Chapter 101
Viewers 6k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 101

ဆောင်းမရောက်မီ (၂)



ထို့အပြင် ဤရက်များအတွင်း ချက်ပြုတ်ရေးစက်ကို အသုံးပြု၍ ရနိုင်သော်လည်း လူတိုင်းက သူတို့အစားအသောက်ကို ကိုယ်တိုင် ချက်ပြုတ်စားသောက်ရသည်။ စွေ့ချီချောင်းက သူတို့အတွက် ကန်စွန်းဥများ ချက်ကာ အစားအသောက် ကိုယ်တိုင်ပြင်ပေးနေသည်ကို မြင်သောအခါ သူတို့က အတူစုပြီး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ 


"အဲ့ဒါက... ငါတို့ကို မသတ်ခင် ငါတို့ကိုပေးမဲ့ အစားအသောက် မဟုတ်ဘူး မလား...."


"အစ်မ ဆောင်းရာသီက မကြာခင် ရောက်လာတော့မှာ... ဒီက ဆောင်းရာသီက အတော်ကို ကြာတယ်လေ... ပြီးတော့ ငါတို့မှာ စွန့်ပစ် အစားအသောက်တွေ ရှိနေတာ..."


"ဘုရားရေ.... လယ်အလုပ်တွေက ပြီးတော့မှာပဲ... လူတွေက ဆောင်းမတိုင်ခင်မှာ ထုံးစံအတိုင်း အမဲလိုက်ကြတာလေ... တိရိစ္ဆာန်တွေကိုက အခုပဲ အမဲလိုက်ပြီးတာ... အခု ငါတို့ကို သတ်မဲ့အချိန်လား..."


"ဒီလိုဖြစ်မယ်မှန်းသိရင် K921အောက်မှာပဲ သေလိုက်ပါတယ်... အနည်းဆုံးတော့ ငါက သူရဲကောင်းတစ်ယောက်အနေနဲ့ သေရတာပေါ့..."


"မင်းတို့ ဘာတွေ ပြောနေကြတာလဲ..."

စွေ့ချီချောင်းက မျက်နှာတည်ဖြင့် ကန်စွန်းဥယိုတစ်ပန်းကန်တစ်ချပ် ကိုင်ကာ တံခါးဆီမှ ထွက်လာသည်။ လိမ္မော်ရောင် ကန်စွန်းဥ အတုံးများမှာ သကြားလွှာ ပါးပါးနှင့် ဖုံးအုပ်ထားပြီး အလယ်ပိုင်းတွင် သကြားမျှင်များ ပြေးလွှားနေသည်။ ချိုမြိန်လှသော ရနံ့ကို ဝိုးတဝါးရနိုင်၏။ 


"ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ဘူး..."

မြေကျွန်များက အမှန်ကို မပြောရဲဘဲ အလျင်အမြန် ခေါင်းများငုံ့ထားကြသည်။ 


ဤသည်က ဆုလဒ်တစ်ခုဖြစ်သော်လည်း စွေ့ချီချောင်းက မျက်နှာသာမပေးပေ။ ကြယ်တာရာမြေကျွန်များရှေ့တွင် ပန်းကန်လုံးတစ်ခုသာ ရှိလေသည်။ သူက သစ်သားဇွန်းတစ်ချောင်းကို ယူလိုက်ပြီး ကန်စွန်းဥယိုများကို ကော်ကာ သူတို့ပန်းကန်လုံးထဲသို့ တစ်ယောက်တစ်ဇွန်း ထည့်ပေးလိုက်သည်။ 


စွေ့ရှောင်ကျန်းနှင့် အခြားသူများက လက်ထဲတွင် ကန်စွန်းဥများ ကိုင်ထားပြီး ခေါင်းငုံ့ကာ တစ်ဦးနှင့် တစ်ဦးကြည့်ပြီး ဆက်သွယ်နေကြသည်။ 

သူတို့ ဘာလုပ်သင့်လဲ... စားရမှာလား... မစားရဘူးလား... 


