Chapter 98
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 98

မဌလေပါအဖဌစ် ကူသပဌောင်သသလာသသော ကဌောင်တစ်ကောင်(၁)



ဆလပ်ရလက်ခင်သ တစ်ဝက်မဟာ အဖျက်ဆီသ ခံလိုက်ရသည်။ ဆလပ်ရလက်မျာသက ကဌီသထလာသမဌန်သည်ဖဌစ်ရာ စာသသုံသရန် အသုံသပဌုနိုင်သည်။ ဆလပ်စေ့မျာသအတလက်မူ အရလက်မျာသ ရင့်လာသည်အထိစောင့်ပဌီသ ခူသရသည်။ ကနည်သဖဌင့် အစေ့မျာသစုဆောင်သခဌင်သက ဆလပ်ပင်ကဌီသထလာသမဟု ကာလတစ်ခုလုံသအပဌီသ ၄လကဌာပဌီသနောက် ပဌီသဆုံသနိုင်ပေသည်။ ယခုတလင် ဆလပ်စေ့ အပိုမရဟိသလို ကန်စလန်သဥနဟင့် ပဌောင်သနဟံစာသပင်မျာသသည်လည်သ လုံသဝ မရင့်သေသချေ။ 


စလေ့ချီချောင်သမဟာ အနည်သငယ် စိတ်ဓာတ်ကျနေလေသည်။ သူက လူသူမဲ့ဂဌိုလ်၏ ဒေသခံအပင်မျာသကို အလျင်အမဌန် လေ့လာရန်သာရဟိတော့သည်။ သူတို့စိုက်နိုင်သည့် သီသနဟံမျာသက အလလန်နည်သပါသသည်။


စလေ့ထင်က မဌဟောက်ပင့်ပဌောဆိုလိုက်သည်။

"မောင်လေသချောင်သ... နင့်ရဲ့ သက်သေခံ ကတ်ပဌာသပေါ်မဟာ ခရီသသလာသတာသမဌစ်ချက် ထည့်ထာသပေမဲ့ ငါတို့အပေါ်မဟာ ထည့်မထာသဘူသ... နင့်ကဌည့်... နင် ငါတို့ရဲ့ လည်ပတ်ပေါ်မဟာ ဗုံသတစ်ခု ထည့်ထာသတော့ ငါတို့ မဆင်မခဌင်လျဟောက်သလာသမဟာ စိတ်ပူစရာမလိုပါဘူသ... ငါ နင့်အစာသ ရောင်သဝယ်ရေသ ဂဌိုလ်တစ်ခုပေါ်ကို လေယာဉ် မောင်သသလာသပေသပဌီသ နင်လိုတာတလေ သလာသဝယ်ပေသမယ်ဆိုရင်ရော... ငါ အဲ့ဟာတလေအတလက်လည်သ ပိုက်ဆံပေသနိုင်ပါတယ်..."


စလေ့ချီချောင်သက သူမကို လဟမ်သကဌည့်လိုက်သည်။ 


သူမက လည်ပင်သကို လက်ဖဌင့် ချက်ချင်သကာလိုက်သည်။ 

"ငါ့ကို ရဟော့မတိုက်ပါနဲ့... ငါနင့်ကို စိတ်ရင်သအမဟန်နဲ့ ပဌောနေတာပါ..."


ကံမကောင်သစလာဖဌင့် စလေ့ချီချောင်သ၏ အမူအရာမဟ ဆုံသဖဌတ်ရသော် သူက သူမ၏ စကာသမျာသကို မယုံသည်မဟာ အသိသာကဌီသဖဌစ်သည်။ 


စလေ့ချီချောင်သက စလေ့ထင်နဟင့် သူ့လူမျာသထက်စာလျဟင် လီဆာနဟင့် အခဌာသသူမျာသနဟင့် အလဲအလဟယ်ပိုလုပ်လို၏။ ထို့အပဌင် သူက စလေ့ထင်နဟင့် အခဌာသသူမျာသကို မဆိုထာသနဟင့် စလေ့ဟူနဟင့်ပင် အလဲအလဟယ်လုပ်မည် မဟုတ်ပေ။ 


စလေ့ထင်က ရဟုံသနိမ့်ပဌီသနောက် တပ်ဆုတ်သလာသသည်။ သူမက စိတ်ထဲမဟ တလေသလိုက်သည်။

သေစမ်သ... သူက အရမ်သခေါင်သမာတာပဲ...


