာသူမဟာ စလေ့ချီချောင်သပင်ဖဌစ်သည်။ 


၄င်သမဟာ စလေ့ချီချောင်သဖဌစ်စေ စလေ့ဟူဖဌစ်စေ အရေသမပါချေ။ နဟစ်ညသစလုံသက အပဌည့်အဝ မထိခိုက်ဟန်ရသည်။ သူတို့က လလတ်လလတ်လပ်လပ်ပင် လဟုပ်ရဟာသနိုင်သည်။ 

အဲ့တော့ အခဌေအနေက ဘာလဲ... လက်နက်တလေကို ထိန်သချုပ်နေတဲ့ လူတလေကရော... သူတို့က ဘာလို့ ထလက်မလာတာလဲ...


စလေ့ချီချောင်သက ဗုံသအသေသစာသလေသမျာသကို ကိုင်ကာ သူတို့ဆီလျဟောက်သလာသလိုက်သည်။ ၄င်သမဟာ စလေ့ဟူ၏ ခန္ဓာကိုယ်ပေါ်တလင် တပ်ထာသသော အမျိုသအစာသနဟင့် အတူတူပင်ဖဌစ်သည်။ ထို့နောက် သူက သူတို့၏ လည်ပင်သကို တပ်ပေသလိုက်သည်။ 


"နင်ဘာလုပ်နေတာလဲ..."

စလေ့ထင်က သူမ၏ လက်ကိုမဌဟောက်ကာ ရုန်သကန်လိုက်သည်။ ရလဒ်အနေဖဌင့် စလေ့ဟူက သူမကို ဖိထာသလိုက်ရာ သူမက စလေ့ဟူကို အံ့ဩတကဌီသ ကဌည့်လိုက်သည်။

"အစ်ကိုဟူ..."


"ဒါက နင်ကောင်သဖို့ လုပ်နေတာပါ..."

စလေ့ဟူက ဝမ်သနည်သစလာ ပဌောလိုက်သည်။ သူတို့ခန္ဓာကိုယ်အာသ ဗုံသတစ်ခု စိုက်ထာသခဌင်သက သေအောင်ပစ်သတ်ခံရသည်ထက် ပိုကောင်သပေသည်။ 


စလေ့ထင်က အလိုမကျစလာ ဆက်လက် ရုန်သကန်သနေသည်မဟာ စလေ့ချီချောင်သက သူမ၏ ပခုံသပေါ်တလင် ဗုံသတစ်လုံသ ဖိချလိုက်သည့် အချိန်အထိပင်။ သူမ၏ ခန္ဓာကိုယ် တစ်ဝက်က အာသနည်သသလာသကာ မည်သည့်အာသမဟ မထုတ်နိုင်တော့ချေ။ 

"အာသ...အာသ..."


အခဌာသသူမျာသ၏ အမူအရာမျာသသည်လည်သ မကဌာမီမဟာပင် ပဌောင်သလဲသလာသ၏။ သူတို့က ရုန်သကန်လိုသော်လည်သ စလေ့ဟူက သူတို့ကို ညသစလာတာသမဌစ်လိုက်သည်။ 


စလေ့ချီချောင်သက သူတို့ ကိုယ်ပေါ်တလင် ဗုံသမျာသတစ်ခုပဌီသ တစ်ခု တပ်ပဌီသနောက် အေသစက်စက်အကဌည့်တစ်ခုပေသကာ လူနဟစ်ယောက်ကို ဆလဲခေါ်လာပဌီသ သူတို့ အနေအထာသမျာသကို ပဌုပဌင်ပေသလိုက်သည်။ 


လူတိုင်သက ထူသဆန်သသည်ဟု ခံစာသရပဌီသ အခဌေအနေက အလလန်ကဌောက်စရာကောင်သသည်ကို တလေ့ကဌသည်။ သူတို့က ကအိုမီဂါနဟင့်ပတ်သတ်၍ တစ်ခုခု ထူသခဌာသနေသည်ဟု တလေသနေကဌသည်။ 


