အပိုင်း
၅
ကျင်းရှီနှင့်
သူမ၏သူငယ်ချင်းများသည် ယောကျ်ားလေးအဆောင်ရှစ်၏ အဝင်ဝတွင် ရပ်နေကာ “ချစ်စရာကောင်းတဲ့
ကျောင်းသူသစ်လေးတွေကို ယောကျ်ားလေးအဆောင်ရှစ်မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် တက်ကြွမှုအပြည့်နဲ့!
ဟုတ်တယ်!” ဟူသော ကြီးမားသော ဆိုင်းဘုတ်ကို ကြည့်ရင်း ဖတ်နေကြသည်။
ကျင်းရှီတို့လည်း
ထိုရေးထားသောစာများ အားလုံးကို သံသယစိတ် မဝင်ပဲ မနေနိုင်ပေ။ ထိုဆိုင်းဘုတ်များအပြင်
အဆောင် ပြတင်းပေါက်များနှင့် လသာဆောင်များကို လေတိုက်လျှင် လှုပ်ခါသွားနေသော ပန်းရောင်ပူဖောင်းများဖြင့်
တန်ဆာဆင်ထားသည်။
ချူးကျောက်သည်
ကြောက်လန့်တကြားနှင့် နောက်ဆုတ်လိုက်ပြီး “ငါတို့တွေ ဘာလို့ ဒီလိုအဆောင်ကြီးကို ပြောင်းလာရတာလဲ” ဟုမေးလိုက်သည်။
လင်းလောလည်း
တုန်လှုပ်ခြောက်ခြားသွားပြီး ပြန်ဖြေလိုက်သည်။ “ငါလည်း မသိတော့ဘူး။ အမျိုးသား ကာကွယ်ရေးနဲ့
အားကစား အကယ်ဒမီက လူတွေက တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”
ကျင်းရှီသည်
နှာခေါင်းစည်းကို တိတ်တိတ်လေး ဝတ်ပြီး ပြောလိုက်သည်။ “ငါတို့တွေ မြန်မြန်ဝင်သွားကြရအောင်၊
ဒီမှာ ဒီလိုရပ်နေရတာ ရှက်စရာကြီး”
အတိုင်းမသိ
ကြီးမားသော ဖိအားကို ခံစားရပြီး ကောင်မလေးများသည် ယောကျ်ားလေးအဆောင်ရှစ် ဝင်ပေါက်ဆီသို့
လေးလံသောခြေလှမ်းများဝင်ခဲ့ကြသည်။
ဝင်ပေါက်နားသို့
ရောက်လာသောအခါ အင်္ကျီအဖြူဝတ်ထားသော စီနီယာကျောင်းသား အများအပြားက ထိုကောင်မလေးများကို
ကူညီပေးဖို့ စိတ်အားထက်သန်စွာ စောင့်နေကြသည်။
“မင်္ဂလာနံနက်ခင်းပါ လူသစ်လေးတွေရေ”
“မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေကို
ငါတို့ ကူသယ်ပေးမယ်လေ”
“မင်းတို့ရဲ့အဆာင်အခန်းက
အခန်း၄၁၀၊ ငါတို့ မင်းတို့ကို ခေါ်သွားပေးမယ်လေ”
ကျင်းရှီက
ထိုကျောင်းသားများမှာ သူမကျောင်းတက်ဖို့စာရင်းသွင်းသည့် ကျောင်းပထမဆုံးရက်တွင် သူမ၏
ခရီးဆောင်အိတ်ကို လုယူသွားသည့် စီနီယာကျောင်းသားများ ဖြစ်နေကြောင်း ချက်ချင်း မှတ်မိသွားသည်။
ကျောင်းသားလေးယောက်သည်
ဟိုဘက်ဒီဘက် တန်းစီနေပြီး သူတို့ကို ဟိုတယ်ဝန်ထမ်းများကဲ့သို့ ကြိုဆိုပြီး အပေါ်ထပ်သို့
ခေါ်သွားပေးနေသည်။
ကျင်းရှီသည်
သူမ၏ ခရီးဆောင်အိတ်ကို သူမနောက်တွင် အလိုလို ဝှက်လိုက်ပြီး ထိုသူတို့နှင့် ယခင်တွေ့ဆုံမှုကြောင့်
စိတ်ဒဏ်ရာရနေဆဲဖြစ်သည်။
ထိုစီနီယာများထဲမှ
တစ်ယောက်က ကျင်းရှီ၏ အနီရောင် ခရီးဆောင်အိတ်ကို မြင်သောအခါ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး
Nike ကောင်လေးကို မသိမသာတံတောင်ဖြင့် တွတ်လိုက်လေသည်။ “ဟေး ရှန်ဖျင်ချွမ်ရဲ့ညီမလေးက
ဒီကိုရောက်လာတယ်ဟ!”
