၅၀
ခုနှစ်က ဇနီးအလိမ္မာလေး
အပိုင်း
၂
ဒီကြောင်တောင်တောင်နိုင်ပြီး
အထိအခိုက် အကြမ်းအတမ်းများတဲ့ ဇာတ်လမ်းဇာတ်ကွက်ကြီး
လင်းယောင်စဉ်းစားလိုက်တာနှင့်ပင်ခေါင်းကိုက်မိသည်။
ထားလိုက်တော့
အခုတော့ငြိမ်းချမ်းအောင်ပဲ လုပ်ရတော့မှာပေါ့။ ဒီကိုရောက်နေပြီဆိုတော့ အသက်ရှင်နေတာကိုရပ်တန့်လိုက်လို့လည်း
ရတာမှမဟုတ်ပဲ။
ဘာပြောပြော
၂၁ ရာစုတွင်လည်း သူမတွင်ဆွေမျိုးသားချင်းများ ရှိသည် မဟုတ်ချေ။ သူမ၏ သူငယ်ချင်းတွေမှာလည်း
ကိုယ်ပိုင်မိသားစုများရှိပြီး ကုမ္ပဏီများလည်း ရှိကြသည်။ သူမ သေဆုံးသွားသောကြောင့်
ခံစားရမှုက အချိန်နှင့်အမျှတိုးဖျော့ပျောက်ကွယ်သွားပေမည်။ သူမဗီလာနှင့် လေဟာပြင်စူပါမားကက်တစ်ခု
ဝယ်မိခဲ့သည်ကတော့ နှမျောစရာပင်။
ဟုတ်သည်။
ကူးပြောင်းရောက်ရှိလာသော လင်းယောင်တွင်လည်း ရွှေလက်ချောင်းများရှိနေသည်။(ချမ်းသာကြွယ်ဝ)
အတိအကျ
ပြောရမည်ဆိုလျှင် လင်းမိသားစု၏ မိသားစုဝင်ဖြစ်နေသရွေ့ ကိုယ်ပိုင်ရွှေလက်ချောင်းများရှိနေမည်ဖြစ်သည်။
ပြောရမည်ဆိုလျှင်
ဒါကိုမိသားစုအမွေရသည်ဟူ၍ပင်ဆိုလို့ရသည်။
လင်းယောင်
အဘိုးသည် အဆင့်မြင့်စွမ်းအားများနှင့် ကမ္ဘာပျက်ခေတ်မှ
ခရီးသွားလာခဲ့သူ လင်းအဘွားကို လက်ထပ်လိုက်ကတည်းက လင်းမိသားစုမှ မျိုးဆက်များသည် အသက်
၁၈ နှစ်ရောက်သည်နှင့် သူတို့၏ စွမ်းအားအမျိုးမျိုးကို နိုးထအောင်လုပ်နိုင်မည်ဖြစ်သည်။
အဖေလင်းကိုပင်
ဥပမာထားကြပါစို့။ သူသည်အဆင့်မြင့်စွမ်းအားများ ပိုင်ဆိုင်ထားသူဖြစ်သည်။ ကျားများကိုကန်နိုင်ပြီး
ဝက်ဝံများကို လက်သီးဖြင့် ထိုးနိုင်သည်။သူ၏ခွန်အားဗလမှာ ကြောက်ခမန်းလိလိပင်။ ထို့ပြင်
သူ၏တောင်တက်နိုင်စွမ်းမှာ သာမန်လူများထက် အဆများစွာကျော်လွန်သည့် နေရာတစ်ခုမှာရှိနေသည်။
တောင်တက်ရသည်ကို
နှစ်ခြိုက်သူ အဖေလင်းနှင့် အမေလင်းတို့မှာ ရက်အနည်းငယ်အကြာတိုင်း သူတို့၏ အိတ်များကိုထုတ်ပိုးကာ
တောင်ထိပ်မြင့်မြင့်များကို ခြေဆန့်ရန် ခရီးထွက်ကြသည်။
သူမအဖေနှင့်
နှိုင်းယှဉ်မည်ဆိုလျှင် လင်းယောင်၏ စွမ်းအားများမှာ အသုံးမဝင်လှဟု ဆိုရမည်။ သူမ၌ နေရာလွတ်
စူပါမားကက်တစ်ခုရှိသည်။ ၎င်းတွင် ဆန်၊ ဂျုံ၊ အစေ့အဆန်၊ ဆီ၊ဆား၊ဆော့စ်၊ ရှာလကာရည်၊ ဆေးများ၊
ဥများ၊ အသီးအနှံနှင့်အသီးအရွက်များ၊စောင်နှင့် ဂွမ်းကတ်များမှစကာ အဝတ်အစား၊အတွင်းခံ၊
ရှူးဖိနပ်နှင့် ခြေအိတ်များအထိပင်ရှိသည်။
သည်လိုပင်ပြောကြပါစို့။
သာမန် စူပါမားကက်များတွင်ရနိုင်သမျှအရာအားလုံး လင်းယောင်၏ နေရာလွတ် စူပါမားကက်တွင်ရှိသည်။
သာမန်စူပါမားကက်များတွင် မရနိုင်သည့်အရာများလည်း လင်းယောင်၏ နေရာလွတ်စူပါမားကက်တွင်ရရှိနိုင်သည်။
သူမသည်ကုန်ပစ္စည်းများကို
စုဆောင်း သိုလှောင်ရသည်ကိုကြိုက်သော ပြိဿရာသီဖွားတစ်ယောက်ဟု မည်သူကထင်မည်နည်း?
