အပိုင်း ၃
Viewers 1k

အပိုင်း

 

 

လိုင်တိ ဒီဟယ်လူငယ်လေးက ကျောက်ချင်းစုန့်ထက် သာတာ ဘာမှမရှိဘူးနော်။ ကျောက်မိသားစုက တတိယသားကို သိတယ်မလား။ သူက တပ်ရင်းခေါင်းဆောင်ဖြစ်လာတော့မှာနော်။ တပ်ရင်းခေါင်းဆောင်ဆိုတာ မြို့နယ်တရားသူကြီးနဲ့ အဆင့်တူတူလောက်ရှိတာ လိုင်တိရဲ့။ နင် သူ့ကို လက်ထပ်လိုက်တာနဲ့ တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နေရုံပဲ။ လက်ထပ်လိုက်ပြီးရင် ဒီရွာက လူတိုင်း တို့ချင်မိသားစုကို နှိမ့်ချရဲတော့မှာ မဟုတ်ဘူး။

   

 

 “သူက တစ်ခုလပ်လေ

   

 

 “တစ်ခုလပ်ဆိုလည်း ဘာဖြစ်လဲကွယ်။ သူ့ပထမဇနီးက မြို့ကလေ သူတို့စိတ်ထားက ဆိုးရွာလွန်းတော့ ကွာရှင်းပစ်လိုက်တာ မမှားဘူးရယ်။ ယောကျာ်းတွေက အအိုတွေမကြိုက်ဘူး အပျိုလေးတွေပဲ ကြိုက်တာကွဲ့။ တတိယသားဖြစ်သူက ရုပ်ရည်မဆိုးပါဘူးကွယ်။ စိုးရိမ်နေစရာမလိုပါဘူး

     

 

သူ့မှာ ကလေးတွေ ရှိနေပြီးသားကို

      

 

ကလေးလေးတွေက ငယ်သေးတယ်လေ။ အကြီးလေးဆို ငါးနှစ် အငယ်မဆို ၂နှစ်ပဲရှိသေးတာဆိုတော့ ကိုယ်က မေတ္တာနဲ့ဆက်ဆံရင် မေတ္တာပြန်ရမှာပါကွယ်။ကောင်းကောင်းပြုစုထိန်းကျောင်းပေးလိုက်ရင် ရပါတယ်။

    

 

ချင်လိုင်တိ သူမ စိတ်ထဲကနေ လှောင်ရယ်လိုက်မိသည်။မိထွေးတစ်ယောက်ဖြစ်ဖို့ လွယ်ကူသည် မဟုတ်ပေ။ သူကိုယ်တိုင်က စိတ်တိုလွယ်ပြီး ကလေးနှစ်ယောက်ကလည်း ညဉ့်ဆိုးလေးတွေ ရှိနှင့်ပြီးသားပင်။ ထို့ကြောင့် အရင်ဘဝက သူမအတွက် အိမ်ထောင်ရေးသည် မလွယ်ကူခဲ့ချေ။

    

 

ဟေး ဒီကလေးမ ဘာလို့ဒီအဘွားကို လိုက်ဆန့်ကျင့်နေတာလဲ။ မွေးလာတည်းက စားချင်တာစား လိုချင်တာရနေပေမဲ့ ဒီထက်ပိုပြီး ကြီးပွါးတိုးတက်ချင်စိတ်ရှိရမယ်လေ

 

    

ချင်လိုင်တိ မျက်မှောင်ကြုတ်ကာ သူမပြောချင်သော စကားများစွာ ရှိနေပေမဲ့ အခုချိန် ထုတ်ပြောလို့ မကောင်းသေးချေ။ သူမ ရုတ်တရက် မျက်စောင်းထိုးလိုက်ပြီးဒါပေမဲ့ ဒီက မြေးမကြားတာတော့ သူက မိဘစကားအရမ်းနားထောင်တာတဲ့နော်။ သူ့လစာ ၄၈ ယွမ် ရတာကို ၄၀တောင် မိဘအိမ်ပြန်ပို့ပေးတာဆိုလားပဲ

     

 

ထိုစကားကို ကြားလိုက်ရတဲ့အခါ အဘွားချင်သည် ချက်ချင်းစိတ်ဝင်စားသွားပြီးဘယ်သူ့ဆီကနေ သိခဲ့တာလဲ

