အပိုင်း ၂
Viewers 632

အပိုင်း ၂

   

 

  

 ဧည့်ခန်းထဲတွင် ယောက်ျားတစ်ယောက်က ထိုင်ခုံပေါ်ပျော့တိပျော့ခွေ နေနေပြီးသူ့ရဲ့ခြေတံရှည်တွေကိုလည်း လက်တန်းပေါ် ပေါ့ပေါ့ပါးပါး တင်ထားကာ ဖုန်းထဲ စိတ်ဝင်တစား ကြည့်နေသည်။ တံခါးဖွင့်သံကြားတော့ သူ ခေါင်မော့လာပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာကပေါ်လာသည်။

 

 

နူးညံ့သိမ်မွေ့ပြီး ပြတ်သားတဲ့ အသွင်အပြင်‌တွေနဲ့၊ သူ့ရဲ့အယ်လ်မွန်စေ့ ပုံစံမျက်လုံးတွေက ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေပြီး သူ့ရဲ့ နက်ရှိုင်းတဲ့ သူငယ်အိမ်တွေက အောက်ခြေကို မမြင်ရပေ။

 

 

  "ဖေးခွမ်?" စုန့်လင်းချွမ် အံ့သြသွားသည်။

 

 

ဖေးခွမ်က ပျင်းရိစွာနဲ့ မေးမော့လိုက်ပြီး "ငါလေ"

 

 

"မင်းဘာလို့ ဒီကို ရောက်နေတာလဲ?" စုန့်လင်းချွမ်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။ "မင်း အစုံလိုက်ရဖို့ အလျင်လိုနေတာ မဟုတ်ဘူးလား?"

 

 

"ဒါက အရေးမကြီးပါဘူး" ဖေးခွမ်က ပြန်ဖြေလိုက်ပြီး နည်းနည်း ထထိုင်လိုက်သည်။ "သတ်ဖို့အချိန်လေးပဲရှိသေးတာ"

 

 

စုန့်လင်းချွမ်က လမ်းလျှောက်လာပြီး ဖေးခွမ်ရဲ့ ခြေထောက် တွေကို ကန်ထုတ်လိုက်ကာ သူ့ဘေးမှာ ထိုင်လိုက်သည်။ "ဘယ်လိုလဲ?"

 

 

ဖေးခွမ်က သူရဲ့ရှည်လျားတဲ့ခြေတံရှည်တွေကို ပြန်ရုတ်ပြီး ပြောလိုက်သည်။ "ဘာမှသိပ်မရှိပါဘူး... မင်းကို နည်းနည်းလောက် သတိရရုံဘဲ"

 

 

စုန့်လင်းချွမ်က ရွံရှာသလို မျက်ခုံးတွန့်ချိုးလိုက်သည်။ "ဖေးခွမ်၊ မင်း ပွဲရှာနေတာလား? အရှုံးဘဲရမယ်!"

 

 

ဘာအကြောင်းမှမရှိဘဲ စုန့်လင်းချွမ်က ဒေါသတကြီးနဲ့ ဖေးခွမ်ကို မဆိုင်းမတွ ကန်လိုက်သည်။ ဒါပေမယ့် ဖေးခွမ်က စိတ်အနှောင့်အယှက်မဖြစ်ဘဲ သူကန်ခဲ့တဲ့နေရာကို လက်နဲ့ပုတ်ရင်း ရယ်နေသည်။

 

 

"ဘာမှမဟုတ်ပါဘူး၊ အချိန်ပိုနေတော့ ငါလာသင့်တယ်လို့ ထင်လို့"  ဖေးခွမ်က ရှင်းပြသည်။ နောက်တော့  အခန်းထဲ ဝင်လာတဲ့ ကျန်းဟန်ဘက် လှည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဘာဖြစ်တာလဲbro? ကြည့်ရတာ စိတ်ဓာတ်ကျနေတယ်"

 

 

ကျန်းဟန်က စုန့်လင်းချွမ်ကို တစ်ချက်ကြည့်လိုက်သည်။ "ဒါတွေအားလုံး ဒီကောင်ကြောင့်ပေါ့"

 

 

ဖေးခွမ် က မျက်ခုံးပင့်လိုက်သည်။ "အိုး၊ သူ ထုတ်လုပ်သူနဲ့ ရန်ထပ်ဖြစ်ပြန်ပြီလား?"

