အပိုင်း ၃
Viewers 975

အပိုင်း ၃

 

   

ဇွန်လကုန်၊ နောက်ဆုံးစာမေးပွဲကလည်း ပြီးသွားပြီဖြစ်ကာ ကောလိပ်ကျောင်းသားတွေအတွက် နွေရာသီအားလပ်ရက် တရားဝင်စတင်လာသည်။

 

 

စုန့်အာ့နန်က တက္ကသိုလ်Bရဲ့ တောင်ဘက်တံခါးမှာ suitcase ကြီးကို မှီထားရင်း ဖုန်းကိုကြည့်ကာ လမ်းဘေးမှာ ရှိနေသည်။ သူက တစ်ယောက်ယောက်ကို စောင့်နေတယ် ဆိုတာ သိသာသည်။

 

 

ခဏအကြာ အနက်ရောင် ပြိုင်ကားတစ်စီးက မဝေးလှတဲ့ လမ်းဘေးနားမှာ ရပ်သွားသည်။

 

 

စုန့်အာ့နန် ဖုန်းပြောလို့ပြီးတော့ ပြိုင်ကားဘက်ကို လှည့်ကာ သူမရဲ့ ခရီးဆောင်အိတ်ကို တွန်းပြီး အဲ့ဒီကားဆီ အမြန်သွားလိုက်သည်။

 

 

ကားတံခါးပွင့်လာပြီး အရပ်ရှည်ပြီး ခြေတံရှည်ရှည်နဲ့ ဦးထုပ်ဆောင်းထားကာ မက်စ်တပ်ထားတဲ့ အမျိုးသားတစ်‌ယောက်ထွက်လာသည်။ အဲ့ဒါက စုန့်လင်းချွမ်ပင်။

 

 

အန်တီ‌လေး၊ ခရီးဆောင်အိတ်ပေး၊  အန်တီလေးက ကားထဲကို အရင်ဝင်လိုက် စုန့်လင်းချွမ်က ပြောလာသည်။

 

 

စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး ပတ်ပတ်လည်ကို သတိထားကြည့်လိုက်သည်။

 

 

"လင်းချွမ် နင် ဒီမှာ ဘာလုပ်နေတာလဲ?" သူမ မေးလိုက်သည်။

 

 

စုန့်လင်းချွမ်က ပခုံးတွန့်လိုက်ပြီး "စိတ်မပူနဲ့၊ ငါအကုန်လုံး ဖုံးထားသလို ဒီမှာလည်း မှောင်နေတယ်။ဘယ်သူမှ ငါတို့ကိုသတိထားမိမှာ မဟုတ်ဘူး"

 

 

စုန့်အာ့နန်က ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ကျောင်းတံခါးဝတွင် လူတွေ သွားလာနေကြပေမယ့် ဘယ်သူမှ သူမတို့ကို အာရုံမစိုက်နေတဲ့အတွက် စိတ်အေးလက်အေး ဖြစ်သွားသည်။

 

 

သူတို့က ခရီးဆောင်အိတ်ကို ကာထဲထည့်လိုက်ပြီး ကားပေါ်တက်လိုက်ကြသည်။

 

 

နာရီဝက်လောက်ကြာတော့ ကားက လူနေရပ်ကွက်ထဲ မောင်းဝင်သွားသည်။

 

 

စုန့်လင်းချွမ်က ဒီအိမ်ကို မနှစ်ကမှ ဝယ်ခဲ့တာဖြစ်သည်။ တက္ကသိုလ် B နဲ့ သိပ်မဝေးတော့ စုန့်အာ့နန်လည်း လာလည်ဖို့ အဆင်ပြေမယ်လို့ သူတွေးထားခဲ့ပေမယ့် နှစ်ယောက်လုံး အလုပ်များလွန်းတာကြောင့် အခုအချိန်အထိ ဘယ်သူမှ မရောက်ဖူးသေးပေ။

 

 

