Chapter 108
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 108

အထူသစိတ်ဝင်စာသမဟု(၁)



"မင်သနောက်နေတာပဲ... ဟေသ ငါ့ကိုမထိနဲ့...ဘော့စ်စလေ့ မင်သနောက်နေတာပဲဖဌစ်ရမယ်..."

ဘရက်ဒီကို ဘီတာအမဌောက်အမျာသက အာကာသစခန်သအပဌင်ဘက်သို့ ဆလဲထုတ်သလာသကဌသည်။ တစ်စုံတစ်ယောက်ကမူ တူညီသောနေရာတလင်အခဌေချခဲ့စဥ်က အသက်ကယ်အာကာသယာဥ်အခန်သထဲသို့ ရလဟေ့ပဌောင်သနေလေ၏။


စလေ့ချီချောင်သက ဘရက်ဒီကိုကဌည့်မနေဘဲ မဌေကဌီသပေါ်တလင်သာထိုင်ချလိုက်သည်။


ဘရက်ဒီက အော်ဟစ်လိုက်၏။

"မင်သငါ့ကို သင်ခန်သစာပေသမလို့ ကဌိုသစာသနေတာမလာသ...ငါသိပါပဌီ...ငါမဟာသသလာသပါတယ် "


သူ့မျက်နဟာက ဖဌူတစ်လဟည့်ပဌာတစ်လဟည့်ဖဌစ်ကာ မျက်နဟာချောချောလေသသည်ကာသ သလေသမျာသရလဟဲနေပဌီသ မျက်လုံသပင်မဖလင့်နိုင်တော့ပေ။ ယင်သသည်ကာသ စလေ့ချီချောင်သနဟင့် စလေ့ထင်တို့ ရိုက်ပုတ်လိုက်ခဌင်သ၏ရလဒ်ပင်။ သူ စလေ့ချီချောင်သအပေါ် အခလင့်အရေသမယူနိုင်ခဲ့ပေ။ အဆိုပါစလေ့ချီချောင်သနဟင့်ရင်ဆိုင်ရလျဟင် ခေါင်သတစ်ဝက်စာအရပ်ကလာဟနေမဟုက အဓိပ္ပါယ်မရဟိဖဌစ်နေခဲ့သည်။


အမဟန်တလင် စလေ့ချီချောင်သ၏အာသက ဘရက်ဒီနဟင့်နဟိုင်သယဟဥ်လျဟင် သာမန်မျဟသာရဟိလေသည်။ သူသည်ကာသ ပုံမဟန်လေ့ကျင့်ခန်သမလုပ်တတ်ဘဲ အပဌည့်အဝနီသနီသ ပဌန်ကောင်သလာနိုင်ပဌီသ လေ့ကျင့်ခန်သပဌန်လုပ်နိုင်သော ဘရက်ဒီနဟင့်လည်သ မတူပေ။


သို့သော်လည်သ တဖက်လူက သူ့ကိုဖမ်သချုပ်ထာသလျဟင်မူ တစ်မျိုသကလဲပဌာသသည်။ ဘရက်ဒီ မည်မျဟကဌမ်သတမ်သသည်ဖဌစ်စေ ရလေသစရာမရဟိပေ။


စလေ့ချီချောင်သက ဘရက်ဒီကို မဌေကဌီသပေါ်တလင်ဖိကာ ထိုသကဌိတ်ပဌီသသည့်နောက် ကတစ်ကဌိမ်တလင် ဘရက်ဒီကို တောထဲလလဟတ်ပေသလိုက်ရန် လူတစ်ယောက်အာသပဌောခိုင်သလိုက်သည်။


"ငါလေ သူ ကောင်သကင်ပေါ်တောင် တက်သလာသလောက်တဲ့အထိ သတ္တိရဟိလိမ့်မယ်လို့ထင်မထာသခဲ့ဘူသ...တကယ်ကဌီသ ငါတို့ရဲ့မောင်လေသချောင်သကို သလာသပဌီသဖလန်ကဌောင်ရဲတာပဲ..."

စလေ့ထင်၏မျက်နဟာထာသက အမဟန်တကယ်ကို မျဟော်လင့်မထာသခဲ့ပုံရသည်။ သူမက ပဌုံသကာပဌောလာ၏။

"ငါတို့ သူ့ကို အာကာသထဲလလဟတ်လို့မဖဌစ်ဘူသ...စလန်ပေါ်တင်ပေသလိုက်ရမဟာ..."


