အပိုင်း ၄
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း

 

 

"သောက်ကောင်မလေး နင်အိမ်မှာတစ်နေ့လုံးအိပ်နေပြီး ကြက်တွေကိုတောင် အစာမကျွေးဘူး။ နင်ဘာလုပ်နေလဲဆိုတာတောင် နင်မသိဘူး! အသုံးမကျလိုက်တာ!"

 

 

လီအိုက််ဖုန်း လင်းဟုန်နကို တွေ့သောအခါ သူမဒေါသမထွက်ပဲမနေနိုင်တော့ချေ။

 

 

ဒီရက်တွေမှာ ဘယ်လိုဖြစ်သည်မသိ။ မကောင်းသည့်အရာတွေမှာ တစ်ခုပြီးတစ်ခု ဖြစ်လို့နေသည်။ ပထမဆုံးအနေနှင့် လင်းဟုန်နမှာ မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေရင်း မြစ်ထဲပြုတ်ကျခဲ့သည်။

 

 

ကျေးလက်တောရွာများရှိ အမေအများစုကဲ့သို့ပင် လီအိုက်ဖုန်းမှာ သူ့သမီးကို သိပ်တန်ဖိုးမထားချေ။

 

 

သူ့သမီး ရေထဲပြုတ်ကျသည်ကိုကြားတော့ သူမတုန်လှုပ်မသွားချေ။ မြစ်ဆီကိုမသွားခင် ကြက်များကိုပင် အစာကျွေးလိုက်သေးသည်။

 

 

သူမရွာထိပ်ကိုရောက်တော့ ရေတွေစိုနေသော လင်းဟုန်နကို ရွာသားများက ဝါးရှည်ရှည်များဖြင့် ဆွဲယူပြီးဖြစ်သည်။

 

 

မတ်လနောက်ပိုင်း နွေဦးအစောပိုင်းဖြစ်၍ အေးနေသေးသည်။

 

 

လင်းဟုန်နမှာ ရေဘယ်လိုကူးရမည်ကို မသိသောကြောင့် မြစ်ထဲတွင် အော်ဟစ်ပြီး အကြိမ်ပေါင်းများစွာ ရေမွန်းခဲ့သည်။ သူမဝါးရှည်ရှည်ကို ဆွဲယူမိသွားပြီး ကုန်းပေါ်ပြန်ရောက်လာတော့ သူမတစ်ကိုယ်လုံးစိုရွှဲနေပြီး သူမပါးစပ်မှာ အအေးဒဏ်ကြောင့် ပြာနေပေပြီ။

 

 

လီအိုက်ဖုန်းမှာ အဖက်မလုပ်ပေ။ သူမသမီးမြစ်ထဲပြုတ်ကျသည်ကိုလည်း ဂရုမစိုက်ပေ။ ထိုအစား သူ့သမီးကိုကယ်ဆယ်ပေးသော ရွာသားများကိုရိုက်နှက်ကာ သူမသမီးကို ရေထဲတွန်းချပါသည်ဟု စွပ်စွဲတော့သည်။ သူမက ဆေးကုသစရိတ်ကိုပါ တောင်းလိုက်သေးသည်။

 

 

၎င်းကရွာသားများကို စိတ်ဆိုးသွားစေပြီး ဒယိမ်းဒယိုင်လမ်းလျှောက်နေသော လင်းဟုန်နကို သူတို့ဂရုမစိုက်တော့ပေ။

 

 

လီအိုက်ဖုန်းက နောက်မှလိုက်သွားတော့သည်။

 

 

လင်းဟုန်နမှာ ရွေးချယ်စရာမရှိပဲ ကိုယ့်ဘာသာပဲအိမ်ပြန်လိုက်ရတော့သည်။ သူမ၏ရေစိုနေသာအဝတ်များကိုချွတ်ကာ စောင်ခြုံပြီး အိပ်ပျော်သွားတော့သည်။

 

 

လင်းဟုန်န သူမမျက်လုံးများကို နောက်တစ်ကြိမ်ဖွင့်လိုက်သောအခါ အရာအားလုံးမှာ ကွဲပြားခြားနားသွားပေပြီ။

 

 

လီအိုက်ဖုန်း သူမဘာသာတွေးနေသည်။ သူ့သမီးပြုတ်ကျတော့လည်းပြုတ်ကျတာပဲပေါ့။ တစ်ရေးလောက်အိပ်လိုက်တာက မိန်းကလေးတစ်ယောက်အတွက် ပိုမကောင်းဘူးလား?

