၅၀
ခုနှစ်က ဇနီးအလိမ္မာလေး
အပိုင်း
၃
ကုမိသားစု
နေထိုင်သောခြံဝန်းမှာ လမ်းအိုလေးတွင်ရှိပြီး နေထိုင်သူအများစုမှာ သာမန်လူများပင်ဖြစ်ကြသည်။
ပစ္စည်းပို့ခြင်းနှင့်
ဈေးကွက်ဖြန့်ချိရေးကော်ပိုရေးရှင်းမှာ ယွင်ရွှေမြို့တော်၏ အစည်ကားဆုံးနေရာတွင်ရှိသည်။
လမ်းတစ်လျှောက်တွင် ကျုံးတစ်ခုကိုဖြတ်သွားရသည်။ ကျုံးမှာလမ်းကို ဖြတ်ကာရှိနေပြီး ၂
မိုင် ၃ မိုင်မျှကွာဝေးသော တာ့ဇားရန်ကိုရောက်ရန် နာရီဝက်ကျော်ကြာလမ်းလျှောက်ရသည်။
များသောအားဖြင့်
အဘိုးကု၏အိမ်တွင် ဆီဆားများ သို့မဟုတ် နေ့စဉ်အသုံးအဆောင်များ ကုန်သောအခါ ကုချွင်မေက
၎င်းတို့ကို သူမအလုပ်ဆင်းလျှင် ယူလာသည်။ သို့မဟုတ် ကုမန်ဆန်က စက်ဘီးစီးကာသွားဝယ်ပေးသည်။
သုန်ဇီမှာအလုပ်ကြိုးစားသော
ကလေးတစ်ယောက်ဖြစ်ပြီးသူ့မိသားစုမှာ သူ့ကိုအပြင်ထွက်ဖို့တောင် မခေါ်နိုင်ပေ။
ဒါကမတူဘူး!
အစ်မလင်းယောင်...မရီးက
သူ့ကိုကြာစွယ်တစ်ဘူး၊ကြက်သားကိတ်တစ်ပေါင်၊ ဆားပေါင်ဝက်၊ စံပယ်ဆပ်ပြာ ၃ ခဲနှင့်အပ်၊
အပ်ချည်တို့ကို ဝယ်ရန်ပြောသည်။
ကျန်းဆွေ့လန်က
ကြာစွယ်ဟင်းရည်သောက်ရတာကြိုက်ပြီး ကြက်သားကိတ်မှာ အန်ကယ်ကုမန်ဆန်၏ အကြိုက်ဖြစ်သည်။
စံပယ်ဆပ်ပြာကတော့
အန်တီဆွေ့လန်နှင့်ကုချွင်မေအတွက် လုပ်ပေးချင်၍ဖြစ်သည်။
အခုက
အလွန်ပူပြင်းသောကြောင့် ညပိုင်းတွင် စံပယ်ပန်းဆပ်ပြာနှင့်ရေချိုးပြီး သက်တောင့်သက်သာအိပ်စက်နိုင်ရန်ပင်။
လင်းယောင်က
ကျန်းဆွေ့လန် ပေးသောပိုက်ဆံကို မထိပေ။ သို့သော်ငြား သူမအိတ်ကပ်ထဲမှ ၁၀ ယွမ်ထုတ်ယူလိုက်ပြီး
သုန်ဇီကိုမုန့်နှင့် သကြားလုံးလက်မှတ်အချို့ပေးကာ ကျန်သည့်လက်မှတ်များကိုကောင်လေး၏
သွားဝယ်ခအဖြစ် အသုံးပြုလိုက်သည်။
ကုရှီတုန်းက
တွက်ချက်လိုက်သည်။ ဆပ်ပြာကတစ်ခဲကို ပြား ၃၀၊ဆားကပြား ၁၅၀ ... ပြီးတော့ပြား ၃၀ ကျန်သေးတယ်!
ကျန်းဆွေ့လန်က
သူမ၏အငယ်ဆုံးသားကို တစ်ပတ်စာမုန့်ဖိုး ဆယ်ပြားစေ့တစ်စေ့ပေးသည်။
ဟေး-ဟေး!