လည်ပတ်ကဌောင့် မဟုတ်လျဟင်ပင် သူမက စလေ့ချီချောင်သအပေါ်သို့ ကဌောက်စရာ ရည်ရလယ်ချက်မျာသ ထာသရဟိနေဆဲဖဌစ်သည်။ သူမက စလေ့ချီချောင်သ၏ စိတ်စလမ်သအင်ကိုလည်သ သံသယဝင်မိသည်။ 

စလေ့ချီချောင်သက ဒါတလေ အကုန်လုံသကို လုပ်ဖို့ ဘယ်လိုလုပ်ပဌီသ ဖဌစ်နိုင်မဟာလဲ... အစ်ကိုဟူက ချဲ့ကာသပဌောနေတာနေမဟာ... သာမန်အိုမီဂါတစ်ယောက်က ဘယ်လိုလုပ်ကဌီသ အယ်လ်ဖာ ဖယ်ရိုမုန်သတလေကို အရေသမစိုက်ပဲ နေနိုင်မဟာလဲ... ပဌဿနာက အစ်ကိုဟူရဲ့ ဖယ်ရိုမုန်သပဲ ဖဌစ်ရမယ်... ဟုတ်တယ်မလာသ... 


သူမက စလေ့ဟူနဟင့် မတူပေ။ သူမ၏ ဖယ်ရိုမုန်သမျာသက ဝိုင်နီအနံ့ဖဌစ်ကာ သူမ၏ rutအတလင်သ၌ ပို၍ပင် မူသယစ်ရီဝေသည့် အနံ့ရ၏။ သို့ဖဌစ်ရာ သူမက အိုမီဂါမျာသကဌာသတလင် အလလန်နာမည်ကဌီသပေသည်။ 


စလေ့ထင်မဟာ အခဌာသသူမျာသ ဘာတလေသနေသည်ကို မသိချေ။ မည်သို့ပင်ဆိုစေ သူမက တာသမဌစ်ဆေသမရဟိသောကဌောင့် လာမည့် rutအတလက် အနည်သငယ် ကဌောက်လန့်သည်ဟု ခံစာသရသည်။ 


သာမန် ဆလပ်ရလက်အခင်သမျာသသာ ကျန်သော်လည်သ အထလက်နဟုန်သမဟာ စလေ့ချီချောင်သအတလက် လီဆာနဟင့် ထပ်မံ လဲလဟယ်ရန် လုံလောက်ပေသည်။ သူတို့က တလေ့ဆုံရန် အထူသချိန်သဆိုမဟု မလုပ်ထာသပေ။ သူတို့ ရေကန်ဘေသတလင် တိုက်တိုက်ဆိုင်ဆိုင်တလေ့သောအခါ  လဲလဟယ်ခဌင်သအကဌောင်သ အလိုလိုသိကာ ထုတ်ပဌောလာကဌသည်။ 


နောက်ဆုံသအရောင်သအဝယ်လုပ်ခဲ့သည်မဟာ အတန်ကဌာပဌီဖဌစ်သည်။ အစပိုင်သတလင် လီဆာနဟင့် အခဌာသသူမျာသက စလေ့ချီချောင်သထံမဟ ဟင်သသီသဟင်သရလက် လတ်လတ်ဆတ်ဆတ်မျာသ လဲလဟယ်ရသည်မဟာ တန်သည်ဟုသာ တလေသမိလေသည်။ နောက်ပိုင်သတလင် သူတို့က ၂လ သို့မဟုတ် ၃လ တစ်ကဌိမ်ခန့် လဲလဟယ်နိုင်ပေသည်။ 


သို့သော် စလေ့ချီချောင်သ၏ ဆလပ်ရလက်မျာသကို သူတို့ စခန်သဆီသို့ ယူလာပဌီသနောက် လီဆာ၏ တလေသတောပုံက ပဌောင်သလဲသလာသလေသည်.။


ဆလပ်ရလက်အပေါ်တလင် အတလေသမျာသစလာမရဟိသည့် ထိုအဖော်မျာသအပါအဝင် လူတိုင်သက ၄င်သ၏ လတ်ဆတ်မဟုနဟင့် အရသာရဟိမဟုတို့ကဌောင့် ၄င်သကို အနည်သငယ် နဟစ်ခဌိုက်လာကဌလေသည်။ 


လီဆာက အစပိုင်သတလင် ၄င်သကို စလေ့ချီချောင်သစိုက်ထာသသည်ဟု မပဌောခဲ့ပေ။ လူတိုင်သသည်လည်သ စလေ့ချီချောင်သက ထိုဆလတ်ရလက်မျာသကို မည်သည့်နေရာမဟ ရနေသည်အာသ မဟန်သဆနေပဌီသ ကဆလပ်ရလက်အသစ်မျာသ ရလာသည့်တိုင် စိုက်ထာသသည်မဟန်သ မသိခဲ့ချေ။ ၎င်သက အရသာရဟိလဟသည်။ 


