Chapter 34
Viewers 4k

♎️Chapter 34





နှစ်ယောက်၏အနေအထားမှာအင်မတန်နီးကပ်နေပြီး ဖုယွမ်ကျိုး အသက်ရှူသွင်းလိုက်တိုင်း ရှဲ့လင်၏စံတင်လောက်သောအငွေ့အသက်များနှင့်ပြည့်နေလေ၏။ ဝိုင်နီရနံဖျော့ဖျော့ကိုပါထပ်ပေါင်းလိုက်လျှင် ရှဲ့လင်နှင့်အလားတူသည့်အေးစက်စက်စက်ခံစားချက်ကိုပါရနိုင်လေသည်။ လရောင်အောက်တွင်ရပ်နေရင်း လူတိုင်းကို အသည်းနှလုံးအောက်ခြေမှတုန်ရင်သည့်ခံစားချက်ဖြစ်စေ၏။ 


တကိုယ်လုံးမှသွေးများက ခေါင်းပေါ်သို့ဆောင့်တက်လာသလိုပင်။ 


ဖုယွမ်ကျိုးကထိုသူနှင့်စကားပြောနေစဥ် မျက်နှာတပြင်လုံး ရှက်သွေးဖြာနေခဲ့သည်။ သူရှက်လည်းရှက်သလို ပျာယာလည်းခတ်နေခဲ့၏။ သည်လောက်ရှက်စရာကောင်းသည့်မေးခွန်းမျိုးကို ရှဲ့လင်ကသူ့အားမေးလာလိမ့်မည်ဟုမထင်ထားခဲ့ပေ။ 


ဒီခွေးသားတော့ သူဘာပြောနေမှန်းတောင်သိရဲ့လား။ ကလေးလာမွေးခိုင်းနေတယ်။ ဆုတောင်းလေ။ 


သူပြန်မွေးလာခဲ့သည်မှာ အတန်ကြာခဲ့ပြီ။ သို့သော်လည်းယခုတော့ ဖုယွမ်ကျိုးမှာ သူ့ခန္ဓာကိုယ်အ​ကြောင်းတွေးမိတိုင်း ဦးခေါင်းခွံတစ်ခုလုံးထုံကျင်နေရဆဲ။ 


သူရှဲ့လင်ကို ခပ်ပြင်းပြင်းလေးရိုက်လိုက်သင့်သည်ဟုထင်မိသော်လည်း အနှီသူနှင့်အဆက်အသွယ်မဖြတ်ချင်သောကြောင့် လက်လွတ်စပယ်မလုပ်ရဲပေ။ သူ့လိုလူမျိုးကိုဘယ်နေရာတွင် သွားရှာရပါမည်နည်း။ 


သူဒေါသထွက်လာသည့်ပုံစံဖြင့် ရှဲ့လင်ကိုတွန်းပစ်ချင်သည်။ သို့မဟုတ်လျှင် အနှီသူကို အိပ်မက်မှနိုးထလာနိုင်အောင် ရေအေးတစ်ပုံးခန့်လောင်းချပေးလိုက်ချင်သည်။ သို့တစေ သူသည်ရှဲ့လင်ထံမှကတိတစ်ခုလိုချင်နေပြီး ယခု ရှဲ့လင်က သူ့ကိုဤသို့သောမျက်လုံးမျိုးနှင့်ကြည့်နေလေသည်။ သူဘယ်လောက်ရှက်နေပါစေ၊ ဤအခိုက်အတန့်လေးတွင် ဒေါသမထွက်နိုင်ပေ။ 


ဖုယွမ်ကျိုးက ခက်ခက်ခဲခဲခေါင်းယမ်းပြလိုက်ရပြီး အသံတိုးတိုးလေးဖြင့်ပြန်ဖြေလိုက်၏။ 


"ငါမင်းကိုယုံတယ်...မင်းဒီလိုလုပ်မှာမဟုတ်ဘူး..." 


ရှဲ့လင်: "ဘာလို့လဲ..." 


"ဘာလို့လဲဆိုတော့..." 