"အန်တီလေး၊ ဒါက အန်တီ‌လေးအတွက် ပြင်ထားပေးတဲ့အခန်း။ ကြိုက်ရဲ့လား တစ်ချက်ကြည့်လိုက်ဦး။ အကြိုက်မတွေ့ရင် တခြားအခန်းတွေ ကြည့်လို့ရတယ်" စုန့်လင်းချွမ်က တံခါးဖွင့်ပေးရင်း ပြောလိုက်ပြီး အခန်းထဲ ဝင်လိုက်သည်။

 

 

စုန့်အာ့နန်က သူ့နောက်ကနေ ကပ်လိုက်လာပြီး အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။  အိပ်ရာ၊ ဗီရိုပုံစံကနေစပြီး စားပွဲပေါ်က အလှဆင်မှုလေးတွေအထိ သူမ အကြိုက်နဲ့ အတိအကျပင်။

 

 

စုန့်အာ့နန် ရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ဒီဘဝနဲ့ အရင်ဘဝ နှစ်ဘဝစလုံးမှာ သူမက မိဘတွေရဲ့ တစ်ဦးတည်းသော ကလေးဖြစ်ပြီး မျက်ရှုလေးဖြစ်တာကြောင့် သူမရဲ့မိသားစုတွေဆီကနေ ဂရုစိုက်ခံရတာဟာ ကံကောင်းတယ်လို့ သူမ ခံစားရသည်။

 

 

 အထူးသဖြင့် သူမထက် ခုနစ်နှစ်သာကြီးတဲ့ စုန့်လင်းချွမ်ပင်၊ သူက သူမကို အမြဲတမ်း ကာကွယ်ပေးပြီး လိုက်လျောပေးသည်။ သူတို့တွေက အတူတူကြီးပြင်းလာခဲ့ကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ ခံစားချက်တွေက နက်နဲသည်။

 

 

တခြားအခန်းတွေကြည့်ဖို့ မလို‌တော့ဘူး၊ ဒီအခန်းကို အရမ်းကြိုက်တယ် စုန့်အာ့နန်က ပြုံးပြီးပြောလိုက်သည်။

 

 

သူမ ကြိုက်တာကိုမြင်တော့ စုန့်လင်းချွမ် လည်း ဝမ်းသာသွားပေမယ့် တခြားအခန်းတွေကြည့်ဖို့ ခေါ်သွားလိုက်သေးသည်။

 

 

 ဒီတိုက်ခန်းက စတုရန်းမီတာ ၂၀၀ ကျော်ကျယ်ဝန်းတဲ့ တိုက်ခန်းကြီးဖြစ်သည်။ ဒီလိုမျိုး အများသူငှာ ပုဂ္ဂိုလ်များအတွက် အဆင်ပြေစေမယ့် တစ်ထပ်လျှင် အိမ်သူအိမ်သားတစ်ဦးနဲ့ လူနေဧရိယာကို ဒီဇိုင်းရေးဆွဲထားတာက စုန့်လင်းချွမ်အတွက် အဆင်ပြေစေသည်။

 

 

အိမ်ကိုလိုက်ကြည့်ပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က စုန့်အာ့နန်ကို ဧည့်ခန်းဆီ ခေါ်သွားပြီး ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်ကြသည်။

 

 

စုန့်လင်းချွမ်က စုန့်အာ့နန် ကို လေးလေးနက်နက် ကြည့်လိုက်ပြီး မေးလိုက်သည်။ "အန်တီလေး ငါထပ်ပြီး အတည်ပြုပါရစေ၊ မင်းတကယ်ဘဲ reality show မှာ ပါချင်တာလား?"

 

 

စုန့်အာ့နန် က ကြောင်သွားပြီး မေးလိုက်သည်။ "ဟုတ်တယ်လေ အဲ့ဒီနေ့တုန်းက ငါရှင်းရှင်းလင်းလင်းပြောခဲ့တယ်မဟုတိလား?"

 

 

စုန့်လင်းချွမ် ခေါင်းခါပြီး သူရှင်းပေမယ့် နားမလည်သေးတာပင်။

 

 

 "ဘာလို့ လုပ်ချင်ရတာလဲ?" စုန့်လင်းချွမ်က စုန့်အာ့နန် ကို ကောင်းကောင်းသိသောကြောင့် ဖျော်ဖြေရေးနယ်ပယ်ထဲ သူမ ရုတ်တရက် စိတ်ဝင်စားလာတာက သူ့ကို ပဟေဌိဖြစ်စေသည်။

 

 

"အန်တီလေး၊ မင်း ဖျော်ဖြေရေးနယ်ပယ်ကို တစ်ခါမှ စိတ်မဝင်စားဖူးဘူးလေ။ ဘာလို့ တီဗီရှိုးမှာ ရုတ်တရက် ပါချင်သွားရတာလဲ?"

