အပိုင်း ၅
Viewers 973

အပိုင်း

 

 

 

 

   

 

 

ဆေးဘက်ဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ရုတ်တရက်သေဆုံးရခြင်း အကြောင်းရင်းဟာ ယေဘုယျအားဖြင့် ကြီးကြီးမားမား ရောဂါဖြစ်လာစေသည့် အသေးစားဖျားနာမှုတွေ စုပုံလာတာကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်က သတိပေးချက်အချို့ကို အနည်းနဲ့အများ ပေးပို့မည်ဖြစ်ပြီး သတိပေးချက်မရှိသော အခြေအနေမှာ မရှိသလောက်ပင်ဖြစ်သည်။

 

 

ဟုတ်သည်၊ ဒါဟာ ဝတ္ထုဇာတ်လမ်းထဲက bug တစ်ခုလို့ ထည့်တွက်လို့မရပေ။ နောက်ဆုံးမှာ  စာအုပ်က ဒီဇာတ်ကွက်ကို အတိုချုံးဖော်ပြထားပြီး ဖော်ပြချက်မှာလည်း မရှင်းလင်းပေ။

 

 

သို့ပေမယ့် ဒီကိစ္စကို ပေါ့လျော့နေလို့မရပေ။ စုန့်လင်းချွမ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုခံယူဖို့လိုအပ်တယ်လို့ စုန့်အာ့နန် ခံစားရသည်။

 

 

စုန့်လင်းချွမ်က တုံ့ပြန်ဖို့ အနည်းငယ်နှေးကွေးသွားသည်။ စုန့်အာ့နန်က ရုတ်ရက်ကြီး ဘာလို့ သူ့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခိုင်းတာလဲဆိုတာ သူနားမလည်ပေ။

 

 

"အန်တီ‌‌လေး ငါ့ကုမ္ပဏီက နှစ်တိုင်း ပုံမှန် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးပေးတယ်။ ဒီနှစ် အစောပိုင်းကတည်းက စစ် ပြီးသွားပြီ" စုန့်လင်းချွမ်က ဆိုသည်။

 

 

"ငါ့ကို မယုံဘူးလား? ကျန်းဟန်ကို မေးလိုက်။ သူငါ့ကို စီစဉ်ပေးတာ" စုန့်လင်းချွမ်က ပြောသည်။

 

   

မနက်အစောကြီး မနက်စာ ယူလာပေးတဲ့ ကျန်းဟန်မှာ စက္ကန့်နည်းနည်းလောက် အံ့အားသင့်သွားပြီး ခေါင်းအမြန်ညိတ်ကာ ပြောလာသည်။ "ဟုတ်တယ် အန်တီလေး စိတ်ချပါ။ စစ်ဆးမှုရလဒ်တွေက ပုံမှန်ဘဲ"

 

 

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ သူမ ဘာပြောရမလဲဆိုတာ စဉ်းစားထားပြီးပြီဖြစ်တာကြောင့်စုန့်လင်းချွမ် ကို ကြည့်လိုက်သည်။

 

 

 "ငါတို့မနေ့က တွေ့တုန်းက နင့်ရဲ့ အသားအရေကို တစ်ခုခုမှာ အနှောင့်အယှက် တစ်ခုခုဖြစ်နေတာ ငါ သတိထားမိတယ်။ နင် စိတ်ခံစားချက်တစ်ချို့ကို ထိန်းထားတာဖြစ်နိုင်တယ်"

 

 

လူတစ်ယောက်ရဲ့အသားအရေကို ကြည့်တာနဲ့ အဲ့ဒီလူရဲ့ အခြေအနေကို သိနိုင်တယ်လား? အဲဒါက တရုတ်ဆေးပညာနယ်ပယ်ထဲက မဟုတ်ဘူးလား?

 

 

ကျန်းဟန်က မေးလိုက်သည်။ "အန်တီလေးက အနောက်တိုင်း ဆေးပညာကို သင်နေတာမဟုတ်ဘူးလား? တရုတ်ဆေးပညာကိုလည်း ကျွမ်းကျင်တယ်လား?"

