အပိုင်း ၄
Viewers 3k

အပိုင်း

 

 

 

 

 

 

ရှောင်ချောင်က တုန်ဖုန်းအစုတွင် ကျော်ကြားသည့် ပါရမီရှင်ကလေး ဖြစ်သည်။ အစု၏ အတွင်းရေးမူးပင် သူမကို ချီးကျူးသည်။ အမည်သို့ပင်ဖြစ်စေ၊ သူမ၏ ခေါင်း ထိခိုက်၍ မရပေ။ မဟုတ်ရင် အနာဂတ်ကျရင် သူများတွေကို ဘယ်လိုကြွားရမလဲ?

 

 

ရှောင်ချောင်က ပြောလိုက်သည်။ "သမီး အနာဂတ်အကြောင်းစဥ်းစားနေတာ။ အဖေက အကြောသေသွားပြီဆိုတော့ နောက်ကျရင် ဘယ်လိုလုပ်မလဲ?"

 

 

ဖန်းရှောင်ကျွမ်းက မထူးခြားသလို ကြည့်လိုက်သည်။ "ဘယ်လိုလုပ်ရမလဲပေ့ါလေ။ ငါတို့နေသင့်သလို နေပေ့ါ"

 

 

ဖန်းရှောင်ကျွမ်းသည် စိတ်မပူပေ။ ချောင်မိသားစုသည် တုန်ဖုန်းအစုတွင် ကျော်ကြားသည်။ ချောင်အဖွားအို၏ နှလုံးသားက အေးသက်သော်လည်း သူမ၏ သားနှင့်မြေးက ငတ်နေသည်ကို ထိုင်မကြည့်နေနိုင်လောက်ပေ။

 

 

ထို့ကြောင့် သူမသည် အနာဂတ်ကို မစိုးရိမ်ပေ။ ယခုသူမလုပ်ရမည်မှာ ကပ်ဆိုးသာ့ချောင်ကို မောင်းထုတ်ရန် နည်းလမ်းရှာရမည်ပင်။ ကပ်ဆိုးက ထွက်သွားသရွေ့ သူတို့၏ မိသားစုက အဆင်ပြေသွားမည်။

 

 

သူမအမေ၏ ဦးနှောက်ဆဲလ်နှင့်ဆိုလျှင် ကိစ္စကို တိုက်ရိုက်မပြောသရွေ့ တစ်သက်လုံး စကားတူတူပြောရန် မဖြစ်နိုင်ပေ။

 

 

ထို့ကြောင့် ရှောင်ချောင်က တိုက်ရိုက်ပြောလိုက်သည်။ "အမေ၊ အဖေ့ကို ကွာရှင်းဖို့ တွေးဖူးလား?"

 

 

ကွာရှင်းဖို့လား?

 

 

ဖန်းရှောင်ကျွမ်းသည် ထိုအကြောင်းကို တစ်ခါမှ မတွေးဖူးပေ။

 

 

သူမသည် ချောင်ကျန်းကျွင်း၏ တိတ်ဆိတ်သောပုံစံနှင့် ကပ်ဘေးသာ့ချောင်ကို ကာကွယ်ပေးသည်အား သူမ မကြိုက်သော်လည်း ကွာရှင်းခြင်းက မဖြစ်နိုင်ပေ။ ဒီဘဝတွင် လုံးဝမဖြစ်နိုင်ပေ။

 

 

ယခုတွင် သူတို့သည် အမျိုးသမီးများက ကောင်းကင်တစ်ဝက်ကို ထမ်းထားနိုင်သည်ဟူသော အယူဝါဒကို ကျင့်သုံးနေသည်။ ကွာရှင်းခြင်းက မြို့ပေါ်တွင် ဖြစ်ပွားနေသည်။ သို့သော်လည်း ဆယ်မိုင်နဲ့ ရွာ ရွာအတွင်းမှာ ဘယ်သူက အဲ့လိုလုပ်လို့လဲ?

 

 

အကယ်၍ သူမကွာရှင်းရဲလျှင် သူမ၏ အမေအိုသည် သူမကို အိပ်ရာမှ ရက် ညမထနိုင်သည်အထိ ဒလိမ့်တုံးနှင့် ရိုက်လိမ့်မည်။

 

 

ထို့အပြင် ကွာရှင်းပြီးလျှင် သူမက ဘယ်မှာနေရမလဲ?

လက်ထပ်ပြီးသောသမီးသည် သွန်ပစ်လိုက်သော ရေကဲ့သို့ပင်။ သူမ၏ မိဘများသည် သူမကို လုံးဝပြန်လာခွင့်ပြုမည် မဟုတ်ပေ။ သူမက လမ်းပေါ်မှာအိပ်ရမှာလား?

