အပိုင်း ၅
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း

 

 

အစ််ကိုကြီးဆိုသည်မှာ ကုချွင်မေနှင့်စေ့စပ်ထားသူ 'ရွှီရှန်းချန်'မှလွဲ၍ အခြားသူမဟုတ်ပေ။

 

 

ပြောရမည်ဆိုလျှင် ကုချွင်မေနှင့် ထိုအစ်ကိုကြီးမှာ ငယ်ချစ်များအဖြစ် ကြီးပြင်းလာကြသည်။

 

 

ရွှီမိသားစုမှာ တာ့ဇားယန်၏ လမ်းတစ်ဖက်ရှိ ကွေ့ဟွားဟူးထုန်တွင် နေထိုင်ကြသည်။

 

 

လမ်းတစ်ဖက်ရှိ ခြံဝန်း၏ပုံစံမှာ ကွေ့ဟွားဟူးထုန်နှင့်အလွန်ပင် ကွာခြားလေသည်။

 

 

ခြံဝန်းကျယ်ကြီးရှိမိသားစုများမှာ ရှုပ်ထွေးသည်။ များသောအားဖြင့် မိသားစု ၈၀ သို့မဟုတ် ၉၀ က အခန်းကျဥ်း ခန်းရှိကြသည်။ ထို့ပြင် မီးဖိုချောင်နှင့် ရေချိုးခန်းများလည်း မရှိကြပေ။

 

 

အခြေအနေ ပိုကောင်းသော မိသားစုများကတော့ ရုံတစ်ခုကို မီးဖိုချောင်အဖြစ် ဆောက်လိုက်သည်။

 

 

အခြေအနေ သိပ်မကောင်းသော မိသားစုများကတော့ လျှောက်လမ်းတွင်ပင် မီးဖိုတစ်ခုဆင်လိုက်တာ လောင်စာတောင့်နှင့် မီးသွေးတို့ကို ဟင်းချက်ရန် အသုံးပြုကြသည်။

 

 

စားရန်အချိန် ရောက်သောအခါ ခြံဝန်းတစ်ခုလုံး မီးခိုးများနှင့်ပြာများဖြင့် ပြည့်နေတော့သည်။

 

 

ကျန်းဆွေ့လန်က ဒါကိုကောင်းကောင်းသိသည်။ နွေဦးအချိန်တွင် ဟင်းချက်သောအခါ နှာခေါင်းထိပ်တွင် လွင့်ပျံနေသော ကြောင်မြီးသစ်ခွနှင့် ပြာနံ့များမှာ နှစ်လိုဖွယ်မကောင်းချေ။

 

 

ရွှီမိသားစုနေထိုင်သော ကွေ့ဟွားဟူးထုန်မှာတော့ ကွဲပြားခြားနားသည်။

 

 

ကွေ့ဟွားဟူးထုန်မှာ ပြည်သူ့လုံခြုံရေးဌာနရှိ ဝန်ထမ်းများ၏ အိမ်ယာဖြစ်သည်။ မိသားစုတစ်ခုစီက တစ်မိသားစုစာ ခြံဝန်းလေးထဲတွင် နေထိုင်ကြသည်။တိတ်ဆိတ်ပြီးကျယ်ဝန်းကာ မီးဖိုချောင်နှင့် ရေချိုးခန်းတို့မှာလည်း မရှိမဖြစ်ပေ။

 

 

ရွှီမိသားစုမှာ ယခင်က ခြံဝန်းကျယ်ကြီးထဲတွင် နေထိုင်ခဲ့ကြသည်။ ရွှီအမေမှာ ချည်လှည့်စက်ရုံတွင် အလုပ်လုပ်သော အမျိုးသမီး အလုပ်သမားတစ်ဦးဖြစ်သည်။ ရွှီအဖေမှာ အဝေးရှိစစ်တပ်ထဲတွင်ဖြစ်သည်။ ရွှီရှန်းချန်မှာငယ်စဥ်က ကျန်းမာရေးမကောင်းပေ။ သူငယ်ချင်းများကသူ့ကို ရွှီရှန်းချန် နှစ်အရွယ်ရောက်ပြီး ရွှီအဖေစစ်တပ်မှပြန်ရောက်သည့်အချိန်အထိ 'ထို့ကော'ဟုခေါ်ကြသည်။

