Chapter 100
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 100

ဆောင်းမရောက်မီ (၁)



စွေ့ဟူမှာ ကြောင်အား စိတ်ဆိုးစေရန် မိမိဘာလုပ်လိုက်မိသည်ကို လုံးဝမသိချေ။ ကြောင်မှာ သူ့အား အစကတည်းက အထင်အမြင်သေးနေသကဲ့သို့ ရွံရှာသည့်ဟန်ပင် ဆင်မြန်းထား၏။ သို့သော် သူက လတ်တလောတွင် ပို၍ ပြင်းထန်လာသည်ကို စွေ့ဟူ ခံစားမိသည်။ အနွေးထည်နှင့် သွင်ပြင်အပေါ် မှတ်ချက်ပေးခြင်းက သူ့အား ကုတ်ခြစ်ချင်လောက်သည်အထိ ဒေါသထွက်စေမည်မှန်း မသိခဲ့ပေ။ 


၄င်းက အပြီးသတ်မဟုတ်သေးချေ။ စွေ့ဟူ စကားပြောသည်နှင့် ရှောင်ပိုင်က သူ့အား ပြန်လည်တုံ့ပြန်လာတတ်ပေသည်။ တစ်ခါတစ်ရံ စွေ့ဟူ နိုးလာသည့်အခါ ရှောင်ပိုင်က အမြင့်တစ်နေရာတွင် ထိုင်ကာ သူ့အား ငုံ့ကြည့်နေသည်ကိုပင် မြင်ရတတ်သည်။ သူ၏ မျက်လုံးထဲမှ အကြည့်မှာ အလွန်ထူးဆန်းကာ သူ့အား ခြောက်လှန့်နေပေသည်။ 


စွေ့ဟူက သူ့ဝမ်းကွဲညီလေးအား တိုင်တန်းရန် သွားလိုက်သည်။ 

"ရှောင်ပိုင်က ငါ့ကို အနာတရဖြစ်စေချင်နေတယ်လို့ ငါထင်တယ်..."


သူက တစ်နေ့တွင် ရှောင်ပိုင်၏ သတ်ဖြတ်ခြင်းကို ခံရကာ မည်သူ့ကိုမှ ထိုအကြောင်းပြောရန် အခွင့်အရေး မရလိုက်မည်ကို စိုးရိမ်နေပေသည်။ 


သို့သော် စွေ့ချီချောင်းက ကြောင်များအားလုံးက ထိုအကြည့်ရှိသည်ဟုသာ ပြောလာသည်။ ကြောင်များက ခံစားလွယ်တတ်၍ စွေ့ချီချောင်းက သူတို့အားလုံးမှာ အယ်လ်ဖာများကို မကြိုက်ဟု မှန်းဆပေသည်။ သို့မဟုတ် ရှောင်ပိုင်က လိမ္မော်သီးအနံ့ကို မုန်းနေခြင်းလည်း ဖြစ်နိုင်သည်။ 


ထို့အပြင် ရှောင်ပိုင်အတွက် တစ်စုံတစ်ယောက်ကို အန္တရာယ်ပေးရန်မှာ မဖြစ်နိုင်ပေ။ ရှောင်ပိုင်ကို ဝင်တိုက်မိသော ဝက်များကပင် သူ့ကို လဲကျအောင် ပြုလုပ်နိုင်၏။ 


ကြောင်များက အမှန်တကယ်တွင် ဆန်းကြယ်နေခြင်းလည်း ဖြစ်နိုင်၏။ မည်သို့ပင်ဆိုစေ ရှောင်ပိုင်က စွေ့ဟူကို စတင်အာရုံစိုက်လာရာ စွေ့ဟူ၏ ကံကောင်းမှုက ပျက်စီးသွားဟန် ရပေသည်။ သူက လယ်ကွင်းထဲသို့ အလုပ်လုပ်ရန် သွားစဉ်က ငှက်များခြောက်ရန် တာဝန်ကျနေသော ပိုက်သာဂိုးရပ်က သူ့ကို နောက်မှဝင်တိုက်ကာ လဲကျအောင် ပြုလုပ်ပေသည်။ 


စွေ့ဟူက ရွံ့များ စားမိသွားကာ အလျင်အမြန်ထပြီး ကန်စွန်းဥ အပင်များကို မတော်တဆ ဖိမိသွားသည်လားကို ကြည့်လိုက်သည်။ သို့သော် ပိုက်သာဂိုးရပ်က ထွက်သွားသည်ကို သူတွေ့လိုက်သည်။ 


"ဒီတြိဂံအပြားကလည်း ငါ့ကို ဒုက္ခရောက်အောင်လုပ်တယ်... ငါ့ကို ဝင်တိုက်ပြီး လဲကျသွားအောင် လုပ်တာ..."

