Chapter 15
Viewers 2k

Chapter 15



ဖုယွမ်ကျိုးမှာ စာကိုနှစ်ခါပြန်ဖတ်ပြီးမှ သူအမြင်မှားသွားခြင်းမဟုတ်ကြောင်း ယုံကြည်လိုက်နိုင်သည်။ ရန်ရှူးထန်က သူ့အားစာပြပေးရန် ကူညီမည်ဟု တကယ်ကြီးပြောလာခဲ့သည်။ 


ရန်ရှူးထန်ကိုသာသင်ခိုင်းလိုက်ရင်ရော... 


ဖြစ်နိုင်ချေများကို တွေးကြည့်လိုက်သည်၊၊ ဖုယွမ်ကျိုးမှာဆက်မတွေးရဲတော့ဘဲ မျက်နှာကိုလက်ဖြင့်ပွတ်သပ်မိလိုက်၏။ သူရန်ရှူးထန်၏အကျင့်ကိုမတွေးခဲ့ဖူးပေ။ ၎င်းက အခြားသူများကိုကူညီပေးစေကာမူ သူ့အပေါ်ကိုစိတ်ရှည်ပေးလိမ့်မည်မဟုတ်ဟုသာ တွေးခဲ့သည်။ ထိုသူက သူ့အား ခက်ခဲသည့်စာမေးပွဲမေးခွန်းများကိုထောက်ပြပေးပြီး ဤမျှလွယ်ကူသည့်မေးခွန်းကိုမဖြေနိုင်၍ ဝေဖန်လာလိမ့်မည်။ ထို့နောက် နှစ်ယောက်သား သေချာပေါက်စကားများကြလိမ့်မည်။ 


သို့သော်လည်း ရန်ရှူးထန်ကသူ့အားပြန်ကူညီပေးရုံသာဖြစ်ကြောင်းပြောခဲ့၍ ထိုသူကို ကောင်းကောင်းမွန်မွန်ပြန်ပြောသင့်သည သို့တစေ ဖုယွမ်ကျိုးမှာ ပြိုင်ဘက်ကိုဆရာမတင်နိုင်လေရာ ချက်ချင်းငြင်းပယ်လိုက်ရသည်။ 


"မနောက်စမ်းပါနဲ့ကွာ" 


"ငါနောက်နေတာမဟုတ်ဘူး" 


ရန်ရှူးထန်: "ငါကမင်းနဲ့စားပွဲတစ်လုံးတည်းအတူထိုင်ခဲ့ရတာလေ...မင်းရဲ့တွေးခေါ်ပုံနဲ့သင်ကြားပုံကို ငါသဘောပေါက်တယ်..မင်းရဲ့စာလုပ်တဲ့အပေါ်မူတည်ပြီး ငါလေ့ကျင့်ခန်းတွေစီစဥ်ပေးနိုင်ပါတယ်..ပြီးတော့ တတ်နိုင်ရင် အကုန်လုံးကျွမ်းကျင်သွားတဲ့အထိလုပ်ပေးမယ်" 


ယင်းကသူလိုချင်သည့်အရာမျိုးဖြစ်နေ၍ ဖုယွမ်ကျိုး ကျဥ်းကျပ်သွားပြန်သည်။ သို့သော်ငြား ရန်ရှူးထန်စကားကိုမယုံနိုင်သေးပေ။ 


"မင်းကငါ့ရဲ့စာလုပ်တတ်တဲ့ပုံကိုသိနေတာလား...မင်းနဲ့ငါအတူထိုင်တာဖြင့် ဘယ်နှရက်ရှိသေးလို့လဲ...စာသင်နေတဲ့အချိန် မင်းငါ့ကိုထိုင်ကြည့်နေတာမလို့လား" 


တဖက်က ခေတ္တမျှတိတ်ဆိတ်သွားပြီးပြန်စာမလာတော့ပေ။ 


အလိမ်ပေါ်သွားပြီ။ ဖုယွမ်ကျိုးမျက်ခုံးပင့်လိုက်မိ၏။ ရန်ရှူးထန်က သူ့အား စာကူလုပ်ပေးရန်မတွေမဝေပြောခဲ့သည့်တိုင် အကူအညီပြန်ပေးရန်ကြိုးစားရာတွင် အင်မတန်ခက်ခဲနေရှာသည်။ 


"အင်း" 

သို့သော် မကြာခင်မှာပင် ရန်ရှူးထန်ကစာပြန်လာလေသည်။ 

"ငါကမင်းကိုကြည့်နေခဲ့တာ" 


ဖုယွမ်ကျိုး: "?" 


