Chapter 111
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 111

ကီးဘုတ်လယ်သမားများ(၂)



စွေ့ချီချောင်း၏ လယ်စိုက်မည့်အကြံအပေါ် အိုမီဂါများဘက်မှ မြောက်များစွာသော သဘောမတူညီမှုများရှိနေသည်မှလွဲပြီး လေ့လာရာတွင်မူ အိုမီဂါများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အားနည်း၍ဖြစ်စေ၊ ညစ်ပတ်ပေရေနိုင်ပြီးပင်ပန်းနိုင်သည်ဖြစ်စေ၊ ဝိရီယရှိစွာဖြင့်ကြိုးစားပမ်းစားသင်ယူနေကြလေ၏။ 


နောက်ဆုံးတွင်မူ အပင်စိုက်ရာ၌ ကျွမ်းကျင်အဆင့်အထိသင်ယူကြပြီးသည့်နောက် သူတို့အားလုံး စွေ့ချီချောင်းထံမှ ပညာအများအပြားကို ရရှိလိုက်ကြလေသည်။ သူတို့ထံတွင် သီအိုရီပိုင်းအရ ဗဟုသုတမရှိလျှင်ပင် အင်တာနက်ဖြင့် ကိုယ်တိုင်ကိုယ်ကျသင်ယူလေ့လာနိုင်သေး၏။


ဝဲလ်က အဲလစ်နှင့် နောက်တစ်ကြိမ်စကားပြောခဲ့၍ အဲလစ်က သူ့အားမေးလာခဲ့သည်။

"ဒီစိုက်ပျိုးရေးနည်းပညာက ရှင့်အပေါ်တကယ်ပဲသက်ရောက်လို့လား..."


ဝဲလ်ကလည်း တွေးဆဆနှင့်ပြန်ဖြေလာ၏။

"ဒီလိုလေ့ကျင့်မှုမျိုးက ဝိညာဥ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်မယ်လို့ထင်တာပဲ...ဒါပေမဲ့ မစ္စတာထရစ်စတန်က လက်တွေ့၊ သိပ္ပံပညာနဲ့ နည်းပညာတွေအကြောင်းကိုဆက်ပြောနေခဲ့တာ...သူက ငါ့ကို လက်တွေ့ကျဖို့လည်း အားပေးခဲ့သေးတယ်...ငါတို့တွေလေ့လာပြီး အိမ်တွင်းအပင်တွေကို ပျိုးထောင်ပေးတဲ့နေရာမှာလည်း သူ့ကိုကူညီပေးခဲ့ကြသေးတယ်...နောက်ဆုံးလည်းကျရော ငါတို့လေ့ကျင့်ခဲ့တာထက် ပိုပြီးပင်ပန်းပါလေရော...အိပ်ရာထဲရောက်တာနဲ့ တန်းပြီးအိပ်ပျော်သွားတာ တခြားကိစ္စတွေတောင်မစဥ်းစားနိုင်တော့ဘူး... ပြန်တွေးကြည့်လိုက်ရင် ငါ့ရဲ့စိတ်ဝိညာဥ်က တိုးတက်လာသလိုပဲ...ငါ့ရဲ့စိတ်ဓာတ်က တဖြည်းဖြည်းချင်းပြောင်းလဲလာတာ...ငါသူတို့နဲ့ ဆက်သွယ်ကြည့်လိုက်ရင် အပင်နှင့်မြေကြီးရဲ့စည်းချက်သံတွေကိုတောင် ခံစားမိတယ်...ငါပိုပြီးအာရုံစိုက်မိနေတယ်...နောက်ထပ်heatကာလရောက်ရင် ဘယ်လိုဖြစ်လာမလဲတော့မသိပေမဲ့...အကျိုးသက်ရောက်မှုရှိသလိုပဲ..."


ဝဲလ် ယခုကဲ့သို့ ပြောလာလိမ့်မည်ဟု စွေ့ချီချောင်းပင်မထင်ထားမိခဲ့ချေ။ စွေ့ချီချောင်းက မသေမျိုးဖြစ်အောင်ကျင့်ကြံမရဟုသာ ရံဖန်ရံခါပြောခဲ့သည်။ ဝဲလ်က ရုပ်လွန်ဝါဒဖြင့်လယ်စိုက်ခြင်းကို သဘောတွေ့ပုံရသည်။ ဆိုးသည်မှာ သူ၏ "စိတ်စွမ်းအင်" က အရေးပါသည့်နေရာမှ တိုးတက်လာသည်ဟု ယုံကြည်နေခြင်းပင်။


စွေ့ချီချောင်းအတွက်မူ အနှီသူများ၏ယခုကဲ့သို့ စိတ်စွမ်းအင်တိုးတက်လာသယောင်ခံစားချက်မှာ ချွေးသိပ်ဖြေခြင်းအကျိုးဆက်ကြောင့်ဟု ယူဆစရာဖြစ်လာသည်။


 "အပင်နဲ့မြေကြီးကလာတဲ့ အထူးစည်းချက်" ဆိုတာဘာကြီးလဲဟ… သူတို့အပင်တွေကို မြေဩဇာကျွေးပြီးရေလောင်းပေးတာလောက်ပဲမဟုတ်ဘူးလား…


