အပိုင်း ၄
Viewers 671

အပိုင်း

 

 

 

၂နာရီကြာပြီးသောအခါ ချင်လိုင်တိသည် စာအုပ်အနီလေးတစ်အုပ်ကို ကိုင်ထားသည်။ စာအုပ်တစ်ဖက်တွင် အနီရောင် စာလုံးတွေရှိနေပြီး တစ်ဖက်တွင် သူမတို့ကိုယ်ရေး အချက်အလက်တွေ ရှိနေသည်။ အသိသာဆုံးအရာသည် စာအုပ်အလည်ခေါင် တည့်တည့်တွင် ရှိနေသောလက်ထပ်စာချုပ်ဆိုသည့် စာလုံးများဖြစ်သည်။

    

 

ဟယ်လျန်ရှန့်သည် ထိုစာအုပ်ကို တစ်ချက်လေးတောင်မကြည့်ပဲ သူမ၏ ထိုစာအုပ်ကို စူးစိုက်ကြည့်နေသော ပုံစံလေးကိုသာ ကြည့်နေသည်။

 

 

နောက်မှ ဓာတ်ပုံရိုက်ပြီး ကပ်ကြတာပေါ့။ ကိုယ်အခုည လုပ်စရာရှိလို့ ကိုယ်ပြန်လာတဲ့ထိစောင့်နေနော်။ ပြီးမှ လက်ထပ်ပွဲအကြောင်း တိုင်ပင်ရအောင်။

 

 

 ပုံမှန်ဆိုလျှင် လက်ထပ်စာအုပ်ပေါ်တွင် စုံတွဲအဖြူအမဲပုံလေးကပ်ရမည်ဖြစ်သည်။ သို့သော် ချင်လိုင်တိသည် ထိုကဲ့သို့ အသေးအဖွဲကိစ္စလေးတွေကို အာရုံမစိုက်ပေ။

     

 

အဆင်ပြေပါတယ် ရှင်လုပ်စရာရှိတာ သွားလုပ်လို့ရတယ်

   

 

ဂရုစိုက်ပြန်နော်

     

 

ဟယ်လျန်ရှန့်သည် စိတ်ပျော်ရွှင်နေသည့် ခံစားချက်လေးဖြစ်နေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ယောက်နှင့် ၁မီတာမျှ ခြးပြီး လမ်းလျှောက်ကာ ရွာသို့ လမ်းလျှောက်ပြန်ခဲ့ကြသည်။ စပ်စုချင်သော ရွာသားများသည်  ရွာထိပ်တွင် စုရုံးရောက်ရှိနေကြသည်။

   

 

 “အဲ့ကောင်လေး နောက်ဆို နောင်တရနေမယ်ဆိုတာ ငါကျိန်ပြောရဲတယ်

   

 

သူတို့နှစ်ယောက် တရားရုံးမရောက်ခင် ရန်ဖြစ်တာလည်းဖြစ်နိုင်တာပဲလေ

   

 

 “ အဲ့ချင်ကောင်မလေးရဲ့ ဒေါသကြီးတာကို ဘယ်သူက သည်းခံနိုင်မှာလဲ

    

 

 “ ဟုတ်တယ် အရင်တစ်ခါသူနဲ့ စေ့စပ်ထားတဲ့ကောင်လေးဆို သူရိုက်ပစ်တာ ဆေးရုံမှာ လဝက်ကျော်လောက်ထိ နေလိုက်ရတယ်တဲ့လေ

     

 

 ဘယ်လိုပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်သည် လက်ထပ်စာချုပ်ရရုံ သက်သက်မဟုတ်ပဲ တစ်ယောက်ယောက်နှင့် လိုက်ဖက်ညီသည်ဟု ခံစားနေရသည်။

 

 