 

 

တစ်ညအိပ်ပြီးသောအခါ လင်းဟုန်နမှာ ကလေးဘဝတည်းက စေ့စပ်ထားသော ကုရှီအန်းနှင့် လက်ထပ်ရမည်ကို တက်မတတ်ချက်မတတ် ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

 

 

လင်းတာ့ကော်နှင့် သူ့ဇနီးတို့မှာ ဆူပူရိုက်နှက်တော့သည်။

 

 

လင်းဟုန်နက သူမသေသွားလျှင်တောင် လက်ထပ်ဖို့ငြင်းဆန်သည်။ ညတစ်ညတွင် သူမကိုယ်သူမ သတ်သေဖို့ပင် လုပ်ချင်ခဲ့သေးသည်။

 

 

လင်းတာ့ကော်မှာ မည်သို့ပင် လူမဆန်သည်ဆိုစေ သူမမှာသူ့သမီးပင်ဖြစ်သည်။ ထို့ကြောင့် သူ့တူမလင်းယောင်ကိုသာ ကုမိသားစုထံ လက်ထပ်စေသည်။

 

 

လင်းတာ့ကော် ဤကိစ္စကို စီစဉ်ခဲ့စဥ်က သူ့စိတ်ထဲတွင် တွက်ချက်မှုများလည်း ပြုလုပ်ခဲ့သည်။ ကုမန်ဆန်က သစ္စာရှိကာ ရိုးသားပြီး အတိတ်ကိုလည်း တသသဖြစ်နေသောသူဟု သူထင်ခဲ့သည်။ လူစားထိုးလက်ထပ်သည့်ကိစ္စသာပေါ်သွားလျှင် ကုမန်ဆန် သနားအောင်သာလုပ်လိုက်ကာ ထိုကိစ္စကိုကျော်သွားလိုက်ရုံပင်ဟူ၍။

 

 

တွက်ချက်မှုများ အားလုံးပြီးသွားသည့်အခါ ကြမ်းကြမ်းတမ်းတမ်း ကျန်းဆွေ့လန်ကိုတော့ သူမေ့ကျန်ခဲ့သည်။

 

 

လက်ထပ်သည့်နေ့တွင် ကျန်းဆွေ့လန်မှာ ဟာကွက်ကိုဘယ်လို ထောက်ရမည်မသိပဲဖြစ်ကာ ရုတ်တရက်သတို့သမီးခေါင်းပေါ်မှ ပုဝါအနီစကို ,တင်လိုက်သည်။

 

 

တူမလေးက ခေါင်းကိုတိုင်နှင့်ဆောင့်ပြီး လင်းတာ့ကော်မှာ တစ်မိသားစုလုံးနှင့် ထွက်ပြေးတော့သည်။

 

 

သူတို့ထွက်ပြေးပြီး နောက်တစ်နေ့မှာ ကျန်းဆွေ့လန်ကသူမ၏ မောင်နှင့် တူများကိုခေါ်ကာ လင်းကျားကျွမ်သို့သွားတော့သည်။

 

 

အဆုံးတွင်တော့ လင်းတာ့ကော်မှာ အရိုက်ခံလိုက်ရကာ ညီဖြစ်သူ၏ ပိုက်ဆံများကိုလည်း ရှာတွေ့ကာ ကျန်းညီအစ်ကိုများ ယူသွားခြင်းကို ခံလိုက်ရတော့သည်။

 

 

လီအိုက်ဖုန်း ထိုအကြောင်းကိုတွေးလေ ဒေါသထွက်လေပင်ဖြစ်သည်။ သည်ကောင်မစုတ်သာ ကုရှီအန်းကိုလက်မထပ်ချင်ဘူးဆိုပြီး ပြဿနာမရှာလျှင် ဘယ်လိုလုပ်ပြီးဒီလိုမကောင်းတဲ့ အရာတွေ အများကြီး ဖြစ်လာမည်နည်း!

