ကျန်းယွင်ရှိူ့က အပေါ်ထပ်သို့ တိတ်တဆိတ် ခိုးတက်၍ စန္ဒရားတီးသည်။ မူလတွင် ယန်ကျင်းဇီသည် ကျန်းမာရေး ဂရုမစိုက်သော ကျန်းယွင်ရှိူ့ကို အနည်းငယ် စိတ်ဆိုးသည် – မနက် ၁း၀၀ ထိုးနေပြီ!
ဒါပေမယ့် ကျန်းယွင်ရှိူ့ရဲ့ ဒီပုံစံက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်!
ယန်ကျင်းဇီ၏ ဒေါသသည် ခဏကြာပြီးနောက် ပျောက်ကွယ်သွားပြီး သူ့နှလုံးသား ပျော့ပျောင်းသွားသည်ဟုသာ ခံစားလိုက်ရသည်။
သို့ရာတွင် ကျန်းယွင်ရှိူ့က ဤကဲ့သို့ မအိပ်ပဲနှင့် စန္ဒရားမတီးသင့်ချေ... ယန်ကျင်းဇီ၏ အသံသည် အတော်လေး နူးညံ့သွားသည် : “ မင်း ကိုယ့်အတွက် သီချင်းရေးပေးချင်တယ် ဆိုရင်တောင် မင်း မအိပ်ဘဲ မနေသင့်ဘူး... ”
“ ငါ့ရဲ့ စိတ်ကူးစိတ်သန်းတွေ ပျောက်သွားရင် ငါ ဘာလုပ်ရမလဲ? ” ကျန်းယွင်ရှိူ့က ပို၍ပင် ဖြောင့်မတ်လာသည်။
ယန်ကျင်းဇီသည် တေးဂီတကို နားမလည်သော်လည်း ကျန်းယွင်ရှိူ့၏ အလုပ်နှင့် အနားယူမှုတို့က ပိုမိုပုံမှန်ဖြစ်လာရန် မျှော်လင့်မိသည်။ ယခု ဤကိစ္စတွင်... “ ကောင်းပြီ။ မင်း ညဘက် မအိပ်ရင် ကိုယ်လည်း မအိပ်ဘဲ မင်းနဲ့ နေမယ်။ ”
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို မျက်စောင်းခဲလိုက်၏ – ယန်ကျင်းဇီက သူ့ကိုယ်သူနဲ့ သူ့ကို ခြိမ်းခြောက်ရဲတယ်။ သူ စိတ်ဆိုးတယ်!
ကျန်းယွင်ရှိူ့ရဲ့ မျက်စောင်းထိုးအကြည့်က အရမ်းလှတယ်! ယန်ကျင်းဇီသည် ရှေ့တိုးလိုက်ပြီး ကျန်းယွင်ရှိူ့၏ ဘယ်ဘက်ပါးကို ငုံ့နမ်းလိုက်သည် : “ ယွင်ရှိူ့၊ မင်းခန္ဓာကိုယ်က အရမ်းအရေးကြီးတယ်။ မင်း စောစောအိပ်ရမယ်၊ သိလား? ”
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ သူ့ညာဘက်ပါးကို ထပ်နမ်းသည်ကို စောင့်ဆိုင်းပြီးနောက် ပြောလာသည် : “ အင်းပါ... ” ယန်ကျင်းဇီက သူ့ကို နမ်းလာရာ သူ ရုတ်တရက်ကြီး ဒေါသထပ်မထွက်နိုင်တော့...