 

 

စုန့်အာ့နန်က ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မသိဘဲ ခဏလောက် တုံ့ဆိုင်းသွားသည်။

 

 

စုန့်လင်းချွမ်က စုန့်အာ့နန် စစ်ဆေးမေးမြန်းခံနေရတာကို မြင်လိုက်ရတဲ့အတွက် ချက်ချင်းဘဲ စိတ်မချမ်းသာဖြစ်သွားသည်။

 

 

 "ဘာမှားလို့လဲ၊ အနောက်တိုင်းဆေးပညာကို လေ့လာတာနဲ့ တရုတ်ဆေးပညာကိုပါ နားမလည်ဘူးလို့ ဘယ်သူပြောလဲ? အဲ့ဒါကို ငါ့အန်တီလေးက အရင်တုန်းက လေ့လာဖူးတယ်"

 

 

ကျန်းဟန်က စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။

 

 

ခဏလောက် တုံ့ဆိုင်းသွားပြီးတဲ့နောက် စုန့်အာ့နန်က ခေါင်းနည်းနည်းညိတ်လိုက်သည်။  စုန့်လင်းချွမ် ပြောတာ မှန်သည်။ သူမရဲ့ မွေးရပ်မြေမှာ နေတုန်းက အနီးနားရှိ တရုတ်တိုင်းရင်းဆေးဆိုင်ကို သွားဆော့ကစားရင်း တရုတ်တိုင်းရင်းဆေး အကြောင်းကို နည်းနည်း လေ့လာခဲ့ဖူးသည်။

 

 

နောက်ပိုင်း သူမ တက္ကသိုလ်တက်ရတဲ့အခါ အားလပ်ချိန်တွေမှာ အနီးနားက တရုတ်တိုင်းရင်းဆေးပညာ ပါမောက္ခမှ ပို့ချသည့် ဟောပြောပွဲတွေကို ရံဖန်ရံခါ သူမတက်ဖူးသည်။ ဒါကြောင့် သူမဘာသာသူမ တွေးလိုက်သည်၊  ဒါကိုလည်း "သင်ဖူးတယ်" လို့ ယူဆနိုင်သည်။

 

 

ဒါကိုကြားတော့ ကျန်းဟန်က စိတ်ဝင်စားလာပြီး သူ့ညာလက်ကို စိတ်အားထက်သန်စွာနဲ့ ဆန့်ထုတ်လိုက်သည်။ "အန်တီလေး၊ သွေးခုန်နှုန်းဘယ်လို စမ်းရမလဲသိမှာပေါ့၊ ကျွန်တော့်ကို ပေးကြည့်ပါလား?"

 

 

ခဏလောက် စဉ်းစားပြီးတဲ့နောက် စုန့်အာ့နန်ကပြောလာသည်။ "ကျွန်မ သွေးခုန်နှုန်း မစမ်းတတ်ပေမယ့် အပ်စိုက်ကုထုံးနဲ့ အရိုးဆက်ခြင်းအကြောင်းကိုတော့ နည်းနည်း သိတယ်"

 

 

အဲဒါနဲ့ သူမက စမ်းကြည့်ချင်လားလို့ မေးသလိုမျိုး ကျန်းဟန်ကို  ကြည့်လိုက်သည်။

 

 

 ကျန်းဟန် တံတွေး မျိုချလိုက်ပြီး ဆန့်ထားတဲ့ သူ့လက်ကို တိတ်တိတ်လေး ရုတ်လိုက်သည်။ တရုတ်တိုင်းရင်းဆေးပညာကို လေ့လာနေတဲ့ ဒုတိယနှစ် ဆေးကျောင်းသူလေးတစ်ယောက်အတွက် သူ့လက်ကို ချိုးပြီး ပြန်ဆက်ပေးမှာကို သူ စွန့်စားချင်စိတ်မရှိဘူး။

 

 

သူ့တုန့်ဆိုင်းနေတာကိုမြင်တော့ စုန့်အာ့နန်က သူ့ကို အတင်းအကြပ် မလုပ်ဘဲ အဲ့ဒီအစား စုန့်လင်းချွမ်ဘက်လှည့်ကာ ခုနက ပြောနေတဲ့စကားကို ဆက်လိုက်သည်။

 

 

"လင်းချွမ်၊ နက်အခု အလုပ်တွေ အရမ်းရှုပ်နေတာ နင့်ကျန်းမာရေးကို လစ်လျူရှုလို့မရဘူး။ ဒီနှစ်ရက်လုံး နင်အားလပ်ချိန်ရှိတာဘဲ၊ ဒါကြောင့် အပြည့်အစုံ ဆေးစစ်ဖို့ ဘာလို့ မသွားမှာလဲ?