တစ်နှစ်အကြာက
လင်းမိဘများသည် ဂျော်ဒန်ရှိဝါဒီရမ်လွင်ပြင်သို့သွားခဲ့ကြသည်။ ဝါဒီရမ်လွင်ပြင်သည် ကြီးမားသော
ကျောက်တုံး ကျောက်စိုင်ကြီးများနှင့် အဆုံးမရှိ သဲကျောက်တုံးကြီးများက တောင်သဖွယ်ပြန့်ကျဲတည်ရှိနေသည်။
အဖေလင်းသည်
ထိုအရာကို တမ်းတနေသည်မှာ ကြာညောင်းလှပြီဖြစ်ပြီး အမြဲစိန်ခေါ်ချင်ခဲ့သည်ပင်။
ရလဒ်အနေနှင့်
ထိုအတွဲသည် ဘယ်သောအခါမှပြန်မလာခဲ့တော့ချေ။
ဒေသခံရဲအဖွဲ့သည်
လွင်ပြင်ကို လဝက်နီးပါးရှာဖွေခဲ့ပြီး မီးမွှေးခဲ့သောမီးပုံမှ အကြွင်းအကျန်များနှင့်
မှတ်စုတစ်ခုကိုသာရှာဖွေတွေ့ရှိခဲ့သည်။
မှတ်စုပေါ်မှစကားလုံးများမှာ
လင်းယောင်အား ဘဝတွင်ကောင်းကောင်းမွန်မွန်နေထိုင်ကာ အနာဂတ်ကိုစောင့်မျှော်နေရန်တို့ပင်။
ထိုစကားလုံးများမှာ
ဒေသခံရဲများကိုရှုပ်ထွေးသွားစေကာ ခေါင်းကုတ်မိသွားစေသည်။
သို့သော်လည်း
လင်းယောင်မှာ သူမ၏မိဘများကသူမအဘိုးအဘွားများကဲ့သို့ပင် အချိန်ခရီးသွားခဲ့ခြင်းဖြစ်မည်ဖြစ်ကြောင်း
နားလည်ခဲ့သည်!
