Chapter 107
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 107

ဒါက သဘောတူထားတာနဲ့မတူဘူး (၂)



ဆောင်းရာသီနီးကပ်လာ၍ ရှောင်ပိုင်နွေးထွေးစေရန် စွေ့ချီချောင်းက သားမွေးကုတ်တစ်ထည်ပေးခဲ့သည်။ စွေ့ချီချောင်း အပြင်ထွက်သည့်အခါလည်း သားမွေးကုတ်ဝတ်ဆင်လေ့ရှိ၏။ လေယာဥ်ပေါ်တွင်လည်း ဆောင်းတွင်းအအေးဒဏ်ကာကွယ်နိုင်ရန် အဝတ်အစားများရှိ၍ အဆင်ပြေသော်လည်း စွေ့ချီချောင်းကမူ ချုပ်လုပ်ရန်ခက်သောကြောင့် အချည်းနှီးမဖြစ်စေလိုပေ။ 


စွေ့မိသားစုသည်လည်း ထပ်တူတွေးမိကြ၏။ သာမန်ပေါ့ပါးသည့်အနွေးထည်ဝတ်လျှင်ပင် သားမွေးခြုံထည်ကိုသာဝတ်ချင်ကြသည်။


သူတို့အားလုံး အာကာသစခန်းမှထွက်လာကြချိန်တွင် အကျဥ်းသားကတုံးများက သွေးအန်တော့မည့်အတိုင်းဖြစ်နေသည်ကို သူတို့သတိထားမိကြ၏။


ကတုံးတို့မှာလည်း သားမွေးဝတ်ရုံများကိုချုပ်လုပ်သည့် မူရင်းနေရာကို မသိကြပေ။ ဂြိုလ်အရိုင်းတစ်လုံးပေါ်တွင် ဆောင်းတွင်းအအေးဒဏ်ကာကွယ်သည့် အဝတ်အစားများကိုဝတ်ထားခြင်းက ကတုံးများကို အထက်တန်းကျသလိုဖြစ်စေသည်မှာ သဘာဝကျပေသည်။ သို့သော်ငြား ယခု စွေ့ချီချောင်းနှင့် သူတို့၏အပေါင်းအဖော်များ ဝတ်စားထားပုံကို နှိုင်းယှဥ်ကြည့်လိုက်သည့်အခါ အဆိုပါကတုံးများကို ဖက်ရှင်အမြင်မရှိသည့် ငမွဲများပုံစံပေါက်သွားစေသည်။


ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ...သူတို့ကအကျဥ်းသားတွေလေ....


စွေ့ချီချောင်းကမူ အပြင်မှ ဆောက်လုပ်ပြီးစီးထားသော စက်အသစ်ပေါ်တွင် ရှိနေသည်။ ယခုမူ ၎င်းက ဆောက်လုပ်ပြီးစီးသွားခဲ့ပြီဖြစ်သည်။


လေယာဥ်တံခါးက အကျယ်ကြီးပွင့်လာပြီး စက်သွားလှိမ့်သွားသည်နှင့် အတွင်းဘက်တွင် လှုပ်ရှားလာ၏။ ထယ်သွားကြီးမှာ မီတာပေါင်းများစွာမြင့်ပြီး အနောက်ဘက်တွင်တွဲစပ်ထားကာ အရှေ့ဘက်တွင် မရေမတွက်နိုင်သောထည်သွားများစွာရှိနေသည်။ ၎င်းက ကြီးကျယ်ခမ်းနားစွာဖြင့်ပေါ်ထွက်လာခဲ့လေ၏။


ထူးခြားဆန်းသစ်သည့်ကိရိယာများ အသုံးပြုထားသောကြောင့် စက်သွားက စကူတာအဟောင်းမှထွန်သွားနှင့် လုံးဝမတူပေ။ ထိန်းချုပ်ခန်းပါရှိသော်ငြား လူမလိုအပ်ပေ။ ပါရာမီတာကိုချိန်ဆပြီးသည်နှင့် အလိုအလျောက်လယ်ထွန်ပေးပြီး ပျိုးပင်များကိုစိုက်ပျိုးပေးလိမ့်မည်။ သီးနှံပင်အမျိုးမျိုးအတွက် မြေဩဇာကျွေးပေးကာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လယ်စိုက်ခြင်းအပြင် အခြားအရာများအားလုံးကိုလုပ်ပေးနိုင်လေသည်။