စွေ့ဟူက စွေ့ချီချောင်းကို တိုင်တန်းလိုက်သည်။ 


စွေ့ချီချောင်းမှာ အမှန်တကယ်ပင် အံ့အားသင့်သွားသည်။  ဝက်များက တစ်စုံတစ်ယောက်ကို ဝင်တိုက်ကာ ပျံထွက်သွားအောင် ပြုလုပ်နိုင်သည်ကို သူကြားဖူးသော်လည်း စက်ရုပ်များက ထိုသို့ လုပ်နိုင်သည်ကို မကြားဖူးပေ။ အမှန်တကယ်တွင် ပိုက်သာဂိုးရပ်ကဲ့သို့ စက်ရုပ်များက သူတို့၏ အတွင်းပိုင်းစနစ်ကို တည်ထောင်ကာ ပုံမှန် စံချိန်ညှိတတ်ပေသည်။ သို့ဖြစ်ရာ မည်သည့် အရှိန်မြင့်မြင့် ပရမ်းပတာ လှုပ်ရှားနေသော ပစ္စည်းမှမရှိဘဲ မည်သည့်ကိုမှ ဝင်တိုက်လေ့မရှိပေ။ 


စွေ့ချီချောင်းက ၄င်းမှာ စွေ့ဟူ၏ အထင်မှားမှုဖြစ်မည်ဟု တွေးလိုက်သည်။ 

"မြေကြီးပေါ်မှာ မင်းကို ဝင်တိုက်သွားတဲ့ အကောင်တွေ ဘာတွေများရှိလား ရှာကြည့်ပါဦး..."


အကောင်နဲ့ ဝင်အတိုက်ခံရတာက သတ္ထုနဲ့လုပ်ထားတဲ့ ပစ္စည်းနဲ့ ဝင်တိုက်ခံရတာနဲ့ တူပါ့မလား... စက်ရုပ်တစ်ရုပ်ရဲ့ လမ်းကြောင်းက ဘယ်လောက် တိကျသလဲဆိုတာ စွေ့ဟူလည်း သိပါတယ်... ဒါပေမဲ့ သူက တကယ်ကြီး စက်ရုပ်ရဲ့ ဝင်တိုက်တာကို ခံလိုက်ရတာလို့... 


စွေ့ချီချောင်းက ပိုက်သာဂိုးရပ်ကို သွားစစ်ဆေးကာ ပြောလိုက်သည်။ 

"ပိုက်သာဂိုးရပ်က စွန့်ပစ်ထားတဲ့ စက်ရုပ်တစ်ရုပ်ပါ... သူ့ရဲ့ ပရိုဂရမ်က သာမန်အတိုင်း လည်ပတ်နေတာ ငါတွေ့ပါတယ်... အဲ့တော့ ပရိုဂရမ်က တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ဘူး... တစ်ယောက်ယောက်က အဲ့ဒါကို ဟက်ပြီး မင်းကို တမင်ဝင်တိုက်အောင် လုပ်တာလား... ဒါမှမဟုတ် အဲ့ဟာက သီးခြား အသိစိတ်တစ်ခုရှိပြီး မင်းကို ဝင်တိုက်ချင်တာလား... မင်း ဘယ်လိုထင်လဲ...."


စွေ့ဟူ - "...."


စွေ့ဟူ - "ငါလည်း မသိဘူး... ငါလဲ ဘယ်သူ့ကိုမှ ရန်မစမိပါဘူး..."


သူက ရှောင်ပိုင်၏ ပစ်မှတ်ထားခြင်းခံရသည်ကို တွေးမိရာ သူ့ဆံပင်များပင် ထောင်လာလေသည်။ 

ဒါက သေခြင်းတရားရဲ့ နိမိတ်တော့ မဟုတ်လောက်ဘူးမလား...


ထိုပြဿနာမှာ ကန်စွန်းဥများ ရိပ်သိမ်းသည့်အချိန်အထိ ရှိနေခဲ့ပေသည်။ စွေ့ဟူမှာ သေဆုံးခြင်း နတ်ဘုရား၏ ခေါ်ဆောင်ခြင်းကို မခံရသေးရာ ကံဆိုးခြင်းသာ ဖြစ်နိုင်ပေသည်။ 


ဤသည်မှာ စွေ့ထင်နှင့် တခြားသူများ၏ rutက တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည့် အချိန်လည်းဖြစ်သည်။ 