 

 

စုန့်လင်းချွမ်က အစပိုင်းမှာ ငြင်းချင်နေပေမယ့်  စုန့်အာ့နန်ရဲ့ အကြည့်ကို မြင်လိုက်ရတဲ့အခါ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။  "ကောင်းပြီ ငါသွားလိုက်မယ်"

 

 

စုန့်အာ့နန်က စုန့်လင်းချွမ် ဘောတူတာကို မယုံနိုင်ဖွယ် မျက်လုံးပြူးသွားသည်။ စုန့်လင်းချွမ်က ဒီလောက်လွယ်လွယ်နဲ့ အပေးအယူ လုပ်လိမ့်မယ်လို့ မထင်ထားဘူး။

 

 

စုန့်လင်းချွမ် ဆေးရုံသွားရတာကို ဘယ်လောက်မုန်းလဲဆိုတာ ကျန်းဟန်ကလွဲပြီး ဘယ်သူမှ မသိကြပေ။ သခင်ငယ်လေးက ဒိကျန်းမာရေး စစ်ဆေးတာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နှစ်စဉ်နှစ်တိုင်း အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသည်။

 

 

သူက ကျန်းမာပေမယ့် ရောဂါရှိတဲ့ ဝေဒနာရှင်ပင်။ စုန့်လင်းချွမ်က ကျန်းဟန်ရဲ့သနားနေတဲ့အကြည့်ကို လျစ်လျူရှုလိုက်သည်။ စုန့်အာ့နန်က ပြောရတာလွယ်တဲ့ပုံပေါက်ပေမယ့်  သူမက ခေါင်းမာတတ်ကြောင်း သူသိသည်။ သူမက တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ဦးကို တွေးတောပြီးသည်နှင့် အဲ့ဒါကို ပြောင်းလဲဖို့ မလွယ်တော့ပေ။

 

 

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်အထိ၊ စုန့်အာ့နန် ဆုံးဖြတ်လျှင် စုန့်လင်းချွမ်က ဆယ်ကြိမ်တွင် ကိုးကြိမ် အလျှော့ပေးရလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ဉာဏ်ပိုကောင်းလာပြီး မလိုအပ်ဘဲ ရုန်းကန်ခြင်းကို ရပ်လိုက်သည်။ အလျှော့ပေးလိုက်တာက ပိုကောင်းတယ်။

 

 

ဒါကြောင့်၊ စုန့်လင်းချွမ်တစ်ယောက် အဲ့ဒီနေ့မှာနံနက်စာ မစားဘဲ စုန့်အာ့နန်နဲ့ အပြည့်အစုံ ဆေးစစ်မှု လုပ်ခဲ့သည်။

 

 

တနေကုန် နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီး နောက်ဆုံးမှာလိုအပ်တဲ့ စစ်ဆေးမှုအားလုံး ပြီးသွားကာ ရလဒ်ကို စိတ်ရှည်လက်ရှည်စောင့်ရုံပင်။

 

 

ရိုက်ကူးရေးမစမီ တစ်ရက်အလိုတွင် စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့မှာ နောက်ဆုံးတော့  "Our Dearest us"ရဲ့ အရင်အပိုင်းတွေကို ကြည့်ဖို့ အချိန်ရလိုက်သည်။ ကျန်းဟန်လည်း အတူ ရှိနေပြီး ရှိုးရဲ့ လုပ်ရိုးလုပ်စဉ်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးသည်။

 

 

"variety show တွေရဲ့ ထုံးစံအတိုင်း မနက်ဖြန် မနက်စောစောမှာ သူတို့မင်းတို့ကို လျှပ်တပြတ် လာခိုးရိုက်လိမ့်မယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်"

 

 

"ဒါ့အပြင် ဒီရှိုးမှာ ဇာတ်ညွှန်းမရှိပေမယ့်၊ သူတို့က...."

