အပိုင်း (၄)
Viewers 550

အပိုင်း (၄) မင်း ဘာလှည့်ကွက်သုံးနိုင်လဲ ကြည့်ရအောင်


သူ၏ နာကျင်သွားသော တင်ပါးလေးကို ပွတ်ရင်း ရှန်ယွိက သူ၏ နန်နီကားအိုလေးထဲသို့ ရောက်သွားခဲ့သည့်တိုင် သူ့အတွေးများက ဖရိုဖရဲ ဖြစ်နေ​ဆဲ ဖြစ်သည်။ 


အိမ်ထောင်သက်သုံးနှစ်ကြာပြီးသည့်တိုင် ဖုန်းစစ်ရွေ့က သူ့အား ရင်းနှီးရန်အစပြုခြင်း သို့မဟုတ် ချစ်စနိုး နာမည်ပြောင်ခေါ်ခြင်းကို မဆိုထားနှင့် သူတို့အတူတူရှိနေရသည့် ရက်သည်ပင် လက်တစ်ဖက်စာ မရှိပေ။



အခု ခွေးသွေးဝတ္ထုထဲက အာဏာကြီးပြီး အကြင်နာကင်းရက်စက်သည့် ဥက္ကဋ္ဌက သူ့ကို အမှန်တကယ် နတ်ဆိုးလေးဟု ခေါ်ရင်း အမုန်းတရားတွေ မဖြေရှင်းနိုင်သကဲ့သို့ သူ့တင်ပါးအား ပြင်းပြင်းထန်ထန် ဆွဲညှစ်လိုက်လေသည်။ 



ထိုဒွိဟဖြစ်စေသော အဖြစ်အပျက်က ရှန်ယွိကို အံ့အားသင့်သွားစေရုံမျှမက သူ့ဘေးမှ ကိုယ်ရေးလက်ထောက်သည်ပင် ပါးစပ်အကျယ်ကြီးကို အချိန်အကြာကြီး ဟနေမိကာ သူ့ပါးစပ်ထောင့်မှ သွားရ​ည်များ စီးကျလာလုနီးပါး ဖြစ်သွားခဲ့လေသည်။



ချင်းယွီဟန့်က သူ့ကို ပို၍ပင် မျက်စပစ်ပြလာပြီး သူမ၏ လည်ချောင်းကို ရှင်းရင်း အပြစ်တင်နေဟန်ဖြင့် မေးလိုက်သည်။ "နင်တို့ ဇနီးမောင်နှံဆက်ဆံရေးက အရမ်းကောင်းတာကို ဘာလို့ ဖုံးကွယ်ဖို့ ကြိုးစား​နေရတာလဲ။"


F*ckin' d*ck!


ရှန်ယွိက ကားပေါ်တွင် ထိုင်ရင်း သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ 



"ဘယ်ကိုပို့ပေးရမလဲ။" ကားမောင်းသူက ခေါင်းလှည့်ကာ ​မေးလိုက်သည်။ 



"အိမ်ကို ပြန်မယ်။" ရှန်ယွိက စိတ်ဓာတ်ကျနေသည့် အမူအရာနှင့် ပြောလိုက်သည်။



သူက ညဘက်၌ ကောင်းမွန်စွာ အိပ်စက်နိုင်ရန် လိုအပ်နေသည်။ မဟုတ်ပါက ဖုန်းစစ်ရွေ့ကြောင့် ရူးသွပ်သွားမည်ကို စိုးရိမ်နေရလိမ့်မည် ဖြစ်သည်။  



သူက တစ်ချိန်လုံး မကောင်းဆိုးရွားလို သရုပ်ဆောင်နေပြီး ဝင်ငွေအရင်းအမြစ် များများစားစား မရှိသည်ကို မကြည့်ပါနှင့်။ အမှန်တကယ်၌ သူ့တွင် ကောင်းမွန်သော နေထိုင်မှုအခြေအနေ ရှိပေသည်။ 



သူ ဖုန်းစစ်ရွေ့နှင့် လက်ထပ်သည့်အချိန်၌ ဖုန်းမိသားစု၏ ခေါင်းဆောင်ဟောင်းက သူ့ကို လက်ဖွဲ့အဖြစ် ဗီလာတစ်လုံး ပေးခဲ့သည်။ ထို့ကြောင့် ဗီလာက ရှန်ယွိ၏ အမည်အောက်၌ ရှိပေသည်။ 