“ အရင်အိပ်ရာဝင်ရအောင်။ ကိုယ်တို့အိပ်ရာနိုးရင် မင်း အချိန်အကြာ့အကြာကြီး တီးလို့ရတယ်။ ” ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို အောက်ထပ်သို့ ခေါ်သွားသည်။
ကျန်းယွင်ရှိူ့သည် သူ့အိပ်ခန်းထဲသို့ ဝင်သွားပြီး ယန်ကျင်းဇီ ထွက်သွားတော့မည်အပြုတွင် ကျန်းယွင်ရှိူ့က ပြန်ထွက်လာပြန်သည် : “ ယန်ကျင်းဇီ! ”
“ တစ်ခုခုဖြစ်လို့လား? ” ယန်ကျင်းဇီက မေးသည်။
“ မင်းလည်း မအိပ်ခဲ့ဘူး၊ ယန်ကျင်းဇီ! မင်း အိပ်ပျော်နေမယ်ဆိုရင် ငါ အပေါ်ထပ်မှာ ရှိနေတာကို မင်း ဘယ်လိုသိနိုင်မှာလဲ? ” ကျန်းယွင်ရှိူ့၏ အကြည့်များသည် ယန်ကျင်းဇီ၏ အဝတ်အစားများပေါ်သို့ ကျရောက်သွားပြီး အနည်းငယ် စိတ်တိုသွားသည် : “ မင်း အင်္ကျီတွေလည်း မလဲရသေးဘူး။ ”
ယန်ကျင်းဇီ : “ ...... ”
ယန်ကျင်းဇီသည် မအိပ်နေသော တစ်စုံတစ်ယောက်ကို သွားဖမ်းပြီး ကျန်းယွင်ရှိူ့ထံမှ “အဖမ်းခံရ” သည်နှင့် အဆုံးသတ်သွားသောအခါတွင် သုံ့ချင်းလင်သည် ဖုန်းကိုင်လျက် မှိုင်းညို့သော မျက်နှာဖြင့် သူ့အိမ်သို့ ရောက်သွားသည်။
စာချုပ်ရပ်စဲရေးစာတွင် ယန်ကျင်းဇီ လက်မှတ်ထိုးပြီးနောက် မနက်ပိုင်းမှစ၍ သူသည် သူ့ဖုန်းကို ပိတ်ထားလိုက်သည်။
တစ်ချိန်က အတွေ့အကြုံအရ ယန်ကျင်းဇီက သူကို ဆက်တိုက် ဖုန်းခေါ်နေလိမ့်မည်ဖြစ်ပြီး အကြိမ်တစ်ရာကျော် ဖုန်းပိတ်သွားစေတတ်သည်။
သို့သောိ သူ မမျှော်လင့်ထားသည်မှာ နေ့တစ်ဝက်အတွင်း ယန်ကျင်းဇီက အမှန်တကယ်ပင် အင်တာနက်ပေါ်၌ ကျန်းယွင်ရှိူ့နှင့် တရားဝင်တွဲပြလိမ့်မည်ကိုပင်။
ဤသို့ဖြစ်ပြီးနောင် သူသည် သူ့ဖုန်းကို ချက်ချင်း ဖွင့်လိုက်ပြီး ယန်ကျင်းဇီ လုံးဝ ဖုန်းမခေါ်ထားသည်ကို တွေ့လိုက်ရသည်။ မက်ဆေ့စာတစ်စောင်တောင်လည်း မရှိ။
ဘာတွေဖြစ်နေတာလဲ?
ယနေ့ညတွင် သုံ့ချင်းလင်သည် ကောင်းပေါ်ဟောင်နှင့် ချိန်းထားခဲ့သည်။ ရလဒ်ကမူ အတူတကွ စားသောက်ပျော်ရွှင်နေကြစဉ် သူသည် ထိုအကြောင်းကို စဉ်းစားမိသောကြောင့် အာရုံထွေပြားနေလေရာ ကောင်းပေါ်ဟောင်ကို စိတ်ဆိုးစေမိလိုက်သည်။
ယန်ကျင်းဇီက သူ ခံစားရအောင် လုပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်လား?
သုံ့ချင်းလင်သည် စိတ်ခံစားချက်ကို ပြန်လည်စုစည်းလိုက်ပြီး သော့ဖြင့် တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် တစ်ခုခုမှားနေပြီဟု သုံ့ချင်းလင် ခံစားလိုက်ရသည် – တစ်ယောက်ယောက်က သူ့အိမ်ထဲဝင်ပြီး သူ့ပစ္စည်းတွေကို ထိသွားတယ်!
မီးအမြန်ဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ သူ့စန္ဒရားကို ရွှေ့သွားတဲ့အပြင် တခြားဂီတတူရိယာတချို့လည်း မရှိတော့ဘူး ဆိုတာ တွေ့လိုက်ရတယ်!
ဤအိမ်သည် ယန်ကျင်းဇီ ဝယ်ပေးသည့် ကောင်းမွန်စွာ အလှဆင်ထားသော အိမ် ဖြစ်သည်။ သူ နောက်ပိုင်းတွင် ဝယ်ထားသော ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများက တန်ဖိုးသိပ်မရှိသော်လည်း စန္ဒရားများနှင့် တူရိယာများအားလုံးသည် ကောင်းမွန်သော ပစ္စည်းများ ဖြစ်ကြသည်။ အကုန်ပေါင်းရင် တစ်သန်းကျော်လောက် တန်ဖိုးရှိတယ်!