    

 

သူမ အရင်ဘဝတွင် ကျောက်ချင်းစုန့်သည် သားလိမ််မာလေးဖြစ်တယ်ဆိုတာ လက်ထပ်ပြီးမှသာ သိခဲ့ရသည်။သူမမြစ်ဆီမှာ အဝတ်လျှော်နေတဲ့ အချိန်မှာ အဒေါ်ကျောက်ကိုယ်တိုင် ကြွားလုံးထုတ်ပြောနေတာကို ကြားခဲ့ရသည်။ သူမပြောခဲ့တာက ကျောက်မိသားစု၏ ၅ထပ်မြင့်သော အုတ်တိုက်အိမ်ကြီးသည် သူမတို့ တတိယသားပေးသည့် ပိုက်ဆံတွေနှင့် ဆောက်ထားတာဖြစ်ကြောင်းပင်။

   

 

အဘွားချင်သည် နူတ်ခမ်းကို တွန့်လိုက်ပြီး စဉ်းစားမိသွားသည်။ လက်ထပ်ယူလိုက်သော ယောကျာ်းဖြစ်သူက မိဘစကား အရမ်းနားထောင်သူဖြစ်နေလျှင် ဆိုးကျိုးခံစားရမည့်သူသည် မိန်းမဖြစ်သူပင် ဖြစ်လေသည်။

    

 

ဒီမိန်းမလည်လေးကတော့လေ ငါတို့အခြေအနေနဲ့သာ ဒီကျောက်လူငယ်လို လူတစ်ယောက် ရှာတွေ့နိုင်တယ်ဆိုတာနဲ့တင် ဘိုးဘေးတွေအုတ်ဂူကနေ မီးခိုးထွက်လာသလိုမျိုး ရှားပါးတဲ့ အရာပဲအေ့။ နှမြောစရာကောင်းလိုက်တာနော် ဒီကြံချောင်းက ဘာလို့များ နှစ်ဖက်လုံး မချိုနိုင်ရတာလဲကွယ်

   

 

 ဒါပေမဲ့လည်း အဘွားချင် တွေးနေမိသည်မှာ ချင်လိုင်တိသာ ကျောက်ချင်းစုန့်၏ ချစ်ခင်နှစ်သက်မှုကို ရနိုင်လျှင် သူ့လစာအကုန်သူမကို ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲလေ။

   

 

ချင်လိုင်တိသည် ခါးသီးစွာပြုံးလိုက်ရင်း မိထွေးအများစုသည် သူတို့ဘဝတစ်လျှောက်လုံး ချစ်ခင်နွေးထွေးမှုကို မရနိုင်ကြဟု တွေးနေမိသည်။ ကျောက်ချင်းစုန့်လိုအပ်နေသည်က အချစ်မဟုတ် ဇနီးတစ်ယောက်အိမ်ထောင်ရှင်မတစ်ယောက် မဟုတ်ပေ။ သူလိုအပ်နေသောအရာက ပိုက်ဆံမပေးရသော ကလေးထိန်းတစ်ယောက်သာဖြစ်သည်။

  

 

 “အဘွား ကျွန်မ ကလေးထိန်းတစ်ယောက်လည်း မဖြစ်ချင်ဘူး။ ကျွန်မ အနာဂါတ်မှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်။ အဘွား အသက်အရွယ် အိုမင်းလာချိန်ကျ နေစရာအိမ်တစ်လုံးနဲ့ ကားတစ်စီးလည်း ထောက်ပံ့ပေးမယ်

   

 

 ချင်ကွေ့ဟွားသည် ထိုသို့ပြောတာကို ကြားပြီး သဘောကျကာ သူမသွားများပေါ်သည်ထိ အတန်ကြာရီမောနေမိသည်။ သူမ နှစ်အတန်ကြာ အသက်ရှင်လာသော်လည်း ယောကျာ်းရောသားဖြစ်သူကပါ ဒီလိုပြောတာကို မကြားခဲ့ရပေ။ ဒီ၃ယောက်မြောက်မြေးမလေး သူမလက်ထဲ ကြီးပျင်းလာသည့် မြေးမလေးကပဲ သူမကို စောင့်ရှောက်ပေးမည်ဟု ပြောကြားခဲ့သည်။

    

 