ကွာရှင်းပြီးနောက် မြို့လယ်ကောင်၌ တည်ရှိသော ဤဗီလာကို ထိန်းသိမ်းထားနိုင်လျှင် အရှုံးမရှိပေ။ 



ရှန်ယွိက ကားမောင်းသူကို နှုတ်ဆက်စကားပြောပြီးနောက် သူတို့ဇနီးမောင်နှံ မျှဝေသုံးစွဲရသည့် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ သူက ကိုယ်ပိုင်အိပ်ခန်းထဲသို့ ဝင်ရန် မစောင့်နိုင်တော့ပေ။ ထို့နောက် သူက ရေချိုးခန်းအတွင်းသို့ ဝင်ကာ ကောင်းမွန်စွာ အချိန်အကြာကြီး ရေစိမ်ချိုးရန် ရည်ရွယ်လိုက်သည်။ သူက ရေချိုးနေရင်း မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့ရသည်မှာ အလွန် ပူပန်နေခဲ့ရသောကြောင့် ဖြစ်နိုင်ပေသည်။



လွန်ခဲ့သည့်နှစ်ရက်က အဖြစ်အပျက်များက အလွန် မှော်ဆန်လွန်းသဖြင့် ရှန်ယွိက အစစ်အမှန်ဟုပင် မခံစားခဲ့ရပေ။ သူက အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေသည့်အချိန် အမှန်တကယ်ပင် ဖုန်းစစ်ရွေ့၏ အကြောသေနေသော မျက်နှာကို မြင်ခဲ့ရပေသည်။ 



"မင်း ဘယ်နေရာကို ထွက်ပြေးဖို့ တွေးနေတာလဲ။" ထိုအကြောသေနေသည့် မျက်နှာက တဖြေးဖြေး ချဥ်းကပ်လာပြီး သူ့ကို ထောင့်၌ ပိတ်ထားကာ လက်ချောင်းရှည်ရှည်တို့က သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည်။ "မင်း ခြေထောက်တွေကို ချိုးပစ်ပြီး သော့ပိတ်ထားလိုက်ရမလား" 


  

ရှန်ယွိက ကြောက်လန့်သွားခဲ့သည်။ သူက အပြင်းအထန် ရုန်းကန်ရင်း ပြောလိုက်၏။ "မစ္စတာဖုန်း သေချာကြည့်ပါဦး။ ကျွန်တော်က ယန်ရွေ့ချင်း မဟုတ်ဘူးလေ။" 



"ခင်ဗျား ချိုးပစ်ရမှာ သူ့ခြေထောက်တွေလေ။"



ရူးသွပ်နေသည့် မစ္စတာဖုန်းက ပြုံးလိုက်ပြီး သူ့လက်ချောင်းများထဲ အနည်းငယ် အားထည့်လိုက်သည်။ "ပေါင်ပေ့ မင်း ဘာတွေပြောနေတာလဲ။ ကိုယ်နားမလည်ဘူး။" 



အနည်းငယ် အသက်ရှူကြပ်လာသလို ခံစားရပြီး ရှန်ယွိက အော်ဟစ်လိုက်သည်။ "ကျွန်တော် ခင်ဗျားနဲ့ ကွာရှင်းမယ်။ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်အတွက်လည်း ကောင်းချီးပေးပါ့မယ်။ ကွာရှင်းခွင့်ရဖို့အတွက် မလုံလောက်သေးဘူးလား။"



ဖုန်းစစ်ရွေ့က ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူက ရှန်ယွိတစ်ယောက် ရေချိုးကန်ထဲ၌ လဲလျောင်းနေရင်း သွားကြားထဲမှ ထွက်လာသည့် အက်ရှရှအသံမျိုးနှင့် သူ့ထံ အော်လိုက်သည်ကို မြင်လိုက်ရ၏။ "ငါ ကွာရှင်းချင်တယ်!" 