 

 

သူမလင်းဟုန်နကို လက်ညှိုးထိုးပြီး ဒေါသပုံချကာ ဆူပူမာန်မဲရန်ပြင်နေစဥ်မှာပဲ လင်းဟုန်နမှာ တစ်ခုခုကိုညင်ညင်သာသာပြောတော့သည်။

 

 

"အမေ ဘာလုပ်နေတာလဲ? ကျားလျန်က ဒီနေ့ညဇာတ်ကားတူတူကြည့်ဖို့ခေါ်ထားတာ။ သမီးနောက်ကျနေပြီး လူတွေ စိတ်ညစ်အောင်လုပ်မိရင် အစ်ကိုကြီးပုံမှန်အလုပ်ရဖို့တော့ စဥ်းတောင်မစဥ်းစားနဲ့တော့"

 

 

ဆဲမည့်စကားများလည်ချောင်းတွင် ဆို့သွားသောလီအိုက်ဖုန်း - "..."

 

 

သူမသားကတော့ အရေးကြီးသည်။

 

 

သူမသားဖြစ်သူ၏ အနာဂတ်အတွက် လီအိုက်ဖုန်း တံထွေးကိုမျိုချကာ ဟင်းချက်ရန် မီးဖိုချောင်သို့သွားတော့သည်။

 

 

စွင်းကျားလျန်မှာ လင်းယောင်၏ ယခင်ဘဝက ခင်ပွန်းမှလွဲလို့မည်သူဖြစ်ဦးမည်နည်း။

 

 

ယခင်ဘဝတွင် လင်းယောင်မှာ သူမ၏ လှပသောမျက်နှာကြောင့် အဘွား၏ မျက်နှာသာပေးမှုကိုခံရပြီး ဖီးနစ်ငှက်သဖွယ် ပြောင်းလဲသွားခဲ့သည်။ ကျေးလက်တောရွာမှ ကောင်မလေးက မီးလုံးစက်ရုံ၏ ဒါရိုက်တာနှင့်လက်ထပ်လိုက်သည်။ နောက်ပိုင်းတွင် စွင်းကျားလျန်မှာ စီးပွားရေးလောကထဲ ဝင်ကာ ဖခင်ဖြစ်သူ၏ အဆက်အသွယ်တို့နှင့် သူ၏အမြင်ရှိမှု၊ ရက်စက်သောနည်းလမ်းတို့ကြောင့် ပိုက်ဆံအများအပြားရှာနိုင်ခဲ့သည်။

 

 

စွင်းမိသားစုသည် ချမ်းသာကြွယ်ဝပြီးနောက် ဟောင်ကောင်မြို့တော်သို့ ပြောင်းရွှေ့သွားကြတော့သည်။

 

 

လင်းယောင်မှာ ခင်ပွန်းဖြစ်သူ၏ ချမ်းသာမှုကြောင့် ဟောင်ကောင်မြို့ဝောာ်ရှိ တောင်ကုန်းများ၏ ဘေးမှဗီလာတွင် နေထိုင်ရသည်။ သူမတစ်ဘဝလုံး အိမ်တွင်နန်နီတစ်ယောက်ရှိပြီး ဒရိုင်ဘာတစ်ယောက်နှင့်သက်တော်စောင့် တစ်ယောက်လည်းရှိသည်။ စွင်းကျားလျန်မှာအပြင်တွင် မယားငယ်တစ်ယောက်ရှိလျှင်တောင် လင်းယောင်မှာ မလွဲမသွေ ချမ်းသာသောဇနီးတစ်ယောက်ဖြစ်သည်။

 

 

အနည်းဆုံးတော့ ယခင်ဘဝမှ လင်းယောင်မှာ အင်မတန်မနာလိုချင်စရာပင်။

 

 

သို့သော် ယခုတွင်တော့ စွင်းကျားလျန်မှာ သူမနှင့်စကားပြောဆိုနေသောသူဖြစ်သည်။

 

 

လင်းဟုန်နက သူမ နဖူးရှေ့ကျနေသော ဆံပင်ကိုဖြီးသင်လိုက်ကာ သူမ၏ နူးညံ့ပြီးဖြူဖွေးသောလက်များကိုကြည့်ပြီး ဂုဏ်ယူလှောင်ပြောင်သည့်အပြုံးတစ်ခု သူမနှုတ်ခမ်းပေါ်တွင် ရှိနေခဲ့သည်။

 

 

သူမမှာအခုတော့ ငမ်းငမ်းတက်စရာ အခွင့်အရေးတွေရှိနေပြီဆိုတော့ အရင်နဲ့မတူတော့ပြီ။

 

 

အကယ်၍ သူမယခုဘဝတွင် ယခင်ဘဝကလိုပင် သာမန်လူများ စုဝေးနေကြသော ခြံဝန်းထဲရှိမိသားစုထထဲသို့ လက်ထပ်လိုက်မည်ဆိုပါက သူမအခုလိုအခြေအနေ ဘယ်မှာရမည်နည်း?