ယခု ဤပစ္စည်းများ မရှိတော့... သုံ့ချင်းလင်သည် သူ့ဖုန်းကို ကောက်ကိုင်ပြီး ရဲကို ချက်ချင်း ဖုန်းခေါ်လိုက်ကာ တံခါးသို့ ဦးတည်လိုက်သည်။ သူသည် အိမ်ရာဝင်းသို့သွား၍ ဘာဖြစ်သွားသနည်းဟု မေးချင်မိသည်။
ဤအချိန်တွင် သုံ့ချင်းလင်သည် စားပွဲပေါ်တွင် မှတ်စုစာတိုတစ်စောင်ကို ရုတ်တရက် တွေ့လိုက်ရသည်။
မှတ်စုစာတိုကို သူ ကောက်ကိုင်လိုက်သည့် တစ်ချိန်တည်းတွင် ဖုန်းဝင်၍ တခြားတစ်ဖက်မှ ရဲအရာရှိ စကားပြောလာသည် : “ ဟယ်လို... ”
သုံ့ချင်းလင်သည် ရှက်ကိုးရှက်ကန်းဖြင့် ဖုန်းချလိုက်ပြီး မှတ်စုစာတိုကို မီးတောက်နေသော မျက်ဝန်းများနှင့် ကြည့်လိုက်သည်။
ဤမှတ်စုတိုကို အတွင်းရေးမှူးကျိုး ချန်ထားခဲ့ခြင်းဖြစ်သည်။
အတွင်းရေးမှူးကျိုးသည် ယန်ကျင်းဇီထံမှ အိမ်နှင့် အတွင်းမှ ဂီတတူရိယာများကို ရောင်းချရန် အမိန့်ရပြီးနောက် သူ(မ)သည် သုံ့ချင်းလင်ကို ဦးစွာဆက်သွယ်ခဲ့သည်။
သို့သော် သုံ့ချင်းလင်၏ဖုန်းက ပိတ်ထားပြီး ဆက်သွယ်၍ မရနိုင်သောကြောင့် သူ(မ)သည် ယန်ကျင်းဇီကို ဆက်သွယ်၍ ညွှန်ကြားချက်များ ထပ်မံတောင်းရန်သာ တတ်နိုင်သည်။
သုံ့ချင်းလင်ကို လျစ်လျူရှုပြီး တိုက်ရိုက်ရောင်းချရန်သာ ယန်ကျင်းဇီက သူ(မ)ကို ပြောသည်... သူ(မ)သည် ဂီတတူရိယာများကို ဝယ်ယူခဲ့သည့် ယခင်က စန္ဒရားဆိုင်အား ဆက်သွယ်ပြီး ဤတူရိယာများကို လာရောက်သယ်ယူရန် စန္ဒရားဆိုင်မှ လူများကို ပြောလိုက်သည်။
စန္ဒရားဆိုင်များသည် စန္ဒရားကဲ့သို့သော ပစ္စည်းများကို တန်ဖိုးလျှော့ကာ ပြန်လည်ရောင်းချရန် ဆန္ဒရှိသည်။ ၎င်းကို တစ်ပတ်ရစ်အဖြစ် ရောင်းသည်ဖြစ်စေ၊ ငှားသည်ဖြစ်စေ သူတို့ ပိုက်ဆံမဆုံးရှုံးပေ။
စန္ဒရားရောင်းပြီးနောက် အတွင်းရေးမှူးကျိုးသည် ခဏတာ စောင့်ဆိုင်းသော်ငြား သုံ့ချင်းလင် ပြန်လာသည်ကို မတွေ့သောကြောင့် သုံ့ချင်းလင်အား ဤကိစ္စများကို ပြောပြရန် စာထားခဲ့သည်။ အမှန်ပင်၊ သူ(မ)သည် သုံ့ချင်းလင်ကို သူ့ပစ္စည်းများကို ထုပ်သိမ်း၍ ယူသွားရန် ပြောပြဖို့လည်း မမေ့လျော့ – မနက်ဖြန်တွင် သူ(မ)သည် အိမ်ရောင်းသော အေးဂျင့်ကို ဆက်သွယ်မည်။ ထို့နောက် အိမ်လာကြည့်မည့်လူ ရှိလာလိမ့်မည်။ ထို့ကြောင့် ထိုနေရာတွင် သုံ့ချင်းလင်၏ ပစ္စည်းများ ထားရှိရန် မသင့်တော်တော့ချေ။
အတွင်းရေးမှူးကျိုးသည် အလွန်ယဉ်ကျေးပြီး စကားလုံးများစွာကို ရေးခဲ့သော်လည်း သုံ့ချင်းလင် ဖတ်မိလေလေ ပိုပိုဒေါသထွက်မိလေလေ ဖြစ်သည်။ သူသည် အံတင်းတင်းကြိတ်ပြီး သူ့နားထင်မှ သွေးကြောပြာများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဘယ်လိုလုပ် ယန်ကျင်းဇီက ဒီအိမ်ကို တကယ် ရောင်းချင်နေနိုင်ရတာလဲ?