ချင်လိုင်တိသည် မီးထဲလောင်စာထည့်သကဲ့သို့အဘွား အကြီးဆုံးခဲအိုရဲ့ ခြံဝန်းထဲက သနားစရာအဘွားကြီးကို မှတ်မိလား

    

 

သူမနဲ့ ဘာဆိုင်လို့လဲ  

    

 

အကြီးဆုံးမြေးမ၏ ခင်ပွန်းမိသားစုသည် နိုင်ငံပိုင်စတီးထုတ်လုပ်ရေးစက်ရုံတွင် နေထိုင်သည်။ သူမ ထိုအိမ်ကို မကြာခဏ အလည်အပတ်သွားဖူးပြီး ထိုအဘွားကြီးမည်မျှသနားစရာကောင်းစွာ နေထိုင်နေရသလဲဆိုတာ သူမကိုယ်တိုင်မြင်တွေ့ဖူးသည်။

    

 

ကျွန်မကြားတာတော့ အဲ့အဘွားအိုက အရင်က မိန်းမကောင်းလေးတစ်ယောက်တဲ့။ သူမထက် အသက်၁၀နှစ်ပိုကြီးတဲ့ လူတစ်ယောက်ကို ယူလိုက်ရတာတော့ နှမြောစရာပဲ။ ပြီးတော့ အဲ့လူကြီးက ကွာရှင်းထားတာ မကြာသေးဘူးတဲ့။ သူမက လင်ပါသားသမီးတွေကို ဘယ်လောက် ကောင်းပေးကောင်းပေး အဲ့ကလေးတွေက အမေအရင်းကိုပဲ အကောင်းမြင်ကြတာလေ။ အဲ့သူယူထားတဲ့ ယောကျာ်းကလည်း သူ့ကလေးတွေကို မိထွေးက နှိပ်စက်မှာကိုပဲ စိုးရိမ်တော့ ကလေးထပ်မရနိုင်အောင် သားကြောဖြတ်လိုက်တာတဲ့လေ။ အဘွား သားကြောဖြတ်တာဆိုတာ သိလား

     

 

ချင်ကွေ့ဟွား မပြုံးနိုင်တော့ချေ။ ယောကျာ်းတစ်ယောက်က အလုပ်အကိုင် ကောင်းကောင်းသာရှိလျှင် သားသမီး ဘယ်လောက်များများ ကျွေးထားနိုင်သည်။ သို့သော် သားသမီးများလေ အရှုပ်အရှင်းများလေဖြစ်သောကြောင့် အိမ်ထောင်ရေး မအေးချမ်းနိုင်ပေ။

   

 

 “ကျွန်မ သားကြောဖြတ်တာ ဘာဆိုတာ မသိပေမဲ့ အဲ့လူအိုကြီးကတော့ တော်တော်လည်တယ် သိလား။ သူ့ဒုတိယမိန်းမ မသိအောင် ပိုက်ဆံတွေစုထားပြီး သူ့သားကို အိမ်ဝယ်ပေးတယ် ကားဝယ်ပေးတယ် နောက်ဆုံးမိန်းမတောင် တောင်းပေးလိုက်သေးတယ်။ ဒါပေမဲ့ မိန်းမ နေမကောင်းဖြစ်နေတာကိုကျ ဆရာဝန်ခေါ်ပေးဖို့ ပိုက်ဆံမရှိဘူးပဲ ပြောတာတဲ့။ သူ့မိန်းမကို ခဏခဏသေမလိုတောင် ထားထားခဲ့တာတဲ့လေ

  

 

 ချင်ကွေ့ဟွား - “…….”

    

 

သူမ မျက်နှာပျက်မနေပေမဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

   

 

ပိုပြီးရက်စက်တာကလေ နောက်ပိုင်းယောကျာ်းဖြစ်သူနေမကောင်းတော့လည်း မိထွေးဖြစ်သူကပဲ ပြုစုပေးခဲ့ရတာကို အဲ့လူအိုကြီးသေတော့ မိထွေးဖြစ်သူကို လင်ပါသားသမီးတွေက အိမ်ပေါ်ကနေ မောင်းချပစ်တယ်တဲ့။ အခုဆို အဲ့အိမ်အပြင်ဘက်ခြံဝန်းဘေးမှာ တဲလေးဆောက်ပြီး နေနေရတာလေ။ ဝမ်းစာအတွက်ကိုတောင် အမှိုက်ပုံမှာ ရှာဖွေစားသောက်နေရရှာတယ်။ အရင်တခေါက်တုန်းက အဘွားမြင်ခဲ့တယ်မလား

