Chapter 2
Viewers 1k

Chapter 2



ဖုယွမ်ကျိုးအနေဖြင့် "rut" ဟူသောအသုံးအနှုန်းကိုနားမလည်သေးသော်လည်း ယင်းက ကောင်းသည့်စကားလုံးမဟုတ်သည်မှာ သေချာ၏။ အထူးသဖြင့် သူ့အတွက်ပင်။ 


သူစိတ်နှင့်ကိုယ်ကပ်သွားပြီး ရှဲ့လင်ကိုအဝေးသို့တွန်းထုတ်လိုက်ချင်သော်လည်း ခေါင်းတစ်ခုလုံးလေးလံနေပြီး ခန္ဓာကိုယ်မှာလည်း စိတ်အလိုအတိုင်းမလိုက်နိုင်တော့ပေ။ 


အကြောင်းအရင်းမသိရသော်ငြား လေထုထဲမှဝိုင်အနံ့က ပို၍ပိုကာပြင်းထန်လာရင်း သူ့အနားတွင်ရစ်သီနေကာ အသေးငယ်ဆုံးသောမွှေးညှင်းပေါက်တို့အထိပင် စိမ့်ဝင်သွားခဲ့သည်။ 


ဖုယွမ်ကျိုးမှာ သိပ်မကြာခင် အသိကပ်နိုင်လိမ့်မည်ဟုထင်ခဲ့သည့်တိုင် ပို၍ပင်ယစ်မူးလာခဲ့သည်။ အရက်အလွန်အကျွံသောက်လိုက်မိသကဲ့သို့ပင် လည်ချောင်းများကခြောက်ကပ်လာကာ နဖူးတွင်ချွေးများဖြင့်ရွှဲစိုလာခဲ့၏။ 


"ရှဲ့လင်..." 


သူက သူငယ်ချင်းဖြစ်သူကို ခဲရာခဲဆစ်ခေါ်လိုက်စေကာမူ ထိုသူကိုကြည့်လိုက်မိချိန်တွင် တောင့်တင်းသွားရသည်။ 


ရှဲ့လင်မှာ အတိတ်ကဖြင့်ကွာခြားသွားခဲ့ချေပြီ။ ထိုသူက အပြစ်ရှာမရအောင်ချောမောသော်ငြား  သူ၏အေးတိအေးစက်စရိုက်ကြောင့် မျက်ခုံးများကပင် နှင်းမှုန်များဖြင့်ဖုံးလွှမ်းနေသလိုထင်ရပေသည်။ သူ၏အသားအရည်မှာလည်း ကျောက်စိမ်းပမာဖြူဝင်းနေကာ သူ၏မျက်လုံးက ည၏အမှောင်ထုပမာ မှောင်မိုက်လွန်းလှချေ၏။ 


သို့သော်လည်း ယခုအချိန်တွင် ရှဲ့လင်၏အမူအရာက အေးစက်မနေတော့ပေ။ သူက မျက်လွှာချ၍ ဖုယွမ်ကျိုး အားကြည့်နေခဲ့သည်။ နက်မှောင်နေသောမျက်လုံးများဖြင့် မျက်နှာမှာလည်းနီမြန်းနေပြီး အသက်ရှူသည့်အရှိန်မှာလည်း လျင်မြန်နေလေသည်။ သူ၏ဆွဲဆောင်နိုင်စွမ်းမှာ စကားလုံးများဖြင့်ပင်ဖော်ပြမရပေ။ 


သူက ဖုယွမ်ကျိုး၏ပါးပြင်ကို ကြမ်းတမ်းစွာပွတ်သပ်နေပြီး သူ၏လက်ချောင်းထိပ်ဖျားများမှာလည်း ပူပြင်းနေလေသည်။ ဖုယွမ်ကျိုးမှာထိတွေ့ခံလိုက်ရသည်နှင့် သူ့ထံသို့အပူကူးသွားသလို မျက်နှာတပြင်လုံးပူနွေးလာရလေ၏။ 


အနည်းငယ်မျှ ဆောက်တည်ရာမရဖြစ်နေပြီးမှ ဖုယွမ်ကျိုး၏ ကမ္ဘာကြီးအပေါ်ကန့်သတ်ထားသော နားလည်မှုအရ လေထုထဲမှဝိုင်နီအနံ့က ဝိုင်အနံ့ဟုတ်မနေဘဲ ရှဲ့လင်၏ဖယ်ရိုမုန်းပင်ဖြစ်ကြောင်း နားလည်သွားခဲ့ရသည်။ ရှဲ့လင်က အယ်လ်ဖာဖြစ်နိုင်ပြီး သူသည်လည်း ထိုဖယ်ရိုမုန်းကြောင့် သက်ရောက်မှုဒဏ်ကိုခံစားနေရခြင်းပင်။ 