ကျင်းရှီကို
မှတ်မိသွားကြသည်။ သူမသည် နှာခေါင်းစည်းတပ်ထားသော်လည်း အခြားကျောင်းသားများက ရှက်သလို
ခံစားသွားရသည်။
Nike
ကောင်လေးလည်း ခေါင်းကုတ်လိုက်ပြီး “ဟိုင်း”
ဟူ၍ လက်ကို မြှောက်ပြလိုက်သည်။
ကျင်းရှီသည်
ခပ်ခွာခွာနေပြီး ဘာမှပြန် မတုံ့ပြန်ပေ။
ထိုစီနီယာများထဲမှ
တစ်ယောက်က ထိုသို့ရေခဲတမျှ အေးခဲနေသော အခြေအနေကို ချိုးဖျက်ရန် ကြိုးစားပြီး နေရခက်နေသော
အပြုံးဖြင့် “ငါတို့တွေ နောက်တစ်ခါ တွေ့ကြပြန်ပြီပေါ့ လူသစ်လေးရေ၊ ကံကြမ္မာက ငါတို့ကို
တွေ့ဖို့ ပေါင်းစည်းပေးလိုက်တာပဲ။ ဒီအခွင့်အရေးကို တန်ဖိုးထားကြရအောင်”
ကျင်းရှီသည်
ဆက်လက်၍ တိတ်ဆိတ်နေသည်။
Nike
ကောင်လေးသည် ဂရုတစိုက်နှင့် မေးလိုက်သည်။ “မင်းဒီမှာနေရမှာပျော်လား မင်းကို အနိုင်ကျင့်ကြသေးလား
ငါတို့ကိုသာပြော ငါတို့က မင်းအတွက် ဂရုစိုက်ပေးမှာ!”
နောက်ဆုံးတော့
ကျင်းရှီက အေးတိအေးစက် လေသံဖြင့် ထိန်းပြောလိုက်သည်။ “ရှင်တို့ကလွဲလို့ ဘယ်သူမှ ကျွန်မကို
အနိုင်မကျင့်ကြဘူး”
ထိုစီနီယာသုံးယောက်သည်
တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အရှက်ရသလို ခံစားသွားရသည်။
တကယ်တော့
ကျင်းရှီက သူမကို ဒုက္ခမပေးသရွေ့ ခွင့်လွှတ်တတ်သူသည် ဖြစ်သည်။
ကျောင်းသူသစ်များကို
ကြိုဆိုရန် ယောကျ်ားလေးအဆောင်ရှစ်မှ ထိုစီနီယာများကို ရွေးချယ်ခဲ့သော်လည်း သူတို့၏
ယခင်အပြုအမူများကြောင့် စိတ်မသက်မသာဖြစ်နေရသည်။ သူတို့သည် ထိုကောင်မလေးများကို စိတ်အဆင်မပြေဖြစ်စွာ
ခေါ်ဆောင်သွားပြီး အဆောင်အခန်းသို့ ခေါ်သွားပြပြီးနောက် အလျင်အမြန် ထွက်သွားကြသည်။
ကောင်မလေးများသည်
သူတို့၏ အဆောင်အခန်းကို သန့်ရှင်းရေးလုပ်ကာ အိပ်ရာများကို ရွေးချယ်ပြီးနောက် ကိုယ်ပိုင်ပစ္စည်းများကို
နေရာချနေကြသည်။ တစ်ချိန်က လွတ်နေသော ထိုအခန်းသည် တစ်စတစ်စ နွေးထွေးလာပြီး သက်တောင့်သက်သာ
ဖြစ်လာကာ သူတို့အား အိမ်ရောက်သွားသလို ခံစားချက်ကို ပေးစွမ်းနေသည်။
ထိုအချိန်တွင်
ကျင်းရှီသည် သူမ၏ အခန်းတံခါးအပြင်ဖက်မှ အသံဗလံများကြားနေရသည်။ တံခါးကိုဖွင့်ကြည့်လိုက်သောအခါ
သူမအဆောင်အခန်းရှေ့တွင် အာလူးကြော်၊ ဘီစကွတ်များ၊ အစပ်အချောင်းများ၊ ကိုလာနှင့် သစ်သီးဖျော်ရည်များ