သူတို့က အတူတကွ နေထိုင်ကာ လေ့လာနေရာ အယ်လ်ဖာများက အချင်းချင်း လွှမ်းမိုးကာ လှုံ့ဆော်ခြင်းနှင့် အဆုံးသတ်သွားသည်။ သို့ဖြစ်ရာ သူတို့၏ rutကာလများက နီးကပ်နေပေသည်။ သူတို့၏ ဖယ်ရိုမုန်းများက မတည်ငြိမ်၍ အလုပ်နားကာ သူတို့ကိုယ်သူတို့ သီးခြားနေထိုင်ရန် တောင်းဆိုလိုက်သည်။  


သို့မဟုတ်ပါက အယ်လ်ဖာ ၃ယောက်နှင့် အိုမီဂါ၁ယောက်တည်းရှိရာ အယ်လ်ဖာ တိုက်ပွဲ ဖြစ်ပွားလာနိုင်ဟန် ရပေသည်။


အယ်လ်ဖာ ၁ယောက်နှင့် အိုမီဂါ ၁ယောက်ကိုမူ တိုက်ရိုက် ပိုးပန်းခြင်းဟု ယူဆ၍ ရနိုင်ပေသည်။ အယ်လ်ဖာအပိုရှိနေပါက သူတို့က မည်သူက အကောင်းဆုံးဖြစ်သည်ကို ပြိုင်ဆိုင်လိုလာပေသည်။ အသန်မာဆုံးကသာလျှင် မိတ်ဖက်ရန် အခွင့်အရေး ရနိုင်ပေသည်။ အိုမီဂါများကို အပိုင်သိမ်းလိုသည့် အယ်လ်ဖာ၏ ပင်ကိုယ်စရိုက်က အခြားအယ်လ်ဖာများကို အာရုံခံမိသည့်အခါ သူတို့အား ပိုင်နက်ကျူးလွန်သည်ဟု ခံစားရစေပေမည်။ သူတို့က အခြားအယ်လ်ဖာများနှင့် တိုက်ခိုက်လိုခြင်းပင် ဖြစ်နိုင်၏။ 


စွေ့ချီချောင်းက သူတို့၏ တောင်းဆိုမှုကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ 


အယ်လ်ဖာများက တွေးတောနေကြပေသည်။ 

စွေ့ချီချောင်းက လယ်ကွင်းအလုပ်တွေ နှောင့်နှေးမှာစိုးလို့ ငါတို့ရဲ့ တောင်းဆိုချက်ကို ခွင့်မပြုမှာတော့ မဟုတ်လောက်ဘူးမလား... 


အမှန်တကယ်တွင် စွေ့ချီချောင်းက ဤဆက်တင်မှာ အမှန်ပင် ထူးဆန်းပြီး ပရမ်းပတာနိုင်သည်ဟု တွေးနေပေသည်။ 

တစ်ယောက်ရဲ့ rutကာလက ဘာကြောင့် တခြားတစ်ယောက်ရဲ့ rutကာလကို သက်ရောက်မှု ရှိရမှာလဲ... အဲ့ဒါက အမျိုးသမီးတွေရဲ့ ဇီဝကမ္မကာလနဲ့ အရမ်းဆင်တူတယ်... ပြီးတော့ မိသားစုတစ်ခုက အတူတူနေရင် သူတို့ရဲ့ rutကာလတွေက တဖည်းဖြည်းနဲ့ တူလာမှာလေ... အဲ့ဒါဆို အဲ့အချိန်တိုင်း မိသားစုက လုပ်အားကို ဆုံးရှုံးမှာ မဟုတ်ဘူးလား... တားမြစ်ဆေးတွေ မတီထွင်ရသေးတဲ့ ခေတ်တုန်းက လူတွေ ဘယ်လိုလုပ်ပြီး ရှင်သန်ကြတာလဲ... အဲ့ရက်တွေမှာ အရေးကြီးတာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ... တချို့ သီးနှံတွေကို ရိတ်သိမ်းရမဲ့ အကောင်းဆုံးအချိန်က တစ်နှစ်ပတ်လုံးရဲ့ ရက်အနည်းငယ်ပဲ ဖြစ်နိုင်တာ... အဲ့ဒါဆို ဘယ်လိုလုပ်မလဲ... ဒါပေါ့ အဲ့ဒါက တစ်ခုတည်းသော အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးလေ... 


"ကောင်းပြီလေ... ဒါပေမဲ့ မင်းတို့အားလုံး သီးခြားနေဖို့တော့ နေရာမရှိဘူး... အာကာသစခန်းတစ်ခုလုံးက တစ်ဆက်တည်း ဖြစ်နေတာ... အဲ့တော့ မင်းတို့အကုန်လုံး တစ်ယောက်နဲ့ တစ်ယောက်အဝေးဆုံး လယ်ကွင်းတွေမှာ အလုပ်လုပ်ရမယ်... မင်းတို့အကုန်လုံး ကိုယ့်ဟာကိုယ် ထိန်းချုပ်သင့်တယ်..."