 

 

ထို့ကြောင့် သူမသည် ရှောင်ချောင်ကို မျက်လုံးပြူးပြီး မကြည့်မီ အချိန်တော်ကြာ ထိတ်လန့်နေခဲ့သည်။

 

 

"ကျောင်းကျောင်းအာ၊ ဘာလို့ အဲ့လို မေးခွန်းမေးတာလဲ? သမီးက အဖေနဲ့အမေကို ကွာရှင်းစေချင်နေတာလား? သမီးဘာလို့ အဲ့လိုတွေးရတာလဲ?"

 

 

ရှောင်ချောင်သည် သူမအမေ၏ လူသတ်ချင်နေသည့်အကြည့်ကို မြင်သောအခါ သူမက အလွန်စိတ်မရှည် ဖြစ်သွားမှန်း နားလည်သွားသည်။

 

 

ယခုခေတ်ရှိလူများသည် မည်မျှပင်ပန်းဆင်းရဲနေစေကာမူ လွယ်ကူစွာ မကွာရှင်းကြပေ။ အကယ်၍ သူမ၏ အမေကို ကွာရှင်းစေလိုလျှင် အစီအစဥ်အရှည်ကြီး ချမှတ်ရန် လိုအပ်သည်။ ထို့အပြင် သူမသည် သင့်လျော်သောအိမ် မတွေ့သေးသဖြင့် နောက်မှ ထပ်ပြောတော့မည်။

 

 

ထိုအကြောင်းကိုတွေးပြီး သူမသည် ခေါင်းကိုငုံ့ကာ မြေကြီးပေါ်တွင် ခြေမဖြင့် စက်ဝိုင်းဆွဲနေရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "မမ အရင်တုန်းက သမီးကိုမေးဖူးတယ်။ မမကို ကြည့်ရတာ ဖေဖေနဲ့မေမေကို ကွာရှင်းစေချင်ပုံပဲ"

 

 

ဖန်းရှောင်ကျွမ်းသည် ချက်ချင်းပင် ထိမိသွားသော ဘောလုံးကဲ့သို့ ပေါက်ကွဲသွားတော့သည်။ သူမသည် ဒေါသကြောင့် နီရဲနေပြီး ပြောလိုက်သည်။

 

 

 "အဲ့ဒီမကောင်းတဲ့ကပ်ဆိုး၊ ကျိန်စာကြယ်၊ ပိုက်ဆံကုန်တဲ့ဟာလေး၊ သူမက မဟုတ်တာတွေ လုပ်နေမှန်း ငါသိသားပဲ!"

 

 

သူမသည် ပြောနေရင်း သူမ၏ ကျောင်းကျောင်ူအာက ဘာကြောင့် ထိုသို့မေးခွန်းကို မေးတာလဲဟု တွေးနေသည်။ စိတ်ထားမကောင်းတဲ့ဟာလေး! သူမနှင့် ချောင်ကျန်းကျွင်း ကွာရှင်းရန် သာ့ချောင်က ရှောင်ချောင်ကို တိုက်တွန်းနေသည်။

 

 

အဲ့လိုဆိုရင် သူမက အိမ်ပေါ်ကနေ မောင်းချမခံရတော့ဘူးလို့ ထင်နေတာလား?

 

 

အိပ်မက်မက်နေလိုက်!

 

 

"ကျောင်းကျောင်းအာ၊ နောက်ခါကျရင် အဲဒီကပ်ဆိုးနဲ့ ဝေးဝေးနေဖို့ သတိရ။ သူမရဲ့ မကောင်းတဲ့ကံတွေက သမီးကို မဖျက်ဆီးမိစေနဲ့!" ဖန်းရှောင်ကျွမ်းက ဒေါသတကြီး ပြောလိုက်သည်။

 

 

"ကောင်းပါပြီ မေမေ။ သမီး နားထောင်ပ့ါမယ်" ရှောင်ချောင်က သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်သည့်ပုံမှာ ဖြူစင်ပြီး ရိုးသားနေသကဲ့သို့ လိမ်မာပြီး ချစ်စရာလည်း ကောင်းနေသည်။

 

 

ဖန်းရှောင်ကျွမ်းသည် ချစ်စရာကောင်းပြီး ဂရုစိုက်တတ်သည့် ပုံစံကိုမြင်သောအခါ သူမ၏ စိတ်ထဲရှိ ဒေါသများက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ၏ တန်ဖိုးကြီးရတနာလေးကို ပွေ့ဖက်လိုက်သည်။

