Chapter 23
Viewers 2k

♎️Chapter 23




ဖုယွမ်ကျိုးမှာ ကိုယ်လေးကိုကျုံ့ထားရင်း ​ကြမ်းပြင်ပေါ်တွင်ဆောင့်ကြောင့်ထိုင်ကာ အသံတစ်သံမှမထွက်မအောင်တင်းခံထားရသည်။ 


သူ၏ပြင်းထန်လှသည့်အသက်ရှူသံကို သူကိုယ်တိုင်ပြန်ကြားနေရပြီး သွေးတို့က သူ့ကိုယ်ထဲတွင်ပွက်ပွက်ဆူနေခဲ့သည်။၎င်းတို့စီးဆင်းနေသည့်အသံကိုပင်ကြားနေရသယောင်။ 


သူသည်ကား တံတောင်ကိုအရာထင်သည်အထိကိုက်လိုက်သည့်တိုင် အဖျားတက်နေသည့်နှယ် နာကျင်မှုတစိုးတစိပင်မခံစားရပေ။ ပြင်းထန်လှသည့်အပူရှိန်က သူ၏ပင်မအာရုံခံသွေးကြောမျှင်လေးများကို ပိတ်ဆို့ပစ်လိုက်၍ ပူလောင်မှုနှင့်ရေငတ်သည့်ခံစားချက်တို့ကိုသာဖြစ်လာစေခဲ့သည်။ 


ဖုယွမ်ကျိုး ရေအေးဖြင့် သူ့မျက်နှာကိုအခါခါဆေးကြောလိုက်ပြီး ရေစက်လေးများက တလိမ့်လိမ့်ကျဆင်းနေခဲ့သော ချွေးသီးများဖြင့်ရောစွက်သွားခဲ့၏။ အပူသက်သာစေရန် ရေကိုလက်တစ်ခုပ်စာခပ်ယူပြီးသောက်လိုက်သော်လည်း ဆက်လက်ပူလောင်နေဆဲဖြစ်ပြီး အယ်လ်ဖာဖယ်ရိုမုန်းကသာ သူ့အားအပူသက်သာအောင်လုပ်ပေးနိုင်တော့မည်ထင်သည်။ 


မဟုတ်ဘူး...ဘာတွေလျှောက်တွေးနေတာလဲ။ 


ထိုအတွေးစလေး သူ့စိတ်ထဲတွင်ပေါက်ဖွားလာသည်နှင့် ဖုယွမ်ကျိုးသည် ခြောက်လှန့်ခံနေရသည့်အခြေအနေမှနိုးထလာပြီး တမဟုတ်ချင်းတုန်လှုပ်သွားရသည်။ 


အဆိုပါခံစားချက်က ထူးဆန်းလွန်းလှသည်။ တစ်ခုခုက သူ့အားထိန်းချုပ်ထားသယောင်။ ၎င်းကသူ့အားဆွဲဆောင်ညို့ငင်နေသည်၊ အယ်လ်ဖာတစ်ယောက်အောက်တွင် ဒူးထောက်အရှုံးပေးလိုက်ရန်တိုက်တွန်းနေပြီး အယ်လ်ဖာ၏ စွမ်းအားကြီးသောဖယ်ရိုမုန်းကိုတောင်းဆိုပြီး သူ၏ဆန္ဒအလုံးစုံကိုဖြည့်ဆည်းလိုက်ရန် အတင်းအကျပ်ဖိအားပေးနေလေ၏။ 


နောက်ဆုံးမတော့ သူသည် အိုမီဂါတစ်ယောက်၏မေထုန်(heat)ကာလအတွင်းကိုရောက်နေခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားပြီး သူ့မျက်နှာသည်လည်း တမဟုတ်ချင်းပြောင်းလဲသွားပေ၏။ 


သူသည်ကား စိမ်းသက်နေသောခံစားချက်ကို ဖိနှိပ်ထားရင်း နံရံကိုမှီကာမတ်တပ်ရပ်လိုက်သည်။ ရေပန်းအောက်တွင် တဆတ်ဆတ်တုန်နေရင်း ရေပန်းခလုတ်ကိုဖွင့်လိုက်၏။ အဝတ်အစားများကိုပင်မချွတ်နိုင်တော့ဘဲ ခေါင်းပေါ်ကို ရေအေးဖြင့်တိုက်ရိုက်လောင်းချလိုက်သည်။ 


"ဝေါ..." 