 

   

ချင်ကွေ့ဟွားသည် ဒေါသကိုမထိန်းနိုင်ပဲ အော်ပစ်လိုက်သည်။အားး ဒီဆိုးဝါးတဲ့ လူအိုကြီးကတော့ တကယ်ကို အမှိုက်ပဲဟေ့

 

   

ချင်လိုင်တိ အံကြိတ်လိုက်မိသည်။ ထိုအရာတွေ အားလုံးသည် သူမအရင်ဘဝတွင် ကြုံတွေ့ခဲ့ရပြီးပြီဖြစ်သည်။ ကျောက်ချင်းစုန့်ကို သဂြိုလ်ပြီးချိန်တွင် သူ့ပိုင်ပစ္စည်းတွေကို ရှင်းလင်းသည့်အချိန်ကျမှ သူမသည် သားကြောဖြတ်ထားသည့် ခွဲစိတ်မှုစာရွက်ကို တွေ့ခဲ့ရသည်။

 

 

တခြားအိမ်ထောင်သည်တွေ ကလေးရရန် လွယ်ကူနေသည်ကို သူမတို့ဘာကြောင့် ကလေးမရနိုင်ခဲ့တာလဲဆိုတာကို သူမ အမြဲသိချင်နေခဲ့ရသည်။ သူမအိမ်ပေါ်က နှင်ချခံရပြီးနောက် ထိုခွဲစိတ်မှုစာရွက်အကြောင်းကို မေးမြန်းသိရှိခဲ့ရသည်။ သူမတို့ လက်ထပ်ပြီးသည့်အချိန်ကစ၍ ကျောက်ချင်းစုန့်သည် သူမနှစ်ပေါင်းများစွာနေထိုင်ခဲ့သော အိမ်ကို သားဖြစ်သူကို ပိုင်ဆိုင်မှုလွှဲပြောင်းပေးခဲ့မှန်း သူမ မသိခဲ့ပေ။

 

 

 အကယ်၍ ကျောက်ချင်းစုန့်သည် ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်လျှင် သူတို့သားအဖ၃ယောက်သာ အေးအေးချမ်းချမ်းနေပြီး အခြားမဆိုင်သည့် သူစိမ်းတစ်ယောက်ကို မဆီမဆိုင်ဒုက္ခမပေးသင့်ပေ။

   

 

ယခုအချိန်တွင် ချင်ကွေ့ဟွားသည် ကျောက်ချင်းစုန့်အပေါ် လုံးဝလက်လျှောလိုက်ပြီဖြစ်သည်။ 

    

 

ဒါမဲ့ အခုစစ်တပ်က အလုပ်ခေါ်နေတာတွေ ရှိတယ်သိလား။ ညည်းသာ စာကောင်းကောင်းလေ့လာခဲ့ပြီး ကျွမ်းကျင်မှုတစ်ခုခုရှိရင် အလုပ်လျှောက်လို့ရတယ်အေ။ အခုကျ နှမြောစရာပဲ

      

 

အဘွား ကျွန်မ ကျွမ်းကျင်တာရှိတယ်

    

 

 “အခုအကောင်းပြောနေတာနော် စနောက်စရာ မဟုတ်ဘူး

     

 

အဘွား ကျွန်မ တကယ်ပြောနေတာ ကျွန်မ ဆရာဝန်တစ်ယောက်ဖြစ်နိုင်တယ်

        

 

၁၉၉၆ ခုနှစ်တွင် ဆရာဝန်ကြီးတစ်ယောက် ရွာကို ရောက်ရှိလာခဲ့သည်။ သူသည် ပေကျင်းမြို့ရှိ ဆေးရုံကြီးမှ ဆရာဝန်တစ်ယောက် ဖြစ်ကြောင်း ပြောသည်။သူမ ထိုဆရာဝန်နောက်သို့ အမြဲတစေတကောက်ကောက်လိုက် စပ်စုနေခဲ့သည်။ တစ်ရက် ထိုဆရာဝန်နေမကောင်းဖြစ်နေသောအခါ သူမသည် စားစရာသောက်စရာတွေ ပို့ပေးရင်း ကူညီပေးဖြစ်ခဲ့သည်။ ထိုကျေးဇူးကြောင့် ဆရာဝန်သည် သူမကို ဆေးပညာ