ဟယ်လျန်ရှန့်သည် သူမကို အငှါးယာဉ်ပေါ်တက်သည့်အချိန်တွင် လက်ဆန့်တန်းပြီး တွဲကူပေးခဲ့သေးသည်။ သူမသည်လည်း ကားပေါ်တက်နေချိန် သူ့လက်ကို ကိုင်ဆုပ်လိုက်ပုံမှာ နှစ်ယောက်သားသည် အချိန်အကြာကြီး အတူရှိလာခဲ့သော စုံတွဲကဲ့သို့ပင်။

    

 

 “အိုး ငါပဲ မှားမြင်နေတာလား။ ဒီနှစ်ယောက်က အတော်လေးကို စိတ်တူကိုယ်တူရှိတဲ့ အတွဲတွေလိုပဲနော်။ အဲ့ကောင်လေး ရှောင်ဟယ်ကလည်း ကြည့်ရတာ အရမ်းဆိုးဝါးမနေလောက်ပါဘူး

    

 

 အဘွားလျို့သည် ထိုစကားတွေကို ကြားလိုက်ရသောအခါ သူမသွားများကျွတ်ကျမတတ် ရီမောနေမိသည်။ သူမစိတ်ထဲမှလည်း 'ဒီချင်ကောင်မလေးက ဘယ်လောက်ထိ ဟန်ဆောင်နေနိုင်မှာမို့လဲ။ သူများတွေရန်စလာရင်ရော သည်းခံနိုင်မယ်လို့တော့ မထင်ပါဘူး။ ဒါမဲ့ အဲ့တာတွေထက် သူစိမ်းတစ်ယောက်ကို ချက်ချင်းကြီးလက်ထပ်ပစ်လိုက်တာ သူမနောက်ဆို သေချာပေါက် နောင်တရလာမှာပဲလေ '

    

 

အဘွားလျို့သည် အိမ်ထဲဝင်ပြီး ခုံပေါ်ထိုင်လိုက်ပြီး မကြာခင် တံခါးဝကေိ အသံကြားလိုက်ရသည်။

    

 

 “အဒေါ်လျို့ အလုပ်များနေတာလား

   

 

 အသံရှင်သည် ကပ္ပတိန် မိန်းမဖြစ်သူ ဝမ့်လီဖုန်းဖြစ်ကာ ဝါးခြင်းတောင်းတစ်ခုကိုလည်း လက်တွင် ကိုင်ထားပြီး ပြုံးလျက် အိမ်ထဲ ဝင်လာသည်။

     

 

အဘွားလျို့သည် ပြုံးလိုက်ပြီးမင်းက ကပ္ပတိန်ကတော်ပဲ

     

 

ဝမ့်လီဖုန်းသည် အိမ်ကို မျက်စိဝေ့ကြည့်လိုက်သောအခါ အိမ်နှင့်ခြံဝန်းက ကျယ်သော်လည်း ပစ္စည်းများရှုပ်ပွနေသည်မှာ ဝက်ခြံလိုမျိုးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ သူမ တွေးလိုက်မိသည်က အဘွားချင်၏ အိမ်သည် သေးငယ်နေပေမဲ့ သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းလှသည်။ သူမ ပြောစရာအကြောင်းတစ်ခုရှိမနေခဲ့လျှင် ဒီအိမ်ကို လာမည်မဟုတ်ပေ။

    

 

အဒေါ်မြေးမလေး ပေါင်းကျူးက အခုဆို ၁၉နှစ်ရှိနေပြီမလား

    

 

အဘွားလျို့သည် အရေးအကြောင်းများပေါ်သည်ထိ ပြုံးလိုက်ကာသူမလေးက အခုဆို ၁၉နှစ်ရှိနေပြီလေ။မျက်စိတစ်မှိတ်အတွင်းမှာကို ကြီားလာလိုက်တာများ အရင်က သူလျှောက်ဆော့နေတဲ့ပုံကို အခုထိမျက်လုံးထဲက မထွက်သေးဘူးကွယ်

    

 