စက်ကို စိုက်ပျိုးမြေ၏ဘေးဘက်သို့ တွန်းပို့လိုက်ကြသည်။ အကြောင်းမှာ စွေ့ချီချောင်းက စက်ကိုပြောင်းလဲပြီး အနှီရုန့်ရင်းခက်ထန်နေသောစက်ကြီး စိုက်ပျိုးမြေကို မဖျက်ဆီးမိနိုင်ရန် စက်သွား၏ဖိအားကိုတည်ငြိမ်အောင်ထိန်းသိမ်းလိုက်၍ပင်။ တစ်ခုက စိုက်ပျိုးမြေအစွန်ကိုရောက်နေပြီး ကျန်တစ်ခုကမူ စွန့်ပစ်နယ်မြေတွင် ထည်ထိုးခြင်းကိုစတင်နေလေပြီ။ ကြီးမားသောထည်သွားက မြေကြီးထဲသို့ထိုးစိုက်လိုက်ရင်း တုံ့ဆိုင်းခြင်းမရှိဘဲ အရှေ့သို့ဆက်လက်၍လယ်ထွန်သွားခဲ့သည်။ ပြာနှင့်မြေမှုန်များ လွင့်စင်နေသည်။ ထည်ထိုးထားသည့်မြေကြီးမှာ အပြီးသတ်တူးဖော်ပြီးသားဖြစ်နေပြီး မြေဆီလွှာက အောက်ခြေမှမျက်နှာပြင်ပေါ်သို့ ရောက်လာလေပြီ။


စက်က အဝေးသို့ရွေ့သွားချိန်တွင် စွေ့ချီချောင်းကညမြေကြီးကို လက်တဆုပ်စာကလော်ယူလိုက်၏။ ကျစ်လျစ်နေခဲ့သောမြေက အနည်းငယ်မျှပျော့ပျောင်းလာပြီး တညီတည်းသိပ်သည်းလာခဲ့သည်။ သုံးဆယ်စင်တီမီတာအနက်အထိ ထည်ထိုးခဲ့ရခြင်းနှင့် နှိုင်းစာပါက အောက်ခြေမှာ တစ်မီတာအထိရှိလာခဲ့ပြီဖြစ်သည်။ အနှီစက်၏စွမ်းဆောင်ရည်မှာ အောက်ခြေအနက်အထိ ထည်ထိုးရာတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်၏။


ယင်းက လုပ်ဆောင်ချက်များအနက်မှ တစ်ခုသာရှိသေး၏။ လယ်ထွန်ခြင်း၊ ပျိုးကြဲခြင်းနှင့် အခြားလုပ်ဆောင်ချက်များလည်း ပါသေးသည်။ တစ်ကြိမ်တွင် ဆယ်မီတာအနက်အထိ တူးဖော်နိုင်ပြီး တစ်ကြိမ်တူးဖော်လျှင် အမြှောင်းတစ်ခုကိုပျိုးကြဲနိုင်သည်။ စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းလုပ်လျှင် တစ်ချိန်တည်းပင် သီးနှံပင်အမျိုးမျိုးကို မျိုးစေ့ချနိုင်ရန် လိုအပ်သေး၏။


ဓာတ်မြေဩဇာကျွေးပြီး ရေလောင်းရသည့်အခါ သီးနှံပင်အပေါ်လိုက်၍ ရေဖြန်းပေးသည်။ ရိတ်သိမ်းချိန်တွင်လည်း သီးနှံပင်များကို တစ်ပြိုင်တည်းရိတ်သိမ်းနိုင်၏။ ပြောင်းစေ့များကိုစုစည်းပြီးလျှင်လည်း တိုက်ရိုက်အခွံချွတ်ပြီးအစေ့ထုတ်ပေးသေးသည်။


ထို့အပြင် အနှီဆည်ရေပေးရသည့်အမျိုးအစားတွင် အထူးထိန်းချုပ်ရေးစနစ်မလိုပေ။ တိုင်းတာပြီးသား ထိန်းချုပ်ရေးစနစ်က မြေဆီလွှာအတွင်းသို့ အလိုအလျောက်ရေသွယ်ပေးကာ သီးနှံပင်များကိုကြီးထွားစေသည်။ ၎င်းက ကြံ့ခိုင်စေပြီး အလင်းရောင်လည်း ပိုမိုစုပ်ယူစေကာ ဆည်ရေနှင့်လည်းအလိုအလျောက်ထိန်းညှိပေး၏။