 

 

ယခင်ဘဝတွင် လင်းဟုန်နက သူမ၏အဘိုး စီစဥ််ထားခဲ့သော ကလေးဘဝတည်းက မင်္ဂလာပွဲကို မကျေနပ်ဖြစ်ခဲ့သည်။

 

 

အပြင်လူများက ကုမိသားစုမှာ မြို့ပြကြီးတွင်နေထိုင်ကာ အခြေအနေကောင်းသည်ဟု ပြောကြသည်။သူမ၏ခင်ပွန်းမှာ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး ယောက်မနှင့်ယောက္ခမများမှာလည်း ဝင်ငွေကောင်းသူများဖြစ်ကြသည်။ သူမ လက်ထပ်သောအခါ ပျားရည်အိုးထဲပြုတ်ကျပြီး ပျော်ရွှင်မှုများကို ခံစားရသည်ဟူ၍။

 

 

သောက်ကျိုးနည်း!

 

 

ကုမိသားစုမှာ မိလ္လာတွင်းကြီးပင်!

 

 

ကုမန်ဆန်မှာ ဘာမှအားမကိုးရသောသူ ဖြစ်သည်။

 

 

ကျန်းဆွေ့လန်မှာ သူမ၏ စကားအတိုင်း အမှန်ပင် ကြမ်းတမ်းလှသည်။ ကုရှီအန်း၏ လစာနှင့်ထောက်ပံ့ကြေးတစ်ဝက်လောက်မှာ ဒီမိန်းမကြီး၏ လက်ထဲတွင်ဖြစ်သည်။ ယောက္ခမဖြစ်သူနှင့် သူမ မသင့်မြတ်ပဲ ထိုသူက သူမ၏ ယောင်းမ ကုချွင်မေကိုတောင် တွေ့သည့်အခါတိုင်း ရိုက်တတ်သည်။

 

 

ထို့ပြင် ကုရှီတုန်းဆိုသည့် ကောင်စုတ်လေးမှာလည်း ဆိုးသွမ်းသည်ပင်။

 

 

ထိုမျှမကသေး။ အေးစက်ပြီး တိတ်ဆိတ်နေတတ်သော ကုရှီအန်းလို စစ်သားမျိုးကိုလည်း သူမလုံးဝမနှစ်သက်ပေ။ သူမ ကြိုက်သည်မှာ သိမ်မွေ့နူးညံ့ကာ အသားဖြူပြီး ပညာတတ်သောသူဖြစ်သည်။

 

 

ယခင်ဘဝတွင် သူမမှားယွင်းပြီး ကုမိသားစုထဲသို့လက်ထပ်ခဲ့သည်။ မမျှော်လင့်ထားစွာပင် သူမကုမိသားစုထဲသို့ လက်ထပ်သည့်နေ့၌ စစ်တပ်မှ အရေးပေါ်ကြေးနန်းစာရောက်လာကာ ကုရှီအန်းမှာ သူ့စစ်တပ်သုံးအိတ်ဖြင့် စစ်တပ်ထဲသို့ပြန်သွားခဲ့ရသည်။

 

 

ထိုအချိန်ကတည်းက သူမမှာ မုဆိုးမတစ်ယောက်ဖြစ်ခဲ့ရသည်။

 

 

သူမဘဝမှာ ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရပေ။ သို့ဖြစ်၍ ဘာအတွက်ကြောင့် ကုရှီအန်းအတွက် သူမကိုယ်သူမကျောက်စိမ်းတစ်ခုလို ကာကွယ်နေရမည်နည်း!