ထိုအချိန်တွင် စွေ့ဟူပေါ်လာပြီး ပန်းကန်လုံးကြီးထဲမှ ကန်စွန်းဥတစ်တုံးကို ခက်ရင်းဖြင့် ထိုးလိုက်သည်။ ကန်စွန်းဥယိုများက ပူနေစဥ်စားရသည်မှာ အကောင်းဆုံးဖြစ်သည်။ သူက ကန်စွန်းဥများကို ကောက်လိုက်သောအခါ ပင်ကူအိမ်ကဲ့သို့ သကြားတန်းများ ဖြစ်ပေါ်လာသည်။ ၄င်းတို့မှာ ကြည်လင်နေပြီး တစ်ကြိမ်အအေးခံလိုက်သည်နှင့် ထိုသကြားမျှင်များကို ဆွဲဆန့်နိုင်ပေသည်။ 


စွေ့ချီချောင်းက ကန်စွန်းဥယိုလုပ်ရခြင်းမှာ ၄င်း၏ ပါဝင်ပစ္စည်းများက ရိုးရှင်းကာ သူတို့၏ လက်ရှိ ဘဝများနှင့် ကြိုက်ညီနေ၍ပင်။ 


ကန်စွန်းဥယိုများ ပြုလုပ်ခြင်း၏ အရေးအကြီးဆုံး အချက်မှာ သကြားကျိုသောအခါ အပူကို ထိန်းချုပ်ခြင်း ဖြစ်သည်။ ဤသည်မှာ စွေ့ချီချောင်း ကျွမ်းကျင်သော ပါရမီတစ်ခုဖြစ်သည်။ သကြားရည်က အလွန်နူးညံ့ကာ သာမန်မျက်လုံးနှင့်ပင် သလင်းကျောက်များကို မြင်နိုင်ပေသည်။ စားသုံးသူများက အသေးစိတ် ကြည့်ရှုပါက သကြားရည်မှာ ညီညီညာညာ သုတ်လိမ်းထားပြီး အရသာ အနေတော်ဖြစ်သည်ကို သတိထားမိပေလိမ့်မည်။ 


အပြင်ဘက်လွှာက ပါးလွှာ၊ ကြွပ်ရွပြီး၊ ချိုမြိန်၊ အေးမြနူးညံ့ကာ၊ ဖယောင်းကဲ့သို့ သစ်သီးအရသာနှင့် ကန်စွန်းဥက အထဲအလွှာတွင် ရှိနေသည်။ ဤသည်က သူတို့၏ အရသာခံ အဖုကလေးများကို အပြည့်အဝ လှုံ့ဆော်ကာ ကြုံရခဲသော အရသာစုံ အရသာတစ်ခုကို မြည်းစမ်းခွင့်ပေးလိုက်သည်။ စွေ့ဟူက အလွန်ကျယ်လောင်စွာ ရေရွတ်လိုက်သည်။ 

"ငါလေးက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ..."


စွေ့ရှောင်ကျန်းမှာ စွေ့ဟူ ထိုသို့ ပြောရသည့်အကြောင်းအရင်းမှာ စွေ့ချီချောင်းကို မြှောက်ပင့်လို၍လား သို့မဟုတ် စွေ့ဟူက စိတ်ရူးပေါက်သွား၍လား မပြောနိုင်ချေ။ မည်သို့ပင်ဖြစ်စေ ဤသည်က သူတို့၏ နောက်ဆုံး အစားအစာမဖြစ်နိုင်ပေ။ သူတို့က ကန်စွန်းဥယိုများကို ပူနေစဥ် စားရမည်ကိုသိပြီး အလျင်အမြန် ခက်ရင်းဖြင့် ထိုးလိုက်သည်။ 


စွေ့ချီချောင်း၏ လယ်စိုက်အရည်အချင်းနှင့် ဆိုပါက ပျိုးကြဲရန်အတွက် ချန်ထားသော ကန်စွန်းဥများသည်ပင် အရသာမဆိုးနိုင်ပေ။ ကန်စွန်းဥများက ချိုကာ အရသာရှိ၏။ ထို့နောက် ၄င်းအပေါ်တွင် သကြားအလွှာတစ်ထပ်က ရှိနေလေသည်။ သူတို့က သကြားလွှာကို ဖြတ်ကိုက်လိုက်ပြီးနောက် ချက်ပြုတ်ထားသော နူးညံ့ကာ ပျော့ပြောင်းသည့် ကန်းစွန်းဥ ပူပူများကို အရသာခံနိုင်လေသည်။ 


ဟူး... မွှေးလိုက်တာ...