ကုရှီတုန်း
စိတ်လှုပ်ရှားပြီး ၃ ပေလောက် ခုန်လိုက်ကာ ကျန်းဆွေ့လန် မအော်ခင် ဝါးခြင်းတောင်းကိုဆွဲကာ
ခြံထဲမှခလုတ်တိုက်ပြီး ထွက်သွားတော့သည်။
ထိုအချိန်တွင်
ရုံးဆင်းကာ အိမ်ပြန်လာသူ ကုချွင်မေမှာ စက်ဘီးကို ဖိနပ်ချွတ်သည့်နေရာအား ဖြတ်တွန်းလာသည်။
မောင်နှမ ၂ ယောက်ထဲမှ တစ်ယောက်မှာ စက်ဘီးကိုမ,ရန်ခေါင်းငုံ့နေစဉ် တစ်ယောက်မှာပျော်ရွှင်စွာတွေးတောနေသည်။
သူတို့ခြေလှမ်းများကိုအာရုံမစိုက်မိကြပေ။ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်မိကာ ဒူးထောက်လဲကျတော့မလို့ပင်။
ကံကောင်းစွာပင်
ကုရှီတုန်းမှာ အချိန်မီပင်ရပ်လိုက်သည်။ ကောင်စုတ်လေးက အထွန့်တက်ကာ သူ့အစ်မကိုလက်များဖြင့်ရိုက်တော့သည်။
" မမ လမ်းလျှောက်နေတာ ဘာလို့ လမ်းကို မကြည့်တာလဲ? ကျွန်တော့်ကိုတိုက်မိရင် ဘယ်လိုလျော်ပေးမှာလဲ?"
ကုချွင်မေက
ဤနှစ်တွင် ၂၃ နှစ်ရှိပြီဖြစ်သည်။ သူမကအရပ်ရှည်ပြီး ပိန်ပိန်ပါးပါးဖြစ်ကာ ဘဲဥပုံစံမျက်နှာ၊အသားဖြူဖြူနှင့်
သူမ၏လက်ကောက်ဝတ်ကဲ့သို့ထူထဲသော ကျစ်ဆံမြီးများကို တစ်ဖက်စီတွင် ချထားသည်။သူမ၏မျက်ခုံးများမှာ
ကျန်းဆွေ့လန်နှင့်ဆင်သယောင်ရှိသော်ငြား သူမက သူမအမေထက်ပို၍ နူးညံ့လေသည်။သူမကသိက္ခာရှိပြီး
ကျော့ရှင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။
ကုမောင်နှမများမှာ
မကြာခဏ ရန်ဖြစ်ကြပြီး ကုချွင်မေမှာသူ့မောင်လေးနှင့် မတည့်ပေ။ သူမက မျက်လုံးလှန်လိုက်ပြီးနှာခေါင်းရှံ့ကာ
"လိမ္မာတဲ့ခွေးက လမ်းကိုပိတ်မထားဘူး အဲ့တော့ဖယ်လိုက်စမ်း!"
"ဟေး
ကျွန်တော်က ခွေးဆိုရင်မမကရော ဘာလဲ?"
"ငါက
နင့်အဒေါ်!"
"မမ
အဲ့လိုလုပ်လို့မရဘူးလေ။ ကျွန်တော်တို့ တည့်အောင်နေရမှာ။ မမက အဲ့လိုကျားမတစ်ကောင်လို
ပုံစံနဲ့ မရီးကိုလန့်အောင် မလုပ်မိဖို့ သတိထားဦး..."