စသဖြင့်အရောင်အသွေးစုံလှသော အဆာပြေမုန့်မျိုးစုံ စုပုံနေသည်ကို တွေ့လိုက်ရသည်။
Nike
ကောင်လေးနှင့် သူ့သူငယ်ချင်းများသည် လျှောက်လမ်းထောင့်တွင် ရစ်သီရစ်သီလုပ်နေပြီး သူမ၏
အမူအရာကို သတိထားပြီး စောင့်ကြည့်နေကြသည်။
ကျင်းရှီသည်
အဆာပြေမုန့်များကို အခန်းထဲသို့ ယူသွားကာ ခြေထောက်ကို တော့ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။
အဆာပြေမုန့်များနှင့် ကိုလာကို သိမ်းကျုံးပြီး သယ်ဖို့ အားအင်သိပ်မရှိသော်လည်း သူမသည်
မနိုင့်တနိုင်နှင့် သယ်သွားလေသည်။
သို့သော်လည်း
ထိုအဆာပြေမုန့်များကြားတွင် “တောင်းပန်ပါတယ်”
ဟုကွေးကောက်နေပြီး ရုပ်ဆိုးသော စာလုံးသုံးလုံးရေးထားသည့် မှတ်စုစာရွက်ပါးပါးလေး
တစ်ရွက်လည်း ပါရှိနေသည်။
ကျင်းရှီသည်
မျက်ခုံးပင့်လိုက်ပြီး သူမ၏ ဒေါသအများစု ပြေပျောက်သွားသည်။ သူမသည် ထိုအဆာပြေမုန့်များကြောင့်
သူတို့ကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။
**
ထိုညတွင်
လင်းလောနှင့် ချူးကျောက်တို့သည် ပျောက်သွားသော အိမ်သုံးပစ္စည်းများကို ဝယ်ယူရန် စူပါမားကတ်သို့
ထပ်မံသွားခဲ့ကြသည်။ ကျင်းရှီက ဘာမှမလိုအပ်တော့သည့်အတွက် အဆောင်အခန်းကို သပ်ရပ်အောင်
ပြင်ဆင်ပြီးသောအခါ လသာဆောင်တွင် ခန္ဓာကိုယ်ကို မှီထားရင်း စိတ်ကူးယဉ်နေသည်။
ယောကျ်ားလေးအဆောင်သည်
ဘတ်စကက်ဘောကွင်းကို မျက်နှာမူထားပြီး မြင်ကွင်းကောင်းကို ပိုင်ဆိုင်ထားသည်။ ယောကျ်ားလေးအဆောင်နေရာတွင်
မိန်းကလေးများ မရှိသလောက် နည်းပါးသော်လည်း အရပ်ရှည်ရှည်နှင့် ချောမောသော ယောက်ျားလေးအများအပြားသည်
ဘတ်စကတ်ဘော ကစားနေကြသည်။
နေဝင်လာပြီး
ကောင်းကင်က တဖြည်းဖြည်းမှောင်လာသည်။ ကျင်းရှီသည် ပေါ်ရန်၏ ပုံပန်းသွင်ပြင်ကို တွေ့လိုက်ပြီး
စိမ်းလန်းသော မြက်ခင်းပြင်တစ်လျှောက် သူမဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူသည်
သပ်ရပ်သော စစ်ယူနီဖောင်းကို ၀တ်ဆင်ထားပြီး သူ၏ခြေထောက်များကနေ ခါးအထိ ရှည်တောင့်တောင့်
ဖြစ်နေကာ သူ့အားအရပ်ရှည်ပြီး ရုပ်ရည်ချောမောသည့်ပုံစံကို ဖြစ်စေသည်။
ဦးထုပ်ကို