ချွေးသိပ်ဖြေသည့် အကျိုးဆက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဝဲလ်နှင့်သူ့လူများက စွေ့ချီချောင်း၏လွှမ်းမိုးမှုကိုခံလိုက်ကြရပြီဖြစ်သည်။ ယင်းက ဘာသာတရားမှအားအင်ရလာသည့်ပုံစံမဟုတ်ကြောင်း ဝဲလ်က သူကိုယ်တိုင်သိနေနိုင်ပြီး ဂြိုလ်အပျက်ပေါ်မှလူများက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုအားလိုအပ်နေ၍လည်းဖြစ်နိုင်သည်။


ဝဲလ်ပြောလာသည့်စကားကြောင့် အဲလစ်က ကျေနပ်သွားလေသည်။

"ကောင်းတာပေါ့...လယ်စိုက်တာကိုစလိုက်ကြစို့..."

ပုံမှန်ဆိုလျှင် ဤနေရာကို လက်ရှိအခြေအနေကြောင့်လာနေရ၍ သူတို့အဖွဲ့ဝင်များက ဤသို့သောတက်ကြွလှုပ်ရှားမှုများတွင်မပါဝင်တတ်ကြပေ။ အချိန်ရှိသည့်တိုင် အပင်စိုက်ရန် စိတ်မပါဘဲ ရှိတတ်ကြသည်။


ယခုမူ သူတို့အားလုံး မစ္စတာထရစ်စတန်ထံမှ သင်ယူနေကြလေပြီဖြစ်သည်။


နောက်တစ်နေ့တွင် ဝဲလ်က စွေ့ချီချောင်းနှင့်စကားပြောပြီး ထိုသူထံမှ ဆလပ်စေ့အနည်းငယ်ချေးငှားရန် ကြံရွယ်ထားခဲ့သည်။ နွေဦးမတိုင်မီ လအနည်းငယ်လိုသေး၍ ထိုအတောအတွင်း သူတို့ဘက်မှထယ်ထိုးပြီး မြေဩဇာလောင်းထားနိုင်သည်။


စွေ့ချီချောင်းသည်လည်း သူတို့အားကတိပေးလိုက်သည်။ "တားဆေးသုံးရတဲ့အချိန်မှာ သုံးလိုက်တာကောင်းတယ်... Heatကာလမှာ ကိုယ့်ကိုယ်ကိုယ်သည်းခံပြီး ကျန်းမာရေးအထိခိုက်မခံနဲ့...အားလပ်ချိန်တွေမှာ လယ်စိုက်တာကောင်းတယ်...ငါကြည့်ရသလောက် မင်းတို့ခန္ဓာကိုယ်တွေအားလုံးက အားနည်းကြတယ်..."


စွေ့ချီချောင်းက အိုမီဂါများနှင့် စကားပြောခဲသည်။ သို့သော်လည်း သင်တန်းပေးခဲ့သည့်ရက်အနည်းငယ်အတွင်း သူတို့၏ခန္ဓာကိုယ်က အယ်လ်ဖာနှင့်ဘီတာများထက်ပင် ပိုအားနည်းနေသည်ကို သိလိုက်ရ၏။


ပုံမှန်တွင် ဝဲလ်ကဲ့သို့သောအိုမီဂါအချို့က စစ်ရေးလေ့ကျင့်မှုများလုပ်တတ်သော်ငြား အများစုက ပြည်သူများသာဖြစ်ပြီး စစ်ရေးနှင့်ပတ်သတ်သော အခြေခံဗဟုသုတအနည်းငယ်သာရှိကြသည်။ ထိုပြည်သူများကလည်း စစ်သားများမဟုတ်ကြပေ။ အနှီအိုမီဂါများကြားမှ ရုပ်ပိုင်းဆိုင်ရာခြားနားမှုသည်ကား သိသာထင်ရှားလွန်းနေသည်။


သူတို့ထဲမှအချို့က သေနတ်ပင်မကိုင်နိုင်လောက်သော်လည်း ပေါက်တူးကိုင်ရာတွင် အကြောင်းမဟုတ်တော့ဘဲ လေ့ကျင့်ရေးပေးချိန်တွင်လည်း သူတို့ကိုယ်က လွတ်လပ်စွာလှုပ်ရှားနိုင်နေသည်ကို စွေ့ချီချောင်းက သဘောပေါက်ခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များက ပိုကြံ့ခိုင်လာပြီး တစ်ချက်လေးတွန်းရုံဖြင့် ယိုင်မသွားနိုင်ပေ။ အယ်လ်ဖာများနှင့်တွေ့သည့်အခါတွင်လည်း အမှောက်သိပ်နိုင်လာခဲ့သည်။ ယင်းက ကောင်းစွာလေ့ကျင့်ထားခဲ့သည့်ရလဒ်ပင်။ သူတို့ကိုယ်တိုင်စိုက်ပျိုးထားသော အသီးအနှံများကိုလည်းထုတ်လုပ်နိုင်ပြီး ပို၍လတ်ဆတ်ကာ ကျန်းမာစေသောအစားအသောက်များကိုလည်း ချက်ပြုတ်နိုင်လိမ့်မည်။


ဝဲလ်က မယုံနိုင်သလိုခေါင်းညိတ်ပြသည်။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော်တို့အမြဲအမှတ်ရနေမှာပါ..."


