အပိုင်း
၃
ကောင်မလေးသုံးယောက်သည်
ထိတ်လန့်တုန်လှုပ်နေသော ယုန်ငယ်များကဲ့သို့ ကုတ်ကုတ်လေးနေကာ စားပွဲခုံများတွင် ခေါင်းများမြုပ်ထားသလို
နေနေကြပြီး လှုပ်ရှားရန် ကြောက်လွန်းနေသဖြင့် ခေါင်းမထောင်ပဲ ထိုင်နေကြသည်။
ချူးကျောက်
-“ငါအိမ်သာသွားလိုက်ဦးမယ်”
လင်းလော
-“ခဏနေဦး!”
သူတို့နောက်မှ
ထိုင်ခုံများကို ရွှေ့သံ ကြားလိုက်ရတော့မှသာ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။ ပေါ်ရန်နှင့်
ကောင်လေးတစ်စုသည် သူတို့၏မစ်လ်တီးများသောက်၍ ပြီးသွားသဖြင့် ထွက်သွားကြသည်။
ကျင်းရှီသည်
ထိုကောင်လေးများစုဝေးရာ တံခါးဆီသို့ မျှော်ကြည့်လိုက်သည်။ ပေါ်ရန်သည် အရပ်ရှည်ရှည်နှင့်
သွယ်လျသော ပုံပန်းသွင်ပြင်ဖြင့် သူတို့ကြားတွင် ပေါ်လွင်နေသည်။ တိုတိုပြတ်ပြတ်ညှပ်ထားသော
ဆံပင်နှင့် ပေါ့ပေါ့ပါးပါး ဘတ်စကက်ဘောဂျာစီကို ဝတ်ဆင်ထားခြင်းက နုပျိုသောပုံပန်းသွင်ပြင်ကို
ပေးစွမ်းနေသည်။
ကျင်းရှီက
သူ့နောက်ကျောကို သဘောကျစွာ ကြည့်နေချိန်မှာပင် ပေါ်ရန်က လှည့်ကြည့်လိုက်သည်။ သူမကို
လျှပ်တစ်ပြက် ကြည့်လိုက်ပြီး ထိုအကြည့်တစ်ချက်မှာ သူ၏ ရှည်လျားသော မျက်ရစ်တစ်ထပ်တည်း
ဖြစ်နေသော မျက်ခွံများအောက်မှ ပြောင်လက်နေသော ရတနာတစ်ခုကို ဖွင့်ပြပြီး ပိတ်လိုက်သလို
ဖြစ်သွားသည်။
သူ၏ နက်မှောင်သော မျက်လုံးအိမ်ကို ကွယ်ဝှက်ထားသော်လည်း
သူ၏ ဘာကိုမှဂရုမစိုက်မှုနှင့် အရိုင်းဆန်သော အပြုံးများတွင် စွဲမက်စရာ အရိပ်အယောင်များတွေ့ရသည်။
ကျင်းရှီသည်
ထိုကောင်လေးမှာ ရှေးခေတ်က အမြီးကြီးကြီး မြေခွေးတစ်ကောင် ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ကျဉ်းမြောင်းသော ဇာမဏီမျက်လုံးများသည် စွဲမက်ဖွယ် ကောင်းလွန်းနေသည်။ ထို့ကြောင့်သူသည်
ကောင်မလေးများကြားတွင် အလွန်ရေပန်းစားခဲ့သည်မှာ အံ့သြစရာမရှိပေ။
လှုပ်ရှားနေသော
လူအုပ်ကြားတွင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အဝေးမှ လှမ်းပြီး စူးစိုက်ကြည့်နေကြသည်။
ကျင်းရှီလည်း သူ့ကို ယဉ်ကျေးစွာ ပြန်ပြုံးပြရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ထို့နောက်