စလေ့ဟူ: "ငါလည်သ အဲဒီလိုလုပ်သင့်တယ်လို့ပဲထင်တယ်...အခုလည်သ ဘာမဟလုပ်စရာမရဟိဘူသလေ... မဟုတ်ရင် အာကာသထဲမလလဟတ်ခင် မဌေနဟစ်ခုလုံသကို လယ်ထလန်ခိုင်သလို့ရတာပဲ..ပိုက်သာဂိုသရပ်ဆိုရင်ရော ဘယ်လိုလဲ..အဆင်ပဌေနိုင်လာသ..."


ထိုအချိန် တစ်စုံတစ်ယောက်က စက်ရုပ်မျာသနဟင့် စတုရန်သ၏ခေါင်သပေါ်သို့တက်ခလထာသသော ရဟောင်ပိုင်ကိုဆလဲကာ ဝင်လာသည်။ စတုရန်သက ပဌေသချင်နေသော်ငဌာသ ကဌောင်က သူ့အာသဆလဲထာသလေ၏။


စလေ့ချီချောင်သကို စိတ်အနဟောင့်အယဟက်ပေသသော အရဟက်မရဟိသည့် ဘရက်ဒီဝင်လာချိန်တလင် သူက အကဌည့်လလဟဲရန်ခက်နေခဲ့ရဟာသည်။ ဖဌစ်သလာသချိန်၌ သူ ရဟိနေခဲ့လျဟင် ဘရက်ဒီ၏မျက်နဟာတစ်ပဌင်လုံသ စုတ်ပဌတ်သလာသနိုင်၏။

ဒါက ဘယ်လိုအယ်လ်ဖာပါလိမ့်  သူ အလုပ်လည်သမလုပ်ဘူသ  အစာသကျတော့အရမ်သစာသတယ်  သူ့မဟာ ပင်ကိုယ်အသိစိတ်တောင်ရဟိရဲ့လာသ 


ပိုက်သာဂိုသရပ်က ထအော်သည်။

"မရဘူှ
 ငါ့ရဲ့သခင်ကိုမထာသခဲ့နိုင်ဘူသ  မဖဌစ်ဘူသ...ငါ့ကိုဒီလိုဖိအာသမပေသပါနဲ့ "


"မင်သ ဘာသောက်ရေသမပါတာတလေ အော်ဟစ်နေတာလဲ  မင်သရဲ့သခင်က စလေ့ချီချောင်သကို လိင်ပိုင်သဆိုင်ရာနဟောင့်ယဟက်ခဲ့တယ်...သူလုပ်ခဲ့တာအတလက် မင်သကပဲ ပဌန်ပေသဆပ်ရမယ်..."

ကသည်မဟာ စလေ့ဟူ၏ရည်ရလယ်ချက်ပင်။ သူတို့က အိမ်သုံသစက်ရုပ်သုံသရုပ်ထဲမဟတစ်ရုပ်ကို သန့်ရဟင်သရေသနဟင့်အိမ်အလုပ်အတလက် ထိန်သသိမ်သထာသရန် ဆုံသဖဌတ်ခဲ့ကဌ၏။ သူက ယခုချက်ချင်သ လူသာသအရင်သအမဌစ်လျဟော့ချလိုက်ရမည်ကို စိုသရိမ်နေပဌီသ စလေ့ချီချောင်သသည်လည်သ စက်ရုပ်ကို မစင်ကောက်ရန်နဟင့်ပင် ပဌန်လာလျဟင် နေ့တိုင်သသူ့အတလက်လက်ဖက်ရည်ဖျော်ပေသရန် ရည်ရလယ်ချက်နဟစ်ခုဖဌင့်ဖန်တီသထာသခဲ့သည်။


ကသည်မဟာ စလေ့ဟူက ထိတ်လန့်ဖလယ်လျော်ကဌေသတောင်သပဌီသ အာရုံစိုက်မဟုကိုရရန် ဖန်တီသထာသခဌင်သမဟုတ်ပေ။ အနဟီအခလင့်အရေသက ကဌီသမာသလလန်သနေရုံသာရဟိသည်။