လင်းယောင်
စိတ်အေးလက်အေးဖြစ်သွားပြီး ကောလိပ်မှဘွဲ့ရပြီးသောအခါ သူမမိသားစု၏ စူပါမားကက်ဆိုင်ခွဲများကိုဖွင့်လှစ်နေရင်း
သူမမိဘများ ချန်ထားခဲ့သောအဆောက်အဦး ၂ ခုကိုပြန်လည်ပြင်ဆင်၍ အိမ်ငှားကာအိမ်ငှားခများကောက်ယူခဲ့သည်။
သူမ၏ကလေးဘဝက
အတော်ပင်သာယာခဲ့သည်ဆိုရမည်။
မမျှော်လင့်စွာပင်
သူမ၏၂၅ နှစ်ပြည့်မွေးနေ့ပြီးသည်နှင့် မိသားစု၏ အဆင့်အတန်း မြင့်မားလှသောအစဉ်အလာကို
သူမဆက်ခံရရှိပေမည်။
အကုန်လုံးက
ကံတရားသာပင်။
လင်းယောင်
သူမ၏ နေရာလွတ် စူပါမားကက်သည် ဤနေရာတွင်လည်း ရှိနေမည်လားဆိုပြီး စမ်းသပ်လိုသောကြောင့်
အကျင့်ဖြစ်နေသည့်အတိုင်း သူမ၏ နဖူးကိုကိုင်လိုက်မိသည်။
သည်တစ်ကြိမ်တော့ လိမ္မာပါးနပ်စွာပင် ပတ်တီးစည်းထားသော
နေရာကို မထိအောင်လုပ်လိုက်သည်။ မူရင်းပိုင်ရှင်၏ လက်ထပ်ပွဲနေ့တွင် သူမတိုင်နှင့် ခေါင်းဆောင့်ပြီးနဖူးကွဲသွားသည်။
ထိုသည်ကခပ်သေးသေးမဟုတ်ပေ။ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုအခွင့်ကောင်းယူကာ လင်းမိသားစု လွတ်မြောက်သွားကြသည်။
ထိုအချိန်တွင်
ကုမိသားစုမှာ မူရင်းပိုင်ရှင်ကို ကျန်းမာရေးစင်တာသို့ လိုက်ပို့ရန်အလုပ်ရှုပ်နေပြီး
လင်းတာ့ကော်နှင့် ငြင်းခုံနေရန်အချိန်မရှိပေ။
ကျန်းမာရေးစင်တာက
လင်းယောင်၏ ခေါင်းမှဒဏ်ရာကိုပတ်တီးစီးပေးလိုက်သည်။
ကျန်းမာရေးစင်တာမှ
ဆရာဝန်က ဒဏ်ရာမှာတဖြည်းဖြည်း ပျောက်သွားမည်ဖြစ်ပြီး ဆေးရုံတင်ရန် မလိုကြောင်းဆို၏။
ဆေးကို ၃ ရက်ပြည့်တိုင်း ပြောင်းရမည်။ အိမ်တွင်အစာပျော့ပျော့များကို စားပြီး အနည်းငယ်
ဂရုစိုက်ပေးရမည်ဟုမှာ၏။
ထိုသည်ကိုကြားသောအခါ
ကုမိသားစုမှာစိတ်သက်သာရာရသွားတော့သည်။
ညနေခင်းနေက
သဖန်းပင်ကို ထိုးဖောက်နေပြီးညစာစားချိန်ရောက်လာသည်။
ပြတင်းပေါက်
အပြင်ဖက်ရှိသဖန်းပင်မှ ပုရစ်အော်သံများကို ခြံဝန်းအတွင်းရှိ အိုးသံခွက်သံများက ဖုံးသွားသည်။
ရံဖန်ရံခါတွင်တော့ ပုရစ် ၂ ကောင် ၃ ကောင်လောက်၏ အော်သံကိုကြားရသည်။
"ဝှစ်"
အသံနှင့်အတူ
လင်းယောင်အခန်းထဲသို့ ပျောက်ကွယ်သွားသည်။
အတွေးနှင့်အတူ
သူမ၏ နေရာလွတ်ရှိ ကိုယ်ပိုင်စူပါမားကက်၌ လင်းယောင်ပေါ်လာပြီး သူမရှေ့ရှိပြည့်နေသောစင်များကိုကြည့်လိုက်သည်။
လင်းယောင်
ပျော်လွန်းသဖြင့်ထပါက,ချင်သည်။
ရွှေလက်ချောင်းကြီး
ဒီမှာရှိနေသရွေ့ သူမအမြောက်စာအဖြစ် သရုပ်ဆောင်ရန် ဘာမှအခက်အခဲမရှိပေ။