ဖုယွမ်ကျိုးက မသိစိတ်အရ ပါးစပ်နှင့်နှာခေါင်းကိုအုပ်ကာ အလျင်စလိုဖြတ်တောက်လိုက်သည်။ သို့ထိတိုင် အယ်လ်ဖာ၏ဖယ်ရိုမုန်းက သူ၏လက်ချောင်းများကြားမှ ဝင်လာနေဆဲပင်။ သူ့အားဆွဲဆောင်နေပြီး ခြောက်လှန့်နေရင်း ရှဲ့လင်ထံမှအထိအတွေ့ကို ပိုပြီးတပ်မက်လာစေခဲ့သည်။ 


ဤခံစားချက်သည်ကား ဆိုးရွားလှချေ၏။ ရှဲ့လင်က သူ့အား သည်ရက်ပိုင်းအတွင်းအိမ်ကိုမလာရန် တားမြစ်ထားခဲ့သည့်အကြောင်းအရင်းကို နားလည်သွားပြီဆိုသော်လည်း နောက်ကျသွားခဲ့ပြီ။ ယခုတော့ သူ့ခမျာ ရှဲ့လင်၏လက်မောင်းထဲတွင် ချုပ်နှောင်ခံထားရပြီ။ 


ရှဲ့လင်၏မျက်လုံးများက မည်းမှောင်နေကာ လက်ချောင်းထိပ်ဖျားများက ဖုယွမ်ကျိုး၏ပါးပြင်တလျှောက်ကို ပွတ်သပ်နေရင်း နှုတ်ခမ်းများအရောက်တွင် ဖွဖွလေးဖိလိုက်သည်။ သူဘာမှမပြောရသေးသော်လည်း ထိုသူ၏လှုပ်ရှားမှုများက တိတ်တခိုး ရမ္မက်ထန်နေမှန်းသိသာနေလေ၏။ 


"ရှဲ့လင်...စိတ်အေးအေးထားပါကွာ..." 


ဖုယွမ်ကျိုးမှာ ချွေးအေးများထွက်လာချေပြီ။ ရှဲ့လင်ကို စိတ်လျှော့ထားရန် ကြိုးစားဖျောင်းဖျသော်လည်း သူ၏ဆန္ဒအတိုင်းဖြစ်မလာခဲ့ပေ။ ရှဲ့လင်က ဂရုမစိုက်ဘဲ သူ့ခါးပေါ်မှလက်သည်လည်း ဖယ်ရှားမသွားသေးပါချေ။ 


ဒီတိုင်းသာဆိုရင် တစ်ခုခုတော့ကျိန်းသေပေါက်ဖြစ်လာတော့မှာပဲ! 


ဖုယွမ်ကျိုးက ကြိုးစားပြီးရုန်းထွက်ကြည့်လိုက်သည်။ လေ့ကျင့်ထားသောကြောင့် သူ၏ကျွမ်းကျင်မှုကလည်း တော်ရုံတော့မဟုတ်ပါချေ။ သို့ပေသိ ယခုတော့ ရှဲ့လင်ကသာ သူ့ကိုချုပ်ထားသူဖြစ်နေခဲ့သည်။ ရှဲ့လင်၏မျက်နှာထားကအေးစက်နေသော်လည်း သူ့အနေဖြင့် ထိုသူကို မရိုက်နှက်ပစ်နိုင်ပေ။ 


သူကလေးအရွယ်တည်းက ရှဲ့လင်ကို မရိုက်ရက်ခဲ့ပေ။ ယခုမူ ထိုသူ၏ဖယ်ရိုမုန်းတစ်ခုတည်းဖြင့်ပင် သူ့ထံတွင် ရှိသမျှအားအင်များကို စုပ်ယူသွားခဲ့ပြီး ခုခံရန်မစွမ်းသာတော့ဘဲ ရှဲ့လင်၏အလွယ်တကူထိန်းချုပ်ခြင်းကိုခံလိုက်ရပြီဖြစ်၏။ 