 

 

စုန့်လင်းချွမ် သေချာပေါက် သံသယဖြစ်လိမ့်မယ်ဆိုတာ စုန့်အာ့နန် သိတဲ့အတွက် သူမက အကြောင်းပြချက်ကို ကြိုတင်ပြင်ဆင်ထားသည်။

 

 

"ငါ့ရဲ့ အခန်းဖော်က နာမည်ကြီးသတင်းတွေကို လိုက်ကြည့်ရတာကို ကြိုက်တယ်လို့ အရင်က ငါပြောဖူးပါလေ။ သူက ဒီရှိုးကို အိပ်ဆောင်မှာ ကြည့်နေတုန်း ငါလည်း သူနဲ့ အပိုင်းနည်းနည်း လောက် လိုက်ကြည့်လိုက်တော့ စိတ်ဝင်စားဖို့ကောင်းမှန်း သိလိုက်ရတယ်။ ဒါက ပင်ပန်းရမယ်လို့လည်း မခံစားရဘူး"

 

 

သူမက ဆက်မပြောခင် ခဏလောက် ရပ်ပြီး "ပြီးခဲ့တဲ့ စာသင်နှစ်မှာ ငါတို့တွေဖိအားတွေ အများကြီး ရှိခဲ့တော့ နွေရာသီ အားလပ်ချိန်မှာ အနားယူချင်လို့။ ငါ့ဘဝက အမြဲတမ်း ငြီးငွေ့စရာကောင်းတာ နင်လည်းသိသားဘဲ။ ဒါကြောင့် ဒီတစ်ခေါက် မတူတဲ့ အရာတွေကို တွေ့ကြုံခံစားချင်တယ်"

 

 

စုန့်လင်းချွမ်က စုန့်အာ့နန်ကို တိတ်တဆိတ်ကြည့်ကာ ချီတုံချတုံ ဖြစ်နေသည်။

 

 

အများအားဖြင့် နာခံမှုရှိပြီး ချင့်ချိန်တတ်တဲ့ သူ့အန်တီလေးက အနုပညာရှင်တွေ နောက်လိုက်တဲ့ သူမရဲ့ သူငယ်ချင်းဆီက ဖျော်ဖြေရေးလောကကို မြင်လိုက်ရတဲ့အခါ သိချင်စိတ် ဖြစ်လာတယ်ဆိုတာ နားလည်ပေးနိုင်တဲ့အရာပင်။

 

 

ဒါပေမယ့် စုန့်အာ့နန်ရဲ့ ပညာရေးဆိုင်ရာ ဖိအားတွေနဲ့ ပတ်သက်တဲ့ စကားတွေကို သူ စဉ်းစားကြည့်လိုက်တော့ သူမအတွက် နှလုံးသားမှာ နာကျင်သွားသည်။ သူက  တခြားဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။

 

 

"ကောင်းပြီ၊ မင်းကြိုက်တယ်ဆိုရင် ငါတို့ပါကြတာပေါ့"

 

 

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ သူ့အဒေါ်က အဲဒါကို လိုချင်နေသရွေ့ စုန့်လင်းချွမ်က သူ့ကို ခြွင်းချက်မရှိ ပံ့ပိုးပေးမည်။

 

 

ဒါက သူဘယ်လိုတောင် မျက်စိစုံမှိတ်ပြီးအလိုလိုက်ချစ်ပေးလဲဆိုတာပင်။

 

 

ရှိုးကိစ္စက အတည်ပြုပြီးသွားပြီဆိုပေမယ့် သူတို့ နှစ်ယောက်ကတော့ ညစာတောင် မစားရသေးပေ။ စုန့်လင်းချွမ်က အော်ဒါမှာလိုက်ပြီး စုန့်အာ့နန်ကတော့ အထုပ်အပိုးတွေ ဖြည်လိုက်သည်။