လင်းယောင်
စူပါမားကက်တွင် ကြာကြာမနေဝံ့ပေ။
သူမအခုကုအိမ်တွင်
နေထိုင်နေပြီဖြစ်သည်။ ခြံဝန်းထဲတွင်သွားလာနေကြသူများရှိသည်။ ဆီနှင့်ဆန်များပြတ်တောက်တတ်သောကြောင့်
ရပ်ပြီးချေးငှားကြသည်မှာပုံမှန်ပင်ဖြစ်သည်။
သူမလူမိသွားပြီး
မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခံရခြင်းမျိုး မဖြစ်လိုပေ။
လင်းယောင်
စူပါမားကက်ထဲမှ ထွက်လာပြီး အခန်းထဲတွင်ရိုသေကျိုးနွံစွာ ထိုင်နေလိုက်သည်။
မကြာခင်မှာပင်
မီးဖိုချောင်တွင် အလုပ်ရှုပ်နေသူ ကျန်းဆွေ့လန်က အဖုံးအုပ်ပြီး ပြုတ်ထားသော ခေါက်ဆွဲကို
ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် ကြက်ဥကို ဖောက်ထည့်ကာယူလာသည်။
ဤအစားအသောက်က
ငွေကုန်ကြေးကုန်မများကာ နောက်ပိုင်း မျိုးဆက်များတွင်ပင် အလွန်သာမန်ကျသောအစားအစာဖြစ်ပေသည်။
သို့သော်ငြား
ကုန်စည်ရှားပါးသော ၁၉၅၀ ခုနှစ်များတွင်တော့ သာမန်လူများမှာ တစ်နှစ်ပတ်လုံး ခေါက်ဆွဲမစားနိုင်ရှာပေ။
ထို့ပြင်ခေါက်ဆွဲထဲတွင်
ကြက်ဥများပါဖောက်ထည့်ထားသည်က ကုမိသားစုသည် မူရင်းပိုင်ရှင်အပေါ် အမှန်တကယ်စစ်မှန်သည်ကို
ပြသနေသည်။
"ယောင်
ဗိုက်ဆာနေပြီလား? ခေါက်ဆွဲက ခုလေးတင်ပြုတ်လာတာမွှေးနေတာပဲ။ မြန်မြန်စားလိုက်နော်"
"ကျေးဇူးပါ
ဒေါ်ဒေါ်"
လင်းယောင်
တစ်နေ့ခင်းလုံး လှဲနေသည်ကြောင့် အမှန်ပင်ဗိုက်ဆာနေသည်။ ကျန်းဆွေ့လန်ကို ကျေးဇူးတင်မိသည်။
"ဘာတွေ
ကျေးဇူးတင်နေတာလဲ ကလေးရဲ့? အဒေါ်ကမင်းကြီးပြင်းလာတာကို ကြည့်ရှုလာခဲ့ရတာ။ အဒေါ့်ရဲ့သမီးအရင်းလိုပဲ"
ကျန်းဆွေ့လန်က
လင်းယောင်အတွက် ပန်းကန်တွေ တူတွေပြင်ပေးသည်။ မျက်နှာပေါ်တွင် ချစ်ကြင်နာမှုကိုမြင်နေရပြီး
သူမကို အပူမလောင်စေဖို့လည်းပြောသည်။
လင်းယောင်
ခေါင်းငြိမ့်ပြီး တူကိုကိုင်ကာ လတ်ဆတ်သောခေါက်ဆွဲများကို ပါးစပ်ထဲ ထည့်လိုက်သည်။ ခေါက်ဆွဲက
ဝက်ဆီများကို ပျော်ဝင်စုပ်ယူထားပြီး အသားအရသာအပြည့်ဖြစ်သည်။ ဖြူဖြူဝါဝါခေါက်ဆွဲသားများက
နူးညံ့ပြီးဝါးလို့ကောင်းကာ အလွန်ပင်အရသာရှိလှသည်။
လင်းယောင်
စားနေသည်ကိုတွေ့သောအခါ ကျန်းဆွေ့လန်မျက်လုံးများ ကျဉ်းမြောင်းသွားကာ အလွန်လည်းပျော်ရွှင်သွားသည်။
"ဖြည်းဖြည်းစား
အိုးထဲမှာကျန်သေးတယ်။ မင်းရဲ့အမေကလည်း အဒေါ်ပြုတ်တဲ့ခေါက်ဆွဲကိုအရမ်းကြိုက်တာ။ အရင်တုန်းကဆို..."