သဘာဝအရ စက်၏မြေညှိရေးလုပ်ကိုင်ပုံက စွေ့ချီချောင်းမြေညှိသလို ချီးကျုးစရာကောင်း၏။ တိကျမှန်ကန်သောကွာခြားမှုက ဒက်စီမန်နေရာသုံးခုအပေါ်တွင်သာ မူတည်သည်။


စက်တစ်ခုလုံးကို စစ်ဖက်ရေးရာအစိတ်အပိုင်းများနှင့်တည်ဆောက်ထားသောကြောင့် ၎င်း၏အရွေ့စွမ်းအင်က အင်မတန်ခေတ်မီဆန်းပြားကာ အကောင်းဆုံးဖြစ်နေရလေသည်။ အမြန်နှုန်းသည်လည်း အကန့်အသတ်မရှိပေ။ စက်က မြေကြီးမည်မျှမာသည်ဖြစ်စေ အရှေ့သို့တွန်းကာ  အရာအားလုံးကိုပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊ကျစ်လျစ်သည့်မြေဆီလွှာ သို့မဟုတ် အနည်းငယ်မျှစေးကပ်သောမြေဖြစ်လျှင်ပင် ကြိတ်ချေပေးနိုင်၏။


မြေ၏ဒါဇင်နှင့်ချီသော အလုပ်များမှာ စက်အတွက် အခက်အခဲမဟုတ်ပေ။ တစ်မိနစ်အတွင်းပင် ၎င်းကအားလုံးကိုပြီးစီးစေလိမ့်မည်။


ဘရက်ဒီက စက်၏စွမ်းရည်နှင့် လုပ်နိုင်စွမ်းကိုမြင်တွေ့လိုက်ရ၏။ သူသည်ကား စိတ်ထဲမှပင် သက်ပြင်းချမိချေသည်။


စစ်တပ်နှင့်ဆိုင်သော နည်းပညာကိုအသုံးပြုလျှင် ထွန်သွားက အောက်ဘက်ရှိမြေဆီလွှာကို ထွန်နေစဥ်အတွင်း မည်သည့်စက်သွားကမှ စနစ်တကျထိန်းညှိပေးနိုင်မည် မဟုတ်ပေ။ စက်ဖွင့်လိုက်သည့်အခါ အလေးချိန်ကိုအနည်းငယ်သာလျှော့ချပေးပြီး အဆမတန်တည်ငြိမ်နေနိုင်သည်။ အခြေအနေက မည်သို့ပြောင်းသွားသည်ဖြစ်စေ စက်က ၎င်းကိုယ်တိုင်ရှာတွေ့သည်နှင့် အံ့ဩဖွယ်ကောင်းလောက်သည်အထိ ထိန်းညှိပေးသွားလိမ့်မည်။


စွေ့ချီချောင်း မူက စက်ကို ခြောက်သွေ့ကြမ်းတမ်းသည့်မြေအပြင် ရွှံ့နှင့်မြက်ရိုင်းတောများတွင်ပါ အသုံးပြုနိုင်ရန်နှင့် သီးနှံပင်တစ်ပင်ကို ဖျက်ဆီးမိလျှင် အာရုံခံနိုင်ရန်ရည်ရွယ်ထားခဲ့သည်။ သို့တစေ ယင်း၏ရှိပြီးသား စွမ်းရည်နှင့် တိကျသေချာမှုကိုကြည့်ပြီး စွေ့ချီချောင်းက အနှီစက်ကို လက်နက်အဖြစ်သုံးရန် ကြံရွယ်နေသည်မှာ မျှစိုးရိမ်စရာကောင်းလွန်းပေသည်။


ဤကိစ္စနှင့် ပတ်သက်နေသောဘရက်ဒီမှာ အခြေအနေအသေးစိတ်ကို နားမလည်နိုင်သေးပေ။ သို့ထိတိုင် လိုအပ်ပါက အနှီစက်ကို တရားဝင်လက်နက်လက်နက်အဖြစ်ပြောင်းလဲနိုင်မည်ဟူသော ကြောက်စရာခန့်မှန်းချက်ကားရှိနေသေးလေသည်။