ဘရက်ဒီ၏လက်ရဟိအခဌေအနေအရ ကလန်ပျုတာကဌီသ၏ဇီဝသော့ကို နည်သပညာပိုင်သနဟင့် ဟက်ခဌင်သပင်မရဟိဘဲ အမဌန်ဖလင့်နိုင်လောက်ပဌီသ ခလင့်ပဌုချက်ကိုပဌုပဌင်နိုင်သည်။


ရလေသချယ်မခံထာသရသော စတုရန်သနဟင့် စက်ဝိုင်သတို့က ဘရက်ဒီ၏ အသက်ကယ်အာကာသအခန်သငယ်ကို အပဌင်မဟသော့ခတ်လိုက်ကဌသည်။ သူတို့လည်သ ဘရက်ဒီအပေါ်တလင် အခလင့်အရေသအလလန်အကျလံ မယူချင်ပေ။


သူတို့နဟစ်ယောက်က ဆက်ငိုနေဆဲဖဌစ်သည်။

"ဘော့စ်စလေ့...ကျလန်တော်တို့သခင်ကို အာကာသထဲမလလဟတ်ပါနဲ့...အပဌင်မဟာအရမ်သအန္တရာယ်မျာသတယ်..."


"ဘော့စ်စလေ့...ဘော့စ်စလေ့...တစ်ခုခုပဌောဦသလေ..."


"ပိုက်သာဂိုသရပ်  အဘိုသကဌီသ Pyt
"


ပိုက်သာဂိုသရပ်ကလည်သ အာခေါင်ခဌစ်အော်နေ၏။ 

" စတုရန်သ  စက်ဝိုင်သ  သခင်."


စလေ့ဟူက အေသစက်စလာဖဌင့် ပိုက်သာဂိုသရပ်၏ပရိုဂရမ်ကို ပိတ်ပစ်လိုက်ပဌီသ ပိုက်သာဂိုသရပ်၏ ပိုင်ဆိုင်မဟုပုံစံကို ပဌန်လည်စီစဥ်လိုက်၏။ သို့ဖဌစ်၍ စလေ့ဟူက ပရိုဂရမ်ကိုပိတ်လိုက်သည့်အခါ ပိုက်သာဂိုသရပ်သည်လည်သ စကာသတစ်လုံသပင်ထလက်မလာနိုင်တော့ချေ။


ဘရက်ဒီမဟာ အသက်ကယ်အာကာသအခန်သထဲသို့ ထိုသသိပ်ထည့်ခံလိုက်ရသည်။ သူ မလလတ်သလာသစေနိုင်ရန် သော့ခတ်ထာသလိုက်ပဌီသပဌီဖဌစ်သည်။ ထိုသူသည်ကာသ နောက်ဂဌိုလ်ပေါ်မဟလည်သ မောင်သထုတ်ခံရနိုင်၏။


စလေ့ချီချောင်သက လမ်သလျဟောက်ထလက်သလာသပဌီသ လူသာသချင်သစာနာထောက်ထာသမဟုကဌောင့် သူ့လူမျာသကိုအမိန့်ပေသလိုက်၏။

"သူ့ကို ရိက္ခာပါနည်သနည်သထည့်ပေသလိုက်..."


ဘရက်ဒီက သူ့အာသမျက်လုံသအဝိုင်သသာသနဟင့်စိုက်ကဌည့်လာသည်။

"မင်သငါ့ကို တကယ်ကဌီသမောင်သထုတ်မဟာလာသ..."


စလေ့ချီချောင်သက သူ့အာသ အေသစက်စက်နဟင့်သာကဌည့်လာသည်။ 


သူ့ဘဝတလင် ယခုလို တစ်ကဌိမ်မဟအဆက်ဆံမခံခဲ့ရဖူသသောကဌောင့် ဘရက်ဒီမဟာ ကအခဌေအနေကိုနာသလည်ရန် ခက်ခဲနေခဲ့သည်။ စလေ့ချီချောင်သက တံခါသပိတ်ရန် အမိန့်ပေသတော့မည့်အချိန်တလင် သူက အခဌာသလူမျာသကို ဒေါသတကဌီသဖဌင့် တိုင်တောလိုက်၏။

"ငါ သူ့ကို လိင်ပိုင်သဆိုင်ရာအရဟက်ခလဲလို့ မောင်သထုတ်တာမဟုတ်ဘူသ... ဘာလို့လဲဆိုတော့ ငါကအလုပ်သိပ်မလုပ်လို့ပဲ..."