လက်ထဲမှာ ကိုင်ထားပြီး အင်္ကျီလက်များကို တံတောင်ဆစ်အထိ လိပ်တင်ထားကာ ချောမွေ့သော ကြွက်သားလိုင်းများ
ပေါ်လွင်နေသည်။ သူသည် ဆက်လျှောက်လာပြီး စိတ်ထဲတွင် ဘာမှမရှိ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်သောပုံစံဖြင့်
ဘာကိုမှ စိတ်မဝင်စားသလို ဖြစ်နေသည်။
သူသည်
ညောင်ပင်ကို ရောက်လာသောအခါ တစ်ခုခုကို ခံစားရပြီး အဆောင်လသာဆောင်ကို လှမ်းကြည့်လိုက်သည်။
ကျင်းရှီက အော်မိလိုက်ပြီး သူ့မြင်ကွင်းမှ ပုန်းအောင်းရန် အမြန် ဝပ်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်
သူမ ထရပ်လိုက်သောအခါ ညောင်ပင်အောက်ရှိနေရာသည် ဗလာဖြစ်နေပြီး ပေါ်ရန်ကိုလည်း မတွေ့ရတော့ပေ။
ကျင်းရှီသည်
စိတ်ရှုပ်ထွေးသွားပြီး သူမသည် ဘာကြောင့် ပုန်းနေရမှာလဲဟု တွေးနေမိသည်။ သူမသည် ခေါင်းလျှော်ရေချိုးပြီး
ဆံပင်ကို အခြောက်ခံကာ အွန်လိုင်းဂိမ်းများ ကစားလိုသောကြောင့် တပ်ဆင်ရန် အသစ်ဝယ်ထားသော
router ကို ထုတ်လိုက်သည်။
ကျောင်း၏
အင်တာနက်ကွန်ရက်ဝန်ဆောင်မှုများကို မတူညီသောအော်ပရေတာများစွာက ပံ့ပိုးပေးထားပြီး အော်ပရေတာတစ်ခုစီတွင်
အင်တာနက်အသုံးပြုပုံ မတူပေ။ ကျင်းရှီနှင့် သူမ၏ အခန်းဖော်များသည် သူတို့၏ အခန်းတွင်
ကြိုးမဲ့ ဝိုင်ဖိုင်တပ်ဆင်ရန် စီစဉ်ခဲ့ကြသည်။
ကျင်းရှီသည်
ထိုအကြောင်းကို အချိန်အတော်ကြာအောင် တွေးတောခဲ့သော်လည်း အရာအားလုံးသည် အချည်းနှီးဖြစ်ခဲ့သည်။
သူမသည် ထိုအရာကို တစ်ခါမှ မတပ်ဆင်ဖူးပေ။ ရှန်ဖျင်ချွမ်ကသာ အိမ်တွင် router ကိစ္စကို
လုပ်ပေးလေ့ရှိသည်။
တတိယအကြိမ်
စကားဝှက်ကို ထည့်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် ကျင်းရှီသည် အဆောင်၏
WeChat ဂရုတွင် တုန်လှုပ်ချောက်ချားနေသည့် မက်ဆေ့ချ်တစ်စောင်ကို ပေးပို့ခဲ့သည်။ “ဒီကမ္ဘာပေါ်မှာ
router ထက် ပိုပြီးအသုံးမကျတဲ့ ပစ္စည်းများ ရှိသေးလားဟင်”
ချူးကျောက်က
ပြန်ဖြေလိုက်သည်။ “ရှိပါ့ router ကိုတောင် မတပ်နိုင်တဲ့သူတစ်ယောက်ပေါ့”
ကျင်းရှီက
ပြန်ဖြေလိုက်သည်။ “နင်တို့ပြန်လာတဲ့အခါကျရင် ဒီကွန်ရက်ကို ပြင်ပေးလို့ရလား”
ချူးကျောက်
- “ငါတို့သုံးယောက်ရဲ့ စွမ်းအားနဲ့ဆို ရလောက်မယ်လို့ ထင်တယ်...”