ကုချွင်မေမှာ
သူမမောင်လေး၏ အရေမရအဖတ်မရစကားကြောင့် အရှက်ရပြီး စိတ်ညစ်သွားသည်။ သူမစက်ဘီးကိုတောင်
ချလိုက်ပြီး ဤကောင်စုတ်လေးကိုသေအောင်ရိုက်ဖို့ တုတ်လိုက်ရှာတော့သည်။
ကံကောင်းစွာပင်
ကုရှီတုန်းမှာ မြန်မြန်ထွက်ပြေးသွားသည်။ မျောက်လေးတစ်ကောင်လိုပင် ပြေးသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ကုချွင်မေမှာ
ဒေါသထွက်လွန်းပြီး အိမ်ပြန်ရောက်သောအခါ စိတ်တိုတိုနှင့် ညည်းညူနေတော့သည်။
ကျန်းဆွေ့လန်က
လာပြီးတစ်ချက်ကြည့်ကာ ဘာမှမဖြစ်တာကိုမြင်တော့ မီးဖိုချောင်ထဲ ပြန်အလုပ်လုပ်တော့သည်။
ဤသည်က
ရှားရှားပါးပါးမဟုတ်ပေ။ ဒုတိယသမီးနှင့်အငယ်ဆုံးသားလေးမှာ သူတို့ငယ်စဉ်ကတည်းကတစ်ယောက်နှင့်တစ်ယောက်
ရန်ဖြစ်နေကျပင်။
ငါ့ချွေးမလေးမှာ
ဘယ်လိုအမျိုးတွေရှိနေရတာလဲ?
သူမမီးဖိုချောင်ထဲဝင်ပြီး
ဝက်သားကို သန့်ရှင်းရပေဦးမည်။
နိုင်ငံတော်
ဝက်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သူ ကျန်းဆွေ့လန်မှာ
ဝက်မွေးမြူရေးမှ ဝက်သားတစ်အိတ်ကိုမကြာခဏပင် ယူလာလေ့ရှိသည်။ သူမက လုပ်သက်ကြာပြီဖြစ်သောကြောင့်
အကျိုးအမြတ်များရှိသည်။သူမလိုချင်သော ဝက်ဝမ်းတွင်းသား၊ နှလုံး၊အသည်း၊ဝက်အူများကို အိမ်သို့ယူသွားနိုင်သည်။
ဈေးမှာလည်းအပြင်ကထက် သက်သာသည်ပင်။
သာမန်ဝက်သားသာ ဖြစ်သော်လည်း တစ်လတွင်အသားကို အကြိမ်ရေအနည်းငယ်သာ
စားနိုင်သော ခြံဝန်းကျယ်ကြီးထဲတွင်တော့ သူတို့က လူအုပ်ကြားမှထင်းထွက်နေသည်!
ကုမိသားစု၏
အစားအစာ ပိုကောင်းလာတိုင်း ခြံဝန်းထဲရှိအသက်ကြီးကြီးအမျိုးသမီးများ၏ လောဘမျက်လုံးများမှာ
အစိမ်းရောင်တောက်လာတော့သည်!
လင်းယောင်မှာ
အခန်းထဲတွင် အချိန်ကြာကြာနေရသောကြောင့်ပျင်းလာပြီး ဆက်ပြီးသည်းမခံနိုင်တော့ပေ။ သူမကျန်းဆွေ့လန်နှင့်အလုပ်ကြိုးစားပြီး
နောက်ဆုံးမှာတော့ ခြံထဲတွင် နာရီဝက်လောက်လျှောက်သွားရန် ခွင့်ပြုချက်ရရှိသွားသည်။
ကုမိသားစုက
ခြံဝန်း၏အရှေ့ပိုင်းအစွန်တွင်နေထိုင်သည်။ မစ္စတာကုမှာ အရာရှိဟောင်းဖြစ်သောကြောင့် အစိုးရကလအိမ်များကိုနေရာချထားသောအခါ
ကုမိသားစုက လူဦးရေများသောကြောင့်အဆောင် ၃ ဆောင်၊မီးဖိုချောင်နှင့် အထွေထွေသိုလှောင်ရန်
ဘေးအဆောင်တစ်ခုပါ နေရာချထားပေးသည်။
မစ္စတာကုနှင့်
သူ၏ဇနီးက အကြီးဆုံးဖြစ်သော အရှေ့အဆောင်တွင်နေသည်။ ကုမန်ဆန်နှင့် ဇနီးဖြစ်သူကဧည့်ခန်းအဖြစ်လည်းသုံးသော
အနောက်အဆောင်တွင်နေသည်။ ကလေး ၃ ယောက်ကတော့ တောင်ဖက်အဆောင်တွင်နေကြသည်။
နောက်ပိုင်းတွင်
မစ္စတာကုနှင့် ဇနီးဖြစ်သူမှာ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားကြပြီး ကုရှီအန်းနှင့်ညီမဖြစ်သူမှာလည်း