သူသည်ကား စက္ကန့်အနည်းငယ်ကြာသည်အထိ ဖုန်းကိုင်ထားပြီးမှ သဘောပေါက်သွားခဲ့သည်။ ရန်ရှူးထန်က သူနှင့်အဆင်မပြေအောင်လုပ်ရန် သူ့အားကြည့်နေခဲ့ကာ လေ့လာနေခဲ့ပြီး သူ့အကြောင်းကိုသိလာရန် တလျှောက်လုံးအာရုံစိုက်နေခဲ့သည်။ 


ရန်ရှူးထန်က သူ့ကိုဒီလောက်ဒုက္ခပေးချင်နေတာတောင် သူဘာလို့သတိမထားမိရတာလဲ။ သူနှင့်ရန်ရှူးထန်တို့က သုံးနှစ်ကြာအောင် ပြိုင်ဖက်တွေဖြစ်ခဲ့ကြပြီး ရန်ရှူးထန်ကိုချုပ်ကိုင်ရန်ကြိုးစားရာတွင် သူကသာရှုံးနိမ့်ခဲ့ရသည်။ ပြန်တွေးကြည့်လျှင် သူ့ဘက်မှအနှီသူကို သတိမထားခဲ့မိသည်မှာအမှန်ပင်။ 


ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူပြန်လည်သုံးသပ်ပြီး နောင်တွင်ရန်ရှူးထန်အပေါ် ပိုပြီးအာရုံစိုက်ရန်ဆုံးဖြတ်ချက်ချလိုက်၏။ နောက်တကြိမ်ပြန်လည်မွေးဖွားလာမည်ဆိုလျှင်ပင် သူရန်ရှူးထန်နှင့် ဤပုံစံအတိုင်းရန်မဖြစ်ချင်ပေ။ ထို့အပြင် သူတို့နှစ်ယောက်၏ဆက်ဆံရေးကတိုးတက်လာပုံရသော်ငြား အဖက်ဖက်က အသင့်ပြင်ထားသင့်သည်။ 


"မင်းကဒီလိုပြောလာမှတော့...ငါလက်ခံတယ်"

ဖုယွမ်ကျိုး တွေဝေမနေတော့ဘဲ ဆုံးဖြတ်လိုက်လေ၏။ 

"ဒါပေမဲ့ မင်းငါ့ကိုသေချာမသင်ပေးရင်ဖြစ်ဖြစ် အမြဲဖုန်းခေါ်ရင်ဖြစ်ဖြစ်..ငါ့ဘက်ကရပ်လိုက်မှာနော်" 


"အိုကေ" 


ရန်ရှူးထန်ကလည်း စာပြန်ပို့လာသည်။ ဖုယွမ်ကျိုးက သူနှင့်စာသင်ကြားမည့်အတန်းချိန်ကိုညှိနှိုင်းပြီး နောက်တစ်ပတ်တွင်စသင်ရန်ဆုံးဖြတ်လိုက်ကြသည်။ ရန်ရှူးထန်က ယခုတစ်ပတ်အတွက် လေ့ကျင့်ခန်းများကိုပြင်ဆင်ပေးပြီး ဖုယွမ်ကျိုးအတွက် မှီငြမ်းစာအုပ်များကိုလည်းစာရင်းလုပ်ပေးမည်ဖြစ်၍ အချိန်ရတိုင်း သူပြန်လေ့လာနိုင်လိမ့်မည်။ 


စာအုပ်များတွင် နှစ်အုပ် သုံးအုပ်ခန့်က ဖုယွမ်ကျိုးဝယ်ထားသည့်စာအုပ်များပင်။ ၎င်းကိုကြည့်ရုံနှင့် ရန်ရှူးထန်က ပြီးစလွယ်ပြောခဲ့ခြင်းမဟုတ်ဘဲ သူ၏လေ့လာပုံကိုနားလည်ထားကြောင်းသိနိုင်သည်။ သူမအံ့ဩဘဲမနေနိုင်တော့ပေ။ မမျှော်လင့်ဘဲ ရန်ရှူးထန်က အဆိုပါအခြေခံစာအုပ်သုံးအုပ်ကို ဂရုတစိုက်ပြင်ဆင်ပေးခဲ့သည်။ ဒါက သင်ယူခြင်းနတ်ဘုရားတွေရဲ့ သဘာဝအလေ့အထများလား။ ခက်ခဲတဲ့အပိုင်းတွေ အဓိကအပိုင်းတွေနှင့် အခြေခံပိုင်းတွေအကုန်လုံးက သူ့ဦးနှောက်ထဲမှာ အလိုအလျောက်ရှိနေတာများလား။ 