ရှဲ့လင်က သူ့အား တံခါးဘောင်တွင်ဖိထားပြီး လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကိုဖိထားကာ ကျန်တစ်ဖက်က သူ့ခေါင်းကိုကိုင်ထားခဲ့သည်။ သူ့အား လုံးဝလှုပ်ရှားမရအောင် ချုပ်နှောင်ထားပြီး တိုးလျသည့်အသံဖြင့်ပြောလိုက်၏။ 


"ငါ heat တက်နေတာကိုမင်းသိတယ်...ဒါပေမဲ့မင်းကတော့ ဆေးလည်းသောက်မလာဘူး...ထိန်းချုပ်ရေးလည်ပတ်လည်းဝတ်မလာဘူး.." 


ထိုသူက ဖုယွမ်ကျိုး၏လည်ပင်းကိုဆုပ်ကိုင်ထားပြီး ပွတ်သပ်နေကာ လည်ပင်းအနောက်မှ ဂလန်းကို လက်ချောင်းလေးများဖြင့် ညင်သာစွာဖိလိုက်လေ၏။ အနှီသူကိုင်လိုက်သည့်အထိအတွေ့က ထူးခြားလွန်းနေပြီး ချိုမြသော မက်မွန်သီးရနံက တမဟုတ်ချင်းထွက်ပေါ်လာကာ ဖုယွမ်ကျိုး၏ကိုယ်လေးကတုန်ယင်လာခဲ့သည်။ 


"ဖုယွမ်ကျိုး..." 


ထိုသူသည် လေးနက်သည့်ခံစားချက်များဖြင့် သူ့အားကြည့်လာပြီး သူ၏အမည်ကိုခေါ်လာခဲ့၏။ 


"မင်းက ငါ့ဆီကိုဒီလိုပုံစံနဲ့ရောက်လာတာနော်?" 


"!.."


ဖုယွမ်ကျိုးမှာ အပြင်မထွက်မှီ လည်ပတ်ချွတ်ခဲ့မိခြင်းကို ယခုမှပင်နောင်တရလာလေပြီ။ သို့သော်လည်း သူရှဲ့လင်ကိုမရှင်းပြနိုင်ပေ။ ရှဲ့လင်က သူ့စကားကို မည်သို့ယုံကြည်ပါမည်နည်း။ 


သူ့ခမျာ ဤအခြေအနေမှလွတ်နိုင်မည့်နည်းလမ်းကို ရှာဖွေနေရသော်လည်း ရုတ်တရက် ရှဲ့လင်ကသူ့အားဆွဲလှည့်လိုက်ပြီး တံခါးပေါ်တွင်ဖိထားလိုက်သည်။ သူပင်မတုံ့ပြန်နိုင်သေးခင် ရှဲ့လင်က ရုတ်တရက် သူ့အနားကိုကပ်လာခဲ့ပြီး ဖိထားခဲ့ရင်း သူ၏ဝင်သက်ထွက်သက်က သူ့လည်ဂုတ်ထက်သို့ကျရောက်လာခဲ့၏။ ဖုယွမ်ကျိုး သူ၏လည်ဂုတ်ပေါ်တွင် စူးကနဲဖြစ်သွားသည့်နာကျင်မှုကိုခံစားလိုက်ရ၏။ 


"ရှဲ့လင်!!! မင်းခွေးလိုကောင်!!!" 


.... 


ရှဲ့လင်က ဆေးထိုးအပ်များပါသည့် အိတ်ကိုဖွင့်ပြီး ဖယ်ရိုမုန်းထိန်းဆေးကို သူ့လက်မောင်းထဲသို့ထိုးသွင်းပေးလိုက်သည်။ အိမ်ထဲရှိ လေထုတစ်ခုလုံးအပြည့် ဖြစ်နေခဲ့သည့် ဖယ်ရိုမုန်းအနံ့များမှာ တမဟုတ်ချင်းကင်းစင်သွား၏။ ဖုယွမ်ကျိုးက အိမ်တံခါးများအားလုံးကိုလိုက်ဖွင့်ပစ်လ်ုက်ပြီးနောက် ဝိုင်နီရနံ့များလည်းမရှိတော့ပေ။ 


