အပိုင်း ၄
Viewers 634

အပိုင်း

 

 

 

 

 

 

 

အင်တာနက်သုံးစွဲသူတွေ စိတ်ရှုပ်ထွေးနေတုန်းမှာဘဲ၊ စုန့်လင်းချွမ်က  "Our Dearest Us" ရဲ့ တရားဝင် Weibo ကို ရိုးရှင်းတဲ့ caption နဲ့အတူ ပထမဆုံးပြန်တင်လိုက်သည် - ငါက အံ့သြဖို့ကောင်းတယ်!

 

 

ဒီလိုရုတ်တရက် အံ့အားသင့်မှုကို ရရှိပြီးတဲ့နောက်မှာ Chuafan လို့ လူသိများသော စုန့်လင်းချွမ်ရဲ့ ပရိသတ် တွေက မရူးသွပ်ခင် ခဏလောက် ထိတ်လန့်သွားကြသည်။

 

 

အိုး ဘုရားရေ သူတို့ရဲ့ ကောကောက variety show မှာပါတော့မှာ ဖြစ်ပြီး သူ့အန်တီလေးကိုလည်း ခေါ်လာမှာတဲ့!

 

 

အိုးးး၊ အဲဒါ သူတို့က မိဘတွေကို သွယ်ဝိုက်ပြီး တွေ့မယ်လို့ ဆိုလိုတာလား?

 

 

စုန့်လင်းချွမ်ရဲ့ အန်တီလေးဟာ Chuafan များကြားတွင် ထူးခြားတဲ့ရာထူးတစ်ခုကို နှစ်ပေါင်းများစွာကြာအောင် ထမ်းဆောင်ခဲ့ရသည်။ ဇနီးဖန်အများစုက သူမကို "ယောက္ခမ" လို့မှတ်ယူကြသည်။

 

 

သိပ်မကြာခင်မှာဘဲ၊ စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးတို့ variety show မှာ ပါမယ်ဆိုတဲ့သတင်းတွေက အရှိန်အဟုန်ဖြင့် ရှာဖွေမှုရဲ့ထိပ်ဆုံးဆီ လျင်မြန်စွာ တက်လာခဲ့သည်။

 

 

နာရီဝက်အတွင်းမှာဘဲ၊ hot search နံပါတ်တစ်နေရာကို တက်လာပြီး ရေပန်းစားနေတဲ့ "boom" အီမိုဂျီဖြင့် နောက်က နေလိုက်လာသည်။

 

 

အင်တာနက်ပေါ်မှာ ပေါက်ကွဲသွားသည်။

 

 

[WTF! ဘာဖြစ်သွားတာလဲ? ထုတ်လုပ်ရေး အဖွဲ့သားတွေက စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးကို ဖိတ်ခဲ့တာ ဟုတ်တာလား မဟုတ်ဘူးလား?]

 

 

[နောက်ဆုံးတော့၊ season သုံးခု လောက်စောင့်ပြီးမှ သူတို့ကို ဖိတ်လာတယ်။ ငါဒီအခိုက်အတန့်ကို စောင့်နေတာကြာပြီ!]

 

 

[ဟုတ်တယ်၊ နောက်ဆုံးတော့ ထုတ်လုပ်ရေးအဖွဲ့က ကတိတွေချည်းသက်သက် မပေးခဲ့ဘူး။ သူတို့က season တိုင်းအတွက် အွန်လိုင်းမဲပေးမှုတွေ လုပ်နေပေမယ့် ငါတို့ မဲပေးခဲ့တဲ့သူကို မဖိတ်ခေါ်နိုင်ခဲ့ဘူး။ သူတို့ ပို့နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အချိန်ဘဲ]

 

 

[ကောင်းပြီ၊ ငါ တောင်းပန်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်လုပ်ရေးအဖွဲ့ကို အရည်အချင်းမပြည့်မီလို့ ဝေဖန်ခဲ့တယ်]

 

 

[အင်း၊ ငါ့ ကောကောက သူ့အန်တီလေးနဲ့ variety show မှာပါတော့မှာဘဲ၊ ဒါကို စောင့်နေတာကြာပြီ!]

 

 

[ငါမယုံနိုင်ဘူး! အန်တီလေးက နောက်ဆုံးတော့ လူတိုင်းနဲ့တွေ့တော့မယ်။ ငါ ကောကောရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်ခဲ့တာ ကြာပြီ၊ ငါတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီလေးကို အသိချင်ဆုံးဘဲ]

 

 

[ရိုးသားတဲ့ ပွဲကြည့်သူတစ်ယောက်အနေနဲ့ စုန့်လင်းချွမ် နဲ့ သူ့အန်တီလေးပေါ်လာတာက  အထူးတလည်အဓိပ္ပါယ်ရှိလားလို့ မေးလို့ရမလား? အားလုံးက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေကြတာလဲ?]