 

 

နှစ်ဝက်ကြာသောအခါ လင်းဟုန်နမှာ အထီးကျန်မှုကိုမခံစားနိုင်တော့ပဲ လမ်းကြားထဲရှိ နိုင်ငံခြားသားတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားခဲ့သည်။ သို့သော် ကုချွင်မေက ၎င်းကိုမိသွားသည်။

 

 

စစ်မှုထမ်းဘဝမှ နှုတ်ထွက်ခွင့်ပြုလိုက်သော ကုရှီအန်းမှာ သူမကိုတည်ငြိမ်စွာပင် ကွာရှင်းခဲ့သည်။

 

 

ကွာရှင်းပြီးသောအခါ ကုမန်ဆန်က သူမကိုယွမ်တစ်ရာပေးခဲ့သည်။ သူမကွာရှင်းပြီးနောက် သိက္ခာပျက်စီးသွားခဲ့သည်။ သူမမိဘများက သူမကိုအလိုမရှိတော့ပဲ အခြားနေရာများမှ ယောကျ်ားများကလည်း ထွက်ပြေးကြကာ သူမဘဝတစ်ဝက်ကို ဆင်းရဲစွာဖြတ်သန်းခဲ့ရသည်။

 

 

သူမဘဝက ဒီလောက်ဆိုးဝါးလှတာ ဘာလို့လင်းယောင်က သူမထက်ပိုပြီး ကောင်းတဲ့ဘဝမျိုး ရရမည်နည်း?!

 

 

ကံကောင်းစွာပင် ဘုရားကမျက်နှာသာပေးပြီး သူမပြန်လည်မွေးဖွားလာခဲ့သည်။ ယခင်ဘဝတွင် သူမခံစားခဲ့ရသော လှောင်ပြောင်မှုနှင့် နာကျင်မှုများကို လင်းယောင် တွေ့ကြုံခံစားရမည့်အချိန်ဖြစ်သည်။

 

*****

 

နဂါးလှေပွဲတော်မှာ နီးကပ်လာပြီဖြစ်ကာ ယွင်ရွှေမြို့တော်တွင်လည်း နေ့တိုင်းပိုကာပူလာသည်။

 

 

တောက်ပပြီး ပူပြင်းသောနေမှာ နေ့လည်ပိုင်းတွင်ကောင်းကင်၌ရှိနေပြီး အပြင်တွင်လေမတိုက်ပေ။

 

 

အားလပ်ရက်နီးကပ်လာသည်နှင့် ပစ္စည်းပို့ဈေးကွက်ဖြန့်ချိရေးသမဝါယမနှင့် ဝက်မွေးမြူရေး လုပ်ငန်းတို့မှာ ပို၍အလုပ်များလာကြသည်။ ပစ္စည်းပို့ခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးတွင် ကာစတန်မာများတစ်ယောက်ပြီးတစ်ယောက်လာကြသည်။

 

 

အေးအေးဆေးဆေး နေလေ့ရှိခဲ့သူ ကုချွင်မေမှာ တစ်နေ့တာ၏ အချိန်အများစုတွင် ကောင်တာနောက်၌ မတ်တပ်ရပ်နေရပေသည်။ သူမအိမ်ပြန်ရောက်သောအခါ ပင်ပန်းလွန်းလို့ ထပင်မထနိုင်တော့ပဲ အိပ်ယာထဲတန်းဝင်တော့သည်...

 

 

ကျန်းဆွေ့လန်သည်လည်း အလုပ်များသည်ပင်။နွေရာသီရောက်လာသည်နှင့် ဝက်မွေးမြူရေးလုပ်ငန်းများ အလုပ်ရှုပ်လာတော့သည်။ နွေရာသီတွင် ခြင်ပေါသည်။ အထူးသဖြင့် မိုးရွာပြီးစိုစွတ််နေသော အချိန်တွင်ဖြစ်သည်။ ခြင်များမှာ အလွန်သောင်းကျန်းသည်။ဝက်ခြံများတွင် သန့်ရှင်းရေးကိုအထူးဂရုပြုရသည်။ဝက်မွေးမြူရေးတွင် ရှိသော ဝက်စာခွက်များကို တစ်နေ့လျှင်နှစ်ကြိမ်သန့်ရှင်းပေးရသည်။

 

 