စွေ့ထင်က စွေ့ချီချောင်းကို ပြုံးပြလိုက်သည်။ 

"မောင်လေးချောင်း... ဒီကန်စွန်းဥယိုတွေက တကယ် အရသာရှိတာပဲ... နင်ကိုယ်တိုင်စိုက်ထားတဲ့ ကန်စွန်းဥတွေက တကယ်ကို အရသာထူးခြားတယ်... အဲ့ဒါက ခံစားချက်အပြည့်ပါတဲ့ အရသာပဲ..."


အခြားသူများက တိတ်တဆိတ် ခေါင်းငုံ့ထားကြသည်။ 

သူက အရမ်းကို ဖားနေတာပဲ... 


စွေ့ချီချောင်းက သူမကို အကြည့်တစ်ချက်ပေးလိုက်သည်။

"ဟိုဆလပ်ရွက်တွေသာ သေမသွားခဲ့ရင် သူတို့လည်း ခံစားချက်အပြည့်ပါတဲ့ အရသာဖြစ်မှာ..."


စွေ့ထင် "......"


သူမသည်လည်း ခေါင်းငုံ့ထားလိုက်သည်။ အစားစားနေချိန်နှင့် အခြားသူများ အိပ်နေချိန်တွင် စကားမပြောသင့်ဟူသော ရှေးဆိုရိုးစကားက မှန်ပေသည်။


စွေ့ချီချောင်းသည်လည်း ချက်ပြုတ်ရေးစက်တစ်ခုကို အသုံးပြုကာ ကန်စွန်းရွက်များ ချက်လိုက်သည်။ သူက နူးညံ့သော အရွက်များကို သေချာရွေးချယ်ပြီး အရွက်ညှိုးများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူက ၄င်းတို့ကို သံလွင်ဆီ၊ ဆားတို့ဖြင့် မွှေကြော်ကြော်လိုက်သည်။ ရေများက အရွက်များနှင့် အရိုးစိမ်းများ ဆက်သွယ်ထားရာမှ စိမ့်ထွက်လာဟန်ရပေသည်။ ၄င်းတို့ကို နူးညံ့သော အရွက်များက နူးညံ့ကာ မွေးလာသည်အထိ ကြော်လိုက်သည်။ ၄င်းက နူးညံ့ကာ စားချင်စဖွယ် လတ်လတ်ဆတ်ဆတ် အရသာရှိ၏။ ကန်စွန်းဥယိုများက အနည်းငယ် အီလျှင် ဤဟင်းပွဲက ထိုပြဿနာကို ဖြေရှင်းပေးမည် ဖြစ်သည်။ 


ထိုစက္ကန့်ပိုင်းအတွင်း၌ ကြယ်တာရာမြေကျွန်များက ခေါင်းငုံ့ကာ စားသောက်နေသည့် အသံတစ်ခုသာ ရှိပေသည်။


စွေ့ချီချောင်း၏ စိတ်ဝင်စားမှုများက စွေ့ထင်၏ စကားများကြောင့် နိုးကြွလာလေသည်။ သူက ဘေးတွင်ထိုင်ကာ စားသောက်ခြင်းကို မရပ်တန့်ပေ။ ထိုသို့ပြုလုပ်နေစဉ်တွင် သူက ကန်စွန်းဥများကို အမျိုးအစားခွဲကာ ဆိုလိုက်သည်။ 

"ဆလပ်ရွက်တွေက မြန်မြန်ကြီးပေမဲ့ လွယ်ကူတဲ့ ဘဝ မရှိခဲ့ကြဘူး... သူတို့ကို ပျိုးမကြဲခင် ၄၈နာရီ ရေစိမ်ထားရတာ... မြေကြီးကိုလည်း ရေနဲ့ မြေဩဇာ အလုံအလောက် လောင်းပေးထားရတာ... ငါက အိမ်သုံး အမှိုက်တွေ၊ အပင်က ပြာတွေကို စုဖို့ အချိန်အကြာကြီး ယူထားရတာ..."


