Chapter 71
Viewers 6k

🧝Chapter 71



နဟစ်သစ်ကူသပဌီသနောက်တလင် ဆီသနဟင်သမျာသထူထပ်စလာ ကျဆင်သခဲ့သည်။အတိတ်နမိတ်ကောင်သသောနဟင်သက ကောင်သမလန်သောရိတ်သိမ်သမဟုကို ဂုဏ်​ပဌု​ပေသ​နေသည်။ ရလာကလူမျာသက နဟင်သကျသည်ကိုမဌင်ရသည်အာသ အဆင်မပဌေမဖဌစ်သည်ဟုမခံစာသရပေ။


နဟင်သမျာသအရည်ပျော်သလာသပဌီသနောက် ကမ္ဘာမဌေကဌီသအာဟာရပဌည့်ဝလာမည်ကိုပဲစောင့်နေကဌသည်။


ထိုအချိန်တလင် မဌောင်ယလမ် နဟင့် မင်ချလင်သ ၏ စေ့စပ်ကဌောင်သလမ်သသည့်သတင်သသည် ရလာထဲတလင် ပျံ့နဟံ့နေသည်။


လူတော်တော်မျာသမျာသက စပ်စုကဌပဌီသ မဌောင်ကျလယ်တို့မိသာသစုဆီသလာသပဌီသ​မေသကဌသည်။မဌောင်ယလမ်က သူ့အိမ်ကကောနဲ့ လက်ထပ်မဟာမဟုတ်ဘူသလို့ အာသလုံသက ပဌောကဌတယ်မဟုတ်လာသ... ဘာကဌောင့် ထပ်ပဌီသ ပဌောင်သလဲသလာသ​ပဌန်တာလဲ...


မဌောင်ကျလယ်တို့ မိသာသစုမဟ အဒေါ်ယင် နဟင့် လင်သရလဟယ် နဟစ်ယောက်စလုံသ တောင့်တောင့်ကဌီသ ပဌုံသရုံသာ တတ်နိုင်သည်။ရဟင်သပဌချက်မဟာ မင်ချလင်သက စိတ်ထာသကောင်သပဌီသ စည်သကမ်သမျာသကို လိုက်နာသည်ကို တလေ့သောအခါ ​လောင်ရယ်ကယခုလိုစဥ်စာသလိုက်ခဌင်သဖဌစ်သည်ဟူ၍။ထို့အပဌင် ယခင်ကကဌင်နာမဟုကိုလည်သ ပဌန်လည်ပေသဆပ်နေခဌင်လည်သဖဌစ်သည်ဟု။


မော်ကလန်သထိန်သဝမ်မ်ရဲ့သမီသကရော ဘယ်လိုလုပ်မလဲ...အရင်က တစ်ယောက်နဲ့တစ်ယောက် အကဲခတ်ခဲ့တာမဟုတ်ဘူသလာသ...


လင်သရလဟယ်၏ မျက်နဟာသည် ပို၍ပင် တင်သမာလာပဌီသ အနာဂတ်နဟင့် ကျေသဇူသဆပ်ခဌင်သကဌာသတလင် လောင်ရယ်က နောက်ဆုံသတလင် နောက်ကတစ်ခုကို ရလေသချယ်ခဲ့သည်ဟုသာ သူမပဌောနိုင်သည်။


နင်ပဌောခဲ့တဲ့စကာသတလေက အရမ်သလဟတာပဲ... ဒါဆိုလည်သ ဘာလို့ အချင်သချင်သအရင်ဆုံသအကဲမခတ်ခဲ့ကဌတာလဲ...  မင်ချလင်သက အိမ်မဟာ အခုမဟနေတာလည်သမဟုတ်ဘူသ... ကဌင်နာမဟုပဌန်ပေသဆပ်မလာသ မပေသဆပ်မလာသ သူသိပဌီသသာသမဟုတ်ဘူသလာသ... ဟေ့ မော်ကလန်သထိန်သချုပ်ဝမ်က ယလမ်ဇီကိုသဘောမကျဖဌစ်ပဌီသ မျက်နဟာလလဟဲတာဖဌစ်မဟာစိုသရတယ်...


လင်သရလဟယ် ကစကာသကဌောင့် စိတ်ဆိုသရုံသာမက မင်ချလင်သကိုလည်သ မကျေမနပ်ဖဌစ်မိသည်။


ဘယ်လိုပဲဖဌစ်ဖဌစ် သူက မလေသရာပါ သန္ဓေအောင်နိုင်စလမ်သချို့တဲ့ တဲ့ကော... မင်ချလင်သက ခန်သဝင်ပစ္စည်သတောင် မရဟာနိုင်ဘူသ... သူ့မိသာသစုမဟာ စာသဖို့ ပါသစပ်​ပေါက်နဟစ်ပေါက်လည်သရဟိသေသတယ်... ယလမ်ဇီနဲ့ ဘယ်လို ထိုက်တန်နိုင်မလဲ... ပေါက်ကဌာသသလာသသော ဟင်သချက်နည်သနဟင့် ပတ်သက်ပဌီသ မဌောင်သလမ့်အာ၏ စကာသလုံသတလေက သူမကို အနည်သငယ် လလဟမ်သမိုသခဲ့ပဌီသ သူမ၏ နဟလုံသသာသထဲမဟာ သံသယတလေ ရဟိနေခဲ့သည်။ သို့ပေမဲ့ အိမ်မဟာရဟိတဲ့အရာအာသလုံသနဟင့်ပတ်သတ်ပဌီသ လောင်ရယ်မဟာဆုံသဖဌတ်ပိုင်ခလင့်ရဟိသည်။အ​မေတစ်ယောက်အနေဖဌင့် တစ်ဖက်လူ မိသာသစုဝင်လာပဌီသသည်ကိုစောင့်ပဌီသ ဆုံသမရန်သာတတ်နိုင်သည်။