 

 

ကျန်းဟန်က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ variety show ကောင်းကောင်းရှိတာ ဒါပေမယ့် သူက မလုပ်ချင်ဘူးလေ"

 

 

စုန့်လင်းချွမ်  ပွဲဦးထွက်ကတည်းက ကျန်းဟန်နဲ့အတူရှိခဲ့တာဖြစ်ပြီး စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့က အလုပ်ပြင်ပမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဝာာကို သူသိသည်။ ဒါကြောင့် သူက ဘာကိုမှဖုံးကွယ်ဖို့ မကြိုးစားဘဲ ဖေးခွမ်များသူ့ကို ဖြောင်းဖျနိုင်မလားဆိုပြီး မျှော်လင့်ရင်း  variety show နဲ့ပတ်သတ်တဲ့အခြေအနေတွေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။

 

 

ဖေးခွမ်က စုန့်လင်းချွမ်ရဲ့ အလုပ်ကို မှတ်ချက်မပေးဘဲ ပြုံးလိုက်သည်။ သို့ပေမယ့် အရေးကြီးတဲ့ အချက်အလက်တစ်ခုကိုတော့ သူဖမ်းမိလိုက်သည်။

 

 

သူက စုန့်လင်းချွမ် ဘက်လှည့်ကာ မေးလိုက်သည်။  "မင်းအန်တီလေးက မင်းနဲ့အတူနေဖို့ လာမှာလား?"

 

 

စုန့်လင်းချွမ်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် အန်တီလေးက နောက်တစ်ပတ်က အားလပ်ရက်တချို့ရှိတော့ ငါနဲ့အတူ ရက်အနည်းငယ်နေဖို့ လာမှာ"

 

 

အားလပ်ရက်? ဖေးခွမ်က နည်းနည်းထူးဆန်းတယ်လို့ ထင်လိုက်ပေမယ့် အဲ့ဒါကို သိပ်ပြီး ဂရုမစိုက်တော့ဘဲ  စုန့်လင်းချွမ်က စကားမှားပြီး "ပိတ်ရက်" အစား "အားလပ်ရက်"ဆိုပြီး အဓိပ္ပါယ်လွဲသွားတာလို့ ထင်လိုက်သည်။

 

 

သူက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ၊ ဒီဒရာမာအတွက် ငါရိုက်ရမှာက နောက်တစ်ပတ်ဆို ပြီးတော့မှာမို့လို့ မင်းအန်တီလေး ဒီမှာရှိတဲ့အချိန် ငါလာလည်မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါ့ထက်အကြီးဆိုတော့ အရင်တုန်းကလည်း ငါ့ကိုအများကြီး ကူညီပေးခဲ့ဖူးတာ။ ဒီ အခွင့်အရေးသာ လက်လွတ်မခဲ့ရင်  ငါ အရင်ကတည်းက သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်ခဲ့တာကြာပြီ"

 

 

စုန့်လင်းချွမ်က  အံ့အားသင့်သွားပြီး တစ်ခုခုကို သတိရသွားသည်။ "အဲဒါက လွန်ခဲ့တဲ့ နှစ်တွေကပါ။ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး၊ ငါ့အန်တီလေးကလည်း အဲဒီဟာတွေကို ဂရုမစိုက်ဘူး။ မင်းက အရွယ်ရောက်နေပြီလေ အရမ်းတွေ ဇာတ်လမ်းဆန်နေတာ ရပ်လို့ရမလား?"

 

 

ဖေးခွမ်က မျက်ခုံးပင့်ပြီး  "ဘာလို့ ဖုံးနေတာလဲ? မင်းရဲ့ အန်တီလေးကို ငါခိုးသွားမှာကြောက်လို့လား?"

 

 

စုန့်လင်းချွမ်က လျှာကို ကလော်လိုက်ပြီး "မင်းက? ငါ့အန်တီလေးကို ခိုးမှာ?"

 

 

သူ့ပုံက အထက်စီးဆန်နေပြီး  "ဟမ့်! ဆုတောင်းနေလိုက်! သူက ငါ့ရဲ့ ချစ်လှစွာသော အန်တီလေးကို ဘယ်သူမှ သူ့ကိုငါနဲ့ ဝေးရာဆီ ခေါ်သွားလို့မရဘူး"

 

 

ဖေးခွမ်က မတတ်နိုင်ဘဲ မျက်နှာကို ကာလိုက်သည်။ သူဒါကိုထပ်ပြီး မကြည့်နိုင်တော့ဘူး။

 

 

စုန့်လင်းချွမ်က သူ့အန်တီလေးအကြောင်း ပြောတိုင်း  ကမ္ဘာပေါ်မှာ သူမတစ်ယောက်ထဲ ရှိနေသလိုမျိုး ပြုမူနေတာ။

 

 

ဖေးခွမ်က ပြုံးလိုက်ပေမယ့် ဘာမှပြန်မပြောလိုက်ပေ။

 

 

သူ့တုံ့ပြန်မှုကို မြင်လိုက်ရတော့ စုန့်လင်းချွမ်က သူ့လက်ကို ဂရုမစိုက်ဘဲ ဝှေ့ယမ်းလိုက်သည်။ "လာချင်ရင် လာခဲ့။ မင်းမလာရအောင် ငါဘာလုပ်နိုင်မှာလဲ?"