အေးစက်နေသည့်ရေများက သူ့ကိုယ်ပေါ်ကိုအဆကိုအဆက်မပြတ်ကျလာသည်။ တစ်ကိုယ်လုံးရွှဲနင့်နေ၏။ ရေအေးများကသူ့အားတုန်ယင်နေစေပြီး ယခု သူ့ကိုယ်က အခြေအနေနှစ်မျိုးဖြင့်ပေါင်းစပ်ခံထားရသည်။ ရေခဲနေသည့်အလွှာနှင့် မီးကဲ့သို့ပူပြင်းသည့်အလွှာ။ သူ၏အပြင်ပန်းကိုယ်ထည်ကအေးစက်နေသော်လည်း ကိုယ်အတွင်းထဲမှမီးတောက်က မငြိမ်းသွားဘဲ ဆက်လက်လောင်ကျွမ်းနေခဲ့သည်။ 


အားကောင်းပြီး ချိုမြိန့်သည့်ရနံ့က သူ့ကိုယ်ပေါ်မှဖြာထွက်လာနေသည်။ထိန်းသိမ်းရေးလည်ပတ်ပင် ထိုအနံ့ကိုမတားဆီးနိုင်ချေ။ 


၎င်းက မက်မွန်သီးရနံ့ဖြစ်ပြီး လူတိုင်းအား ရေဆေးပြီးစ လတ်ဆတ်သည့်မက်မွန်သီးတစ်လုံးကိုမြင်ယောင်စေလိမ့်မည်။ သူ့အသားအရည်ကပန်းရောင်သန်းနေပြီး ရေစက်လေးများကစီးကျနေခဲ့၏၊ လေထုကိုသကြားရည်ဆမ်းထားသလို မက်မွန်သီး၏ချိုမြိန်သည့်ရနံ့က သာမန်ထက်မွှေးပျံ့နေစေသည်။ တစ်ကိုယ်လုံးသည်ကား ပျားရည်ထဲတွင်နှစ်ထားသလို အင်မတန်ချိုမွှေးသည့်ရနံ့လေးဖုံးလွှမ်းနေခဲ့၏။ 


ယင်းက အိုမီဂါဖယ်ရိုမုန်းအထိန်းအကွပ်မဲ့စွာဖြာထွက်ခြင်းပင်။ 


၎င်းတို့က အယ်လ်ဖာဖယ်ရိုမုန်းကိုဒူးထောက်ခဲ့သော်လည်း အယ်လ်ဖာတို့၏ စိတ်နှင့်ကိုယ်ကိုဆွဲဆောင်ထားပြီး သေစေနိုင်လောက်သည့်ပိုင်ဆိုင်မှုတစ်မျိုးဖြင့် အပြန်အလှန်ဆွဲငင်ထားကြသည်။ 


ဖယ်ရိုမုန်းရနံ့တို့ကပိုမိုအားကောင်းလာသည်။ထိုအနံ့တို့က ရေချိုးခန်းထဲတွင်ဝေ့ဝဲနေပြီး ရပ်တန့်မရသည့်မွှေးရနံက တံခါးအဟလေးကြားမှဖြတ်သန်းပြီး အိပ်ခန်းထဲသို့ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် နူးညံ့ချိုအီသည့်ချိတ်တစ်ချောင်းနှင့်တူပြီး အယ်လ်ဖာများ၏နှလုံးသားအလုံးစုံကိုတွယ်ချိတ်ကာ စိတ်ညွတ်သွားစေလိမ့်မည်။ 


ယွိဖေးက ချက်ချင်းခေါင်းထောင်လာသည်။ 


ဖုယွမ်ကျိုး ရေချိုးခန်းထဲသို့ပြေးဝင်သွားတည်းက သူထိုတံခါးကိုအာရုံစိုက်နေခဲ့သည်။ သူ၏အာရုံက စာအုပ်ထဲတွင်လုံးဝမရှိဟုပြောလျှင်ပိုမှန်လိမ့်မည်ဆိုသော်လည်း ဖုယွမ်ကျိုး၏လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ပြီး ထိုသူပြေးဝင်သွားတည်းက မျက်လုံးထောင့်များမှာနီရဲနေသည်ကို တွေ့လိုက်ရသည်။ 