 

 

နာရီဝက်လောက်ကြာတော့ ရုတ်တရက် တံခါးဘဲလ်သံမြည်လာသည်။

 

 

စုန့်လင်းချွမ်က အစားအသောက် လာပို့သူလို့ ထင်ပြီး တံခါးကိုဖွင့်လိုက်တော့ ကျန်းဟန်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ တွေ့လိုက်ရသည်။

 

 

"ဘာလို့ အရမ်းနောက်ကျ‌နေမှ လာတာလဲ?" စုန့်လင်းချွမ်နည်းနည်း အံ့သြသွားသည်။

 

 

သူ့ကို လျစ်လျူရှုရင်း ကျန်းဟန်က လည်ပင်းကို ဆန့်ကာ အထဲကိုကြည့်လိုက်သည်။ "ငါတို့အန်တီလေးရောက်ပြီလား?"

 

 

စုန့်လင်းချွမ်က မတတ်နိုင်ဘဲ မျက်လုံးလှိမ့်လိုက်သည်။ ကျန်းဟန် ဘာလို့ ဒီနေရာမှာရှိနေလဲဆိုတာ သူ အတိအကျ သိသည်။

 

 

စုန့်အာ့နန် ရှိုးမှာပါဝင်ဖို့ သဘောတူတုန်းက ကျန်းဟန်လည်းအဲ့ဒီ မှာရှိခဲ့ပေမယ့် စုန့်လင်းချွမ်က ရှိုးထုတ်လုပ်သူတွေကို တိကျတဲ့အဖြေ မပေးခဲ့ပေ။ သူက စုန့်အာ့နန်စိတ်ပြောင်းဖို့ အချိန်ပေးခဲ့တာပင်။

 

 

စုန့်အာ့နန်က အခန်းထဲမှာ သူမရဲ့ပစ္စည်းတွေကို နေရာချနေတုန်း  ဆူညံသံကို ကြားလိုက်ရသည်။ "ရှောင်ချွမ်၊  တစ်ယောက်ယောက် လာလို့လား?"

 

 

စုန့်လင်းချွမ်က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ အန်တီလေး၊ ငါ့အေးဂျင့်"

 

 

"ဟယ်လို၊ ကျွန်တော်က....." ကျန်းဟန်က စုန့်လင်းချွမ်ဘေးကနေ လျှောက်ဝင်သွားပေမယ့် စုန့်အာ့နန်ကို သူမြင်လိုက်ရတဲ့အခါ သူ့ခြေလှမ်းတွေ ရုတ်တရက် ရပ်သွားသည်။

 

 

 စက္ကန့်နည်းနည်းလောက်အထိ သူကြောင်အနေပြီး စုန့်လင်းချွမ်ကို လှည့်ကြည့်လာသည်။ "မင်းရဲ့အန်တီလေးက ကောလိပ်ဒုတိယနှစ်ရောက်နေပြီ မဟုတ်ဘူးလား?"

 

  

ကျန်းဟန်မှာ စုန့်အာ့နန်ရဲ့အသက်အကြောင်းမတော်တဆသိလိုက်ရသည်။ စုန့်အာ့နန်မှာ Bတက္ကသိုလ်မှာ တက်နေကြောင်း စုန့်လင်းချွမ်က တစ်ခါမှမပြောဖူးပါချေ။

   

 

စုန့်လင်းချွမ်ရဲ့ အန်တီလေးက သူ့ထက်တောင် ငယ်မှန်း ကျန်းဟန်သိသည်။

 

   

ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့တာတောင်မှ ကျန်းဟန်မှာ စုန့်အာ့နန်နဲ့ လူကိုယ်တိုင်တွေ့တဲ့အခါ မအံ့ဩဘဲ မနေနိုင်ပါချေ။

 

 

ကောလိပ်မှာ ဂျူနီယာနှစ်တက်နေတဲ့သူက နှစ်ဆယ့်တစ်နှစ်လောက်ရှိသင့်ပေမယ့် သူမကတော့ အထက်တန်းကျောင်းသူလေးလိုပင်။

 

 

ကျန်းဟန် ဘာတွေးနေမလဲဆိုတာ စုန့်လင်းချွမ်က သိတဲ့အတွက် မျက်ခုံးပင့်ကာ ဂုဏ်ယူသလို ပြောလာသည်။

 

 

  "ဟုတ်တယ်၊ ငါ့အန်တီလေးက အရင်လကဘဲ ဆယ့်ခုနစ်နှစ်ပြည့်တာ။ တော်တော် အံ့ဩစရာကောင်းတယ်မဟုတ်လား ဟင်?"