 

 

ဖေးခွမ်က ပြုံးလိုက်သည်။ "ကောင်းပြီ၊ ဒါဆို အတည်ဖြစ်ပြီနော်။ နောက်မှ မင်းကို ဆက်သွယ်လိုက်မယ်"

 

 

သူတို့နှစ်ယောက် အကြာကြီး စကားစမြည်ပြောနေကြပေမယ့်  ဖေးခွမ်ရဲ့ အေးဂျင့်က အလျင်စလိုနဲ့ သူ့ကို သွားဖို့ တိုက်တွန်းလာသည်။

 

 

စုန့်လင်းချွမ်ကလည်း ခဏနေအင်တာဗျူးလုပ်ဖို့ စီစဉ်ထားတာကြောင့် အလုပ်များနေသည်။ အဲဒီကြားထဲမှာတော့ မိတ်ကပ်ပညာရှင်တစ်ယောက်က သူ့ကိုမိတ်ကပ်လာလိမ်းပေးသည်။

 

 

ကျန်းဟန်က လက်မလျှော့သေးပေမယ့် ခုနဆုန်းက ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ စကား‌ပြော‌နေခဲ့တာကို သတိရသွားပြီး အကြံတစ်ခု ရလိုက်သည်။

 

 

မိတ်ကပ်ပညာရှင် ထွက်သွားပြီးတဲ့နောက်မှာ ကျန်းဟန်က စုန့်လင်းချွမ်ဆီ ချဉ်းကပ်လာသည်။

 

 

သူက ဟန်ဆောင်ကာ သက်ပြင်းချလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "တကယ်တော့ အရင်တုန်းကဆို ဒီ reality show မှာ မင်းကို ပါဝင်ဖို့ ငါမတောင်းဆိုပါဘူး။ ဒါပေမယ့် မင်းရဲ့ဒေါသကို မင်းလည်းသိမှာပါ၊ ဒီအသိုင်းအဝိုင်းမှာ လူတချို့က မင်းကို စော်ကားနေကြတာ။ ဒီတစ်ခါ၊ Fruit TV ရဲ့ ထိပ်တန်းစီမံခန့်ခွဲမှုက  ဒီသံလွင်ခက်ကို မင်းဆီကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းခဲ့တာ အဲ့ဒါကြောင့် မျက်နှာတချို့ရောင်းတာက အကြံကောင်းလို့ငါထင်တယ်"

 

 

ဒါက တကယ့်ကိုဘဲ  ကျန်းဟန်ရဲ့  စဉ်းစားချက်ဖြစ်သည်။ စုန့်လင်းချွမ်က လက်ရှိတွင် စျေးကြီးတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပေမယ့်  ဒီလောကတွင်တော့ မုန်းတီးသူတွေနဲ့ ပြိုင်ဘက်များစွာလည်း ရှိသည်။

 

 

အကယ်၍ သူသာ အင်အားကြီး တီဗီဌာနတစ်ခုရဲ့ ပံ့ပိုးကူညီမှုကိုရနိုင်ခဲ့လျှင် သူ့ရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမည်ဖြစ်သည်။

 

 

စုန့်လင်းချွမ်က ကျေးဇူးကန်းတတ်သူ မဟုတ်ပေ။ ကျန်းဟန်ရဲ့စကားကို သဘာဝကျကျ သူနားလည်ပေမယ့်...