လူတိုင်း "....."

စိတ်ဖိစီးစရာကောင်းလိုက်တာနော်....


စွေ့ချီချောင်းက ဖိအားများကို ပိုတွန်းအားပေးလိုက်သည်။ သူက ထိုသတ်ဖြတ်သူများကို သူတို့အမှားကို သဘောပေါက်အောင် ပြုလုပ်ချင်သည်သာဖြစ်သည်။ 

"အဲ့ဆလပ်ရွက်တွေက မျိုးပွားကြီးထွားမှုကာလကို ဝင်နေပြီ... ငါအဲ့ဒါတွေကို အချိန်ယူပြီး သစ်ကိုင်းနဲ့ဆက်ပြီးရင် ရေညှိတွေကို စပြီးဖယ်ထုတ်တော့မလို့... ဆလပ်ရွက်တွေ ပျိုးကြဲရင် စိုက်ပျိုးရေးသုံး စက်တွေကို သုံးလို့မရဘူး... အကုန်လုံးကို လက်နဲ့ တစ်ခုချင်းစီ ပျိုးကြဲရတာ... ပြီးတော့ တစ်ခုချင်းကို မြေကြီး တစ်ဇွန်းစီနဲ့ ဖုံးပေးရတာ..."


"ကျေးဇူးပြုပြီး မပြောပါနဲ့တော့..."

အဖွဲ့ထဲတွင် ပါးစပ်သရမ်းမိသော စွေ့ထင်က သူမ၏ ဦးခေါင်းမှာ ထုံကျင်လာသည်ဟု ခံစားလာရသည်။ 

"ငါတို့ မှားမှန်းသိပါပြီ... ငါတို့က တစ်ချိန်လုံး ငါတို့အမှားကို ပြင်ဆင်နေတာပါ... အစားအသောက်စိုက်ရတာ မလွယ်ဘူးဆိုတာ ငါတို့ သိပါပြီ... နောက်ဆိုရင် စိုက်ခင်းတိုင်းကို လေးစားပါမယ်... ငါနောက်တစ်ခါ စိုက်ခင်းကို တမင်သတ်မိရင် လူမဟုတ်တော့ပါဘူး..."


စွေ့ချီချောင်းက သူမကို လှမ်းကြည့်လိုက်သည်။ 

"မင်းတို့ ကိုယ့်အမှားကို သိပြီး ပြင်ဆင်လိုစိတ်ရှိမယ်လို့ ငါမျှော်လင့်ပါတယ်..."


"ငါပြင်ဆင်ပါ့မယ်... ငါပြင်ဆင်ပါ့မယ်..."

စွေ့ထင်က ချွေးစေးများပင် ကျလာသည်။ သူတို့အတွက် အစားကောင်းစားရသည်မှာ မလွယ်ကူပေ။ သို့သော် အစားစားနေစဉ်တွင် စွေ့ချီချောင်း၏ သင်ပြခြင်းကိုပင် ခံရသေးသည်။ သူ့မျက်လုံးရောက်လာသည်နှင့် သူတို့အဖွဲ့က အတန်းတက်နေရသကဲ့သို့ ဖြစ်၏။ သူတို့က ထိုချိုမြိန်ကာ အရသာရှိသော ဟင်းများကိုပင် မျိုမကျတော့ပေ။ 


ဦးဆုံး သူက သူတို့ကို လုပ်အားဖြင့် ပြုပြင်ပေးခဲ့သည်။ ယခုတွင် သူတို့က ပညာပေးအတန်းများ တက်နေရသည်။ စွေ့ထင်မှာ အဖမ်းခံရခြင်းထက် ထိုအချိန်က လေယာဉ်ကို ဆလပ်ရွက်ခင်းပေါ်သို့ အဘယ်ကြောင့်ဖိမိသည်ကို စတင်မေးခွန်းထုတ်မိလာရာ ဦးနှောက်ဆေးခံရသည်ဟု ခံစားလာရပေသည်။ 


ရက်ပိုင်းအတွင်း၌ပင် သူမ၏ စိတ်အခြေအနေက စွေ့ဟူနှင့် နှိုင်းယှဉ်၍ ရနိုင်တော့မည် ဖြစ်နိုင်၏။


......