ရာသီဥတုက ပူပြင်းပြီး ဝက်ခြံများမှာ အပူဒဏ်သက်သာအောင် ကောင်းစွာမလုပ်နိုင်ပေ။ ကျန်းဆွေ့လန်နှင့် အခြားအလုပ်သမားများမှာ ရေသယ်ပြီးဖျန်းကာ ဝက်ခြံများကို အေးသွားအောင်လုပ်ရသည်။ ဝက်ခြံတစ်ခုစီက အနည်းဆုံး ရေတစ်ပုံးစီလိုသည်။ ဝက်မွေးမြူရေးတွင် ဝက်ကောင်ရေရာပေါင်းများစွာရှိသည်။

 

 

လွန်ခဲ့သည့်ရက်များအတွင်း ရေသယ်ရသော တံပိုး၏ ပွတ်တိုက်မှုကြောင့် ကျန်းဆွေ့လန်၏ ပုခုံးမှာ သွေးထွက်နေ၏။ လွန်ခဲ့သည့် နှစ်များအတွင်း ဒီတစ်ကြိမ်မှာသူမနာလွန်းသောကြောင့် အိပ်လို့တောင်မရပေ။

 

 

ဒီနှစ်တွင် လင်းယောင်ပေးသော ဆေးကိုလိမ်းပြီး ညပိုင်းမျက်လုံးများ မှိတ်လိုက်သည်နှင့် မိုးလင်းချိန်ရောက်သွားပြီဖြစ်သည်။

 

 

ကုမန်ဆန်၏ အလုပ်ရုံမှာ အလုပ်များပြီး အမြဲမှောင်ပြီးမှသာ သူအိမ်ပြန်ရသည်။

 

 

သည်လိုဖြင့် နေမကောင်းသော လင်းယောင်နှင့် နွေရာသီပိတ်ရက်တွင် အိမ်မှာရှိနေသာ ကုရှီတုန်းတို့မှာသာ ကုမိသားစုတွင် ကျန်ခဲ့သည်။

 

 

တောင်ပေါ်တွင် ကျားများမရှိတော့ မျောက်များကဘုရင်ဖြစ်လာကြသည်။

 

 

မိဘများ၏ ထိန်းချုပ်မှုမရှိသော ကုရှီတုန်းမှာ တစ်နေကုန်အိမ်တွင် ခုန်ပေါက်နေတော့သည်။

 

 

ထိုအတောအတွင်းတွင် လင်းယောင်မှာ ကျန်းမာရေးစင်တာသို့ အခေါက်များစွာသွားကာ နဖူးတွင်ရှိသော ဒဏ်ရာအတွက် ဆေးပြောင်းရန်လုပ်ရသည်။ ညပိုင်းတွင် မည်သူမျှမရှိပေ။ သူမ နေရာလွတ် စူပါမားကက်မှလိမ်းဆေးထုတ်ယူလိုက်ကာ ဒဏ်ရာပေါ်တွင် ညင်သာစွာလိမ်းလိုက်သည်။

 

 

လိမ်းဆေးမှာ အဘွားလင်းမှ သူမ၏မြေးဖြစ်သူအတွက် ကမ္ဘာကြီး အဆုံးသတ်အတွက် ကောင်းသောဆေးဟုဆိုကာ ချန်ထားခဲ့ခြင်းဖြစ်သည်။

 

 

လင်းယောင်က ၎င်းကို အကြိမ်များစွာ ထိတွေ့လိုက်ပြီး အာနိသင်မှာလည်း အမှန်ပင်ကောင်းလှသည်။ လိမ်းရန်ရက်အနည်းငယ်သာ အချိန်ယူရသည်။ ဒဏ်ရာမှာပျောက်လုနီးပါးဖြစ်နေကာ ပန်းရောင်အမာရွတ်ဖျော့ဖျော့သာကျန်သည်။

 

 

ကုချွင်မေမှာ မကျေနပ်ပဲ လင်းယောင်ကို ဆံပင်ညှပ်ဆိုင်သို့ခေါ်သွားတော့သည်။

 

 

ဆံပင်ညှပ်ဆရာမှာ ကျွမ်းကျင်ပြီး လင်းယောင်ကိုဖက်ရှင်ကျသော ရှေ့ဆံမြိတ်လေးများ ညှပ်ပေးလိုက်သည်။ လင်းယောင်မှာ အလွန်ကျေနပ်သွားပြီး မှန်ကြည့်ကာပြုံးလိုက်သည်။

 

 

ကုချွင််မေသည်လည်း အလွန်ပင်ကျေနပ်သွားသည်။သူမကလင်းယောင်၏ မျက်နှာကိုကိုင်ပြီး နမ်းလိုက်သည်။

 

 

"ထင်တဲ့အတိုင်းပဲ။ ငါတို့ယောင်ယောင်ရဲ့မျက်နှာလေးက တကယ်ကိုဆွဲဆောင်မှုရှိတာပဲ"

 

 

ထိုသို့ပြောပြီး သူမက ကိုင်လိုက်ကာ နောက်တစ်ကြိမ်ကိုက်လိုက်ပြန်သည်။

 

 

လင်းယောင် - "......"