လင်းလောက
ကြားဖြတ်ပြောလိုက်သည်။ “ငါတို့တွေ router ကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လို့ရတယ်လေ”
ချူးကျောက်က
စလိုက်သည်။ “အိုး၊ ကြည့်ရတာ နင်တော်တော်သိပုံရတယ်။ [ မျက်စိမှိတ်ပြသည့်ပုံ ]”
ကျင်းရှီလည်း
သက်ပြင်းချလိုက်ပြီး “ထားလိုက်ပါတော့၊ ငါနောက်ထပ် ဖြေရှင်းနည်းတစ်ခု စဉ်းစားလိုက်မယ်”ဟုပြောလိုက်သည်။
လင်းလော
- “ငါတို့တွေ ဘေးနားက အခန်းကို သွားမေးကြည့်ရင်ရော? အဲ့ကောင်တွေက ဒီဟာကို ဘယ်လိုပြင်ရမယ်ဆိုတာ
သိမယ်ထင်တယ်”
ကျင်းရှီ
-“ဒီအစီအစဉ်မဆိုးဘူးပဲ!”
“နင့် ညအိပ်ဝတ်ကြီးနဲ့ အပြင်
လျှောက်သွားမနေနဲ့၊ ဒီနေရာက ယောက်ျားလေးအဆောင်နော်” ဟုလင်းလောက သတိပေးလိုက်သည့်အခါ
သူမသည် router ကို ပစ်ချပြီး ပြေးထွက်သွားမလို ဖြစ်နေသည်။
လင်းလောပြောသည်မှာ
ဟုတ်နေသည်။ ထို့ကြောင့် ကျင်းရှီသည် သူမ၏ ဗီရိုကိုဖွင့်ကာ အပေါ်ထပ်င်္ကျီတစ်ထည်ကိုဆွဲယူလိုက်သည်။
ယောက်ျားလေးအဆောင်၏
စတုတ္ထထပ်ရှိ လျှောက်လမ်းအဆုံးတွင် ပေါ်ရန်သည် အများသုံး အဆောင်ရေချိုးခန်းတွင် ရေချိုးပြီး
ဇလုံတစ်လုံးကို ကိုင်လျက် ထွက်လာသောအခါတွင် ဝက်ဝံဖြူကလေး တစ်ကောင်သည် သူ့အဆောင်အခန်းတံခါးကို
လက်ဖြင့်ယက်ကန်ယက်ကန် လုပ်နေသည်ကို မြင်လိုက်ရသည်။
“ဝက်ဝံဖြူလေး” သည် အဖြူရောင်ချည်သားအပေါ်ထပ်အင်္ကျီနှင့်
အမွေးပွဦးထုပ်ကို ၀တ်ဆင်ထားပြီး သူတို့၏ အခန်း ၄၀၉ တံခါးရှေ့တွင် ထိတ်လန့်တကြား ရပ်နေပြီး
အခန်းထဲမှအသံနားထောင်ရန် တံခါးပေါ်နားရွက်ကို ဖိထားကာ ရံဖန်ရံခါ သူ၏ နှင်းလို ဖြူဖွေးသော
လက်လေးများဖြင့် ပေါ့ပေါ့ပါးပါး ပုတ်နေသည်။
အခန်းထဲတွင်
တစ်ယောက်ယောက်ရှိနေရင်တောင် ညင်သာသည့်ခေါက်သံကို ကြားရမည် မဟုတ်ပေ။
“ဘာကူညီပေးရမလဲ” ပေါ်ရန်က မေးလိုက်သည်။
“ဝေါင်း!” ကျင်းရှီသည် သူ့အသံကြောင့်
ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားပြီး နံရံကို မှီကာ သူမ၏ရင်ဘတ်ကို အလန့်တကြား ဖိထားလိုက်သည်။
သူမရှေ့တွင်
ရေစိုနေသော ဆံမြိတ်များနှင့် သူ့အသားအရည်သည် အထူးသဖြင့် ဖြူဖွေးနေပြီး ရေချိုးပြီးနောက်
နှင်းဆီရောင်တောက်ကာ ကြည်လင်တောက်ပသော မျက်လုံးများနှင့်။
ကျင်းရှီ၏