ဖုယွမ်ကျိုး ပါးစပ်ဟလိုက်ရာမှ ရုတ်တရက်ပင် မတိုင်ခင်ကသူ ရှဲ့လင်ကိုပို့လိုက်သည့်မက်ဆေ့ချ်ကို သတိရလိုက်သည်။ သူ့မျက်နှာပေါ်မှအပူရှိန်က ပိုမြင့်လာသော်လည်း အရှက်မရှိစွာဖြင့် နောက်တကြိမ်ထပ်ပြောလိုက်လေ၏။ 


"မင်းပဲငါ့ကိုသဘောကျတယ်ဆို...မင်းကြောင့် ငါစိတ်ဆိုးသွားမှာကိုမလိုချင်ဘူးဆို..." 


နောက်ပြီး ရှဲ့လင်ကသူ့အား ဘယ်သောအခါမှနာကျင်အောင် လုပ်လိမ့်မည်မဟုတ်ကြောင်း သူယုံကြည်ထားခဲ့သည်။ 


သို့သော်လည်း ရှဲ့လင်ကတုတ်တုတ်မျှမလှုပ်ပေ။

"မင်းပဲအခုလေးတင် လူတွေကပြောင်းလဲတတ်တယ်လို့ပြောလိုက်တယ်လေ..." 


အရှက်မရှိလိုက်တာ! 


ဖုယွမ်ကျိုး ငိုမိတော့မည်။ သူရှဲ့လင်ထံမှ လိုချင်သည့်အရာဟူ၍ တကယ်မရှိပေ။ ရှဲ့လင်ကသူ့ကို ခါးမှတဆင့်ပွေ့ဖက်ထားသည်ကပင်ကြောက်စရာကောင်းနေပြီ။ ချောမောလှသည့်မျက်နှာသည်ကား နောက်စက္ကန့်တွင်နမ်းတော့မည့်နှယ် သူ၏မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်းနီးကပ်လာလေ၏။ 


"မင်းကတော့ ရာဇဝတ်မှုကိုကျုးလွန်နေတာပဲ!" 

ဖုယွမ်ကျိုးက အေးစက်စက်ဖြင့်ပြောလိုက်၏။ 


"အဲဒါကမှားတယ်...မှားတယ်..." 


ပြီးနောက် သူဘာစကားမှထပ်မပြောနိုင်တော့ပေ။ 


ရှဲ့လင်က တခဏခန့်အသံတိတ်နေပြီးနောက် ပြန်မေးလာ၏။ 

"ဒီတော့ မင်းကကိုယ်နဲ့ မပတ်သက်ချင်တာလား..." 


  ဒါက ပြစ်မှုမမြောက်ဘူးလေ။ 


ဖုယွမ်ကျိုးမှာ နောက်ကွယ်မှအဓိပ္ပါယ်ကိုသဘောပေါက်လိုက်ပြီး ချက်ချင်းထွက်ပြေးသွားချင်သော်လည်း ပြေးပေါက်မရှိပေ။ ရှဲ့လင်ကသူ့အားထပ်နမ်းချင်လာသောပုံစံဖြစ်နေ၍ လက်ဆန့်ထုတ်ကာ ရှဲ့လင်နှုတ်ခမ်းကိုအုပ်လိုက်ရသည်။ သို့သော်လည်း ထိုသူ့နှုတ်ခမ်းက သူ့လက်ဖဝါးကိုထိသွားပြီး တမင်နမ်းရှိုက်လိုက်သလိုပင်။ 


စိုထိုင်းမှုနှင့် ထုံထိုင်းသည့်ခံစားချက်က သူ့လက်ဖဝါးမှတဆင့်စီးဆင်းလာပြီး ဖုယွမ်ကျိုးမှာ ခဏတွင်းချင်းထိတ်လန့်သွားရကာ ချက်ချင်းလက်ပြန်ရုတ်လိုက်လေ၏။ 


"မင်းရပ်...အခုချက်ချင်းရပ်လိုက်...ငါတကယ်မလုပ်နိုင်ဘူး...မင်းနဲ့မဒိတ်နိုင်ဘူးလို့..." 


ရှဲ့လင်: "ဘာလို့ကိုယ့်ကိုငြင်းနေရတာလဲ..." 