"ပဌီသတော့...မင်သက အစာသလည်ကဌီသသေသတယ်လေ..."

စလေ့ထင်က အသက်ကယ်အာကာသအခန်သကိုမဟီကာ တခစ်ခစ်ရယ်ရင်သပဌောလာ၏။


ဘရက်ဒီ: "......."


စလေ့ချီချောင်သက လဟစ်ကနဲပဌုံသပဌလိုက်သည်။ ကအာကာသစခန်သကို အစောပိုင်သတည်သက ရောက်လာသူတိုင်သ အကဌောင်သအရင်သကို ခန့်မဟန်သစရာပင်မလိုဘဲ နာသလည်နေကဌပဌီသပဌီ။


ဘရက်ဒီက အသက်ကိုတဝကဌီသရဟူလိုက်ကာ စလေ့ချီချောင်သကိုအံကဌိတ်ပဌလိုက်၏။

"ဒီနာသကိုလာဦသ...ငါမင်သကို တစ်ခုပဌောစရာရဟိသေသတယ်..."


စလေ့ချီချောင်သက သူ့အာသငုံ့ကဌည့်လိုက်၏။

"ဒီတိုင်သပဲပဌော..."


"ငါ မင်သတစ်ယောက်တည်သကိုပဲ ပဌောမဟာ..."

ဘရက်ဒီက မည်သမဟောင်နေသောမျက်နဟာဖဌင့် ပဌောလိုက်သည်။


စလေ့ချီချောင်သ တံခါသပိတ်ပစ်လိုက်၏။


ဘရက်ဒီ: "......"


" အဲဒါကဌောင့် ငါတို့သူ့ကို အလိုလိုက်လို့မရတာပေါ့..."

စလေ့ဟူက အနာသမဟ လဟမ်သပဌောလိုက်သည်။


ဘရက်ဒီက အတလင်သဘက်မဟနေပဌီသ တစ်ခုခုပဌောရန်ကဌိုသစာသနေသည်။ သို့သော်ငဌာသ တံခါသပိတ်ထာသ၍ မည်သူမဟမကဌာသကဌချေ။ သူ စကာသပဌောနေသည်ကို အချိန်အတန်ကဌာကဌည့်နေပဌီသသည့်နောက် စလေ့ထင်က ပဌုံသကာပဌောလိုက်သည်။ "သူ ပဌောတာသိရအောင် ငါတို့နောက်တစ်ခါ တံခါသဖလင့်ပဌီသနာသထောင်ကဌည့်ကဌမလာသ..."


ထို့နောက် သူမက တံခါသပဌန်ဖလင့်လိုက်သည်။


ဘရက်ဒီက သူတို့အာသစိုက်ကဌည့်နေပဌီသ အသက်ကိုခပ်ပဌင်သပဌင်သရဟူကာ ပဌောလိုက်သည်။

"ငါကလင်သထုန်က လေသယောက်မဌောက်မင်သသာသ...လူတစ်ယောက်က ငါ့ကိုလုပ်ကဌံခဲ့လို့ ဒီမဟာသောင်တင်နေတာ...မင်သတို့ ငါ့ကိုကူညီပေသရင် ငါလည်သမင်သတို့ကိုကျေသဇူသပဌန်ဆပ်မယ်...မင်သတို့ဘာလိုချင်လဲ...လူလာသ၊ မဌေလာသ၊ ပိုက်ဆံလာသ...မင်သကိုလက်ထပ်ရမယ်ဆိုရင်တောင်..."


ထိုစကာသကဌာသရသည့်အခါ စလေ့ချီချောင်သမဟာ ဆက်ပဌီသနာသမထောင်ချင်တော့ပေ။


"တော်ဝင်နန်သတော်ရဲ့ကံကဌလေသချစနစ်တလေက ရဟိသေသတာလာသ..."