စွေ့ချီချောင်းက ဤဂြိုလ်မျိုးရင်းဖြစ်သည့် ဟင်းရွက်အမျိုးအစားများ အပါအဝင် လယ်ကွင်းထဲမှ ဟင်းသီးဟင်းရွက်အများစုကို စုဆောင်းလိုက်သည်။ စွေ့ချီချောင်းသည်လည်း သစ်သီးတစ်အိတ်ကို ခူးကာ တစ်ခုချင်းစီ၏ ပင်ကိုယ်စရိုက်နှင့် အရသာကို ခွဲခြမ်းလိုက်သည်။ 


ရေနှင့် သကြား အများအပြားပါဝင်ကာ မှည့်နေသော နွယ်ပင်အမျိုးအစားတစ်ခု ရှိပေသည်။ စွေ့ချီချောင်းက ၄င်းမှ အရည်အနည်းငယ် ညစ်ကာ ကျိုရန် ကြိုးစားလိုက်သည်။ သူက သကြားရရှိသည်မှာ အသေအချာပင်။ 


သို့သော် ဤအပင်မှ ရသောသကြားက အဖြူနှင့်အနီမဟုတ်ဘဲ အပြာရောင် ဖြစ်ပေသည်။ 


ထို့အပြင် စွေ့ချီချောင်း၏ အကြည့်က သူချုံထဲမှ ရလာသော ဘယ်ရီသီးများဆီသို့ ရောက်ရှိသွားသည်။ ၄င်းတို့က ဇီသီးအရွယ်အစားဖြစ်ကာ ခရမ်းနီရောင်ဖြစ်သည်။ ဤအပင်မှာ ရေစုပ်နိုင်သည့် စွမ်းအင်ရှိသည်။ ၄င်း၏ အမြစ်များက မယုံနိုင်လောက်အောင် ကြီးထွားပေသည်။ ဘယ်ရီများမှာ အထူးစိုက်ပျိုးထားခြင်း မရှိသည်ပင် အရသာ အထူးကောင်းမွန်ပြီး ငှက်များကို ဆွဲဆောင်နေ၏။ ကံကောင်းစွာဖြင့် စက်ရုပ်များက ငှက်များကို အဆက်မပြတ် ခြောက်နိုင်လေသည်။ 


စမ်းသပ်မှုပြီးနောက် ဘယ်ရီများမှာ antioxidantများ ကြွယ်ဝနေပြီး အတန်ပင် အာဟာရဓာတ်ကြွယ်ဝသည်ကို တွေ့လိုက်ရသည်။ စွေ့ချီချောင်းက ၄င်းကို ခရမ်းရောင်အသီးဟု ခေါ်လိုက်သည်။ 


စွေ့ချီချောင်းက လူများကို သကြားနွယ်ပင်နှင့် ခရမ်းရောင်အသီးတို့ရှာရန် အသီးများ ပေါက်ရောက်နေသည့် နေရာသို့ ခေါ်သွားလိုက်ပြီး အမြောက်အများ စုလိုက်သည်။


သကြနွယ်ပင်များကို သာမန်အတိုင်း သိမ်းထား၍ ရသော်လည်း ခရမ်းရောင်အသီးများကို သယ်ပို့ရာတွင် သူက သတိထားရပေသည်။ သူက မည်သည့် ထည့်စရာမှ ယူမလာ၍ နေရာ၌ပင် အပင်နှင့် နွယ်ပင်များမှ ခြင်းတောင်းများ ယက်ကာ ပြန်သယ်သွားရာတွင် ဖိမိခြင်းမှ ရှောင်ရှားနိုင်ရန် အရွက်များခင်းလိုက်သည်။ ထို့နောက် သူက ခြင်းကို ခရမ်းရောင်အသီးများနှင့် ဖြည့်လိုက်သည်။ 