ဖုယွမ်ကျိုးလည်းတွေးမိသည်။ သူသည်ကား မူလဘဝ၏အခြေအနေများနှင့် အသားကျနေ၍ဖြစ်နိုင်ပါ၏။ သူ၏ကမ္ဘာတွင် ဆန့်ကျင်ဘက်လိင်များကိုသာနှစ်သက်ခဲ့သည်။ သူ ယွိဖေးနှင့်ပြောဆိုဆက်ဆံနေကြဖြစ်ပြီး နောင်တွင်လည်း မိန်းကလေးများနှင့်သာ လက်ထပ်ချင်သည်။ 


မူလက သူနှင့်ရှဲ့လင်တို့သည်သူငယ်ချင်းကောင်းများဖြစ်ပြီး သူတို့ကြားတွင်သူငယ်ချင်းသံယောဇဥ်သာရှိသည်။ သူပြန်လည်မွေးဖွားလာချိန်တွင်မူ အယ်လ်ဖာနှင့်အိုမီဂါကွာခြားချက်တစ်ခုတည်းကြောင့် ရှဲ့လင်ကသူ့အားသဘောကျလာခဲ့၏။ ယင်းမှာ သူကရှဲ့လင်အတွက်ထူးခြားနေ၍မဟုတ်ဘဲ ရှဲ့လင်ကသူ့ကို ယခင်တည်းကသဘောကျနေခဲ့၍ဖြစ်နိုင်သည်။ 


အကယ်၍ သူသာ အယ်လ်ဖာတစ်ယောက်ဖြစ်နေခဲ့ပါက ရှဲ့လင်ကသူ့အားသူငယ်ချင်းလိုသာ သဘောထားလိမ့်မည်။ ယခုတော့သူက အိုမီဂါတစ်ယောက်ဖြစ်နေ၍ ရှဲ့လင်နှင့်ပတ်သတ်နေခဲ့ရသည်။ ယင်းကပုံမှန်ပင်မဟုတ်ပါလား။ 


ဖုယွမ်ကျိုးသည် ယခင်ဘဝနှင့်လက်ရှိဘဝ၏ကွာခြားချက်ကို ဖြည်းဖြည်းချင်း လက်ခံလာခဲ့သော်လည်း သူသာယောကျ်ားတစ်ယောက်နှင့်ပတ်သက်ခဲ့လျှင် ယောကျ်ားလေးအယ်လ်ဖာမဖြစ်လျှင်ပင် ယောကျ်ားလေးအိုမီဂါနှင့်ပင်ဖြစ်သင့်သည်ဆိုသည့်အချက်ကို လက်မခံနိုင်သေးပေ။ ရှဲ့လင်ကသူ့အတွက် အလွန်အရေးကြီးသည်၊၊ ထို့ကြောင့် ပိုပြီးပင်မဖြစ်နိုင်ပေ။


မည်သို့ပင်ဖြစ်စေ ရှဲ့လင်ကဒိတ်ရာတွင် အိုမီဂါကိုရှာသင့်ပြီး...သူနှင့်မှဖြစ်မည်ဟုလည်းမဆိုလိုပေ....ဖုယွမ်ကျိုးမှာ ကပေါက်တိကပေါက်ချာဖြစ်နေသော်လည်း သူပြောရမည့်စကားကိုမူပြောလိုက်သည်။ 


"ငါက အယ်လ်ဖာတစ်ယောက်နဲ့ဒိတ်ဖို့မစဥ်းစားထားဘူး...ငါက...." 


"မင်းက....ဘယ်သူနဲ့ဒိတ်ချင်သေးတာလဲ...." 


ရုတ်တရက် ရှဲ့လင်အသံကအေးစက်သွားပြီး ဖုယွမ်ကျိုး၏မေးစေ့ကိုပင့်လိုက်ကာ သူ့မျက်လုံးထဲသို့ကြည့်လာစေ၏။ 


"မင်းကကိုယ့်ကိုမှီခိုနေရတယ်...ကိုယ့်ကိုမထားခဲ့ဖို့တောင်းပန်နေရတယ်...ကြည့်ရတာတော့ မင်းကကိုယ်မရှိဘဲ မနေနိုင်သလိုပဲ..." 


ရှဲ့လင်: "ဖုယွမ်ကျိုး....မင်းကမင်းအတွက်ပဲစဥ်းစားတယ်...ဒီလိုပုံနဲ့မင်းဘယ်သူ့ကိုထပ်ရှာဦးမလို့လဲ..." 