 

...

 

အားလုံးက ဆွေးနွေးပြီး မှန်းဆနေကြချိန်မှာ၊  စုန့်လင်းချွမ်ရဲ့ hater‌ တွေက အပျက်သဘောဆောင်တဲ့ မှတ်ချက်အမျိုးမျိုးကို ဖြန့်ကျက်ပြီး အခင်းဖြစ်ပွားရာနေရာကို ရောက်လာကြသည်။

 

 

[ဟမ့် စုန့်လင်းချွမ် မထိန်းနိုင်တော့ဘူး။ သူဖန်တီးထားတဲ့ 'ရတနာအန်တီလေး' က ဘာလဲ? သူက ဒီအခဖိန်အတွက် လုပ်ရုံဘဲ]

 

 

[သူ့ရဲ့မာနကြီးတဲ့ မျက်နှာကို ငါ သည်းမခံနိုင်ဘူး။ သူကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ?]

 

 

[စုန့်လင်းချွမ်လား? တိုက်ရိုက်ထုတ်လွှင့်တဲ့ variety show မှာ ပါမယ်ပေါ့? ဟားဟား ဒေါသကြီးပြီး ဝုန်းဒိုင်းကြဲတတ်တဲ့ အကျင့်ဆိုးနဲ့ သူကျရှုံးဖို့ စောင့်နေတယ်]

 

 

[ရှိုးတစ်ခုလုံး တိုက်ရိုက်လွှင့်နေတာဆိုတော့၊ သူ ဆက်ပြီး သရုပ်ဆောင်နိုင်မယ်လား? သူက ထုတ်ပြသတော့မှာဘဲ]

 

 

[စုန့်လင်းချွမ်ရဲ့ ကာရိုက်တာအဆို၊ သူ့အန်တီလေးလည်း လူကောင်းတစ်ယောက် မဟုတ်လောက်ဘူး။ ငါတော့ စိတ်မဝင်စားဘူး]

 

 

hater‌ တွေရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန် စုန့်လင်းချွမ်ရဲ့ ဖန်တွေအတွက်တော့ အဲ့ဒါက စာမဖွဲ့လောက်ပေ။

 

 

hater တွေကို သတင်းပို့နေတုန်းမှာ၊ သူတို့က Weibo တွင် ထိပ်တန်းမှတ်ချက်တွေကို အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး အမျိုးမျိုးသော အမိုက်စား memes  တွေဖြင့် သူတို့ရဲ့ idol ကို ကြော်ငြာခဲ့သည်။

 

 

တစ်ချိန်တည်းမှာဘဲ Chuafans တွေက သူတို့အတွက်အကျိုးရှိအောင် အင်တာနက်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိသည်။ hot နေတာကို အခွင့်ကောင်းယူပြီး ပရိသတ်ဗီဒီယိုအဖွဲ့က သူတို့ရဲ့ idol နဲ့သူ့ရဲ့ အန်တီလေးကို မိတ်ဆက်ပေးတဲ့ အရင်ကဗီဒီယိုဖိုင်ကို သုံးကာ ဗီဒီယိုတစ်ခု ဖန်တီးခဲ့သည်။

 

   

ခေါင်းစဉ်ဖတ်ရန် - စုန့်လင်းချွမ်ရဲ့ရှုထောင့်မှ အန်တီလေး (PS. ကျေးဇူးပြုပြီး သတိနဲ့နှိပ်ပါ၊ ကြွားလုံးထုတ်ခြင်းများစွာပါသည်!)

 

 

ပထမဆုံး မြင်ကွင်းမှာ စုန့်လင်းချွမ်က သူ့ရဲ့ ပွဲဦးထွက်နှစ်များအတွင်း အဖွဲ့လိုက် variety show တွင် အပြန်အလှန် စကားပြောထားတဲ့အပိုင်းကို ပြထားသည်။

 

 

Host က မေးလိုက်သည်။  "မင်းဟာ တခြားဂြိုလ်မှာ နေထိုင်ရပြီး ကမ္ဘာကနေ လူတစ်ယောက်ကိုဘဲ ခေါ်သွားရင်ဆိုရင် ဘယ်သူ့ကို ခေါ်သွားမှာလဲ?"