နွေဦးအလင်းရောင်ကို အသိအမှတ်မပြုနိုင်ခင်မှာပင် ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်သွားခဲ့ပေသည်။ ထို့နောက် သူက ခံစားချက်များကို ဖိနှိပ်ကာ ပြန်လှည့်ထွက်သွားပြီး တံခါးကို အားပြင်းပြင်းနှင့် ဆောင့်ပိတ်သွားခဲ့သည်။ 



တံခါးက 'ဘန်း' ခနဲ အသံနှင့်အတူ ပိတ်ကျသွားလေသည်။ 



ရှန်ယွိက ထိုအသံကြောင့် ထိတ်လန့်သွားပြီး ချက်ချင်း နိုးနိုးကြားကြားဖြစ်လာကာ သူ့မျက်နှာထက်၌ ဇဝေဇဝါဖြစ်မှုတို့ အပြည့်နှင့် ဖြစ်သည်။ "ဘယ်သူလဲ။ ဘာတွေဖြစ်ကုန်တာလဲ။" 



ရေချိုးတဘက်ကို ပတ်ပြီး အိမ်သာတိုက်သည့် ဘရက်ရှ်ကို ကိုင်ထားသည့် အရူးလေးတစ်ယောက်က ချောင်းကြည့်သည့် သူခိုးကို ဖမ်းရန် ရှာဖွေနေသည်။ သို့သော် သူ မော့ကြည့်လိုက်သည့်အခါ ဒေါသအပြည့်နှင့် ရှိနေသည့် ဖုန်းစစ်ရွေ့ကို မြင်လိုက်ရ၏။  


-- 'ဒီခွေးကောင်က ဘာလို့ ဒီကို ရောက်နေတာလဲ?!'


-- 'သူ ဒီဗီလာကို ဘယ်တော့မှ ခြေမချဘူးလို့ ကြေညာခဲ့တာ မဟုတ်ဘူးလား။ သူ ငါ့ရဲ့ ကွာရှင်းစားရိတ်အတွက် ပေးရမယ့် အိမ်ရာကို လုယက်ချင်နေတာလား' 


-- 'ပိုချမ်းသာလေ ပိုကပ်စေးနည်းလေဆိုပြီး ပြောကြတယ်။ ကြည့်ရတာ အဲဒီစကားက တကယ် အမှန်ပဲ ထင်တယ်။' 


ဖုန်းစစ်ရွေ့ , "..." ဒီကောင် တွေးသမျှအကြောင်း အားလုံးက ပိုက်ဆံပဲလား။ 


သူ၏ ယခင်က ပြသခဲ့သော အပြုအမူများ အားလုံးက အမှန်တကယ်၌ အတုအယောင်များ ဖြစ်ပေသည်။


"ရွေ့ကော ဘာလို့ ဒီရောက်နေတာလဲ။" ရှန်ယွိက နောက်ဆုံး၌ အသိပြန်ဝင်လာပြီး ချိုမြိန်သည့် အပြုံးလေး ထုတ်ပြလာသည်။ သူက တစ်ဖက်လူ ပျောက်ကွယ်သွားမှာ စိုးနေသည့်အလား ဂရုတစိုက်နှင့် တစ်ဖက်လူထံသို့ လျှောက်သွားခဲ့သည်။ သူက ခါး၌ ရေချိုးတဘက်ကို တစ်ချိန်လုံး တင်းတင်းကျပ်ကျပ် ပတ်၍ ထားသည်။ 


ဖုန်းစစ်ရွေ့က အေးစက်စွာ နှာမှုတ်လိုက်ပြီး သေးသွယ်သည့် ခါးနှင့် ဝမ်းဗိုက်ကြွက်သားများပေါ်သို့ မသိလိုက်ဘဲ အကြည့်တို့ ကျရောက်သွား၏။ သူ၏ ခံစားချက်များက အနည်းငယ် ဖရိုဖရဲ ဖြစ်သွားသော်လည်း သူ့ကိုယ်သူ သတိမပြုမိပေ။ 



"ငါ့ရဲ့ ကိုယ်ပိုင်မင်္ဂလာအိပ်ခန်းကိုတောင် ပြန်လာပြီး ကြည့်လို့မရဘူးလား။" 



ရှန်ယွိ မျက်နှာက ​အေးခဲသွားသည်။ သူက ရုတ်တရက် ကြောက်လန့်သွားသလို ခံစားလိုက်ရပြီး မည်သည့်စကား ပြောရမလဲ မသိတော့ပေ။ 



သို့သော် သူ့စိတ်ထဲတွင်တော့ မကျေနပ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ 


-- 'ခွေးကောင် ဒါက ခင်ဗျားရဲ့ မင်္ဂလာအိပ်ခန်းဆိုတာ သိသေးတယ်လား။' 


-- 'ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ကို သုံးနှစ်ကြာတာတောင် မပြီးမြောက်သေးဘူး။ အခု သူက လာပြီး ငါ့ဆီကနေ ဒီအိမ်ကို ခိုးယူဖို့ ကြံစည်နေတာလား။ ငါ အခု ပြောလိုက်မယ်။ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး။' 