 

 

ကျန်းဟန်မှာ မသိစိတ်ကနေ ခေါင်းညိတ်လိုက်သည်။ တော်တော်အံ့ဩစရာကောင်းတာ။

 

   

စုန့်အာ့နန်က ထွက်လာပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ "မင်္ဂလာပါ၊ ကျွန်မက စုန့်အာ့နန် လင်းချွမ်ရဲ့ အန်တီလေးပါ"

 

 

 ကျန်းဟန်မှာ လက်တွေ့ဘဝကို ပြန်ရောက်လာသည်။ "အန်တီလေး မင်္ဂလာပါ၊ ကျွန်တော်က‌တော့  လင်းချွမ်ရဲ့မန်နေဂျာ ကျန်းဟန်ပါ"

 

 

စုန့်အာ့နန်မှာ ကျန်းဟန်ကို ပြုံးပြလိုက်‌တော့ သူမပါးပေါ်က ပါးခြိုင့်နှစ်ဖက်က ပေါ်လာသည်။

 

   

ဖျော်ဖြေရေးလောကက နာမည်ကြီးတဲ့အမျိုးသမီးကြယ်ပွင့်တွေထက် မလျော့တဲ့  စုန့်အာ့နန်ရဲ့ သိမ်မွေ့ပြီး ဖြူစင်တဲ့ပုံလေးကို ကျန်းဟန်မှာ မချီးကျူးဘဲမနေနိုင်ချေ။

 

   

သူ့စိတ်ထဲမှာတွေးကြည့်လိုက်သည်၊ သူမရဲ့အထင်ကြီးလောက်စရာ ပညာရေးနောက်ခံ၊ မြင့်မားတဲ့ ဆွဲဆောင်မှုလယ်ဗယ်တွေရယ်၊ ငယ်ရွယ်တဲ့အသက်နဲ့ဆို သူမဟာ ဖျော်ဖြေရေးလောကထဲမှာ ကြီးကြီးမားမားကို အောင်မြင်လိမ့်မည်ပင်။

 

 

  "အန်တီလေး ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ ကြိုးစားကြည့်ချင်လား?" ကျန်းဟန်က ရုတ်တရက် မေးလိုက်သည်။

 

   

စုန့်အာ့နန်မှာ ကြောင်သွားပြီး သူဘာလို့ ဒီအကြောင်းအရာကို ရုတ်တရက်ကြီး ပြောလာလဲဆိုတာ သိချင်သွားသည်။

 

  

 စုန့်လင်းချွမ်က ကျန်းဟန်ရဲ့ အကြံပေးချက်အပေါ် ရေအေးတွေ ချက်ချင်းလောင်းချလိုက်သည်။ "အဲ့ဒီအကြောင်း စဉ်းတောင်မစဉ်းစားနဲ့၊ ကျွန်တော့်အန်တီလေးက ငယ်ငယ်လေးကတည်းက ဆရာဝန်ဖြစ်ချင်တာ၊ ဒါကြောင့် ဖျော်ဖြေရေးလောကထဲ သူဝင်မှာမဟုတ်ဘူး"

  

 

  ကျန်းဟန်မှာ အံ့ဩသွားသည်။ "အန်တီလေးက ဆေးကျောင်းတက်နေတာလား?"