 

 

ပိုစိတ်ဝင်စားစရာကောင်းတဲ့ ရှိုးတစ်ခုကို ဖန်တီးဖို့အတွက်၊ "ကျွန်တော့် အန်တီလေးနဲ့ တွဲမယ်" လို့  ပြောလာတဲ့ စုန့်လင်းချွမ်ကလွဲရင် ကျန်အဖွဲ့သားတွေ အားလုံးက အခြားတစ်ယောက်နဲ့ တွဲဖို့ ရွေးခဲ့ကြသည်။

 

 

 hostနဲ့ အခြားအဖွဲ့သားတွေက နားမလည်ဖြစ်သွားပြီးမေးလာသည်။ "ဘာကြီး?"

 

 

အမှတ်တံဆိပ် မိတ်ဆက်ပွဲတစ်ခုတွင်လည်း သတင်းထောက်တွေနဲ့ အင်တာဗျူးတစ်ခုမှာ သူတို့က စုန့်လင်းချွမ်ကို မေးသည်။ "ဘယ်လိုမိန်းကလေးမျိုးက ချစ်စရာအကောင်းဆုံးလို့ ထင်လဲ?"

 

 

စုန့်လင်းချွမ်က မဆိုင်းမတွဘဲ ပြန်ဖြေလာသည်။  "ကျွန်တော့် အန်တီလေးနဲ့ တူတဲ့လူမျိုး"

 

 

သတင်းထောက်က အံ့သြသွားသည်။

 

 

ဇာတ်ကားသစ်ရိုက်ကူးနေတုန်းမှာ ပရိသတ်တွေက လာရောက်ကြည့်ရှုကြပြီး စုန့်လင်းချွမ်ကို မေးကြသည်။ "ဒီဒရာမာပြီးရင် ဘာအစီအစဉ်ရှိလဲဟင်?"

 

 

စုန့်လင်းချွမ်က ပြန်ဖြေသည်။ "ငါ့အန်တီလေးကို သွားပြန်တွေ့မှာပါ"

 

 

ပရိသတ်တွေလည်း အံ့ဩသွားကြရသည်။

 

 

စုန့်လင်းချွမ်ရဲ့ အခြေအနေအမျိုးမျိုးတွင် သူ့အန်တီလေးကို ကြွားလုံးထုတ်ထားတဲ့ဗီဒီယိုတွေက သုံးမိနစ်စာ ဗီဒီယိုတွင် အပြည့်ဘဲဖြစ်သည်။ ဒီလိုမျိုး အာရုံစိုက်မှု မြင့်မားလာခြင်းကြောင့် အဆိုပါ ဗီဒီယိုသည် အင်တာနက်သုံးစွဲသူတွေနဲ့ ပရိသတ်အများအပြားကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

 

 

[နင်တို့ စုန့်လင်းချွမ်က အန်တီလေးချစ်သူလို့ ပြောတုန်းက ငါဘာမှ မခံစားခဲ့ရဘူး၊ ဒါပေမယ့် ဒီဗီဒီယိုကို ကြည့်ပြီးတော့ သဘောကျလိုက်တာလို့ပဲ ပြောချင် တော့တယ်]

 

 

[ဟားဟား၊ ငါ အရမ်းရယ်မိပြီ။  စုန့်လင်းချွမ်က သူ့အန်တီလေးအကြောင်း ပြောတိုင်း ဂုဏ်ယူတဲ့ အမူအရာနဲ့ လေသံက အရမ်းထူးခြားတယ်]

 

 

[သူက ကမ္ဘာပေါ်မှာ သူ့အန်တီလေးတစ်ယောက်ဘဲ ရှိသလိုမျိုးပြုမူနေတယ်။ ဒီလို မောက်မာပြီး ကြွားဝါတဲ့ အပြုအမူက သူ့ကို ကောင်းကောင်း ရိုက်ချင်စေတယ်]

 

 

[ စုန့်လင်းချွမ် - မမေးနဲ့၊ ငါ့အန်တီလေးက အရာရာတိုင်းမှာ အကောင်းဆုံးပဲ!]