"တကယ်လို့ မင်းချစ်သူက အခြားယောကျ်ားတစ်ယောက်ကိုလုံးဝမှီခိုနေရရင် မင်းသူ့ကိုဆက်သည်းခံပြီး တွဲနေမှာလား..." 


အဆိုပါမေးခွန်းကိုကြားလိုက်ရပြီးနောက် ဖုယွမ်ကျိုးတိတ်ဆိတ်သွားခဲ့သည်။ 


သူနှင့်ရှဲ့လင်အကြားရှိသံယောဇဥ်ကနက်ရှိုင်းလွန်းသည်၊၊ သူဘယ်သူနှင့်ထပ်ပြီး ပတ်သက်နေရမည်နည်း။ ယခုတော့အခြေအနေက ကွဲပြားသွားခဲ့ပြီ။


 သူ ရှဲ့လင်နှင့်နီးနီးကပ်ကပ်နေလိုက်လျှင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကအစပျိုးလာလိမ့်မည်။ အခြားသူများနှင့်ဆက်သွယ်နေပြန်လျှင်လည်း သူက ရှဲ့လင်အပေါ်သစ္စာဖောက်သလိုအထင်ခံရဦးမည်။ 


သူရှောင်ဖေးနှင့်ဆက်ပြီးသတ်သနေလိုက်လျှင် သူက သူမအစ်ကိုနှင့်ပတ်သက်မှုမရှိဟု ကျိန်းသေယုံကြည်သွားလိမ့်မည်။ သို့သော်လည်း ယခုတော့ ရှောင်ဖေးက ယောကျ်ားလေးအယ်လ်ဖာတစ်ယောက်ဖြစ်နေ၍ မဖြစ်နိုင်တော့ပေ။ 


"ဒါဆိုလည်း ငါတခြားသူတွေနဲ့ မပတ်သတ်တော့ဘူး..." 

အချိန်အတန်ကြာစဥ်းစားကြည့်ပြီးနောက် ဖုယွမ်ကျိုးသည် သူ တကယ်ရှဲ့လင်ကိုမငြင်းဆန်နိုင်တော့မှန်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူတိုးတိုးလေးသာပြောလိုက်ရ၏။ 


"ဘာပဲဖြစ်ဖြစ် ငါစာကြိုးစားချင်တယ်...ကျောင်းကောင်းမှာတက်ချင်တယ်...အချစ်ရေးတွေစိတ်ဝင်စားနေတာမကောင်းဘူး..." 


ရှဲ့လင်: "နောက်ပိုင်းကျရင်ရော" 


"နောက်ပိုင်းကတော့....နောက်မှထပ်ပြောတာပေါ့...." ဖုယွမ်ကျိုး မရေမရာနှင့်ပင်အကြောင်းပြလိုက်ရတော့၏။ 


ရှဲ့လင်က စကားမပြောဘဲ သူ့ကိုအသံတိတ်ကြည့်နေပြီး ခဏအကြာတွင်နံရံ၌ထပ်ဖိထားပြန်သည်။ 


"ကိုယ်မင်းကိုအမှတ်အသားလုပ်ထားတာပိုကောင်းမယ်..." 

သူဖုယွမ်ကျိုးဂုတ်ကိုဖိကိုင်ထားရင်းပြောလိုက်လေ၏။ 


"ဒါဆိုမင်း တခြားသူတွေကိုစဥ်းစားမှာမဟုတ်တော့ဘူး..." 


"ငါတခြားလူတွေကိုမစဥ်းစားပါဘူး...မလုပ်ပါနဲ့!" 


ဖုယွမ်ကျိုး အတတ်နိုင်ဆုံးသူ့ကိုယ်သူခုခံကာကွယ်နေပြီး အားကြိုးမာန်တက်ရုန်းကန်နေရှာသည်။ သို့ထိတိုင် ရှဲ့လင်ကသူ့အားနမ်းလာပြီး သူ့ခေါင်းကိုလှည့်စေကာ မေးလာလေသည်။ 


"မင်းအခုထိမဖြေရသေးဘူးနော်...ကိုယ်မင်းကိုအမှတ်ပေးလိုက်ရင် မင်းကိုယ်နဲ့အဆက်အသွယ်ဖြတ်မှာလား..." 


"ငါ....လျှောက်မလုပ်နဲ့ဟ!" 