ကြီးပြင်းလာကြသည်။ အကြီးဆုံးသားကို လင်းယောင်နေနေသော မင်္ဂလာဆောင်အတွက်ပြင်ဆင်ထားသည့်
အခန်းအားပေးသည်။
လက်မထပ်ရသေးသော
သမီးဖြစ်သူ ကုချွင်မေကတော့ တောင်ဖက်အဆောင်တွင်နေထိုင်သည်။ အငယ်ဆုံး ကုရှီတုန်းမှာ အအိပ်ကြမ်းသူဖြစ်ကာ
ကြို့ထိုး၊အံကြိတ်ပြီးအီးပေါက်သောကြောင့် မိဘများက နောက်တစ်ဆောင်သို့ပို့ထားလိုက်ကြသည်။
ကောင်စုတ်လေးကတော့
ဂရုပင်မစိုက်ကာ တစ်ယောက်တည်း နေရသည်ကိုပင် သက်တောင့်သက်သာဖြစ်နေသည်။
လွတ်လပ်ရေးမရခင်က
ယွင်ရွှေမြို့တော်ရှိခြံဝန်းကျယ်များနှာ ချမ်းသာသည့်မိသားစုများ၏ သီးသန့်အိမ်ယာများဖြစ်ကြသည်။
ခေါင်မိုး၏အစွန်းလေးဖက်ကိုမြင့်ထားပြီး ခြံဝန်းများကို ကျောက်တုံးများဖြင့် လူသွားလမ်းဖောက်ထားခဲ့ကြသည်။
ကျန်းဆွေ့လန်က
သန့်သန့်ပြန့်ပြန့် နေရသည်ကို ကြိုက်ပြီး အိမ်တွင်းရော အိမ်ပြင်ပါ သန့်ပြန့်နေအောင်ထားသည်။
သူမက ထောင့်တွင် ဗုဒ္ဓံသရဏံပင်နှင့် နှင်းဆီပင်များကို စိုက်ထားပြီး အိမ်နံရံတွင်လည်း
ရုံတစ်ခုကပ်ဆောက်ထားကာ ကုမိသားစု၏ နွေရာသီ သီးသန့်ရေချိုးခန်းအဖြစ် အသုံးပြုသည်။
ခြံဝန်းထဲရှိ
သန့်စင်ခန်းများမှာ အများသုံးဖြစ်သည်။လမ်းပေါ်တွင်အမျိုးသားနှင့် အမျိုးသမီးသန့်စင်ခန်းများကို
နေရာကျယ်ကျယ် ခွဲခြားထားသည်။ လမ်းထဲရှိအိမ်များက နေ့စဉ်အလှည့်ကျ သန့်ရှင်းရေးတာဝန်ယူကြသောကြောင့်
၎င်းတို့မှာ အတော်လေး သန့်ရှင်းကာကျန်းမာရေးနှင့်ကိုက်ညီသည်။
ခြံဝန်းမှာအလွန်ကြီးသည်။
လင်းယောင် သူမခေါင်းကိုပတ်တီးစည်းထားသောကြောင့် လျှောက်သွားပြီး လူကြည့်တာမခံလိုပေ။
သူမအပြင်တွင်
မိနစ်အနည်းငယ်လျှောက်ပြီး အိမ်ထဲပြန်ဝင်ရန်စီစဉ်ထားသည်။
တောင်ဖက်ဆောင်ကို
သူမဖြတ်သွားတော့ ကုချွင်မေ၏ မပျော်မရွှင်မျက်နှာကို သတိထားမိသွားခဲ့သည်။ သူမအိမ်ထဲပြန်ဝင်ကာ
နေရာလွတ်စူပါမားကက်မှ ပန်းရောင်ပိုးသားခေါင်းစည်းပုဝါကို ယူလိုက်ပြီး တောင်ဖက်ဆောင်သို့
အပြုံးတစ်ပွင့်နှင့်ပြန်လာခဲ့သည်။
"အစ်မချွင်မေ"
ကုချွင်မေက
အသံကြားတော့ ခေါင်းမော့လာပြီး လင်းယောင်တံခါးပေါက်မှာ ရပ်သည်ကို မြင်လိုက်ရသည်။တောက်ပနေသော
ဗာဒံစေ့လို မျက်လုံးနှင့် မျက်လုံးထောင့်တွင် မျက်ရည်စက်လေးနှင့်။ မော့ကြည့်လာသောသူမမှာ
နှစ်လိုဖွယ်ကောင်းကာ သုန်သုန်မှုန်မှုန်လည်းဖြစ်နေသည်။
လင်းယောင်မှာ
အခုနေမကောင်းသေးကာ ခေါင်းပေါ်ကပတ်တီးကိုမဖယ်ရသေးပေ။ ကုချွင်မေက သူမကိုအခန်းထဲသို့မြန်မြန်ဆွဲခေါ်သွားသည်။
"အပြင်မှာပူနေတာကို
ဘာလို့တံခါးမှာကြောင်တောင်တောင် ရပ်နေရတာလဲ ခြံထဲမှာနေလှန်းနေတာလား?"