စွေ့ချီချောင်းက ဆိုလိုက်သည်။ 


ကိုယ့်ဟာကိုယ် ထိန်းချုပ်ရမယ်......


သူတို့က ဘယ်လိုလုပ်ပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်မှာလဲ... အယ်လ်ဖာတွေက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ရင် အယ်လ်ဖာလို့ ခေါ်ပါ့ဦးမလား... 


စွေ့ချီချောင်းက သူတို့အား အလုပ်နားခွင့်မပေးခြင်းအတွက်မူ သူတို့က မျှော်လင့်ထားပြီး ဖြစ်သည်။ ယခုက ရိတ်သိမ်းရာသီဖြစ်ရာ သူက သူတို့ကို လွှတ်ပေးမည် မဟုတ်ပေ။


စွေ့ထင်နှင့် စွေ့ရှောင်ကျန်းတို့က သူတို့က rutကာလရောက်သည့်အခါ မည်မျှ သန်မာသွားသည်ကို စွေ့ချီချောင်းကို ပြသင့်သည်ဟု တိတ်တဆိတ် ခံစားနေရပေသည်။ ထိုညက သူတို့ အိပ်ရာဝင်သည့်အခါ အိပ်ပျော်နေစဥ်၌ rut ဝင်သွားပေသည်။ သူတို့ထဲမှ တစ်ဦးက ဝိုင်နီအနံ့ဖြစ်ကာ အခြားတစ်ယောက်က ဝိုင်ဖြူအနံ့ဖြစ်လေသည်။ သူတို့၏ ဖယ်ရိုမုန်းများက သဲသဲမဲမဲ ထွက်လာပြီး မသိစိတ်ဖြင့် စွေ့ချီချောင်းဆီသို့ တိုးသွားမိသည်။ 


ထို့နောက် နှစ်ဦးစလုံးနိုးလာပြီး သူတို့၏ နားများက စွေ့ချီချောင်း၏ လှုပ်ရှားမှုများကို နားထောင်ကာ မျက်လုံးခြင်း ဆုံမိသွားကြသည်။ သူတို့၏ ဖယ်ရိုမုန်းများကဲ့သို့ သူတို့က အရေးနိမ့်ကြောင်း ဝန်ခံရန် ငြင်းဆိုနေကြသည်။ ထို့ကြောင့်ပင် သူတို့၏ အနံ့များက ပို၍ သန်မာလာပေသည်။ 


သူတို့က အိပ်ခန်းထဲရှိ အိုမီဂါထံသို့ ခုန်အုပ်လိုသော်လည်း အခြားသူများ၏ တည်ရှိမှုကို အာရုံခံမိသောအခါ ရပ်တန့်လိုက်သည်။ တံခါးအပြင်မှ အနံ့နှစ်ခုက စွေ့ဟူကို နိုးသွားစေကာ သူ့၏ လိမ္မော်ရနံ့က ပို၍ သန်မာလာပေသည်။ အိုမီဂါ၏ ရနံ့မှာ ဝိုင်နံ့နှစ်မျိုးနှင့် ရောယှက်နေသည်။ ရောနှောနေသော ရနံ့ကိုရသူများက အာကာသစခန်းထဲတွင် လိမ္မော်သီးအချို့ကို အချဉ်ဖောက်နေသည်ဟု ထင်ပေလိမ့်မည်။  ဘီတာများသာလျှင် ဘာမှမခံစားရဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်၏။ 


စွေ့ဟူ၏ rutက မရောက်ရှိသေးသော်လည်း သူက သူတို့၏ ဖယ်ရိုမုန်းများကြောင့် သက်ရောက်မှု ရှိနေဆဲပင်။ ထို့ကြောင့် သူက rut၏ လက္ခဏာများ ခံစားနေရသည်။ အယ်လ်ဖာများက အိုမီဂါများအပေါ် သန်မာသော ပိုင်ဆိုင်လိုစိတ်များ ရှိကာ သူတို့၏ တွဲဖက်ဖြစ်လာနိုင်သူအပေါ်လည်း ပိုင်ဆိုင်လိုစိတ်များ ပြင်းထန်လေ့ရှိသည်။ ယခုတွင် ဤကုန်းမြေပေါ်၌ အိုမီဂါတစ်ဦးသာ ရှိပေသည်။ ထိုအချိန်အတွင်း၌ ဆန့်ကျင်ဘက်တွင် ရပ်နေသော လူ၂ယောက်က တစ်ဦးနှင့်တစ်ဦး ထိပ်တိုက် တွေ့ဆုံနေသော လူ၃ယောက် ဖြစ်လာပေသည်။ 


စွေ့ချီချောင်းက အိပ်ယာပေါ်တွင် ဟိုသည်လှိမ့်၍ ထထိုင်လိုက်သည်။ သူက ဆူဆူညံညံများကြောင့် နိုးလာခြင်းပင်။ 


"ရှောင်ပိုင်..."