အရင်ကတော့ ယန်ကျင်းဇီရဲ့ သူ့အပေါ်ထားတဲ့ သဘောထားက ပြောင်းလဲသွားပြီး သူ့ကို ကြိုက်တယ်လို့ သူ ခံစားခဲ့ရတယ်။ ဒါတွေအားလုံး အတုတွေမလား?
ယန်ကျင်းဇီ၏ စိတ်နှလုံးအတွင်းတွင် ကျန်းယွင်ရှိူ့ကသာ အရေးအကြီးဆုံးအရာ ဖြစ်လောက်သည်။
ယခု ကျန်းယွင်ရှိူ့က သူ့လက်ချောင်းများကို ပေါ့ပေါ့တန်တန် လှုပ်ရှားလိုက်ရာ ယန်ကျင်းဇီက ရှေ့သို့အမြန်ပြေးသွားသည်မှာ သူ့ကို လုံးဝ မေ့လျော့သွားပြီး သူ့ယခင်ဘဝကထက်ပင် ပို၍ခံစားချက်မဲ့သေးသည်။ ဤအချိန်တွင် သူ့ယခင်ဘဝမှ ယန်ကျင်းဇီက သူ့ကို လျော်ကြေးအဖြစ် အိမ်ပေးပြီးလောက်ပြီဖြစ်သည်။
ပြီးတော့ ကျန်းယွင်ရှိူ့။
ဝမ်ရှန်းချောင်ကို ကြိုက်ပါသည်ဟု ကျန်းယွင်ရှိူ့က ပြောခဲ့ဖူးသည်။ သို့သော် ယခုမူ ကျန်းယွင်ရှိူ့က မစောင့်နိုင်တော့ဘဲ ယန်ကျင်းဇီနှင့် လူသိရှင်ကြား တွဲထွက်လာသည်... သို့ရာတွင် ကျန်းယွင်ရှိူ့ ပျော်ရန် စောလွန်းသေးသည်။ ယန်ကျင်းဇီ၏ မိသားစုကို တုံ့ပြန်စေရန်မှာ မလွယ်ကူချေ။ ယန်ကျင်းဇီ၏ ဖခင်က သူနှင့်ပတ်သက်၍ ဂရုမစိုက်ခဲ့သော်လည်း ယန်ကျင်းဇီ၏ မိခင်နှင့် အစ်မတို့က လူများကို အတော်လေး အထင်သေးတတ်သည်။
ထို့အပြင် သူ့တွင် ကျန်းယွင်ရှိူ့ကို ဖြေရှင်းရန် နည်းလမ်း ရှိနေသေးသည်။
သုံ့ချင်းလင်သည် ဖုန်းဖွင့်လိုက်ပြီး အင်တာနက်ပေါ်ရှိ လူတော်တော်များများက ကျန်းယွင်ရှိူ့အတွက် ပြောပေးနေကြသည်ကို တွေ့လိုက်ရသည်။
သူသည် လှောင်ရယ်လိုက်ပြီး ဖုန်းအပိုတစ်လုံးကို ထုတ်၍ ဖုန်းအနည်းငယ်ကို ခေါ်ဆိုလိုက်သည်။ ခဏအကြာတွင် အင်တာနက်ပေါ်၌ အခြားအမျိုးသမီးများနှင့် အတူရှိနေသော ကျန်းယွင်ရှိူ့၏ မဖွယ်မရာဓာတ်ပုံများ နောက်ထပ်ထွက်ပေါ်လာသည်။
ကျန်းယွင်ရှိူ့ရဲ့ ရွံစရာပုံတွေ အများကြီးကို ဝယ်ဖို့ သူ ပိုက်ဆံသုံးလိုက်ရတယ်!
သူ့မှာ ကျန်းယွင်ရှိူ့ကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ရှိသေးတယ်!
သုံ့ချင်းလင်သည် ဓာတ်ပုံတစ်ပုံကို တင်ပြီး ရေတပ်ကို ပရိုမိုရှင်းဖြန့်စေလိုက်သည်။ ရှိုးပွဲကောင်းကောင်းကို ကြည့်ရန် စောင့်မျှော်နေသည်။
ဒါပေမယ့် ဒီတစ်ခေါက် သူ ပုံတင်တင်ချင်း အဖျက်ခံလိုက်ရတယ်!