အကြည့်သည် တဖြည်းဖြည်းအောက်သို့ ဆင်းလာရာ သူသည် အင်္ကျီမဝတ်ထားပေ။ ကျယ်ဝန်းသောရင်ဘတ်၊
ဗိုက်ကြွက်သားဆစ်ပတ်နှင့် ကြပ်ထုပ်နေသော ဘောင်းဘီတိုကို ဝတ်ထားမှန်း သတိပြုမိသည်။
သူ့ဘောင်းဘီတိုအလယ်တွင်
သိသာထင်ရှားသောအဖုအထစ်တစ်ခုရှိနေသည်။
ကျင်းရှီက
ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ပေါ်ရန်သည်
ဇလုံကို သူ့ကိုယ်ရှေ့သို့ မသိမသာ ရွှေ့လိုက်ပြီး ကျင်းရှီ၏ ထူးဆန်းသော အကြည့်ကို ပိတ်ဆို့လိုက်ကာ
“မင်း ဒီမှာ ဘာလုပ်နေတာလဲ”
ဟုမေးလိုက်သည်။
ကျင်းရှီက
မျက်နှာချင်းဆိုင်ဖက်ရှိ တံခါးကို ညွှန်ပြပြီး “ကျွန်မက အဲ့မှာ နေတယ်”
ပေါ်ရန်သည်
ဟောခန်းတစ်ဖက်ရှိ သန့်ရှင်းရေးလုပ်ထားပြီး သပ်ရပ်သော အဆောင်အခန်းသေးသေးလေးကို လှမ်းကြည့်လိုက်ပြီး
မျက်လုံးများ အရောင်တောက်ပလာသည်။
အံ့သြစရာကောင်းသော
တိုက်ဆိုင်မှုလေး။
“မင်းလိုအပ်တာ တစ်ခုခုရှိလို့လား” သူကမေးလိုက်သည်။
ကျင်းရှီ၏
စိတ်သည် ခဏတာ ဗလာဖြစ်သွားပြီး “မေ့သွားပြီ”
ဟုပြောကာ အားကိုးရာမဲ့ ဖြစ်နေပုံရသည်။
ပေါ်ရန်
- ...
သူမသည်
အတော်လေး ရယ်စရာကောင်းသည်ဟု ထင်ရပေမယ့် ဤကောင်မလေး၏ တွေးခေါ်မှုဖြစ်စဉ်က အနည်းငယ် ရှုပ်ထွေးနေသည်။
သူမသည်
အနည်းငယ် ကူရာကယ်ရာမဲ့သလိုဖြစ်နေသော်လည်း သူမသည် အထူးသဖြင့် ချစ်စရာကောင်းသည်ဟုလည်း
ခံစားမိသည်။ သူက စိတ်ရှည်ရှည်နဲ့ မေးလိုက်သည်။ “အခုရော မှတ်မိပြီလား”
ကျင်းရှီက
ခေါင်းကို အသာအယာ ခါပြလိုက်သည်။
ထို့နောက်
ပေါ်ရန်က သူမဆီ လျှောက်လာပြီး သူမဆံပင်များကို ပွတ်သပ်ရင်း သော့ကို ထုတ်ယူ၍ တံခါးဖွင့်ကာ
“ပြန်သွား၊ ပြီးရင်မင်းရဲ့ အပေါ်ထပ်အင်္ကျီကိုချွတ်လိုက်၊ မင်းကြည့်ရတာ အိုက်လိုက်တာ” ဟု ပြောလိုက်သည်။
ကျင်းရှီသည်
သူ့အဆောင်ခန်းထဲသို့ စပ်စုကြည့်လိုက်သည်။
သူမ
ယနေ့တွေ့ခဲ့ရသော အခြားယောက်ျားလေးအဆောင်အခန်းများနဲ့မတူပဲ အခန်း ၄၀၉ ယောက်ျားလေးအဆောင်အခန်းမှာ
သပ်ရပ်သန့်ရှင်းပြီး အဝတ်များကို တိုဟူးတုံးလေးများလို ခေါက်ထားသည်။ စားပွဲပေါ်ရှိ
ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲထားပြီး တံခါးနားရှိ ဖိနပ်စင်ပေါ်မှ ဖိနပ်များကိုတောင်
သပ်သပ်ရပ်ရပ် စီထားသေးသည်!