 

 

_ _ _ _ _

 

 

တိမ်တိုက်များသည် နိမ့်ဆင်းနေသဖြင့် ကောင်းကင်ကို မီးခိုးရောင် သမ်းနေစေသည်။ လယ်ကွင်းထဲရှိ မြက်ခြောက်များသည် မြူများဖြင့် ဖုံးလွှမ်းနေသည်။ အအေးဓာတ်က လူတစ်ယောက်ကို မေးရိုက်သည်အထိ ချမ်းစေသည်။

 

 

ချောင်မိသားစု ခြံဝင်းငယ်လေးသည် တကျွိကျွိမြည်နေသည်။ ညာဖက်ထောင့်ရှိ ထင်းခြောက်ထားသည့်အခန်းတံခါးသည် ပွင့်နေသည်။

 

 

သာ့ချောင်၏ ခေါင်းလေးသည် ထိုအခန်းထဲမှ ထွက်ပေါ်လာသည်။ မနက်ခင်းရှိလေအေးသည် သူမ၏ မျက်နှာကို ရိုက်ခတ်လာသည်မှာ သူမကို တုန်ယင်ပြီး နှာချေသွားစေသည်။

 

 

သူမသည် အသက်ရှူထုတ်ပြီး အေးသက်နေသည့်လက်များကို ပွတ်ကာ ခြံထဲသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူမသည် တံမြက်စည်းကို ကောက်ယူပြီး လေးနက်စွာဖြင့် တံမြက်စည်း လှည်းတော့သည်။

 

 

ခြံဝင်းငယ်က သန့်ရှင်းသွားသည်နှင့် ယခုရက်ပိုင်းတွင် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး အသားအနည်းငယ်ရှိလာသည့် သူမ၏ မျက်နှာလေးလည်း နီရဲသွားတော့သည်။

 

 

နံနက်ခင်းအလင်းရောင်သည် တိမ်တ်ုက်ထုကြားထဲမှ ထွက်ပေါ်လာပြီး သူမ၏ မျက်နှာကို လာရိုက်ခတ်နေသည်။ သူမ၏ စုတ်ဖွှာနေသည့် ဆံပင်ကို ရွှေရောင်အလင်းရောင်က လွှမ်းခြုံထားသကဲ့သို့ပင်။

 

 

ခြံဝင်းကို သန့်ရှင်းပြီးနောက် သူမသည် မီးဖိုချောင်သို့ ပြေးသွားပြီး မြေပြင်ပေါ်ရှိ အဝတ်အိတ်ထဲမှ ကန်စွန်းဥကို ယူထုတ်လိုက်သည်။

 

 

 သူမသည် ၎င်းကို ရေဆေး၊ အခွံခွာပြီး အတုံးသေးလေူများတုံးကာ ဆန်ကြမ်းလက်နှစ်ဆုပ်နှင့်အတူ ရောပြုတ်လိုက်သည်။ ထို့နောက် ကန်စွန်းဥအခွံများကို နုတ်နုတ်စင်းပြီး ကြက်ကို သွားကျွေးသည်။

 

 

ကြက်မအိုကြီးက ဥမဥသည်မှာ ရက်ခန့်ရှိပြီ။

သူမ၏ အဖေ အကြောသေသွားကတည်းကစပြီး သူသည် အမိုးကို မကြာခဏငေးကြည့်ပြီး အတွေးထဲ နစ်မြောနေသည်။ တစ်နေ့လုံး စကားတစ်ခွန်းမှ မပြောပေ။

 

 

 လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူသည် ပိုပြီး စကားပြောနည်းလာပြီး အစားလည်း စားနည်းလာသည်။

 

 

သူမ၏ အဖေ လျင်မြန်စွာပြန်ကောင်းလာစေရန် အရသာရှိသည့် စားစရာများ ပြုလုပ်ပေးချင်သည်။ သို့သော်လည်း ကူးကူက ဥမဥသဖြင့် သူမ အလွန် စိုးရိမ်နေသည်။

 

 

သူမသည် နုတ်နုတ်စင်းထားသော ကန်စွန်းဥခွံများကို ကြက်စာခွက်ထဲသို့ ထည့်လိုက်သည်။ သူမ၏ အသံသည် ဖယောင်းကဲ့သို့ နူးညံ့ပျော့ပြောင်းနေသည်။

 

 

 "ကူးကူ၊ ငါ တို့ ဆွေးနွေး ရအောင်၊ ငါက စားစရာကောင်းတွေ ပေးမယ်။ နင်က ကောင်းကောင်း ပေး။ ဟုတ်ပြီလား?"