 

 

"ငါ ဒါကို မလုပ်နိုင်ဘူး"

 

 

သူက စိတ်ရှည်ရှည်နဲ့ ရှင်းပြလာသည်။  "ကျွန်တော် မလုပ်ချင်တာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်‌တော့်အန်တီလေးက ကျွန်တော်နဲ့ မတူဘူး။ သူက သိုသိုသိပ်သိပ် မေရတာကို သဘောကျပြီး ရှိုးတစ်ခုမှာ ပါဖို့လည်း သဘောတူလောက်မှာမဟုတ်ဘူး"

 

 

စုန့်လင်းချွမ်ရဲ့စိတ်ထဲတွင် စုန့်အာ့နန်ဟာ ငယ်ငယ်ကတည်းက စာဂျပိုးတစ်ယောက်ဖြစ်သည်။ သူမက  တီဗွီနဲ့ ကျော်ကြားမှုတွေကို သေချာပေါက် သဘောကျမှာမဟုတ်ပေ။

 

 

"မင်း သူ့ကိုတောင် မမေးရသေးဘဲနဲ့ သူသဘောမတူဘူးဆိုတာ ဘယ်လိုသိလဲ?" ကျန်းဟန်က သူ့ဖုန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ဘာလို့ သူ့ကို အခု မက်ဆေ့ချ်ပို့ပြီး မမေးကြည့်တာလဲ?"

 

 

စုန့်လင်းချွမ်က ကျန်းဟန်ကို စိုက်ကြည့်နေပေမယ့် သူက နောက်ပြန်မဆုတ်ပေ။

 

 

ခဏအကြာ စုန့်လင်းချွမ် အရှုံးပေးလိုက်ရသည်။

 

 

ကျန်းဟန်က သူ့အနားမှာ ရပ်ပြီး မက်ဆေ့ခ်ျပို့တာကို ကြည့်နေသည်။

 

 

စုန့်လင်းချွမ်က အံကိုကြိတ်ကာ reality show အကြောင်း အတိုချုံးရေးလိုက်သည်။

 

 

ပြီးတော့ သူ send ကိုနှိပ်လိုက်သည်။

 

 

သူဖုန်းကို စားပွဲပေါ်ပစ်ချလိုက်ပြီး ငြီးတွားလိုက်သည်။ "အခုကျေနပ်ပြီလား?"

 

 

ကျန်းဟန်က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်ပြီး နားရွက်ချိတ်မတက် ပြုံးလိုက်သည်။ "အရမ်းကျေနပ်တယ်..."

 

*

 

လေဆိပ်ဆီသွားရာလမ်းတွင် ဖေးခွမ်က ကာနောက်ခုံမှာထိုင်ကာ မျက်လုံးမှိတ်ထားရင်း တရားထိုင်နေသည်။ သူ့အေးဂျင့် လီတုန်ကတော့ ကားထဲဝင်ကတည်းက ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေပေမယ့် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။

 

 

"ဖေးခွမ်၊ စုန့်လင်းချွမ်ရဲ့ အန်တီလေးကို တွေ့ဖူးလား?" လီတုန်က မေးလိုက်သည်။

 

 

ဖေးခွမ်က မျက်လုံးတွေကိုဖွင့်ကာ လီတုန်ကိုကြည့်လာပြီး "ဟင့်အင်း၊ မတွေ့ဖူးဘူး"

 

 

သူကခဏလောက်ရပ်သွားပြီး မေးလိုက်သည်။ "ဘာလို့မေးတာလဲ?"

 

 

"ဘာမှမဟုတ်ပါဘူး၊ ငါလာတုန်းက စုန့်လင်းချွမ်ရဲ့အန်တီလေးအကြောင်း မင်းတို့ပြောနေကြတာကို ကြားလိုက်ရလို့" လီတုန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

 

 

စုန့်လင်းချွမ်ရဲ့ အန်တီလေးဟာ "Nephew Treasure" လို့လူသိများတဲ့ ထိပ်တန်းတူလေးနှင့်အတူ ဖျော်ဖြေရေးနယ်ပယ်တွင် ထူးခြားတဲ့ ပုံရိပ်တစ်ခုဖြစ်သည်။ ဒါ့အပြင် သူမက အရမ်းကိုလျှို့ဝှက်ဆန်းကြယ်ပြီး ဒီနှစ်တစ်လျှောက်လုံးတွင် မည်သည့်အချက်အလက်မှ ပေါက်ကြားခဲ့ခြင်းမရှိပေ။ ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေသာမက အနုပညာနယ်ပယ်ထဲက သူတွေတောင် သိချင်စိတ်ပြင်းပြနေကြသည်။

 

 

ဖေးခွမ်က အသံသာပြုလိုက်ပြီး ဘာမှမပြောလိုက်ပေ။

 

 