စွေ့ချီချောင်းက ဝဲလ်ကိုပြန်လွှတ်လိုက်သည်။ ပြန်ရောက်လာသည့်အခါ ဝဲလ်၏အဖွဲ့က ရိုဆာ၏အဖွဲ့မှခွဲထွက်သွားပြီး အကူအညီအနည်းငယ်ဖြင့် ဂြိုလ်ရိုင်းပေါ်မှ ပစ္စည်းများကိုသယ်ကာအိမ်ပြန်သွားကြပြီဖြစ်သည်။


ဝဲလ်ပြန်ရောက်လာသည့်အခါ အဖွဲ့ထဲမှ အိုမီဂါများကို ပြန်သင်ပြပေးလိုက်သည်။ ပထမဆုံး လယ်စိုက်သည့်အပိုင်းကိုဘေးဖယ်ထားခဲ့၏။ ယင်းအစား စွေ့ချီချောင်းနှင့် တွေ့ဆုံဆက်ဆံခဲ့ရပုံများကို ပြန်လည်ပြောပြကာ စွေ့ချီချောင်း၏ ဖယ်ရိုမုန်းကာကွယ်ပုံကို ရှင်းပြခဲ့သည်။ သူ့အား အယ်လ်ဖာများကဝန်းရံထားသော်လည်း ဖယ်ရိုမုန်းကာကွယ်သည့်ဆေးကို မသုံးထားပေ။ ထိုအချိန်အတွင်း စကားပြောနေသည့်အပိုင်းမှာပင် သူအာရုံစိုက်ထားခဲ့သည်။


ထို့နောက် ဝဲလ်က သူကိုယ်တိုင် စွေ့ချီချောင်းနှင့်တူညီလာသည်ကို သိခဲ့သည်။ heatကာလအတွင်း သူက စိတ်တည်ငြိမ်နေပြီး အိုမီဂါ၏သဘာဝအရ ခံစားရမှုလည်းမရှိတော့ပေ။


ဤနေရာတွင် သူက စွေ့ချီချောင်း၏အရှေ့တိုင်းအသွင်အပြင်နှင့် အဝတ်အစားများအကြောင်းကိုဖော်ပြခဲ့ပြီး သူ၏နောက်ထပ်အကြောင်းအရာအဖြစ် အရှေ့တိုင်းလေ့ကျင့်နည်းကို ပြောပြလိုက်သည်။လယ်စိုက်ခြင်းမှာ စိတ်စွမ်းအားတိုးတက်စေရာတွင် အကျိုးရှိသည့်အရာပင်။


သူ စွေ့ချီချောင်း၏အဖွဲ့အတွင်းမှ သူရဲကောင်းအချို့အကြောင်းကိုကြားခဲ့ရပြီး ထိုအကြောင်းကိုလူတိုင်းထံ ပြန်လည်ပြောပြခဲ့သည်။ သူရဲကောင်းများတွင်လည်း မြေကြီးနှင့်ပတ်သတ်၍ လုပ်ဆောင်ရသည့်အရာများရှိတတ်၏။ စွေ့ချီချောင်းနှင့် သူ၏ဘိုးဘေးများမှာ ယန်မင်းဆက်များဖြစ်ပြီး လယ်ယာစိုက်ပျိုးခဲ့ကြသည်။ သူ နွီဝါးက ရွှံကိုတူးယူပြီး လူသားတစ်ယောက်ဖြစ်အောင်ဖန်ဆင်းခဲ့သည့်အကြောင်း၊ ကောင်းကင်ကိုတည့်မတ်ပြီး မြေကြီးကိုဖန်ဆင်းကာ ရေကိုစီးဆင်းစေခဲ့သည့်အကြောင်းများကိုပါဖော်ပြခဲ့သည်။ နတ်ဘုရားများနှင့် ဗုဒ္ဓသည်လည်း မြေကြီးထဲတွင်နေထိုင်ကြကြောင်း စသဖြင့်ပြောပြခဲ့၏။


ယေဘုယျအားဖြင့်ဆိုရသော် တရုတ်လူမျိုးများက သူတို့ကိုယ်သူတို့ ရွှံမှဖြစ်တည်လာသည်ဟုယူဆကြပြီး သူတို့၏အားအင်သည်လည်း မြေကြီးထဲမှရလာခြင်းဖြစ်ကြောင်းယုံကြည်ထားကြသည်။ အဆိုပါယုံကြည်ချက်ကြောင့် မစ္စတာထရစ်စတန်က သူ၏ရမ္မက်တို့ကိုထိန်းချုပ်ထားနိုင်ပြီး လယ်စိုက်ရာတွင် စိတ်နှစ်ထားခဲ့ခြင်းဖြစ်သည်။