စွေ့ချီချောင်းက အော်လိုက်သည်။ ရှောင်ပိုင်က ချက်ချင်း ထခုန်ကာ သူကြိုတင်ပြင်ဆင်ထားသော ပစ္စည်းများကို ထုတ်လိုက်သည်။ 


အာကာသစခန်း၏ အခန်းမှာ သီးသန့်မခွဲထားပေ။ စွေ့ချီချောင်းက သူ့အခန်းထဲမှ ထွက်လိုက်သည့်အခါ ဖယ်ရိုမုန်းအနံ့များက ပိုသန်မာလာသည်။ အယ်လ်ဖာ၃ယောက်မှာ ဆောက်တည်ရာမရဖြစ်နေကာ စွေ့ချီချောင်းနှင့် အချင်းချင်းကို အပြန်ပြန်အလှန်လှန် ကြည့်နေပေသည်။


စွေ့ချီချောင်း၏ နှံစားပင် ငါးမျိုးအနံ့မှာ လေထဲတွင် အလွန်သိသာနေကာ သူ့ဖယ်ရိုမုန်းများ၏ သိပ်သည်းမှုက အယ်လ်ဖာများ၏ လွှမ်းမိုးမှုအောက်တွင် သာမန်ထက် အနည်းငယ်ပိုမြင့်နေပေသည်။ သို့သော် စွေ့ချီချောင်းမှာ သူတို့၏ ရနံ့များကြောင့် လုံးဝ သက်ရောက်မှု မခံရဆဲဖြစ်သည်။ 


စွေ့ဟူက ဤသည်ကို တစ်ကြိမ် ကြုံဖူးပြီးဖြစ်ကာ စွေ့ထင်နှင့် စွေ့ရှောင်ကျန်းတို့က ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့က အိုမီဂါ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် မသိစိတ်ဖြင့် ဖယ်ရိုမုန်းများ၏ ကျယ်ပြန့်မှုကို ထိန်းချုပ်လိုက်သည်။ ရလာဒ်အနေဖြင့် စွေ့ချီချောင်းက ညအိပ်ဝတ်စုံဖြင့် စွေ့ဟူဆီသို့ လျှောက်လာပြီး စွေ့ဟူ၏ လက်များကို အတူတူ ချည်ထားလိုက်သည်။ 


စွေ့ဟူက တစ်ကြိမ်အချည်ခံခဲ့ဖူးပြီး ဖြစ်သည်။ သူက စွေ့ချီချောင်းကို ဆန့်ကျင်လိုသည့် သူ့ဆန္ဒများကို ဖိနှိပ်ကာ ထောင့်တစ်နေရာသို့ တိတ်တဆိတ် ကပ်ကာ စိတ်တည်ငြိမ်စေလိုက်သည်။ သူ့အတွက် အမှားကို ထပ်မံ ပြန်လုပ်စရာ မလိုပေ။ 


စွေ့ချီချောင်းက စွေ့ဟူကို ကြိုးချည်ပြီးနောက် စွေ့ရှောင်ကျန်းဆီသို့ သွားလိုက်သည်။ ထိုအချိန်တွင် စွေ့ရှောင်ကျန်းက သူဆီသို့ပြေးလာပြီး စွေ့ထင်၏ မျက်နှာသည်ပင် ပြောင်းလဲသွားသည်။ ကံမကောင်းစွာဖြင့် သူမက စွေ့ရှောင်ကျန်း၏ အမူအရာများအတိုင်း လိုက်လုပ်လိုက်သည်။ 


စွေ့ချီချောင်းက စွေ့ရှောင်ကျန်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ့လက်ကို နောက်ကျောသို့ လိမ်ဆွဲရန် အားသုံးလိုက်သည်။ စွေ့ရှောင်ကျန်း၏ ခန္ဓာကိုယ်က နောက်လှည့်လုနီးပါးဖြစ်သွားကာ သူ့လက်များက သူ့နောက်တွင် ဖိထားခြင်း ခံလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုက ချပ်ကနဲ မြည်ကာ သော့ပိတ်သွားသည်။ တစ်ချိန်တည်းမှာပင် စွေ့ထင်ကအနီးကပ်လာပြီး စွေ့ချီချောင်းကို ဖက်ကာ အော်ဟစ်လိုက်သည်။ 

"နင်... ငါ့ဖယ်ရိုမုန်းတွေကို ရှုစမ်း...."