ဝမ့်လီဖုန်းသည် ပြုံးနေတာကို ရပ်လိုက်ပြီး အသံတိုးတိုးဖြင့်အခု ပြောစရာ မင်္ဂလာ သတင်းကောင်းတစ်ခုရှိလို့ အဒေါ်လျို့တော့ သဘောကျမလားမသိဘူး

     

 

စကားပြောခြင်းကို ခဏတန့်ကာ အိမ်ရှေ့တံခါးပွင့်နေတာကို ကြည့်လိုက်ပြီးကျောက်မိသားစုရဲ့ တတိယသားကို သိတယ်မလား

     

 

ကျောက်ချင်းစုန့်သည် ရွာတွင် အလားအလာအရှိဆုံး လူလွတ်တစ်ယောက်ဖြစ်သည်။ စစ်တပ်အတွင်းသို့ သူ့အသက်၁၅ နှစ် ၁၆နှစ်ခန့်တွင် စတင်ဝင်ရောက်ခဲ့ပြီး အခုဆို ရာထူးမြင့်နေပြီဖြစ်သည်။ သူလက်ထပ်ခဲ့သည့် ပထမဇနီးသည် မြို့မှဖြစ်ကာ  စစ်ဆေးရုံရှိ သူနာပြုတစ်ဦးဖြစ်သည်။ သူ့တွင် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး ကွာရှင်းခဲ့ကြတာ ကြာပြီဖြစ်သည်။

    

 

သူက အခုဆို ကွာရှင်းထားတာ ၂နှစ်တောင်ရှိပြီတဲ့။တပ်ရင်းအကြီးအကဲတွေက သူ့ကို ပြန်လက်ထပ်စေချင်နေတာတဲ့။ ပြီးတော့ ကျောက်မိသားစု ကလးတွေက အဒေါ့်မြေးကို မျက်စိကျနေတယ်လို့ ကြားတယ်

     

 

အဘွားလျို့သည် ကျောက်ချင်းစုန့် နာမည်ကြားလိုက်သည်နှင့် သူမချက်ချင်းကို နားစွင့်ထားမိသည်။အကယ်၍သာ ထိုချင်ကောင်မလေးသည် ရှောင်ဟယ်ဆိုသည့် မသန်မစွမ်းလေးကို ရွေးချယ်သွားရင် ကျောက်ချင်းစုန့်နှင့် သူ့မြေးမလေးတို့ အဆင်ပြေနိုင်သည်မလား။

  

 

 “သူက ဒုတိယအကြိမ်လက်ထပ်ရမှာဆိုပေမဲ့ အရမ်းကြီး အသက်မကြီးသေးပါဘူး။ ၂၈နှစ်ပဲ ရှိသေးတာဆိုတော့ ငယ်ရွယ်သန်စွမ်းသေးတယ်လေ

   

 

  “အဓိကအချက်က ပေါင်းကျူးသာ နောက်နှစ်ဝက်အတွင်းမှာ ကောင်းကောင်းမွန်မွန်ပြုမူနေထိုင်ရင် ကျောက်မိသားစုက တပ်ရင်းကို အကြောင်းကြားပြီး လက်ထပ်ဖို့ စီစဉ်ပေးမယ်တဲ့

  

 

  အဘွားလျို့သည် သူမ၏ ဝါကျင်ကျင်သွားများကို ဖြီးကာတကယ်ကြီးလား

    

 

တကယ်ပေါ့ရှင့်။ သူတို့လက်ထပ်ပြီးသွားရင် ရှင့်အတွက် စားဝတ်နေရေး ပူစရာမလိုဘူးနော်

     

 

ကျောက်မိသားစုက လူကြီးတွေကလည်း သူတို့လင်မယား၂ယောက်သာ အချင်းချင်းဂရုစိုက်နေနိုင်သွားရင် ဘာကိစ္စမှ ဝင်မစွတ်ဖက်တော့ဘူးတဲ့

    

 