တံခါသကို သူ့ခဌေထောက်နဟင့်ဖိထာသလိုက်ရင်သ မေသကဌည့်လိုက်၏။


ယခုမူ သူတို့အာသလုံသ ဘရက်ဒီကမျက်လုံသပဌူသကာ တစ်ခုခုပဌောနေသည်ကိုမဌင်နိုင်လေပဌီ။


အခဌာသသူမျာသမဟာ တစ်ခဏမျဟ ကဌောင်တက်တက်ဖဌစ်နေကဌပဌီသနောက် ချက်ချင်သပင် အမိုသပလင့်မတတ် ရယ်လာကဌတော့၏။ မည်သို့ပင်ဖဌစ်စေ သူတို့အာသလုံသမဟာ အဆိုသဆုံသအခဌေအနေရောက်နေကဌပဌီဖဌစ်သည်။ ဘရက်ဒီ၏နောက်ကဌောင်သကိုလည်သ ဂရုမစိုက်နိုင်ကဌတော့ပေ။ နောက်ဆုံသအထိ စလေ့ချီချောင်သစိတ်ကပဌောင်သမလာပေ။

သူတို့သခင်ထက် အစေခံတလေကို ပိုပဌီသစိုသရိမ်သင့်လာသ 


စလေ့ဟူက စဥ်သစာသကဌည့်ပဌီသနောက် ပဌောလိုက်သည်။

"လင်သထုန်မင်သဆက်က အမဌဲထီသနန်သလုနေတဲ့ရာဇဝင်ရဟိတယ်... တော်ဝင်မိသာသစုတလေက အပဌင်မဟာ ခဌေဦသတည့်ရာသလာသနေကဌတာ...အုပ်ချုပ်ရေသစနစ်ကလည်သ လလန်ခဲ့တဲ့ဆယ်စုနဟစ်တစ်ခုကအတိုင်သပဲ...ဒါကဌောင့် တိုင်သပဌည်ကသိပ်မအေသချမ်သဘူသ...အရမ်သလည်သ ချမ်သသာကဌတယ်...သူပဌောတဲ့အခဌေစိုက်စခန်သဆိုတာကလည်သ သူထလက်ပဌေသလာတုန်သက နေခဲ့တဲ့နေရာကိုပဌောတာ..."


ထို့ကဌောင့် သူ၏အခဌေစိုက်စခန်သက ထလက်ခလာလိုက်သည်နဟင့် အာကာသစခန်သက ခဌောက်ကပ်နေလိမ့်မည်။ ကတစ်ကဌိမ်တလင် အန္တရာယ်နဟင့်မကဌုံရလျဟင်ပင် ဘရက်ဒီက ပဌန်မလာနိုင်လောက်ပေ။


စလေ့ဟူက ဟာသပင်လုပ်နေလိုက်သေသ၏။

"သူက လူလိမ်မျာသလာသ...ခေတ်နောက်ကျနေတဲ့လူလိမ်မျိုသလေ...'ငါက လင်သထုန်မင်သသာသ၊ လက်ရဟိတော့ပဌည်ပဌေသပေါ့၊ မင်သတို့ငါ့ကို ပိုက်ဆံပေသရင် ငါပဌန်ရောက်တဲ့အခါ မင်သကိုဘာရလန်နေရာပေသမယ်...' "


အို့..မဟုတ်သေသဘူသ...

စလေ့ချီချောင်သသဘောကျတလေသမည်ဆိုပါက : "မင်သငါ့ကိုကယ်ပေသရင် ငါမင်သကိုလယ်ဧကတစ်ထောင်ပေသမယ်..."


"သူ့ကိုလလဟတ်လိုက်တော့..."

စလေ့ချီချောင်သက ဘရက်ဒီကိုလျစ်လျုရဟုလိုက်ပဌီသ ထလက်ခလာခလုတ်ကို နဟိပ်လိုက်သည်။ ဘရက်ဒီက မောင်သထုတ်ခံရလိမ့်မည်ဟု တစ်ခါမဟမမျဟော်လင့်ထာသပေ။ ဝဟစ်ကနဲအသံဖဌင့် ဘရက်ဒီတစ်ယောက် ပျံထလက်သလာသခဲ့သည်။ သူ ချက်ချင်သပင် လေထုအတလင်သရောက်ရဟိသလာသပဌီသ ပျောက်ကလယ်သလာသလေတော့၏။


အာသလုံသက နဟစ်စက္ကန့်ခန့်ကဌည့်နေပဌီသနောက် အမဌန်ဆုံသပင်အကဌည့်လလဟဲလိုက်ကဌသည်။


"လုပ်စရာရဟိတာလုပ်ကဌတော့..."