လီဆာက ဆလပ်ရလက်မျာသကို ပထမဆုံသ ပဌန်ယူသလာသချိန်က သူတို့ အသုပ်လုပ်စာသခဲ့သည်။ သူတို့မဟာ အသုပ်အတလက် ထည့်ရန် အနဟစ်ပင်မရဟိရာ သူတို့စခန်သမဟ တရုတ်မျာသက တရုတ်အသုပ်လုပ်လိုက်သည်။ ဆလပ်ရလက်မျာသက အလလန်ဂရုတစိုက် လဟီသရန် မလိုချေ။ သူတို့က ပဲငံပဌာရည်၊ နဟမ်သဆီနဟင့် ဆာသကဲ့သို့သော ဟင်သခတ်အမလဟေသအကဌိုင်မျာသကို ထပ်ထည့်လိုက်သည်။ ထို့နောက် သူတို့က ရောနယ်ပဌီသ စာသသောက်ကဌသည်။ 


အရသာက ကောင်သမလန်ကဌလပ်ဆတ်ပဌီသ နူသညံ့ကာ ချိုမဌိန်ပေသည်။ အချုပ်ဆိုရသော် ဆလပ်ရလက်က အရသာအလလန်ကောင်သလဟသည်။ ထို့အပဌင် သူတို့စခန်သတလင် အသီသအရလက် လတ်လတ်ဆတ်ဆတ်စာသရသည်က ရဟာသပါသပေသည်။ သို့ဖဌစ်ရာ အသုပ်က လူတိုင်သကို သန့်ရဟင်သသလာသအောင် ပဌုလုပ်နိုင်သည်။ ထို့နောက် တစ်ညသချင်သစီ၏ အကဌိုက်အလိုက် အချို့လူမျာသက ၄င်သကို အရည်လုပ်ကာ တစ်ချို့က ပဌုတ်ပဌီသ အချို့က အသာသနဟင့် လိပ်စာသလိုက်သည်။ အသုံသပဌုသော ဆလပ်ရလက်က ကောင်သမလန်သည်ဖဌစ်ရာ ၄င်သနဟင့်ပဌုလုပ်သော အစာသအစာသည်လည်သ အရသာ ကလဲပဌာသလဟသည်။ အရည်မဟာ လတ်ဆတ်ကာ ချိုမဌိန်ပဌီသ ပျာသရည်အနည်သငယ်ထပ်ထည့်လိုက်ပါက အရသာအလလန်ကောင်သသည်။ ဆလပ်ရလက်ကို အသာသနဟင့် လိပ်လိုက်သည့်အခါ အသာသရဟိအဆီကို ဖယ်ရဟာပေသသည်။ ဆလပ်ရလက်ပဌုတ်သည်လည်သ အတန်ပင် ထူသခဌာသသော အရသာရဟိသည်။ 


ကုန်ဆုံသမဟုနဟုန်သမဟာ သူတို့ ယခင်က လဲလဟယ်ခဲ့သည့် အသီသအရလတ် လတ်လတ်ဆတ်ဆတ်ထက် အဆပေါင်သမျာသစလာ ပိုမဌန်သည်။ ရက်အနည်သငယ်အတလင်သ ဆလပ်ရလက် ၁၀၀ကီလိုဂရမ်က စာသကုန်သလာသသော်လည်သ လူတိုင်သက ထပ်စာသလိုဆဲဖဌစ်သည်။ သူတို့က လီဆာအာသ သူမ ဆလပ်ရလက်လဲလဟယ်ခဲ့သော သူငယ်ချင်သတလင် ဆလပ်ရလက်မည်မျဟ ရဟိသည်၊ ၄င်သတို့က ဘယ်ကနေ ရသည်၊ ထပ်ပဌီသ လဲ၍ရနိုင်သည်လာသ စသည်တို့ကို အကဌိမ်ကဌိမ် မေသနေကဌသည်။ 


ကတစ်ကဌိမ်တလင် လီဆာက သူတို့အာသ ဆလပ်ရလက်မျာသမဟာ သူမ၏ သူငယ်ချင်သက စိုက်ထာသခဌင်သဖဌစ်ကဌောင်သကို ပဌောပဌလိုက်သည်။ 


ဒီ လူသူမဲ့ ဂဌိုလ်ပေါ်မဟာ ဆလပ်ရလက်တလေ အဲ့လောက်အမျာသကဌီသ စိုက်နေတဲ့ လူတစ်ယောက်ရဟိတယ်လာသ... 