 

 

ကြက်မအိုသည် အော်မြည်ရင်း ပျော်ရွှင်စွာ စားနေသည်။

 

 

သာ့ချောင်၏ ပါးစပ်သေးသေးလေးက ကွေးညွှတ်သွားတော့သည်။ သူမ၏ မျက်ခုံးများကလည်း ကွေးညွှတ်နေသည်။ "အဲ့ ဒါ ဆို နင် ကတိ ပေး တယ် လို့ ငါ သတ်မှတ် လိုက် ပြီ နော်?

 

 

"ကူးကူ"

 

 

သူမ၏ အဝတ်အစားများကို လျှော်ဖွတ်ပြီး လှမ်းသည့်အချိန်တွင် နေက အပြည့်ထွက်ပေါ်လာသည်။ သူမသည် ဆန်ပြုတ် နှစ်ဇလုံခပ်လိုက်ပြီး သူမအဖေ၏ အခန်းထဲသို့ ယူလာကာ သားအဖနှစ်ယောက်သည် ဟင်းရွက်ချဥ်ဖြင့် အတူစားကြသည်။

 

 

ချောင်ကျန်းကျွင်းသည် သာ့ချောင်ကို ကြည့်ပြီး အကြိမ်များစွာ စကားပြောချင်သော်လည်း ရပ်လိုက်သည်။

 

 

ယခုတစ်ကြိမ်တွင် ဖန်းရှောင်ကျွမ်းသည် သူမအမေအိမ်သို့ ပြန်သွားသည်မှာ ရက်ကြာနေပြီ ဖြစ်သည်။ အရင်တုန်းကဆိုလျှင် သူမက မကြာခဏ အလိုမကျဖြစ်ပြီး စိတ်ကောက်ကာ ထိုသို့ပြုလုပ်သော်လည်း သူက ချော့ပြီး ပြန်ခေါ်ခဲ့သည်။ ယခုတွင်မူ...

 

 

ဖန်းရှောင်ကျွမ်းက ဤသည်ကို အသုံးပြုပြီး အရှုံးပေးသည်ကို လိုချင်ကြောင်း သူသိသည်။ သို့သော်လည်း သူက တကယ်ကို မပြုလုပ်နိုင်ပေ။

 

 

သာ့ချောင်က နှစ်သာ ရှိသေးသည်။ အကယ်၍ သူမ မောင်းထုတ်ခံရလျှင် သူမကို တိုက်ရိုက်သတ်ပစ်လိုက်သည်နှင့် ဘာခြားတော့မလဲ?

 

 

သာ့ချောင်မော့ကြည့်လိုက်သောအခါ သူမ၏အဖေက သူမကို ဗလာအကြည့်များဖြင့် ကြည့်နေသည်ကို တွေ့လိုက်သည်။ ဇလုံထဲတွင် ဆန်ပြုတ်က တစ်ဝက်ကျော်မျှ ကျန်နေသေးသည်။ သူမက ခေါင်းကို အနည်းငယ်စောင်းပြီး မေးလိုက်သည်။ "ဖေ ဖေ၊ စား တော့ ဘူး လား?"

 

 

"ဖေဖေက ဗိုက်ပြည့်သွားပြီ။ သမီးပဲ ပိုစားလိုက်" ချောင်ကျန်းကျွင်းသည် သူ၏ ဇလုံကိုယူပြီး ဆန်ပြုတ်များကို သူမ၏ ဇလုံအတွင်းသို့ လောင်းထည့်လိုက်သည်။

 

 

သာ့ချောင်သည် သူမ၏ ဇလုံကို လျင်မြန်စွာ ဆွဲယူလိုက်သည်။ "ဖေ ဖေ စား၊ သမီးက ဗိုက် ပြည့် ပြီ"

 

 

ကလေးက ယခုကဲ့သို့ ဂရုစိုက်ပြီး အလိုက်သိသည်ကို မြင်သောအခါ ချောင်ကျန်းကျွင်းသည် ပိုပြီး စိတ်မကောင်းဖြစ်မိသွားသည်။

 

 

သူမ၏ အဖေက ဘာတွေးနေသည်လဲဆိုသည်ကို သာ့ချောင် မသိပေ။ မနက်စာစားပြီးနောက် သူမသည် အရှေ့ဘက်သစ်တောတွင် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်များကို သွားကောက်သည်။ အိမ်ရှိ ကောက်ရိုးခြောက်၊ ဂျုံရိုးခြောက်များသည် ကုန်နေပြီ ဖြစ်သည်။ ရက်အနည်းငယ်စာမျှပင် မကျန်တော့ပေ။