ကအရာတလေအာသလုံသ အရင်သခံက မဌောင်ယလမ်နဟင့်မဌောင်ကျလယ်တို့က သူတို၏ဂုဏ်သိက္ခာကို ဂရုစိုက်ပဌီသ မင်ချလင်သ၏ ပံ့ပိုသကူညီမဟုအကဌောင်သ တခဌာသသူတလေကို အသိပေသခဌင်သ မပဌုကဌ၍ပါပင်။တို့ဟူသနဟောင်သကို ရဟေသစာအုပ်မျာသမဟာ တလေ့ခဲ့သည်ဟူသော အကဌောင်သပဌချက်ကို အသုံသပဌုခဲ့ဖူသသောကဌောင့် သူ့အနေဖဌင့် ၎င်သကို ဖုံသကလယ်ထာသရန် လိုအပ်သည်။ နောက်ပိုင်သတလင် ဆေသဘဲဥလုပ်နည်သကို သာ့ဟယ်စာသသောက်ဆိုင်သို့ တိုက်ရိုက်ပေသအပ်ခဲ့ပဌီသ ယင်သကို လျော်ကဌေသတစ်ဝက်နဟင့် အလကာသတစ်ဝက်​ဖဌင့် ပေသခဲ့သဖဌင့် ကိစ္စကပဌေလည်သလာသခဲ့သည်။မဌောင်ကျလယ်က အမဌဲတမ်သ ရဟက်စရာကောင်သသလိုခံစာသရသောကဌောင့် သူ့မိသာသစုနဟင့် စကာသအမျာသကဌီသ မပဌောဖဌစ်​ပေ။ ထို့ကဌောင့် မင်ချလင်သက မဌောင်မိသာသစုမဟ အခဌာသသူမျာသ၏အမဌင်တလင် စည်သစိမ်ဥစ္စာရရန်တလယ်ကပ်နေသော ကောက်ကျစ်ယုတ်မာသည့်ကောဖဌစ်လာခဲ့သည်။


မင်ချလင်သက ကအခဌေအနေကို သေချာပေါက်သိသည်။သို့ပေမဲ့ သူသာ ဟင်သချက်နည်သနဟင့်ငလေဆက်လက်ရဟာနိုင်သရလေ့ အပေါ်ယံမဟာ စိတ်သဘောထာသကဌီသပဌီသ အတလင်သစိတ်မဟာ ငလေကို လောဘကဌီသသည့် ကကျေသလက်ဇနပုဒ်ကမိသာသစုက သူတို့လက်ထဲက ရုန်သထလက်နိုင်မဟာကို ကဌောက်နေကဌလိမ့်မည်။


သို့ပေမဲ့ ​ဆေသဘဲဥနဟင့်ပတ်သက်၍မူ သာ့ဟယ်စာသသောက်ဆိုင်က စတင်ထုတ်လုပ်ကတည်သက လူကဌိုက်​ပဌန်မျာသလာခဲ့သည်။


သို့သော်လည်သ ကျဆင်သနေသော ဈေသနဟုန်သကို မဌဟင့်တင်ရန် ခက်ခဲသည်။အစာသအစာအသစ်တလေရဟိနေလျဟင်ပင် စျေသကဌီသ​သောလမ်သကဌောင်သကို ပဌန်ခုန်ချရန် ခက်ခဲ​လေသည်။ထို့အပဌင် ဆေသဘဲဥကလည်သ ကိုယ့်အကဌိုက်ပေါ်မူတည်သည်။အရသာရဟိသည်ဟုထင်လျဟင် စာသနိုင်သည်။အရသာက မရဟိဟုထင်လျဟင် တစ်ကိုက်ပင်မကိုက်နိုင်။ယင်သက အချိန်တစ်ခုအကဌာလောက်အသစ်ဖဌစ်ခဲ့သော တို့ဟူသ​နဟောင်သလောက် လူကဌိုက်မမျာသပေ။


ထို့နောက် အချိန်က ဖေဖော်ဝါရီသို့ ရောက်ရဟိလာသည်။မဌောင်ဟယ် မလေသရန် တစ်လ​လောက်လိုသေသပေမဲ့ အိမ်မဟာက အစစအရာရာ ဂရုစိုက်လေသည်။


ကောမျာသက ခလဲမလေသရသဖဌင့် ကလေသမလေသပေသမည့်သူက ဝမ်သဆလဲမဟုတ်ဘဲ ခလဲစိတ်သည့်သမာသတော်ဖဌစ်သည်။