သုံ့ချင်းလင်သည် ဒေါသထွက်လွန်းသောကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
ထိုမျှတင်မက နောက်နေ့မနက်စောစောတွင် သူသည် အတွင်းရေးမှူးကျိုးနှင့် အိမ်လာကြည့်သော အေးဂျင့်တို့ကို တွေ့လိုက်ရသည်။
“ ယန်ကျင်းဇီက ငါ့ကို အိမ်ရောင်းဖို့ ကတိပေးထားတယ်! ” သုံ့ချင်းလင်က အေးစက်သော မျက်နှာထားဖြင့် ဆိုသည်။
“ အဲ့လိုလား? ဒါဆို မစ္စတာသုံ့က အေးဂျင့်နဲ့ စကားပြောလို့ရတယ်။ ” အတွင်းရေးမှူးကျိုးက ပြောသည်။ ယန်ကျင်းဇီသည် သူ(မ)အား အိမ်ရောင်းသည့်ကိစ္စကို အေးဂျင့်ထံ လွှဲပြောင်းပေးရန် ပြောပြီးပြီဖြစ်သည်။ ထို့ကြောင့် အေးဂျင့်ကိုသာ ကိုင်တွယ်ခိုင်းလိုက်မည်။ သူ(မ)ကမူ : “ ကျွန်မ အလုပ်သွားရဦးမယ် ဆိုတော့ အရင်သွားနှင့်မယ်။ ”
အတွင်းရေးမှူးကျိုးသည် စကားပြောပြီးနောက် ထွက်သွားတော့မည်ဖြစ်သော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် ပြန်ရောက်လာသည် : “ စကားမစပ်၊ မစ္စတာသုံ့၊ မစ္စတာယန်က ကျွန်မကို ရှင့်စီက ကားသော့ ယူဖို့ ပြောထားတယ်။ မစ္စတာယန်က ပြောတယ်၊ စာချုပ်ပြီးပြီဆိုမှတော့ ကားကို ပြန်ပေးရမယ်။ ”
“ မင်း ဘာပြောလိုက်တာလဲ? ” သုံ့ချင်းလင် တောင့်တင်းသွားသည်။ အဲ့ကား၊ ယန်ကျင်းဇီက တကယ် ပြန်လိုချင်တာလား?
“ မစ္စတာယန်က ကျွန်မကို ရှင့်စီက ကားသော့တွေ တောင်းခိုင်းလိုက်တယ်။ ” အတွင်းရေးမှူးကျိုးက ပြောသည်။
သုံ့ချင်းလင်သည် ဒေါသထွက်လွန်းသဖြင့် သူ့လက်များပင် တုန်လှုပ်နေသည်။ သူက သူ့အိတ်ထဲမှ သော့တစ်တွဲကို ထုတ်လိုက်ပြီး အတွင်းရေးမှူးကျိုးစီသို့ ပစ်လိုက်သည် : “ ထွက်သွား! ”
အတွင်းရေးမှူးကျိုးသည် ယခင်က သုံ့ချင်းလင်ကို အလွန်ကြင်နာသော်လည်း ယခု သုံ့ချင်းလင်ထံမှ ဤသို့ဆက်ဆံခံရသောအခါ သူ(မ)သည်လည်း အလွန်စိတ်ဆိုးမိသည်။ သူ(မ)က မျက်ဖြူလှန်ပြပြီး ထွက်သွားသည်။
အတွင်းရေးမှူးကျိုး ထွက်သွားသောအခါ အေးဂျင့်က သုံ့ချင်းလင်ကို ပြုံးလျက် ကြည့်သည် : “ ဒီလူကြီးမင်း၊ မင်း ဒီအိမ်ကို ဝယ်ယူချင်သလား? ဒီအသိုင်းအဝိုင်းက အရမ်းလုံခြုံတယ်။ ပတ်ဝန်းကျင်ရှုခင်းကလည်း ကောင်းတယ်။ ဒီနားမှာ ကျောင်းခရိုင်တွေလည်း ရှိတယ်... ငါတို့ ဒီရပ်ကွက်ထဲကပဲ အိမ်တစ်လုံး ရောင်းထားတာ သိပ်မကြာသေးဘူး။ အိမ်တစ်လုံးရဲ့ စံဈေးနှုန်းက ကိုးဆယ့်ကိုးသောင်း ရှိတယ်။ ဒီအိမ်ဘက်ခြမ်းက ပိုကောင်းတယ်။ ပြီးတော့ ဒီမှာ ကားပါကင်နှစ်နေရာလည်း ရှိသေးတယ်.. ” သုံ့ချင်းလင်တွင် ဆိုးရွားသော စိတ်သဘောထား ရှိသည့်ပုံပေါ်သော်လည်း သူတို့သည် အိမ်ရောင်းလျှင် ကော်မရှင်ခ ရသည်။ သဘောထား မည်မျှဆိုးရွားပါစေ၊ သူတို့က ပြုံးရယ်၍ နှုတ်ဆက်နိုင်သည်။
သုံ့ချင်းလင်၏မျက်နှာသည် မည်းမှောင်သွားသည်။
ဒီအိမ်က စတုရန်းမီတာ ၁၂၀ ကျော် ရှိတော့ ၁၀ မီလီယံကျော်တောင် ပေးရမှာပဲ!