ချူးကျောက်က ကျင်းရှီကို သူမဘဝတွင် မြင်ဖူးသမျှ အပြုံးများထဲမှ အဆိုးဆုံး အပြုံးဖြစ်သည်ဟု
ပြောခဲ့သည်။
ပေါ်ရန်သည်
ဘတ်စကက်ဘောကွင်းဘေးတွင် ရပ်ကာ နွားနို့ပူပူတစ်ခွက်ကို ကိုင်ထားပြီး ရှေ့ကို စိုက်ကြည့်ရင်း
အမှတ်တမဲ့ တစ်ငုံသောက်လိုက်သည်။
“မင်းကောင်မလေးကို မနှုတ်ဆက်ခဲ့ဘူးလား” ပေါ်ရန်၏ အခန်းဖော်
ကျင့်ချီသည် သူငယ်ချင်းတစ်ယောက်ဆီ ဘတ်စကတ်ဘော ဘောလုံးကို ပစ်ပေးလိုက်ပြီး ပေါ်ရန်ဘေးတွင်
ဝင်ထိုင်ကာ မေးလိုက်သည်။
ပေါ်ရန်က
ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “ငါကဒီကောင်မလေးတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ မင်းကတော့
မသိတဲ့ ကောင်မလေးတွေကိုတောင် မစ်လ်တီးဝယ်တိုက်ဖို့ ဖိတ်ခဲ့သေးတာပဲ”
“ငါသူတို့ကို မစ်လ်တီးဝယ်တိုက်ဖို့
ဒီတိုင်းဖိတ်ခဲ့တာမဟုတ်ပါဘူး။ ကောင်မလေးတချို့က မင်းရဲ့အတိတ်ကို ပြန်တူးဆွနိုင်လို့လေ”
ပေါ်ရန်သည်
သူ၏သွယ်လျသော လည်ပင်းကို ဘယ်ညာရွှေ့ကာ နို့ခွက်မှ ပိုက်ကို ခံစားချက်မဲ့စွာ စုပ်သောက်နေသည်။
ရှုချောင်းယန်က
ဆက်ပြီးပြောလိုက်သေးသည်။ “အဲ့ဒီကျောင်းသူလေးက ရှန်ဖျင်ချွမ်ရဲ့ ညီမလေးလေ။ ငါကြားတာတော့
ငါးထပ်မှာနေတဲ့ စွန်းခိုင်နဲ့ သူ့အပေါင်းအဖော်တွေက ရှန်ဖျင်ချွမ်ကို သူ့ညီမလေးနဲ့ကိုင်ပေါက်ပြီး
ပညာပေးဖို့ အစီအစဉ်ရှိတယ်ဆိုပဲ”
“အိုး”
ပေါ်ရန်သည်
ထလိုက်ကာ ပျင်းရိသော ခြေလှမ်းများဖြင့် ထွက်သွားသည်။
ရှုချောင်းယန်က
မေးလိုက်သည်။ “မင်း အဲ့ကောင်မလေးကို ဂရုစိုက်ပေးနေတာလား”
ပေါ်ရန်က
“ငါက ကလေးမလေးတွေကို စိတ်မဝင်စားဘူး”
ဟု မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်သည်။
“သဘောပေါက်ပါပြီ ဆရာပေါ်၊
မင်းမှာ ထူးခြားတဲ့အကြိုက်တစ်မျိုးရှိနေတာပဲ” ရှုချောင်းယန်က
ရယ်ပြီး ပြောလိုက်သည်။ “စွန်းခိုင်နဲ့ သူ့ဂိုဏ်းက ဘာထပ်ပြောလဲသိလား၊ ရှုချောင်းယန်က
ကျောင်းသားကောင်စီထဲ ဝင်ပြီး ဆောင့်ကြွားဆောင့်ကြွားဖြစ်နေတော့ စွန်းခိုင်က သူ့ညီမနဲ့
ကောက်တွဲပစ်လိုက်မယ်တဲ့၊ အဲ့ဒါတွေက သူတို့အသေအချာ ကြိမ်းဝါးထားတဲ့ စကားလုံးတွေပဲ”
ပေါ်ရန်က
သူ့နို့ခွက်ကို လွှင့်ပစ်လိုက်ပြီး “အပြောကတော့ သိပ်ကောင်းတယ်” ဟု ပျင်းရိစွာပြောလိုက်သည်။
...