သကြားနွယ်ပင်များက ဂိုဒေါင်တစ်ခုလုံးအပြည့်ဖြစ်နေကာ သူတို့က ခရမ်းရောင် အသီး ၁၂ခြင်းလောက်ကိုလည်း ပြန်သယ်လာလိုက်သည်။ လုပ်အားကို အဖွဲ့၂ဖွဲ့ ခွဲလိုက်ပြီး သူတို့အား သက်မှတ်ထားသည့် အလုပ်ကို ပြီးမြောက်အောင် လုပ်ကိုင်လိုက်သည်။ 


အချို့က သကြားများကို ညှစ်ထုတ်ပြီး အချို့က အသီးများကို ဆေးနေလိုက်သည်။ သူတို့၌ အသီးများ အများအပြား ရှိနေရာ ၄င်းတို့ကို ဆေးပြီးရန် အချိန်အနည်းငယ် ယူရသည်။ 


အာကာသစခန်းထဲတွင် ပစ္စည်းအမျိုးမျိုး ရှိနေရာ အလုပ်များကို အာကာသစခန်း အပြင်ဘက်တွင် ပြုလုပ်ရသည်။ သူတို့က အပြင်ဘက်လေဟာပြင်တွင် စတင်လုပ်ဆောင်ကြသည်။ အိုးများမှာ သူတို့ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး မီးဖိုတစ်ခုထောင်ကာ အိုးကြီးတစ်လုံးတင်ပြီး ချက်လိုက်သည်။ 


သူတို့က သကြားညိုပြုလုပ်သည့် နည်းလမ်းကို အသုံးပြုကာ သကြားနွယ်ပင်ကို အပြာဖျော့ရောင်သကြားခဲများ အဖြစ် ပြောင်းလိုက်ကြသည်။ သကြားခဲများကို အသုံးပြုရာ တစ်ဦးက အိုးပေါ်တွင် တုံးတစ်ခုတင်ကာ ရေထည့်ပြီး အနှစ်ဖြစ်သည်အထိ ကျိုရသည်။ ထို့နောက် ယိုပြုလုပ်ရန် အနှစ်ထိုးထားသော ခရမ်းရောင်အသီးများကို အိုးထဲသို့ ပစ်ထည့်ပြီး အသီးပျော့လာပြီး အခွံကွဲကာ အရည်များ ထွက်လာသည်အထိ မီးအေးအေးနှင့် ချက်ပြုတ်လိုက်သည်။ သူတို့က တစ်ချိန်တည်းမှာပင် ယိုကို ချက်ကာ မွှေပေးနေသည်။ 


အသီးမှာ ၄င်းကိုယ်တိုင်က ချိုပြီး သကြားသည်လည်း ချိုရာ စွေ့ချီချောင်းက အချဥ်အနည်းငယ် ထည့်ပြီး အရသာကို ကောင်းမွန်စေလိုက်သည်။ အချဥ်အရသာမှာ စွေ့ချီချောင်း ယခင်က တွေ့ခဲ့သည့် အချဉ်ပင်အနုများမှ ထုတ်ယူထားခြင်းပင်။ 


သူက ဆက်တိုင် မွှေနေစဉ်၌ သကြားရေနှင့် အသီးအရောက ပျစ်လာလေသည်။ အပြာနှင့် ခရမ်ရောင် သကြာရည် အိုးကြီးတစ်အိုးက ဖြစ်ပေါ်လာပြီး သကြားရည်က မှော်ဆန်စွာ လှပနေ၏။ အရသာရှိကာ ဆီများသော ရနံ့က လေထဲသို့ ထိုးဖောက်ဝင်လာပြီး တိရိစ္ဆာန်မျိုးစုံကို လာရောက်ရန် ဖြားယောင်းနေသည်။ မြေကြီးထဲတွင် တူးကာနေထိုင်နေသည့် တိရိစ္ဆာန်ငယ်များသည်ပင် အာကာသစခန်းသို့ လာရန် ဆွဲဆောင် ခံလိုက်ရသည်။ 