 

 

အစ်မချွင်မေ တကယ်တော့ ညီမတို့ အဲ့လောက်စိတ်အားထက်သန်နေဖို့ မလိုဘူးလေ။

 

*****

 

ကုချွင်မေမှာ လင်းယောင်၏ ရှေ့ဆံမြိတ်များကို ပုံကျအောင် လုပ်ပေးလိုက်သည်။ အချိန်စောသေးသောကြောင့် ညီအစ်မနှစ်ယောက်သား ညည်းတွားလိိုက်ကြကာ အသားဝယ်လို့ရနိုင်မလားဆိုပြီး သူတို့ကံကိုစမ်းသပ်ရန် ပစ္စည်းပို့ခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ သွားကြတော့သည်။

 

 

ဤရက်များတွင် ကုမိသားစုမှာ နေ့တိုင်းဆန်ပြုတ်စားကြပြီး ဆားစိမ်ထားသော အသီးအရွက်များကိုလည်း ကောက်ညှင်းလုံးများဖြင့် အစာသွပ်ထားသည်။

 

 

လင်းယောင်မပြောနှင့် ကုချွင်မေသည်တောင် အော်နေရပြီဖြစ်သည်။

 

 

ကုရှီတုန်းဆိုလျှင်တော့ သည်ကောင်စုတ်လေးမှာ ဝက်လက်စားရရန် ညတိုင်းအိပ်မက်မက်နေရသည်။

 

 

ကုချွင်မေက လင်းယောင်ကို သည်ကောင်စုတ်လေး ညပိုင်းဝါးနေသည်မှာ သူ၏နံစော်စော်ခြေထောက်ဖြစ်ရမည်ဟူ၍ တိတ်တိတ်လေးပြောသည်။

 

 

လင်းယောင် တစ်ခဏမျှစိတ်ကူးကြည့်လိုက်ပြီး ထိုသို့ခက်ခဲသော ခြေထောက်ကိုက်ခြင်းအမှုမှာ သုန်ဇီအတွက်တော့ မဖြစ်နိုင်တာမဟုတ်ဟုဆို၏။

 

 

ယွင်ရွှေမြို့တော်၏ လမ်းဟောင်းလေးတွင်ရှိသော ကျောက်သား လူသွားလမ်းလေးမှာ နှစ်ရာကျော်ကြာ လေ၊နှင်းနှင့်မိုးတို့၏ တိုက်စားမှုတို့ကြောင့် ချောမွေ့ကာပါးလာပြီပင်ဖြစ်သည်။ ကျုံးက လမ်းတစ်လျှောက်ရှိနေပြီး လမ်းဘေးတွင်စိုက်ထားသော မိုးမခပင်၏ အကိုင်းများမှာ လေထဲတွင်ယိမ်းနွဲ့နေကြသည်။

 

 

ကုချွင်မေစက်ဘီးကို ၁၀ မိနစ်ကျော်ကြာ နင်းသွားလိုက်သည်။ သူမ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ ရောက်သောအခါ လင်းယောင်၏ မျက်နှာမှာ အပူကြောင့် နီပင်နီနေပြီဖြစ်သည်။

 

 

ညီအစ်မနှစ်ယောက်သား လျင်မြန်စွာတိုက်ခိုက်ကာ အုပ်စု စုခွဲလိုက်ကြသည်။

 

 

ကုချွင်မေမှာ အမှန်တကယ်ပင် လင်းယောင်ကိုသူမ၏ညီမလေးကဲ့သို့ သဘောထားလေသည်။ လမ်းပေါ်တွင် ရေခဲချောင်းရောင်းသော ဆိုင်ရှိသည်။ ဘာတစ်ခွန်းမျှမပြောပဲ သူမပြေးသွားကာ သကြားရေခဲချောင်းနှစ်ခုစာ ပိုက်ဆံပေးလိုက်သည်။