ညရောက်သောအခါ အခန်းဖော် ညီအစ်မနှစ်ယောက်သည် နေ့စဉ်သုံးပစ္စည်းများဝယ်ရန်
ကျင်းရှီကို ကုန်တိုက်တစ်ခုသို့ ခေါ်သွားကြသည်။ စာသင်နှစ်အသစ်၏ အစဖြစ်သောကြောင့် ထိုကုန်တိုက်တွင်
လူများဖြင့် စည်ကားနေသည်။
ပစ္စည်းများ
အမြန်ဝယ်နိုင်ရန်အတွက် သူတို့သည် လူခွဲလိုက်ကာ တစ်ယောက်တစ်လမ်းစီ သီးခြားလျှောက်သွားကြသည်။
လင်းလောသည်
ငွေရှင်းသည့်နေရာတွင် တန်းစီရပ်နေပြီး ချူးကျောက်နှင့် ကျင်းရှီတို့သည် ပစ္စည်းများကို
ဝယ်ယူရန် ထွက်သွားကြသည်။
ကျင်းရှီသည်
သူမ၏ ဖုန်းမှ မှတ်စုတိုစာရင်းကို ငုတ်ကြည့်ကာ စင်တစ်ခုမှ ဖြတ်သွားစဉ်တွင် ရင်းနှီးသော
လူရိပ်ကို တွေ့လိုက်ရသည်။
ပေါ်ရန်။
သူသည်
တီရှပ်အဖြူနှင့် အနက်ရောင်ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး စင်တစ်ခုရှေ့တွင် ရပ်ကာ ပစ္စည်း၏
အမျိုးအစားဖော်ပြချက်ကို ဂရုတစိုက်စစ်ဆေးနေသည်။
မျက်နှာကြက်ကနေထိုးထားသော
မီးရောင်အောက်တွင် သူ၏ ဖြူဝင်းသော အသားအရေသည် ပို၍ပင် ကြည်လင်နေပုံရပြီး နဖူးပေါ်မှ
မျက်မှောင်ကြုတ်သွားသည်မှာ ထင်ရှားစွာ တွေ့နေရသည်။ သူ၏ ရှည်လျားသော မျက်တောင်များသည်
သူ့မျက်ခွံများအောက်၌ အရိပ်ပါးပါးလေးတစ်ခုကို ပေါ်လာစေသည်။
သူ
မော့ကြည့်လိုက်သောအခါ ကျင်းရှီက စင်ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်သည်။
သူသည်
အိုကာမိုတိုကွန်ဒုံးဘူးကို အနီရောင်စျေးဝယ်ခြင်းတောင်းထဲသို့ တိတ်တဆိတ်ပစ်ချလိုက်သည်။
သူတို့နှစ်ယောက်သည်
ခဏမျှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျင်းရှီလည်း အသကုန်လှည့်ပြေးပြီး ဆယ်မီတာလောက်ပြေးပြီးမှသာ ရပ်တန့်လိုက်သည်။
သူမဘာကြောင့်
ထွက်ပြေးခဲ့သနည်း။ သူမ အံ့ဩသွားပြီး ပါးပြင်များ ပူထူလာသလို ခံစားလိုက်ရသည်။ သူမသည်
ကွန်ဒုံးဝယ်သည့်သူလည်း မဟုတ်ပဲ ဘာကြောင့်ရှက်နေသနည်း။
ပခုံးတွန့်ကာ
ကျင်းရှီက ဝယ်ယူဖို့ပစ္စည်းများကို ဆက်ရှာဖွေနေခဲ့သည်။
ပထမတော့
ပေါ်ရန်က ကျင်းရှီကို ချက်ချင်းမမှတ်မိလိုက်ပေမယ့် တစ်နေရာရာမှာ သူမကို သူမြင်ဖူးသလို
ခံစားလိုက်ရသည်။ ပေါ်ရန်အတွက် လူမျက်နှာများကို မှတ်မိရန်မှာ ခက်ခဲတတ်သည်။ အထက်တန်းကျောင်းတုန်းက
တစ်နှစ်ခွဲခန့် သူ့နှင့်ထိုင်ခုံအတူတူထိုင်ဖူးသော ကျောင်းသူတစ်ယောက် ရှိခဲ့သော်လည်း