 

 

ရွှီအဖေမှာအလုပ်ပြောင်းပြီး မွေးရပ်မြေသို့ပြန်လာကာ ပြည့်သူ့လုံခြုံရေးဌာနတွင် အလုပ်လုပ်သည်။နောက်ပိုင်းတွင် ရွှီမိသားစု ယောက် ကွေ့ဟွားဟူးထုန်သို့ ပြောင်းသွားကြသည်။

 

 

ရွှီရှန်းချန်ရဲသင််တန်းရှိ နည်းပညာကျောင်းမှဘွဲ့ရတော့ သူ့အဖေ၏ အလုပ်ကိုအမွေဆက်ခံကာ ပြည်သူ့လုံခြုံရေးဌာနတွင်ပင် အလုပ်လုပ်ခဲ့သည်။

 

 

ဤရက်များတွင် ပြည်သူ့လုံခြုံရေးဌာနမှာ အလုပ်ကောင်းပင်ဖြစ်သည်။ ၎င်းတွင် အလုပ်လုပ်နေသူများမှာ သာမန်လူများ၏ မျက်စိထဲတွင် အကောင်ကြီးကြီးများပင်။

 

 

ရွှီအဖေမှာ ပြည်သူ့လုံခြုံရေးဌာန၏ ခေါင်းဆောင်ဖြစ်သည်။ ရွှီရှန်းချန်မှာ မိသားစုကောင်းကောင်းမှဖြစ်ပြီး စိတ်ထားနူးညံ့ကာ ရုပ်ရည်လည်းကြည့်ကောင်းသည်။ သူက တကယ့်ကို အမိုက်စားလေးပင်။ သူလက်ထပ်မည့်အရွယ်ရောက်သည်နှင့် မိန်းမကောင်းလေးများနှင့် မိတ်ဆက်ပေးရန် အောင်သွယ်တော်များရွှီအိမ်သို့ အတောမသတ်ပင်ရောက်ရှိလာကြသည်။

 

 

ရွှီအမေမှာ အလွန််အမင်းပင် ပျော်ရွှင်သွားပြီး သူမသားကိုတိတ်တိတ်လေး မေးလိုက်သည်။" သား အဲ့မှာမိန်းမကောင်းလေးတွေအများကြီးပဲ။ သားဘယ်တစ်ယောက်ကိုကြိုက်လဲ? "

 

 

ရွှီရှန်းချန်ကပြန်ဖြေသည်။ " သားတစ်ယောက်ကိုမှမကြိုက်ဘူး"

 

 

ရွှီအမေမှာအံ့အားသင့်သွားပြီး အခေါက်များစွာစစ်မေးလိုက်သောအခါကျမှ ထိုကောင်စုတ်လေးမှာ မန်ဆန်မိသားစုမှ ချွင်မေကို မျက်စိကျနေကြောင်းသိလိုက်ရသည်။

 

 

ကုချွင်မေသည်လည်း ရွှီမိဘများ၏ လက်ထဲတွင်ပင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ကောင်မလေးမှာလှပ၊ လုပ်တတ််ကိုင်တတ်၊ ရွှင်ရွှင်လန်းလန်းရှိကာ ရှက်ကြောက်မနေပေ။ သူမက ဂျူနီယာအထက်တန်းကျောင်းမှဘွဲ့ရပြီး အလုပ်ကောင်ကောင်းရှိသည်။ ပစ္စည်းတင်ပို့ခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမတွင် လုပ်ကိုင်နေပြီး လစာမှာတစ်လလျှင် ၂၀ ယွမ်ဖြစ်သည်။ သူမမှာအလွန်ပင်အေးဆေးသူဖြစ်သည်။

 

 

ကုမိသားစုတွင် ပြဿနာအိုး အမျိုးအဆွေများလည်းမရှိပေ။ ရွှီအမေက သူမပေါင်ကို ရိုက်လိုက်ပြီး အောင်သွယ်တော်ကို ခေါ်လိုက်ကာ ကုမိသားစုနှင့်လက်ထပ်ရန် စီစဥ်ခိုင်းလိုက်တော့သည်။