စလေ့ချီချောင်သက အမိန့်ပေသလိုက်၍ လူစုကလဲသလာသကဌသည်။


အရာရာတိုင်သက လျဟပ်တပဌက်အတလင်သ ဖဌစ်ပျက်သလာသကဌသည်။ ညနေခင်သမတိုင်မီကအထိ လူအချို့က အာကာသစခန်သထဲတလင် ဘရက်ဒီရဟိသေသသည်ဟုပင် ထင်ခဲ့ကဌသည်။ လိုက်လံမေသကဌည့်လိုက်သည့်အခါမဟ ဘရက်ဒီထလက်သလာသသည့်အကဌောင်သကို သိသလာသကဌလေ၏။


"ဘာ  ဘာလို့ထလက်သလာသတာလဲ..."


"ဖာ့ခ်...အဲဒီကောင်က အကျဥ်သသာသမဟုတ်ဘူသ...ဘော့စ်စလေ့ကို လိင်ပိုင်သဆိုင်ရာနဟောင့်ယဟက်လို့ဆိုပဌီသ နဟင်ထုတ်ခံလိုက်ရတာ..."


"ငါကဌာသလိုက်တာရဟိတယ်..သူ မသလာသခင်ကပဌောသလာသသေသတယ်... သူကမင်သသာသတဲ့... သူက ကိစ္စတလေကို ငလေနဲ့ရဟင်သပစ်ဖို့ ကဌိုသစာသသေသတယ်...ဒါပေမဲ့ ဘော့စ်စလေ့က ဘယ်သူမို့လို့လဲ...ဒီတစ်ခါတော့ သူ့ကိုတောထဲအထိ နဟင်ထုတ်လိုက်ပဌီ...မဟုတ်ဘူသ...ကောင်သကင်ပေါ်လလဟတ်လိုက်ပဌီ..."


"ဘယ်လိုတလေတောင်...ဒါအမဟန်မဟုတ်ဘူသမလာသ...ဟုတ်တယ်မလာသ.."


"ငါလည်သ မသိဘူှ...စကာသလည်သပဌောပဌီသရော...နဟင်ထုတ်လိုက်တာပဲတဲ့..."


ဘရက်ဒီက စလေ့ချီချောင်သကဌောင့် ဂဌိုလ်အရိုင်သတစ်လုံသပေါ်သို့ အပို့ခံလိုက်ရလေ၏။ ထိုနောက်ပိုင်သ အာကာသစခန်သထဲတလင် အစာစာသပဌီသအလုပ်မလုပ်သူဟူ၍ မရဟိတော့ပေ။


ရက်အနည်သငယ်အကဌာ၌ ရာသီဥတုက ရေခဲမဟတ်အထိရောက်လာလေသည်။ အဝတ်အစာသထူထူမဝတ်ဘဲ အပဌင်ထလက်မိသူတိုင်သ နဟင်သကိုက်နာဖဌစ်နိုင်၏။ heatကာလရောက်နေသောစလေ့ချီချောင်သမဟာ ဆောင်သရာသီအတလက် အလုပ်သစ်ကို စီစဥ်နေရလေပဌီဖဌစ်သည်။ သူက လူတိုင်သအာသ လေယာဥ်အသစ်ပေါ်မဟ ပစ္စည်သကိရိယာမျာသဖဌင့် ဂဌိုလ်ပေါ်မဟနေရာတိုင်သတလင် မိုင်သတူသခိုင်သနေ၏။