 

 

စုန့်အာ့နန်က အတွေ့အကြုံ မရှိတဲ့အတွက် စုန့်လင်းချွမ်ကို နှောင့်နှေးစေမှာစိုးတာကြောင့် သူမက ဂရုတစိုက် နားထောင်လိုက်သည်။

 

 

အခြားသူနဲ့ ယှဉ်ပါက စုန့်လင်းချွမ်ကတော့ ခေါင်းငုံ့ထားရင်း  အေးအေးဆေးဆေး ဖြစ်နေပုံရကာ ဖုန်းသုံးနေတာလား သူ့ပတ်ဝန်းကျင်က ဘာကိုမှ အာရုံမစိုက်ဘူးလားဆိုတာ မရှင်းလင်းပေ။

 

 

ကျန်းဟန်မှာ ပြောနေရင်း မတတ်နိုင်ဘဲ စိတ်ခံစားလိုက်ရသည်။ ကျောင်းတွင် ဆရာတွေက အဆင့်ကောင်းတွေရထားတဲ့ ကျောင်းသားတွေကို ဘာကြောင့် အမြဲတမ်း သဘောကျကြလဲဆိုတာ သူနားလည်သွားသည်။

 

 

 variety show အများအပြား ကြည့်ပြီးတဲ့နောက်၊ စုန့်အာ့နန်က အစီအစဉ်ပုံစံကို အခြေခံနားလည်လိုက်သည်။

 

 

မပြန်ခင်မှာ ကျန်းဟန်က စုန့်လင်းချွမ်ကို ဘေးနားဆွဲခေါ်လာပြီး အကြံပေးလိုက်သည်။ "ဒီတစ်ခါတော့ ဒီရှိုးပွဲက တိုက်ရိုက်လွှင့်နေမှာ၊ ဘယ်ဘဲဖြစ်ဖြစ် မင်းရဲ့ဒေါသကို ထိန်းထားရမယ် hater တွေကို ပြောကွက်မပေးနဲ့"

 

 

စုန့်လင်းချွမ်က သူ့ကို ကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်း မယုံနိုင်ဖြစ်နေသည်။ "ဖေခွမ်းက စိတ်ကောင်းတော့ သူ့မှာ hater တွေ နည်းတာကို တွေ့လို့လား?"

 

 

ကျန်းဟန်က သူပြောတဲ့စကားတွေမှာ အမှန်တရားအချို့ရှိနေတာကြောင့် ဘာပြောရမလဲ မသိတော့ပေ။

 

 

စုန့်လင်းချွမ်က ဖျော်ဖြေရေးနယ်ပယ်တွင် ဒေါသကြီးတာကြောင့် နာမည်ကြီးပေမယ့် ဖေးခွမ်ကတော့ ဒေါသမကြီးတာကြောင့် နာမည်ကြီးသည်။ သို့သော်ငြားလည်းဖေးခွမ်ရဲ့ hater တွေ အရေအတွက်မှာ စုန့်လင်းချွမ်ထက် မနိမ့်ပေ။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အတုယောင်ဆန်လွန်းပြီး သူဒေါသနည်းတဲ့အချက်အပေါ် ဗဟိုပြုထားသည်။

 

 

မည်သို့ပင်ဆိုစေကာမူ hater တွေအနေနဲ့ သူတို့လုပ်သမျှ မှားယွင်းနေပြီး သူတို့သည် အမြဲတမ်း အပြစ်ရှာနိုင်သည်။

 

 

တစ်နေ့တာရဲ့အဆုံးမှာ အသိုင်းအဝန်းရဲ့ထိပ်မှာရှိနေခြင်းက အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။

 

 