 

 

[တကယ်လို့ သူသာ သရုပ်ဆောင်နေတာ မဟုတ်ရင် သူက တော်တော်ကောင်းတဲ့သူတစ်ယောက်လို့ ထင်ရတယ်။ နောက်ဆုံးတော့ သူက သူ့မိသားစုကို တကယ်ဂရုစိုက်တဲ့သူဖြစ်ပြီး သူ့ပုံစံက ဒီလောက်လည်းမဆိုးနိုင်ဘူး]

 

 

  [စိတ်မပူပါနဲ့ ရုပ်ရှင်အင်ပါယာ အဖြစ်နဲ့ ပွဲဦးထွက်ခဲ့တဲ့ ငါ့ရဲ့ idol  ကောကောက အရည်အချင်းရှိတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်းပေါ်ရောက်နေပါပြီ။ အခုချိန်မှာတော့ သူ့မှာ ဒီလိုသရုပ်ဆောင်စကေးမျိုး မရှိသေးပါဘူး]

 

 

[ငါ အဲဒါကို သက်သေပြနိုင်တယ်။ အသက် ခုနစ်နှစ်အရွယ် ပရိတ်သတ်တစ်ယောက်အနေနဲ့ စုန့်လင်းချွမ်ရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတယ်။ အစပိုင်းမှာတော့ သူကလက်တွေ့ကျကျ မလုပ်ဆောင်နိုင်ခဲ့ဘူး]

 

 

[ဟားဟား၊ ငါအရမ်းရယ်မိပြီ။ ဖန်တွေက တကယ်ရယ်ရတာဘဲ။ မင်းကောင်တွေက ရက်စက်တာဘဲ]

 

 

[စုန့်လင်းချွမ် - ဖြစ်နိုင်ရင် နင်ငါ့ကို unfollow လုပ်သင့်တယ်]

 

 

"ဒါက ဖန်တွေဆီက ပြောင်းပြန် ဒီပရိုမိုးရှင်းလား? ဟမ်... ငါရုတ်တရက် သူ့ဖန်ဖြစ်သွားသလို ခံစားရတယ်]

 

 

[ရိုးရိုးသားသားပြောရရင် စုန့်လင်းချွမ်ရဲ့ ပရိသတ်တွေက တော်တော်ချစ်စရာကောင်းတယ်လို့ ထင်တယ်။ သူတို့က မျက်စိစုံမှိတ်မချီးမွမ်းဘဲ၊ သူတို့ကို လူတွေ အထင်ကြီးစေတယ်]

 

 

ဒီဗီဒီယိုကလစ်သည် လူကြိုက်များမှု အဆင့်သစ်တစ်ခုဆီ တွန်းပို့ခဲ့သည်မှာ သေချာပြီး အင်တာနက်သုံးစွဲသူတွေရဲ့ စူးစမ်းလိုစိတ်ကို အပြည့်အဝ နှိုးဆွပေးခဲ့သည်။  guest တွေရဲ့အရင်ကကြေငြာချက်တွေအရ အစီအစဉ်အဖွဲ့ဟာ guestတစ်ယောက်စီရဲ့ ဓာတ်ပုံ တွေနဲ့ အခြေခံအချက်အလက်တွေကို  ပိုစတာတွေ ထုတ်ပေးမည်ဖြစ်သည်။

 

 

ဒါပေမယ့် စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးအတွက်ကတော့ ဘာမှမရှိပေ။ ရိုးရှင်းပြီး တိုတိုတုတ်တုတ်တရားဝင်ထုတ်ပြန်ချက်တစ်ခုသာရှိပြီး အန်တီလေးရဲ့ နာမည်ကိုတောင် မဖော်ပြထားပါချေ။

 

 

လူတွေက စုန့်လင်းချွမ်ရဲ့ အန်တီလေးပုံ ပိုစတာကို ထုတ်ဖို့ သတိပေးတဲ့ မက်ဆေ့ချ်တွေထားခဲ့ဖို့ အစီအစဉ်အဖွဲ့ရဲ့ တရားဝင်အကောင့်ကို အမြန်ပြေးကြသည်။ သို့ပေမယ့်  တရားဝင်အကောင့်က ကျောက်တုံးလိုမျိုး တိတ်ဆိတ်နေပြီး သုံးလေးနာရီကြာအောက် ဘာတုံ့ပြန်မှု မရှိပေ။

 

 

ဒါကြောင့် အင်တာနက်အသုံးပြုသူတွေက ပရိုဂရမ်အဖွဲ့ကို ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် ဝေဖန်ကြသည်။

 

 

ဒါပေမယ့် လူ့သဘာဝဟာ ပရိုဂရမ်အဖွဲ့က ဒီလိုမျိုးများများလုပ်လေ၊ လူတိုင်းက စုန့်လင်းချွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီအကြောင်း ပိုသိချင်လာလေလေပင်။

 

 

ဒါကြောင့်၊ အင်တာနက်အသုံးပြုသူတွေက ရှားလော့ဟုမ်း အဖြစ်ပြောင်းသွားကာ တစ်ညအတွင်း စုန့်အာ့နန်ရဲ့အထောက်အထားနဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးပေးကြသည်။