စက်အားလက်တွေ့သုံးကြည့်ပြီးနောက် စွေ့ချီချောင်းက ပြုံးလိုက်လေသည်။ စွေ့မိသားစုဝင်များက စဥ်းလဲစွာဖြင့် စတင်ချီးကျုးလာခဲ့ကြ၏။ သူတို့က ပရောဂျက်ကြီးတစ်ခု အောင်မြင်သွားသည်အား မျက်မြင်တွေ့လာခဲ့သလိုပင်။ သူတို့ဝတ်ဆင်ထားသည့် သားမွေးကုတ်နှင့်အတူ လူအများကစကားပင်မပြောမိဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြရင်း ယင်းက အချို့သောစီးပွားရေးဆိုင်ရာ ဂြိုလ်၏ အဆင့်မြင့် အထောက်အပံ့ကောင်းတစ်ခုဟုတွေးနေကြလေသည်။


အမှန်တွင်မူ ၎င်းမှာ ပျိုးပင်များကိုရိတ်သိမ်းပြီးကာစ စိုက်ပျိုးမြေတစ်ခုအပြင်မပိုချေ။


"မင်းတို့အားလုံး အလုပ်ကြိုးစားခဲ့ကြတာပဲ..."

စွေ့ဟူက လက်ခုပ်တီးကာ ကတုံးအုပ်စုကိုခေါင်းညိတ်ပြလိုက်သည်။

"ဒီစက်က မင်းတို့ကြိုးစားအားထုတ်မှုရဲ့အသီးအပွင့်လေးလည်းဖြစ်တယ်...မင်းတို့အမှိုက်ကောက်တော့လည်း အရမ်းတော်ကြတာပဲ..."


သူသည်ကား ပိုလျှံနေသေးသော မြေဩဇာဆေးများကို အမှတ်မထင်လှမ်းကြည့်လိုက်သေး၏။


ကတုံးများအုပ်စု: "......"


ဖာ့ခ်... ငါတို့ကို ဒီလိုမျိုးချီးကျူးတာလည်း မခံချင်ပါဘူး…


စွေ့ချီချောင်းက အံ့ဩစရာကောင်းရင် ဘာလို့အစောကြီးတည်းက ချေးခြောက်တွေကို လိုက်မကောက်ခိုင်းတာလဲ…


စွေ့ချီချောင်းသည်လည်း တစ်ခုခုလုပ်ရန်စိတ်ကူးကြည့်ပါသေးသည်။ သို့ထိတိုင် သူ့ထံတွင် အခြားဦးစားပေး လုပ်စရာများရှိနေခဲ့သည်။ ဦးဆုံး သူက စိုက်ပျိုးရေးစက်ကို လက်ရာအနည်းငယ်ခြယ်သသင့်သည်ဟု ယူဆမိလေ၏။


ထို့အပြင် သူက မစင်တုံးကောက်သည့်နေရာတွင် အလုပ်လုပ်ရသည်ထက် ပိုအသုံးဝင်၏။ သူ မစင်ကောက်သည့်စက်များပိုလုပ်ချင်သည်။ အရွယ်အစားခပ်သေးသေးလုပ်ထားလိုက်လျှင် ပိုက်သာဂိုးရပ်နှင့် အခြားစက်ရုပ်များနည်းတူ ၎င်းတို့သည်လည်း နေရာအနှံ့သွားနိုင်လိမ့်မည်။ အနှီစက်ရုပ်များမှာ နေရာတိုင်းမှ မစင်များကိုလိုက်လံကောက်ပေးလိမ့်မည်။ ၎င်းတို့၏လုပ်နိုင်စွမ်းသည်လည်း အင်မတန်မြင့်မားနေနိုင်၏။


ရှောင်ပိုင်၏နှာခေါင်းက တွန့်ကနဲဖြစ်သွားလေ၏။ သူ ရုတ်တရက်လက်မြှောက်ကာ စွေ့ချီချောင်း၏လည်ပင်းကို လျက်ပစ်လိုက်သည်။


တိရစ္ဆာန်တစ်ကောင်၏ အနံ့ခံအာရုံက ပိုစူးရှတတ်သည်။ စွေ့ချီချောင်းက ခဏအကြာတွင် သူ့စိတ်အခြေအနေက ပိုမိုထွေပြားလာသည်ကို ခံစားလိုက်ရသည်။ သူ၏ heatကာလက နီးကပ်လာပြီဖြစ်မည်။


စွေ့ဟူနှင့် အခြားအယ်လ်ဖာများက ယင်းကိုပထမဆုံးသတိထားမိသွားကြသည်။ 

"တစ်ဝမ်းကွဲညီလေး...မင်းရဲ့ heatကာလကတော့ နီးလာပြီပဲ..."