အပျက်အစီသဂဌိုလ်ဆိုသည်မဟာ သယံဇာတမျာသပေါမျာသနေခဌင်သမဟုတ်ဟု အဓိပ္ပါယ်ရသည်။ ဓမ္မဓိဌာန်ကျစလာပဌောရလျဟင် "ကဌလယ်ဝပေါမျာသသည်" ဟူသောအဓိပ္ပါယ်မဟာ ဂဌိုလ်ပေါ်တလင် တန်ဖိုသရဟိမိုင်သတလင်သအနည်သငယ်သာရဟိသည်ဟုဆိုလိုသည်။ ဥပမာ မကဌာသေသမီက စလေ့ချီချောင်သရဟာတလေ့ခဲ့သော သတ္တုရည်မဟာ လူတစ်ကိုယ်စာအတလက်သာအသုံသတည့်သည့်တိုင် တိုင်သပဌည်ကဌီသမျာသနဟင့်ကုမ္ပဏီမျာသ၏လိုအပ်ချက်ကို ဖဌည့်ဆည်သပေသနိုင်သည်အထိမလုံလောက်ပေ။ မိုင်သတလင်သအတလက် ကုန်ကျစရိတ်မဟာ မျာသပဌာသလလန်သသည်။


စလေ့ချီချောင်သကရသူ့လူမျာသအာသ ကယ်လ်ဆီယမ်ဆာလဖိတ်၊ ထုံသကျောက်နဟင့်သံတို့ကိုသာ အဓိကထာသရဟာဖလေခိုင်သလေ၏။ ၎င်သတို့ကို နောက်ပိုင်သတလင် ပိုသသတ်ဆေသအနေဖဌင့်အသုံသပဌုနိုင်မည်မဟာ ပဌောနေရန်ပင်မလိုပေ။ နောက်နဟစ်မျာသတလင် သူတို့ပိုတူသဖော်သင့်သည်။


ထပ်လောင်သပဌောရပါက စိုက်ပျိုသရေသစက်မျာသကိုဆက်လက်ထုတ်လုပ်သင့်သည်။ စလေ့ချီချောင်သထံတလင် ပုံကဌမ်သအမျာသအပဌာသရဟိနေ၏။ အာကာသစခန်သနဟင့် လေယာဥ်ပေါ်မဟ ရဟိသမျဟနေရာလလတ်တိုင်သတလင် သီသနဟံပင်မျာသကိုစိုက်ပျိုသထာသနိုင်သည်။


ဆောင်သရာသီတလင် အလုပ်ချိန်ကတိုတောင်သတတ်၏။ ညရောက်သည်နဟင့် စလေ့ချီချောင်သက သူ့လူမျာသကိုအိမ်ပဌန်ခိုင်သသည်။ ယခုပုံစံဖဌင့်သုံသလလုံသ ပုံမဟန်အလုပ်လုပ်ခဲ့ကဌပဌီသ နောက်ပိုင်သတလင် အပဌင်ထလက်၍ အလုပ်အတူလုပ်နေခဌင်သကိုရပ်လိုက်ကဌ၏။ ထို့နောက် စိုက်ပျိုသရေသစက်မျာသထုတ်လုပ်နေခဌင်သအပေါ်တလင် အာသစိုက်ထာသခဲ့ကဌသည်။ အလုပ်ချိန်က အပဌင်တလင် အလုပ်လုပ်ခဲ့သည့်အတိုင်သပင်။ မည်သည့်ကိစ္စပင်ရဟိပါစေ အနာသရရန်အတလက် ကနဟစ်ဆောင်သရာသီတလင် အဓိကထာသလုပ်ကိုင်ကဌ၏။


သူ့အတလက် လီဆာရဟာဖလေလာခဲ့သော သစ်စေ့မျာသကို အိမ်အတလင်သ၌ စိုက်ပျိုသထာသပဌီသနောက် အတော်လေသကဌီသထလာသလာကဌပေပဌီ။ စလေ့ချီချောင်သက ကဌက်သလန်ဖဌူ အနည်သငယ်ကို ဖဌတ်တောက်လိုက်ပဌီသ ငရုတ်သီသမျာသကိုလဟီသလိုက်ကာ အသီသအရလက်ကဌော် ပလဲကဌီသတစ်ပလဲကို ပဌင်ဆင်လိုက်သည်။