သုံ့ချင်းလင်တွင် ယန်ကျင်းဇီ၏နောက်မှ လိုက်သည့်အချိန်မှစ၍ ငွေမပြတ်လပ်တော့ပေ။
သူနှင့် ယန်ကျင်းဇီတို့ တွေ့သောအခါ သူ့အမေ၏ ဆေးကုသမှုကြောင့် ပိုက်ဆံအများအပြား ကုန်ကျပြီး သူ့တွင် သွားစရာမရှိလုနီးပါးပင် ဖြစ်ခဲ့သည်။ သို့သော် “ပိုက်ဆံအများအပြား” ဟု ခေါ်သော ထိုပမာဏမှာ အမှန်တော့ ၃၀၀,၀၀၀ မျှသာ ဖြစ်သည်။
ဟုတ်သည်၊ ထိုမျှသာ။
ယန်ကျင်းဇီ၏နောက်မှလိုက်သည့် အချိန်မှစ၍ ၃၀၀,၀၀၀ ဆိုသည်မှာ လုံးဝ ဘာမှမဟုတ်ကြောင်း သူ သိလိုက်ရသည်။
သို့ရာတွင် ထိုသို့ဆိုလျှင်တောင်မှ သူသည် ဆယ်သန်းကျော်ကို မထုတ်နိုင်ပေ။ ယခုလက်ရှိ သူ၏ စုဆောင်းငွေမှာ နှစ်သန်းကျော်သာ ရှိသည်။
သုံ့ချင်းလင်သည် ရှက်လွန်းသဖြင့် အေးဂျင့်ကို အာရုံမစိုက်တော့ဘဲ တံခါးကို ဆွဲဖွင့်လိုက်သည်။
တကယ်တော့ သုံ့ချင်းလင်သာ ပြန်လည်မမွေးဖွားခဲ့လျှင် ဤအချိန်တွင် သူသည် ဆယ်သန်းကျော် အိမ်တစ်လုံးကဲ့သို့ တန်ဖိုးရှိလောက်မည်မဟုတ်ဘဲ သူ့ကို အိမ်ပေးရန် ယန်ကျင်းဇီကို အားကိုးအားထားပြုနေလိမ့်မည်ဖြစ်သည်။
သို့သော် သူက ပြန်လည်မွေးဖွားလာသည်။
သူ၏ ယခင်ဘဝတွင် သူသည် ယန်ကျင်းဇီနှင့် နှစ်နှစ်ကျော် နေထိုင်ခဲ့သည်။ ယန်ကျင်းဇီက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး စိတ်ထဲတွင် ကျန်းယွင်ရှိူ့ကိုသာ တွေးနေသော်လည်း ပိုက်ဆံပေးရာတွင် တကယ် ရက်ရောသည်။ သူနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး ရှိပြီးနောက် ယန်ကျင်းဇီက ပို၍ပင် ရက်ရောသေးသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူ၏ သုံးစွဲမှုအဆင့်ကလည်း သဘာဝကျကျ မြင့်မားလာလိမ့်မည်ပင်။
ယခု သူသည် ပိုက်ဆံကို အလေးအနက် မထားတော့ပေ။
သို့ရာတွင် သူက ပိုက်ဆံကို အလေးအနက် မထားသော်ငြား ယန်ကျင်းဇီက ပိုက်ဆံကို အလေးအနက် ထားနေသည်...
သုံ့ချင်းလင်သည် အောက်ထပ်သို့ ဆင်းသွားသောအခါ သူ့ကားကို အတွင်းရေးမှူးကျိုး မောင်းနှင်သွားကြောင်း တွေ့လိုက်ရသည်။
ယန်ကျင်းဇီက ဒီလိုမျိုး တွက်ချက်တတ်တဲ့လူ လုံးဝ မဟုတ်ဘူး။ ဒါတွေအကုန်လုံးက ကျန်းယွင်ရှိူ့ရဲ့ အကြံ ဖြစ်နိုင်တယ်!
ဆန်ကုန်မြေလေး ယောက်ျားက အပြင်တွင် အငယ်တစ်ယောက်ကို ပျိုးထောင်ထားပြီး သူ့ဇနီးက သိသွားသည်။ အဆုံးတွင်တော့ ယင်းကား ဘာမှမဟုတ်။ ဇနီးဖြစ်သူက အငယ်ကို ဆုတ်ဖြဲခြင်းဟာ ပုံမှန်ပင်။ သုံ့ချင်းလင်လည်း ဤသို့ပင် ဖြစ်သည်။ ယောက်ျားများက ဖောက်ပြန်ခြင်းအတွက် အငယ်ကိုသာ အပြစ်တင်ကြလိမ့်မည်။
မဟုတ်သေး၊ ယန်ကျင်းဇီကို ဖောက်ပြန်သူဟု မခေါ်နိုင်။
အစကနေ အဆုံးအထိ မူလပိုင်ရှင်နဲ့ သုံ့ချင်းလင်တို့မှာ စီးပွားရေးဆက်ဆံရေးပဲ ရှိတယ်။ ဘာရည်းစားဆက်ဆံရေးမှ မရှိဘူး!