နှစ်အတော်ကြာ သင်ကြားပေးခဲ့သည်။

     

 

သူမအိမ်ထောင်ကျပြီး လမ့်ဟယ်မြို့သို့ ပြောင်းရွှေခဲ့ပြီးနောက် လင်ပါသားသမီးတွေကလည်း ကျောင်းတက်နေသည်ဖြစ်ရာ သူမအားလပ်ချိန်အတော်များများရှိနေခဲ့သည်။ သူမကို ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာအထောက်အပံ့ဌာနမှ ဖွင့်လှစ်သော သင်တန်းတွင် သင်ကြားလေ့ကျင့်နိုင်ရန် ရွေးချယ်ခံခဲ့ရသည်။ နှစ်တစ်ဝက်ကျော်သာ သင်ကြားခံခဲ့ရသည်ဆိုသော်လည်း သူမသည် ဆေးပညာနှင့် ပတ်သက်လျှင် ပါရမီပါသောကြောင့်  ဆေးရုံတစ်ခုတွင် နှစ်အတန်ကြာအလုပ်လုပ်နိုင်ခဲ့သည်။

   

 

သူမသည် သင်တန်းတက်စဉ်တွင် သူများတွေထက် ပို၍အပြင်းအထန် လေ့ကျင့်သင်ယူခဲ့သည်။ ထို့ကြောင့် အခြားသင်တန်း ကျောင်းဆင်းဆရာဝန်တွေထက် ပိုပြီး တတ်မြောက်သည်ဟု နာမည်ကောင်းရကာ လူနာများစွာရရှိခဲ့သည်။ တကူးတက ကျေးလက်ဒေသတွေကနေတောင် သူမနှင့်ပြသရန် လာသည့် လူနာတွေရှိခဲ့သေးသည်။ ထိုနှစ်တွေသည် သူမဘဝ၏ အပျော်ရွှင်ရဆုံးအချိန်တွေဖြစ်ခဲ့သည်။

     

 

ထိုစဉ်က သူမတွင် အခြေတကျ အလုပ်တစ်ခုရှိခဲ့ပြီး ကောင်းမွန်သော လစာနှင့် လူတွေ၏ အသိအမှတ်ပြုမှုတို့ကို ရရှိခဲ့သည်။ မကြာခင်တွင် ရာထူးတိုးတော့မည်လည်း ဖြစ်သည်။

     

 

ကံမကောင်းစွာနှင့် သူမအလုပ်များနေခဲ့တာကြောင့် လင်ပါသားသမီး၂ယောက်ကို အသေးစိတ် ဂရုမစိုက်ပေးနိုင်ခဲ့ပေ။ လင်ပါသားဖြစ်သူ ကျောက်ဟိုင်ယန်သည် ရန်ပွဲများဖြစ်ပြီး သမီးဖြစ်သူ ကျောက်ဟိုင်ယန်းသည်လည်း ရွယ်တူသူငယ်ချင်းများဆီမှ အနိုင်ကျင့်ခံရမှုများ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူမသည် ဆရာဆရာမများနှင့် တွေ့ဆုံစကားပြောခဲ့ရသည်။

    

 

ခရီးအမြဲလိုသွားနေရသော ကျောက်ချင်းစုန့်သည် သူမကို အလုပ်မှ ထွက်ခိုင်းကာ သားသမီးများကိုသာ အိမ်မှာနေပြီး စောင့်ရှောက်ပေးရန် ပြောခဲ့သည်။ သူမကို သူ့လစာ ပုံ၂ ပုံ ပြန်အပ်မည်ဖြစ်ကာ ဖြစ်လာမည့်ငွေရေးကြေးရေး ပြဿနာများကို သူကိုယ်တိုင်ဖြေရှင်းပေးမည်ဖြစ်သောကြောင့် သူမသည် သူ့သားသမီးများကိုစောင့်ရှောက်ပေးရန်သာ လိုအပ်သည်ဟု ခိုင်းစေခဲ့သည်။

    

 