မူလက အိုမီဂါများမှာ အဆိုပါအချက်အလက်များရှိထားသော စွေ့ချီချောင်း၏အဖွဲ့သို့ သွားချင်ခဲ့ကြသည်။ ထို့နောက် ဝဲလ်၏အဓိပ္ပါယ်ကောက်ချက်ကို အသေးစိတ်နားထောင်ခဲ့ကြ၏။ အားလုံးက စိတ်ရှုပ်ထွေးနေကြပြီး စိတ်လည်းဝင်စားနေခဲ့ကြသည်။


"ငါကတော့ ဒီလိုယုံကြည်မှုမျိုးရှိတဲ့ တိုင်းပြည်က လေ့လာရတာနဲ့တန်မှာပဲလို့ထင်တယ်...ငါတို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှုကိုလည်း တိုးမြှင့်ပေးတယ်လေ...မိနစ်နည်းနည်းလောက်ပဲအချိန်ယူ… စိတ်လေးလျှော့ပြီး ဒီစုတ်ပြတ်နေတဲ့ဂြိုလ်ပေါ်မှာ ဘဝရဲ့ဖန်တီးမှုအပေါ်ကိုအာရုံစိုက်ထားလိုက်ပါ..."

ဝဲလ်က ပြောလိုက်သည်။


အကြောင်းသည်ကား ဝဲလ်က ဒုတိယကြီးကြပ်ရေးအရာရှိဖြစ်နေသောကြောင့်ပင်။ သူက အဖွဲ့၏ကိုယ်စား ကြေညာချက်အမျိုးမျိုးကိုထုတ်ပေးနိုင်သည်။ ဝဲလ်က သူ့ကိုယ်သူ ထိပ်တန်းအရာရှိတစ်ယောက်ကဲ့သို့ နေထိုင်တတ်၏။ ပုံပြင်များက အမှန်ဖြစ်နေလေရာ မည်သူကမှမှားသည်ဟု မပြောရဲကြချေ။ စွေ့ချီချောင်းက လယ်စိုက်ရာတွင် စိတ်အားထက်သန်နေ၍ heatကာလအတွင်းသက်ရောက်မှုကို မျက်ကွယ်ပြုထားနိုင်သည်မှာ အမှန်ပင်ဖြစ်လေသည်။


လယ်စိုက်သည့်အကြောင်းမပြောမီ ဝဲလ်က လူတိုင်း၏သိလိုစိတ်ကိုနှိုးဆွထားပြီး သူနောက်ထပ်ရလာမည့် အောင်မြင်မှုအပေါ်တွင်လည်း ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်။


တစ်ဖက်တွင် လီဆာက သူမ၏အတွေ့အကြုံကို သာမန်အတိုင်းပြောပြခဲ့သည်။ သူမ၏ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာများ၊ အပင်စိုက်ခြင်းနှင့် ပတ်သတ်သောဗဟုသုတများကို တစ်စုတစ်စည်းတည်းပြောပြလိုက်ခြင်းအပြင် စွေ့ချီချောင်းပြောပြသော စက်ပိုင်းဆိုင်ရာတည်ဆောက်ခြင်း၏ အရေးပါပုံတို့ကိုပါ တွဲကာပြောပြခဲ့သည်။


စွေ့ချီချောင်းပြောပြသည့်အကြောင်းအရာများတွင် လုပ်ဆောင်ပုံနှစ်မျိုးပါသည်။ အပြင်းအထန်တိုက်ခိုက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာရည်ရွယ်ချက်တို့ပင်။ ဥပမာ သူ၏လေယာဥ်များတွင် လက်နက်စနစ် တပ်ဆင်ထားသော်လည်း မြောင်းသွယ်ရန်အတွက်သာ အသုံးပြုခဲ့သည်။ လယ်ကွင်းထဲတွင်မူ K921 သာ ရှိနေလေ၏။


ရိုဆာက လက်နက်နှင့်ပတ်သတ်၍ စွေ့ချီချောင်းကိုမေးမြန်းရန်ကြိုးစားခဲ့ဖူးပြီး အလွန်နက်နဲသော ရှင်းပြချက်ကို ရခဲ့သည်။ သို့ထိတိုင် သူတို့၏လက်နက်များကို ဝယ်မည့်အကြောင်းကိုမူ စွေ့ချီချောင်းထံမေးမြန်းရန် သတ္တိမရှိပေ။


သူတို့ အဆင်ပြေပြေနှင့် ဆက်ဆံနိုင်ခဲ့သောကြောင့် စွေ့ချီချောင်းက အခြားသူများ၏ကိစ္စများတွင် တော်ရုံဝင်မပါတတ်သည်ကို သူမ သိခဲ့ရ၏။ သူ၏လယ်စိုက်သည့်အရေးကိစ္စများတွင် မည်သူကမျှ ဝင်မစွက်ဖက်နေသရွေ့ ထိုသူကအတော်လေးဆက်ဆံရလွယ်ကူသူ ဖြစ်ခဲ့သည်။ တစ်ယောက်ယောက်က သူ၏အလုပ်တွင်ဝင်ပါခဲ့သည်ရှိသော် အခြေအနေက ထိတ်လန့်ဖွယ်ရာဖြစ်သွားပေလိမ့်မည်။ ယင်းကို သူ၏လက်အောက််ငယ်သားအယ်လ်ဖာများမှ သူ့အပေါ်သဘောထားကို ကြည့်ရုံဖြင့်သိနိုင်၏။