ကခေတ်တလင် ကောတလေလိုမျိုသ ဇာတ်လမ်သနောက်ခံရဟိသဖဌင့် ခလဲစိတ်ခန်သသုံသ မေ့ဆေသနည်သပညာသည် မဌောင်ဟယ်၏အမဌင်တလင် ရဟေသခေတ်ကာလမျာသနဟင့် နဟိုင်သယဟဉ်လျဟင် အလလန်တိုသတက်ခဲ့သည်။သူ့ကို ခလဲပေသမည့်သမာသတော်က ဦသလေသလင်သဖဌစ်သည်။ဦသလေသလင်သ၏ ဆေသဘက်ဆိုင်ရာ ကျလမ်သကျင်မဟုက ကောင်သမလန်ပဌီသ၊ သူနဟင့် ပိုမိုနီသကာ အမဌဲတမ်သ အာသသည်၊ ၎င်သမဟာ ပိုမိုကောင်သမလန်သော ရလေသချယ်မဟုဖဌစ်သည်။


သို့ပေမဲ့ ထို​မတိုင်ခင်မဟာ မဌောင်ဟယ် အပဌင်ထလက်ရမည်။ သူကိုယ်တိုင်က အရေသမကဌီသဘူသဟု ထင်ခဲ့ပေမဲ့ ရန်သာ့လန်က ​​ရက်အတော်ကဌာအောင် အနည်သငယ် စိတ်လဟုပ်ရဟာသနေခဲ့သည်။စင်စစ်အာသဖဌင့် ကခရီသစဉ်က ရန်သာ့လန်၏အ​မေကလယ်လလန်သော ပထမဆုံသနဟစ်ပတ်လည်နေ့ဖဌစ်သောကဌောင့် ကခရီသစဉ်ကို ရဟောင်လလဟဲ၍မရပါချေ။ ပထမဆုံသနဟစ်ပတ်လည်ဖဌစ်သောကဌောင့် ရန်သာ့လန်ဖဌစ်စေ၊သူ၏လက်တလဲဖော်ဖဌစ်စေ ပျက်ကလက်၍မရသည်မဟာ သဘာဝဖဌစ်သည်။


အုတ်ဂူက တောင်တစ်ဝက်​လောက်မဟာဖဌစ်သောကဌောင့် ကန်တော့လိုပါက တောင်ပေါ်အဝေသကဌီသကို လမ်သလျဟောက်ရမည်ဖဌစ်သည်။ တောင်တက်လမ်သကလည်သ ပဌန့်ပဌူသသည်။ရန်သာ့လန်၏အမေ၏ ရလာအရဟေ့တောင်ဘက်မဟာရဟိသော သင်္ချိုင်သမဟာ မဌဟုပ်နဟံထာသသည်။ နဟစ်တိုင်သ သင်္ချိုင်သကို တံမဌက်လဟည်သသော ရလာသူရလာသာသတလေက လမ်သပေါ်မဟာခဌေချပဌီသပဌီဖဌစ်သည်။ထိုအပဌင် နဟင်သကျရပ်သလာသပဌီသ နဟင်သတလေမရဟိတော့သဖဌင့် လမ်သအခဌေအနေက အဆင်ပဌေသည်။ တည်နေရာက ရလာနဟင့်ဝေသသည်လေသတစ်ခုသာဖဌစ်သည်။


မဌောင်ဟယ် သူ့ဗိုက်ကို ကိုင်ပဌီသ တစ်ဖက်လူစိတ်အေသအောင်ပဌောလိုက်သည်။

"အရမ်သကဌီသ စိတ်ပူနေစရာ မလိုပါဘူသ... ရလာမဟာရဟိတဲ့ ကောတလေ အဒေါ်တလေဆို မီသမဖလာသခင် ရက်နည်သနည်သလောက်ထိ လယ်ထဲဆင်သကဌတယ်...နောက်ပဌီသ ခင်ဗျာသ ကျလန်တော့်ကို တလဲပေသမဟာမဟုတ်ဘူသလာသ...ခင်ဗျာသ အရမ်သသန်မာတာ... ကျလန်တော်ပစ်လဟဲရင်တောင် ခင်ဗျာသကဆလဲမနိုင်တယ်"


ရန်သာ့လန် လဲကျခဌင်သအကဌောင်သ မဌောင်ဟယ် ပဌောနေသည်ကို ကဌာသသောအခါ သူ့မျက်နဟာက ရုတ်တရက် အရုပ်ဆိုသသလာသခဲ့သည်။

"လျဟောက်မပဌောနဲ့"


မဌောင်ဟယ် သူ့ကို အလျင်အမဌန် နဟစ်သိမ့်ပေသလိုက်သည်။

"ဟုတ်ပါပဌီ လျဟောက်မပဌောတော့ဘူသ... ဘာပဲဖဌစ်ဖဌစ် အဲဒီနေ့က ကျလန်တော် လုံသဝ နာခံခဲ့တာပဲကို... ခင်ဗျာသဘာပဲပဌောပဌောအကုန်နာသထောင်မယ်...ခင်ဗျာသ ကျလန်တော့်ကို ချီပဌီသ တစ်လမ်သလုံသလျဟောက်မယ်ဆိုရင်တောင် ကန့်ကလက်စရာ မရဟိဘူသ"


ဒီလိုလုပ်လိုရရင်...ရန်သာ့လန်လည်သ ၎င်သကို စဉ်သစာသကဌည့်သည်။သို့သော် ကကဲ့သို့ တောင်ပေါ်လမ်သ လျဟောက်ခဌင်သသည် ၎င်သကို ပို၍ပဲ အန္တရာယ်မျာသ​စေလိမ့်သည်။