စွေ့ချီချောင်းက စွေ့ထင်၏ နှာခေါင်းကို ရိုက်လိုက်သည်။ သူမ၏ နှာခေါင်းက နာကျင်နေကာ မျက်ရည်များ ကျလာသည်။ သူမ မလှုပ်ရှားနိုင်ဘဲ အလျင်အမြန် ကြိုးချည်ခံရကာ ထောင့်တစ်ထောင့်သို့ အလျင်အမြန် အပို့ခံလိုက်ရသည်။ 


အခန်းမှာ ထောင့်လေးထောင့်ရှိပြီး ထောင့်သုံးထောင့်အား အယ်လ်ဖာသုံးယောက်သို့ ခွဲဝေပေးထားသည်။ စွေ့ချီချောင်းက အရာအားလုံး ပြီးစီးသည်ကို အတည်ပြုပြီးနောက် စက္ကန့်ပိုင်းပင် မနေတော့ဘဲ အိပ်ရန် ပြန်သွားလိုက်သည်။ 


နောက်တစ်နေ့တွင် ဘာမှမသိသည့် ဘီတာများ နိုးလာပြီး သူတို့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုကြီးကို တွေ့ရှိသွားသည်။ 


သူတို့က ယမန်နေ့ညက ဘာဖြစ်ခဲ့သည်ကို မသိချေ။ မည်သို့ပင်ဆိုစေ သူတို့က အယ်လ်ဖာနှင့် အိုမီဂါတို့၏ ဇာတ်လမ်းများတွင် အရံအဖြစ်သာ ပါဝင်ရ၏။ သို့သော် စွေ့ထင်နှင့် စွေ့ရှောင်ကျန်းတို့၏ မျက်လုံးများက နီရဲနေပြီး တစ်ညလုံး မအိပ်ရသေးသည့်ဟန် ရပေသည်။ 


အမှန်ပင် သူတို့က တစ်ညလုံး မအိပ်ခဲ့ရချေ။ သူတို့က စွေ့ချီချောင်း၏ ဖယ်ရိုမုန်းများကြောင့် နှိပ်စက်ခြင်း ခံရပြီး rutလည်း ဝင်နေသည်။ သူတို့က rutအတွင်း၌ အမြဲလိုလို အနားမရကာ မအိပ်နိုင်ပေ။ ဤအခိုက်အတန့်မှာပင် သူတို့က ဖယ်ရိုမုန်းများထုတ်ကာ ရှိနေသော အိုမီဂါကို ဆွဲဆောင်ရန် ကြိုးစားနေကြသည်။ သူတို့က နံရံကို စိုက်ကြည့်ကာ မျက်လုံးများ ပေါက်ထွက်သွားလျှင်ပင် စွေ့ချီချောင်းက ထွက်မလာပေ။ ယခုတွင် သူတို့က ဇွန်ဘီအဖြစ် ပြောင်းသွားသကဲ့သို့ ဖြစ်နေလေသည်။ 


စွေ့ဟူမှာ ညိုးငယ်သော အမူအရာဖြင့် ဆိုလိုက်သည်။ 

"ငါမင်းတို့ကို အရင်ကတည်းက ပြောသားပဲ..."


"အဲ့ဒါက သိပ္ပံနည်း မကျဘူး..."

စွေ့ထင်က ခေါင်းစောင်းကာ ဆိုလိုက်သည်။ 

"ငါ့ဖယ်ရိုမုန်း အောက်မှာ မူးယစ်မသွားတဲ့ အိုမီဂါတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ..."


စွေ့ချီချောင်းမှာ ယမန်နေ့ညက သူတို့ကို ကြိုးချည်စဉ်က အလွန်စိတ်ဆိုးနေပြီးဖြစ်သည်။ rutအတွင်း အယ်လ်ဖာများ၏ ခွန်အားက လေထဲရှိ ဖယ်ရိုမုန်းပြောင်းလဲမှုနှင့်အတူ ထိုးတက်လာပေမည်။ ဖယ်ရိုမုန်းတိုက်ခိုက်မှုည အပြီးတွင် စွေ့ချီချောင်းက အိပ်ရာထကာ မနက်စာ ပြုလုပ်နိုင်ဆဲဖြစ်သည်။ ထို့အပြင် သူ့ခြေထောက်များသည်လည်း ပျော့ခွေမနေချေ။ 


ထိုအစား တစ်ညလုံး ဖယ်ရိုမုန်းထုတ်ရန် စွမ်းအင်များကို ချဲ့ကားထားသော သူတို့က ယခုအခါတွင် အနည်းငယ် မောပန်းနေသည်ဟု ခံစားရပေသည်။


"မင်းတို့ မနေ့ညက မအိပ်ဘူးလား...."