သူ့ဆန္ဒအတိုင်း လုပ်သွားခဲ့ပြီး သူ့သားသမီးတွေလည်း ပြသာနာမရှုပ်တော့ပဲ အဆင်ပြေပြေနှင့် ကျောင်းဆက်တက်နိုင်ခဲ့သည်။ သို့သော် မည်သူမျှ သူမဆုံးရှုံးသွားရသည်ကို ဂရုမစိုက်ကြချေ။

   

 

 ထိုအကြောင်းများကို တွေးလိုက်မိသည်နှင့် ချင်လိုင်တိသည် သူမလက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်မိသည်။ "မိထွေးဖြစ်ချင်တဲ့သူတွေ မိထွေးလုပ်နေလိုက်တော့ ငါကတော့ ဆရာဝန် ဖြစ်ကိုဖြစ်ရမယ်

        

 

ချင်ကွေ့ဟွားသည် လျန်ရှန့်အကြောင်းကို စဉ်းစားနေမိသည်။ ဟယ်လူငယ်လေးသည် ခြေထောက်တွေ မသန်စွမ်းဖြစ်နေသည်ဆိုပေမဲ့ အနည်းဆုံးတော့ သူမမြေးမလေး ထမင်းမငတ်နိုင်ပါချေ။

     

 

အချိန်အရမ်းကြာသွားရင် မကောင်းသတင်းတွေ ထွက်လာမှာဆိုးလို့ ကောင်လေးဟယ်ကို အခုချက်ချင်းလက်ထပ်ယူပေးဖို့ အဘွား ပြောလိုက်မိတယ်

    

 

ချင်လိုင်တိ စာအိတ်ဖောက်ပြီး စာကိုဖတ်လိုက်သောအခါ မြင်လိုက်ရတာက ဟယ်လျန်ရှန့် ကိုယ်တိုင်ရေးထားသော မိတ်ဆက်စာနှင့် အိမ်ထောင်စုမှတ်ပုံတင်ဖြစ်နေသည်။ ပိုပြီး အံ့အားသင့်ဖို့ကောင်းတာက မိတ်ဆက်စာသည် လက်ထပ်ရန် ချိန်းဆိုစာဖြစ်နေသည်ပင်။ သူမ ရုတ်တရက် တစ်ခုမှတ်မိလိုက်သည်။ အရင်ဘဝတွင် သူမဆေးရုံတွင် စက်ပစ္စည်းများ ခိုးယူခံလိုက်ရသောအခါ ဟယ်လျန်ရှန့်ကိုယ်တိုင် လာရောက်အသစ် တပ်ဆင်ပေးခဲ့သည်။ ထိုစဉ်က သူသည် တာဝန်ခံစာတစ်စောင်ကိုတောင် ရေးသားပေးခဲ့သေးသည်။ထို့ကြောင့် သူ့လက်ရေးကို မှတ်မိနေတာဖြစ်သည်။

     

 

အဘွား တပ်စီရင်စုကိုသွားပြီး မြေးကို သူနဲ့ တွေ့ဖို့ချိန်းပေးပါလားဟင်။ ကျွန်မ ရွာထိပ်ကနေ စောင့်နေမယ်လေနော်

     

 

ချင်ကွေ့ဟွား စကားတောင်မပြောနိုင်ပဲ အာစေးမိသလိုဖြစ်နေသည်။ သို့သော် သူမပြောသလို လုပ်ပေးရန် သွားလိုက်သည်။

    

 

 မယုံကြည်သလို ခံစားနေရသူက ဟယ်လျန်ရှန့်ဖြစ်နေသည်။ သူ့ရှေ့တွင် ပါးအို့နီနီလေးနှင့်ကောင်မလေးကို ကြည့်နေမိသည်။ သူမသည် မဲနက်နေသောကျစ်ဆံမြီးလေးနှစ်ချောင်းကို ပုခုံးတစ်ဖက်တစ်ချက်ချကာ သူမ၏ မျက်လုံးဝိုင်းဝိုင်းနက်နက်ကလေးနှင့် မမှိတ်မသုန်ကြည့်ပြီးရှင်က …….”