ကျောင်းပြီးသွားပြီးနောက် သူမကို လမ်းမှာတွေ့သည့်အခါ အကြာကြီး စိုက်ကြည့်ခဲ့တာတောင်
ဘယ်သူမှန်း မမှတ်မိတော့ပေ။
ပေါ်ယန်သည်
ကျင်းရှီနှင့် နောက်တစ်ကြိမ် မတွေ့မီ ကုန်တိုက်တစ်ဝိုက် အတန်ကြာ လှည့်လည်ကြည့်နေခဲ့သည်။
သူမသည် စင်တစ်ခု၏ ရှေ့တွင် ရပ်ကာ စင်အပေါ်ဆုံးက ပစ္စည်းကို မမှီ့တမှီနှင့် လှမ်းယူနေသည်။
သူမ၏ အရပ်အမောင်းနှင့် ကိုးရိုးကားယားဖြစ်နေမှုလည်းက သူမကို ချစ်စရာကောင်းစေသည်။
နောက်ဆုံးတော့
သူမ ဘယ်သူလဲဆိုသည်ကို သူသတိရသွားသည်။ သူမသည် ကံမကောင်းလှသော မိဘများ၏ နောက်အိမ်ထောင်မှ
ပါလာသည့် ရှန်ဖျင်ချွမ်၏ ညီမလေးပင် ဖြစ်သည်။
ပေါ်ယန်က
သူမကို ကြည့်နေသည်ကို ကျင်းရှီ မသိခဲ့ပေ။ သူမသည် ပစ္စည်းကိုလှမ်းယူရန် အထူးအားစိုက်နေသောကြောင့်
ဖြစ်သည်။
လစဉ်သုံးပတ်ဒ်များ၏
အမှတ်တံဆိပ်ကောင်းတစ်ခုသည် စူပါမားကတ် မန်နေဂျာကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သလား
အောက်မေ့ရသည့်တိုင် မိန်းကလေးတိုင်း လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းသည့်နေရာတွင်
ထားထားသည်ဟု သူမထင်နေသည်။ သို့မဟုတ် မည်သူမှ ထိုနေရာကို လှမ်းမယူကြဘူးဟု သူမတွေးလိုက်သည်။
ကျင်းရှီသည်
ရှည်လျားပြီး ဖြူဖွေးလှပသော လက်တစ်စုံက လစဉ်သုံးပတ်ဒ်များကို လှမ်းယူပေးနေသည်ကို ကြည့်နေသည်။
ထိုလက်ပိုင်ရှင်မှာ နတ်ဘုရားတစ်ပါးပင် ဖြစ်ရမည်။
ကျင်းရှီက
ချိုချိုသာသာ ပြုံးပြီး ကူညီပေးသော နတ်ဘုရားနှင့် တူသည့်သူကို ကျေးဇူးတင်စကားပြောရန်
လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲ ရောက်သွားသည်။
သူမ
ပထမဆုံး သတိထားမိသည်မှာ သွယ်လျပြီး အသားအရေချောမွေ့သောလည်တိုင်၊ ထိုလည်တိုင်တွင် ထင်ရှားသော
အာဒမ်ပန်းသီးတစ်လုံးဟု ခေါ်သည့်လည်စေ့လေးရှိနေပြီး ထိုအရာက ထိုလည်တိုင်၏ ကျက်သရေကို
ပိုတိုးစေသည်။
ပေါ်ရန်။
သူတို့နှစ်ယောက်သည်
တစ်ယောက်နှင့်တစ်ယောက် လက်မအနည်းငယ်သာ ကွာဝေးပြီး ကျင်းရှီ၏ မျက်နှာသည် သူ့ရင်ခွင်နှင့်
ထိလုနီးပါးဖြစ်နေသည်။
ပေါ်ရန်က
သူမကို ငုတ်ကြည့်ရင်း သူ၏အသက်ရှုထုတ်သည့် လေက သူမခေါင်းပေါ် ညင်သာစွာ ကျဆင်းလာသည်။
ကျင်းရှီသည်
အနည်းငယ် ပူသလို ခံစားလာရသည်။
ပေါ်ရန်က
သူမကို စိုက်ကြည့်ရင်း သူ့အကြည့်သည် သူမ၏ လည်တိုင်အသားအရေပေါ် ရောက်ရှိသွားသည်။ သူမ၏သိမ်မွေ့သောကော်လံရိုးသည်