စွေ့ချီချောင်းက ယာဂုသောက်ရင်း သူတို့ကိုကြည့်လိုက်သည်။ သူတို့က စိတ်လှုပ်ရှားနေဆဲ ဖြစ်ပြီး အတန်ကြာအောင် အိပ်မပျော်မည်ဖြစ်ရာ သူတို့အား အလုပ်သို့ ပို့လိုက်သည်က ပိုကောင်းပေသည်။ 

"မင်းတို့ ဖယ်ရိုမုန်းတွေရဲ့ အကွာအဝေးနဲ့ လွှမ်းမိုးမှုက ဘယ်လောက် ကျယ်လဲ... ၁၀မူဆိုရင် လုံလောက်လား..."


စွေ့ချီချောင်းက စွေ့ထင်ကို လွတ်ပေးလိုက်သည်။ သူက စွေ့ထင်နှင့် စွေ့ရှောင်ကျန်း တစ်ဦးနှင့် တစ်ဦး လွှမ်းမိုးခံရမည့် အကွာအဝေးကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူတို့က လူခွဲကာ ထောင့်တစ်ခုစီတွင် အလုပ်လုပ်နေရပေသည်။


စွေ့ထင်နှင့် စွေ့ရှောင်ကျန်းတို့က အလယ်ရှိ အိုမီဂါကို အသည်းအသန် လိုချင်နေကြသည်။ သူတို့၏ ခြေလက်များကို ချည်နှောင်ထားသည်က နှမြောစရာပင်။ သူတို့ခြေထောက်များမှာ ကျယ်ကျယ် မဖွင့်နိုင်သလို သူတို့လက်များကိုလည်း ထပ်မဆန့်နိုင်ချေ။ သူတို့က လယ်စိုက်ရေး ကိရိယာများဖြင့်သာ ဆက်သွယ်ခြင်း ခံထားရသည်။ သူတို့က ဟင်းရွက်များ တည်ငြိမ်စွာ ခူးနေသော အိုမီဂါ၏ နောက်ကျောကိုသာ စိုက်ကြည့်ပြီး စိုက်ပျိုးရေး စကူတာကို ရှေ့နောက် မောင်းနေရန်သာ တတ်နိုင်ပေသည်။ 


သူတို့က သူ့အား အမီပင် မလိုက်နိုင်ချေ။ သူတို့က တစ်စုံတစ်ခုကို လိုချင်သော်လည်း မရနိုင်သည့် အနေအထားတစ်ခုတွင် အထားခံရရာ အိုမီဂါအား ကျေနပ်မှု ပေးလိုသော သူတို့၏ အယ်လ်ဖာ ပင်ကိုယ်စရိုက်က နှိုးဆွခြင်း ခံလိုက်ရသည်။ အားသုံးရန်မဖြစ်နိုင်သည့်အခါ အိုမီဂါက ဦးဆောင်မှု ပြုလာရန်အတွက် ဖြားယောင်းရန် ကြိုးစားလိုက်ကြသည်။ 


သူတို့က ဒီထူးဆန်းတဲ့ အိုမီဂါကို ဘယ်လို ကျေနပ်စေရမလဲ....


စွေ့ထင်နှင့် စွေ့ရှောင်ကျန်းက အဝေးမှ အချင်းချင်းကြည့်လိုက်သည်။ သူတို့က အလိုလို နားလည်မှုတစ်ခု တည်ဆောက်ကာ သူတို့ကိုယ်သူတို့ ဟင်းသီးဟင်းရွက် အရူးအမူး လှီးဖြတ်ခြင်းတွင် မြှုပ်နှံထားလိုက်သည်။ 


ကန်စွန်းပင်များအား လုံလောက်သည့် မြေဩဇာနှင့် ရေပေးပြီးနောက် အရူးအမူး ကြီးထွားမည် ဖြစ်သည်။ စွေ့ချီချောင်းက ကန်စွန်းပင်များကို ဖြတ်ကာ စည်သွပ်အစားအသောက်များနှင့် လဲလှယ်ရန် လီဆာထံသို့ ပို့လိုက်သည်။ 


ထို့နောက် သူတို့က ကန်းစွန်ဥများကို သိမ်းထားလိုက်သည်။ သူတို့က အပြင်ဘက်တွင် ရေစိမ်ထား၍ မရပေ။ ၄င်းတို့က အတွင်းထဲတွင် အနည်းငယ်သာ စိုက်ပျိုး၍ ရပေသည်။ ကန်စွန်းဥ အများစုကို နောက်နှစ်မတိုင်ခင်အထိ တစ်နေရာရာတွင် သိမ်းထားရပေမည်။ ထိုအချိန်အတွင်း ကန်စွန်းဥများက ဆက်လက်အပင်ပေါက်နေမည်ဖြစ်ပြီး စွေ့ချီချောင်းနှင့် အခြားသူများက နောက်နှစ်တွင် နောက်တစ်ကြိမ် ထပ်စိုက်ပေမည်။ 