နီရဲနေခဲ့၍ သူ၏နှလုံးသားလေးပင် ယားကျိကျိဖြစ်ခဲ့ရ၏။ 


ထိုစဥ်က ဖုယွမ်ကျိုးမှာ သူ၏ဖယ်ရိုမုန်းကြောင့် မသက်မသာဖြစ်သွားခဲ့သည်ဟုထင်ခဲ့ပြီး စာရေးနေသည့်လက်ပင် လေးလံလာခဲ့သည်။ ယခုတော့ လိုအပ်သည်ထက်ပိုမိုမွှေးပျံ့နေသည့်ရနံ့ကြောင့် သူ၏နှလုံးခုန်စည်းချက်များပင်မမှန်တော့ပေ။ 


ဖယ်ရိုမုန်းအာရုံခံမှုချို့ယွင်းနေသလိုဟန်ဆောင်နေလျှင်ပင် ယခုကဲ့သို့ပြင်းထန်သည့်ရနံ့မျိုးကိုမူ လျစ်လျူရှုထား၍မရပေ။ ရှဲ့လင်နှင့်ရန်ရှူးထန်ကလည်း သတိပြုမိသွားခဲ့သည်။ ယွိဖေးကအရင်ထကာ ရေချိုးခန်းရှိရာကိုလျှောက်သွားလိုက်ပြီး တံခါးခေါက်လိုက်၏။ 


"ကျိုးအာ...တစ်ခုခုဖြစ်နေတာလား...အဆင်ပြေရဲ့လား..မင်း..."

heat ဝင်နေတာလား.... 


သူရုတ်တရက်စကားရပ်လိုက်ရပြီး ထိုစကားသုံးလုံးက နှုတ်ခမ်းပါးပေါ်တွင်ရစ်ဝဲနေခဲ့ကာ ထုတ်မပြောနိုင်ခဲ့ပေ။ 


ရှက်စရာကောင်းသည့်တိုင် သူလည်းမတတ်နိုင်ပေ။ မေထုန်ကာလက ကြာရှည်တတ်သည်။ သူ heat ဝင်နေသည်ကို သည်အတိုင်းလွှတ်ထားလိုက်ပါမူ.....


ယွိဖေး၏မျက်လုံးလှလှလေးများက မှောင်မိုက်သွားလေ၏။ အတော်လေးစိတ်လှုပ်ရှားနေမိ၍ မကြာခဏဆိုသလို နှုတ်ခမ်းကိုလျှာဖြင့်သပ်မိနေပြီး အိုမီဂါ၏မေထုန်ကာလကိုတုံ့ပြန်နေသလို နှင်းဆီရနံ့ဖယ်ရိုမုန်းများကို လွှတ်လိုက်မိသည်။ 


သူ့အသံကနူးညံ့နေသော်လည်း အန္တရာယ်တစ်မျိုးကိုလည်း အကြောင်းပြချက်မရှိခံစားရစေ၏။ 


"ကျိုးအာ...နေလို့မကောင်းလို့လား...အထဲဝင်လာပြီးကူပေးရမလား..." 


သူသည် နှလုံးသားထဲမှအ​ရှိန်မပြတ်အုံကြွနေသောလှိုင်းလုံးတို့ကို မတွန်းလှန်နိုင်တော့ပေ။ လျပ်တပြက်အတွင်း ထိုအတွေးများကြောင့်စိတ်လှုပ်ရှားသွားရနေပြီး တံခါးလေးတစ်ချပ်သာခြားထားချိန်တွင် ပြောနေရန်မလိုတော့ပ တံခါးဖွင့်လိုက်သည်နှင့် သူကျိုးအာကိုမြင်တွေ့နိုင်လိမ့်မည်။ 


ချစ်စရာကောင်းပြီး ရှက်တတ်သည့်ကျိုးအာ။ ထိုသူကို ဂလင်းကိုက်ခွင့်ပေးရန်တောင်းဆိုပြီး အယ်လ်ဖာဖယ်ရိုမုန်းကိုထုတ်ပေးကာ မေထုန်ကာလကိုဖြေလျှော့ပေးရန်မစောင့်နိုင်တော့ပေ။ ပြီးလျှင်... 


"ဝင်မလာနဲ့...." 


သူတံခါးလက်ကိုင်ကိုဖိထားရုံရှိသေးစဥ် ဖုယွမ်ကျိုး၏တိုးလျပြီး မသိမသာဒေါသထွက်နေသည့်အသံလေးက ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ 


"မင်းတို့တစ်ယောက်မှဝင်မလာကြနဲ့..." 


"ကျိုးအာ....မင်းရေတွေနဲ့လျှောက်လုပ်နေတာလား...မင်းကအားနည်းတယ်လေ...နေမကောင်းဖြစ်လိမ့်မယ်..." 