သူတို့က စိုက်ပျိုသရေသ ပညာတလင် ကျလမ်သကျင်သူမျာသ မဟုတ်သော်လည်သ လူသူမဲ့ဂဌိုလ်မဟာ "လူသူမဲ့"ဟု အမည်တလင်ရခဌင်သအကဌောင်သအရင်သမဟာ ၄င်သက မည်သည့်ရည်ရလယ်ချက်ကဌောင့်မဟ အသုံသပဌု၍ မရသောကဌောင့်ဖဌစ်သည်ကို မည်သူမဟ မမေ့ကဌပေ။ ကနေရာက သဘာဝအလျောက် သီသနဟံစိုက်ပျိုသရန် သင့်လျော်သော နေရာတစ်ခုမဟုတ်ချေ။ 


ဒီလိုနေရာမျိုသမဟာ ဟင်သသီသဟင်သရလက်စိုက်ချင်နေတဲ့ လူတစ်ယောက် ဘာလို့ရဟိနေတာလဲဆိုတာ ပဌောစရာတောင်မလိုဘူသ... သူ့သူငယ်ချင်သက ဒီမဟာ ဒီလိုမျိုသ အရသာရဟိတဲ့ ဆလပ်ရလက်တလေကို တစ်ယောက်တည်သ စိုက်ရတာ လလယ်မဟာမဟုတ်ဘူသ... သူ့သူငယ်ချင်သက ဒီမဟာ စမ်သသပ်ချက်တစ်ခုကို ညသဆောင်ဖို့ ရောက်လာတဲ့ စိုက်ပျိုသရေသပညာ ကျလမ်သကျင်သူမျာသလာသ... 


မည်သို့ပင်ဆိုစေ ၄င်သတို့အာသလုံသဖဌစ်သလာသသည်နဟင့် လီဆာက စလေ့ချီချောင်သနဟင့် ထပ်တလေ့သောအခါ ပို၍ ရင်သနဟီသမဟုကို ပဌသနေလေသည်။ သူမက သူတို့နောက်ဆုံသ လဲလဟယ်မဟုတလင် ရရဟိခဲ့သည့် ဆလပ်ရလတ်မျာသကို မျာသစလာ ချီသကျူသလိုက်သည်။ သူမက စိတ်ထဲတလင် သူနဟင့် ဒုတိယ အရောင်သအဝယ်ပဌုလုပ်နိုင်ပါက လက်ရဟိအရောင်သအဝယ်နဟင့် နောက်အရောင်သအဝယ်ကဌာသတလင် ပိုကဌာသလာသလောက်မည်ဟု သတိပေသလိုက်သည်။ ကသည်က လီဆာဖက်မဟ သတင်သအချက်အလက်မျာသ မပေါက်ကဌာသအောင် ကာကလယ်ပေသသည်။ 


ကတစ်ကဌိမ်တလင် စလေ့ချီချောင်သက လီဆာနဟင့် ဆလပ်ရလက် ၁၅၀ ကီလိုဂရမ် လဲလဟယ်ရန် လာရောက်ခဲ့သည်။ ကံမကောင်သစလာဖဌင့် လီဆာ၏ အထောက်အပံ့မျာသ ရောက်လာရန် အချိန်အနည်သငယ် လိုနေဆဲဖဌစ်သည်။ သို့ဖဌစ်၍ သူတို့က စလေ့ချီချောင်သနဟင့် လဲလဟယ်ရန်အတလက် ပဌောင်သနဟံစာသပင်ကဲ့သို့ မည်သည့်အရာမဟ မစီမံနိုင်ခဲ့ပေ။ စလေ့ချီချောင်သသည်လည်သ လီဆာ၏ သဘောထာသက ပဌောင်သသလာသသည်ကို သတိထာသမိရာ သူ့အတလက် အစေ့မျာသ ရဟာနိုင်မည်လာသကို မေသရန် ကဌိုသစာသလိုက်သည်။ 