ဒီလိုမျိုးဖြစ်နေပေမယ့် ကျန်းဟန်ကတော့ စုန့်လင်းချွမ်ရဲ့ ဒေါသကို မအားပေးပါချေ။ အထူးသဖြင့် ဒီ တိုက်ရိုက်လွှင့်တဲ့ variety show ဟာ သူ့ရဲ့ public image အတွက် အရေးကြီးတာကြောင့်ပင်။

 

 

ခဏလောက် စဉ်းစားပြီးတော့ သူကဆက်ပြောလာသည်။ဒီတစ်ခါတော့ မတူဘူး၊ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရင်တောင် အနည်းဆုံးတော့ မင်းရဲ့အန်တီလေးအတွက် ဆင်ခြင်သင့်တယ်။ မင်းကြောင့် သူ့ကို ဝေဖန်မခံရ စေချင်ဘူးမလား?"

 

 

စုန့်လင်းချွမ် အံ့အားသင့်သွားပြီး အနီးနားက စုန့်အာ့နန်ကိုကြည့်ရင်း သူ့သဘောထားက သိသိသာသာ ပျော့ပြောင်းသွားသည်။

 

 

ကျန်းဟန်မှာ ဒါကိုမြင်လိုက်ရလို့ စိတ်သက်သာရာရသွားသည်။

 

 

ဒိနှစ်ရက်ကို အတူတူ ဖြတ်သန်းပြီးတဲ့နောက်မှာ၊ စုန့်အာ့နန်က တကယ် သဘောကျဖို့ ကောင်းတယ်ဆိုတာ ကျန်းဟန်သိလိုက်ရသည်။ သူမ ငယ်ရွယ်ပေမယ့် သဘာဝအတိုင်း ချစ်ဖို့ကောင်းကာ ရိုးရိုးရှင်းရှင်း ကိုယ်ရည်ကိုယ်သွေးရှိပြီး အရမ်းလည်းနာခံမှုရှိကာ ကိစ္စတွေကို အလွန်အလေးအနက် ထားတတ်ပြီး တစ်ချိန်တည်းမှာဘဲ သူမရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေကို ရှင်းရှင်းလင်းလင်း သိသည်။

 

 

သူ့ရဲ့ စုန့်လင်းချွမ်ရဲ့မန်နေဂျာအဖြစ် နှစ်ပေါင်းများစွာ အတွေ့အကြုံပေါ် အခြေခံရရင် စုန့်လင်းချွမ်ရဲ့ အခြေအနေက ခန့်မှန်းရခက်ပေမယ့် စုန့်အာ့နန်ကတော့ ပရိသတ်ကြားတွင် ရေပန်းစားမည်မှာ အသေအချာပင်။

 

 

မရေတွက်နိုင်တဲ့ ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ မျှော်လင့်ချက်များစွာရရှိပြီးတဲ့နောက်မှာ "Our Dearest us" Season 3 ကို နောက်ဆုံးမှာ စတင်ပြလာသည်။

 

 

အဆိုပါရှိုးကို ရိုက်ကူးရေးကာလတစ်လတာလုံး တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပြီး guest လေးဖွဲ့ကို ဖိတ်ကြားထားကာ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူတို့ ကိုယ်ပိုင်ဘဝရဲ့ စစ်မှန်တဲ့ အခိုက်အတန့်တွေကို တင်ဆက်ပြသဖို့ ရည်ရွယ်ထားသည်။

 

 

guest အဖွဲ့လေးဖွဲ့တွင် အဒေါ်နဲ့ တူလေးဖြစ်တဲ့ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ် အပါအဝင် စန်းကျင်းမင်းသမီး ရှစ်ချင်နဲ့ သူမရဲ့12 နှစ်အရွယ်သား ချီမူရှစ်တို့က သားအမိနှစ်ယောက်အဖြစ်၊ နာမည်ကျော် ဟာသသရုပ်ဆောင် ကောရှို့နဲ့ သူ့ဇနီးသည် လီယုတို့က စုံတွဲတွေအဖြစ် ပါဝင်ပြီး၊  အသစ်စက်စက် ဧကရာဇ်ရုပ်ရှင်ဖြစ်တဲ့ ကောကော ကျီချိုးပိုင်နဲ့ ညီဖြစ်သူ ကျီအန် တို့က ညီအစ်ကိုအတွဲအဖြစ် guest အဖွဲ့လေးဖွဲ့က တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းလေးခန်းနဲ့ ဖွင့်လှစ်ခဲ့သည်။ 