     

 

မင်းမိန်းမလေးလာတယ်ဟေ့ ဘေးနားကလူများက ဝိုင်းစကြသည်။

      

 

ဟယ်လျန်ရှန့်သည် သူ့ကြည့်ကောင်းသော မျက်ခုံးများကို အနည်းငယ်တွန့်လိုက်ကာ သူ့ဒေါသကို ထိန်းပြီး ပြောလိုက်သည်။တခြားနေရာကို သွားရအောင်

      

 

လူရှင်းသည့်နေရာရောက်ပြီး သူတို့ပြောမည့် စကားများကို တခြားသူများမကြားရတာသေချာမှ ပြောလိုက်သည်။နားလည်မှုလွဲနေပြီထင်တယ် ကိုယ်က မင်းကို ကယ်ဖို့ အားနည်းနည်း စိုက်ထုတ်ခဲ့တာပဲရှိတာ။ မင်းဆီကနေ အကျိုးအမြတ် ယူလိုစိတ် မရှိပါဘူး

      

 

ချင်လိုင်တိ သူမစိတ်ထဲတွင် တွေးနေမိသည်ငတုံးလေး မင်းအရင်ဘဝကလည်း ငါ့ဆီက အကျိုးအမြတ်မယူချင်ဘူးပြောခဲ့ပေမဲ့ အဲ့အချိန်မှာ ငါက မုဆိုးမအဘွားအိုကြီးဖြစ်နေခဲ့ပြီလေ။ ဘာတွေဖုံးကွယ်ချင်နေရတာလဲ။မင်းအခုလို ဖုံးကွယ်ထားရင် မင်းတစ်ဘဝလုံးအထီးကျန်နေရတော့မှာနော် ငတုံးလေး

    

 

ကျွန်မကပဲ သူများဒုက္ခရောက်တာကို အခွင့်ကောင်းယူချင်တာပါ

    

 

ဟယ်လျန်ရှန့်၏ ချောမောသည့် မျက်နှာလေး ခဏတာ ကြောင်အသွားခဲ့သည်။သူသည် အရပ်ရှည်ပြီး အသားဖြူဖွေးကာ ဆံပင်နက်နက်လေးနှင့် ချောမောသောသူဖြစ်သည်။ သို့သော် ဒီကျေးလက်ဒေသတွင် ထိုကဲ့သို့ ချောမောပုံမျိုးကို အနည်းငယ်မိန်းမဆန်သည့် ကောင်ချောလေးဟု ရည်ညွှန်းကြသည်။

    

 

ဒါပေမဲ့ သူက အရမ်းချောတယ်လေနော် ဟီးဟီး

    

 

အရင်ဆုံး ထုံးစံအတိုင်း မိတ်ဆက်ရရင် ကျွန်မနာမည်က ချင်လိုင်တိ ရှင့်နာမည်က ဟယ်လျန်ရှန့် ဟုတ်တယ်မလား

   

 

အင်း သူသည် သူ့ရှေ့က ဆန့်ထုတ်ထားသည့် သေးသွယ်ပြီး ဖြူဖွေးနေသော လက်လေးကို ကြည့်ကာ မဆုတ်ကိုင်ရဲခဲ့ချေ။ သူမ အရမ်းအသားဖြူသည်ကို သူမြင်နေရသည်။

    

 

သူမကို သူရေထဲကနေ ကယ်ဆယ်သည့်အချိန်တုန်းက သူမအဝတ်အစားတွေ အကုန်လုံး ရေစိုရွှဲနေခဲ့သည်။နွေရာသီလည်း ဖြစ်နေတာမို့ သူမက ပါးလွှာသော အဝတ်တွေသာ ဝတ်ဆင်ထားခဲ့သည်။ သူအမှတ်မထင်နှင့် မြင်ခဲ့ရသောပုံစံကြောင့် အခုချိန်ထိ အပြစ်မကင်းမှုကို ခံစားနေရတာဖြစ်သည်။ ထို့ကြောင့် ချင်ကွေ့ဟွား သူ့ကို လက်ထပ်ရန်တိုက်တွန်းသောအခါ အိမ်ထောင်စုမှတ်ပုံတင်ကို ပေးပို့ပေးခဲ့ခြင်းဖြစ်သည်။

   

 