သူက ဆေးထိုးအပ်ကိုလွှင့်ပစ်လိုက်ပြီး တစ်ရှူးကိုယူကာ နှုတ်ခမ်းထောင့်မှသွေးစများကိုသုတ်ပစ်လိုက်သည်။ သူ၏ ထင်ရှားသည့်မျက်ခုံးများမှာ အေးစက်နေဆဲဖြစ်သော်လည်း မျက်ခုံးပေါ်မှသွေးစများကြောင့် တမျိုးတမည်ဆွဲဆောင်မှုရှိနေသည်၊၊ အဝတ်အစားများမှာမူ မတိုင်ခင်က ကြုံတောင့်ကြုံခဲဖြစ်ရပ်ကြောင့် ရွဲ့စောင်းနေလေ၏။ ၎င်းတို့အားလုံးမှာ ဖုယွမ်ကျိုးကြောင့်ဖြစ်လာရခြင်းပင်။ 


အကိုက်ခံလိုက်ရပြီးနောက် ဖုယွမ်ကျိုးမှာဒေါသထွက်သွားခဲ့သော်လည်း ဤမျှပြင်းထန်သွားလိမ့်မည်ဟု ရှဲ့လင်မှာထင်မထားခဲ့ပေ။ ထိုသူကပြန်မတိုက်ခိုက်ခဲ့သလို ရှောင်လည်းမရှောင်ခဲ့။ သို့သော်လည်း ဖုယွမ်ကျိုးထံမှ အထိုးခံလိုက်ရလေသည်။ 


"မင်းကနေမကောင်းဖြစ်နေပြီး ငါ့ကိုလည်းကိုက်တယ်..." 


ဖုယွမ်ကျိုး လည်ပင်းကိုသပ်နေကာ နာကျင်၍ညည်းညူနေလေ၏။ ယခုလေးတင် သူ့လက်ပေါ်သို့ သွေးစစင်သွားသလိုပင်။ ရှဲ့လင်ဆိုသည့် အလိုက်ကမ်းဆိုးမသိသောကောင်က သူ့အားဤမျှနက်သည်အထိကိုက်ပစ်သည်။ 


သူ ရူးနေပြီလား။ ဘာလို့သူ့ကိုကိုက်ချင်ရတာလဲ၊ စားချင်နေတာလား?။ 


သူငယ်ချင်းကို နောက်တကြိမ်ပြန်တွေ့လိုက်ရသည့်ခံစားချက်ကြောင့် ရှဲ့လင်သူ့အားကိုက်ခဲ့ခြင်းကို ခွင့်လွှတ်ပေးလိုက်၏။ ဖုယွမ်ကျိုးက ထွက်မသွားသလို ဆူဆဲခြင်းလည်းမရှိ။ သူ့ခမျာ သုန်မှုန်နေသည့်မျက်နှာဖြင့်သာထိုင်နေရပြီး ရှဲ့လင်ဘေးတွင်လည်းဝင်မထိုင်ရဲ။ ထို့ကြောင့် တံခါးနားမှထိုင်ခုံပေါ်တွင်သာသွားထိုင်လိုက်ရသည်။ 


ဖုယွမ်ကျိုးက ရှဲ့လင်ကိုမကြောက်ပေ။ အယ်လ်ဖာဖယ်ရိုမုန်းကိုသာ ကြောက်နေရခြင်းဖြစ်သည်။ ယခုလေးတင် အိုမီဂါအနေဖြင့် အယ်လ်ဖာတစ်ယောက်၏ ဖယ်ရိုမုန်းအစွမ်းကို ကိုယ်တွေ့ကြုံလိုက်ရပြီးပြီမလား။ 


သေစမ်း...ရှဲ့လင်ကဘယ်လိုလုပ် အယ်လ်ဖာဖြစ်နေရတာလဲ..။ သူကျတော့အိုမီဂါတဲ့..။ တကယ် တစ်ခုခုမှားနေတာ မဟုတ်ဘူးလား။


ဖုယွမ်ကျိုးစိတ်ထဲတွင် မမျှတသလိုခံစားလိုက်ရသည်။ သို့တစေ ရှဲ့လင်က ရုတ်တရက်သူ့ထံလျှောက်လာနေသည်ကိုတွေ့လိုက်ရသည့်အခါ အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်လိုပင်။ သူသည်မတ်တပ်ရပ်လိုက်ကာ ရှဲ့လင်အားလက်ဝှေ့ယမ်းပြပြီးပြောလိုက်၏။ 


"မင်းအဲဒီမှာပဲရပ်ပြီးတော့ပြော..." 