-- 'မဟုတ်သေးဘူး။ ကွာရှင်းပြီးသွားတာနဲ့ ငါ ဆယ်ဘီလီယံ ရတော့မှာပဲ။ အဲဒီပိုက်ဆံနဲ့ဆို ငါ မဝယ်နိုင်တဲ့ ဗီလာရှိပါ့မလား။ ဒီနေရာလေးအတွက် ဘာလို့ သူနဲ့ တိုက်ခိုက်နေတော့မှာလဲ။' 


-- 'ငါ့ရဲ့ ရိုးသားမှုတွေနဲ့ ဒီနေရာကို ခင်ဗျားအတွက် လက်ဆောင်ပေးလိုက်မယ်။' 


ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းထောင့်များက တုန်ယင်သွားပြီး အံကြိတ်လိုက်သည်။ "မင်း အခု ဘာအကြောင်းတွေးနေတာလဲ။" 



"မင်း ကွာရှင်းချင်နေရင် မင်း ဖြစ်ချင်တဲ့အတိုင်း ဆက်လုပ်ကြမယ်။" 



"ဟမ်..." ရှန်ယွိ၏ မျက်နှာထက်တွင် အပြုံးတစ်ခုက မရပ်တန့်နိုင်လုနီးပါး ထွက်ပေါ်လာသည်။ "ရွေ့ကော ဘာတွေပြောနေတာလဲ။ ကျွန်တော့်မှာ အဲဒီလိုအတွေးမျိုး မရှိပါဘူး။" 


"ဖြစ်နိုင်တာက ယန်ရွေ့ချင်း ထပ်ပြီး နေမကောင်းဖြစ်ပြန်ပြီလား။" 



သူက ထိုကဲ့သို့ ပြောလိုက်ပြီးနောက် အိပ်ရာပေါ် ထိုင်ချကာ သူ့မျက်ဝန်းမှ မျက်ရည်တို့က ပါးပြင်ပေါ် စီးကျလာလေသည်။ သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး အသက်ပင်မရှူနိုင်တော့သကဲ့သို့ အချိန်အကြာကြီး သရုပ်ဆောင်နေပြီးမှ ပြောလိုက်၏။ "ဒီလိုဆိုမှတော့ ကျွန်တော် ကောရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်။" 


-- 'သေစမ်း! ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို အလဟဿဖြုန်းတီးမပစ်နိုင်ဘူး။ ဒီအခြေအနေကို ကောင်းကောင်း အခွင့်အရေးယူပြီးပေါ့ပေါ့တန်တန် ထားလို့မရဘူး။' 


-- 'ရသစုံရှိုးက သန်ဘက်ခါဆို စတော့မှာ။ အဲဒီရှိုးပြီးမှသာ ကွာရှင်းရမယ်ဆိုရင် ငါ လက်ထပ်ပြီး အရမ်းခက်ခက်ခဲခဲ နေထိုင်နေရတယ်ဆိုတာ အနာဂတ်မှာ အင်တာနက်ပေါ်ကလူတိုင်း သိသွားလိမ့်မယ်။'


-- 'ငါ မြန်မြန် ကွာရှင်းချင်တယ်။ ဒီခွေးကောင်ကို ဒီကနေရာကနေ ကန်ထုတ်ပြီး ငါ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားအောင် လုပ်ရမယ်။' 


ဖုန်းစစ်ရွေ့က သူ အချိန်ကြာကြာထပ်နေနေလျှင် အတွင်းဒဏ်ရာများ ရရှိလာတော့မည်ဟု ခံစားလိုက်ရပြီး သူ၏ ခြေထောက်ရှည်များနှင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။ 


ဖရိုဖရဲ ရှုပ်ပွနေသည့် အဖြူရောင်ကြာပွင့်လေးက အပြေးလိုက်လာပြီး သူ၏ သန်မာသော လက်မောင်းကို ဖက်ထားလိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ သယ်လာသော အပူချိန်က ဖုန်းစစ်ရွေ့ထံသို့ အားကောင်းလှသော လှိုင်းတစ်ခုအလား ဖြတ်သန်းရောက်ရှိလာသည်။ 



ဖုန်းစစ်ရွေ့က အခြားလူများနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို မုန်းတီးပြီး သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ့လက်ကို ပြန်ဆွဲယူချင်ခဲ့သည်။ သို့သော် သူ့ခေါင်းကို လှည့်လိုက်သည်နှင့် တောက်ပနေသော မျက်ဝန်းအစုံကို မြင်တွေ့လိုက်ရပြီး သူက အံ့သြမှင်တက်သွားလေသည်။ 