ကြမ်းပြင်သည်
သူတို့မိန်းကလေးအခန်းများထက် တောက်ပြောင်ပြီး သန့်ရှင်းနေသည်။
“ဝေါင်း!” ကျင်းရှီက “ဒီအခန်းက ဘယ်လိုတောင် မှော်ဆန်တဲ့ကောင်လေးတွေနေတဲ့
အခန်းပါလိမ့်လဲ”
ဟု မချီးကျူးပဲမနေနိုင်ပေ။
ပေါ်ရန်သည်
သူ့ဗီရိုကိုဖွင့်ကာ ဘောင်းဘီတစ်ထည်ကို ထုတ်ယူလိုက်သည်။ ကျင်းရှီက အထဲကို ချောင်းကြည့်နေပြီး
တံခါးကို မှီနေသည်ကို မြင်သည့်အခါ သူက “မင်း အခန်းထဲ ဝင်ပြီး ထိုင်ချင်လား” ဟု မေးလိုက်သည်။
“အား ကျွန်မ ဝင်လာလို့ရလား”
“မရဘူး၊ မင်း ဝင်လာလို့မရဘူး”
“အိုး” ကျင်းရှီက ရုတ်တရက်
သူ့လက်ဖဝါးနဲ့ ဘယ်ဘက်လက်သီးကို ထိလိုက်ပြီး လှည့်ကြည့်လိုက်သည်။ “စီနီယာ၊ အခုမှ မှတ်မိတယ်။
ကျွန်မအခန်းမှာ router တပ်ဖို့ ရှင့်အခန်းဖော်ကို အကူအညီတောင်းချင်လို့ပါ”
ပေါ်ရန်က
ပတ်ပတ်လည်ကြည့်လိုက်သည်။ “သူတို့ပြန်မလာကြသေးဘူး”
ကျင်းရှီက
ပြောလိုက်သည်။ “ဒါဆို ကျွန်မ နောက်မှပြန်လာခဲ့မယ်”
ပေါ်ရန်က
သူ့ကိုယ်သူ တွေးလိုက်ပြီး “ဒါဆို ဒီ ‘စီနီယာကြီး’က ဒီမှာမရှိတာကျနေတာပဲ!”
အမှန်ပင်၊
ကျင်းရှီသည် အပေါ်ထပ်အင်္ကျီကို ဝတ်ထားပြီး သူမ၏ အဆောင်သို့ ပြန်သွားကာ အခန်းတံခါးကို
ပိတ်လိုက်သည်။
ငါးမိနစ်ကြာပြီးနောက်
ပေါ်ရန်သည် ဘောင်းဘီနှင့် တီရှပ်ကိုဝတ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖီးထားကာ ကျင်းရှီ၏
အဆောင်အခန်းတံခါးကို ခေါက်လိုက်သည်။ “router မှာ ဘာပြဿနာရှိလို့လဲ”
......
router
- Routerသည် ကွန်ပျူတာနှင့် ကွန်ပြူတာကွန်ရက်များ ကြားတွင် data packet
များကို ပေးပို့သော networking device တစ်ခုဖြစ်သည်။ Router များသည်
ကွန်ရက်များနှင့် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ကြားတွင် အသွားအလာ ညွှန်ကြားသည့်
လုပ်ဆောင်ချက်များကို လုပ်ဆောင်သည် ။ ဝဘ်စာမျက်နှာ သို့မဟုတ် အီးမေးလ် ကဲ့သို့သော
ကွန်ရက်တစ်ခုမှတစ်ဆင့် ပေးပို့သည့် ဒေတာ သည် ဒေတာပက်ကေ့ခ်ျ ပုံစံဖြစ်သည် ။
ပက်ကတ်ကို ပုံမှန်အားဖြင့် router တစ်ခုမှ အခြား router သို့ အင်တာနက်အလုပ် (ဥပမာ-အင်တာနက်)
ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်များမှတစ်ဆင့် ၎င်းသည် ၎င်း၏
destination node သို့ရောက်ရှိသည်အထိဖြစ်သည်။ Wikipedia