ရှဲ့လင်က ထိုနေရာတွင်သာရပ်လိုက်ပြီး ဖုယွမ်ကျိုးကိုကြည့်လာသည်။ သူက ဖုယွမ်ကျိုးကိုကြည့်ရင်း သူ့ကိုယ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ကာ မသိစိတ်အရ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။ 


"မင်းက ပြောရမယ့်လူလေ..."ရှဲ့လင်က ပြန်လည်ချေပလာသည်။ " ခုကမင်းနဲ့ မဆိုင်လို့လား?" 


"ငါနဲ့ဘာဆိုင်လို့လဲ.." ဖုယွမ်ကျိုး စိတ်ရှုပ်ထွေးလာ၏။ 

"မင်းပြောချင်တာရှိရင်ဒဲ့ပြောလိုက်..." 


ရှဲ့လင်ကပြန်မေးလာသည်။ "မင်းငါနဲ့တွဲဖို့ သဘောတူလား..." 


ဖုယွမ်ကျိုး: "?" 


ဖုယွမ်ကျိုး: "မင်း တစ်ခါလောက် ထပ်ပြောကြည့်စမ်းပါ...ငါသေချာမကြားလိုက်ရလို့..မင်းကငါ့ကိုဘာကို သဘောတူစေချင်တာ...?" 


"ငါနဲ့တွဲ..." 

ရှဲ့လင်က သူ့အရှေ့တွင်မတ်တပ်ရပ်နေခဲ့သည်။ သူက ဖုယွမ်ကျိုးထက် စင်တီမီတာအနည်းငယ်ခန့်အရပ်ပိုရှည်နေခဲ့၏။ ဤအချိန်လေးမှာပင် သူက သူ၏မျက်လုံးထဲကိုစေ့စေ့ကြည့်လာခဲ့သည်။ 


"မင်းက လည်ပတ်မပါဘဲ ငါ့ဆီလာခဲ့တယ်..အဲဒါက အမှတ်အသားပေးစေချင်လို့ပဲ မဟုတ်ဘူးလား..." 


"....." 


ဖုယွမ်ကျိုး မှင်သက်သွားရချေသည်။ 


သူက ရှဲ့လင်ကိုအူကြောင်ကြောင်ဖြင့်ကြည့်နေမိပြီး ရှဲ့လင်ကလည်းသူ့ကိုပြန်ကြည့်နေကာ နှစ်ယောက်လုံးစကားမပြောမိကြပေ။ 


စက္ကန့်အနည်းငယ်ကြာသွားမှ ဖုယွမ်ကျိုး နောက်ပြန်ခုန်လိုက်မိပြီး သည်းထိတ်ရင်ဖိုအမူအရာဖြင့်မယုံကြည်နိုင်သလို အော်လိုက်မိလေ၏။ 


"မင်းရူးနေတာလား...မဟုတ်တာတွေပြောနေတယ်!" 


"မဟုတ်ဘူးလား..." 


"အဓိပ္ပါယ်မရှိတာ.." ဖုယွမ်ကျိုးမျက်နှာမှာ ရဲပတောင်းခတ်နေလေ၏။

"ငါကမင်းနဲ့ဘာလို့တွဲရမှာလဲ..." 


"ဘာလို့တွဲလို့မရတာလဲ..." 

ရှဲ့လင်ကလည်းသူ့အားပြန်မေးလာလေသည်။ 


သူသည်ကား အတည်မေးနေခြင်းဖြစ်ပြီး ဖုယွမ်ကျိုးအနေဖြင့်လည်း မဖြစ်နိုင်တာသေချာ၏။ မေးခွန်း၏အဖြေမှာ ထိုထက်မရှင်းလင်းနိုင်တော့ပေ။ 


သူ့ရဲ့သည်းခံနိုင်စွမ်းကို လာလာဆွရတာက ဒီလောက် ပျော်စရာကောင်းနေလို့လား။


သို့သော် ရှဲ့လင်ကမူ စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကိုရှာတွေ့သွားသလိုပင်။ ဖုယွမ်ကျိုး၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလာပြီး သူထွက်မသွားနိုင်အောင် တားလိုက်သေးသည်။ သူက သူ့အား အက်ရှရှအသံဖြင့်မေးလိုက်လေ၏။ 


"ငါ့ကိုဖြေ..." 


ဖုယွမ်ကျိုး၏အဖြေမှာ: "မင်းကယောကျ်ားလေး...ငါလည်းယောကျ်ားလေးပဲ..." 