ဖုယွမ်ကျိုး ထိတ်လန့်သွားမိသည်၊ သူ 'ဖြတ်မှာ' ဆိုသည့်စကားကိုပြောလိုက်သည်နှင့် ရှဲ့လင်ကရပ်သွားမည်မှန်းသူသိသည်။ သို့သော်လည်း သူမပြောနိုင်ခဲ့ပေ။ ရှဲ့လင် သူ့ကိုထားခဲ့မည့်အဖြစ်ကိုကြောက်ရွံ့နေပြီး ထိုဖြစ်နိုင်ချေကိုရှောင်လွှဲရန် တတ်နိုင်သမျှကြိုးစားချင်၏။ 


ရှဲ့လင်တဖက်လှည့်သွားသည်နှင့် သူ့ ဘက်မှအခွင့်အရေးကိုအမိအရယူပြီး တံခါးကိုဖွင့်ကာ လှည့်၍အိမ်ထဲပြေးဝင်လိုက်သည်။ သို့ရာတွင် ရှဲ့လင်ကသူ့အားဖက်ထားလေရာ နှစ်ယောက်လုံး နူးညံ့သည့်ကော်ဇောပေါ်၌လိမ့်သွားပြီး လှေကားနားရောက်မှရပ်သွားခဲ့သည်။ 


ဖုယွမ်ကျိုးကို ရှဲ့လင်ကဖက်ထားသည်ဖြစ်၍ လှေကားနှင့်ဆောင့်မိသွားသူမှာရှဲ့လင်ဖြစ်ပြီး အသံအကျယ်ကြီးထွက်လာခဲ့သည်။ သူရှဲ့လင်နာသွားမည်ကိုစိုးရိမ်မိ၍ ဂရုစိုက်ပေးချင်သော်ငြား အနှီသူကသူ့အားဖက်ထားခဲ့ပြီး သူ့နားရွက်ဖျားများကိုနမ်းရှိုက်လာကာ ရုတ်ချည်းတုန်ယင်လာလေသည်။ 


"ရှဲ့လင်!" 


သူသည်ကား အသံကျယ်ကျယ်နှင့်လည်းမခေါ်ရဲသောကြောင့် ရှဲ့လင်ကိုခပ်တိုးတိုးခေါ်လိုက်ရသည်။ သူတံတောင်ဖြင့်တွန်းကာထလိုက်သည့်တိုင် ရှဲ့လင်ကသူ့လက်ကိုချုပ်ထားကာ တဖက်လှည့်စေလိုက်ရင်း သူ့အားပူလောင်လှသည့်မျက်လုံးများဖြင့်ငုံ့ကြည့်လာခဲ့၏။ 


လရောင်သည် ပြတင်းအပြင်ဘက်မှ အထဲဘက်သို့တိုးဝင်နေပြီး ရှဲ့လင်မျက်နှာကိုအလင်းပေးထားခဲ့သည်။ ၎င်း၏မျက်လုံးများကနက်မှောင်နေသည်၊ အမည်းရောင်ဆံပင်များနှင့်အဝတ်အစားများက ပွယနေကာ နဂိုရှိနေသည့်သန့်ရှင်းသပ်ရပ်မှုနှင့်အေးစက်မှုတို့အစား စိတ်ရှုပ်ထွေးဖွယ်ရာ လေထုတစ်မျိုးနှင့် လွှမ်းခြုံထားလေ၏။ 


"မင်းကိုယ့်ကိုအဆက်ဖြတ်မှာမဟုတ်ဘူး...." 


သူသည် ဖြည်းညှင်းစွာနှင့်ငုံ့ကိုင်းလာကာ ဖုယွမ်ကျိုး၏နဖူးကိုဖွဖွလေးနမ်းရှိုက်လာခဲ့သည်။ ထိုသူ၏ထွက်လေက ပူပြင်းလွန်းလေရာ ဖုယွမ်ကျိုးမှာ အနည်းငယ်ကြောက်ရွံ့မိနေပြီး အလိုလိုမျက်လုံးမှိတ်လိုက်မိ၏။ 


ရှဲ့လင်က သူ့ပါးကိုထပ်နမ်းလိုက်ကာ တိုးညှင်းလှသည့်အသံဖြင့်ပြောလာ၏။ 


"ကိုယ်မင်းကိုဒီလိုမျိုးလုပ်ကြည့်လိုက်တယ်...မင်းကလည်းတကယ်ကိုယ့်ကိုမငြင်းဘူး...ဒါတောင် မင်းက ဘယ်သူနဲ့ပတ်သက်ချင်သေးတာလဲ..." 