သို့သော်လည်း သူနှင့်အတူ စာလုပ်ပေးမည့်အဖော်ရှိလာပြီဖြစ်၍ ဖုယွမ်ကျိုးပျော်ပါသည်။ တစ်ပတ်ကုန်သွားပြီဖြစ်၏။ထို့နောက် ကျောင်းကိစ္စအတွက် ယွိဖေးအား သူ့အမေမှ ခေါ်ဆောင်သွားခဲ့သည်။ ထိုရက်များအတွင်း သူတို့တွေ့ဆုံရန် မသေချာသသည့်အတွက် ဖုယွမ်ကျိုးတစ်ယောက် စိတ်အေးသွားခဲ့ရသည်။ 


သို့သော်လည်း ရှက်စရာကောင်းသည့်အခိုက်အတန့်လေးက ရောက်လာနေဆဲပင်။ တနင်္လာနေ့ရောက်သည့်အခါ ဖုယွမ်ကျိုးမှာ ရှဲ့လင်နှင့်ယွိဖေးတို့ညီအစ်ကိုနှစ်ယောက်နှင့်အတူ ကျောင်းသွားရတော့သည်။ ဤတစ်ကြိမ်တွင်မူ သူလုံးဝသည်းမခံနိုင်တော့၍ အရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။ အနည်းဆုံးတော့ ထိုနှစ်ယောက်၏မျက်နှာကိုကြည့်နေရရန်မလိုတော့ပေ။


ယွိဖေး အထက်တန်းပထမနှစ်ကိုရောက်လာသည်နှင့် တကျောင်းလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ ဖုယွမ်ကျိုး မျှော်လင့်ထားခဲ့သည့်အတိုင်းပင်။ ဤမျက်နှာလေးနှင့် ယွိဖေးကိုသတိမထားမိသူ မည်သူများရှိပါမည်နည်း။ 


သည်တင်မကသေးဘဲ ယွိဖေးက အထက်တန်းဒုတိယနှစ်တွင်လည်း နာမည်ကြီးနေသေးသည်။ အကြောင်းမှာ အတန်းခွဲ ၇ ကို တစ်နေ့သုံးကြိမ်ရောက်လာပြီး ဖုယွမ်ကျိုးနှင့်လာကစားနေသောကြောင့်ပင်။ သူဒုတိယနှစ်တွင်ပေါ်လာသည်နှင့် အားလုံးကသူ့ကိုမှတ်မိနေကြလေပြီ။ 


"အစ်ကိုယွမ်...မင်းကအရမ်းလန်းတာပဲ!" 


အတန်းဖော်ကောင်လေးများက ဖုယွမ်ကျိုးကို ဝိုင်းလှော်ကြသည်။ 


"သူကအလှလေးပဲကွ..." 


ဖုယွမ်ကျိုးကလည်း ရည်ရွယ်ချက်နှင့်မေးကြည့်လိုက်၏။ 


"ဒါကြောင့်...ငါ့ကိုလေးစားနေကြတာလား..." 


"အရမ်းချောတာပဲဗျာ..." 


ကောင်လေးများက ခေါင်းညိတ်ပြလာကြသည်။ သို့သော် ၎င်းတို့အားလုံးက ရုတ်တရက် ခေါင်းလေးများပုသွားကြပြီး နေ့တိုင်းနောက်ကျတတ်သည့်ယွမ်ယဲ့က ပြုံးပြုံးလေးမေးခွန်းထုတ်လာလေသည်။ 


"ဘယ်သူကချောတာလဲ..." 


"အာ...အစ်ကိုယဲ့..ဘာလို့အခုမှလာတာလဲ...နေ့လည်တောင်ရောက်နေပြီလေ..." 