စွေ့ဟူသည်ကား ပြောဆိုနေရင်းဖြင့် ခပ်ဝေးဝေးသို့ရွေ့သွားလေ၏။


စွေ့ချီချောင်းက မျက်မှောင်ကြုတ်ကာ စွေ့ဟူ၏စကားကို အနည်းငယ်မကျေနပ်ဟန်ပြသည်။ သူ၏ heatကာလက အမှန်တကယ်ပင် ရောက်လာတော့မည်ဆိုသော်လည်း ယင်းကကောင်းသည့်အရာ မဟုတ်ပေ။


"အင်း...မင်းတို့အားလုံးပြန်လို့ရပြီ..."

စွေ့ချီချောင်မှာ အကူအုပ်စုအပေါ် နူးညံ့သည့်သဘောထားအားပြသလိုက်ပြီး သူ၏ဖယ်ရိုမုန်းကြောင့် မသက်မသာဖြစ်နေသည့်ပုံစံကို ခွင့်လွှတ်ပေးထားလိုက်သည်။


အယ်လ်ဖာမိသားစုဝင်သုံးယောက်သည်ကား အာကာသစခန်းသို့ ပြန်ရောက်လာခဲ့ကြ၏၊ သို့ထိတိုင် ဘီတာမိသားစုဝင်များကမူ ကျန်ရစ်နေခဲ့သည်။ စွေ့ချီချောင်းသည်လည်း  heatကာလအတွင်းဖြစ်နေ၍ အလုပ်နားထားရလေ၏။ သူက ဘီတာစစ်ဆေးချက်အပေါ်မူတည်ပြီး နောက်ဆုံးထိန်းညှိမှုကို ယခုချက်ချင်းလုပ်ရန် လိုအပ်နေသည်။


စွေ့ကျိုးက ကတုံးများအလုပ်လုပ်နေပုံကို ကြည့်နေသည်။ ၎င်းတို့အနက်မှ အချို့သောအယ်လ်ဖာများက စွေ့ချီချောင်း၏အခြေအနေကို သတိထားမိကြပြီး ပရမ်းပတာဖြစ်လာကြတော့၏။ သူက ညွှန်ကြားချက်ကိုစောင့်ဆိုင်းရန် စွေ့ချီချောင်းကို တီးတိုးကပ်ပြောလိုက်သည်။

"မင်းအခြေအနေကြောင့် အယ်လ်ဖာတွေကို ဖယ်ရိုမုန်းအနံ့ဖုံးခိုင်းလိုက်ရမလား..."


စွေ့ချီချောင်းက ခေါင်းညိတ်ပြလိုက်သည်။ ကတုံးကျွန်ခေါင်းဆောင်၏ ကျွမ်းကျင်မှုကြောင့် သူသဘောတူရုံသာရှိတော့သည်။


စွေ့ကျိုးက ချက်ချင်းပြောလိုက်သည်။

"ကောင်းပြီ...အယ်လ်ဖာတွေအကုန်လုံး ငါနဲ့လိုက်ခဲ့ကြ..."


သူသည်ကား ကတုံးအယ်လ်ဖာများကိုသာ ရွေးခေါ်သွားခဲ့သည်။ အယ်လ်ဖာများမှာ လာခဲ့သည့်လမ်းအတိုင်းပြန်လှည့်ကြည့်မိကြ၏။ အကျိုးသက်ရောက်မှုသည်ကား ပြေပြစ်စွာဖြင့်ပျံ့နှံ့နေဆဲ။ ထို့ကြောင့်ပင် အနံ့တစ်ခုတည်းနှင့် စိတ်လွတ်မသွားခဲ့ကြပုံရသည်။

"ဘော့စ်စွေ့က ဘာလို့ဘာမှမဖြစ်သလိုနေနိုင်တာလဲ..." 


၎င်းတို့မှာ စိတ်ထဲတွင်ကျိတ်၍တွေးမိနေကြလေ၏။

"သူက heatကာလမှာမဟုတ်ဘူးလား..."