အလျားလိုက်ဖြစ်နေပြီး၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သူမ၏ပိန်ပါးသောပခုံးများနှင့်ယှဉ်လျှင်ပင်
ပို၍သေးငယ်နေပုံရသည်။
သူသည်
သူငယ်ငယ်တုန်းကပုံကို ပြန်မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်
ထိုသို့မဟုတ်ချေ။ သူမသည် သူမူလတန်းကျောင်းတုန်းကထက်တောင် ပို၍သေးငယ်နေပါသေးသည်။
ပေါ်ရန်သည်
ပျင်းရိစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးများ အနည်းငယ် မှေးသွားကာ ဆွဲဆောင်မှုရှိနေပြီး
ချစ်ခင်နေပုံရသည်။ “ငါကြားလိုက်တယ် မင်းတကယ်ပဲ ငါ့ကောင်မလေးဖြစ်ချင်တယ်ဆို”
“အိုး အဲ့ဒါအတွက် တောင်းပန်ပါတယ်
စီနီယာ!” ကျင်းရှီက ချက်ချင်း နောက်ပြန်ဆုတ်ကာ တောင်းပန်လိုက်သည်။ “အဲ့ဒါက ကျွန်မအခန်းဖော်က
အထင်လွဲပြီးပြောခဲ့တာပါ၊ ရှင့်ရဲ့ကောင်မလေးဖြစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး!”
ပေါ်ရန်
- ...
သူမသည်
သူနှင့်ရည်းစားမဖြစ်ချင်သည့်အတွက် အနည်းငယ် စိတ်ပျက်သွားသည်။
“မနေ့က WeChat မှာ မင်း ငါ့ကို
အပ်ခဲ့တာလား”
“ဟုတ်”
“မင်းတစ်ခုခုများ လိုလို့လား”
“မဟုတ်ပါဘူး၊ ရှင် ကျွန်မကို
သူငယ်ချင်းအဖြစ်လက်ခံမလားဆိုတာ သိချင်ခဲ့ရုံပါ”
ပေါ်ရန်
- ...
သူမသည်
သူ့ကို ပလေးနေသလို ခံစားလိုက်ရသည်။
“ငါ့ကို ဟော့ပေါ့စားဖို့
ဖိတ်မယ်လို့ ပြောခဲ့တယ်မလား”
ကျင်းရှီသည်
ပေါ်ရန်ကို တအံ့တသြ မော့ကြည့်လိုက်သည်။ “ဟော့ပေါ့စားချင်ရင်တော့ ကျွန်မတို့နဲ့ လိုက်စား...”
“မစားတော့ပါဘူး၊ နောက်ရက်ပိုင်းလောက်ကျရင်
ထရိန်နင်ဆင်းရတော့မှာဆိုတော့ ငါ့အစာအိမ်ကို ဂရုစိုက်မှ ဖြစ်မယ်”
ပေါ်ရန်က
သူကိုင်ထားသည့် လစဉ်သုံးပတ်ဒ်များကို သူမ၏ စျေးဝယ်ခြင်းတောင်းထဲသို့ထည့်ကာ လှည့်ထွက်လာခဲ့သည်။
သူသည်
သူ၏ထွက်ခွာမှုမှာ စတိုင်ကျပြီး မိုက်နေသည်ဟု ထင်ခဲ့သော်လည်း ခြေလှမ်းအနည်းငယ်အကွာသို့ရောက်သောအခါ
ကျင်းရှီကြောင့် ရပ်တန့်သွားခဲ့သည်။
“ပေါ်ရန်၊ ရှင် ကျွန်မကို
တစ်ခုလောက် ကူညီပေးလို့ရမလား”
သူသည်
လှည့်မကြည့်ချင်သော်လည်း “ပေါ်ရန်”
ဟူသော ချိုမြိန်သော အသံလေးက သူ့နှလုံးသားကို အရည်ပျော်စေခဲ့သည်။
ပေါ်ရန်က
ခံစားချက်မဲ့သည့် မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ “ဟမ်?”