သူအခြားသူများနှင့်မဆက်သွယ်ချင်သော်လည်း ဤတကြိမ်ကကွဲပြားသည်။ ၎င်းက....


ဖုယွမ်ကျိုးမှာ လှုပ်မရပြုမရဖြစ်နေ၏။ ရှဲ့လင်က နောက်ထပ်လှုပ်ရှားမှုကိုလုပ်တော့မည့်အချိန်၊ တံခါးဖွင့်လိုက်သံက တိတ်ဆိတ်နေခဲ့သောဗီလာကို ရုတ်ချည်းဖြိုခွဲသွားခဲ့သည်။ 


ပထမထပ်ရှိ ဧည့်ခန်းထဲတွင်အိပ်နေခဲ့သော အိမ်အကူအဒေါ်ကြီးက တံခါးဖွင့်လိုက်ပြီး လက်ထဲမှဖုန်းမီးအလင်းရောင်နှင့်ပတ်ရှာနေကာ သူမဘာသာတီးတိုးပြောနေလေ၏။ 


"အခုလေးတင် တစ်ခုခုတိုက်မိလိုက်သံကြားလိုက်ပါတယ်..." 


ရှဲ့လင်နှင့်ဖုယွမ်ကျိုးက ဆိုဖာအောက်တွင်ရှိနေ၍ သူမဘက်မှကြည့်လျှင် သူတို့ကိုမမြင်ရပေ။ သူတို့ကိုမမြင်ရသောကြောင့် သူမကဧည့်ခန်းထဲမှမီးခလုတ်ကိုဖွင့်လိုက်ပြီး ဘေးပတ်လည်ကိုမျက်စိကစားကြည့်ပြန်သည်။ 


သည်အချိန်တွင် ဖုယွမ်ကျိုးက ရှဲ့လင်ကိုလှေကားဘေးသို့ဆွဲခေါ်သွားသော်လည်း အိမ်အကူအဒေါ်ကမျက်လုံးကန်းနေသူမဟုတ်။ သူမကပန်းအိုးတစ်လုံးကိုကောက်ကိုင်ကာ ဘေးဘီကို ဂရုတစိုက်ရှာဖွေနေ၏။ နောက်ဆုံးတော့ ဖုယွမ်ကျိုးက ရွေးစရာမရှိတော့၍ ခေါင်းလေးထုတ်ပြလိုက်ရသည်။ 


"အန်တီ...ကျွန်တော်ပါ..." 


"Oh...ရှောင်ကျိုး...မင်းကဒီရောက်နေတာကိုး..." 


သူ့ကိုမြင်လိုက်မှ အန်တီသည်စိတ်သက်သာရစွာဖြင့်သက်ပြင်းချပြီး ပန်းအိုးကိုမူလနေရာပြန်ထားကာ ထူးဆန်းနေသည့်ပုံစံဖြင့်မေးလာလေသည်။ 


"မင်းက အဲဒီမှာဘာလုပ်နေတာလဲ..." 


"ကျွန်တော်...ရေဆင်းသောက်တာ...မတော်တဆပြုတ်ကျသွားလို့..." 


ဖုယွမ်ကျိုးမှာ ပြောပြီးကာမှ ယုတ္တိမရှိသလိုခံစားလိုက်ရသည်။ အကြောင်းမှာ သူ့အခန်းထဲတွင် ရေသန့်စက်ရှိပြီးဖြစ်ရာ ရေသောက်ရန်အတွက်နှင့် အောက်ထပ်အထိဆင်းလာရန်မလိုပေ။ 


အဒေါ်က သံသယဝင်နေသည်မှာသေချာ၏။ သို့သော်လည်း မေးခွန်းထပ်မမေးဘဲပြောလာခဲ့သည်။ 


"ဒါဆိုလည်း ရေသောက်ပြီးရင် မီးပိတ်၊ ပြီးရင်စောစောအိပ်တော့..မနက်ဖြန်ကျောင်းသွားရမှာမလား..." 