ကုချွင်မေက
သူမကိုအပြစ်တင်သော်ငြား တုံ့ဆိုင်းခြင်းမရှိဘဲ လင်းယောင်ကို သစ်ဥသစ်ဖုလက်ဖက်ရည်တစ်ခွက်ထည့်ပေးသည်။
လင်းယောင်က
ခုံတန်းကိုဆွဲကာ ထိုင်လိုက်သည်။လက်ဖက်ရည်ကိုကိုင်ထားပြီးပြုံးကာတစ်ငုံသောက်လိုက်ရင်း
"အရမ်းချိုတာပဲ ဒီထဲမှာသကြားပါတယ်ဖြစ်ရမယ်"
ကုချွင်မေက
သူမကိုဆွဲကာဒဏ်ရာကို ကြည့်လိုက်ပြီးပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "မဟုတ်ဘူး
မင်းကမျိုမချပဲ ငုံထားတာကိုး။ ငါ့အစ်ကိုက ပြောတယ်မချိုရင်တစ်ယောက်ယောက်ကတော့ သောက်မှာမဟုတ်ဘူးတဲ့"
လင်းယောင်
- "......"
ဒါကကုရှီအန်း၏
အမှားဖြစ်ပြီး သူမသည်းခံမည်မဟုတ်ပေ။
လင်းယောင်ငယ်စဉ်ကတည်းက
ကုချွင်မေနှင့်အတူဆော့ကစားခဲ့သည်။ သူမက ကုချွင်မေထက် တစ်နှစ်ပိုငယ်သည်။ သို့သော်ငြားခုတွင်မူ
သူမက ကုရှီအန်းနှင့်လက်ထပ်ပြီး ကုချွင်မေ၏ ယောင်းမဖြစ်လာသည်။
တွန့်ဆုတ်စွာနှင့်ပင်
လင်းတာ့ကော်၏ မိသားစုမှာ အစားထိုးလက်ထပ်ခြင်း ပေါ်သွားမည်ကိုကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့်
သူတို့က ကုရှီအန်းနှင့်သတို့သမီးတို့ကိုအရင်လက်ထပ်ပွဲလုပ်စေကာ လက်ထပ်မှတ်ပုံတင်ကိုနောက်မှလုပ်ခိုင်းသည်...
ထို့ကြောင့်
လင်းယောင်နှင့် ကုရှီအန်းတို့မှာ လက်ထပ်ပွဲသာကျင်းပလိုက်ကာ လက်ထပ်မှတ်ပုံတင်မရှိသေးပေ။
ယွင်ရွှေမြို့တော်၏
အစဉ်အလာအရ လင်းယောင်ကိုကုမိသားစု၏ ချွေးမအဖြစ်သတ်မှတ်နိုင်သည်ပင်။
သို့သော်ငြား...အနာဂတ်တွင်
ဘာဖြစ်မည်ကိုမည်သူကသိမည်နည်း။
မည်သို့ပင်ဆိုစေ
ကုချွင်မေကတော့ လင်းယောင်ကိုကောင်မလေးဟုပင် ဆက်ခေါ်မြဲဖြစ်သည်။
သူမက
သူ့ထက်ငယ်သော်ငြား ကောင်မလေးငယ်ငယ်လေးတော့မဟုတ်ပေ။
ကုရှီအန်းက
၂၈ နှစ်ဖြစ်သည်။ နွားအိုကမြက်နုကိုစားလိုလျှင် သူ့မှာစွမ်းဆောင်နိုင်စွမ်း ရှိ မရှိ
ပေါ်ကိုသာ မူတည်သည်!