"ဒီတော့...?" 


"ငါက gay မဟုတ်ဘူး..." 

ဖုယွမ်ကျိုး ဗလုံးဗထွေးဖြင့်ပြန်ဖြေလိုက်သည်။ 


သူ့အနေဖြင့် လိင်တူစိတ်ဝင်စားသူများအပေါ် ခွဲခြားဆက်ဆံခဲ့ခြင်းမရှိသော်ငြား ယင်းက သူကိုယ်တိုင်ကလည်း အတူတူဟူသည့်အဓိပ္ပါယ်မဟုတ်ချေ။  တစ်ဖက်လူမှာ သူ့သူငယ်ချင်းအရင်းကြီးဖြစ်နေခဲ့ပါက ပို၍ပင်ကျောချမ်းစရာကောင်းဦးမည်။ သူ့ဘက်မှ ဤဘဝတွင် ရှဲ့လင်အပေါ်ပြန်ပေးဆပ်ချင်လျှင်ပင် ဤသည်က သူ့ခန္ဓာကိုယ်ကိုရှဲ့လင်လက်ထဲသို့ ရောင်းစားမည်ဟုမဆိုလိုပေ။ 


ရှဲ့လင်၏အသံကမူ တည်ငြိမ်နေ၏။ 

"ငါရောပဲ...." 


"အဲဒါကိုဘာလို့ ငါနဲ့တွဲမလားဆိုပြီးလာမေးနေရတာလဲ..." 

ဖုယွမ်ကျိုး ထိုသူ့အား ဇဝေဇဝါမျက်လုံးနှင့်ကြည့်နေလိုက်သည်။ 


ရှဲ့လင်: "မင်းကအိုမီဂါ...ငါကအယ်လ်ဖာလေ...အဲဒါကျတော့ရော..?" 


ထိုစကားကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ စိတ်ထဲမှနေပြီး အနှီသူကိုပျစ်ပျစ်နှစ်နှစ်ဆဲရေးလိုက်မိ၏။ ယခုကမ္ဘာတွင် ပြောင်းလဲမှုများရှိနေခဲ့သည်ကို သူမေ့သွားခဲ့သည်။ လက်ရှိတွင် လိင်အမျိုးအစားကခြောက်ခုဖြစ်နေ၏။ ယောကျ်ားလေးအယ်လ်ဖာနှင့်ယောကျ်ားလေးအိုမီဂါက ချစ်ကြိုက်မရသည့်စည်းမျဥ်း မရှိပုံပင်...။ 


သူ ရှဲ့လင်စကားကိုမချေပတတ်တော့ပေ။ 


ဒါကဘာလဲ? အိုမီဂါဖြစ်လာပြီးတော့ မင်းရဲ့ညီအစ်ကိုကို ခံစားချက်အသစ်အဆန်းလေးပေးချင်လို့ဆိုပြီး ဘောင်းဘီချွတ်ပေးမလို့လား? 


ယခုအတိုင်းသာဆိုလျှင် သူသေသွားနိုင်ပြီး ရှဲ့လင်က သူ့အားအတင်းဖိအားပေးခဲ့သည်ရှိသော် ထိုသူနှင့်ဆက်ဆံရေးအားလုံးကိုဖြတ်တောက်ပစ်လိုက်မည်။ 


ဖုယွမ်ကျိုးက ယတိပြတ်ဖြေလိုက်၏။

"ငါ အယ်လ်ဖာတစ်ယောက်ကို ဘယ်တော့မှချစ်မိမှာမဟုတ်ဘူး...ငါ..ငါနောက်ကျရင် အိုမီဂါမိန်းကလေးကိုပဲလက်ထပ်မှာ..." 


သူပို့စ်တစ်ခုမြင်ခဲ့ရသည်။ လိင်ခြောက်မျိုးတွင် အိုမီဂါအစုက အစာကွင်းဆက်၏အောက်ဆုံးတွင်ရှိနေပြီ ၎င်းတို့ကိုထိန်းချုပ်ချင်လျှင် အမျိုးသမီးအိုမီဂါများအပေါ်တွင်သာ အခွင့်အရေးရှိမည်ဖြစ်ကာ အမျိုးသမီးဘီတာများဆိုလျှင်ပင် ပြောရန်ခက်ခဲလေသည်။ 


"....." 