သူမ မြေးလေးသာ လက်ထပ်နိုင်သွားရင် ကျောက်မိသားစု၏ တရားဝင်အိမ်ထောင်ရှင်မလည်း ဖြစ်ပြီး အလုပ်အကိုင် ကောင်းကောင်းလည်း ရနိုင်သေးသည်။ 

     

 

ဝမ့်လီဖုန်းသည် စကားပြောရင်း ပို၍ပို၍စိတ်ပါလာကာ ကျောက်ချင်းစုန့်ကို ပန်းလေးတစ်ပွင့်လို အမွှန်းတင်ပြောဆိုနေခဲ့သည်။ သူမသည် ရေနွေးကြမ်းနှစ်ခွက်ကို ကုန်အောင်သောက်ပြီး ပါးစပ်ကို သုတ်ကာ သူမယူဆောင်လာသော ဝါးခြင်းတောင်းကို အဘွားလျို့ဆီ တွန်းပေးလိုက်သည်။

   

 

 “ဒါတွေက ကျောက်မိသားစုက ရှင့်ဆီကို ပေးခိုင်းလိုက်တာလေ။ အဒေါ်ကျန်းမာရေးကောင်းအောင် စားဖို့တဲ့။ ကျောက်ချင်းစုန့်ကလည်း မနက်ဖြန်အိမ်လာလည်မယ်တဲ့။ အဲ့တာ လူငယ်၂ယောက် အချင်းချင်းသိရအောင် တွေ့ခိုင်းလိုက်ပေါ့နော့

     

 

ခြင်းတောင်းထဲတွင် လိမ္မော်သီးနှစ်ခြင်း သကြားညိုနှစ်ပေါင်နှင့် ကြက်ဥခြောက်လုံး ပါဝင်သည်။ ထို အရာတွေ အကုန်လုံးသည် အခုချိန်ရှားပါးသော ပစ္စည်းများဖြစ်သည်။ အဘွားလျို့သည် ပစ္စည်းတွေကို လောဘကြီးစွာ ကြည့်လိုက်ပြီး စိတ်ကျေနပ်သွားသည်။ထိုပစ္စည်းတွေကို ကြည့်ခြင်းအားဖြင့် ကျောက်မိသားစုသည် သူမတို့ လျို့မိသားစုကို အထင်မသေးကြောင်း မြင်သာစေသည်။

     

 

အလုပ်အကိုင် ကောင်းကောင်း မိသားစုနောက်ခံကလည်းကောင်း ရုပ်ရည်ပါ ကြည့်ကောင်းသည့် လူငယ်လေးတစ်ယောက်နှင့် လက်ထပ်ရမည်ကို ဘာတွေများ ဂျီးများ နေအုံးမှာလဲလေ။ တစ်ခုလပ်ဆိုတာကတော့ ကြံချောင်းတောင် နှစ်ဖက်လုံးမချိုတာ လူတစ်ယောက်ကလည်း ဘယ်လိုလုပ် ပြစ်ချက်မရှိ ပြည့်စုံနိုင်မှာလဲ။

     

 

သူမ သဘောတူကြောင်း ပြောတော့မည့်အချိန်တွင် အရှေ့ဘက်အခန်းဆီက စကားပြောသံကြားလိုက်ရသည်။  

    

 

အခုလိုလာပြောပေးတာ ကျေးဇူးတင်ပါတယ် အဒေါ်ဝမ့်။ နောက်ခါ မဂ်လာဖိတ်စာပို့လိုက်မယ်နော်။

    

 

အသက်၁၉နှစ်အရွယ် အသားဖွေးဖွေးနှင့် ကောင်မလေးတစ်ယောက် အခန်းထဲက ထွက်လာခဲ့သည်။ သူမ၏ ကျစ်ဆံမြီးနှစ်ဖက်သည် မနေ့ညတည်းက ကျစ်ထားတာကြောင့် အခုချိန်တွင် ပြေလျော့နေသည်။ သူမ၏ မျက်နှာသွင်ပြင်သည် ချင်လိုင်တိလောက် မလှပသော်လည်း ရွက်ကြမ်းရေကျိုတော့ မဟုတ်ပေ။