အဝေးမှစစ်တပ်ထဲရှိ
ကုရှီအန်း - "..."
ကုချွင်မေက
သူမအစ်ကိုအကြောင်း ငြီးတွားပြီးသောအခါ လင်းယောင်၏ ခေါင်းပေါ်ရှိအနာ၏ အခြေအနေအဆင်ပြေရဲ့လားကိုကြည့်သည်။
ညီအစ်မ
၂ ယောက်မှာ အတူထိုင်ကာ စကားစမြည်ပြောနေကြသည်။ လင်းယောင်က ပန်းရောင်ပိုးသားခေါင်းစည်းပုဝါကိုထုတ်လိုက်ကာ
ကုချွင်မေ၏ စေ့စပ်လက်ဆောင်ဟုဆို၏။
ကုချွင်မေက
ထိုသည်ကို လက်ထဲတွင် ကိုင်သောအခါ ကြည်နူးစွာ
အံ့အားသင့်သွားသည်။ ထိတွေ့ရသည်မှာနူးညံ့ပြီးအေးမြနေ၏။ ပုဝါပေါ်တွင် ပန်းရောင်မက်မွန်ပွင့်လေးကိုပါ
ချည်ထိုးထားသေး၏။ သူမအလွန်ပင်သဘောကျလှသည်။
"ဒီပိုးသားပုဝါက
နူးညံ့ပြီးတကယ်လှတာပဲ။ ငါတို့ရဲ့ပစ္စည်းပို့နဲ့ဈေးကွက်ဖြန့်ချိရေးကော်ပိုရေးရှင်းမှာ
ဒါမျိုးမရှိဘူး။ အဲ့ဒါက ဈေးမနည်းဘူး"
ကုချွင်မေ
မငြင်းပယ်နိုင်သော်ငြား သူမလက်ခံရမှာလည်း ကသိကအောက် ဖြစ်လှသည်။
လင်းယောင်မှာ
အတည်ပေါက်နှင့် ပါးစပ်ထဲရှိရာလျှောက်ပြောတော့သည်။ ဈေးမကြီးပါ။ သူမမှာကံကောင်းပြီး
ကျေးလက်မှ ပို့ဆောင်ရောင်းဝယ်ရေးထံမှရရှိခဲ့သည်ဟူ၍။ အစ်မချွင်မေက ပုဝါကိုဝတ်ဆင်လိုက်သည်။
သူမ၏နှုတ်ခမ်းများမှာနီနေကာ သွားများမှာဖြူဖွေးနေပြီး ကောင်းကင်နတ်သမီး ၇ ယောက်ထဲမှတစ်ယောက်အလား။
သူမ၏ပါးစပ်သေးသေးလေးက
ကုချွင်မေကို ချာချာလည်သွားစေသည်။
ခြံထဲရှိကုမန်ဆန်မှာ
အိမ်ထဲမှရယ်သံများကိုကြားပြီး အပြုံးတစ်ပွင့်နှင့်
လက်များကိုပွတ်နေတော့သည်။
ကုချွင်မေမှာ
တစ်ညလုံးတက်ကြွပျော်ရွှင်နေသည်။ကောင်စုတ်လေး ကုရှီတုန်းမှာ အရိုက်ခံဖို့ အဆင်သင့်ဖြစ်စွာပင်
အိမ်ပြန်ရောက်လာသည်။
သူသတိကြီးစွာနှင့်
တံခါးမှခေါင်းပြူကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင်
အစ်မဖြစ်သူက ကျားတစ်ကောင်လိုတုတ်တစ်ချောင်းကို ကိုင်ပြီးပေါ်လာမှာကို သူကြောက်နေသည်။
အစ်မဖြစ်သူမှာ
တစ်ညလုံးပြုံးပျော်နေပြီး သူ့ကိုဝက်နှလုံးတစ်ခုပင် ပေးလိမ့်မည်ဟု မည်သူထင်မည်နည်း။
ကုရှီတုန်း
- ဝိုး ဒီနေ့လက အရှေ့ဖက်ကထွက်တာပဲ!