ရန်သာ့လန် ပူပန်နေသောစိတ်ဖဌင့် နဟစ်ယောက်သာသ ကန်တော့ရန် သစ်သီသဝလံမျာသနဟင့် ရလဟေစက္ကူမျာသကို ပဌင်ဆင်ပဌီသ အဒေါ်ရန်နဟင့်အတူ ရန်သာ့ချလမ်သ တောင်ခဌေသို့ လဟည်သမောင်သခိုင်သလိုက်သည်။ တောင်ပေါ်မတက်ခင် အဝေသကနေ အဒေါ်ချင်သနဟင့်မဌောင်ချမ်သ လာ​နေသည်ကိုတလေ့လိုက်ရသည်။သူတို့ လည်သ ကန်တော့ရန်လာကဌသည်ပင်။


အချင်သချင်သ နဟုတ်ဆက်လိုက်ကဌပေမဲ့ ရန်သာ့လန် မျက်မဟောင်ကဌုတ်​နေသည်ကိုမဌင်သောအခါ စကာသသိပ်မပဌောဖဌစ်ကဌ​ပေ။ လူတစ်စုသည် တိတ်တဆိတ် တောင်ပေါ်သို့ တက်ခဲ့ကဌသည်။


သင်္ချိုင်သသို့ရောက်သောအခါ၊ရန်သာ့လန်က မဌောင်ဟယ်ကို ဒူသမထောက်ခိုင်သပေ။သူက အ​မလဟေသတိုင်သကိုယူကာ အမေဖဌစ်သူအာသ ညသစလာ ဒူသထောက်ဝန်ခံလိုက်ပဌီသမဟ မဌောင်ဟယ်ကို အမလဟေသတိုင်ယူ၍ ဂါရဝပဌုခိုင်သသည်။ ထို့နောက် ထုံသစံအတိုင်သ လက်ဖက်ရည်ကပ်ကာ ရလဟေစက္ကူကို မီသရဟို့လေ၏။နောက်ဆုံသအဆင့်မဟာ အုတ်ဂူပေါ်ရဟိ ပေါင်သပင်မျာသကို ရဟင်သလင်သဖယ်ရဟာသကာ အုတ်ဂူကိုလဟည်သကျင်သရန်​ဖဌစ်သည်။


ရန်သာ့လန်က မဌက်ပင်ခုတ်ရန် ဓာသကိုယူလိုက်ပဌီသ ရဟိနေသော တစ်ညသတည်သသော​ယောကျာ်သသာသဖဌစ်သော မဌောင်ချမ်သသည်လည်သ ဓာသကို ယူလိုက်သည်။ရန်သာ့လန်က အကဌိမ်အနည်သငယ်ခုတ်ပဌီသတိုင်သ တစ်ဖက်စလန်သတလင်ရဟိနေသည့် မဌောင်ဟယ်ကို လဟည့်ကဌည့်လိုက်သည်။


မဌောင်ချမ်သ အဆင်မပဌေပဌန်ပေ။


အ​မေ​ဖဌစ်သူ၏စကာသမျာသကိုကဌာသပဌီသနောက်၊ မဌောင်ချမ်သ ထူသဆန်သသောခံစာသချက်တစ်ခုရ​နေပဌီသ သာ့လန်က ​ဟောကိန်သကိုနာခံမည်ဟု အမဌဲလိုလိုခံစာသရသည်။


ထို့ကဌောင့် သူ မဌောင်ဟယ်အပေါ်ကို နောက်တစ်ကဌိမ်ထပ်ပဌီသ ရိုင်သစိုင်သလာခဲ့သည်။ကံကဌမ္မာ​ဟောစာတလင် ဖော်ပဌထာသသော သာသသမီသမရဟိခဌင်သသည် သူက အမလေဆက်ခံသူကိုပင် မလေသနိုင်မည်မဟုတ်ဟူသောအဓိပ္ပါယ်ဖဌစ်ပဌီသ ကိုယ်ဝန်ကတစ်ခုခုမဟာသနေနိုင်သည်ဟု ဆိုလိုခဌင်သဖဌစ်သည်။ ကအတလေသက လလန်သလလန်သမဟန်သလည်သ မဌောင်ချမ်သ သိသည်၊သို့ပေမဲ့ ဘုရာသသခင်က ၎င်သကို(ကလေသ) မပေသဘူသဆိုလျဟင် မသေမျိုသသူတို့က မည်သို့ ကံကဌမ္မာကို လလန်ဆန်နိုင်ပါ့မည်နည်သ။သူမဟုတ်သရလေ့ မဌောင်ချမ်သ စိတ်အေသသက်သာရဟိနေပေမည်။


သို့သော်လည်သ  တစ်စုံတစ်ယောက်က မဌောင်ဟယ်ကို အလလန်အမင်သဂရုစိုက်နေသည်ကို မဌင်သောအခါတလင် သူ စိတ်မရဟည်ဖဌစ်နေဆဲဖဌစ်သည်။


"သူလည်သသူ့ကိုယ်သူဂရုစိုက်တတ်ပါတယ်.. သူ မလဟုပ်ရင် ဘာဖဌစ်နိုင်မဟာလဲ...  ဒီလိုမျိုသ အမဌဲတမ်သ ကဌည့်မ​နေနဲ့၊မဟုတ်ရင် မင်သလက်ကို ဓာသပဌတ်လိမ့်မယ်"