ယန်ကျင်းဇီသည် သုံ့ချင်းလင်၏ ကိစ္စများကို မသိချေ။
မနေ့ညက စန္ဒရားခန်းမှ ကျန်းယွင်ရှိူ့ကို ပြန်ခေါ်လာပြီးနောက် သူသည် အိပ်ပျော်သွားသည်။
သူသည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျကာ နံနက် ၈ နာရီမှသာ နိုးလာသည်။ နိုးလာပြီးနောက် သူသည် အိပ်ရာထဲတွင် အိပ်ချင်နေသေးသော ကျန်းယွင်ရှိူ့ကို ဦးစွာနှိုးလိုက်ကာ ကျန်းယွင်ရှိူ့နှင့် မနက်စာ ပြင်ဆင်သည်။
မနက်စာ ပြင်ဆင်နေသော ကျန်းယွင်ရှိူ့က အလွန်ချစ်စရာကောင်းသောကြောင့် သူသည် အကြိမ်ရေအနည်းငယ် နမ်းလိုက်ရသည်။ ထို့ကြောင့် ထိုနေရာတွင် လှုပ်ရှားမှု အများအပြား ဖြစ်ပျက်သွားခဲ့သည်... သူတို့ နောက်ဆုံး စားပြီးသောအခါ ဆယ်နာရီထိုးနေပြီဖြစ်သည်။
အချိန်ကြည့်ပြီးနောက် မူလက ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ စန္ဒရားတီးခတ်သည်ကို နားထောင်ပြီးနောက် ကျန်းယွင်ရှိူ့နှင့် နေ့လယ်စာ အတူစားကာ တစ်ရေးတစ်မော အိပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် သူသည် အတွင်းရေးမှူးကျိုးထံမှ ဖုန်းခေါ်ဆိုခံလိုက်ရသည်။ ကုမ္ပဏီတွင် သူ လက်မှတ်ထိုးရမည့် စာချုပ် ရှိနေပြီး သူ မသွား၍ မရတော့ချေ။
ဥက္ကဌတစ်ဦးက အလုပ်မလုပ်ဘဲ နေလျှင် မကောင်းမွန်လှ... ယန်ကျင်းဇီသည် ကုမ္ပဏီကိုသာ သွားနိုင်သည်။
သူ ရုံးသို့ရောက်သောအခါ ကုမ္ပဏီမှ လူများက နေ့လယ်စာ စားရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သူတို့က သူ့ကို တွေ့သောအခါ လူတိုင်း၏ အကြည့်များက အနည်းငယ် ထူးဆန်းသည်။
ဘာဖြစ်နေမှန်း ယန်ကျင်းဇီ သိသည်။
သူက ဗီရိုထဲမှ ထွက်လာသည်။ ကုမ္ပဏီမှ လူတိုင်း သိလောက်ပြီဖြစ်သည်... သူ့ကို မထည့်ထားတဲ့ ကုမ္ပဏီရဲ့ အတင်းအဖျင်း ပင်ကွင်းဂရုထဲမှာ လူတိုင်းက ဘာမဆိုပြောနိုင်တဲ့အပြင် သူတို့နာမည်မပေါ်ပဲ ပြောနေကြတာ!
သူ သိနေသော အကြောင်းအရင်းကမူ... သူ့ကို စိတ်ကျေနပ်စေချင်ပြီး တခြားသူများကို သစ္စာဖောက်ချင်သူများ အမြဲရှိနေသောကြောင့်ပင်။
ကုမ္ပဏီသို့သွားရာလမ်းတွင် ယန်ကျင်းဇီသည် မူလပိုင်ရှင်နှင့် ပတ်သက်သည့် အလုပ်အားလုံးကို ထုတ်ယူပြီး လေ့လာခဲ့သည်။
မူလပိုင်ရှင်က ကုမ္ပဏီကို စီမံခန့်ခွဲဖို့ ဘာမှ မလုပ်ခဲ့သဖြင့် သူ့တွင် အရည်အချင်းနှင့် အဆိုးအပြစ် ဘာမှမရှိ။ ယခု မူလပိုင်ရှင်နေရာတွင် သူ ဖြစ်လာသည်..