သို့ပေမယ့် ဖေးခွမ်က  စုန့်လင်းချွမ်ရဲ့ အန်တီလေးနဲ့ အရင်က မဆုံဖူးဘူးဆိုတဲ့အတွက် လီတုန်မှာ အံ့သြသွားသည်။ သူတို့နှစ်ယောက်ဟာ တစ်ချိန်က နှစ်ယောက်တွဲသရုပ်ဆောင်တွေ တွေဖြစ်ခဲ့ကြသလို သူတို့နှစ်ယောက်ဟာ အဖွဲ့ကွဲသွားခဲ့ပေမယ့်လည်း မကြာသေးမီနှစ်များအတွင်း ဖျော်ဖြေရေးနယ်ပယ်မှာ အောင်မြင်မှုတွေရရှိခဲ့ကြသည်။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့သည်။

 

 

ဖျော်ဖြေရေးနယ်ပယ်တွင် သူငယ်ချင်းအစစ်မရှိဟု ထင်ကြေးပေးကြသည့် စျေးကွက်ရှာဖွေရေးအကောင့်များနှင့် အတင်းအဖျင်း မီဒီယာများစွာရှိကာ လူတိုင်းက ကိုယ့်ကိုကိုယ် မြှင့်တင်နေကြပေမယ့် ဖေးခွမ်နဲ့ စုန့်လင်းချွမ် တို့ကတော့ စစ်မှန်တဲ့ သံယောဇဉ်ရှိကြောင်း ရှင်းရှင်းလင်းလင်း သိရသည်။

 

 

"စကားမစပ် စောစော‌တုန်းက ငါကြားခဲ့ရတာ စုန့်လင်းချွမ်ရဲ့ အန်တီလေးက အရင်တုန်း မင်းကို ကူညီပေးခဲ့ဖူးတာလား?"  လီတုန်က ဒီအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ရတဲ့အတွက် အနည်းငယ် အံ့သြသွားသည်။

 

 

ဖေးခွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီး မပြောခင် မျက်လုံး‌တွေကို မှိတ်လိုက်သည်။ "ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ"

 

 

လီတုန် မသိစိတ်ကနေ ဒီထက် ပိုမေးချင်ပေမယ့် ဖေးခွမ် ကို တစ်ချက်ကြည့်လိုက်တော့ သူက ဒီအကြောင်းကို မပြောချင်တဲ့ပုံ ပေါက်နေတာကြောင့် တခြားဘာမှ မပြောလိုက်တော့ပေ။

 

 

ဖေးခွမ်က သူ့ရဲ့ အရင်ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ လီတုန်က သူ့ရဲ့အေးဂျင့်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ သို့ပေမယ့် ဖေးခွမ်ကိုတော့ သူ လုံး၀ နားမလည်နိုင်သေးပေ။

 

 

ဖေးခွမ်ဟာ လုပ်ငန်းနယ်ပယ်အတွင်းရော အပြင်မှာပါ စိတ်ထားကောင်းတာကြောင့် နာမည်ကြီးသည်။ သတင်းထောက်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ခက်ခဲတဲ့မေးခွန်း တွေနှင့် ရင်ဆိုင်ရတဲ့အခါတောင် သူက အပြုံးနှင့်အတူ နူးညံ့သိမ်မွေ့တဲ့ အမူအရာကို အမြဲထိန်းသိမ်းထားနိုင်သည်။

 

 

ဒါပေမယ့် သူက ရည်မှန်းချက် ဒါမှမဟုတ် ပြိုင်ဆိုင်မှု ကင်းမဲ့သူတစ်ယောက်လို့ ထင်နေတယ်ဆိုရင်တော့ လုံးဝမှားသွားလိမ့်မည်။

 

 

လီတုန်ရဲ့အမြင်အရ ဖေးခွမ်ဟာ ဖျော်ဖြေရေးနယ်ပယ်တွင် အောင်မြင်ဖို့ မွေးဖွားလာသူတစ်ဦးဖြစ်သည်။ ဒါဟာ သူ့ရဲ့ သဘာဝအတိုင်း ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကြောင့်သာမက သူ့ရဲ့ ရည်မှန်းချက်၊ လိမ္မာပါးနပ်မှုနဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်ထားမှုကြောင့်လည်းဖြစ်ပြီး အရေးအကြီးဆုံးကတော့... သူက ရက်စက်ကြမ်းကြုတ်သူပင်။

 

 

ပြီးတော့ ဒီရက်စက်မှုဟာ တခြားသူတွေအပေါ်တင်မကဘဲ သူ့ကိုယ်သူ  အပေါ်တွင်လည်းပါသည်။

 

 

ဖေးခွမ်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး လီတုန်ကို ကြည့်လိုက်သည်။ "မင်းမှာလည်း အဒေါ်တစ်ယောက်ရှိတာ မှတ်မိတယ်။ ဟုတ်တယ်မလား?"