ကျန်းဆွေ့လန်က
မတ်တပ်ရပ်လိုက်ပြီး လောကကြီးမှစောစောထွက်ခွာသွားသော သူမ၏ညီအစ်မကဲ့သို့သော သူကိုသတိရကာ
မျက်လုံးများနီလာသည်။ ထို့နောက်တစ်ဖက်လှည့်သွားကာ အေပရွန်ဖြင့် သူမမျက်ရည်များကိုသုတ်လိုက်သည်။
အမေလင်းနှင့်
ကျန်းဆွေ့လန်မှာ ငယ်ရွယ်စဉ်တုန်းက ညီအစ်မများကဲ့သို့ပင် ရင်းနှီးသူများဖြစ်ကြသည်။ နောက်ပိုင်းတွင်တစ်ယောက်မှာ
လင်းမိသားစုထဲသို့ လက်ထပ်ပြီး နောက်တစ်ယောက်မှာ ကုမိသားစုထဲသို့ လက်ထပ်လိုက်ကာ အဆက်အသွယ်
ဆက်ပြီး ရှိနေကြသည်။
ကျန်းဆွေ့လန်
လက်ထပ်ပြီးနောက် သူမ၏ယောက်က္ခမထံမှကလေးများ၏ လက်ထပ်ပွဲကို စီစဉ်မည့်အကြောင်း ကြားသိလိုက်ရသည်။
သူမက ထိုသည်ကို မျှော်လင့်နေကာ လင်းအမေတစ်ယောက် မြန်နိုင်သမျှမြန်မြန် သမီးလေးတစ်ယောက်
မွေးဖို့မျှော်လင့်နေမိသည်။ သည်လိုနှင့် သူမ၏အချစ်ဆုံးသူငယ်ချင်းနှင့် ဆွေမျိုးများဖြစ်လာပေမည်။
သို့သော်ငြား
လင်းတာ့ကော်၏ ဇနီးဖြစ်သူ လီအိုက်ဖုန်းမှာအရင်ကိုယ်ဝန်ရှိခဲ့သည်။ ပထမကလေးမှာ ယောက်ျားလေးဖြစ်ပြီး
ဒုတိယကလေးမှာ လင်းဟုန်နဖြစ်သည်။
နောက်နှစ်တွင်
လင်းအမေက လင်းယောင်ကို မွေးဖွားခဲ့သည်။
သဘောတူညီမှုက
သတ်မှတ်ပြီးပြီဖြစ်ကာ ကျန်းဆွေ့လန်မှာသက်ပြင်းချပြီး လက်ခံရုံသာရှိတော့သည်။
ငါ့သားလေးက
ယောင်ယောင်နဲ့ဖူးစာမပါတော့ဘူး!
ထို့ပြင်သူမ
လင်းတာ့ကော်နှင့် သူဇနီးကို ရင်ထဲအသည်းထဲမှ စက်ဆုပ်ရွံရှာမိသည်။
လင်းတာ့ကော်သည်
လင်းမိသားစု၏ သားကြီးဖြစ်သည်။ အဘိုးလင်းက ဒဏ်ရာရပြီး စစ်တပ်မှ အိမ်ပြန်လာခဲ့သည်။ အစိုးရက
မိသားစုကိုကြည့်ရှုပေးကာ အဘိုးလင်းအတွက် ပရိဘောဂစက်ရုံတွင် လွယ်ကူသောအလုပ်ကိုစီစဉ်ပေးခဲ့သည်။
ထိုအချိန်တွင်
ယွင်ရွှေမြို့တော်မှာ လွတ်လပ်ရေးရသောနယ်မြေဖြစ်သည်။ လွတ်မြောက်ပြီးနောက် အလုပ်သမား
ဖြစ်လာခြင်းက တစ်သက်တာအလုပ်ကိုပေးပေမည်။
အဘိုးလင်းက
ကျန်းမာရေး မကောင်းသောကြောင့် စောစောအနားယူကာ ပရိဘောဂစက်ရုံရှိသူ့အလုပ်ကို လင်းတာ့ကော်ကို ပေးခဲ့သည်။
လင်းတာ့ကော်သာ
သူ့အလုပ်သူသေချာလုပ်လျှင် သူ့တစ်သက်တာလုံး တိုင်းပြည်မှကျွေးသောအစာဖြင့် ဘာမှပူစရာရှိမည်မဟုတ်ပေ။
လင်းတာ့ကော်က
ရွှံ့လိုမမြဲမြံသော နံရံတစ်ခုမှန်း မည်သူကသိမည်နည်း။ ပရိဘောဂစက်ရုံတွင်လုပ်ပြီးရက်အနည်းငယ်အတွင်းမှာပင်
ဂန်းစတားလိုလုပ်နေပြီး စက်ရုံရှိ အမျိုးသမီး အလုပ်သမားများကို ကာအိန္ဒြေပျက်ပြားအောင်လုပ်သောကြောင့်
အလုပ်ထုတ်ခံလိုက်ရသည်။
လင်းတာ့ကော်မှာ
သားသမီး ၂ ယောက်၏ အဖေဖြစ်နေသည်မှာတောင် လူရမ်းကားလို ပြုမူဆဲဖြစ်သည်!