ရှဲ့လင်၏အကြည့်များက မဆိုသလောက်ပြောင်းလဲသွားပြီး အတန်ကြာအောင်တိတ်ဆိတ်နေပြီးမှ တုံ့ပြန်လာ၏။ 


"ခုနပဲ မင်းကလိင်တူစိတ်မဝင်စားဘူးလို့ ပြောလိုက်တာမလား...?" 


ဖုယွမ်ကျိုး: "....." 


ဖာ့ခ်..ယောကျ်ားနဲ့မိန်းမကြားက ဆက်ဆံရေးတောင် လိင်တူဆိုပြီးဖြစ်သွားပြီ။ 


ဖုယွမ်ကျိုးသည်ကား ရယ်စရာကောင်းသည်ဟုခံစားလိုက်ရ၏။ သူရှဲ့လင်ကို နားလည်အောင်မရှင်းပြတတ်တော့၍ လက်ကိုသာ ယမ်းပြလိုက်ရတော့သည်။ 


"လည်ပတ်မဝတ်ခဲ့မိတဲ့ငါ့အမှားပါ..ပြီးတော့ မင်းကအဲဒါကိုအထင်လွဲသွားတယ်..ဒါပေမဲ့ ငါတို့နှစ်ယောက်ကတော့မဖြစ်နိုင်ဘူး..ငါမင်းနဲ့ညီအစ်ကိုတွေဖြစ်လာခဲ့တာကြာပြီလေ..မင်းကိုငါကဘယ်လိုလုပ်စိတ်ဝင်စားပါ့မလဲ..." 


ရှဲ့လင်က အသံတိတ်လျက် သူ့အား ကြည့်နေခဲ့သည်။ ဖုယွမ်ကျိုးကထိုသူကြောင့် ရှင်းမပြတတ်လောက်အောင် အာရုံနောက်သွားခဲ့ပြီး ဆင်ခြေပေးကာ ခပ်သုတ်သုတ်ထွက်ရန်ပြင်လိုက်သည်။ ရှဲ့လင်ကမူ တံခါးတွင်ကျောက်ရုပ်ကြီးနှယ်ရပ်နေကာ သူ့အားမတားခဲ့ပေ။ 


နောက်ထပ်ရက်အနည်းငယ်အထိ ဖုယွမ်ကျိုးမှာ ရှဲ့လင်နှင့်မတွေ့ဖြစ်ပေ။ ထိုနေ့ကဖြစ်ခဲ့သမျှကိုပြန်တွေးကြည့်တိုင်း သူမျက်နှာပူနေမိဆဲပင်။ 


ရှဲ့လင်ကသူ့အိမ်ကိုလာလည်ခဲ့သေးသော်လည်း ဖုယွမ်ကျိုးက ပုန်းနေခဲ့သည်။ သူ ရှဲ့လင်နှင့်မျက်နှာချင်းဆိုင်ပြီးစကားမပြောရဲသေးပေ။ သို့သော်လည်း အွန်လိုင်းပေါ်တွင်မူ စကားပြောဖြစ်နေကြသေးသည်။ ထိုနေ့က ကိစ္စအတွက် ရှဲ့လင်ကသူ့အားတောင်းပန်ခဲ့ပြီး ထိုရက်ပိုင်းအတွင်း ABO အကြောင်းကို သည်းကြီးမည်းကြီးရှာဖွေနေခဲ့သည့် ဖုယွမ်ကျိုးကမူ ရှဲ့လင်က သူ၏ဂုတ်ပေါ်ရှိဂလင်းကိုကိုက်ခဲ့ပြီး ဖယ်ရိုမုန်းဆေးထိုးပေးခဲ့ရသည့်အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ အနှီသူက သူ့အား ၎င်းအပိုင်ဖြစ်ကြောင်းယာယီအမှတ်အသားပေးလိုက်ခြင်းဖြစ်ပြီး ဖုယွမ်ကျိုးမှာဒေါသထွက်လွန်း၍ ဖုန်းကိုင်ထားရင်း ရှဲ့လင်ကို အသည်းနှလုံးထဲမှဆဲရေးနေလေတော့သည်။ 


ရှဲ့လင်မှ သူ့အားတောင်းပန်လာခဲ့ပြီး ဖုယွမ်ကျိုးကမူ ဘာမှပြန်မပြောလိုက်ပေ။ ထိုနေ့ကဖြစ်ခဲ့ရသည့်အကြောင်းအရင်း၏အဓိကတရားခံက သူပင်မဟုတ်ပါလား။ 