 

 

လီတုန်က ခဏလောက် ထိတ်လန့်သွားပေမယ့် သိပ်အများကြီး မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ငါ့အဒေါ်က ငါ့ထက် အသက်နည်းနည်းလောက်ဘဲကြီးတယ်။ ငယ်ငယ်တုန်းကတော့ သူနဲ့အတူ ငါ့ကိုနေရာတိုင်းခေါ်သွားပြီး သူနဲ့အတူ ကြီးပြင်းလာခဲ့တာ။  ငါတို့ ဆက်ဆံရေးကလည်း ကောင်းတယ်"

 

 

ဖေးခွမ်က ခဏလောက်စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "မင်းအဒေါ်က ဘာကြိုက်တတ်လဲ?"

 

 

 အကြီးတွေဆီ သွားလည်တဲ့အခါ လက်ဆောင်တချို့ ပြင်ဆင်ထားရသည်။ လက်ဗလာနဲ့ သွားတာက မသင့်တော်ပါချေ။

 

 

"ငါ့မှာ အဒေါ်တစ်ယောက်ရှိတယ်" လီတုန်က မဖြေခင် ခဏလောက်စဉ်းစားလိုက်ပြီး "လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး သူမက သားမွှေးကုတ်အင်္ကျီတွေကို သဘောကျလာတဲ့ပုံဘဲ"

 

 

ဖေးခွမ် မျက်မှောင်ကြုတ်လိုက်သည်။

 

 

စုန့်လင်းချွမ် ရဲ့ အဒေါ်ကရော သားမွေးအင်္ကျီကို ကြိုက်လောက်လား?

 

 

လီတုန်က တုန့်ဆိုင်းသွားပြီး ဖေးခွမ်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

 

 

  "ငါ့အဒေါ် သားမွှေးအင်္ကျီတွေကို ကြိုက်တာက နေရာဒေသကြောင့်ပါ။ စုန့်လင်းချွမ်ရဲ့ မွေးရပ်ဇာတိက S City၊ ဖက်ရှင်မြို့တော်ဆိုတာ ငါမှတ်မိတယ်။  ဒါကြောင့် ငါ့အဒေါ်ရဲသဘောကျမှုက ကိုးကားစရာအချက်ကောင်းတစ်ခုတော့ မဟုတ်ဘူး" လီတုန်က ရှင်းပြလိုက်သည်။

 

 

နောက်တော့ သူကမေးလိုက်သည်။ "လက်ဆောင်တွေ ပေးတဲ့အခါ လူကိုလည်း ထည့်စဉ်းစားဖို့ အရေးကြီးတယ်။ စုန့်လင်းချွမ်ရဲ့ အန်တီ‌လေး အ‌ကြောင်းကို မင်းဘယ်လောက်သိလဲ? သူ့အသက်အရွယ် ဒါမှမဟုတ် သူ့အကြိုက်တွေကိုရော သိလား?"

 

 

ဖေးခွမ်က ခေါင်းခါလိုက်သည်။ "မသိဘူး"

 

 

လီတုန်က ဖေးခွမ် အမှန်တကယ် မသိကြောင်း သတိပြုမိပြီး ရပ်လိုက်သည်။

 

 

ခဏလောက်စဉ်းစားပြီးသွားတော့ လီတုန်က ခွဲခြမ်းစိပ်ဖြာလိုက်သည်။  "စုန့်လင်းချွမ် ရဲ့ အပြုအမူကို အခြေခံရရင် သူ့အန်တီလေးက သူ့ထက် နှစ်နည်းနည်းလောက်ကြီးတဲ့ ကျွန်တော့်အဒေါ်နဲ့  ဆင်တယ်။ ဘာလို့ သူ့ကိုရေမွှေးမပေးတာလဲ?"

 

 

ဖေးခွမ်က စိတ်ရှုပ်သွားသည်။ "ရေမွှေး?"