 

 

သူမ၏ အဖေကိုပြောပြီး ခြင်းတောင်းကို နောက်ကျောတွင်လွယ်ကာ သွားရန် ပြင်ဆင်သည်။

 

 

ချောင်ကျန်းကျွင်းက အခန်းထဲမှ အော်လိုက်သည်။ "ဂရုစိုက်နော်။ အဝေးကြီး မသွားနဲ့"

 

 

"သမီး သိပါတယ်"

 

 

ဆောင်းရာသီတွင် အလုပ်များ မရှိပေ။ မနက်ပိုင်းတွင် အိမ်အလုပ်များ လုပ်ပြီးနောက် အမျိုးသမီးများသည် အိမ်တံခါးဝတွင်ထိုင်ပြီး နေပူစာလှုံကာ ဖိနပ်များချုပ်ရင်း အတင်းပြောရသည်ကို သဘောကျကြသည်။

 

 

သာ့ချောင်က ခြင်းတောင်းနှင့် ဖြတ်သွားသည်ကို မြင်သောအခါ သူမကို စုန့်ကျင်းလိုင်မိန်ူမက ဆွဲထားလိုက်သည်။ "အိုး၊ ဒါက သာ့ချောင်မဟုတ်လား? သမီးရဲ့အမေ ပြန်လာပြီလား?"

 

 

သာ့ချောင်၏ လက်သည် သူမဆွဲထားမှုကြောင့် နာကျင်သွားသည်။ သာ့ချောင်က လက်ကို ပြန်ဆွဲသော်လည်း စုန့်ကျင်းလိုင်မိန်းမက တင်းတင်းဆုပ်ကိုင်ထားသည်။ " မလာ သေး ဘူး"

 

 

"အမလေး၊ ရက်တောင် ရှိနေပြီ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ? သမီးရဲ့အမေက သမီးအဖေနဲ့ ကွာရှင်းချင်နေတာလား?" စုန့်ကျင်းလိုင်မိန်းမက ချဲ့ကားပြောလိုက်သည်။

 

 

သာ့ချောင်၏ မျက်နှာက တစ်ခါတည်း ဖြူဖျော့သွားတော့သည်။

 

 

ကွာရှင်းတာက ဘာလဲဆိုသည်ကို သူမသိသည်။ သူမအမေနှင့်အဖေက ရန်ဖြစ်သည်နှင့် သူမအမေသည် ကွာရှင်းရန် ခြိမ်းခြောက်သည်။

 

 

ကော်တန်၏ အမေကလည်း ဝင်ပြီး သူမကို ခြောက်သည်။ "သမီးကို အန်တီရှင်းပြပေးမယ်။ သမီးအမေနဲ့ အမေက ကွာရှင်းရင် သူမက သမီးကို ယူမှာ မဟုတ်ဘူး။ ရှောင်ချောင်ကိုပဲ ယူသွားမှာ!"

 

 

စုန့်ကျင်းလိုင် မိန်းမက ပိုပြီး အားတက်လာသည်။ "သနားစရာလေး၊ တကယ်လို့ သူတို့တွေ ကွာရှင်းရင် သမီးရဲ့ အဖေနဲ့ သမီးက ဘယ်လိုလုပ်မလဲ? သမီးရဲ့ အဖေက အကြောသေနေပြီးတော့ သမီးကလည်း ထစ်အနေတယ်။ ကြီးလာရင် သမီးကို ဘယ်သူ ယူရဲမှာလဲ?"

 

 

သာ့ချောင်က လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသည်။ သူမ၏ မျက်နှာသေးသေးလေးက နီရဲနေသည်။

 

 

လင်းဟွေ့က အရှေ့ရှေ့ဘက်သစ်တောမှ သစ်ကိုင်းခြောက်များ ကောက်ပြီး ပြန်လာသောအခါ ထိုမြင်ကွင်းကို မြင်သွားသဖြင့် မျက်နှာတင်းတင်းဖြင့် အော်လိုက်သည်။ "နင်တို့တွေ တော်လောက်ပြီ! နှစ်ကလေးကို အဲ့လိုမျိုးပြောတာ လိပ်ပြာမလုံ မဖြစ်ဘူးလား?"

 

 

ကော်တန်၏ အမေနှင့် စုန့်ကျင်းလိုင်မိန်းမတို့သည် ရုတ်တရက်လန့်သွားကြသည်။ သာ့ချောင်သည် ထိုအခွင့်အရေးကို ယူပြီး ရုန်းထွက်ကာ လင်းဟွေ့၏ အနောက်တွင် ပြေးပုန်းခဲ့သည်။