ကောင်လေးများက ယွမ်ယဲ့ကိုလည်း ထိုအတိုင်းသာခေါ်ပြောကြသည်။ ယွမ်ယဲ့ကျောင်းပြောင်းလာသည်မှာမကြာသေးသည့်တိုင် ရုပ်ချောနေ၍ အတန်းဖော်များနှင့် အမြန်ဆုံးသူငယ်ချင်းဖွဲ့နိုင်ပြီး ထိုနည်းအတိုင်းသာခေါ်ပြောခဲ့ကြသည်။ 


"ငါရှင်းစရာလေးရှိနေလို့.." 


ယွမ်ယဲ့က ရယ်မောနေရင်းပြန်ဖြေလာသည်။ 


"ငါမလာချင်ဘူး..ဒါပေမဲ့ နေ့လည်ကျရင် ရေကူးရမယ့်အတန်းရှိသေးလို့ လာလိုက်တာ..." 


လူတိုင်း ဆွံ့အကုန်ကြသည်။ သူတို့က စာသင်ရန်လာခဲ့ကြသော်လည်း အနှီသူကမူ ရေလာကူးသည်တဲ့လေ။ သူတို့ကိုအရှက်ခွဲနေတာလား။ 


"မင်းဘာဖြစ်လာတာလဲ..." 

ထိုစကားကြားလိုက်ရ၍ ဖုယွမ်ကျိုးခေါင်းငုံ့ပြီး တီးတိုးကပ်ပြောလိုက်သည်။ 

"ဟိုတစ်ခါ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့လူတွေ မင်းကိုလာရှာပြန်ပြီလား..." 


"မဟုတ်ပါဘူး..." 

ယွမ်ယဲ့ တိုးတိုးလေးပြန်ဖြေပြီး ပြုံးလိုက်သည်၊ အနှီသူ၏ရင်ဘတ်လှုပ်ရှားမှုကမြန်ဆန်နေပြီး စကားပြောလာသည့်အသံကလည်း ဆွဲဆောင်မှုအပြည့်။ 

"ပြိုင်ပွဲတစ်ခုရှိလို့ ငါဝင်ပြိုင်နေတာ..." 


"နိုင်ခဲ့လား..." 


ဖုယွမ်ကျိုးကလည်း ပြန်မေးလိုက်၏။ 


"နိုင်ခဲ့တာပေါ့..." 

ယွမ်ယဲ့မျက်ခုံးပင့်လိုက်၏။

"ငါဘယ်သူလဲ မင်းမသိဘူးလား..." 


ဖုယွမ်ကျိုးကလည်း ခေါင်းညိတ်ပြလိုက်သည်။ ယွမ်ယဲ့က ဂိမ်းကစားသည့်အပိုင်းတွင်တော်သည်။ မဟုတ်လျှင် ပရိုဖက်ရှင်နယ်ကစားသမားဖြစ်လာရန် ရည်ရွယ်ခဲ့မည်မဟုတ်ပေ။ 


"ငါပြောတာကိုမမေ့နဲ့နော်...အဲဒီလူတွေနောက်တခါလာရှာရင် ငါ့ကိုပြော..." 


"အိုကေ..." 

ယွမ်ယဲ့ ပြုံးပြလိုက်ပြီး ခေါင်းစဥ်လွှဲလိုက်သည်။ 

"မင်းတို့ခုနက အထက်တန်းကျောင်းသားတစ်ယောက်အကြောင်းပြောနေတာကို ငါကြားလိုက်တယ်...ယောကျ်ားလေးလား...မိန်းကလေးမဟုတ်ဘူးလား.." 


"....." 


ဖုယွမ်ကျိုး အသည်းကွဲသွားခဲ့သည်။ အစောပိုင်းက ယ်ွိဖေးနှင့်စကားပြောနေသည့်အချိန် ထိုသူက သူမ၏လိင်အမျိုးအစားကို မမေးခဲ့၍ သူသည် ၎င်းကမိန်းကလေးဖြစ်ကြောင်းကိုသာ ယွမ်ယဲ့အား တရားသေပြောထားခဲ့သည်။ 


"လွဲနေတာရှိတယ်...ငါမှားပြောမိတာ...သူကယောကျ်ားလေး..." 


"အယ်လ်ဖာလား..." 


ယွမ်ယဲ့က စိတ်ရွှင်နေသည့်အပြုံးလေးဖြင့် နောက်ပြောင်လေတော့၏။ 


"မင်းရဲ့အိုမီဂါနဲ့စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေးတော့ ပျက်စီးပြီ..." 


"ငါဘယ်တုန်းကစိတ်ကူးယဥ်လို့လဲ!" 