အနည်းဆုံး ၎င်းတို့က စွေ့ချီချောင်းနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနှင့်ပြီးဖြစ်၏။


ရိုဆာက လယ်စိုက်သည့်ဘက်တွင်သာ အာရုံပြန်စိုက်ထားလိုက်သည်။ ခန္ဓာကိုယ်သန်မာမှုမရှိသော အိုမီဂါတို့ကို စုစည်းလိုက်ပြီး အာကာသစခန်းဘေးမှ မြေကွက်လပ်တွင် နှစ်နေရာချလိုက်သည်။ လူတစ်ယောက်စီက လယ်ကွက်၏နှစ်ပိုင်း သို့မဟုတ် သုံးပိုင်းကိုတာဝန်ယူခိုင်းလိုက်၏။ အဆင်ပြေလာသည်နှင့် ၎င်းတို့ကို ပေါင်းသင်ရာတွင် ဦးဆောင်စေလိုက်သည်။ နွေဦးရာသီနီးကပ်လာသည်နှင့် သူမက ကြီးထွားမြန်သည့်ဆလပ်ရွက်အချို့ကို စတင်စိုက်ပျိုးမည်ဖြစ်သည်။


အဖွဲ့ထဲမှ တရုတ်လူမျိုးများမှာ ပျော်နေကြလေသည်။

"အံ့ဩစရာပဲ...လယ်စိုက်ရတာက စိတ်ဖိစီးမှုလျော့ကျစေတယ်...ရိုဆာ...မင်းလည်းနောက်ဆုံးတော့ လယ်စိုက်ရတဲ့ပျော်ရွှင်မှုကိုခံစားနိုင်ပြီပေါ့..."


ဝဲလ်ကမူ လယ်စိုက်ရသည့် သာယာလှပမှုကို သူ့အဖွဲ့ထဲတွင်လိုက်လံဖြန့်ဝေနေလေ၏။ သူက အားလုံးကို အမှိုက်ကောက်ခိုင်းပြီး ဂေါ်ဖီထုပ်နှင့်အပင်အတွက် မြေဩဇာဆေးတို့ကို ယူလာခိုင်းခဲ့သည်။ နွေဦးရောက်လာသည့်အခါ ထွန်ယက်စိုက်ပျိုးခြင်းကို ပြန်လည်စတင်ပြန်သည်။


ရုတ်ချည်းပင် သူက ဂြိုလ်နှင့်တသားတည်းဖြစ်လာသလိုခံစားရလေ၏။ ယင်းက သူအချိန်တစ်ခုအထိသာ နေထိုင်နိုင်မည့် ဂြိုလ်အပျက်တစ်ခုဖြစ်နေသည်မှာ အတိအကျပင်။


သူ၏အဖွဲ့အစည်းမှာ စွေ့ချီချောင်း၏အဖွဲ့ကဲ့သို့ စိုက်ပျိုးရေးစက်ကိရိယာများမရှိပေ။ သူတို့က လက်ဖြင့်သာစိုက်ပျိုးနေရပြီး လယ်ထွန်ရန် မြေအများအပြားကိုမရထားချေ။ သူတို့၏အဖွဲ့အစည်းက ရိုဆာ၏အဖွဲ့နှင့်ခပ်ဆင်ဆင်တူသော်လည်း လူအရေအတွက်များပြားနေ၏။


လူတိုင်းသည်ကား ရထားသည့် မြေအစိတ်အပိုင်းအနည်းငယ်ကိုသာ ဂရုစိုက်ကြသည်။ အနားယူသည့်အချိန်အတွင်း သူတို့စိုက်ပျိုးရေးအလုပ်အကြောင်း၊ ရေသွယ်သည့်ပဏာမနှင့် သီးနှံစိုက်ပျိုးမှု၏တိုးတက်မှုရလဒ်အကြောင်းတို့ကိုသာ ပြောဖြစ်ကြ၏။ ၎င်းက စစ်ရေးလေ့ကျင့်မှုကဲ့သို့မဟုတ်ပေ။ လယ်စိုက်နေသည့် အချိန်အတွင်း ပိုမိုအာရုံစိုက်ကြပြီး စိတ်လှုပ်ရှားမှုနည်းပါးနေကြသည်။ 


အလုပ်ပြီးစီးသည့်အခါ သူတို့အားလုံး လယ်ကွင်းထဲသို့သွားကြည့်ပြီးစစ်ဆေးရသည်။ အချိန်ကုန်လာသည်နှင့်အမျှ သူတို့၏လယ်ကွင်းများက မြစိမ်းရောင်သန်းလာခဲ့၏။ တစ်ယောက်ကသာ ကိစ္စတစ်ခုနှင့် အခြားဂလက်စီသို့သွားခဲ့ရလျှင် သူတို့၏သီးနှံလယ်ကွက်များအကြောင်းကို အကျယ်ချဲ့ကာ ကြွားဝါကြလောက်သည်။