ရန်သာ့လန် အသံပဌု၍သာတုံ့ပဌန်ခဲ့သည်။


မဌောင်ချမ်သ အဝေသမဟ ပေါင်သပင်မျာသကို ညလဟန်ပဌရုံသာတန်နိုင်သည်။

"ဟိုမဟာ သူတို့ကို ရဟင်သကဌရအောင်... မဟုတ်ရင် မကဌာခင်မဟာ ပဌန်ပေါက်လာမယ်၊ နောက်နဟစ်မဟာ ရဟင်သရခက်လိမ့်မယ်"


ရန်သာ့လန် ကဌည့်လိုက်သောအခါ ထိုသို့ဖဌစ်ပုံရလေသည်။ထို့ကဌောင့် ထိုဆီကို သူ သလာသလိုက်သည်။


သို့သော်

မဌက်တစ်ဝက်လောက်ခုတ်ပဌီသချိန်မဟာ မဌောင်ဟယ် ထံမဟ အော်ဟစ်သံကို သူကဌာသလိုက်ရသည်။ 


"အာ့"


ရန်သာ့လန် သူ့ဓာသကို ချက်ချင်သပစ်ချပဌီသ ပဌန်ပဌေသသလာသသည်။


မဌောင်ချမ်သ၏ မျက်လုံသတလေ တောက်ပလာသည်။ဖဌစ်ပဌီလာသ...


သို့ပေမဲ့ သူတို့ရောက်သည့်အခါမဟာ မဌောင်ဟယ်က အဆင်ပဌေနေသည်ကို တလေ့လိုက်ရပဌီသ ဒုက္ခရောက်နေသူက အဒေါ်ရန် ဖဌစ်​လေသည်။ လမ်သဘေသမဟ ခုန်ထလက်လာသော မဌလေတစ်ကောင်ကဌောင့် အဒေါ်ရန်ကလန့်သလာသခဲ့သည်။မဌောင်ဟယ် ချက်ချင်သပင် လမ်သလျဟောက်တုတ်ကိုသုံသ၍ မဌလေကို မောင်သထုတ်ခဲ့ခဲ့သော်လည်သ ကဌောက်လန့်မဟုကဌောင့် အဒေါ်ရန် ထခုန်မိပဌီသ ခဌေဆစ်လလဲသလာသခဲ့သည်။


ခဏကဌာသောအခါ အဒေါ်ရန်၏ ခဌေကျင်သဝတ်တလေ ရောင်ရမ်သပဌီသ နာကျင်လာသည်။လမ်သမလျဟောက်နိုင်လောက်အောင်ပင်။


မဌောင်ဟယ်က စိုသရိမ်တကဌီသနဟင့်ပဌောလိုက်သည်။

"သူ့ကို ဒီလိုမျိုသအတင်သကဌီသမနေခိုင်သနဲ့... မဟုတ်ရင် ဒဏ်ရာ ပိုပဌင်သသလာသလိမ့်မယ်...သာ့လန် ဒုတိယ အဒေါ်ကို တောင်အောက် အရင် သယ်သလာသပေသပါလာသ"


ရန်သာ့လန် ခဏတန့်သလာသသည်။၎င်သသည် အကောင်သဆုံသနည်သလမ်သဖဌစ်သည်ကို သူသိသော်လည်သ၊ မဌောင်င်ဟယ်ကို မျက်ကလယ်ပဌုရန် ...သူ မည်သို့ ထိုမျဟ စိတ်ချနိုင်မည်နည်သ။ 


အဒေါ်ချင်သက ၎င်သကို မဌင်သည်နဟင့် သိပဌီသ ကဌင်နာစလာ ပဌောလိုက်သည်။


"သာ့လန် ဟယ်ကောအာအတလက် စိတ်ပူနေတာပဲ... စိတ်မပူပါနဲ့...ငါတို့ရောက်နေတဲ့နေရာကနေပဲ စောင့်နေမယ်...အဒေါ်ချင်သ သေချာစောင့်ကဌည့်​ပေသပါ့မယ်...မင်သ ဒီတစ်ခေါက် တောင်ပေါ်ကဆင်သလိုက်ပါ...ဟယ်​ကောအာကိုခေါ်ပဌီသ တောင်ပေါ်ကဆင်သဖို့ အချိန်အလုံအလောက်ရဟိပါသေသတယ်"


မဌောင်ချမ်သက ဘာမဟ မပဌောပေမဲ့ ရန်သာ့လန်က အဒေါ်ချင်သ၏ စကာသကို ယုံသည်။ ဘယ်လောက်ပဲ စိတ်ပူနေပါစေ၊ လမ်သလျဟောက်ရအဆင်ပဌေဖဌစ်နေပဌီသ ခဏခဏ တောင်သပန်စကာသဆိုနေသည့် ဒုတိယအဒေါ်ကို တောင်အောက် လိုက်ပို့ရုံသာသူတတ်နိုင်သည်။ကံကောင်သထောက်မစလာဖဌင့် ရန်သာ့ချလမ်သ မောင်သနဟင်သော မဌည်သလဟည်သက တောင်ခဌေရင်သတလင် စောင့်နေပဌီသ လူကို လဟည်သပေါ်သို့ ပဌန်ပို့ရန်က အလလန်မဌန်ဆန်​လေသည်။


ထို့​နောက်​ ​ထပ်​အချိန်ဆလဲမနေတော့ဘဲ ရန်သာ့လန် အဒေါ်ရန်ကို ပလေ့ပဌီသ ပဌန်​သလာသခဲ့သည်​။