***
ဂျွန်လတွင်
မိုးကြိုးမုန်တိုင်းများ ရှိတတ်ပြီး မနေ့ညကလင်းကျားကျွမ်တွင် မိုးသည်းထန်စွာ ရွာခဲ့သည်။
ရွာထဲရှိရွှံ့မြေလမ်းတွင်
ရေအိုင်လေးများဖြင့် ပြည့်နေသည်။ လင်းတာ့ကော်၏ ဇနီးလီအိုက်ဖုန်း အလုပ်မှအိမ်ပြန်လာတော့
သူမ မတော်တဆရွှံ့အိုင်ထဲနင်းမိကာ ဒေါသတကြီးဆဲဆိုတော့သည်။
ရွာထဲမှမိန်းကလေးတစ်ယောက်က
ရယ်နေပြီး ဗိုလ်ကျလွန်းသော မိန်းမကြီး၏ မျိုးဆက် ၁၈ ဆက်တိုင်ဆဲဆိုကာ နောက်မှပြေးလိုက်ခြင်းကိုခံလိုက်ရသည်။
ကောင်မဘေးမှာအသက်
၂၀ ကျော်ရုံသာရှိပြီး အရှက်အကြောက်ကြီးကာ ခြံဝန်းထဲတွင် ငိုတော့မလိုပင်။
ရွာထဲရှိလူများမှာသည်းမခံနိုင်တော့ပဲ
သူမကိုနားချရတော့သည်။ လီအိုက်ဖုန်းမှာဆဲဆိုပြီး သူမခြံဝန်းထဲသို့ပြန်သွားတော့သည်။
ပြောရမည်ဆိုလျှင်
လင်းတာ့ကော်၏ အခြေအနေမှာ ရွာထဲတွင်သာမန်မျှသာဟု သတ်မှတ်နိုင်ပေသည်။ လင်းမိသားစု၏ အဘိုးမှာ
ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ခဲ့ပြီး သူ့တစ်ဘဝလုံးနိုင်ငံက ကျွေးသည်ကိုစားခဲ့ရသည်။သူကတစ်လကိုယွမ်
၃၀ ရပြီး လင်းမိသားစုမှာ အလုပ်များ လိုက်လုပ်ကာ အလုပ်ရမှတ်များကို ရှာဖွေခဲ့သည်။
လင်းမိသားစုမှ
အဘိုးမှာ ငွေကြေးစုဆောင်းနိုင်ခဲ့သည်ဟုသတ်မှတ်ရမည်။
အစိမ်းရောင်ခြံဝန်းထဲရှိ
အိမ်ကို အဘိုးလင်းက ဆောက်ခဲ့ခြင်းဖြစ်သည်။
လင်းမိသားစုခြံဝန်းထဲတွင်
အဓိကအခန်း ၃ ခန်းရှိသည်။ တောင်ဖက်တွင်ရွှံ့သားနှင့် လုပ်ထားသောမီးဖို၊မြောက်ဖက်တွင်
အသီးအနှံစိုက်ခင်းနှင့် အနောက်ဖက်ထောင့်တွင် လှောင်ချိုင့်များနှင့် မွေးထားသော ကြက်မ
၃ ကောင်ရှိသည်။
ထိုခေတ်တွင်
ကျေးလက် တောရွာမှလူများမှာ ကြက်မများဥသော ကြက်ဥများအပေါ် မှီခိုကြရသည်။
မြောက်ဖက်ရှိ
အခန်းသေးလေးတွင် မဲနယ်ရောင်ခန်းဆီးတစ်စုံကနံရံပေါ်မှကျနေသည်။ ၎င်းမှာ လီဟုန်နနေထိုင်ရာအခန်းဖြစ်သည်။
လင်းတာ့ကော်က
သူ့တူမကို ကုမိသားစုထဲသို့လက်ထပ်ပေးလိုက်သည်။