ထိုသူတို့သည်ကား သူတို့ကိုယ်သူတို့ မြေဆီလွှာမျက်လှည့်ဆရာများအဖြစ် ရူးကြောင်မူးကြောင်အထင်ရောက်ခြင်းမရှိသေးပေ။ သူတို့၏ heatကာလအတွင်း ပြောင်းလဲမှုများကို ယခုလိုအချိန်တိုလေးမှာပင် မကြုံတွေ့ခဲ့ရဖူးသော်လည်း ရွှံ့များအတွင်းမှ သူတို့၏အသက်ဓာတ်ကိုရရှိနေသလို ဟန်ဆောင်နေခြင်းကိုမူ သဘောကျနှစ်ခြိုက်နေကြလေ၏။ 


စွေ့ချီချောင်းမှာ အနှီ အဖြူထည်အဖွဲ့သားများက လယ်စိုက်ရခြင်းအား အမှန်တကယ်ကြီးသဘောကျနေလိမ့်မည်ဟု မသိထားခဲ့ပေ။ သူက နွေဦးပေါက်အချိန်တွင် မြေဖော်ခြင်းနှင့်သာ အမြဲအလုပ်များနေခဲ့သည်။ အနှီ ဆောင်းတွင်းစိုက်ပျိုးရေးစက်များမှာ လက်ဝင်အောင်ဖန်တီးထားရခြင်းဖြစ်၏။ စွန့်ပစ်မြေပေါ်တွင် ထိုစက်များ၏အသံက တဝေါဝေါထွက်ပေါ်နေခဲ့သည်။ အဆိုပါ ဆယ်မီတာခန့်မြင့်သော စက်ကြီးများသည်ကား စွန့်ပစ်မြေပေါ်တွင် မြေဖော်ပြီးထွန်ယက်နေခဲ့ကြသည်။ စက်များကိုလှုပ်ရှားစေလိုက်သည့်အခါ ၎င်းတို့က ကျယ်လောင်လှသည့်အသံဖြင့် ဖုန်မှုန်တို့ကို လွင့်ပျံစေလိမ့်မည်။


ရေသွယ်ခြင်းကို လေယာဥ်များက ရေကန်မှတစ်ဆင့်သွယ်ယူပေးခဲ့ကြပြီး စက်၏ရွေ့လျားမှုနှင့် စွမ်းရည်မှာ အံ့မခန်းပင်။ မြေဧကရာချီမှာ တူးဖော်ပြီးစီးခဲ့ပြီး တစ်နာရီအတွင်း ရေလောင်း၍မြေဩဇာကျွေးခဲ့ကာ ရက်အနည်းငယ်အကြာတွင် ပျိုးကြဲနိုင်ပေမည်။


အဆိုပါ စိုက်ပျိုးရေးစက်ကြီးများနှင့် ပျိုးကြဲစိုက်ပျိုးခြင်းကို တစ်မိနစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်၏။ လယ်ကွင်းများ၏ များပြားလှသောတာဝန်များကိုမူ စက်ရုပ်များထံ လက်လွှဲထားနိုင်သည်။ ဆလပ်ရွက် မုငါးဆယ်၊ နှံစားပြောင်း မုငါးဆယ် နှင့် ကန်စွန်းဥ မုသုံးဆယ်ကို ဖြတ်တောက်ထွန်ယက်သည့်စက်များနှင့် စိုက်ပျိုးပြီးစီးခဲ့၏။


ထပ်ပေါင်းပြောရပါက ယခင်က ဆောင်းရာသီတွင် အိမ်အတွင်းပိုင်းထဲ၌ စိုက်ပျိုးထားခဲ့သောပျိုးပင်များနှင့် အပင်အသစ်များကို ရိတ်သိမ်းထားပြီးဖြစ်သည်။ ၎င်းပျိုးပင်အမြောက်အများကို သူတို့တတ်နိုင်သလောက်စိုက်ပျိုးခဲ့ကြ၏။ စုစုပေါင်းအနေဖြင့် ကြက်သွန်နှင့်ကြက်သွန်မြိတ်အပါအဝင် တစ်ရာမုကို စိုက်ပျိုးနိုင်ခဲ့သည်။ သူတို့က ထိုအပင်အမျိုးအစားနှစ်မျိုးကို အပင်ရောဂါကာကွယ်ဆေးအတွက် ဆေးရည်ဖော်စပ်ရာတွင် အသုံးပြုချင်ခဲ့ကြ၏။


လွန်ခဲ့သောနှစ်က စွေ့ချီချောင်းသည်လည်း ယိုလုပ်ရန်အတွက် မုနှစ်ဆယ်အထိမြေတူးပြီး ဘယ်ရီမျိုးစေ့များချခဲ့ဖူးသည်။ ထို့နောက် ကျူဘာပင်များကိုမူ မရင့်မှည့်မီ ချဥ်နေသေးသောအချိန်၌ စိုက်ပျိုးရန်အသုံးပြုခဲ့၏။ ရင့်မှည့်ချိန်တွင် ၎င်းကစိမ်းစားဥနှင့်တူနေပြီး မု နှစ်ဆယ်အထိစိုက်ပျိုးနိုင်ခဲ့သည်။