ကျင်းရှီသည်
စင်ထိပ်ကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်မကို နောက်ထပ် အထုပ်လေးတွေ ထပ်ယူပေးလို့ရမလား”
ပေါ်ရန်သည်
မဝံ့မရဲနှင့် လျှောက်သွားကာ အရောင်တူ အထုပ်နှစ်ထုပ်ကို ကောက်ကိုင်လိုက်ပြီး ကျင်းရှီအား
ပေးလိုက်သည်။
“ကျွန်မ နောက်ထပ်ညဖက်သုံးတဲ့ဟာ
သုံးထုပ်နဲ့ ခပ်ရှည်ရှည်ဟာလေး လိုချင်တယ်”
“ဘယ်ဟာလဲ?”
“နက်ပြာရောင်အထုပ်လေးခုကို
ယူလိုက်”
ပေါ်ရန်က
ကျင်းရှီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး “ဒါတွေအားလုံးကို မင်းတစ်ယောက်တည်း သုံးမလို့လား” ဟုမေးလိုက်သည်။
သူပြောပြီးသည်နှင့်
တစ်ပြိုင်နက် နောင်တရသွားသည်။ ထိုမိန်းကလေးပစ္စည်းများ သူမ အကုန်သုံးမသုံးကို သူဘာကြောင့်
ဂရုစိုက်နေသနည်း။
ကျင်းရှီသည်
ထိုစကားကို အလွန်အမင်းစဉ်းစားပုံမပေါ်ပဲ “ကျွန်မက ဝယ်ပြီးစုထားရတာကို ကြိုက်တယ်” ဟုအမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ပေါ်ရန်က
သူမကို ကြည့်လိုက်သည်။ သူမဆံပင်သည် သိပ်မထူသော်လည်း သူမ၏ ခေါင်းနောက်တွင် ကျစ်ဆံမြီးလေးတစ်ချောင်းကို
ကျစ်ထားပြီး ထိုအရာသည် ကင်းမြီးကောက်အမြီးကဲ့သို့ ဖြစ်နေပြီး လှုပ်တုပ်တုပ်နှင့် ချစ်စရာကောင်းနေသည်။
“ဒါက အလေ့အကျင့်ကောင်းတစ်ခုပဲ။
ငါလည်းပဲ ဝယ်ပြီးစုထားရတာကို ကြိုက်တယ်”
ကျင်းရှီ
ငုံ့ကြည့်လိုက်သည့် ပေါ်ရန်၏ ခြင်းတောင်းထဲတွင် အိုကာမိုတိုကွန်ဒုံး ခုနစ်ဘူး၊ ရှစ်ဘူးကို
တွေ့လိုက်ရသည်။
သူတကယ်ကို
စုဆောင်းရသည်ကို နှစ်သက်ပေနေသည်။
ပေါ်ရန်
-...
သူမ
ဘာကြောင့် ထိုပစ္စည်းများကို စိုက်ကြည့်နေသနည်း။
ကျင်းရှီသည်
ပေါ်ရန်အား ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောပြီး သူမ၏ လစဉ်သုံးပတ်ဒ်အထုပ်များ အပြည့်ဖြစ်နေသော
ခြင်းတောင်းဖြင့် ထွက်သွားခဲ့သည်။ သူမထွက်သွားသောအခါ ပေါ်ရန်က နွားနို့ဘူးတစ်ဘူးကို
သူမ၏ခြင်းတောင်းထဲ ထည့်လိုက်သည်။
“ကလေးလေးတစ်ယောက်လို နို့များများသောက်ဦး”
ကျင်းရှီ
- ...