သူမထွက်သွားမှ ဖုယွမ်ကျိုးမှာ သက်ပြင်းမောချလိုက်ရပြီး ဖယ်ရိုမုန်းမလွှတ်လိုက်၍ ကျေးဇူးတင်သည့်အနေဖြင့် ရှဲ့လင်ကိုလှမ်းကြည့်လိုက်သည်။ ဤနေရာကသူ့အိမ်ဖြစ်ပြီး သည်ခန္ဓာကိုယ်ကသူ့ကိုယ်ဖြစ်သောကြောင့် သူ၏heatကာလကို စောစောရောက်မလာစေချင်ပေ။ 


မည်သို့ပင်ဖြစ်စေ ထိုသူလုပ်ခဲ့သည့်အရာဟူ၍ အကောင်းတစ်ခုပင်မရှိ။ထိုသူကို သူ၏ဖယ်ရိုမုန်းများဖြင့်ဆွဲငင်စေလိုက်ပါက အခြေအနေမှာယခုထက်ပိုဆိုးသွားစေလိမ့်မည်။ 


ဖုယွမ်ကျိုးသည် ရှဲ့လင်ထံတွင် လူသားဆန်မှုလေးရှိသေးသည်ဟုထင်ရုံရှိသေးစဥ်မှာပင် ရှဲ့လင်ကသူ့အားဖက်လာပြီး ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းထောင့်များကိုနမ်းလာခဲ့၏။ 


ယင်းက လျပ်တပြက်မျှသာဖြစ်ပြီး ရှဲ့လင်ကအမြန်ထရပ်လိုက်သည်။ အခြားနေရာများကိုနမ်းလျှင်ပင် ၎င်းကအနမ်းပင်ဖြစ်ပြီး ဖုယွမ်ကျိုး၏မျက်နှာက ခဏတွင်းချင်းမည်းမှောင်သွားလေသည်၊၊ ထိုသူကိုဗလာသက်သက်ကြည့်နေရင်း ပြောချင်သည့်စကားပင်မေ့သွားရလေသည်။ 


ရှဲ့လင်က သူ့နှုတ်ခမ်းကိုလက်ညိုးထိပ်လေးများဖြင့်ပွတ်လိုက်၏။ 


"ကိုယ်ဆက်သွားရမလား..." 


ဖုယွမ်ကျိုးမှာ ထိတ်လန့်နေသည်ဖြစ်ရာ သူ့အားချက်ချင်းတွန်းထုတ်ပစ်လိုက်ပြီး နောက်တစ်က္ကန့်ကြာမှတုံ့ပြန်လိုက်သည်။ 


"ဒီကိုမလာနဲ့!" 


ရှဲ့လင်ကသူ့အား ကြည့်ရုံကြည့်လာပြီးစကားမပြောလာပေ။ 


ဖုယွမ်ကျိုးက သူ့နှုတ်ခမ်းထောင့်ကိုသုတ်ပစ်ပြီး စိတ်ထဲမှနေကာ ရှဲ့လင်ကိုဖန်တရာတေအောင်ဆဲဆိုနေလိုက်သည်။ ဤဘဝတွင် သူမည်သူ့ထံကမှအနမ်းမခံရသေးပေ။


 သူ့ရဲ့ပထမဆုံးအနမ်းကို ဘယ်လိုလုပ်ရှဲ့လင်ကယူသွားရတာလဲ။ ချီးပဲ။ 


သည်အချိန်တွင် တကယ်နမ်းလိုက်ခြင်းမဟုတ်၍သာ တော်သေးကြောင်း သူ့ကိုယ်သူနှစ်သိမ့်ရန်သာတတ်နိုင်ပေသည်။ ရှဲ့လင်ကလည်းနားလည်မည်မဟုတ်ပေ။ အရင်ဘဝက ရှဲ့လင်သည်အသက်နှစ်ဆယ်အရွယ်အထိ ချစ်သူမရှိသေးပေ။ယခုတော့ ထိုသူ၏အနမ်းစကေးက ကျောချမ်းစရာကောင်းလွန်းလှသည်။ သူပင် လျှာကိုဘယ်လိုသုံးရမှန်းသိသေးသည်မဟုတ်။ 