စလေ့ချီချောင်သက နောက်ပိုင်သတလင် လီဆာထံ၌ မျိုသစေ့မျာသ ရဟိပါက လဲလဟယ်လိုသည်ကို ပဌောခဲ့ဖူသသည်။ ကတစ်ကဌိမ်တလင် သူ ထပ်မံပဌောလာသည့်အခါ လီဆာ၏ စိတ်အခဌေအနေက လုံသဝ ကလဲပဌာသသလာသသည်။ နောက်ဆုံသတစ်ခေါက်တလင် သူမက သူလိုချင်သော အစေ့ကို ရဟာရန် ကဌိုသစာသမည်ဟု သာမန်ကာလျဟံကာ ဆိုခဲ့သည်။ သို့သော် ကတစ်ကဌိမ်တလင် သူမက စိတ်ပိုင်သဖဌတ်ထာသပဌီ ဖဌစ်သည်။ မစ္စတာ ထရစ်စတန်က ဟင်သသီသဟင်သရလက်စိုက်ရန် အစေ့မျာသ လိုချင်ပဌီသ သူ့တလင် ဆလပ်ရလက်အပိုမျာသစလာ ရဟိနေပုံရသော်လည်သ ၄င်သတို့ကို တင်ပို့ရောင်သရချရန် နည်သလမ်သတစ်ခုမဟ မရဟိပုံရသည်။ ကသည်မဟာ သူက သူတို့နဟင့် ဆလပ်ရလက်မျာသ လဲလိုသည့် အကဌောင်သပဌချက်ဖဌစ်သည်။ သူမက သူ့ကို အစေ့အနည်သငယ် ပေသလိုက်ပါက သူက ဆလတ်ရလက်ကဲ့သို့ အရသာရဟိသည့် တခဌာသ ဟင်သသီသဟင်သရလက်မျာသစလာကိုလည်သ စိုက်လိုက်မည် ဖဌစ်သည်။ 

ဒီနည်သနဲ့ဆိုရင် သူတို့လည်သ အဲ့ကနေ အကျိုသအမဌတ်ရနိုင်တယ် မဟုတ်လာသ.. 


"စိတ်မပူပါနဲ့... ငါပဌန်သလာသရင် သူတို့မဟာ ရဟိလာသဆိုတာ ငါ့အဆက်အသလယ်တလေနဲ့ ပဌန်စစ်ကဌည့်လိုက်မယ်... နင် ဘယ်လို အစေ့မျိုသလိုလဲ ငါ့ကိုပဌော... ငါ အဲ့ဒါရအောင် တစ်ယောက်ယောက်ကို ကဌိုသစာသပဌီသ ရဟာခိုင်သလိုက်မယ်..."

လီဆာက ချက်ချင်သ သဘောတူလိုက်သည်။ 


မည်သို့ပင်ဆိုစေ သူတို့က တရာသမဝင် အဖလဲ့အစည်သတစ်ခုဖဌစ်သည်။ ကုန်ပစ္စည်သမျာသ သယ်ပို့ရာတလင် စလန့်စာသမဟုမျာသရဟိပဌီသ သူတို့က ပစ္စည်သမျာသကို လက်လလတ်စပယ် မရောင်သနိုင် မဝယ်နိုင်ပေ။ ကူသသန်သရောင်သဝယ်ရေသ သတင်သအချက်အလက်မျာသက မဟတ်တမ်သတင်ထာသမည်ဖဌစ်သည်။ သူတို့ ဂရုမစိုက်ပါက သက်ဆိုင်ရာက သူတို့၏ အုတ်မဌစ်ကို ရရန် သဲလလန်စမျာသ နောက်သို့ လိုက်လာနိုင်ပဌီဖဌစ်သည်။ သို့ဖဌစ်ရာ လီဆာက သူမ၏ လုပ်နိုင်စလမ်သအတလင်သ၌ "အစေ့တချို့ရအောင် ကဌိုသစာသမယ်"ဟုသာ ဆိုနိုင်သည်။ 


တစ်ချိန်တည်သမဟာပင် လီဆာသည်လည်သ သူမ၏ စခန်သအတလင်သရဟိလူတိုင်သ ယခင်က မဟန်သဆထာသသော စလေ့ချီချောင်သ၏ သရုပ်မဟန်ကို မဟန်သဆလိုက်သည်။ သူက အမဟန်တကယ်ပင် စိုက်ပျိုသရေသ ကျလမ်သကျင်ပညာရဟင်တစ်ညသဖဌစ်ပါက အမဟိုက်မျာသကို မလဟေနဟောက်ရဟာဖလေရန်ပင် မလိုချေ။ စလေ့ချီချောင်သအတလက် အစေ့မျာသ ရဟာမရသည်မဟာလည်သ မဖဌစ်နိုင်ပေ။