 

 

ကုချွင်မေကလည်း 'ထို့ထို့'ကို သဘောကျသည်ပင်။

 

 

သည်လိုနှင့် စုံတွဲ ယောက်နောက်ဆုံးတွင် စေ့စပ်လိုက်ကြသည်။

 

 

ရွှီရှန်းချန်မှာ ရဲဝန်ထမ်းဝတ်စုံကို ဝတ်ထားသည်။ သူက . မီတာ အရပ်ရှည်သည်။ အဖြူရောင်ရှပ်အင်္ကျီကို အပြာရောင်ဘောင်းဘီထဲသို့ ထိုးထည့်ထားသည်။သူ၏မျက်ခုံးများကြားတွင် ရဲသားများ၏ မည်သူနှင့်မျှမတူသော စိတ်ဓါတ်ကိန်းအောင်းနေသည်။သူ့ပုံစံမှာ ကင်းလှည့်နေသလိုဟန်ပင်။

 

 

ခါးမြင့်ပြီးခြေထောက်ရှည်ရှည်များရှိသူ ရွှီရှန်းချန်မှာ စက်ဘီးကိုတွန်းကာ ခြေလှမ်းအနည်းငယ်အတွင်းလျှောက်လာသည်။

 

 

ကုချွင်မေမှာ ဘာမှမပါသော အသားအိတ်ကိုကိုင်လာကာ သူမချစ်သူလာနေသည်အားတွေ့တော့ အံ့အားသင့်သွားပြီး "တာ့ထို့ ဘာလို့ဒီကိုရောက်နေတာလဲ?"

 

 

သူလည်း အသားစားချင်လို့များလား?

 

 

ရွှီရှန်းချန်မှာ သူ့သတို့သမီးလောင်းအား မတွေ့ရသည်မှာ ရက်အတော်ကြာပေပြီ။ ကုချွင်မေအား တွေ့လိုက်ရတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြောမပြတတ်သောပျော်ရွှင်မှုများနှင့် ပြည့်သွားသည်။ သူ့မျက်ဝန်းနက်နက်များထဲတွင် ဖော်မပြနိုင်အောင်နူးညံ့နေမှုနှင့်ရိုးသားစွာပြောလိုက်သည်။ " ကိုယ် မင်းကိုလွမ်းလို့ တွေ့ဖို့လာလိုက်တာ"

 

 

ဤချစ်စကားများမှာအမှန်ပင်ဖြစ်သည်။ လင်းယောင်မှာဘေးတွင် ဖရဲသီးစားနေရင်း သူမသွားများနာကျင်လာမလိုပင်် ခံစားလိုက်ရသည်။

 

 

ကုချွင်မေ၏ မျက်နှာမှာနီသွားပြီး သူမပင်မသိလိုက်ပဲ ထို့ထို့အား စိုက်ကြည့်မိသွားသည်။ ရွှီရှန်းချန်အားလည်း ပေါက်ကရပြောသောကြောင့် ခါးကိုလိမ်ဆွဲတော့သည်။

 

 

အခုတော့ အစ်ကိုကြီးထို့၏ မျက်လုံးထဲမှအပြုံးသည်လည်း ပိုလို့ပြန့်သွားတော့သည်။

 

 

လင်းယောင်မှာ ခပ်မြန်မြန်ပင် လွတ်မြောက်ရန်ဆင်ခြေတစ်ခု ရှာတွေ့သွားတော့သည်။

 

 

အကယ်၍သူမသာထွက်မသွားလျှင် အစ်မချွင်မေမှာ အစ်ကိုကြီးထို့ကို နေရာတွင်ပင် အကြမ်းဖက်မှာစိုးရသည်။

 

 

ကုချွင်မေမှာ နေ့လည်ပိုင်းတွင် ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမသို့ အလုပ်သွားရမည်ဖြစ်သည်။

 

 

သူမကားပေါ်တက်ကာ အစ်ကိုကြီးထို့နှင့် မသွားခင် လင်းယောင်ကို တွန့်ဆုတ်စွာမှာသွားသေးသည်။

 

*

 