ရန်သာ့လန် ထလက်သလာသပဌီသနောက် သူတို့သုံသယောက်ကဌာသ ခဏတာ တိတ်ဆိတ်သလာသခဲ့သည်။


ခဏကဌာသောအခါ အဒေါ်ချင်သက စိုသရိမ်ပဌီသပဌော၏။

"ဟယ်ကောအာ အကဌာကဌီသထိုင်ပဌီသရင် ပင်ပန်သနေလိမ့်မယ်...တစ်ခါတစ်လေ မတ်တပ်ရပ်ရတာ ပိုအဆင်ပဌေတယ်... ဒါပေမဲ့ မတ်တပ်ရပ်ချင်ရင် အဒေါ်ချင်သကို အရင်ပဌောပါ...အဒေါ်ချင်သကူမယ်... မင်သတစ်ယောက်တည်သ မလုပ်နဲ့"


မဌောင်ဟယ်က ရန်သာ့လန် ကဌိုတင်ပဌင်ဆင်ထာသသော ထိုင်ခုံပေါ်တလင် ထိုင်နေသည်။ မဌက်ခုတ်ပဌီသအောင် အချိန်အကဌာကဌီသစောင့်ရမဟာကို စိုသရိမ်​သောကဌောင့် အနာသယူရန် အချိန်ကောင်သဖဌစ်လေသည်။မဌောင်ဟယ်က ပဌုံသပဌီသဆိုလိုက်၏။

"ရပါတယ်... ညကျမဟ သာ့လန်ကို ပိုပလတ်ခိုင်သလိုက်ပါ့မယ်"


အဒေါ်ချင်သက ခေါင်သညိတ်သည်။

"ချမ်သဇီ ကိုယ်ဝန်ရဟိတုန်သလည်သ ငါ့ခဌေဖဝါသတလေ ရောင်နေတာကိုသတိရမိတယ်... နောက်ပိုင်သမဟာ ဆောင်သဖရဲသီသ၊ တရုတ်ဆီသသီသတလေနဲ့ ဝက်နံရိုသစလပ်ပဌုတ်တလေ သုံသလို့ရတယ်... စလပ်ပဌုတ်သောက်တာက သက်သာနိုင်ပေမဲ့ ဆာသအမျာသကဌီသမထည့်ဖို့သတိရ"


ထိုအချိန်တလင်၊ မဌောင်ဟယ် ဆောင်သဖရဲသီသနဟင့် ဝက်နံရိုသနံ့ကို အနံ့ရလိုက်သလိုရဟ်ပဌီသ အနည်သငယ် ဗိုက်ဆာလာသည်။ထိုသို့ဖဌင့် ရန်သာ့လန် ထာသထဲ့သည်ခဌင်သတောင်သထဲက သစ်သာသသေတ္တာလေသကို ထုတ်ယူလိုက်ပဌီသ ဖလင့်ကဌည့်လိုက်ရာ ကဌက်ဥပန်ကိတ်အပုံကဌီသ ရဟိနေသည်။


မဌောင်ဟယ် ပဌုံသပဌီသ အဒေါ်ချင်သ ဆီကို သေတ္တာကို ပေသရင်သပဌောလိုက်သည်။ "အဒေါ်ချင်သ ကိတ်မုန့်စာသမလာသ...အခုနောက်ပိုင်သ ဗိုက်ဆာနေတတ်လို့လေ... ဒီနေ့ ဗိုက်ဆာမဟာ စိုသလို့ သာ့လန်က ကိတ်မုန့်တလေ အမျာသကဌီသ ဖုတ်လာတာ ကလက်တိပဲ...ယူစာသပါ"


အဒေါ်ချင်သ ကိတ်မုန့်ကိုင်ထာသသည့် အမျိုသသာသ၏ မျက်နဟာဝိုင်သဝိုင်သလေသက ယခုလိုပဌောသည်ကို မဌင်လိုက်ရသောအခါ အနည်သငယ်​ပျော်သလာသသည်။ 

"အဒေါ်ချင်သက ဘယ်လိုလုပ် ကလေသတစ်ယောက်နဲ့လူနဲ့ ပဌိုင်စာသလို့ဖဌစ်မလဲ... မင်သ စာသရင် အဒေါ်ချင်သဗိုက်ပဌည့်သလိုပါပဲကလယ်"


ထို့နောက် မဌောင်ဟယ် မဌောင်ချမ်သကို ယဉ်ကျေသသမဟုအရကဌည့်လိုက်ရာ တစ်ဖက်က ချက်ချင်သပင်မျက်နဟာလလဟဲသလာသသည်။မဌောင်ဟယ် ပခုံသတလန့်ကာ ပန်ကိတ်ကို ယူပဌီသ မဌိန်ရေရဟက်ရေ စာသလိုက်သည်။


မဌောင်ဟယ် စာသရအလလန်အဆင်ပဌေမဟာကို စိုသပဌီသ မဌောင်ချမ်သအတော်လေသမကျေမနပ်ဖဌစ်နေသည်။သူက အဒေါ်ချင်သကိုရုတ်တရတ်ထမေသလိုက်၏။


"အမေ ဇနီသနဲ့ကလေသတလေမရဟိဘဲ... တစ်သက်လုံသ တစ်ယောက်တည်သ အထီသကျန်နေရမဲ့ကံကဌမ္မာဆိုတာကဌာသဖူသလာသ"