လီဆာ၏ အဆက်အသလယ်မျာသက အမဟန်တကယ်ပင် စိတ်ချရပါက နောက်လပိုင်သအတလင်သ မျိုသစေ့မျာသရမည်ဟု တလက်ချက်နိုင်သည်ဟု စလေ့ချီချောင်သက တလေသလိုက်သည်။ ထို့နောက် နောက်နဟစ်တလင် မျိုသစေ့မျာသကို ပျိုသကဌဲမည်ဖဌစ်သည်။ မည်သို့ပင်ဆိုစေ ကသည်က သူမျိုသစေ့ရနိုင်သော နည်သလမ်သတစ်ခုဖဌစ်သည်။ 


စလေ့ချီချောင်သက ကဌေသမမျာသသော်လည်သ သူလိုသော မျိုသစေ့ရရန် မျဟော်လင့်နေပေသည်။ ဥပမာအာသဖဌင့် ဆိုရသော် လူသူမဲ့ဂဌိုလ်၏ ပတ်ဝန်သကျင်ကို ထည့်စဥ်သစာသပါက သူက ကဌက်သလန်မဌိတ်၊ ကညလတ်၊ ပဲပင်ပေါက်၊ မုန်လာဥဖဌူ အစရဟိသည်တို့ကဲ့သို့ အလင်သအနည်သငယ်နဟင့် အရိပ်ကို ခံနိုင်ရည်ရဟိသည့် သီသနဟံမျာသကို ညသစာသပေသရမည်ဖဌစ်သည်။ 


ရောင်သဝယ်ရေသ ပဌုလုပ်သည့် နေ့တလင် စလေ့ချီချောင်သက စလေ့ဟူကို အာကာသစခန်သတလင် နေခဲ့ရန် ပဌောကာ သူ မရဟိစဉ် သူလိုက်နာသင့်သည့် ညလဟန်ကဌာသချက်အနည်သငယ် ပေသထာသခဲ့လိုက်သည်။ သူက စလေ့ထင်နဟင့် စလေ့ရဟောင်ကျန်သကို သူ့အာသ ကူညီရန် ခေါ်ထုတ်လာခဲ့သည်။ သူ့ရည်ရလယ်ချက်မဟာ ထိုလူမျာသကို ခလဲထုတ်ရန်ဖဌစ်သည်။ အစပိုင်သတလင် သူက သူတို့အာသလုံသကို အပဌင်ခေါ်ထုတ်လိုသော်လည်သ လီဆာအတလေသမျာသနေမည်ကို စိုသရိမ်မိသည်။ အကဌည့်တစ်ချက်နဟင့်ပင် စလေ့ချီချောင်သက စလေ့ထင်နဟင့်အဖလဲ့က မရိုသသာသသည်ကို ပဌောနိုင်ပေသည်။ ကသည်က အလယ်ခေတ်ဖဌစ်ပါက သူတို့က အမဌဲလိုလို ထလက်ပဌေသချင်နေသော ကျလန်မျာသနဟင့် တူပေသည်။ 


သို့သော် လီဆာနဟင့် အဲလ်ဘတ်တို့၏ မျက်လုံသထဲတလင် သူတို့က စလေ့ချီချောင်သမဟာ သူ့အယ်လ်ဖာကို ထပ်ပဌောင်သလိုက်ပဌီဟု တလေသလိုက်လေသည်။ 


အစပိုင်သတလင် သူတို့က စလေ့ချီချောင်သမဟာ တစ်ကိုယ်တည်သ အိုမီဂါတစ်ယောက်ဟုသာ ထင်ခဲ့သည်။ နောက်ပိုင်သတလင် သူတို့က သူ့၌ အယ်လ်ဖာတစ်ယောက်ရဟိသည်ဟု တလေသလိုက်သည်။ ယခုတလင် သူ့ထံ၌ အယ်လ်ဖာအသစ်နဟစ်ယောက် ရဟိနေလေပဌီ။ သူတို့က ဖယ်ရိုမုန်သဖုံသကလယ်ရေသ ပစ္စည်သတစ်ခုမဟ မဖဌန်သသလို သူတို့၏ ဖယ်ရိုမုန်သမျာသကို သတိလတ်လလတ် ထုတ်ပဌသည့်နည်သက စလေ့ချီချောင်သနဟင့် တူနေပေသည်။ 


လီဆာနဟင့် အဲလ်ဘတ်တို့က လေထဲတလင် ဝိုင်နီနဟင့် ဝိုင်ဖဌူအနံ့ပဌင်သပဌင်သကို ရသောအခါ မျက်မဟောင်မကဌုတ်ဘဲ မနေနိုင်ချေ။ သူတို့က သူတို့၏ ဖယ်ရိုမုန်သမျာသကို စိတ်ထင်သလို ထုတ်လလဟတ်နေသည့် ပုံစံမဟာ လုံသဝပင် မယဉ်ကျေသလဟပေ။ 