ဆောင်းရာသီစိုက်ပျိုးသော ဆေးပင်များကိုမူ စိုက်ပျိုးရေးနှင့် ဆေးပညာရပ်အရ အသုံးပြုတတ်သည်။ ပြာမှုန်၊ ကောက်ရိုးနှင့် အမှိုက်များကို ဓာတ်မြေဩဇာအဖြစ်အသုံးပြုသည်။ စိုက်ခင်းများအတွက် အသုံးပြုနိုင်သည့်သဘာဝဓာတ်မြေဩဇာလည်း အများအပြားရှိ၏။ အချဥ်ဖောက်ထားသော အော်ဂဲနစ်မြေဩဇာများကို အရည်အသွေးမြင့်မြေဩဇာမှ ပါဝင်ပစ္စည်းများအထဲသို့ ထပ်ပေါင်းထည့်နိုင်သည်။


သီးနှံပင်အားလုံး စားသောက်၍ ရနိုင်မရနိုင်အတွက်လည်း စိတ်ပူစရာမလိုပေ။ စွေ့ချီချောင်းက ဝဲလ်နှင့်အခြားသူများကိုမတော်တဆတွေ့မိပြီးနောက် အမျိုးမျိုးသော ဂြိုလ်အပျက်များထံ သူ၏ သီးနှံများကိုရောင်းချနိုင်လိမ့်မည်ဟုခံစားနေရ၏။ အမှန်ပင်။ သူကအကြမ်းမဖက်တတ်သော ဝဲလ်၏အဖွဲ့ထံသို့ပင် ရောင်းချမည်။ သူက မည်သို့သောအခါမှ သူ၏အမှောင်ဘက်ခြမ်းကိုထုတ်ပြမည်မဟုတ်ဘဲ သီးနှံတို့ကိုရောင်းချမည်ပင်။


စွေ့ဟူမှာ အရောင်းအဝယ်သဘောတူညီချက်အတွက် ချက်ချင်းလူရှာခိုင်းနေသည့် စွေ့ချီချောင်းနှင့်ငြင်းခုန်နေရလေ၏။ ကြည့်ရသည်မှာ စွေ့ဟူက ယခုလိုလုပ်ခြင်းအားဖြင့် သာမန်လူမှုဆက်ဆံရေး၏ အစိတ်အပိုင်းဖြစ်နေသလိုခံစားရ၍ဖြစ်နိုင်သည်။


တခြားဂြိုလ်ကနေ ရိက္ခာတွေပို့ပေးဖို့ လူမရှာနိုင်ရင် ဆိုပြီး အခုထိစိတ်ပူနေတုန်းပဲလား… ရိက္ခာတွေ အချိန်မီရောက်မလာရင် မင်းငတ်မှာမလို့လား…


စည်သွပ်ဘူးတွေနဲ့ ရိက္ခာခြောက်တွေ နေ့တိုင်းစားနေရတဲ့ ငြီးငွေ့စရာဘဝကြီးကို မင်းမတွေးမိဘူးလား…


အမြဲတမ်းမင်းစိုက်ထားတဲ့ အသီးအရွက်တွေပဲစားနေတော့မှာလား…


အရံအိပ်မက်:  လွတ်လပ်သောနယ်နိမိတ်၏ အဓိကကြီးထွားမှုကိုကာကွယ်ခြင်း(အမှားခြစ်) 


.......


LJJ:


[ငါ…ဟား ဟား ဟား... ဘရက်ဒီက တော်ဝင်မိသားစုကလား…]


[သူ အာကာသထဲအပို့ခံလိုက်ရတာကို ဘာလို့ငါကပျော်နေတာလဲ…]


[ဇာတ်ညွှန်းထဲကဘရက်ဒီက သူများတွေနဲ့မတူဘူးလေ… သူ့ရဲ့သရုပ်ဆောင်ချက်တွေက A/B/O ကမ္ဘာမှာ သတ်မှတ်ထားတဲ့ပုံစံနဲ့မတူဘူး… ဒါပေမဲ့ ဘော့စ်စွေ့က သူ့ကို အာကာသထဲအထိ နှင်ထုတ်လိုက်တာလေ...သနားစရာပဲ…]


[နောက်ဆုံးတော့လည်း အဲဒီငတိသွားပြီပေါ့… ငါတို့ သူ့ကိုမတွေ့ချင်တော့ဘူး… ဘော့စ်စွေ့လယ်စိုက်တာကို ငါကြည့်ချင်သေးတယ်… ကျေးဇူးပြုပြီး ဒီတိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို တကူးတကလာပြီး အမည်မဖော်လိုသူလူတစ်ယောက်ပါတဲ့အခန်းကို လာကြည့်တဲ့သူတွေ ကြည့်နေတာရပ်ပြီးထွက်သွားပေးကြပါ…]


[ ဟုတ်ပါရဲ့ဒီတိုက်ရိုက်ထုတ်လွှင့်ခန်းက လူတွေက ဘာကိစ္စနဲ့ နောက်တခေါက်ရောက်လာတာလဲ…]