ယခုမူ ထိုနေရာတွင် ဘရက်ဒီတစ်ယောက်တည်းသာကျန်ရစ်ခဲ့တော့သည်။ သူသည်ကား နောက်ဆုံးမှထွက်ခွာမည့်သူပင်။ ယခုလေးတင် စွေ့ချီချောင်းအနားမှ မသိစိတ်အလိုအတိုင်း နောက်ဆုတ်လာခဲ့လင့်ကစား ရှောင်ပိုင်၏အော်ဟစ်မှုကြောင့် မိန်းမောနေရာမှ နိုးထလာခဲ့သည်။


ဘရက်ဒီမှာ စွေ့ချီချောင်း၏ကိုယ်ကို အကြိမ်ရေအနည်းငယ်ခန့်ကြည့်လိုက်ပြီး နောက်ဆုတ်သွားလိုက်သည်။ 


အမှန်တကယ်ကို မှော်ဆန်သည့်အရာပင်။ စွေ့ချီချောင်းက အထူးဆေးတစ်မျိုးကို သောက်ထားခြင်းပေလားဟု သူ တွေးနေမိသည်။ ဘရက်ဒီက heat ကာလအတွင်း အပြင်တွင်မတ်တပ်ရပ်ကာ အကျိုးသက်ရောက်မှုမရှိအောင်ကာဆီးထားသော အယ်လ်ဖာများအလုပ်လုပ်နေသည်ကို ဆက်ကြည့်နေနိုင်သောအိုမီဂါမျိုး မမြင်ဖူးသေးပေ။


စွေ့ချီချောင်း၏ heatကာလမှာလည်း ရုတ်ချည်းနီးကပ်လာခဲ့ရခြင်းပေ။ သူ၏ ပြင်းထန်သောစိတ်အတက်အကျဖြစ်မှုက heatကာလအတွင်းသို့ ရောက်ရှိစေခဲ့သည်။ ယင်းက အမှန်တကယ်ကို အံ့အားသင့်စရာပင်။ ဤသည်မှာ စိုက်ပျိုးရေးစက်အားကြည့်လိုက်ရုံနှင့် heatကာလသို့ရောက်လာခဲ့သည်ဟု ပြောရမည်။


စွေ့ချီချောင်းမှာ ဆာလောင်လွန်း၍ ငိုကြီးချက်မဖြစ်နေသော ရှောင်းlပိုင်ကိုကိုယ်ချင်းစာမိသည်။ သူ့အနံ့ကပို၍ပိုကာပြင်းလာခဲ့ပုံပင်။ သူရှောင်ပိုင်၏ဗိုက်ကို အကြိမ်အနည်းငယ်ခန့် ထိကြည့်မိသည်။ သူ၏အစာအိမ်မှာ တကျုတ်ကျုတ်မြည်နေဆဲပင်။


ရှောင်ပိုင်က သားမွေးကုတ်ဝတ်ထားပြီး စွေ့ချီချောင်းက သူ့အားပိုက်ထားလေ၏။ သားမွေးကုတ်က သူ၏ကိုယ်နှင့်တစ်ဆက်တည်းဖြစ်နေပြီး ၎င်း၏လိမ္မော်ရောင်ခေါင်းလေးသာပေါ်နေသည်။ သူက စွေ့ချီချောင်း၏နားရွက်များ နီရဲသွားသည်ကိုတွေ့လိုက်၏။ သူက အင်မတန်ထူးဆန်းပြီး မလိုတမာစိတ်အခြေအနေဖြင့် တိတ်တိတ်လေးထလာပြီးစွေ့ချီချောင်း၏လည်ပင်းကို လျက်လာသည်။


ကြမ်းတမ်းသည့်လျှာက စွေ့ချီချောင်း၏အရေပြားပေါ်သို့ပွတ်သပ်သွားကာ အဖုလေးကိုပင် လျက်သွားသေးသည်။


စွေ့ချီချောင်းမှာ လယ်စိုက်နေစဥ် heatကာလကြောင့် သူ၏ပြင်းပြထက်သန်လာသော ရမ္မက်တို့ကို ဖိနှိပ်ထားလိုက်ရသည်။ ရှောင်ပိုင်၏ လျှာအထိအတွေ့ကြောင့် သူသည်ကား သာယာမှုကို အမှန်တကယ်ခံစားလိုက်ရလေ၏။ သို့ထိတိုင် မကြာခင်ပင် ရှောင်ပိုင်၏ခေါင်းကို ဖိချလိုက်သည်။ သူ၏စိုက်ပျိုးရေးစက်ကြီး ပြုလုပ်ပြီးစီးသွား၍ စိတ်အခြေအနေတိုးတက်သွားခြင်းဖြစ်ကာ အသက်မပါစွာရယ်၍ပြောလိုက်လေ၏။

"မင်းက အခုထိကလေးပဲရှိသေးတယ်..."