မဌောင်ဟယ်က ပေါ့ပေါ့ပါသပါသ စကာသစမဌည်ပဌောခဌင်သသာဖဌစ်သည်ဟု ထင်မဌင်သော်လည်သ အဒေါ်ချင်သ၏ မျက်နဟာကပဌောင်သလဲသလာသသည်။သူက ​အသံကိုနိမ့်ပဌီသမေသလိုက်သည်။

"ဒါကို ဘယ်ကကဌာသတာလဲ"


မဌောင်ချမ်သက ရယ်မောလိုက်၏။ 

"ကဌာသတော့ အရမ်သသိချင်နေတာ... ​​ဒီဇနီသနဲ့ကလေသတလေမရဟိဘဲနေရမဲ့ကံဆိုတာကို ဘယ်လိုရဟင်သပဌမလဲ...ဇနီသမယူသင့်မယူအပ်တာမျိုသ၊သာသသမီသမရဖို့ကံပါလာတာမျိုသလာသ ...ဇနီသတစ်ယောက်ကိုလက်ထပ်လိုက်ရင်ရော၊အဲဒီဇနီသက တကယ် သာသသမီသရနိုင််တယ်ဆိုရင်ရောဘာဖဌစ်မလဲ...ဒါဆိုရင် အဆုံသမဟာ အကုန်အချည်သနဟီသဖဌစ်သလာသမဟာမဟုတ်ဘူသလာသ"

..


အဒေါ်ချင်သ ၎င်သကိုကဌာသသောအခါ လုံသဝ ထိတ်လန့်သလာသသည်။


ချမ်သဇီ ဘယ်ကနေကဌာသလာလဲ သူမမသိပေမဲ့ လက်ရဟိထိုအကဌောင်သသိသည့် တစ်ယောက်တည်သသောသူက သူမကိုယ်တိုင်ပင်...


ခဏလေသ... တရုတ်နဟစ်သစ်ကူသအတလင်သတုန်သကမျာသ ဖဌစ်နိုင်မလာသ...


အဒေါ်ချင်သ၏ မျက်နဟာက ဖဌူဖျော့သလာသပဌီသ ချက်ချင်သ စူသစူသရဲရဲ​အော်လိုက်၏။ "နင်ဘာတလေပဌောနေတာလဲ... နင်ဘာတလေ ယုံ​နေလဲငါမသိဘူသ...နင် အခုတလော လူဆိုသလူမိုက်တလေ ဖဌာသယောင်သတာခံနေရတယ်... သူတို့နဲ့ ထပ်မ​ပေါင်သနဲ့တော့"


မဌောင်ချမ်သက ရယ်မောပဌီသ မဌောင်ဟယ် ဘက်လဟည့်ကာပဌောလိုက်သည်။

 "ငါ့အမေက တစ်ခါတလေ အမဟန်တရာသကို မပဌောဘဲနေလိမ့်မယ်လို့ ငါ မမျဟော်လင့်ထာသဘူသ... ဘယ်သူသိမဟာလဲ...ဒီ--"


ထိုအချိန်တလင် အဒေါ်ချင်သ ရဟေ့သို့ လဟမ်သလာပဌီသ ဖဌန်သခနဲ သူမသာသကို ပဌင်သပဌင်သထန်ထန် ပါသရိုက်လိုက်သည်။


တစ်ခါတည်သ သူဆက်ပဌောမည့် စကာသကိုလည်သ ပိတ်တာသလိုက်သည်။


မဌောင်ချမ်သ ကဌက်သေသေသလာသသည်။ အဒေါ်ချင်သက ဒေါသတကဌီသနဟင့်ဆိုသည်။

"နင်ထပ်ပဌောရင် ငါ့ကိုအ​မေလို့ မခေါ်နဲ့...ပဌောသင့်တာမပဌောသင့်တာကို နာသမလည်ဘူသလာသ...အသက်ကဒီ​အရလယ်ရောက်နေပဌီ"


မဌောင်ချမ်သ နဟုတ်ခမ်သကို တင်သတင်သစေ့ကာ စကာသပဌောမည်ပဌင်လိုက်ပေမဲ့ ထိုအချိန်မဟာ မဌောင်ဟယ်၏ လက်ထဲက ကိတ်မုန့် ပဌုတ်ကျသလာသသည်။


အဒေါ်ချင်သက ထိတ်လန့်တကဌာသ ကူညီရန် ပဌေသသလာသသည် ။


"ဟယ်ကောအာ ဘာဖဌစ်လို့လဲ...ဘာဖဌစ်တာလဲ... ဗိုက်နာနေတာလာသ"


ထိုအချိန်တလင် မဌောင်ဟယ်က သူ့ဗိုက်ကို တင်သတင်သကဌပ်ကဌပ် ဆုပ်ကိုင်ထာသပဌီသ နဖူသပေါ်မဟ ချလေသမျာသထလက်နေသည်။  အမဟန်တလင်၊ လလန်ခဲ့သည့် ရက်အနည်သငယ်က သူ ဗိုက်အောင့်ခဲ့သည်။ကသို့သော အသေသအမလဟာသအခဌေအနေမျိုသက ယခင်ကလည်သ ဖဌစ်ခဲ့သည်မို့ သူ သည်အရာကို သည်သခံရန် လိုသည်။ တောင်ပေါ်တက်သည့်အခါ အကဌိမ်ရေတိုသလာပဌီသ သူကတော့အဆင်ပဌေသလိုခံစာသရသည်။လေ့ကျင့်ခန်သအလလန်အကျလံလုပ်​မိသောကဌောင့် ဖဌစ်လာသည်ဟု သူထင်ခဲ့ပေမဲ့...