ရှန်ယွိက တွန်းထုတ်ခံရန် အသင့်ဖြစ်နေသော်လည်း ထိုပင့်ကျောင်းစီအီးအို၏ သည်းခံနိုင်စွမ်းက အလွန် တိုးတက်လာကာ စက်ဆုပ်ရွံရှာမှုတို့ကိုပင် သူ့မျက်နှာထက်မှ ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်။ 


-- 'သေစမ်း... ဒီမကောင်းတဲ့အကောင်က ငါ့ကို အကြင်နာကင်းမဲ့လာအောင် ဖိအားပေးနေတာပဲ။' 


ထို့ကြောင့် သူက အိညှောင့်အိညှောင့်အသံလေးနှင့် ပြောလိုက်သည်။ "ရွေ့ကော ကျွန်တော် နောင်တရတယ်..." 



"ကျွန်တော် အခုလေးတင် ဒေါသထွက်သွားတာ။ ကျွန်တော် တကယ် မကွာရှင်းချင်ပါဘူး။ ကျွန်တော်က ကောကို တကယ်ချစ်တာပါ။ ကောသာ မရှိရင် ကျွန်တော် သေလိုက်တာမှ ကောင်းဦးမယ်။" 


-- '*ဝေါ့* -'


ဤအော်ကလီဆန်သည့် ပျို့အန်သံက ဖုန်းစစ်ရွေ့ကို ဒေါသတကြီး ရယ်မောအောင် ပြုလုပ်လိုက်၏။ "အဲဒီလိုလား။ ဒါဆိုလည်း ဒီကိစ္စကို အဲဒီအတိုင်းပဲ ထားလိုက်ရအောင်။" 



"ငါလည်း မကွာရှင်းချင်တော့ဘူး။" 



"သန်ဘက်ခါကျရင် ရသစုံရှိုးအဖွဲ့သားတွေနဲ့ ရိုက်ကူးရေးမှာ ပူးပေါင်းဖို့ ပြင်ဆင်ထားလိုက်။ အခုတော့ ကိစ္စတချို့ရှိလို့ ငါ ကုမ္မဏီကို ပြန်သွားရဦးမယ်။" 



ရှန်ယွိ၏ ကြောင်အနေသော အကြည့်အောက်၌ ဖုန်းစစ်ရွေ့က အိပ်ခန်းထဲမှ ထွက်ခွာသွားလေသည်။ သူ၏ ​ဖြောင့်တန်းကာ ကြံ့ခိုင်သည့် နောက်ကျောက ဂိမ်းတစ်ခုကို အနိုင်ရပြီးနောက် ဖြစ်လာသည့် ပျော်ရွှင်မှုတို့ကို ထုတ်လွှတ်နေသည်။ 



Maybach ကား၏ နောက်ခန်းထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဥက္ကဋ္ဌ၏ နှုတ်ခမ်းက မသိမသာလေး ကွေးညွှတ်နေ၏။ 



သူ၏ ကိုယ်ရေးလက်ထောက်က လှည့်၍ မေးလိုက်သည်။ "မစ္စတာဖုန်း ရသစုံရှိုးကို ငြင်းပယ်ဖို့အကြောင်း ဆွေးနွေးပြီးပြီလား။" 



"မဟုတ်ဘူး။" ဖုန်းစစ်ရွေ့က ပြတင်းပေါက်ကို ကြည့်လိုက်သည်။ "ငါ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။" 


မှန်ပေသည်။ သူသည် အစက သူ၏ စိတ်လိုက်မာန်ပါအတွေးတွေကို ဖယ်ထုတ်ကာ ရှိုး၌ ပါဝင်မှုကို ဖျက်သိမ်းချင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက ကွာရှင်းခြင်းနှင့် ပတ်သတ်သော ကိစ္စများကိုလည်း ထပ်မံဆွေးနွေးလိုခဲ့သည်။



သို့သော် အခုတွင်... 



ဖုန်းစစ်ရွေ့က စိတ်ပြောင်းသွားပြီ ဖြစ်၏။ 



သူက ရှန်ယွိ မည်သည့် လှည့်ကွက်များ ထပ်ကစားဦးမည်ကို မြင်ချင်နေပေသည်။ 


============