နေ့လည်ပိုင်းတွင် ကောင်းကင်၌နေမှာ ပူပြင်းတောက်လောင်နေပြီး ယွင်ရွှေမြို့တော်တစ်ခုလုံး ရုတ်တရက်ပူလာတော့သည်။

 

 

အရင်ကလူစည်ကားခဲ့သော လမ်းများတွင် အခုတော့လူကျိုးတို့ကျဲတဲသာ ရှိတော့သည်။ ဆိုင်ရှိရောင်းသူများမှာ ကောင်တာနောက်တွင် ဆွယ်တာထိုး သို့မဟုတ် မှေးနေကြသည်။

 

 

လမ်းများပေါ်တွင် ကျေးလက်တောရွာများမှလယ်သမားများမှာ ထောင့်များတွင်ထိုင်ကာ အသီးအနှံနှင့်အသီးအရွက်များ ရောင်းချနေကြသည်။ ထိုအချိန်တွင်တော့ အဆင့်မြင့် အစားအစာများမရှိချေ။ မုန်လာဥ၊ခရမ်းသီး၊ အာလူး အစရှိသည်တို့သာဖြစ်သည်။

 

 

အိမ်ချက်အစားအစာ၊လက်ရက်ခြင်းတောင်းများ၊နိုင်ငံတော်ပိုင်ဟိုတယ်ရှေ့ရှိ အငွေ့တထောင်းထောင်းထနေသာအိုးများနှင့် ဂျုံသားဖြူဖြူကို ပေါင်းထားသော မုန့်နံ့များရောနေကြသည်...

 

 

လင်းယောင် ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။ အပြင်ကမြေပြင်မှာ အလွန်ပင်ပူပြင်းသည်။လမ်းသွားနေရင်းနှင့် အဝင်ပေါက်တွင်ကြယ် ပွင့်ထွင်းထားသော ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမကို ဖြတ်သွားရသည်။ တံခါးတွင်မက်မွန်သီးဖျော်ရည်နှင့် အအေးများရောင်းသောအဒေါ်က သူမကိုစိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြသည်။

 

 

"ကောင်မလေး အပြင်မှာအရမ်းပူနေတာ။ ဘာလို့လိမ္မော်ဆိုဒါ အေးအေးလေး မသောက်လဲ။ ဆိုဒါက တစ်ပုလင်းကိုမှ ၁၅ ပြားပဲ။ မက်မွန်သီးဖျော်ရည်က ရေခဲနဲ့ဆိုတော့အေးပြီးချိုနေတာပဲ။ မချိုရင်ပိုက်ဆံမပေးနဲ့ "

 

 

လင်းယောင် မျက်လုံးလှန်လိုက်ပြီး မက်မွန်သီးဖျော်ရည်ချဉ်ချဉ်လေးနှင့် လိမ္မော်သီးဖျော်ရည်သောက်ရန် စဉ်းစားလိုက်သည်။

 

 

သည်အချိန်များတွင်တော့ အအေးတွန်းလှည်းများမှာ ခေတ်၏ပြယုဂ်တစ်ခုပင်။ အဒေါ်ကြီးမှာဘီးနှင့်လှည်းကိုတွန်းနေပြီ ၎င်း၏အောက်ခြေတွင် ရေခဲတုံးများထည့်ထားသော သစ်သားသေတ္တာရှိသည်။ စောင်အသေးလေးဖြင့်ဖုံးထားသည်။ စောင်ကိုမ,လိုက်သောအခါ လေအေးများထွက်လာပြီး အေးမြသွားပေသည်။

 

 

လိမ္မော်ဆိုဒါမှာ ၁၅ ပြားဖြစ်ပြီး မက်မွန်သီးဖျော်ရည်မှာ ၁၀ ပြားဖြစ်သည်။

 

 

လင်းယောင် တုံ့ဆိုင်းနေပြီး အဒေါ်ကြီးဆီမှ မက်မွန်သီးဖျော်ရည်တစ်ခွက်မှာလိုက်သည်။

 

 