ဖုယွမ်ကျိုးမှာ စိတ်လည်းဆိုးသလို ရှက်လည်းရှက်နေမိသည်။ 


"အေးပါ..မင်းစိတ်ကူးမယဥ်ပါဘူး..ငါမှားတာပါ..."

ယွမ်ယဲ့က သူ့အားရယ်မောပြီးချော့ပြောလာသည်။ "နေ့လည်ကျရင် ရေကူးသင်တန်းရှိတယ်..မင်းရေကူးတတ်လား..." 


"ကူးတတ်တာပေါ့ဟ..." 


ယုံကြည်ချက်ရှိရှိနှင့် ဖုယွမ်ကျိုးပြန်ဖြေလိုက်သည်။ သူ့ကိုယ်သူရေကူးညံ့သည်ဟု မပြောခဲ့ဖူးပေ၊၊ ငယ်စဥ်ကဆိုလျှင် ရေကူးပြိုင်ပွဲများ၌ ဆုကြီးများအပါအဝင် ဆုများပင်ရခဲ့ဖူးသည်။ 


"ပြိုင်မလား..." 


ယွမ်ယဲ့: "နေ့လည်ကျရင်ပြိုင်ကြမယ်လေ..." 


"ရေကူးပြိုင်မှာလား..." 


ဖုယွမ်ကျိုးတွန့်သွားလေသည်။ သူက ထိုးကြိတ်တာကိုပြိုင်မယ်လို့ပြောတာမဟုတ်ဘူးလား။ ဘာလို့ရေကူးပြိုင်မယ်ဆိုပြီးဖြစ်သွားပြန်တာလဲ။ 


ယွမ်ယဲ့က သူ့အတွေးများကိုသိသွား၍ ပြောလိုက်လေ၏။ 

"ငါမင်းကိုတကယ်မတိုက်နိုင်ပါဘူး..ငါရှုံးလိမ့်မယ်..." 


ထိုစကားကြောင့် ဖုယွမ်ကျိုး ပျော်သွားလေသည်။ "ငါကမင်းထက်ပိုတော်တယ်လို့ထင်လို့လား.." 


"ဒါပေါ့..." 

ယွမ်ယဲ့ကပြုံးကာ ဆို၏။ 


"ငါကမင်းနဲ့တိုက်ခိုက်ရရင်တွန့်ဆုတ်နေတာ...မင်းပဲငါ့ကိုအမှောက်သိပ်နိုင်တာလေ...ဒါကြောင့် မင်းပဲနိုင်မှာပေါ့..." 


ဖုယွမ်ကျိုးဒေါသထွက်သွားခဲ့သည်။ 


"ငါပဲနိုင်မယ်လို့ဘယ်သူပြောတာလဲ...ငါ့အတွက်မလိုဘူး.." 


ယွမ်ယဲ့: "နောက်တစ်ချက်ရှိသေးတယ်...ငါတို့တိုက်ကြတဲ့အချိန်ဆို မင်းကငါ့ကိုဖယ်ရိုမုန်းမထုတ်ခိုင်းဘူးလေ...အဲဒါအရမ်းခက်တာပဲ...အယ်လ်ဖာတွေက မထင်ထားတဲ့အချိန်မှာ ဖယ်ရိုမုန်းထုတ်မိနိုင်တာပဲလေကွာ..." 


ထိုသူသည်ကား ဗရုတ်ကျမည့်အပြုံးဖြင့်ပြောလိုက်ပါ၏။ 


"အဲဒီပုံစံနဲ့မင်းလည်း မတိုက်ချင်ဘူးမလား...ဒါမှမဟုတ် တိုက်ခိုက်နေတုန်း စိတ်ကြွလာပြီး ငါ့ရင်ခွင်ထဲရောက်ချင်လို့လား..." 


"....."


ဗြုန်းစားကြီး ဖုယွမ်ကျိုးတစ်ယောက် အရှိုက်ထိအောင် စော်ကားခံလိုက်ရပြီ။ 


ယွမ်ယဲ့: "ရေကူးတာက မျှတပြီးလုံခြုံပါတယ်...ဘယ်လိုလဲ...လက်ခံလား..." 


"ဒါဆိုလည်း ရေကူးပဲပြိုင်ကြတာပေါ့.." 