ယီးတဲ့မှ...ဘယ်အချိန်မလို့ ဒီအကြောင်းတွေစဥ်းစားနေရသေးတာလဲ။ 


ဖုယွမ်ကျိုးသည် သူ့ကိုယ်သူစိတ်ထဲမှကျိတ်ကာ ကြိမ်းမောင်းလိုက်၏။ ကံကောင်း၍ အဒေါ်ကထပ်မရောက်​လာခဲ့ပေ။ သူမကအခုထိအိပ်ဦးမည်မဟုတ်သေးရာ ရှဲ့လင်က ဘာမှထပ်လုပ်နိုင်မည်မဟုတ်တော့ပေ။ 


ရှဲ့လင်မှာ တကယ်လည်းဘာမှမလုပ်နိုင်ခဲ့ပေ။ ကြမ်းပြင်ပေါ်တွင်ကျနေသော ကုတ်အင်္ကျီကိုကောက်ပြီး ဖုယွမ်ကျိုးကိုလှည့်ကြည့်သည်။ ထိုသူ၏မျက်နှာထားက တည်ငြိမ်နေသော်လည်း သူ့အကြည့်က ဖုယွမ်ကျိုးကို တောင့်တင်းသွားစေသည်။ 


ရှဲ့လင်: "မင်းကိုယ့်ကိုအဖြေမပေးရသေးဘူးနော်...မင်းကိုယ်နဲ့ဒိတ်ချင်လား..." 


သူဖုယွမ်ကျိုးကိုထိုမေးခွန်းမေးနေခဲ့သည်မှာ တစ်ကြိမ်မကတော့ပေ၊၊ ထိုမေးခွန်းကိုကြားရတိုင်း ဖုယွမ်ကျိုးကလည်း ပုခုံးတွန့်ပြပြီး ခေါင်းယမ်းနေဆဲ။ 


"ငါ..." 

သူရှဲ့လင်ကိုကြောက်ရွံ့မိပြီး ရှဲ့လင်နှင့်ဒိတ်မည်မဟုတ်ကြောင်းလည်းမပြောရဲပေ။ သူ လူတိုင်းကို သေအောင်လိုက်ရိုက်ချင်စိတ်ဖြစ်လာလေသည်။

"ငါအထက်တန်းမပြီးမချင်း အဲဒီအကြောင်းကိုစဥ်းစားဖြစ်မှာမဟုတ်ဘူး..." 


"အိုကေ...." 

ရှဲ့လင်ကသူ့အားကြည့်လာလေသည်။ 

"ကိုယ်မင်းကိုစောင့်နေပါ့မယ်..." 


"တကယ်တော့....."


ဖုယွမ်ကျိုးမှာ တဒင်္ဂမျှတုံ့ဆိုင်းနေသေးသည်။ သူ ရှဲ့လင်ကို စောင့်နေရန်မလိုကြောင်းပြောချင်သည်။ အနှီသူသာ အခြားလူများနှင့်တွဲချင်လျှင်လည်း သူတားမည်မဟုတ်။ သို့သော်လည်း တကယ်တမ်းပြောရမည့်အချိန်တွင် သူမပြောလိုက်မိပေ။ သူပြောလိုက်လျှင် ရှဲ့လင်တကယ်စိတ်ဆိုးသွားလိမ့်မည်။ သည့်အပြင် ထူးလည်းထူးဆန်းနေသည်။ ရှဲ့လင် အခြားလူများနှင့်တွဲသွားတွဲလာလုပ်နေသည့်ပုံစံကို သူလုံးဝမြင်ယောင်ကြည့်၍မရပေ။ 


"ငါသိချင်တာရှိတယ်..." 

သူသည်ကား စကားခဏရပ်ပြီးမှမေးခွန်းပြောင်းမေးလိုက်၏။


"ငါကအိုမီဂါဖြစ်နေလို့ မင်းကငါနဲ့ဒိတ်ချင်တာလား...တကယ်လို့ငါသာအိုမီဂါမဟုတ်ခဲ့ရင်...." 


ရှဲ့လင်: "မင်းဘာပဲဖြစ်ဖြစ် အရေးမကြီးဘူး..." 


"မင်းကမင်းပဲလေ...ဒီလောက်ပဲ..." 


"ကိုယ်ကမင်းကိုပဲသဘောကျတာမလို့ပါ.."