 

 

မျှော်လင့်ထားတဲ့အတိုင်း အစီအစဉ်အဖွဲ့က နံနက် ၉း၀၀ နာရီတွင် ထုတ်လွှင့်မည့်အချိန်ကို ကြေညာထားပေမယ့် နံနက် နာရီတွင် ရောက်ရှိလာသည်။

 

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်း လေးခန်းစလုံးကို တစ်ပြိုင်နက်တည်း စတင်ခဲ့ပြီး အစီအစဉ်ကို လိုက်ကြည့်သူများကလည်းအစီအစဉ်စတင်ချိန်နှင့်ပတ်သက်ပြီး အကြောင်းကြားစာတွေ ရသည်။

 

 

ကြည့်ရှုသူဟောင်းတွေက အစီအစဉ်ရဲ့လုပ်ရိုးလုပ်စဉ်နဲ့ အကျွမ်းတဝင် ရှိပေမယ့် ကြည့်ရှုသူအသစ်အချို့မှာတော့ နည်းနည်း နားမလည်ဖြစ်နေကြပြီ  ရှင်းရှင်းလင်းလင်းကိုဘဲ ဒါကို မမျှော်လင့်ထားခဲ့ပေ။

 

 

 ကြည့်ရှုသူဟောင်းဖြစ်စေ အသစ်ဖြစ်စေ တိုက်ရိုက်ကြည့်ဖို့ စိတ်ဝင်စားတဲ့ guestရဲ့ အကွက်ကို ကလစ်နှိပ်ခြင်းဖြင့် သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဆီဝင်ရောက်ကြည့်ရှုနိုင်သည်။

 

 

လွန်ခဲ့သော နှစ်ရက်က စုန့်လင်းချွမ်နဲ့ သူ့ရဲ့အန်တီလေးတို့ကြောင့် သူတို့ကိုကြည့်ကြတဲ့ ကြည့်ရှုသူ တွေမှာအများဆုံးဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရှိ လူအရေအတွက်မှာ သံသယဖြစ်ဖွယ်မရှိ လျင်မြန်စွာတိုးလာသည်။

 

 

မှတ်ချက်မှာတော့ ဝန်ထမ်းက ရှင်းထုတ်လိုက်တဲ့ "အန်တီလေး" ဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်လျှံနေသည်။

 

 

ဒါရိုက်တာရဲ့ ညွှန်ကြားချက်ကို ဝန်ထမ်းတွေက နားကြပ်ကတဆင့် လက်ခံရသည်။ ဝန်ထမ်းတွေက အသက်ပြင်းပြင်းရှူပြီး တံခါးဘဲလ်ကို စိုးရိမ်စွာနဲ့ ဖိလိုက်သည်။

 

 

ခဏကြာတော့ တံခါးနောက်ကနေ ခြေသံတွေ ထွက်လာသည်။

 

 

ဒီအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကနေ ကြည့်နေကြတဲ့ ကြည့်ရှုသူတွေဖြစ်စေ ဝန်ထမ်းတွေဖြစ်စေ အကုန်လုံးက အသက်ရှူအောင့်ကာ တံခါးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

 

 

နောက်ဆုံး လူတိုင်းရဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့မျှော်လင့်နေတဲ့ အကြည့်အောက်တွင် တံခါးက ပွင့်လာသည်။

 

 

နောက်တော့ စုန့်အာ့နန်က ကင်မရာရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

 

 

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူများ- ????

 

 

အမ်...ဒါက အန်တီလေး ဟုတ်လို့လား၊ ညီမလေးမဟုတ်ဘူးလား? !

 

 

ဝန်ထမ်းတွေကလည်း နားမလည်ဖြစ်နေကြပြီး ခဏလောက် တုံ့ဆိုင်းနေကာ မေးလိုက်သည်။ "မင်းက မစ်စုန့်ရဲ့ တူမ လား?"

 

 

စုန့်အာ့နန် - ????