အဘိုးလင်းမှာ
ဒေါသထွက်လွန်းသောကြောင့် တစ်ဝက်လောက်ပင်အသက်တိုသွားသည်။
ကျန်းဆွေ့လန်မှာ
အန်ပင်အန်ချင်သည်။ သူမ ဒီလိုအကျင့်သိက္ခာပျက်ပြားသော မိသားစုနှင့် သူမသားကိုလက်ထပ်မပေးလိုပေ။
သည်လိုက သူမသား၏ ဘဝကိုမနှောင့်နှေးစေပေဘူးလား?
ထိုအချိန်တွင်
သူမမှာ အိမ်ကိစ္စများကို စီမံခန့်ခွဲလို့မရဘဲ ခေါင်းမာသော အဘိုးကု၏ တားဆီးခြင်းကို
ခံလိုက်ရသည်။
ထို့အပြင်
လီအိုက်ဖုန်းသည်လည်း ပျင်းရိလောဘကြီးကာ ခြေလက်များ မသန့်ရှင်းပေ။ လွန်ခဲ့သောနှစ်များက
မြို့တော်သို့လာကာ အဘိုးကိုကြည့်ရှုစောင့်ရှောက်ဖို့ဟူသော အကြောင်းပြချက်ဖြင့် ကုအိမ်သို့လာကာ
ဆောင်းဦးလေပြေများ ခံစားတော့သည်။
ကျန်းဆွေ့လန်မှာ
သူမ၏ ပိုင်ဆိုင်မှုများကို ယူသွားခံရသည့်အတွက် သူမကိုယ်သူမ ကံမကောင်းသူဟု ယူဆခဲ့သည်။
လီအိုက်ဖုန်းမှာ
အနီးနားအိမ်များသို့ပင် ခြေဆန့်ကာ အိမ်နီးချင်းအိမ်မှဂေါ်ဖီထုပ် သို့မဟုတ် အိပ်ယာခင်းကိုခိုးယူချေသည်...
သူမကိုလူမိသော
အကြိမ်များစွာရှိခဲ့သည်။ သို့သော်သူမက ယုတ္တိတန်တန်ပြောကာ ဝန်ခံရန်ငြင်းဆိုခဲ့သည်ပင်။
အဘိုးကုမှာ
သူ့မျက်နှာကိုချကာ လီအိုက်ဖုန်း၏ အရှုပ်များကို လိုက်ရှင်းပေးရသည်။
သည်လိုမိဘများမှ
ဆင်းသက်လာသူ လီဟုန်နမှာ ဘယ်လောက်များပို၍ ကောင်းမည်နည်း?
အသက်၂၀အရွယ်
ကောင်မလေးမှာ မြို့တော်သို့မကြာခဏလာကာ မျက်နှာကိုလာပြတော့သည်။ သူမအိမ်သို့ရောက်လျှင်
တခစ်ခစ်လုပ်ကာ သူမ၏အကြီးဆုံးသားကို ပွတ်သီးပွတ်သပ်လုပ်တော့သည်။ ကံမကောင်းစွာပင် သူမသားမှာ
အေးစက်စက်ဖြစ်ကာ သူမကိုဘယ်တော့မှ စကားမပြောခဲ့ပေ။
လိမ္မာယဉ်ကျေးသော
လင်းယောင်နဲ့ ယှဉ်လိုက်လျှင် မိုးနှင့်မြေလိုပင်။
ကျန်းဆွေ့လန်
သူမ၏ နေ့ရက်တိုင်းကို ဘုရားဆုတောင်းကာ သူမကိုချွေးမကောင်းကောင်းလေးပေးရန်တောင်းဆိုခဲ့သည်။
နောက်ဆုံးတော့
သူမ၏ နေ့တိုင်းဆုတောင်းမှုကြောင့် ဘုရားကသူမဆန္ဒကို ဖြည့်ပေးလိုက်ပြီဖြစ်သည်။
လင်းဟုန်နက
ဤခြံဝန်းကျယ်မိသားစုထဲသို့ လက်ထပ်ရမှာကိုမပျော်ရွှင်ပဲ လူစားပင်ထိုးခဲ့သည်။
အမှန်တော့
မင်္ဂလာဆောင်သည့်မနက်တွင် ကျန်းဆွေ့လန်မှာတစ်ခုခုကို မှားနေမှန်း ပြောနိုင်သည်ပင်။