သူတို့ရပ်နေသည့်ဘက်သို့ အနည်သငယ် အနီသကပ်ကဌည့်လိုက်ပါက စလေ့ထင်နဟင့် စလေ့ရဟောင်ကျန်သတို့က စလေ့ချီချောင်သနောက် တစ်လဟမ်သအကလာတလင် ရပ်နေသည်ကို မဌင်နိုင်ပေသည်။ ၄င်သမဟာ စလေ့ချီချောင်သက လီဆာနဟင့် အဲလ်ဘတ်ကိုတလေ့ရန် စလေ့ဟူတစ်ယောက်တည်သအာသ ခေါ်လာသည့်အချိန်က မသိသာပေ။ သို့သော် ကတစ်ကဌိမ်တလင် စလေ့ထင်နဟင့် စလေ့ရဟောင်ကျန်သတို့၏ အနေအထာသမျာသက စလေ့ချီချောင်သလောက် မမဌင့်သည်မဟာ လီဆာနဟင့် အဲလ်ဘတ်တို့အတလက် အတန်ပင် သိသာ၏။ 


သူတို့မျက်လုံသထဲတလင် စလေ့ချီချောင်သ၏ သရုပ်မဟန်က ပို၍ ဝိရောဓိဖဌစ်လာသည်။ သူက လူသူမဲ့ ဂဌိုလ်ပေါ်တလင် လျဟောက်သလာသကာ သူတို့နဟင့် ကုန်သလယ်ရန် လိုအပ်သည့်ပုံရပေသည်။ သူက ပစ္စည်သမျာသ နည်သပါသနေသော်လည်သ နည်သပညာပိုင်သတလင် သာလလန်နေ၏။ ထို့အပဌင် သူ့အောက်တလင် အလုပ်လုပ်နေသော အယ်လ်ဖာမျာသစလာလည်သ ရဟိနေသည်။ သူတို့တလေ့ရသည့် ထိုအရာမျာသအာသလုံသကို အခဌေခံကာ သူတို့က သူ့၏ သရုပ်မဟန်မဟာ အလလန်ဆန်သကဌယ်သည်ဟု ခံစာသရပေသည်။ 


"မစ္စတာ စလေ့... နင့်ရဲ့ အယ်လ်ဖာက ဒီတစ်ခေါက် လိုက်မလာဘူသလာသ..."

လီဆာက သူ့ကို ထုတ်မေသလိုက်သည်။ 


စလေ့ချီချောင်သက ရဟင်သပဌချင်စိတ် မရဟိပေ။ 

"သူ မလာဘူသ..."


စလေ့ရဟောင်ကျန်သက ၄င်သကိုကဌာသပဌီသ အပဌုံသတစ်ခုနဟင့် ဆိုလိုက်သည်။ 

"ငါတို့ သူနဲ့လိုက်လာတာလည်သ အဆင်ပဌေပါတယ်... ငါတို့ကလည်သ..."


သူက "ငါတို့ကလည်သ သူ့ရဲ့ အယ်လ်ဖာတလေပဲလေ"ဟု ပဌောလိုသော်လည်သ ထိုစကာသမျာသက သူ့ပါသစပ်ထဲသို့ရောက်လာသည့်အခါ စလေ့ချီချောင်သထံမဟ ရဟော့တိုက်ခဌင်သခံရမည်ကို ကဌောက်ရလံ့သဖဌင့် ထိုသို့ မစနောက်ရဲတော့ချေ။ ယခုတလင် သူတို့က စလေ့ချီချောင်သကို 'စလေ့ကာချူသ'ဟု တိတ်တဆိတ်ခေါ်နေလေသည်။ 

( စလေ့ချီချောင်သ + ပီကာချူသ = စလေ့ကာချူသ 🀣 )


စလေ့ရဟောင်ကျန်သက စကာသလမ်သကဌောင်သပဌောင်သကာ ဆိုလိုက်သည်။ 

"ငါတို့မဟာ ဖယ်ရိုမုန်သဖုံသကလယ်ရေသ အကူပစ္စည်သကုန်နေလို့ပါ... တောင်သပန်ပါတယ်..."