 

 

"ဟုတ်တယ်" လီတုန်က အကြံပေးလိုက်သည်။ "မင်းထောက်ခံထားတဲ့ ဇိမ်ခံအမှတ်တံဆိပ်က အသက်သုံးဆယ်အထက် အမျိုးသမီးတွေအတွက် Limited Edition ရေမွှေးအစုံအလင်ကို ထုတ်လိုက်တယ်လေ။  အဲ့ဒါကဝယ်ရခက်တယ်ဆို‌တော့၊ လက်ဆောင်ကောင်းတစ်ခုဘဲ"

 

 

ဖေးခွမ်က နည်းနည်းတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

 

 

Limited Edition ရေမွှေး။

 

 

အကြံကောင်းလို့တာ့ ထင်တယ်။

 

*

 

သူမရဲ့ အဆောင်ခန်းထဲ ဝင်လာတော့ စုန့်အာ့နန်က သူမရဲ့ စိတ်ပူပင်မှုတွေကို မခါထုတ်ဘဲ မနေနိုင်ပေ။ သူမရဲ့အခန်းဖော်က ကန်တင်းမှာ စားသောက်ဖို့ ခေါ်ပေမယ့် သူမမှာ စားချင်စိတ် သိပ်မရှိနေပေ။ သူမ ရင်ဘတ်ပေါ်မှာ ကြီးမားတဲ့ထုကြီး ဖိထားသလို ခံစားရသည်။

 

 

ဝတ္ထုရဲ့ဇာတ်ညွှန်းအရ စုန့်လင်းချွမ်ဟာ အမျိုးသမီးဇာတ်ဆောင် ရိုက်ကူးနေတဲ့ ထူးကဲတဲ့ reality show တစ်ခုမှာ ပါဝင်လိမ့်မည်ဖြစ်ပြီး ပရိုဂရမ်အဆုံးမှာ မမျှော်လင့်ဘဲ သေဆုံးရလိမ့်မည်။

 

 

သူမသည် အွန်လိုင်းကနေ ရှာလိုက်တော့  reality show ကနောက်လမှာ  စတင်ရိုက်ကူးရန် စီစဉ်ထားကြောင်း သိလိုက်ရသည်။

 

 

စုန့်အာ့နန်ရဲ့ ခေါင်းထဲတွင် အဲ့ဒီသေမင်းတမန်ရှိုးပွဲကို စုန့်လင်းချွမ် မသွားရအောင် ဘယ်လိုတားရမလဲဆိုတာနဲ့ ပြည့်နှက်နေသည်။

 

 

ဒါပေမယ့် သူ့ကို ဘယ်လိုတားရမှာလဲ? သူတို့တွေက ရင်းနှီးနေပေမယ့်  သူတို့ရဲ့အလုပ်နဲ့စာသင်ချိန်က အမြဲခွဲထားသည်။

 

 

သူမသာ ရုတ်တရတ် ပြောလာရင် သံသယတွေ တိုးလာနိုင်သည်။ အဲ့ဒါက အလုပ်မဖြစ်လောက်ဘူး။

 

 

စုန့်အာ့နန် ခဏလောက် စဉ်းစားလိုက်ပြီး စုန့်လင်းချွမ်ကို သူ့ရဲ့ လတ်တလော လှုပ်ရှားမှုတွေအကြောင်း နဲ့ သူဘာတွေလုပ်နေလဲဆိုတာ မက်ဆေ့ခ်ျပို့မေးဖို့ ဆုံးဖြတ်လိုက်သည်။

 

 

သို့ပေမယ့် သူမ စာမရိုက်ရသေးခင် စုန့်လင်းချွမ်ဆီကနေ WeChat မက်ဆေ့ချ်ကို လက်ခံရလိုက်သည်။

 

 

"ငါရောရှိုးမှာ ပါရမှာလား?"  စုန့်အာ့နန်က စာကိုဖတ်ရင်း ရေရွတ်လိုက်သည်။

 

 

ခဏစဉ်းစားပြီးတော့ သူမအမြန် စာပြန်လိုက်သည်။ "ဘာရှိုးလဲ"

 

 

စုန့်လင်းချွမ်လည်း အမြန်ပြန်ဖြေလာသည်။  " 'Our dearest us' လို့ ခေါ်တဲ့ရှိုး"

 

 

'Our dearest us'?

 

 

စုန့်အာ့နန်က ဖျော်ဖြေရေးနယ်ပယ်က ရှိုးတွေနဲ့ မရင်းနှီးတာကြောင့် အွန်လိုင်းမှာ ရှာလိုက်သည်။ အဲ့ဒီရှိုးက လူနေမှုဘဝစတိုင် reality show မှန်းမြင်မှသူမ သက်ပြင်းချလိုက်မိသည်။

 

 

ဒါက ထူးကဲတဲ့ reality show မဟုတ်ပေ။

 

 

 အဲ့ဒီအချိန် စုန့်လင်းချွမ်က သူမကို ဖုန်းခေါ်လာသည်။

 

 

သူမရဲ့ အခန်းဖော်တွေက ကန်တင်းကို သွားကြတဲ့အတွက် သူမ ဖုန်းကိုင်လိုက်သည်။ "ဟေး လင်းချွမ်"

 

 

"အန်တီလေး" စုန့်လင်းချွမ်ရဲ့ အသံက စပီကာကနေ ထွက်ပေါ်လာသည်။ "ထမင်းစားပြီးပြီလား?"