ရေချိုးခန်းထဲမှ ရေတတောက်တောက်ကျနေသည့်အသံကိုနားထောင်ကြည့်ရုံဖြင့် ဖုယွမ်ကျိုးဘာလုပ်နေမှန်း ခန့်မှန်း၍ရသည်။ ယွိဖေးကသူ့အတွက်စိတ်မကောင်းဖြစ်မိပြီး အထဲကိုဝင်သွားချင်နေ၏။ သည်အတွက်ကြောင့် အနှီသူကိုချော့မော့ပြောကာ အနှီသူစိတ်မရှည်ဖြစ်လာမှ အထဲကိုတန်းဝင်သွားရန်စဥ်းစားထားခဲ့သည်။ 


"ကလစ်..." 


ထိုအချိန်မှာပင် ရေချိုးခန်းထဲမှလော့ခ်ချလိုက်သည့်အသံထွက်လာခဲ့သည်။ အနားလာရန်ငြင်းဆန်နေခဲ့သည့်ဖုယွမ်ကျိုးတစ်ယောက် တံခါးကိုလော့ခ်ချလိုက်ခြင်းသာ။ 


"ကျိုးအာ...!" 


ယွိဖေးက သူ့နာမည်ကိုတကြော်ကြော်ခေါ်နေလိုက်၏။ 

"အဲဒီလိုမလုပ်နဲ့လေ...မင်းဆန္ဒမပါရင် ငါအတင်းမလုပ်ပါဘူး...အမြန်ထွက်လာခဲ့ပါ...နော်" 


သူဘယ်လိုအပြင်ထွက်ရမှာလဲ။ ဒီလူတွေနဲ့.။ 


ဖုယွမ်ကျိုး နံရံကိုမှီထားရင်းမောဟိုက်နေသည်။ မှန်ထဲမှသူ့ကိုယ်သူပြန်ကြည့်မိပြီး အရှက်တကွဲဖြစ်လာရသလိုပင်။ သူ၏ကိုယ်လုံးက ရေများဖြင့်ရွှဲနင့်နေသည်။ အနက်ဆံပင်များက ပါးပေါ်တွင်ကပ်နေပြီး ရေအေးများကြောင့် တုန်ယင်နေသော်လည်း မျက်နှာကမူ ပုံမှန်မဟုတ်ဘဲနီရဲနေခဲ့၏။ သူ့မျက်နှာလေးက သနားစရာကောင်းလွန်းနေ၍ တယောက်ယောက်ကသာမြင်လိုက်လျှင်။ 


သူသည် မရမကခုခံထားပြီး အပြင်မထွက်ဘဲ တံခါးလည်းဖွင့်မပေးရဲပေ။ နောက်ဆုံးတော့ အိုမီဂါများ၏heatကာလက မည်မျှကြောက်စရာကောင်းမှန်းသိလိုက်ရပြီ။ သူ့ခေါင်းပင်ပေါက်ကွဲလုနီးပါးပင်။ သူအယ်လ်ဖာတစ်ယောက်ကိုဖက်ထားချင်သည်။နမ်းချင်သည်။ဖယ်ရိုမုန်းအများအပြားကိုစုပ်ယူလိုက်ချင်သည်။ 


သူ့နှလုံးသားထဲမှ ထကြွသောင်းကျန်းနေသည့် ရမ္မက်အဟုန်တို့ကို တစုံတယောက်အားပွေ့ဖက်ထားရင်း ညည်းညူကာဖွင့်ထုတ်လိုက်မိပါက....သူသေသွားနိုင်လောက်၏။ 


"ကျိုးအာ?" 


ယွိဖေးကတံခါးကိုမှီပြီး သူ့အားတိုးတိုးလေးခေါ်လာသည်။ထိုအချိန်မှာပင် အိပ်ခန်းထဲမှလူအချို့ပါရောက်လာပြီး ရှဲ့လင်နှင့် မာမားဖုလည်းရောက်လာ၏။ 


ယခုလေးတင် ဖုယွမ်ကျိုးတစ်ယောက် heat ဝင်နေသည်ဟုခံစားရ၍ ရှဲ့လင်က မာမားဖုကိုချက်ချင်းသွားရှာလာပြီး မာမားဖုက သုတ်သီးသုတ်ပျာဖြင့်အပေါ်တက်လာကာ သားဖြစ်သူကိုခေါ်လိုက်သည်။ 


"ရှောင်ကျိုး....ဘယ်လိုလဲ...အမေလာပြီ...အမေ့ကိုတံခါးဖွင့်ပေး..." 