ဖုယွမ်ကျိုး တွေးတောချင့်ချိန်နေပြီးနောက် လက်ခံလိုက်သော်လည်း ယခင်က ယွမ်ယဲ့နှင့်ရေကူးမပြိုင်ဖူး၍ ဘယ်သူကပိုသာမှန်းမသိကြပေ။ 


နေ့လည်ပိုင်းတွင် လူတိုင်းကရေကူးသင်တန်းကို စိတ်ဝင်စားနေကြသည်။ ပထမနှစ်ဝက်တွင် ရေကူးသင်တန်းချိန်ကိုထားပေးရခြင်းက အမှတ် ၁ အလယ်တန်းကျောင်း၏ ထုံးစံဟောင်းပင်။ ကျောင်းချိန်ပထမအပတ်တွင် စာရင်းအင်းနှင့် ကိုယ်ကာယအတန်းချိန်များရှိတတ်သည်။ဤပထမနှစ်ဝက်တွင် သူတို့သည် ပထမဆုံးအကြိမ်အဖြစ် ရေကူးသင်တန်းကိုတက်ရောက်ရမည်ဖြစ်၏။ 


လိင်အမျိုးအစားခွဲခြားထားခြင်းကြောင့် အဝတ်လဲခန်းကို ယောကျ်ားလေးနှင့်မိန်းကလေးခွဲပေးထားပြီး အခန်းငယ်လေးများသီးသန့်ခွဲပေးထားသည်။ ရေချိုးခန်းကိုလည်း အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါခွဲပေးထား၍ လိင်နှစ်မျိုးကြောင့် အခက်မတွေ့နိုင်တော့ပေ။ 


ဖုယွမ်ကျိုး ရေကူးဝတ်စုံနှင့် ရေကာမျက်မှန်ကိုဝတ်လိုက်သည်။ ထို့နောက် လော့ခ်ကာခန်းထဲမှထွက်ကာ ရေကူးကန်ကိုလာခဲ့သည်။ 


ယွမ်ယဲ့က ပျင်းတွဲနေပုံဖြင့် ကန်ဘေးတွင်ထိုင်နေခဲ့သည်။ သူထွက်လာသည်ကိုမြင်သည့်အခါ ဖျတ်ကနဲကြည့်ပြီးပြုံးလာ၏။ 


"မင်း ကိုယ်ကကြည့်ကောင်းတာပဲ..." 


ဖုယွမ်ကျိုးက မျက်ခုံးပင့်လိုက်ပြီးစကားမပြောလာပေ။ သူ့ထံတွင် သွယ်လျသည့် ခြေတံရှည်များရှိသည်။ ခါးမှာအနေတော်ဖြစ်ပြီး သွယ်လျကောင်းမွန်သည့်ခန္ဓာကိုယ်ပုံစံရှိကာ ချောမွတ်သည့်အသားအရည်ပေါ်တွင် ကြွက်သားအစင်းများကို ခပ်ဖျော့ဖျော့မြင်တွေ့နိုင်သည်။ 


ယွမ်ယဲ့ မတ်တပ်ရပ်လိုက်၏။ သူ၏ခန္ဓာကိုယ်ကလည်း ဖုယွမ်ကျိုးထက်မဆိုးပေ။ ရင်ဘတ်ရှိကြွက်သားများနှင့် ကြွက်သားအချောင်းရှစ်ခုက သိသာထင်ရှားနေသည်။ တချက်ကြည့်ရုံဖြင့် ကာလရှည်လေ့ကျင့်ခန်းလုပ်ထားမှန်းသိနိုင်ပြီး အလွန်အကျွံလုပ်ထားခြင်းလည်းမဟုတ်ပေ။ စွမ်းအားပြင်းအလှနှင့်ဆွဲဆောင်မှုရှိသည့်ပုံစံပေါ်လွင်နေလေသည်။ 


အတန်းထဲတွင် ရေကူးနိုင်သူနှင့် ရေအနက်ထဲအထိဆင်းရဲသည့်သူ အနည်းငယ်သာရှိသည်။ ထို့ကြောင့် မီတာအနည်းငယ်သာနက်သည့်ကန်အနားတွင် လူအုံနေ၏။ နည်းပြကသူတို့ကိုသွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းထားသည်။ ဖုယွမ်ကျိုးက မတိုင်ခင်တည်းကသွေးပူလေ့ကျင့်ခန်းလုပ်ထား၍ ခြေထောက်ကိုဖိကာ ခါးကြောကိုဆန့်ထားလိုက်သည်။ 