လင်းတာ့ကော်နှင့် သူ့ဇနီး၏ မျက်နှာအမူအယာများမှာ ပုံမှန်မဟုတ်ပေ။ သူတို့၏ သမီးလက်ထပ်သည်ကို
ပျော်ရွှင်နေခြင်း မရှိသည့်အပြင် အပြစ်ရှိသလိုပါ ဖြစ်နေကြသေးသည်။
သတို့သမီး
ပေါ်လာလျှင်ပေါ်လာချင်း ကျန်းဆွေ့လန်မှာ ပို၍ပင် သံသယဖြစ်သွားသည်။ ယွင်ရွှေမြို့တော်တွင်
မင်္ဂလာပွဲ၌သတို့သမီးမှာ မျက်နှာလွှားပုဝါလွှမ်းခြုံရသည်။
သတို့သမီး၏
ခေါင်းမှာပုဝါဖြင့် လွှမ်းခြုံထားရသောကြောင့် သူမ၏သွင်ပြင်ကို မြင်ရန်ခက်သော်လည်း ကိုယ်လုံး
ကိုယ်ပေါက်ကိုတော့ မြင်နိုင်သည်သာဖြစ်သည်။
လီဟုန်နမှာ
လီအိုက်ဖုန်းလိုပင် အရပ်ပုကာ ၁.၅ မီတာလောက်ရှိသည်။ အသားလည်းမဖြူပဲ တင်ကအတော်ကြီးသည်။
လက်ထပ်သော
သတို့သမီးမှာ ကျက်သရေရှိသောကိုယ်လုံးကိုယ်ပေါက်ရှိကာ အသားဖြူပြီးနူးညံ့အိစက်နေသည်။
ဒါကလင်းဟုန်နနဲ့
မတူဘဲ ယောင်ယောင်နဲ့ တူနေသလိုပဲ?
သတို့သမီး
အဝတ်အစားဝတ်ဆင်ရန် ကျန်းဆွေ့လန်မှာအဝတ်လဲခန်းထဲတွင် စောင့်ကာ အလုပ်ရှုပ်နေသည်။ ဘေးမှာဘယ်သူမှမရှိတော့
သတို့သမီး၏ ခေါင်းပေါ်ရှိပုဝါကိုသူမ မ,ကြည့်လိုကိသည်။
ပုဝါအောက်တွင်
မြင်လိုက်ရသည်မှာ မျက်ရည်များနှင့်ငိုနေသော ယောင်ယောင်ပင်ဖြစ်သည်။
အခုတော့
အဖြစ်မှန်ပေါ်လာပေပြီ။
ကျန်းဆွေ့လန်မှာ
ပျော်ရွှင်ပြီး ဒေါသလည်းထွက်သည်။ လင်းတာ့ကော်မှာ အရှက်မဲ့ကာ ယောင်ယောင်အပေါ် အပြစ်ပုံချကာ
ယောင်ယောင်မှာ အရှက်ကင်းမဲ့ပြီး ထိုသူကိုလက်ထပ်လိုကာ သူတို့မှာတားလို့ မရကြောင်း။ ထို့ကြောင့်
ဤကဲ့သို့ စီစဉ်လိုက်ရသည်ဟူ၍။
ထိုသည်က
ကျန်းဆွေ့လန်ကို ဒေါသထွက်သွားစေသည်။ သူမဒေါသမထွက်မီမှာပင် ယောင်ယောင်မှာ ခံနိုင်ရည်မရှိတော့ကာ
သူမခေါင်းကိုတိုင်နှင့် ဆောင့်တော့သည်။
ယောင်ယောင်မှာ
ထိုအချိန်တွင် ခေါင်းတွင်ဒဏ်ရာကြီးနှင့်သတိလစ်သွားတော့သည်။ သွေးတွေမှာ ချက်ချင်းပင်ကြမ်းခင်းကြွေပြားများကို
နီသွားအောင် စွန်းပေသွားတော့သည်။
ကုရှီအန်းက
လက်ထပ်ရမည်ကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူကသတိလစ်နေသော လင်းယောင်ကို ကောက်ပွေ့ကာ
ကျန်းမာရေးစင်တာသို့ သွားတော့သည်။
ကုမိသားစုလည်း
ဒေါသထွက်ပြီး အပြင်သို့ပြေးသွားတော့သည်။