ဖုယွမ်ကျိုး ထိုနေ့က လည်ပတ်မဝတ်ဘဲ heat တက်နေသော ရှဲ့လင်ကိုသွားရှာခဲ့ပြီး ကိုယ့်သေတွင်းကိုတူးမိသည့် သူ့အပြစ်ကိုသာ အသိစိတ်လေးနှင့်ဖြည့်တွေးပေးလိုက်သည်။ သူ့အနေနှင့် မုဒိန်းကျင့်ခံရပြီး ဘဝဆုံးသွားနိုင်သည်ပင်။ 


မတော်တဆမဖြစ်ခဲ့လျှင်ပင် သူတို့နှစ်ယောက်က ထိုကိစ္စကို နောက်တကြိမ်ပြောကြတော့မည်မဟုတ်။ အထက်တန်းဒုတိယနှစ်နီးကပ်လာပြီဖြစ်၍ ဖုယွမ်ကျိုးက သူ့ဆံပင်ကိုအနက်ရောင်ပြန်ဆိုးလိုက်ရပြီး မိဘများနှင့်အတူ အိမ်တွင်နေကာ အထက်တန်းကျောင်းစာအုပ်ကိုပြန်လေ့လာကြည့်လိုက်သည်။


အထက်တန်းကျောင်းပြီးခဲ့သည်မှာ နှစ်မည်မျှကြာခဲ့ပြီပင်မမှတ်မိတော့။ ဖုယွမ်ကျိုး သင်ခန်းစာများကိုပင်မေ့နေပြီဖြစ်ပြီး အထက်တန်းကျောင်းတွင်လည်း စာကောင်းကောင်းမသင်ခဲ့မိပေ။ ထို့ကြောင့် သူပြန်လေ့လာရန်လိုအပ်နေသည်။ 


သို့ထိတိုင် သူသည် ယုံကြည်မှုအပြည့်ရှိနေ၏။ တကယ်လည်း သူကဉာဏ်ကောင်းသည်ပင်။ သူက အလယ်တန်းတတိယနှစ်အထိ  ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ အထက်တန်းဝင်ခွင့်ဖြေပြီးသည့်အခါ မြို့၏အကောင်းဆုံးကျောင်း ထျန်းချန်အမှတ်(၁) အထက်တန်းကျောင်းကိုဝင်နိုင်ခဲ့ပြီး စမ်းသပ်ရေးအခန်းကိုပင်ဝင်နိုင်ခဲ့သည်။ အထက်တန်းကျောင်းကိုဝင်ခဲ့ပြီး ကောင်းကောင်းလေ့လာထားလျှင် သူ၏အဆင့်များက ဘယ်တော့မှဆိုးမည်မဟုတ်တော့ချေ။ 


အနှီအခြေခံကောင်းခြင်းကြောင့် သင်ခန်းစာအများအပြားကိုမေ့သွားခဲ့သည့်တိုင် ဖုယွမ်ကျိုးသည် အခြေခံမှစပြီး ပြန်လှန်လေ့ကျင့်နိုင်သေးသည်။ 


ထိုနေ့ညက သူ စားပွဲတွင်ထိုင်ပြီး အရေးကြီးသည့်အရာများကိုမှတ်သားနေစဥ် ဘေးမှမိုဘိုင်းဖုန်းကအကြိမ်ရေအနည်းငယ်ခန့် တုန်ခါလာလေသည်။ သူဖုန်းကို ကိုင်လိုက်သည့်အခါ ရှဲ့လင်ကသူ့အား အသံမက်ဆေ့ချ်ပို့လာခြင်းဖြစ်ကြောင်းသိလိုက်ရလေ၏။ 


သူအသံမက်ဆေ့ချ်ကိုဖွင့်လိုက်ပြီး ရှဲ့လင်၏စကားပြောသံထွက်လာခဲ့သည်။ 


"ယွိဖေး တရုတ်ကိုပြန်လာတော့မယ်..." 


ဖုယွမ်ကျိုး၏ မျက်လုံးများက ရုတ်ချည်းအရောင်လက်သွားခဲ့သည်။ 


သူမေ့လုနီးပါးဖြစ်သွားခဲ့သည်။ သူ၏အရင်ကောင်မလေး ရှောင်ဖေးက တရုတ်ပြည်ကိုပြန်လာတော့မည်ပင်။