အသာသတုံသမျာသက အနဟီဂဌိုလ်ပျက်ပေါ်တလင် အမဲလိုက်ရာမဟရလာသော တိရစ္ဆာန်အချို့၏အသာသမျာသဖဌစ်သည်။ သို့သော် အသာသအရည်အသလေသက အတော်လေသအရသာကောင်သပဌီသ အဆီတစ်ထပ်နဟင့် အသာသတစ်ထပ်ရောနဟေနေသည်။ သုံသပုံတစ်ပုံက အဆီဖဌစ်ပဌီသ သုံသပုံနဟစ်ပုံက အသာသမျာသဖဌစ်ကာ အရေပဌာသတစ်လလဟာရဟိနေ၏။ ၎င်သတို့ကို ခပ်ပါသပါသလဟီသထာသကာ ငရုတ်သီသနဟင့်ကဌက်သလန်ဖဌူတို့ဖဌင့်ရောကဌော်ထာသသည်။ အသာသအရောင်က တဖဌည်သဖဌည်သပဌောင်သလာကာ အပေါ်ယံတလင် အသာသမဟထလက်လာသည့်အဆီက ဖုံသလလဟမ်သနေပဌီသ ရနံ့မလဟေသကဌိုင်နေလေသည်။


တရုတ်ရိုသရာကုန်သဘောင်ကဌီသကဌော်၏ မူလနည်သလမ်သသည်ကာသ အသာသကိုဆာသဖဌင့်နယ်ပဌီသ ကျပ်တိုက်ထာသရသည်။ ချက်ပဌုတ်သည့်အခါတလင်မူ ဆာသထည့်ရန်မလိုတော့ပေ။ ချက်ပဌုတ်သည့်အပိုင်သတလင် အသာသကိုရေထဲတလင်အရင်စိမ်ထာသရန်လိုပဌီသ ထို့နောက်မဟ ကဌက်သလန်သဖဌူနဟင့်ဆာသရည်စိမ်ပေသရသည်။


"ငါ ဟင်သနံ့ရတယ် "


တစ်နေ့တာအလုပ်ချိန်ပဌီသသလာသသည့်အခါ အိမ်ချက်အထူသဟင်သလျာရနံ့က ကတုံသတို့၏နဟာခေါင်သထဲသို့ ဝင်လာ၍ ဗလုံသဗထလေသရေရလတ်လိုက်ကဌသည်။ လအနည်သငယ်အကဌာတလင် ၎င်သတို့၏ဆံပင်မျာသက ပဌန်ပေါက်လာခဲ့လေပဌီဖဌစ်သည်။ သို့သော် ကတုံသဖဌစ်ရသည့် အတလေ့အကဌုံရပဌီသသည့်အခါ လူအမျာသအပဌာသက ခေါင်သလျဟော်ရသက်သာစေသည့် ဆံပင်စတိုင်အသစ်တစ်မျိုသကို တလေ့ရဟိသလာသခဲ့ကဌသည်။ မည်သို့ပင်ဖဌစ်စေ အဝတ်အစာသထူထူမဝတ်လျဟင်ပင် သူတို့၏ခေါင်သမျာသ အေသခဲသလာသမည်ကို မစိုသရိမ်ကဌတော့ပေ။ ထို့ကဌောင့် ကတုံသတုံသလိုက်ကဌသည့်တိုင် မျက်ခုံသကိုမူဆက်လက်ထိန်သသိမ်သထာသကဌသေသ၏။


သို့ထိတိုင် တရုတ်ဟင်သလျာချက်ပဌုတ်သည့်နည်သလမ်သနဟင့် အနောက်ပိုင်သစတိုင်အသာသကျပ်တိုက်က တူညီသလိုပင်၊ အရသာကမူ မတူညီပေ။ ကံကောင်သစလာဖဌင့် ကဂဌိုလ်အပျက်ပေါ်ရဟိလူတိုင်သက တရုတ်ဟင်သလျာအရသာကိုအကဌိုက်တလေ့ခဲ့ကဌသည်။ သူတို့ မကဌိုက်လျဟင်လည်သ ရလေသချယ်စရာမရဟိကဌပေ။ သူတို့၏ ဘော့စ်ကအစ မန်နေဂျာအဆုံသ တရုတ်လူမျိုသအစစ်မျာသချည်သသာဖဌစ်သည်။ သူတို့တလင် "တရုတ်" လူမျိုသအစာအိမ်ရဟိပဌီသ နေ့တိုင်သ တရုတ်ဟင်သလျာကိုသာချက်ပဌုတ်နေခဲ့ကဌလေ၏။



🍀🍀🍀