သူသည် ဘာအလုပ် လုပ်နေကျဖြစ်ခဲ့မှန်း မသိသဖြင့် အနည်းငယ် စိုးရိမ်မိပြီး ကုမ္ပဏီကို ကောင်းမွန်စွာ မစီမံနိုင်မည်ကို ကြောက်မိသည်။
သို့သော် သူသည် သူဌေးထိုင်ခုံတွင် ထိုင်သောအခါ၊ အတွင်းရေးမှူးကျိုးနှင့် သူ့အစား ကုမ္ပဏီကို စီမံခန့်ခွဲပေးနေသော တခြားအထူးလက်ထောက်တစ်ဦးက သူ့ရှေ့တွင် စာရွက်စာတမ်းများ အမျိုးစုံကို လာတင်ပြကြသောအခါ၊ ယန်ကျင်းဇီ ချက်ချင်း စိတ်သက်သာရာရသွားတယ်!
သူက အကုန်လုံးကို အမြဲမှတ်မိနေတယ် ဆိုတာ သူ သိလိုက်ရတယ်!
မူလပိုင်ရှင်သည် စာချုပ်ဖတ်ရခြင်းကို စိတ်မရှည်ဆုံးဖြစ်သည်။ သူက စာရွက်ဒါဇင်ချီပါသော စာချုပ်များကို လုံးဝ မရွှေ့ချေ။ အကြောင်းအရာများက များပြားလွန်းသည်။ မူလပိုင်ရှင်သည် မကြာခဏပင် အနောက်ကို ဖတ်ပြီး အရှေ့ကို မေ့သွားတတ်ကာ အကြောင်းအရာများကို ကျော်ပင်ကျော်သွားတတ်သေးသည်။
ဆိုလိုသည်မှာ မူလပိုင်ရှင်သည် စာချုပ်ကို တစ်ယောက်တည်း မဖတ်ဘဲ တစ်ယောက်ယောက်ကပင် သူ့ကို ရှင်းပြရသည်။ ထိုအခါမှသာ ပြဿနာမတက်မည်ဖြစ်သည်။
ဒါပေမယ့် သူကတော့ မတူဘူး! ပေါ့ပေါ့ပါးပါး ဖတ်လိုက်ပေမယ့် စာချုပ်ပါ အကြောင်းအရာ အကုန်လုံးကို စိတ်ထဲမှာ ပုံနှိပ်ပြီးပြီ ဆိုတာကို ယန်ကျင်းဇီ သိလိုက်ရတယ်!
သူသည် စာချုပ်တစ်ခုလုံးကို အလွတ်ကျက်နိုင်ပြီး စာချုပ်တွင် မသင့်လျော်သော နေရာကိုပင် ရှာတွေ့ခဲ့သည်။
သို့သော် သူတို့ကုမ္ပဏီက တခြားသူများကို လှည့်ဖြားထားခြင်းဖြစ်သည်။ သူ ဂရုစိုက်စရာမလို။
တကယ်တော့ သူသည် မနေ့ညကတည်းက ခံစားမိခဲ့ပြီး သူ့မှတ်ဉာဏ်က အတော်လေး ကောင်းသည်ဟု ခံစားခဲ့ရသည် — သူသည် တစ်ချိန်တည်းတွင် ရှေ့နေတချို့ကို ဆက်သွယ်ခဲ့ပြီး ထိုရှေ့နေများ၏ ဖုန်းနံပါတ်များကို တစ်ကြိမ်သာ ဖတ်ခဲ့သည်။ ဒါပေမယ့် သူ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်လေ!
ယန်ကျင်းဇီသည် စာချုပ်ကို အမြန်ဖတ်ပြီးနောက် တခြားစာရွက်စာတမ်းများကို ယူ၍ စစ်ကြည့်ကာ ကိစ္စတစ်ခုကို အတည်ပြုလိုက်သည် — သူက ဉာဏ်ကြီးရှင်ပဲ!
သူ့တွင် မေ့လျော့ခြင်းမရှိသော ဉာဏ်စွမ်း ရှိရုံတင်မက သန်မာသော နားလည်နိုင်စွမ်းလည်း ရှိသည်... ယခင်က သူသည် ကုမ္ပဏီကို မစီမံနိုင်မည်အား စိတ်ပူခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူ လုံးဝ စိတ်ပူစရာမလို
တော့ပေ။
သူက ကိုယ့်ကုမ္ပဏီတောင် အကုန်ဖျက်စီးခံလိုက်ရတဲ့ မူလပိုင်ရှင်လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး!
သူက သေချာပေါက် ငွေအများကြီး ရှာပြီး သူ့ယွင်ရှိူ့ကို ပျိုးထောင်မှာ!
____
Thanks for reading 💙
____