ကလေးတစ်ယောက်ကို
နို့သောက်ဖို့ လာပေးနေတာလား။
ပေါ်ရန်လည်း
အဝေးသို့ ထွက်သွားခဲ့ပြီးဖြစ်သည်။
သူမလည်း
မျက်လုံးများလှန်ကြည့်ပြီး ထွက်သွားခဲ့သည်။
ကျင်းရှီသည်
ကွန်ဒုံးစင်နား ဖြတ်လျှောက်သွားသောအခါ တုံ့ဆိုင်းသွားပြီး ပေါ်ရန်ဝယ်ခဲ့သည့် ကွန်ဒုံးဘူးတစ်ဘူးကို
ကောက်ယူလိုက်သည်။
၎င်းသည်
ပိုးသားထည်လို textureရှိပြီး ၀.၀၃မီလီမီတာ ပါးလွှာပြီး အထိအတွေ့ ခံစားမှုမဲ့သော အတွေ့အကြုံကို
ပေးစွမ်းသည်။
ထိုအချိန်တွင်
ချူးကျောက်သည် သူမ၏ ဈေးဝယ်လှည်းကို တွန်းချလိုက်ပြီး ကျင်းရှီ၏ လက်ထဲက ကွန်ဒုံးကို
ကြည့်ရင်း ထိတ်လန့်စွာ မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားသည်။ “ဒါဆို ဒါက ငါ့အခန်းဖော်ရဲ့
သူ့ဆန္ဒတွေကို ဖုံးကွယ်ထားတဲ့နည်းပဲဖြစ်ရမယ်”
ကျင်းရှီ
- ...
“ခဏလေးနေပါဦး ငါရှင်းပြပါရစေ”
ပေါ်ရန်သည်
သူ့အဆောင်အခန်းသို့ပြန်လာခဲ့ပြီး နွားနို့ပုလင်းနှစ်လုံးကို စားပွဲပေါ်တင်ကာ ကွန်ဒုံးဘူးတစ်ချို့ကို
သူ့အခန်းဖော်၏ အိပ်ရာပေါ်သို့ ပစ်ချပေးလိုက်သည်။
“ငါ့ကို ဒီပစ္စည်းတွေ နောက်ထပ်မဝယ်ခိုင်းတော့နဲ့”
ကျင့်ချီက
ဂိမ်းဆော့နေရင်း မော့ကြည့်လိုက်သည်။ “ဘာလဲ၊ ဒီဟာတွေ ဝယ်နေတုန်း မင်းသိတဲ့လူတစ်ယောက်က
တွေ့သွားလို့လား”
ပေါ်ရန်သည်
နွားနို့ပုလင်းကိုဖွင့်ကာ စကားမပြောပဲ သောက်ချလိုက်သည်။
“တကယ်ကြီး တွေ့သွားတာလား” ကျင်းချီက ရယ်မောလိုက်သည်။
“သူက မိန်းကလေးလား”
ထိုအချိန်တွင်
ရှုချောင်းယန်သည် ကုတင်အပေါ်ထပ်မှ ခေါင်းပြူထွက်လာပြီး “ငါတို့ ဘောစိပေါ်က ဖြူဖြူစင်စင်
သန့်သန့်ရှင်းရှင်းလေး၊ ဒါတောင် မြှူဆွယ်ခံရတာတွေအများကြီးကို
ကြုံခဲ့ရတာနော်၊ အခုထိ လူပျိုရည်မပျက်ဖူးသေးတော့ မင်းသူ့ဆီက သင်ထားရမယ်”
ပေါ်ရန်က
ကွန်ဒုံးတစ်ဘူးကို ကိုင်လိုက်ပြီး ရှုချောင်းယန်ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာ ပြောလိုက်သည်။
“မသိရင် မင်းလည်း လူပျိုမဟုတ်တော့တဲ့ အတိုင်းပဲ၊ မင်းရဲ့ အချိန်တွေကို ဖြုန်းနေမယ့်အစား