ရှောင်ပိုင်: "......"


ရှောင်ပိုင်က မျက်လုံးကိုတရစပ်လှိမ့်ကာ မည်းမှောင်သွားလေ၏။ စွေ့ချီချောင်းပြောလိုက်သည့်ပုံစံက မသိလျှင်သူက .....နေသလိုပင်။


စွေ့ချီချောင်းက စိုက်ပျိုးရေးစက်ကိုလူလွှတ်၍ ရှင်းလင်းခိုင်းလိုက်ပြီး စတိုခန်းထဲသို့ ပြန်သိမ်းခိုင်းလိုက်၏။ ရှောင်ပိုင်ကို အာကာသစခန်းသို့ပြန်ခေါ်သွားလိုက်ကာ လေယာဥ်ပေါ်တွင်ပင် အချိန်ကုန်နေလိုက်သည်။ သူ့အနေဖြင့် စက်၏အချက်အလက်များကိုရှာဖွေချင်နေသေး၏။


လေယာဥ်မှာ နေရာကျယ်ပြီး လူအနည်းငယ်သာရှိသည်။ စွေ့ချီချောင်း ထောင့်ချိုးသို့ကွေ့လိုက်သည်နှင့် လက်တစ်ဖက်က သူ့ခါးကိုလှမ်းဆွဲလာသည်။


ထိုသူက ဘရက်ဒီဖြစ်သည်။


စွေ့ချီချောင်း : "ဘာလုပ်တာလဲ..."


"မစ္စတာစွေ့က... လုံးဝ သတိကြီးကြီးနဲ့ မနေဘူးထင်တယ်..."

ဘရက်ဒီက သူ့အားပြုံးပြနေလေသည်။


"မင်းလည်း ပျာယာခတ်နေပုံမရဘူးနော်..."

စွေ့ချီချောင်းက ဘရက်ဒီ၏စကားကို ခက်ခက်ခဲခဲပြောင်းလိုက်ရကာ ထိုသူအားတုံ့ပြန်လိုက်ရသည်။  


သူ့အား လှမ်းဆွဲလာသူက ဘရက်ဒီသာ။

အလောတကြီးဖြစ်နေသင့်သူကလည်း ဘရက်ဒီသာဖြစ်သင့်ပေသည်။


ဘရက်ဒီသည်လည်း နားလည်သည်။ သူက စွေ့ချီချောင်း၏ခါးပေါ်သို့ လက်ချောင်းလေးများနှင့် အကြိမ်အနည်းငယ်ခန့်ပွတ်သပ်နေကာ ပြုံး၍ပြောလိုက်သည်။ "မစ္စတာစွေ့က ကျွန်တော့်ကိုငြင်းလိုက်မှာပဲစိုးရိမ်တာပါ...ကျွန်တော်ကခင်ဗျားရဲ့ အိပ်ဖော်သူငယ်ချင်းအဖြစ် နေပေးဖို့ဆန္ဒရှိပါတယ်..."


စွေ့ချီချောင်း: "......"


ဒီအသိုင်းအဝိုင်းထဲမှလူတွေက တကယ့်ကို...


"မစ္စတာစွေ့...ဘာလို့ဆေးသောက်ထားတာလဲ... မင်းတို့လို အိုမီဂါတွေက အမှတ်အသားပေးတာ မခံချင်ကြဘူးမလား... ကျွန်တော် စည်းမကျော်ဘူးဆိုတာ အာမခံနိုင်တယ် ပြီးတော့ မင်းရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကိုလည်းဖြေရှင်းပေးနိုင်တယ်..."