ငှက်များကို ခြောက်လွှတ်ရန် စက်ရုပ်များကို အသုံးပြုသည်က အဆင်ပြေသော်လည်း ထိုတိရိစ္ဆာန်များနှင့် ရင်ဆိုင်ရသည့်အခါ စက်ရုပ်များက အသုံးမဝင်ပေ။ စွေ့ဟူက ထိုတိရိစ္ဆာန်များကို သစ်သားတုတ်တစ်ချောင်းဖြင့် ခြောက်ထုတ်နေသည်။ ရှောင်ပိုင်က အိုးရှေ့တွင် ရပ်နေသော အကာအကွယ် နောက်ဆုံးအဆင့်ဖြစ်သည်။ ၄င်းက လက်သည်းကို အလျင်အမြန် ဆန့်ထုတ်ကာ နီးကပ်လာသမျှကို ဖိချထားသည်။ 


ထိုအချိန်တွင် သူတို့သည်လည်း တခြားသော ပြဿနာတစ်ခုနှင့် ကြုံလိုက်ရသည်။ ထည့်စရာ မလုံလောက်ခြင်းပင်။ ရလဒ်အနေဖြင့် သူတို့က ထည့်စရာရှာရန် အပြင်မှ အမှိုက်များကို မွှေနှောက်ရန်သာ ရှိပေတော့သည်။ သန့်ရှင်းပြီးနောက် သူတို့က ယိုကိုထည့်ကာ လေလုံပိတ်ထားလိုက်သည်။ ထို့နောက် ယိုပါဝင်သော ထည့်စရာငါးခုကို သိမ်းထားရန်အတွက် လူတစ်ဝက်ခန့်မြင့်သော ခြင်းထဲသို့ ထည့်လိုက်သည်။ 


ယခုတွင် အာကာသစခန်းတစ်ခုလုံးက ပြည့်နေပြီး ရနိုင်သော နေရာလပ်အားလုံးမှာ ပစ္စည်းများ၊ ယိုများ၊ ကန်စွန်းဥများ၊ ဆလပ်ရွက်များ၊ ဆား၊ သကြား၊ ဝက်ပေါင်ခြောက်နှင့် သူတို့ ယခင်က လဲခဲ့သော စည်သွပ်ဘူးများ အစရှိသည်တို့ဖြင့် ပြည့်နှက်နေသည်။ 


စွေ့ချီချောင်းက အပြင်တွင် မြေအောက်ခန်းတစ်ခု တူးရန်ပင် စီစဉ်နေသည်။ မြေအောက်ခန်းက ဆလပ်ရွက်နှင့် ကန်စွန်းဥကဲ့သို့ အရာများ သိုလှောင်ရန် အသုံးပြုနိုင်၏။ 


မြေအောက်ခန်း တည်ဆောက်မှုသည်လည်း နည်းပညာလိုအပ်ပေသည်။ မြေအောက်ခန်း၏ အပူချိန်က မြင့်နေပါက ကန်စွန်းဥများ အပင်ပေါက်လာနိုင်ပြီး အပူချိန် နိမ့်နေပါက ဟင်းသီးဟင်းရွက်များ ခဲသွားနိုင်ပေသည်။ စိုထိုင်းဆသည်လည်း သိုလှောင်မှုကို သက်ရောက်မှု ရှိစေရာ မြေအောက်ခန်းတစ်ခု ပြုလုပ်ခြင်းမှာ တွင်းတစ်ခု တူးခြင်းသာ မဟုတ်ပေ။ 