[သေလိုက်ပါတော့… သူတို့က မစင်ကောက်နေတဲ့အပိုင်းကို ခဏလေးပဲပြကြတယ်…ပြီးတော့ အသားခုတ်နေတဲ့လူတွေကိုပြတယ်… သူတို့ကငါ့ရဲ့ဒေါသကိုစိန်ခေါ်နေတာလား…]


[သတိပေးချက်: နောက်အပိုင်းမှာ၊ ဒီရှိုးက အရသာရှိအစားအသောက်နဲ့ ရက်စက်တဲ့ပရိုဂရမ်အဖြစ်ပြောင်းလဲ ထုတ်လွှင့်သွားပါ့မယ်…]


[အာ ဒီကျောင်းသားက မတော်ဘူး၊ သူတို့ရဲ့ ပေါင်းနှုတ်နေတဲ့ပုံစံက ဆရာမကျလိုက်တာ… ဒီပုံစံနဲ့ဆို ခါးမှာအားပိုထထည့်ထားရမှာပေါ့… သူတို့ ဘော့စ်စွေ့လို မြက်နှုတ်သင့်တယ်… အဲဒါက အားကုန်သက်သာပြီး အဆင်ပြေစေတယ်လေ…]


[ဘော့စ်စွေ့ရဲ့ စိုက်ပျိုးတဲ့ပုံစံကတော့ စံတင်ရလောက်ရအောင်လှတယ်… သူ့ခါးနဲ့ခြေထောက်တွေက အချိုးကျနေလိုက်တာ…]


[သူလယ်စိုက်နေတဲ့အချိန်ဆို တကယ့်ကို ဈာန်ဝင်နေတော့တာပဲ… သူ့ရဲ့ကြည့်ကောင်းတဲ့ပုံစံက တမျိုးထူးခြားနေတာ… ဘာလို့လဲဆိုတော့ ငါ filter ဖွင့်လိုက်လို့လေ…]


[ငါတို့ဘော့စ်စွေ့ရဲ့ လယ်စိုက်နေတဲ့ဗွီဒီယိုအတိုလေးတွေကို စုပြီး MV အဖြစ် edit လုပ်လိုက်ဦးမယ်… ငါအရမ်းကြိုက်နေတာ… အထူးသဖြင့် သူစိုက်ပြီးသွားတော့ ချွေးသပ်နေတာလေး သူစိုက်ပျိုးနေတာလေးတွေက စက်နဲ့စိုက်တာထက်တောင်ပိုပြီး စီရီနေသေးတယ်…]


[ငါတတိယလိုင်းက အိုမီဂါကို ရီပို့တင်မယ်… သူက အရမ်းအပျင်းကြီးတာပဲ… နည်းနည်းလောက်စိုက်ပြီးတော့ မတ်တတ်ကြီးအိပ်ပျော်နေတယ်…]


[ရိုဆာက မလုပ်တတ်ဘူးပဲ… သူစိုက်နေတဲ့ပုံက စိတ်ညစ်စရာကြီး မြေဖော်ထားတာက ပုံမကျဘဲအရမ်းများနေတယ်… သူ သေးသေးလေးတွေတစ်ခါပုံပြီး အပင်တွေကိုပြန်ထိုးထည့်မလို့တော့ မဟုတ်ပါဘူးနော်…]


[မြေကြီးကို တန်းနေအောင်ဖော်ထားတယ်တဲ့လား… ငါဖြင့် သူတို့နှာခေါင်းထဲကို နိုက်ထရိုဂျင်တွေ ဝင်သွားမှာပဲစိုးရိမ်တယ်…]


[ဟီးဟီး... ဝဲလ်က ရိုဆာထက် ပိုရယ်ရတယ်… အပင်ပေါက်တွေစိုက်တော့ အမြစ်ကိုအံကြိတ်ပြီးထည့်နေရတာလေ… ဒီလို အပင်ပေါက်လေးတွေရဲ့အမြစ်လောက်လေးကို သူ ဘယ်လိုလုပ် ခက်ခဲနေရတာလဲ…ဟုတ်တယ် အပေါ်ကမှတ်ချက်တွေက သူ့ကိုသိက္ခာလေးပြန်ရအောင် ကြိုးစားရေးထားကြတာ… ပရိုဂရမ်မှာ အမြစ်တွေကို သိပ်ထည့်ထားပေမဲ့ သူလုပ်ပုံကညင်သာပါတယ် ဖူး...]


[ငါတောင် သူတို့ထက်သာမယ်ထင်တယ်… ငါ4rd seasonကျရင် လုံးဝလိုက်မှီတော့မှာ… ဘော့စ်စွေ့လယ်စိုက်တာကို ငါအမြဲလေ့လာနေတယ်…]


[ဝိုး...ဒါကအမြင်ကျယ်တာဖြစ်သွားပြီ… ဒီလိုခေတ်ကြီးမှာ ကီးဘုတ်လယ်သမားတွေပေါ်လာတာ အံ့ဩစရာပဲ…]



🍀🍀🍀