အစပိုင်းက ဘရက်ဒီ သူ၏ "စိတ်ရင်းအမှန်" ကိုထုတ်ပြလိုက်လျှင်ပင် စွေ့ချီချောင်းက စိတ်မဝင်စားလောက်ဟုထင်ခဲ့သည်။ အနှီအိုမီဂါသည်ကား ကြောက်စရာကောင်းလွန်းလှ၏။ သို့သော် ကြောက်စရာကောင်းရုံအပြင် သူ့ကိုပါရောင်းစားပြီး သတင်းနှိုက်နေသည်ကိုပါ ဖြည်းဖြည်းချင်းသိလာခဲ့ရသည်။ နောက်ဆုံးတွင်မူ စွေ့ချီချောင်းကိုပိုးပန်းရန် သူ၏ဂုဏ်သိက္ခာကိုပါ အကျခံလိုက်ရတော့၏။


သူ၏လိုက်လျောမှုက အင်မတန်အကျိုးအကြောင်းသင့်လျော်ပြီး အနှီအိုမီဂါ၏ အကျပ်အတည်းကိုပါ ဂရုစိုက်ပေးနိုင်သလိုခံစားရသည်။ ထိုသူ၏ကိုယ်က တားမြစ်ဆေးကဲ့သို့ဆေးများကိုဆက်သုံးပြီး ၎င်း၏ဆန္ဒကိုအချိန်အတန်ကြာချုပ်တည်းထားခဲ့ရသည်မှာ ဆိုးရွားလွန်းလှချေ၏။ ဘရက်ဒီအနေဖြင့် လယ်မစိုက်နိုင်လျှင်ပင် သူ၏ခန္ဓာကိုယ်က ပြီးပြည့်စုံသည်။ သူသာ စိတ်စေတနာအပြည့်ဖြင့် သူ၏ခန္ဓာကိုယ်ကို စွေ့ချီချောင်းထံပေးလိုက်လျှင်အစားသာကြီးပြီး အသုံးမကျသည့်လူအဖြစ် အထင်ခံရတော့မည်မဟုတ်ပေ။


တစ်ချိန်တည်းမှာပင် ဘရက်ဒီက ဖယ်ရိုမုန်းအနံ့များကိုသွင်သွင်ထုတ်ရင်း စွေ့ချီချောင်းကိုဆွဲဆောင်နေလေသည်။


"ပထမအချက်...ငါဆေးမသောက်ဘူး..."

စွေ့ချီချောင်း၏မျက်နှာထားကြောင့် ဘရက်ဒီမှာ ကြက်သေသေနေ၏။ စွေ့ချီချောင်း လိမ်နေခြင်းမဟုတ်လျှင် အထူးဆေးတစ်မျိုးသုံးစွဲထား၍သာ ဖြစ်လိမ့်မည်။


အချိန်အနည်းငယ်ကြာတွေးကြည့်ပြီးသည့်အခါ ဤကမ္ဘာပေါ်တွင် အိုမီဂါများ၏စိတ်ဆန္ဒ မြင့်တက်နေစဥ်အတွင်း ၎င်းတို့၏ဖယ်ရိုမုန်းများကို မြှင့်ပေးနိုင်မည့် အထူးဆေးမျိုးမရှိကြောင်း သဘောပေါက်သွားလေ၏။ ယခုလိုဆေးသောက်လိုက်လျှင်ပင် မည်သို့များအကျိုးရှိသွားပါမည်နည်း။


"ဒုတိယအချက်..."

စွေ့ချီချောင်းက သက်ပြင်းချလိုက်လေသည်။

"မင်း အစားကြီးတာငါသိတယ်...ငါ ပိုက်သာဂိုးရပ်ရဲ့တုံ့ပြန်ပုံကို စိုးရိမ်လို့ ငါမင်းကိုခေါ်ထားတာ...အခုတော့ ဆိုးဆိုးရွားရွား မခံစားရတော့ပါဘူး...ငါ့အာကာသစခန်းမှာ ဒီလိုရွံစရာကောင်းတဲ့အယ်လ်ဖာမျိုး မလိုချင်ဘူး..."


အသံအနေအထားအရ အနှီသူသည်ကား မသိမသာပျော်နေပုံပင်။ နောက်ဆုံးတွင် အနှီအသုံးမကျသည့်အယ်လ်ဖာကို မောင်းထုတ်ရန် အခွင်အရေးရသွား၍လည်း ဖြစ်နိုင်၏။ ထို့အပြင် ဘရက်ဒီက ဝေယျာဝစ္စအနည်းငယ်သာလုပ်နိုင်သည်။ ထိုသူက မရှိလျှင်လည်းရသည်။ ထို့အပြင် သူက မစင်တုံးပင် မကောက်နိုင်ချေ။


ဘရက်ဒီ: "......"


မဟုတ်သေးပါဘူး… ဘာလို့ ထင်ထားတာနဲ့လွဲနေရတာလဲ…



🍀🍀🍀