သူခါးကိုင်းလိုက်ချိန်တွင် ယွမ်ယဲ့က သူ့အနောက်တွင်ရပ်ကြည့်နေခဲ့သည်။ ကျောဘက်မှဖိအားကြောင့် ခြေထောက်နှစ်ချောင်းက အလွန်တရာမှသွယ်လျလှပနေသယောင်ရှိ၏။ ကိုယ်ကျပ်ရေကူးဘောင်းဘီကြောင့် တင်ပါးနှစ်ဖက်ကတင်းရင်းစွင့်ကားနေသည်။ ၎င်းတို့က လုံးကျစ်နေပြီး ကိုက်ဆွဲချင်စရာပင်။ 


"....." 


ယွမ်ယဲ့က လှုပ်နေရာမှရပ်သွားလေ၏။ 


နည်းပြက ကိုယ်လက်လှုပ်ရှားမှုအတွက် အားလုံးကို မီတာနှစ်ရာကူးခိုင်းပြီး ထို့နောက်မှ ကိုယ်တိုင်လေ့ကျင့်စေခဲ့သည်။ 


ထိုအခိုက် ဖုယွမ်ကျိုးက မတ်တပ်ရပ်လိုက်သည်။ သူ့ရေကူးဘောင်းဘီက အနည်းငယ်ကျပ်နေသလိုခံစားရသောကြောင့် လျှော့ရန်ကြိုးစားလိုက်၏။ ဘောင်းဘီကိုပြန်ပြင်လိုက်သည့်အခါ "ဖောက်" ဆိုသည့်အသံကြောင့် သူ၏ပေါင်ကြားမှအရာက မသိမသာတုန်ယင်သွားလေ၏။ 


........ 


သွေးပူလေ့ကျင့်ခန်းမှာ ဘာမှမသိလိုက်ခင် ပြီးစီးသွားခဲ့သည်။ 


နည်းပြက ကိုယ်လက်လှုပ်ရှားမှုအတွက် အရင်ဆုံးမီတာနှစ်ရာရေကူးခိုင်းပြီးမှ ကိုယ်တိုင်လေ့ကျင့်စေသည်။ 


ဖုယွမ်ကျိုးမှာ အမြန်ပြီးချင်ပြီး ယွမ်ယဲ့နှင့်ပြိုင်ချင်နေ၏။ ထို့ကြောင့် တုံ့နှေးမနေဘဲ ရေထဲသို့ဒိုင်ပင်ပစ်ဆင်းသွားပြီး ရေကူးကန်ထဲတွင် ငါးတစ်ကောင်လိုကူးခတ်သွားခဲ့သည်။ သူသည်ကား ဖရီးစတိုင်ရေကူးသမားဖြစ်ပြီး ကူးခတ်သွားပုံက လှပမြန်ဆန်၏။ ၎င်းက အထူးတလည်မျက်စိပသာဒဖြစ်နေစေသည်။ လူတိုင်းကန်အနားတွင်ရပ်နေပြီး သူရေကူးသွားပုံကိုကြည့်နေကြ၏။ 


"ဟူး...." မီတာနှစ်ရာကို အသက်တစ်ခါရှူချိန်အတွင်း ကူးလိုက်ပြီး ဖုယွမ်ကျိုးက ရေထဲမှတက်လာကာ ရေကူးကန်အစွန်းနားတွင်လှဲရင်း အမောဖြေနေလေ၏။ လူတိုင်း၏ရှုထောင့်မှကြည့်လိုက်လျှင် သူ၏ကျောပြင်ကိုသာမြင်ရနိုင်သည်။ 


သူသည် ရေကာမျက်မှန်ကိုချွတ်ပစ်ပြီး ရေတစက်စက်ကျနေသည့်ဆံပင်များက အနက်ရောင်လည်ပတ်ကိုစိုသွားစေသည်။ ၎င်းတို့က လည်ပင်း၊ ပုခုံးသားမှတဆင့် ဖြူဖွေးနေသည့်ကျောအောက်အထိလိမ့်ဆင်းသွားခဲ့၏။ လိပ်ပြာတောင်ပံရိုးမှာ လှုပ်ခါနေပြီး သူ၏အမောတကောအသက်ရှူသံကို ကြားနိုင်သည်။ အားလုံး၏မျက်နှာများကရှက်သွေးဖြာနေပြီး နှလုံးသားထဲတွင်တူညီသည့်စကားကိုတွေးမိနေသော်လည်း တစ်ယောက်မှထုတ်မပြောရဲပေ။ 


အရမ်း...ဆွဲဆောင်မှုရှိတယ်.... 