 

 

စုန့်အာ့နန်က လိပ်ပြာမလုံသလို ခံစားလိုက်ရပြီး မျက်တောင်ခတ်လိုက်သည်။ "...အင်း၊ နင်ရော?"

 

 

"ပြီးသွားပြီ" စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။ "ပွဲစီစဉ်သူတွေပေးတဲ့ ထမင်းဘူးလေ"

 

 

စုန့်လင်းချွမ်က နောက်ဆုံး အကြောင်းအရာကို မပြောခင် သူတို့နှစ်ယောက်ရဲ့နေ့စဉ်ဘဝအကြောင်း ခဏလောက် စကားပြောလိုက်သည်။

 

 

"စောစောက ငါပြောခဲ့တဲ့ အဲ့ဒီ variety show က ပေါ့ပေါ့ပါးပါး ပါဘဲ။  အဲဒါက ကြီးကြီးမားမား မဟုတ်ဘူး၊ ဒါကြောင့် အဲဒါအတွက် စိတ်မပူပါနဲ့ အန်တီလေး"  စုန့်လင်းချွမ်က အလျင်စလို ပြောလိုက်သည်။

 

 

အဓိကအားဖြင့် သူက စုန့်အာ့နန်ကို ကောင်းကောင်းသိပြီး ကမ်းလှမ်းမှုကို သူမ ပြတ်ပြတ်သားသား ငြင်းမှာသေချာတာကြောင့် ကျန်းဟန်ကို မက်ဆေ့ခ်ျပို့ဖို့ သဘောတူခဲ့တာဖြစ်သည်။

 

 

သို့ပေမယ့် သူမက ရှိုးအကြောင်း မေးလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။

 

 

စုန့်အာ့နန်ရဲ့ နားလည်မှုအပေါ်အခြေခံရရင် သူမရဲ့ပုံမှန်မဟုတ်တဲ့ အမူအကျင့်ကို တစ်ချက်တည်းနဲ့ ရှင်းပြနိုင်သည် - ကမ်းလှမ်းမှုကို ငြင်းလိုက်ရင် သူ့အလုပ်ဆုံးရှူံးသွားမှာကို သူမ စိုးရိမ်နေတာဘဲ!

 

 

သူမရဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ဖို့အတွက် စုန့်လင်းချွမ်က ခဏလောက် စဉ်းစားလိုက်ပြီး ပြောလာသည်။  "တကယ်တော့ ငါ့မှာ နောက်ထပ် variety show ကမ်းလှမ်းချက်တစ်ခု ရှိတယ်။ အချိန်ဇယားတွေက ထပ်နေလို့။  အဲဒါကို 'Challenge Yourself' လို့ ခေါ်ပြီး အရမ်းနာမည်ကြီးတယ်။ အဲဒါကို အွန်လိုင်းပေါ်မှာ ရှာကြည့်လို့ရ..."

 

 

Challenge yourself? !

 

 

ဝတ္ထုထဲမှာ သူ့ကို သေစေမယ့် ထူးထူးခြားခြားရှိုးတစ်ခုကို သတိရသွားပြီး စုန့်အာ့နန် မျက်လုံးတွေ ပြူးကျယ်သွားသည်။

 

 

"မဖြစ်ဘူး!" စုန့်အာ့နန်ရဲ့အသံက အလျင်စလိုနဲ့ ရုတ်တရက် ထွက်လာသည်။ "အဲ့ဒီvariety show မှာ နင်ပါလို့မရဘူး!"

 

 

စုန့်လင်းချွမ်လည်း  ထိတ်လန့်သွားပြီး နည်းနည်း နားမလည်နိုင် ဖြစ်သွားသည်။ "ဘာလို့မရတာလဲ?" သူကမေးလိုက်သည်။

 

 

စုန့်အာ့နန်က ဘယ်တုန်းကမှ လိမ်တာ မတော်တဲ့အတွက်  ထိတ်လန့်စ ပြုလာသည်။ "ဘာလို့လဲဆိုတော့... နင်ပြောခဲ့တဲ့ လူနေမှုဘဝ variety show မှာ ငါပါချင်လို့!"