"အမေ မလာခဲ့နဲ့!" 

ဖုယွမ်ကျိုးက ယခုအထိငြင်းနေဆဲ။ သူ၏ယခုပုံစံကို သူ့အမေမမြင်ရလျှင်ပိုကောင်းလိမ့်မည်။ 


"ဒီကောင်လေးတော့!" 


အမေဖြစ်သူမှာ စိတ်ဓာတ်ကျသွားပြီး ဖုယွမ်ကျိုးကို တံခါးမဖွင့်ပေးရကောင်းလားဟူ၍ ချက်ချင်းဒေါသမထွက်မိသလို အတင်းလည်းမလုပ်ခဲ့ပေ၊၊ တံခါးဖွင့်လိုက်လျှင်ပင် သူတို့လုပ်နိုင်သည့်အရာမရှိ။ သည်နှစ်ရက်လေးအတွင်းနှင့် ဖုယွမ်ကျိုးက ရုတ်တရက် heatကာလရောက်လာမည်ဟု သူမလည်းမထင်ထားခဲ့ပေ။ သူမသည်လည်း ထိုးဆေးရောတားဆေးပါမပါဘဲ အပေါ်ထပ်ကိုတက်လာခဲ့မိသည်။ 


"အဘွားပြောတာတော့ ဒီနားတဝိုက်မှာ တစ်ယောက်တည်းနေတဲ့အိုမီဂါမရှိဘူးတဲ့...ဒီတော့ တားဆေးအပ်တွေလည်းမရှိလောက်ဘူး..." 


သူမမှာ လက်ချောင်းဆယ်ချောင်းကို ခပ်တင်းတင်းဆုပ်ထားမိလေ၏။ 


"ငါဆေးရုံကအကူတစ်ယောက်ကိုခေါ်လိုက်မယ်...မဟုတ်သေးပါဘူး...လူကိုယ်တိုင်သွားခေါ်မှရမှာ...အဲဒါဆိုရင် နှစ်နာရီတောင်ကြာလိမ့်မယ်..မင်းလည်းနှစ်နာရီလောက်တောင့်ထားရမှာ..ထိန်းထားရင် မင်းကိုယ်ကတစ်ခုခုဖြစ်သွားလိမ့်မယ်..." 


Heatကာလကိုမဖြေရှင်းဘဲထားလိုက်မိပါက ခန္ဓာကိုယ်အပေါ်ဆိုးကျိုးသက်ရောက်နိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများကိုပါခံစားရနိုင်သည်။ ရှောင်ကျိုး၏ကျန်းမာရေးကိုမူ သူမစိုးရိမ်မိပါ၏။ 


"ယာယီအမှတ်မှတ်လိုက်ရင်ရော?" 

ယွိဖေးက အကြံပေးလာလေသည်။ 


"ကျွန်တော် ကျိုးအာကိုယာယီအမှတ်မှတ်ပေးလိုက်မယ်လေ...အဲဒါဆို သူသက်သာသွားလိမ့်မယ်...အန်တီရောဘယ်လိုထင်လဲ..." 


မာမားဖုက စဥ်းစားနေလေ၏။ 


"အန်တီကတော့ရပါတယ်..ဒါပေမဲ့ ရှောင်ကျိုးကလက်ခံပါ့မလား..."


"ကျိုးအာ..." 


ယွိဖေးက နောက်တကြိမ်တံခါးခေါက်ကြည့်ပြန်သည်။ 

"ကြိတ်မှိတ်ပြီးမနေနဲ့တော့...တံခါးဖွင့်လိုက်..ငါမင်းကိုဘာမှမလုပ်ဘူး...ယာယီအမှတ်ပဲပေးမယ်လေ..." 


"မလိုဘူး!" 


မထင်မှတ်ဘဲ ဖုယွမ်ကျိုး၏တုံ့ပြန်မှုက ကြောက်စရာကောင်းသည့်စကားကြားလိုက်ရသလို ပို၍ပင်ပြင်းထန်နေလေသည်။ 


"မင်းကနှစ်နာရီလောက်သည်းခံနေဖို့တွေးနေတာလား..." 