"ဗွမ်း..." 


ရုတ်တရက် ရေစက်များလွင့်စင်လာသည်။ ရေကူးကန်ထဲသို့ခုန်ချလာသူမှာယွမ်ယဲ့ဖြစ်ပြီး ဖုယွမ်ကျိုး၏အနောက်မှပေါ်လာကာ တခြားသူများ၏မြင်ကွင်းကိုကွယ်သွားစေသည်။ 


သူ့အနောက်မှလှုပ်ရှားသံကြောင့် ဖုယွမ်ကျိုးခေါင်းလှည့်လိုက်မိပြီး ယွမ်ယဲ့ကိုပြေးဖက်မိလုနီးပါးဖြစ်သွားခဲ့သည်။ ယွမ်ယဲ့ကသူနှင့် ဤမျှနီးကပ်နေလိမ့်မည်ဟုမထင်ခဲ့မိပေ။ 


"မင်းပထမတစ်ခါရေကူးပြီးပြီဆိုတော့ ငါတို့ပြိုင်လို့ရပြီလား..."


ဖုယွမ်ကျိုးက ယွမ်ယဲ့ကိုလှည့်ကြည့်ပြီး သည်အတိုင်းသာပြောလိုက်ခြင်းပင်။ ထိုသူသည်ကား ပြုံးရယ်မနေဘဲ သူ့ကိုသာစေ့စေ့ကြည့်နေခဲ့၏။ မျက်လုံးများကခက်ထန်နေကာ အန္တရာယ်ရှိသည့်ပုံစံပေါ်နေခဲ့သည်။ 


ထိုသူသည် ရုတ်တရက် ဖုယွမ်ကျိုး၏ခါးကိုအားဖြင့်လှမ်းဆွဲလာပြီး အက်ရှသည့်အသံဖြင့်စကားပြောလာ၏။ အဆုတ်ထဲမှထွက်လာသည့်လေများမှာ ပူပြင်းလွန်းနေခဲ့သည်။ 


"မင်းတကယ်ပဲ အယ်လ်ဖာတွေရဲ့စိတ်ကိုစမ်းလိုက်တာပဲ..." 


အယ်လ်ဖာတွေစိတ်ကဘာလဲ.. 


၎င်းက အိုမီဂါများကိုသိမ်းပိုက်ချင်သည့် ပြင်းပြသောဆန္ဒတစ်စုံပင်။ 


လတ်ဆတ်သည့်ပူရှိန်းအနံများကသိပ်သည်းလာပြန်သည်။ အနည်းငယ်လောက်လေးနှင့်ပင် ဖုယွမ်ကျိုးအနံ့ရနိုင်သော်လည်း မှားယွင်းနေမှုကိုသတိမထားမိပေ။ ထိုအစား သူ၏မျက်လုံးများသာတောက်ပလာသည်။ ယင်းက ယွမ်ယဲ့ သူ့ကိုအတုခိုးပြီးလုပ်ခြင်းဖြစ်မည်ဟုတွေးလိုက်ပြီး ယွမ်ယဲ့ကိုပိုပြီးခြိမ်းခြောက်လိုက်သည်။ 


သူသည် ယွမ်ယဲ့ကိုလှောင်ပြုံးပြုံးပြလိုက်၏။ 


"မင်းငါ့ကိုနိုင်မယ်ထင်နေတာလား...အခုမှတော့ နောင်တမရနဲ့နော်..." 


"ငါနောင်တရပြီ...မင်းနဲ့ပြိုင်မိလို့တော့မဟုတ်ဘူး..." 


ယွမ်ယဲ့ကရယ်လိုက်ပြီး လက်ချောင်းလေးများက အနည်းငယ်ချော်သွားခဲ့သည်။ သူသည် ဖုယွမ်ကျိုး၏လက်ချောင်းလေးများကိုဆုပ်ကိုင်မိပြီး ရေကာမျက်မှန်ကိုချွတ်လိုက်၏။ 


ထို့နောက် ဖုယွမ်ကျိုး၏နားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ 


"မင်းနဲ့နောက်တစ်မျိုးမလောင်းမိလို့ နောင်တရမိတယ်..." 


ဥပမာ ငါ့ကိုဖက်ပြီးနမ်းတာမျိုး