 

 

စုန့်လင်းချွမ်ရဲ့ မိသားစုနောက်ခံအကြောင်း ကောလဟာလရဲ့ သီးခြားဗားရှင်းတစ်ခုဟာ လူအများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့သည်။ ဒီဗားရှင်းအရ အသက် 30 ဝန်းကျင်ရှိ စုန့်လင်းချွမ်ရဲ့ အန်တီလေးဟာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး အောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုရှိကာ ကျိုးကြောင်းဆီလျော်ပြီး နားလည်မှုရှိတဲ့ လူကြီးတစ်ယောက်ဖြစ်သည် လို့ပင်။

 

 

နောက်တစ်နေ့မနက်တွင် ကျန်းဟန်က စုန့်အာ့နန်နဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို အွန်လိုင်း ပေါ်မှာမြင်လိုက်ရပြီး ရယ်လိုက်သည်။

 

 

သူမက အသက် 30 လောက် ရှိမယ်ဆိုတဲ့အချက်ဟာ လူအများကို တုန်လှုပ်စေလိမ့်မည်ပင်။

 

 

လူတိုင်းသိချင်နေကြတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီလေးက ဒီလောက်လှပတဲ့ မိန်းမပျိုလေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? ဆန့်ကျင်ဘက်က အရမ်းပြင်းထန်တာကြောင့် သတင်းခေါင်းစဉ်တွေ hot ဖြစ်သွားမှာ သေချာသည်။ အဲဒါကို တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်။

 

 

သို့ပေမယ့်လည်း ကျန်းဟန်က အင်တာနက်သုံးစွဲသူတွေဘာကြောင့် ဒီလိုထင်ကြေးပေးရလဲဆိုတာ သေချာပေါက် သိသည်။ နောက်ဆုံးတော့ သူလည်းအရင်က ဒီလိုပဲ တွေးဖူးသည်လေ။

 

 

ဒါက စုန့်လင်းချွမ် ရဲ့ လှည့်စားမှုကြောင့်ပင်။ သူ ပထမဆုံး ပွဲဦးထွက်တုန်းက သူ့အန်တီလေးက သူ့ကို မုန့်ဖိုးပေးတယ်ဆိုတဲ့အကြောင်း ကြွားခဲ့သည်။

 

 

စုန့်လင်းချွမ်က အသက် ဆယ်နှစ်ခန့်သာရှိသေးတဲ့ ကလေးကို မုန့်ဖိုးတောင်းလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? သူ သာမာန်လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စမှမဟုတ်ဘဲ။

 

 

 စုန့်အာ့နန်က များသောအားဖြင့် ဖျော်ဖြေရေးသတင်းတွေကို ဂရုမစိုက်သလို Weibo ကို စစ်ဆေးတဲ့အလေ့အထ မရှိတာကြောင့် အွန်လိုင်းပေါ်မှာ ဘယ်လောက် အုတ်အော်သောင်းနင်း ဖြစ်နေလဲဆိုတာ သူမ မသိပေ။ လောလောဆယ် သူမရဲ့ အာရုံက အခြားအရာတစ်ခုကို အာရုံစိုက်နေရသည်။

 

 

နံနက်စောစောမှာ စုန့်အာ့နန်က နောက်ရက်အနည်းငယ်အတွက် အစီအစဉ်ရှိမရှိ စုန့်လင်းချွမ်ကို မေးလိုက်သည်။ သူ့မှာ ဘာအလုပ်မှ မရှိဘူးဆိုတာကို သိလိုက်ရတော့ သူမစိတ်ထဲရှိတဲ့ အရာကို ပြောပြလိုက်သည်။

 

 

" ငါ့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမလို့လား?" စုန့်လင်းချွမ်ရဲ့အသံက အံ့သြမှုကြောင့် နည်းနည်း ထစ်သွားသည်။

 

 

စုန့်အာ့နန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

 

 

ဟုတ်တယ်၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတာ!

 

 

မနေ့ညက အိပ်ယာမဝင်ခင် စုန့်အာ့နန် က ဝတ္ထုဇာတ်လမ်းကို သေသေချာချာ ပြန်စဉ်းစားလိုက်သည်။ စုန့်လင်းချွမ်ကို ထူးကဲ variety show မသွားရအောင် ဇာတ်ကြောင်းကနေ သွေဖယ်အောင် သူ မတားနိုင်ပေမယ့် ရုတ်တရက် သေဆုံးသွားတဲ့ အဆုံးသတ်ဟာတော့ ညဘက်မှာ သူမစိတ်ကို စွဲနေစေသည်။