သူသည် ရှေးရိုးစွဲလူတစ်ယောက်မဟုတ်ပေမဲ့ ရွာထုံးစံကို နားလည်ပေးနိုင်သည်။ တစ်ရွာလုံး ဒီကလေးမလေးကို အသက်ကြီးနေပေမဲ့ လက်မထပ်နိုင်သေး၍ ကဲ့ရဲ့နေကြပြီး သူမ အရင်စေ့စပ်ခဲ့သူတွေနှင့်လည်း အဆင်မပြေခဲ့ကြောင်း ပြောဆိုနေကြတာ သူသိသည်။ အကယ်၍ သူမ၏ အတွင်းအစိတ်အပိုင်းတွေကို သူမြင်တာကို လူတွေသာသိသွားလျှင် သူမဘဝတစ်လျှောက်လုံးလက်ထပ်နိုင်မည် မဟုတ်တော့ချေ။

     

 

မင်း ကိုယ့် အခြေအနေကို နားမလည်နိုင်လောက်ဘူး

     

 

ကျွန်မသိတယ် ရှင်က ပေကျင်းဇာတိ အခု ၂၃နှစ်ရှိပြီး စစ်မှုထမ်းဟောင်းတစ်ယောက်။ ရှင့်မိဘတွေက ပေတဟွမ်မှာ အခု ရှင် ဟိုင်ချန်မှာ အလုပ်လုပ်နေတယ် ဟုတ်တယ်မလား

    

 

ဒီကလေးမငယ်လေးသည် အရမ်းကိုမှ ချစ်စရာကောင်းနေပြီး ခပ်စွာစွာနှင့် စကားပြောနေလေသည်။ ဟယ်လျန်ရှန့် စကားတစ်ခွန်းမှ မပြောနိုင်အောင် ငေးမောသွားမိသည်။

     

 

နှစ်စက္ကန့်မျှ ကြာပြီးနောက်ကိုယ့်ဘယ်ခြေက မသန်မစွမ်းဖြစ်နေတာကို မင်းဂရုမစိုက်ဘူးလား

   

 

ကျွန်မ ဂရုမစိုက်ဘူး

    

 

သူ့ဒဏ်ရာသည် သူ့ရဲဘော်တွေကို ကယ်တင်ရာမှ ရခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ကာကွယ်သည့်သဘောသက်ရောက်သောကြောင့် ဆုတံဆိပ်တောင် ရသင့်သေးသည်။ ဒါ့အပြင် သူမနဲ့အတူနေသ၍ ကုသရန်နည်းလမ်းကို သူမ ရှာဖွေပေးနိုင်လေသည်။

   

 

 “ကိုယ်က ခလေးတွေကိုလည်း မချစ်တတ်ဘူး။ ဒါကို လက်ခံပေးနိုင်လို့လား

   

 

ကျွန်မ လက်ခံနိုင်တယ်

      

 

အခု မင်း ခလေးတွေကို မကြိုက်ဘူးပြောပေမဲ့ အရင်ဘဝတုန်းက ခလေးတွေကိုမြင်ရင် လမ်းတောင်ဖြောင့်ဖြောင့်မလျှောက်နိုင်ပဲ ကြည့်ကြည့်နေတာလည်း မင်းပဲလေ သူမသည် သူအမှန်တိုင်းပြောလာအောင် နောက်ပိုင်းကြိုးစားမည်ဟု တွေးနေသည်။

    

 

 “မင်းအခုပြောတဲ့ စကားတွေကို တာဝန်ယူနိုင်လို့လား

   

 

လိုင်တိ မျက်လုံးများမှေးတဲ့ထိ ပြုံးလိုက်ပြီးအင်း တာဝန်ယူတယ်

        

 

သူမ မျက်ဝန်းထဲမှ ပြတ်သားမှုကို မြင်နေရကာ ဟယ်လျန်ရှန့် တုံ့ဆိုင်းဆိုင်းနှင့်ဒါဆို ကိုယ်တို့ အခုချက်ချင်းလက်ထပ်လိုက်ရင်ရော ဘယ်လိုလဲ

       

 

သူတို့တပ်စုသည် မနက်ဖြန်တွင် ရှီလန် စီရင်စုသို့ ထွက်ခွါရတော့မည်ဖြစ်သည်။ တစ်ခါထွက်သွားပြီးရင် ပြန်လာရန် မလွယ်ကူတော့ပေ။

    

 

 “ကျွန်မ အဆင်ပြေတယ်

   

 

 “ကောင်းပြီ