   

 

 လိုင်တိအကြောင်း စဉ်းစားမိလျှင် ဝမ့်လီဖုန်းသည် သူမရင်ထဲတွင် နှမြောတသဖြစ်မိသည်။ သူမသည် လိုင်တိအပေါ် အကောင်းမြင်သောကြောင့် လွန်ခဲ့သည့်၂နှစ်လုံး သူမအတွက် သတို့သားလောင်းရှာဖွေ အောင်သွယ်ပေးခဲ့သည်။ သို့သော် အောင်မြင်ခြင်းမရှိခဲ့ချေ။

 

 

လျို့ပေါင်ကျူးသည် အပြင်ပန်းအရ နူးညံ့သိမ်မွေ့သော်လည်း သူမအနေနှင့် ထိုမိန်းခလေးကို ထူးဆန်းသည့်အမြင်သာခံစားမိနေသည်။ ထိုကောင်မလေးသည် အလုပ်လုပ်လျှင် အချိန်ဆွဲတတ်ပြီး လိုင်တိလုပ်ကိုင်သမျှကို ပြိုင်ဆိုင်နေတတ်သော အကျင့်ရှိသည်။

 

 

အကယ်၍ လိုင်တိသည် ကောင်းမွန်သည့်တစ်ခုခုကိုရရှိလျှင် ထိုမိန်းခလေးသည် မနာလိုနေပြီး လိုင်တိအခက်အခဲ တစ်ခုခုကြုံသည့်အခါတွင် ဟက်ဟက်ပက်ပက် ရီမောနေမည်ဖြစ်သည်။

     

 

သူမမှာ ညီအစ်ကိုမောင်နှမများပြားတာကြောင့် ကျောက်မိသားစုသည် သူမကို မျက်စိကျသွားတာ ဖြစ်နိုင်တယ်။ ချင်မိသားစုကို ဘယ်သူကများ ပိုက်ဆံမရှိခိုင်းရတာလဲ

    

 

ချင်လိုင်တိသည် ဟယ်လျန်ရှန့်နှင့် နူတ်ဆက်စကားပြောပြီးနောက် အိမ်ပြန်ခဲ့ပြီး အဘွားချင်နှင့် စကားအနည်းပြောကာ အိပ်စက်လိုက်သည်။ သူမသည် အရေးကြီးကိစ္စကြီးတစ်ခုကို လုပ်ခဲ့ရသည်မို့ အချိန်ကြာကြီးအိပ်စက်လိုက်သည်။ 

      

 

ဒီနေ့သည် သူမ ပြန်မွေးဖွားလာပြီးနောက် အေးချမ်းစွာနေရသော နေ့တစ်နေ့ဖြစ်သည်။ သူမ နိုးလာသောအခါ ခြံဝန်းထဲတွင် စကားပြောနေသံကို ကြားနေရသည်။

    

 

ရှောင်ဟယ်ရေ တို့ရဲ့လိုင်တိလေးကို နည်းနည်းသည်းခံပေးပါအုံးနော်။ သူ့ကို အဘွားက ငယ်ငယ်လေးတည်းက အလိုလိုက်ထားမိလို့ နည်းနည်းဆိုးချင်တယ်ကွယ််။  ဒေါသလည်း ကြီးတတ်ပြီး မင်းကို ဒုက္ခဖြစ်စေမိရင် မင်းကပဲ နားလည်ပေးနော်

     

 

တခြားအသံတွေကိုလည်း ကြားနေရသည်။ ဟယ်လျန့်ရှန့်သည် သူ၏ဆွဲအိတ်ထဲမှ ပစ္စည့်အချို့ကို ထုတ်ယူလိုက်ကာ  “ကိစ္စတွေက အရမ်း ကတိုက်ကရိုက် ဆန်သွားတာမို့ အခု လက်ဆောင်ပစ္စည်းတချို့ယူလာခဲ့တယ် အဒေါ်

    

 