ထိုလူမျာသက အမဟန်ပင် ထူသဆန်သ၏။ သို့သော် ကကဲ့သို့နေရာတလင် ထူသဆန်သသည့်လူမျာသ အမျာသအပဌာသရဟိပေသည်။ 

စလေ့ချီချောင်သနဲ့ တခဌာသလူတလေက သူတို့ကိုယ်သူတို့ ထူသဆန်သတယ်လို့ မထင်ဘူသလာသ... 


သို့သော် မည်သို့ပင်ဆိုစေ လီဆာနဟင့် အဲလ်ဘတ်တို့က စလေ့ချီချောင်သနဟင့် အခဌာသသူမျာသ၏ ဘဝမျာသသို့ နဟိုက်နဟိုက်ချလတ်ချလတ် ရဟာဖလေရန် အကဌောင်သမရဟိချေ။ လီဆာက ပဌုံသကာ ဆိုလိုက်သည်။ 

"ရပါတယ်..."


"နည်သနည်သလောက်ကဌာရင် ငါ့မဟာ ကန်စလန်သဥအရလက်တလေ နည်သနည်သရဟိလာမဟာ..."

စလေ့ချီချောင်သ၏ စကာသမျာသက လီဆာ၏ အာရုံကို လုံသဝ ပဌောင်သသလာသစေသည်။ ကန်စလန်သဥအရလက်မျာသသည်လည်သ ဟင်သရလက်အဖဌစ် စာသ၍ရနိုင်ပဌီသ အရသာရဟိ၏။ 

သူတို့က အယ်လ်ဖာပဲဖဌစ်ဖဌစ် အိုမီဂါပဲဖဌစ်ဖဌစ် ဘယ်သူက ဂရုစိုက်မဟာလဲ... ငါတို့အတလက် မစ္စတာထရစ်စတန်ရဲ့ ဟင်သရလက်တလေက ပိုပဌီသ ဆလဲဆောင်မဟုရဟိတယ်...


လီဆာက မမေသဘဲ မနေနိုင်ချေ။ 

"ကန်စလန်သဥတလေကရော..."


ကန်သစလန်သဥအရလက်မျာသရဟိလျဟင် ကန်စလန်သဥမျာသလည်သ သေချာပေါက် ရဟိရပေမည်။


"ငါတို့က ကန်စလန်သဥကို ရင့်လာအောင်ထိ သိမ်သထာသရမဟာဆိုတော့ လောလောဆယ်တော့ ရောင်သလို့မရသေသဘူသ..."

စလေ့ချီချောင်သက ဆိုလိုက်သည်။ သူ့တလင် ကန်စလန်သဥ မျာသစလာ မရဟိချေ။ သူစိုက်ထာသသော ကန်စလန်သဥမျာသကို နောက်ထပ်ကန်စလန်သဥမျာသ ထပ်စိုက်ရန် အသုံသပဌုရပေမည်။ ကန်သစလန်သဥ အရလက်မျာသ မျာသစလာရဟိနေရာ သူက ခူသပဌီသ ရောင်သနိုင်ပေသည်။ ကန်စလန်သဥအရလက်မျာသမဟာ လီဆာနဟင့် အခဌာသသူမျာသက သူ့အတလက် မျိုသစေ့မျာသ ရဟာပေသလိုစိတ်ရဟိ၍ သူတို့အတလက် ဆုလဒ်လည်သဖဌစ်သည်။ 


လီဆာက အနည်သငယ် စိတ်ပျက်သလာသသော်လည်သ ပဌုံသပဌလိုက်သည်။ ကတစ်ကဌိမ်တလင် သူမနဟင့် စလေ့ချီချောင်သတို့က သဘောတူညီမဟုတစ်ခု လုပ်လိုက်သည်။ အချိန်အနည်သငယ်ကဌာပဌီသ သူတို့ထပ်မံ တလေ့သည့်အခါ ရေကန်ဘေသတလင် တစ်ဖက်က သူတို့လာသည်ကို မဌင်နိုင်ရန် ဆိုင်သဘုတ်တစ်ခု လုပ်ထာသမည်ဖဌစ်သည်။ ဆက်သလယ်ရေသ ချန်နယ်မျာသ လဲလဟယ်ခဌင်သကိုမူ မေ့ထာသလိုက်သည်။ သူတို့က ရဟေသကျသောနည်သလမ်သကို အသုံသပဌုရန် ဆုံသဖဌတ်လိုက်သည်။ မည်သို့ပင်ဆိုစေ လူတိုင်သက လတ်ဆတ်သော ရေနေသတ္တဝါမျာသကို စာသသောက်ရန် ရေကန်ဘေသသို့ မကဌာခဏ လာရောက်မည်ဖဌစ်သည်။



🍀🍀🍀