အောက်ထပ်က ကောင်တွေဆီ သွားသင်ပြီး ချမ်းသာတဲ့ကောင်မလေးတွေကို ချူစားပြီး ဆင်းရဲသားတွေကို
ဘာလို့ မကူညီပေးရတာလဲ”
ကျင့်ချီက
“အမျိုးသားတွေရေ၊ ငါတို့မှာ မင်းလိုချင်တာ အကုန်ရှိတယ်” ဆိုသော ကွန်ဒုံးကြော်ငြာစာရွက်ကို
ယူဖတ်လိုက်ပြီး အဆောင်အခန်းတံခါးပေါ်တွင် ဒယ်ဘယ်လ်တိပ်ဖြင့် ကပ်ထားလိုက်သည်။
“သူများတွေ အရေးတကြီးလိုနေရင်
ငါသူတို့ရောင်းပေးလို့ရတယ်။ ဈေးကို နှစ်ဆတိုးပစ်မယ်” ဟု သူက ပြောလိုက်သည်။
ရှုချောင်းယန်သည်
နေရာတိုင်းတွင် ထိုကြော်ငြာလေးများ လိုက်ကပ်ထားခြင်းကို မခံမရပ်နိုင်ဖြစ်နေပြီး “ငါတို့ရဲ့
ဟိုဖက်ခြမ်းက အဆောင်မှာ မိန်းကလေးတွေ မကြာခင် ပြောင်းလာကြတော့မှာ။ ငါတို့ယောကျ်ားလေးတွေ
သိက္ခာမကျအောင် အခုချက်ချင်း မင်းရဲ့ အဲ့ကြော်ငြာတွေအားလုံး ဖြုတ်ချလိုက်”
ကျင့်ချီ
အံ့သြသွားပြီး “တကယ်ကြီးလား ဟျောင့်၊ သူတို့တွေ တကယ်ပဲ အဆောင်တွေ ရောပစ်တော့မှာလား”
ရှုချောင်းယန်က
ပြန်ဖြေလိုက်သည်။ “အတည်ပြုပြီးပါပြီခင်ဗျာ။ အတန်းခေါင်းဆောင်အနေနဲ့ ငါ့ကို လျှောက်လမ်းတွေကို
သန့်သန့်ရှင်းရှင်း ထားဖို့ ညဖက်မှာ ငါတို့ရဲ့အသံအကျယ်ကြီးတွေနဲ့ အသစ်ရောက်လာတဲ့ မိန်းကလေးတွေကို
မခြောက်ဖို့ အတိုင်ပင်ခံကိုယ်တိုင်က ပြောထားတယ်”
ရုတ်တရက်
ကျင့်ချီသည် တစ်စုံတစ်ခုကို သတိရသွားပြီး “အိုး ဘုရားရေ၊ အဲဒါကြောင့်ကိုး၊ အောက်ထပ်က
အားကစားကွင်းကို ဖြတ်သွားတော့ အားကစားကောလိပ်ကကောင်တွေ ဆိုင်းဘုတ်ကပ်ဖို့ ရေးနေတာတွေကို
တွေ့ခဲ့တာကိုး”
ရှုချောင်းယန်က
“ဘာဆိုင်းဘုတ်တွေလဲ" ဟုမေးသည်။
ကျင့်ချီက
မိန်းကလေးတစ်ယောက်၏ အသံလို တုပလိုက်ပြီး “ယောကျာ်းလေး အဆောင်ရှစ်ကို ပြောင်းလာတဲ့ ချစ်စရာကျောင်းသူသစ်လေးတွေကို
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ တက်ကြွမှု အပြည့်ပဲ! မိုက်လိုက်တာရှင်!”
အမှတ်မထင်စွာနှင့်
ပေါ်ရန်သည် နွားနို့သောက်ရင်း သီးသွားပြီး ရှုချောင်းယန် မျက်နှာတစ်ခုလုံးကို နွားနို့များ
မှုတ်ထုတ်ပစ်လိုက်သည်။
ရှုချောင်းယန်
- ...
ပေါ်ရန်က
ကျိန်ဆဲလိုက်သည်။ “ငါ*ိုးမသား!”