ကန်စွန်းဥအထွက်နှုန်းက အလွန်မြင့်ကာ တစ်မူလျှင် ကီလိုဂရမ်ထောင်ချီထွက်ပေသည်။ စွေ့ချီချောင်းက ကန်စွန်းဥများကို အနည်းအကျဥ်းသာ စိုက်ပျိုးခဲ့သည့်တိုင် လယ်ကွင်းထဲ၌ ကန်စွန်းဥ ကီလိုဂရမ် ရာချီရရှိပေသည်။ ပြန်ရသည့်နှုန်းက မြင့်ပေသည်။ သူတို့က ကန်စွန်းဥများကို  ပျိုးကြဲကာ အပင်ပေါက်စေပြီး နောက်တစ်ကြိမ်ပြန်စိုက်နိုင်ရန် အပင်ပေါက်များကို လှီးထုတ်လိုက်သည်။ ၄င်းတို့ အားလုံး ပြုလုပ်ပြီးနောက် နောက်နှစ်အတွက် အပင်စိုက်ရန် မြေအများအပြားကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ 


စွေ့ချီချောင်းက သူ့ကိုယ်တိုင်လည်း မမှားယွင်းချေ။ သူက ကန်စွန်းပင်အရွက်များ အပါအဝင် လီဆာနှင့် မလဲသမျှထဲမှ ပမာဏအနည်းငယ်ကို ထုတ်ထားပြီး ချက်ပြုတ်ရန် အသုံးပြုလိုက်သည်။ 


၂၃ရာစုရှိ ချက်ပြုတ်ရေး စက်များက စွေ့ချီချောင်းနေနေသော ခေတ်ရှိ စက်များထက် တိုးတက်မှု နည်းပါးသည်။ သို့သော် ၄င်းတို့က အရသာရှိသော အစားအသောက်ကို လူကိုယ်တိုင် ထုတ်လုပ်ခြင်းမှ အစားထိုးပေးနိုင်သည်။ သို့သော် အာကာသစခန်းရှိ အရာမှာ အကျဉ်းသားများအတွက် ရည်ရွယ်ထားရာ  လုပ်ဆောင်ချက်များ ကန့်သတ်ထားဆဲဖြစ်သည်။ ထို့အပြင် စွေ့ချီချောင်းက ကိရိယာများပြုလုပ်ရန် ၄င်းကို တစစီ ဖြုတ်ထားရာ အစားအသောက်ကို လက်ဖြင့်လုပ်ရန် လိုပေသည်။ 


ကြယ်တာရာ မြေကျွန်များက မကြာသေးမီတွင် ကြက်ဥခွံပေါ်တွင် လမ်းလျှောက်နေကြရပေသည်။ သူတို့က ကောင်းမွန်စွာ လုပ်ကိုင်ခဲ့ရာ စွေ့ချီချောင်းက သူတို့အတွက် အစားအသောက်အနည်းငယ် ချက်ပေးခဲ့၍ ၄င်းက သူတို့အား အလွန်ထိတ်လန့်စေသည်။ အထူသဖြင့် rutတစ်ခုလုံးဖြစ်နေစဉ် အရူးအမူး အလုပ်လုပ်ခဲ့ကြသည့် အယ်လ်ဖာနှစ်ယောက် စွေ့ထင်နှင့် စွေ့ရှောင်ကျန်းပင်ဖြစ်သည်။ သူတို့က rutအတွင်း ခြေကုန်လက်ပန်းကျသည်အထိ လယ်အလုပ်များ လုပ်ကာ နောက်ဆုံးတွင် သေလုမြောပါး ဖြစ်သွား၏။ သို့သော် ဤအိုမီဂါက သူတို့၏ ကြိုးစားမှုများကို အနည်းငယ်ပင် တုံ့ပြန်ဟန် မရပေ။ 


သူတို့က စွေ့ချီချောင်းမှာ သာမန်လူတစ်ဦးမဟုတ်သည်ကို အပြည့်အဝ ယုံကြည်သွားသည်။ သူက သူ့၏ အခြေခံအကျဆုံး ဇီဝတုံ့ပြန်မှုကို ဖိနှိပ်နိုင်ပေသည်။ 

နောက်တစ်နည်း ပြောရရင်တော့ သူက ရူးနေတာ... သူထပ်ပြီး မလုပ်နိုင်တာ ဘာရှိဦးမှာလဲ...



🍀🍀🍀