လင်းဟုန်နက
ရက်အတော်ကြာ အိမ်ပြင်မထွက်ပေ။သူမကအိမ်တွင် တစ်နေ့ထမင်း ၃ နပ်စားပြီး အလုပ်မသွား အလုပ်မလုပ်ပေ။
လင်းတာ့ကော်က
သူ့မုတ်ဆိတ်ကိုကိုင်ကာ အိမ်ကိုစိုက်ကြည့်ပြီး သူဩဇာကြီးမားကြောင်း ပြချင်သော်လည်း အပြင်ဖက်တွင်တော့
ငကြောင်တစ်ယောက်လိုဖြစ်နေသည်။ ရွာထဲမှ အမျိုးသားများက သူ့ကိုရီနေကြပြီး သူကြားသောအခါ
ဘာမှပြန်မပြောရဲပေ။
လင်းမိသားစု၏
အကြီးဆုံးသားဖြစ်သူ လင်းဟုန်ဝူမှာ မြို့ထဲရှိ မီးသီးစက်ရုံတွင် ယာယီအလုပ်သမားအဖြစ်အလုပ်လုပ်သည်။
သူဝင်ခွင့်ရရန် ပိုက်ဆံအများအပြားပေးခဲ့ရသည်။ လစာမှာတစ်လကို ၁၈ ယွမ်ဖြစ်သည်။
၎င်းမှာအမြဲတမ်း
အလုပ်သမား မဟုတ်သော်ငြား ကျေးလက်တောရွာတွင် အစာစားရဖို့အရေး တူဆွနေရသည်ထက်တော့သာသည်။
သူမိန်းကလေးတစ်ယောက်နှင့် အချိတ်အဆက်လုပ်ပြီး သူ့ပါတနာသိသွားမည်စိုးကာ အိမ်ကိုအတော်ကြာကြာမပြန်ပေ။
လင်းမိသားစု၏
အိမ်တွင်းအိမ်ပြင် အလုပ်အားလုံးက လီအိုက်ဖုန်းအပေါ်တွင်
မှီခိုနေသည်။
သူမက
ပျင်းရိသည်ကို ကျင့်သားရနေပြီဖြစ်သည်။ လင်းယောင်ဒီမှာရှိခဲ့စဉ်က ထိုကောင်မလေးက အိမ်အလုပ်အားလုံးကိုလုပ်သည်။
သူမဘယ်လိုချက်ပြုတ်၊ခြံဝန်းကို တံမြက်စည်းလှည်းပြီး ကြက်စာပါကျွေးနိုင်မည်နည်း?
ယခုကဲ့သို့ပင်
သူမခြံထဲဝင်လာသည်နှင့် နံစော်နေသောကြက်ချီးများ ခြံဝန်းတစ်ခုလုံးထဲတွင် ရှိနေပြီး မည်သူကမှသန့်ရှင်းမထားပေ။
လီအိုက်ဖုန်း
ခြံထဲတွင် မည်သူမှမရှိသည်ကို တွေ့တော့ မီးဖိုချောင်ထဲကို သုတ်ခြေတင်သွားသည်။ ထိုနေရာတွင်အေးစက်နေသော
အိုးတစ်ခုနှင့် အေးစက်နေသောမီးဖိုတစ်ခုသာရှိနေပြီး တစ်ခုကိုမျှအသုံးပြုမထားပေ။ သူမရင်ထဲရှိ
မီးမှာပိုကြီးထွားလာပြီး သူမအသံကျယ်နှင့်အော်ဆဲတော့မည်ပင်။
အိမ်ထဲတွင်တစ်နေ့ခင်းလုံးအိပ်နေသော
လင်းဟုန်နမှာသမ်းဝေရင်း ထွက်လာသည်။ သူမအပြင်ရောက်ရောက်ချင်းဗြုန်းစားမေးတော့သည်။
"အမေ ဘယ်အချိန်ရှိပြီလဲ။ အခုထိ မချက်ရသေးဘူးလား?"