 ချင်လိုင်တိ ရီချင်သွားသည်။ဒီလူကတော့ မိန်းမတွေကျေနပ်စေရန် တကယ် ပြုမူနေတတ်တာပဲ။ ' ဒီလူရဲ့ ဆံပင်တွေ ဖြူဖွေးပြီး ခါးကုန်းမည့် အရွယ်ရောက်နေသည့်တိုင်အောင် သူ့ကို သဘောကျနှစ်သက်သည့် မိန်းမတွေ ရှိနေသေးသည်။ သူကောလိပ်တွင် စာသင်ရသည့်အချိန်တုန်းကလည်း ပန်းစည်းလက်ဆောင်ပေးသည့် ကျောင်းသူလေးတွေတောင် အများအပြားရှိခဲ့သေးသည်။

   

 

ဒါပေါ့ သူမ သဝန်တိုလိမ့်မည် မဟုတ်ပေ။ ကောလိပ် ကျောင်းသူလေးတွေသည် ပညာတော်သည့် ဟယ်လျန်ရှန့်ကို လေးစားရုံမျှသာဖြစ်ကြောင်း သူမသိသည်။

   

 

 “နိုးရင်ထတော့လေ ဟိုဟာဒီဟာတွေ လျှောက်ကြည့်မနေနဲ့

     

 

ချင်လိုင်တိသည် သူမအဘွားအကြောင်းကို သေချာသိလေသည်။ သူမသာ ဒီလို စိတ်နေသဘောထားကောင်းမွန်သော လူငယ်လေးနှင့် ထိမ်းမြားနိုင်ခဲ့လျှင် အလွန်တရာမှ ကံကောင်းလှသည်ဟု ပြောနေလိမ့်မည့်။

   

 

  “ဘယ်သူနဲ့ စကားပြောနေတာလဲ သူမ လှမ်းမေးလိုက်သည်။

   

 

ရှောင်ဟယ်လေ ချင်ကွေ့ဟွားသည် အိမ်တံခါးကို ဖွင့်လိုက်ပြီး သူမကို မျက်စပစ်ပြကာမင်းကောင်လေးက ခဏနေပြန်တော့မှာလေ။ အိပ်ရာကနေထပြီး စကားလေးဘာလေးပြောကြအုံး

    

 

ချင်လိုင်တိ -  “……..”

      

 

 ဟယ်လျန်ရှန့်သည် အိမ်ထဲသို့ မဝင်ပဲ တံခါးဝတွင်သာ ရပ်ကာအခုက အလောတကြီး ထွက်လာမိလို့ လက်ထဲပိုက်ဆံ သိပ်မပါလာဘူး။ အခုပါခဲ့သလောက် မင်းဆီပေးထားခဲ့မယ် သူမ သဘောတူ မတူ မမေးတော့ပဲပိုက်ဆံကို ချထားခဲ့ကာ အိမ်ထဲမှ ထွက်သွားသည်။

    

 

အစကတော့ ချင်လိုင်တိသည် သူ့ကို လမ်းခရီးတွင် ဂရုစိုက်ရန်နှင့် အစားပုံမှန်စားရန်တို့ကို ဇနီးတစ်ယောက်လို ချစ်ချစ်ခင်ခင် ပြောဆိုချင်ခဲ့တာဖြစ်သည်။ ဘယ်သူက ထင်လိမ့်မလဲ။ ထိုလူက မြင်းတစ်ကောင်ထက် ပိုမြန်အောင် အပြေးတပိုင်း လမ်းလျှောက်ထွက်သွားမည်လို့။

       

 

သူမသာ ပြန်မမွေးဖွားလာပဲ အတိတ်အကြောင်းကို မှတ်မိခြင်းမရှိလျှင် ထိုသူသည် အချစ်ရူးတစ်ယောက်ဆိုတာကို လုံးဝယုံကြည်နိုင်မည် မဟုတ်ပေ။

 

 