ပြောစရာမလိုအောင်ပင် အဒေါ်ကြီး၏ လက်ရာမှာတော့ ကောင်းမွန်လှသည်။ အဖြူရောင်ကြွေခွက်ထဲတွင်ရှိနေသော မက်မွန်သီးဖျော်ရည်မှ ပင်လုံးကြိုင်နံ့ဖျော့ဖျော့လေးရနေ၏။ တစ်ငုံသောက်လိုက်တာနှင့် ချိုကာအေးမြပြီး လန်းဆန်းသွားသည်။

 

 

လင်းယောင်၏ အစာအိမ်မှာသေးသည်ပင်။ မက်မွန်သီးဖျောရည်ချဉ်ချဉ်လေးတစ်ခွက် သောက်ပြီးတာနှင့် ပူနေသည်များ ပျောက်သွားကာ သူမဆိုဒါထပ်မသောက်နိုင်တော့ပေ။

 

 

သို့သော်ကိစ္စမရှိပေ။ သူမ လိမ္မော်ဆိုဒါ ဘူးဝယ်လိုက်ပြီး အ်ိမ်ယူသွားကာ ရေတွင်းထဲတွင် စိမ်ထားလိုက်တော့ အေးနေတော့သည်။ လင်းယောင်မှာ အချိုကြိုက်ပြီး သူမအိတ်ထဲမှ အသီးချိုချဥ် ခုထုတ်ယူလိုက်ကာ ထိုအဒေါ်ကို ပေးလိုက်သည်။ ခဏလောက်စကားပြောပြီးသောအခါ လိမ္မော်ဆိုဒါကိုစင်ပေါ်တွင် တင်ထားခဲ့တော့သည်။

 

 

သူမအိမ်နားရှိဒေသန္တရပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမသို့ ပစ္စည်းဝယ်ရန်သွားတော့သည်။

 

 

လမ်းဟောင်းပေါ်တွင်ရှိသော ဒေသန္တရပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမမှာ မကြီးပေ။စုစုပေါင်းမှာ ၂၀ ၃၀ စတုရန်းမီတာလောက်သာရှိသည်။ကုချွင်မေ အလုပ်လုပ်သော နေရာနှင့်ယှဥ်လျှင်တော့ အလွန်ပင်နိမ့်ကျလှသည်။

 

 

သို့သော်ငြား စာကလေးမှာမည်သို့ပင် သေးသည်ဆိုစေ သူ့တွင်ကိုယ်တွင်းအင်္ဂါအစုံအလင်ရှိသည်ပင်။

 

 

မည်မျှပင်သေးငယ်သည်ဆိုစေကာမူ ထိုသမဝါယမတွင်လည်း ဆီ၊ဆား၊ဗီနီဂါ၊အိုးခွက်၊ခရင်မ်၊သွားတိုက်ဆေး သွားတိုက်တံ၊သကြားလုံးနှင့်မုန့်များအပြင် ကြီးပြီးရှားပါးပစ္စည်းများဖြစ်သော ရေနွေးများနှင့် ဘေစင်များပါရှိသည်။

 

 

နွေရာသီတွင် ဝယ်လိုအားအများဆုံးပစ္စည်းများမှာ အဝတ်အစားများပင်။

 

 

လင်းယောင် လက်ထဲတွင်ရှိသော အဝတ်အစားကူပွန်များမှာ အသုံးမဝင်တော့ပေ။ အဒေါ်ဆွေ့လန်က သူမကို ကုမိသားစုတစ်ခုလုံးပင် လုံလောက်သည့် ကူပွန်များပေးသည်။

 

 

အစ်မချွင်မေအတွက် စိတ်ပူစရာမလိုပေ။ အစ်ကိုကြီးထို့မှာ ဤတွင်ရှိနေသည်ပင်။

 

 

ထိုအတွဲစေ့စပ်လိုက်ကတည်းက ရွှီရှန်းချန်မှာ ကိစ္စတစ်ခုခုရှိတိုင်း ကုအိမ်သို့သွားလေသည်။ ဒီနေ့သူ မုန့်များနှင့်ပဲနို့တစ်ဘူးယူလာပြီး မနက်ဖြန်တွင်အိမ်၌စိုက််ထားသော လတ်လတ်ဆတ်ဆတ် အသီးအရွက်များ ယူလာပေမည်။ မည်သို့ပင်ဆိုစေ ဘယ်သောအခါမှသူလက်ဗလာနှင့်မလာပေ။