သူတို့က ရေဝင်ခြင်းမှ ကာကွယ်ရန် အနည်းငယ် မြင့်သော မြေပြင်ကို ရွေးချယ်လိုက်သည်။ ဤနေရာ၏ မြေကြီးက အတန်ပင် သင့်လျော်ကာ ခြောက်သွေ့၏။ မြေအောက်ခန်းကို အပူချိန် စူးစမ်းရေး ကိရိယာနှင့် အစိုဓာတ်ထိန်းကိရိယာတစ်ခု တပ်ဆင့်သင့်ပေသည်။ ဆောင်းရောက်သည့်အခါ အပူချိန်ကို ထိန်းထားနိုင်ရန် ကောက်ရိုးများနှင့်ဖြည့်ထားမည် ဖြစ်သည်။ 


စွေ့ချီချောင်းမှာ မြေအောက်ခန်းကို ကြည့်ကြပ်နေသည်။ ဘီတာ မြေကျွန်တစ်ဦးက ရုတ်တရက် သူနှင့်အဖော်တစ်ယောက်က အဝေးတစ်နေရာတွင် အပင်ပြာများ မီးရှို့နေစဉ်တွင် အမျိုးသား အယ်လ်ဖာတစ်ယောက်ပါနေသော အာကာသယာဉ်အခန်းတစ်ခု ရှာတွေ့သည်ကို သတင်းပို့လာသည်။ 


"အမျိုးသား အယ်လ်ဖာ ဟုတ်လား..."

စွေ့ချီချောင်းက ချက်ချင်းဆိုလိုက်သည်။

"သူ့ကို တောထဲလွတ်ပေးလိုက်... အယ်လ်ဖာတွေက အများကြီးစားတယ်..."


ယခုက ဆောင်းရာသီ ရောက်လာပြီဖြစ်ရာ အစားအသောက်စားရန်မှလွဲ၍ လုပ်စရာမရှိပေ။


"...."

အထူးသဖြင့် စွေ့ထင်နှင့် စွေ့ရှောင်ကျန်းတို့ အပါအဝင်အခြားသော အယ်လ်ဖာများက ချွေးများ ပြန်လာကြသည်။ 

ဟူး... အဲ့လို သေရေးရှင်ရေး ကာလမှာ သူတို့က ဆလပ်ရွက်အခင်းတွေကို ဖိချေခဲ့တာသာ မဟုတ်ရင် စွေ့ချီချောင်းက သူတို့ကို ဆန့်ကျင်ဒြပ်ကျည်နဲ့ ပစ်လောက်မှာမဟုတ်လား... 


ကန်စွန်းဥယိုများက သူတို့၏ နောက်ဆုံးအစားအသောက်ဖြစ်သည်ဟု ပြောခဲ့စဉ်က အမှန်တရား အချို့ကို ခန့်မှန်းခဲ့မိကြပုံရပေသည်။ 


ဘီတာတစ်ဦးက အလျင်အမြန် ပြန်ဖြေလိုက်သည်။ ဘီတာက မြေအောက်ခန်းမှ အလျင်အမြန် တွယ်တက်လာပြီး အော်လိုက်သည်။ 

"အားကျိုး... အစ်ကိုက အဲ့လူကို တောထဲကို လွတ်လိုက်လို့ပြောတယ်..."


အဝေးရှိ အားကျိုးက လက်အမူအရာတစ်ခုပြလိုက်သည်။ သို့သော် သူက ခေါင်းကို ခေတ္တငုံ့ပြီး ချက်ချင်း ပြန်သတင်းပို့လိုက်သည်။ 

"ဒီလူက မေ့နေတာ... သူ့ကြည့်ရတာ ဒဏ်ရာရနေတဲ့ပုံပဲ..."


ဘီတာက နောက်လှည့်ကာ ပြန်သတင်းပို့လိုက်သည်။ 

"အစ်ကိုချောင်း... အဲ့အယ်လ်ဖာက မေ့နေပြီး ဒဏ်ရာရထားတဲ့ပုံပဲတဲ့... သူ့ကို တောထဲကို ချက်ချင်းလွတ်လိုက်ရင် သေသွားလိမ့်မယ်..."


စွေ့ချီချောင်း၏ မျက်လုံးများက ချက်ချင်းပင် ဝမ်းနည်းမှု အလွှာတစ်ခုဖြင့် ဖုံးအုပ်သွားသည်။ 

"ဟင်း..."



🍀🍀🍀