ယွိဖေး မေးလိုက်မိပြီ။ယခုအခြေအနေတွင် ဖုယွမ်ကျိုးက မသက်သာဘဲ သူ့ကိုယ်သူနှိပ်စက်နေသည်နှင့်ပင် တူနေလိမ့်မည်။ 


ဖုယွမ်ကျိုးက သူ့အား ယာယီအမှတ်မှတ်ခွင့်မပေးချင်၍ ယခုလို တုံ့ပြန်ခြင်းလား သို့မဟုတ် ယာယီအမှတ်ကိုမလိုချင်၍လား မသိနိုင်သောကြောင့် သူရင်လေးနေမိသည်၊ ဒါမှမဟုတ် တခြားလူကိုလုပ်ပေးစေချင်တာလား။ဥပမာ ဝမ်းကွဲအစ်ကို ရှဲ့လင်။ 


"မင်းရှောင်ဖေးကိုမလုပ်စေချင်ရင် ရှဲ့လင်ကိုလုပ်ခိုင်းလိုက်လေ?" 


မာမားဖုသည်ကား ယွိဖေးမကြားချင်ဆုံးသောမေးခွန်းကိုမှ ဖုယွမ်ကျိုးအားမေးလိုက်လေ၏။ 


"သူဆိုပိုဆိုးတယ်" 

မမျှော်လင့်စွာဖြင့် ဖုယွမ်ကျိုး၏တုံ့ပြန်ချက်က မတိုင်ခင်ကထက်ပင်ပိုဆိုးသွားသည်။ 


"ရှဲ့လင်...မင်းရောကြားတယ်မလား..မင်းလည်းဝင်မလာနဲ့...သွား!" 


ယွိဖေးမှာ ကြောင်အသွားပြီးမှ သက်ပြင်းချလိုက်လေ၏၊၊ အနည်းဆုံးတော့ သူ့ကိုငြင်းလိုက်ခြင်းမဟုတ်ဘဲ သူ၏ဝမ်းကွဲအစ်ကိုထံမှလည်း အမှတ်အသားပေးခြင်းကိုမခံချင်ဘဲဖြစ်နေခဲ့သည်။ 


သူသည် အလိုလိုရှဲ့လင်ကိုလှမ်းကြည့်မိပြီး ရှဲ့လင်ကလည်းပုံမှန်အတိုင်းပင်။ ဖုယွမ်ကျိုး၏ ခက်ထန်သည့်တုံ့ပြန်မှုကို ဂရုမစိုက်ပုံရသည်။ 


"ဒါဆို..ရှောင်ရန်..." 


မာမားဖုက သူမမျှော်လင့်ချက်ကို ရန်ရှူးထန်အပေါ်ထားလိုက်ပြန်သည်။သို့သော်လည်း သူမအခန်းထဲတွင်ပတ်ရှာလိုက်သည့်အခါ ရန်ရှူးထန်ကိုမတွေ့တော့ပေ။ဘယ်ထွက်သွားမှန်းပင်မသိရ။ 


သူနှင့်ဖုယွမ်ကျိုးက အတန်းဖော်များပင်ဖြစ်လင့်ကစား အိုမီဂါအတန်းဖော်က heatကာလကိုရောက်နေသည့်အခါ အယ်လ်ဖာအနေဖြင့် သံသယမဖြစ်အောင်ရှောင်ရှားသင့်၏။ 


ရှောင်ကျိုးက နှစ်နာရီလုံးသည်းခံထားနိုင်မှာလား။ 


ထိုအတိုင်းသာဖြစ်ခဲ့လျှင် သူမအနေဖြင့် သားငယ်ကိုဒုက္ခမခံစေချင်ပေ။ အယ်လ်ဖာတစ်ယောက်ကို ယာယီအမှတ်အသားပေးခိုင်းလိုက်ခြင်းက ဖြစ်သင့်သည်။ ရှောင်ကျိုးက အရှက်ရမည်ကိုတွေးပူနေလျှင် စပရေးဖြန်းကာ အယ်လ်ဖာအနံ့ကိုယာယီဖုံးပေးထားနိုင်မည်။သို့ဆိုလျှင် အမှတ်အသားကိုလည်းဖုံးထားနိုင်ပြီး မည်သူကမှသတိထားမိတော့မည်မဟုတ်ပေ။ 


သူသာတလျှောက်လုံးသည်းခံထားနေလျှင် ဘာဆက်ဖြစ်လာမည်မှန်း သူမလည်းမသိနိုင်ပေ။ သို့သော်လည်း ထိုကလေးကခေါင်းမာနေပြီး ​အမှတ်ပေးခံရန် ငြင်းဆန်နေခဲ့လေ၏။