 

 

ညီအစ်မနှစ်ယောက် တစ်ယောက်တစ်ခုစီစားကြသည်။

 

 

ကုချွင်မေ ကုန်စုံဆိုင်ကိုသွားကာ အသားဝယ်ရန်တန်းစီနေစဥ်တွင် လင်းယောင်မှာ အရိပ်အောက်တွင် ရေခဲချောင်းကို ကိုက်ပြီး စက်ဘီးများကို ကြည့်နေရသည်။

 

 

စက်ဘီးများမှာ ဒီလိုခေတ်တွင် အလွန််ရှားပါးသည်ပင်။

 

 

"ဖေ့ဂျ်" တံဆိပ် ၂၈ လက်မဆိုင်ကယ်ကိုဝယ်ရန် ကုမိသားစုမှာ ယွမ် ၁၈၀၊စက်မှုလုပ်ငန်းသုံးလက်မှတ် စောင်နှင့် နှစ်ဝက်ကျော်ကြာ စောင့်ခဲ့ရသည်။

 

 

ကုချွင်မေ အပြောအရဆိုလျှင်တော့ သူမ ပျောက်သွားလျှင်တောင် စက်ဘီးတော့ ပျောက်လို့မရပေ။

 

 

လင်းယောင် သူမစက်ဘီးကိုတွန်းကာ အရိပ်ထဲတွင် စောင့်နေလေသည်။ အမှန်တော့ သူမနေရာလွတ်စူပါမားကက်မှ ဝက်ပေါင်ခြောက် ကီလိုဂရမ်အနည်းငယ်ကို ထုတ်ယူရန် အခွင့်အလမ်းကို စဥ်းစားနေခြင်းဖြစ်သည်။

 

 

ယွင်ရွှေမြို့တော်မှာ တောင်ပိုင်းနှင့်နီးပြီး လူများမှာအများအားဖြင့် ဆန်နှင့်ခေါက်ဆွဲများကို စားသုံးကြသည်။ သေချာပေါက် ထိိုခေတ်များတွင်တော့ အိမ်တိုင်းသည် အစားအစာဝယ်ရန် အစိုးရထုတ် စပါးစာအုပ်များကိုသာ အားထားကြရသည်။

 

 

သာမန်လူများမှာ အခွံချွတ်ထားသောဆန်များကို မစားနိုင်ကြပေ။ လအများစုတွင် ပြောင်းဖူး၊ဂျုံခေါက်ဆွဲ၊ကန်စွန်းနှင့် မုန့်ပေါင်းများကိုသာ စားကြရသည်။

 

 

အခုမှာ မွန်းလွဲပိုင်းဖြစ်ပြီး ကုန်စုံဆိုင်အများစုတွင် အသားများကုန်သွားပေပြီ။

 

 

သေချာပေါက်ပင်။ တစ်ခဏကြာသောအခါ ကုချွင်မေမှာ စိတ်ဓါတ်ကျညှိုးငယ်စွာနှင့် ကုန်စုံဆိုင်မှပြန်ထွက်လာသည်။

 

 

ငါတော့ အခုအသားမဝယ်တော့ဘူး။

 

 

လင်းယောင် ခေါင်းခါလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ သူမကိုယ်တိုင်ပင် လုပ်ရန်စီစဥ်လိုက်တော့သည်။

 

 

သူမ အစ်မချွင်မေကိုလှည့်စားရန် ဆင်ခြေတစ်ခုရှာတော့မလို့ပဲဖြစ်သည်။

 

 

အရပ်ရှည်ပြီး ချောမောသော ငယ်ငယ်ရွယ်ရွယ် အမျိုးသားတစ်ယောက် တစ်ဖက်ရှိလမ်းတွင်ပေါ်လာသည်။

 

 

လင်းယောင်မှာ အလွန်ပင်ပျော်ရွှင်သွားကာ လက်ထဲမှရေခဲချောင်းကိုကိုက်လိုက်ပြီး ကုချွင်မေကိုအော်ပြောလိုက်တော့သည်။

 

 

"အစ်မချွင်မေ အစ်မရဲ့အစ်ကိုကြီး ဒီိကိုရောက်နေတယ်"