လင်းတာ့ကော်၏
မိသားစုက ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကိုအခွင့်ကောင်းယူကာ ထွက်ပြေးသွားတော့သည်။
ဘုန်းကြီးက
ဘုန်းကြီးကျောင်းမှ ထွက်မပြေးနိုင်ဆိုသည့်အတိုင်း ကျန်းဆွေ့လန်မှာ သူမအမေ၏ မိသားစုမှမောင်များကိုခေါ်ကာ
နောက်နေ့တွင် လင်းကျားကျွမ်ကိုသွားပြီး လူယုတ်မာကို ဆွဲကာရိုက်နှက်တော့သည်။ ထို့ပြင်
လင်းယောင်ရရှိရမည့် တင်တောင်းငွေကိုလည်း တောင်းတော့သည်။
လင်းယောင်၏
မိဘများမှာ မနှစ်က မုန်တိုင်းထဲတွင်ဆုံးပါးသွားကြပြီး မိသားစု၏ ပိုင်ဆိုင်မှုများ၊
အစားအစာများစသည်တို့မှာ လင်းတာ့ကော် ခိုးယူသည်ကိုခံလိုက်ရသည်။
လင်းအာ့ကော်နှင့်
သူ၏ဇနီးဖြစ်သူမှာ အလုပ်ကြိုးစားပြီး နှစ်များကြာလာတော့ အတော်လေးကို စုဆောင်းမိခဲ့သည်။
ကျန်းဆွေ့လန်ယွမ်
၃၀၀ နှင့် လက်မှတ် အထပ်လိုက်ကိုလင်းတာ့ကော်၏ လက်ထဲမှယူလိုက်သည်။ ယောင်ယောင်က ဒီပိုက်ဆံတွေ
လက်မှတ်တွေအားလုံးနဲ့ ထိုက်တန်သည်ပင်!
ကျန်းဆွေ့လန်မှာ
လင်းယောင် ခေါက်ဆွဲစားပြီးသည်ကိုစောင့်ကာ သူမကိုပိုက်ဆံနှင့် လက်မှတ်များ အားလုံးပေးလိုက်သည်။
လင်းတာ့ကော်က
ပေးသောသတို့သမီးကြေးဟု ပြောရပေမည်။
လင်းယောင်မှာ
သူမကိုပေးလာသော လက်မှတ်များကိုကြည့်လိုက်သည်။ အများစုမှာ အစားအစာတံဆိပ်ခေါင်းများ၊
သကြားလုံးလက်မှတ်များ၊ အသားလက်မှတ်များ၊ မုန့်လက်မှတ်များ စသည်တို့ဖြစ်ကြသည်။ ထို့ပြင်စက်မှုလုပ်ငန်းနှင့်ဆိုင်သော
လက်မှတ်များလည်း အများအပြားရှိသည်။
သည်လိုခေတ်တွင်
သူမမှာ အတော်ချမ်းသာသောအမျိုးသမီးတစ်ယောက်ဟု ဆိုနိုင်ပေမည်။
သို့သော်ငြား
၎င်းတို့ကိုမူရင်းပိုင်ရှင်နှင့် အစ်ကိုဖြစ်သူတို့က ပိုင်ဆိုင်ပေသည်။ တစ်စုံတစ်ယောက်၏
ခန္ဓာကိုယ်ကိုလင်းယောင်က ပိုင်ဆိုင်လိုက်သည့်အတွက် မူရင်းပိုင်ရှင်၏ အကြီးအကဲများကို
သူမလေးစားရပေမည်။
ကုမန်ဆန်နှင့်
ကုချွင်မေတို့ အလုပ်ဆင်းပြီးအိမ်ပြန်ရောက်သောအခါ လင်းယောင် သုန်ဇီကိုခေါ်ကာ မုန့်များသွားဝယ်ခိုင်းလိုက်သည်။
သူမ၏
နေရာလွတ် စူပါမားကက်မှ ကီလိုဂရမ်အနည်းငယ်လောက်သော အသားများကို ထုတ်ယူရန်လည်း သင့်တော်သောအချိန်ကို
စီမံနေလိုက်သည်။