 

 

"ဟုတ်ပါတယ်၊ Mr.ကျန်း၊ ကျွန်မက လက်တွေ့ဆေးဝါးမေဂျာကပါ" စုန့်အာ့နန်က ခေါင်းညိတ်လိုက်ပြီး သူမမျက်လုံးတွေက ပြတ်သားနေသည်။ "လင်းချွမ်ပြောတာမှန်တယ်၊ ဖျော်ဖြေရေးနယ်ပယ်ထဲ ကျွန်မ ဝင်မှာမဟုတ်ဘူး။ ကျွန်မက ဆရာဝန်တစ်ယောက်ဖြစ်ချင်တာ"

 

   

ကျန်းဟန် ဘာတွေးနေလဲဆိုတာ စုန့်အာ့နန်မသိပေမယ့် ထူးကဲ variety show မှာ စုန့်လင်းချွမ် ပါဝင်မှာကို တားဆီးဖို့အတွက် ဒီရှိုးမှာ သူမပါဝင်ဖို့ သဘောတူခဲ့တာ ဖြစ်ပြီး ဝတ္ထုထဲက အမြှောက်စာ‌ဇာတ်ကောင်အဖြစ် သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့ဖြစ်သည်။ သူမမှာ ဖျော်ဖြေရေးလောကထဲဝင်ဖို့ ရည်ရွယ်ချက် မရှိပါချေ။

 

   

ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့က စုန့်အာ့နန်ရဲ့ အရင်ဘဝကရော အခုဘဝကပါ အိမ်မက်တစ်ခုဖြစ်သည်။

   

 

စုန့်အာ့နန်ရဲ့  ပြတ်သားတဲ့ သဘောထားကို မြင်လိုက်ရတော့ ကျန်းဟန်က အံ့သြသွားပေမယ့် လေးစားသွားသည်။

 

 

B ဆေးတက္ကသိုလ်မှ ထိပ်တန်းကျောင်းသူတစ်ဦးအနေနဲ့ စုန့်အာ့နန်ရဲ့ရှေ့တွင် တောက်ပတဲ့အနာဂတ်တစ်ခုရှိသည်။

 

 

"အရင်က လင်းချွမ်ပြောခဲ့တဲ့ variety show မှာရော ပါဦးမှာလား?" ကျန်းဟန်က သတိကြီးကြီးနဲ့မေးလိုက်သည်။

 

 

စုန့်အာ့နန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "အင်း၊ ကျွန်မတို့ နှစ်ယောက်လုံး ပါဖို့ သဘောတူတယ်"

 

 

ကျန်းဟန်မှာ သက်သာရာသွားသလို သက်ပြင်းတစ်ချက်ချလိုက်သည်။

 

 

သူမ ပါချင်နေသေးတာက ကောင်းပါသေးတယ်။

 

 

စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "Mr.ကျန်း၊ အစီအစဉ်က ဘယ်အချိန်လောက် စပြီးရိုက်ကူးမှာလဲ?"

 

 

သူမက နောက်ဆုံးစာမေးပွဲနဲ့ အလုပ်ရှုပ်နေခဲ့ရတဲ့အတွက် အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့ပေ။

 

 

ကျန်းဟန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "အန်တီလေး၊ သိပ်ပြီး အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ ကျွန်တော့်ကို ကျန်းဟန်လို့ဘဲ ခေါ်ပါ"

 

 

အသက်အရွယ်အရ စုန့်အာ့နန်အနေနဲ့ သူ့ကို "အစ်ကိုကျန်း" လို့ ခေါ်တာက သင့်တော်ပေမယ့်  သူမက လင်းချွမ်ရဲ့ အန်တီ‌လေးဖြစ်တာကြောင့် ကျန်းဟန်က သူ့အသက်ကြီးမှုအပေါ် အခွင့်ကောင်း မယူချင်ပါချေ။

 

 

စုန့်အာ့နန်က ခဏစဉ်းစားလိုက်ပြီး "ကောင်းပြီ" လို့ ပြန်ဖြေလိုက်သည်။

 

 

ကျန်းဟန်က ခေါင်းညိတ်လိုက်ပြီး လက်နှစ်ချောင်းထောင်လိုက်ကာ ပြောလိုက်သည်။ "အစီအစဉ်ကို နှစ်ရက်အတွင်းမှာ တရားဝင် စရိုက်ကူးမှာပါ"

 

 

"ဒါဆို မကြာခင်ပေါ့?"  စုန့်အာ့နန်ရဲ့ မျက်နှာမှာ အံ့သြမှုအရိပ်အယောင်တွေ ပေါ်လာသည်။