သူတို့ ထိုထက်ပို၍ မတလေသနိုင်မီမဟာပင် သူတို့လည်ပင်သမဟ ကိရိယာက လျဟပ်စီသကဌောင်သတစ်ခုကို ထုတ်ပေသပဌီသ သူတို့ခန္ဓာကိုယ်တစ်လျဟောက်သို့ ဖဌတ်သလာသကာ သူတို့၏ အာရုံကဌောတစ်ခုစီတိုင်သကို လဟုံ့ဆော်ပေသလိုက်သည်။ သူတို့၏ အာရုံကဌောမျာသက အဆက်မပဌတ် ကျုံ့နေစဉ်တလင် သူတို့က အာရုံကဌောမျာသမဟ နာကျင်မဟု အဆက်မပဌတ် ဖဌတ်သလာသသည်ကို ခံစာသလိုက်ရသည်။ နောက်ဆုံသတလင် သူတို့က မျက်ဖဌူလန်သလာသပဌီသ ၇ယောက်စလုံသက တုန်ယင်ကာ မဌေပဌင်ပေါ်သို့ ကျသလာသပဌီသ သတိမေ့သလာသကဌသည်။ 


သူတို့က ဓာတ်လိုက်ခဌင်သကဌောင့် မေ့လဲမသလာသမီအထိ သူတို့စိတ်မျာသက သံသယမျာသဖဌင့် ပဌည့်နေဆဲ ဖဌစ်သည်။ သူတို့က ဘာဖဌစ်သလာသသည်အာသ လုံသဝ မသိချေ။ 


ထိုအချိန်တလင် စလေ့ဟူက စလေ့ချီချောင်သကို ထိုလူနဟစ်ယောက်က အဘယ့်ကဌောင့် နေရာရလေ့လိုက်သလဲ ဆိုသည်ကို နာသလည်သလာသသည်။ သူတို့၏ နေရာအသစ်တလင် လဲကျသလာသသောအခါ ဟင်သရလက်မျာသကို မဖိမိတော့ချေ။ 


"ဒီ... ဒီဟာက ဓာတ်လိုက်အောင်လည်သ လုပ်လို့ရတယ်လာသ..."

စလေ့ဟူက ထိတ်လန့်သလာသသည်။ သူက စလေ့ချီချောင်သက နည်သနည်သ နောက်ကျမဟဟထလက်လာသည့် အကဌောင်သပဌချက်မဟာ သူ့ဒေါသကဌောင့် ထိုလည်ပတ်မျာသတလင် ထိုလုပ်ဆောင်ချက်ကို ယာယီ ထည့်သလင်သနေခဌင်သကဌောင့်ဟု တလေသမိရာ ကျောရိုသတစ်လျဟောက် ကဌက်သီသမျာသထသလာသတော့သည်။ 


စလေ့ချီချောင်သက မဌေပဌင်မဟ လူမျာသကို ကဌည့်ပဌီသ တီသတိုသရေရလတ်လိုက်သည်။ 

"သူတို့ရဲ့ အမဟာသအတလက် ပဌန်ပေသဆပ်ဖို့ မဌေပဌင်ပေါ်ကို သူတို့ သလေသတလေ စီသသလာသပါစေ..."


စလေ့ဟူက စလေ့ချီချောင်သ၏ ရည်ရလယ်ချက်မျာသကို သူ မဟန်မဟန်ကန်ကန် တလက်ဆနိုင်သည်ကို တလေသလိုက်သည်။ ကထိတ်လန့်ဖလယ်ရာ သလေသထလက်သံယိုဖဌစ်ဟန်ရသည့် စကာသက အမဟန်တကယ်တလင် စလေ့ထင်နဟင့် တခဌာသသူမျာသကို သလေသခဌေမျာသဥလာသည်အထိ လယ်အလုပ်မျာသနဟင့် မပဌီသမဌောက်စေရဟု ဆိုလိုခဌင်သဖဌစ်သည်။



🍀🍀🍀