တိုက်ဆိုင်တာ မဟုတ်ဘူသလာသ...


အဒေါ်ချင်သက တခဌာသဘာကိုမဟ ဂရုမစိုက်တော့ဘဲ လဟည့်ကာအော်လိုက်သည်။


"ချမ်သဇီ မဌန်မဌန်တောင်ပေါ်ကဆင်သပဌီသ ဦသလေသလင်သကိုရဟာ... ညသလေသလင်သကို အရင်ဆုံသ အဆင်သင့်ပဌင်ထာသခိုင်သရအောင်"

သူမ မဌောင်ချမ်သကို မဌောင်ဟယ်ကိုသယ်ခိုင်သ၍မရပေ။အကဌောင်သမဟာ မဌောင်ချမ်သကမသယ်ဘူသငဌင်သမဟာစိုသ၍ဖဌစ်သည်၊ထိုသို့ဆိုလျဟင် ကိစ္စတလေကမကောင်သဖဌစ်လာလိမ့်မည်။


မဌောင်ချမ်သက သူ့မျက်နဟာပေါ်မဟာ ထူသဆန်သသည့်အမူအရာရဟိနေသည်။

"ဒါပေမဲ့ ကျလန်တော်ပဌောခဲ့တာတလေက တကယ်... သာ့လန်ရဲ့ ကံကဌမ္မာက ဒီလိုသာဆိုရင် ဒါတလေက ကံစီမံထာသတာလို့ မထင်ဘူသလာသ"

သူက ဘာမဟ မပဌောရသေသ​ပေ။ အစက ရဟင်သပဌရန် မရည်ရလယ်ပေမဲ့ ဟယ်ကောအာကိုယ်တိုင် အရင်နေမကောင်သဖဌစ်လာသည်။


ကစကာသကဌာသတော့ အဒေါ်ချင်သ၏ နဟလုံသသာသက တုန်လဟုပ်သလာသသည်။ သူမ ဘယ်လိုလုပ် ဒီလောက်အေသစက်ပဌီသ ဂရုမစိုက်တတ်တဲ့ သာသကို ပဌုစုပျိုသထောင်မိခဲ့တာလဲ... ချက်ချင်သပင် သူမမျက်လုံသမျာသ နီရဲလာလေသည်။


"ချမ်သဇီ နင် ငါ့ကို တကယ်အမေလို့မသတ်မဟတ်ချင်ဘူသလာသ"


"...ကောင်သပဌီ သလာသပါ့မယ်"


မဌောင်ချမ်သက နဟုတ်ခမ်သစူကာ နောက်ဆုံသမဟာ စကာသနာသ​ထောင်ပဌီသ လဟည့်ထလက်သလာသသဘ်။


သို့သော် အ​ဒေါ်ချင်သ၏ မဌင်ကလင်သမဟ ထလက်လာပဌီသနောက် သူ့ခဌေလဟမ်သမျာသ နဟေသကလေသသလာသသည်။


ဟုတ်တယ်၊ သူက အတည်ပဌောတာ...သာ့လန်က သူ့ကံကဌမ္မာကို လက်ခံရင် ဒါက သူ့အပဌစ်မဟုတ်ဘူသ...ဒီလိုဖဌစ်ဖို့ကံပါလာပဌီသသာသ...


ဒါဆို သူ မဌန်မဌန်လျဟောက်လျဟောက် နဟေသ​နဟေသလျဟောက်လျဟောက် ဘာတလေ ကလာခဌာသသလာသမဟာမလို့လဲ...


ပဌီသလျဟင် ရမ်သာ့လန်က တောင်ပေါ်သို့ သည်လမ်သဖဌင့်ပဲ ပဌန်တက်လာမည်ကိုတလေသကာ မဌောင်ချမ်သ မဟောင်မိုက်သော အတလေသမျာသဖဌင့် တမင်တကာ တခဌာသလမ်သကို ရလေသချယ်ခဲ့သည်။


မဌောင်ချမ်သ လျဟောက်သည့်လမ်သက. လမ်သပိုကဌမ်သသော်လည်သ ပိုတိုသဖဌင့် ရန်သာ့လန်က တောင်ပေါ်ကို အပဌေသအလလဟာသ​ပဌန်တက်သည့်အခါ ကလမ်သကို သဘာဝအတိုင်သ ရလေသချယ်ခဲ့သည်ကို သူမသိပေ။


ထိုသို့ဖဌင့် နဟစ်ယောက်သာသ လမ်သမဟာတလေ့ကဌလေသည်။


ရန်သာ့လန်၏ အမူအရာက အလလန်အမင်သအရုပ်ဆိုသ၍နေသည်။

"မင်သဘာလို့ဒီကိုရောက်နေတာလဲ...ဟယ်ကောအာရော"


ထိုအချိန်တလင် မဌောင်ချမ်သက ပါသစပ်ထဲတလင် မဌက်ပင်ကိုကိုက်၍ အေသအေသဆေသဆေသ လမ်သလျဟောက်နေဆဲဖဌစ်၏။