 

 

သူမဟာ အရင်တုန်းက ပရိုဂရမ်တစ်ခုမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးတဲ့အတွက် သူမက ကြိုပြီးလေ့လာဖို့ စီစဉ်ထားခဲ့ပေမယ့်  ဒီလောက် အလျင်စလိုဖြစ်လာလိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပါချေ။

 

 

"ကျွန်မ တစ်ခုခုပြင်ဆင်ထားရမှာလား ဒါမှမဟုတ် ဂရုစိုက်ရမှာ တစ်ခုခုရှိလား?" သူမက မေးလိုက်သည်။

 

 

ကျန်းဟန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ "မလိုပါဘူး။ ပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်တဲ့ ပုံစံဆိုတော့ ဇာတ်ညွှန်း မပါဘူး။ မင်းတို့ရဲ့ စစ်မှန်တဲ့အပြန်အလှန်တုံ့ပြန်ပုံကိုဘဲ သူတို့ကိုပြလိုက်ပါ"

 

 

အနုပညာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကြား စစ်မှန်တဲ့အပြန်အလှန် တုံ့ပြန်မှုတွေကို ပြသဖို့နဲ့ ပရိသတ်တွေရဲ့ သိချင်စိတ်ကို ကျေနပ်စေရန်အတွက် " Our Dearest us"အစီအစဉ်တစ်ခုလုံးကို၏ တိုက်ရိုက်ထုတ်လွှင့်သည်။

 

 

ဒီရှိုးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ဒါက အတော်လေး အစစ်အမှန်ဆန်လို့ပင်။

 

 

ကျန်းဟန်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ပြောလာသည်။ "ငါ ထုတ်လုပ်ရေးအဖွဲ့ကို အမြန်ပြန်ခေါ်ဖို့ လိုတယ်။ သူတို့က ငါတို့ ပြန်ဖြေမှာကို စောင့်နေတာ"

 

 

ထုတ်လုပ်ရေးအဖွဲ့က သူတို့ တစ်ခဏလောက် မပြတ်မသားဖြစ်နေတုန်းမှာတောင်  သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုလိုလိုလားလား‌စောင့်ကာ သူတို့ကို မျက်နှာသာ‌ပေးခဲ့သည်။ ဒါက ကျန်းဟန် အတွက် တကယ်ကို မထင်မှတ်ထားတဲ့အရာပင်။

 

 

စုန့်လင်းချွမ်နဲ့ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ “အန်တီ‌လေး တို့က ရှိုးမှာပါဖို့ နောက်ဆုံးတော့သဘောတူလိုက်ကြောင်း သတင်းကြားတဲ့အခါ၊ “Our Dearest us” အစီအစဉ်ရဲ့ လက်ထောက်ဒါရိုက်တာမှာ ကျန်းဟန်နဲ့ ဖုန်းပြောလို့ပြီးတာနဲ့ ဝမ်းသာအားရ ခုန်ပေါက်လုနီးပါးပင်။

 

 

"ဒါရိုက်တာ၊ စုန့်လင်းချွမ်ရဲ့ အေးဂျင့်က သူတို့ အစီအစဉ်မှာ ပါမယ်လို့ တုံ့ပြန်အတည်ပြုလာတယ်"

 

 

ဒါရိုက်တာမှာ အစပိုင်းတွင် အံ့အားသင့်သွားပေမယ့် နောက်တော့ စိတ်လှုပ်ရှားစွာနဲ့ ခုန်ပေါက်လာသည်။ "တကယ်လား?"

 

 

လက်ထောက်ဒါရိုက်တာက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ် တကယ်ဘဲ!"