အနာဂါတ်မှာ သူ့ကို သင်ကြားပေးရန် အချိန်တွေအများကြီးရှိပါသေးသည်။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့သည် တရားဝင်လင်မယားဖြစ်နေလေပြီ။

 

 

 “လျှောက်စဉ်းစားပြီး ငိုင်တွေမနေနဲ့တော့။ ဆေးရွက်ကြီးပင်တွေ ဖြတ်စရာ ကျန်သေးတယ်လေ

        

 

ထိုအခါမှသာ သူမကို မနေ့က တာဝန်ပေးထားသည့် အလုပ်လုပ်ရန် ကျန်သေးတာကို သတိရလာသည်။ သူမအလုပ်ပြီးသွားလျှင် ဆေးရွက်ကြီးအလေးချိန်ချိန်ရန် ရုံးခန်းသို့ သွားရသည်။ ချိန်တွယ်သူက ဖြတ်ထားသောဆေးရွက်ကြီးတွေထဲ အမှိုက်တွေ အပင်ရောရာတွေ ပါလာခြင်းမရှိစေရန် စစ်ဆေးလိမ့်မည်။  ၃၀ကီလိုဂရမ်ကို အလုပ်မှတ် မှတ်ရရှိပေသည်။

     

 

 ဆေးရွက်ကြီးပင်များကို ဖြတ်တောက် သင်ပေးရခြင်းသည် လွယ်ကူသောကြောင့် မိန်းကလေးအများစုလုပ်ချင်နေသည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် နောက်ကျသွားလျှင် ကောင်းမွန်သည့် ဆေးရွက်ကြီးပင်တွေ မကျန်ရှိမှာဆိုးသောကြောင့် ခြင်းတစ်လုံးကိုနောက်ကျောတွင် လွယ်ကာ တောင်တန်းတွေဆီသို့ ထွက်လာလိုက်သည်။

   

 

 သူမ ရွာစွန်သို့ရောက်လာသည့်အချိန်တွင် အိမ်ငယ်လေးတစ်လုံးရှေ့တွင် လူများစုဝေးနေကြသည်ကို တွေ့လိုက်ရသည်။ လူတိုင်းရဲ့ မျက်နှာကိုကြည့်ရတာ စိုးရိမ်ကြောင့်ကျနေပုံရသည်။

    

 

ဆက်သွယ်လို့ရပြီလား  ကပ္ပတိန်လီပမ်းဖန်က အော်မေးနေသည်။

  

 

ရပါပြီ ဒါပေမဲ့ ဆရာဝန်က ဘယ်အချိန်ပြန်လာမယ်မှန်း မသိဘူးပြောပါတယ်

    

 

လူတိုင်းစိုးရိမ်သွားကြပြီးဒါဆို တခြားရွာက ဆရာဝန်ရော ဘယ်ရောက်နေလဲ သိလား

     

 

သူက သင်တန်းသွားတက်နေတယ် မနက်ဖြန်မှ ပြန်ရောက်မယ်တဲ့

   

 

 ထိုအချိန်တွင် လူတိုင်းနီးပါး စိတ်မရှည်စွာ ခြေဆောင့်လိုက်ကာမကြာခင်ပဲ မွေးတော့မယ်လေ။ မနက်ဖြန်ထိ ဘယ်သူက စောင့်နေနိုင်မှာလဲ။ မွေးရခက်နေရင် ကျွမ်းကျင်သူမရှိတော့ ဒုက္ခရောက်လိမ့်မယ်

  

 

တစ်နှစ်နီးပါး သေချာဂရုစိုက်ခဲ့ပြီးမှ မွေးခါနီးကျမှ ကံဆိုးနေတယ်ကွာ

    

 

ချင်လိုင်တိသည် အစပိုင်းတွင် ဘာဖြစ်နေမှန်း မသိပေမဲ့ လူများစကားပြောသံ နားထောင်ရင်း နားလည်သွားသည်။

   

 

ဦးလေး ကျွန်မမွေးပေးနိုင်တယ်