 

 

ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး ပျော်လွန်းလို့ ရူးသွားမတတ်ပင်။

 

 

ဒါက ရှိုးရဲ့တတိယ season ဖြစ်ပြီး season တိုင်းတွင် စုန့်လင်းချွမ်နဲ့ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ “အန်တီ‌လေး ကို ထိပ်ဆုံးသရုပ်ဆောင်တွေအဖြစ် ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြပေမယ့် သူတို့ကို အရင်က ရှိုးမှာ ပါဝင်ဖို့ တစ်ခါမှ မဖိတ်ကြားဖူးပေ။ အင်တာနက်သုံးစွဲသူတွေရဲ့ ဝေဖန်ခြင်းကို ခံရမှာ မလွဲမသွေပါပင်။

 

 

ဒါ့အပြင် အခြားသော TV လိုင်းတွေဟာလည်း အလားတူ variety ကိုဖန်တီးဖို့ စိတ်ဝင်စားနေကြပြီး "Our Dearest us"ထုတ်လုပ်ရေး အဖွဲ့တစ်ခုလုံးကို ဖိအားများစွာ ဖြစ်စေခဲ့တဲ့ စုန့်လင်းချွမ်နဲ့ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ "အန်တီလေး" ကိုဖိတ်ကြားဖို့ စီစဉ်နေကြတာဖြစ်သည်။

 

 

ဒါက တခြားအဖွဲ့တွေ သူတို့ကို လိုလိုလားလားနဲ့ ဘာလို့စောင့်နေရလဲဆိုတာက စုန့်လင်းချွမ် ဘက်က တိကျတဲ့ အဖြေပေးဖို့  ကြန့်ကြာနေတာကြောင့်ဖြစ်သည်။

 

 

ကံကောင်းထောက်မစွာဖြင့်၊ နောက်ဆုံးမှာ သူတို့ကပါဝင်ဖို့ သဘောတူခဲ့ကြပြီး၊ သတင်းကောင်းကြားရတဲ့အခါ ဒါရိုက်တာနဲ့ အဖွဲ့သားတွေမှာ မျက်ရည်ကျလုနီးပါးဖြစ်ခဲ့ရသည်။

 

 

"ဒါပေမယ့် ကျွန်တော်တို့မှာ နှစ်ရက်ပဲကျန်တော့တယ်၊ ပြင်ဆင်ဖို့အချိန်မလောက်ဘူး" လက်ထောက်ဒါရိုက်တာက စိုးရိမ်စွာနဲ့ပြောလာသည်။

 

 

အခြားဧည့်သည်တွေက သူတို့ရဲ့ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်ကာ၊ အွန်လိုင်း ပရိုမိုးရှင်းများကိုပင် အကြိမ်ပေါင်းများစွာ လုပ်ပြီးသွားပြီဖြစ်သည်။

 

 

ဒါရိုက်တာက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ငါတို့အတွက် အစမ်းပြဖို့တွေ ဒါမှမဟုတ် အင်တာဗျူးတွေကို ပြင်ဆင်ဖို့ မလိုဘူး။ စုန့်လင်းချွမ်နဲ့ သူ့ရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ "အန်တီလေး" တို့နဲ့တင် အကြီးမားဆုံး  ခေါင်းစဉ်ဘဲ ဒါကြောင့် တတ်နိုင်သမျှ လျှို့ဝှက်ဆန်းကြယ်တဲ့ လှိုင်းကြီးတစ်ခု ဖန်တီးလိုက်ကြရအောင်။ သူတို့ရောက်တဲ့အခါ တိုက်ရိုက်ထုတ်လွှင့်မှုကို စမယ်!"

 

 

အဲ့ဒီနေ့ည ၈ နာရီတွင် "Our Dearest us" ထုတ်လုပ်ရေးအဖွဲ့ရဲ့တရားဝင် Weibo အကောင့်မှ စုန့်လင်းချွမ်နဲ့သူ့အဖွဲ့တို့ စိတ်ပြောင်းသွားမှာ စိုးရိမ်တဲ့အတွက် ပို့စ်တစ်ခု တင်လိုက်သည်။။

 

 

"@Our Dearest us - ဘဝရဲ့အလှတရားတွေက ငါတို့အနားမှာဘဲ ရှိနေတယ်! @စုန့်လင်းချွမ်က သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီလေးနဲ့ လာပါမယ်! အံ့သြသွားကြလား? မအံ့သြဘူးလား?"

 

 

Netizens တွေက တုံ့ပြန်လာကြသည်။  "ဘုရားရေ! ဒါက တကယ်လား ညာတာလား? ! !"