 

 

သည်လိုဂရုစိုက်တတ်ပြီး ကောင်းမွန်လှသော သမက်လောင်းလေးမှာ အိမ်နီးချင်းများအတွက်တော့ မနာလိုချင်စရာပေ။

 

 

လင်းယောင် ပိတ်စ၂ စနှင့် သကြားကပ်မုန့်များကို ယူလိုက်သည်။ သကြားကပ်မုန့်များမှာ ယွင်ရွှေမြို့တော်၏ အထူးအစားအစာပင်။ ၎င်းက နောက်ပိုင်းမျိုးဆက်များ၏ သကြားလုံးများနှင့်ဆင်တူသည်။ သူတို့က ချိုပြီးချဥ်သော အရသာရှိသည်။

 

 

သုန်ဇီက ဆက်ပြီစားချင်နေတုန်းပင်။ သို့သော်အဒေါ်ဆွေ့လန်မှာ သူ့ကိုပြန်တွန်းလိုက်သည်။

 

 

လင်းယောင်တို့အိမ်တွင် ခြေဆေးဇလုံမရှိသောကြောင့် သူမသစ်ခွပန်းပုံများ ရိုက်ထားသော ကြွေဘေစင်တစ်ခုဝယ်လာလိုက်သည်။

 

 

သမဝါယမမှ အရောင်းဝန်ထမ်းမှာ အစက ပေါ့ပေါ့ဆဆဖြစ်နေသော်လည်း လင်းယောင်အများကြီးဝယ်သည်ကိုတွေ့တော့ သူမမျက်နှာထက်မှအပြုံးမှာ ပိုပြီးစစ်မှန်လာတော့သည်။ သူမက ပစ္စည်းများကိုအိတ်ထဲသို့ ထုတ်ပိုးကာထည့်ပေးလိုက်သည်။

 

 

လင်းယောင် အိတ်အကြီးအသေးများကိုဆွဲပြီး သမဝါယမမှ အိမ်သို့ပြန်သွားတော့သည်။

 

 

သူမတစ်နေ့လုံးနီးပါး လမ်းများကိုပတ်နေခဲ့သည်။ သူမပြန်လာသောအခါ နေမှာအနီရောင်သမ်းနေပြီး ပန်းရောင်တိမ်များက ယွင်ရွှေမြို့တော်၏ လမ်းများကို ဖုံးလွှမ်းထားတော့သည်။

 

 

လင်းယောင် အပြင်မထွက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ဖြည်းဖြည်းပဲ လျှောက်လာခဲ့သည်။

 

 

သူမပြန်ထွက်လာသောအခါ သူမလက်ထဲတွင် အိတ်အကြီးအသေးများဖြင့် ပြည့်နေပေပြီ။

 

 

လင်းယောင်မှာ မူရင်းပိုင်ရှင်မဟုတ်ပေ။ မူရင်းပိုင်ရှင်မှာ သူမမိဘများရှိစဥ်တုန်းက အလွန်အချစ်ခံခဲ့ရသည်။နောက်ပိုင်းတွင် မိဘများ ကွယ်လွန်သွားပြီး လင်းတာ့ကော်တို့ဆီ ရောက်သွားသောအခါ သူမအိမ်အလုပ်များအားလုံးကို လုပ်ခဲ့ရသည်။

 

 

လင်းယောင်၏ ဘယ်ဖက်လက်ထဲတွင် ကြွေဘေစင်ရှိပြီး ညာဖက်လက်ထဲတွင် သကြားကပ်မုန့်အိတ်ရှိနေသည်။ သူမသယ်နေသော အိတ်ထဲတွင် ဆိုဒါ ဘူးလည်းရှိနေသေးသည်။ အတော်ကြာလမ်းလျှောက်ပြီးသောအခါ မောပန်းပြီးဟောဟဲဟောဟဲဖြစ်နေတော့သည်။

 

 

ကံကောင်းစွာပင် သူမလမ်းတွင် ကုရှီတုန်းနှင့် တွေ့သည်။

 

 

သည်ကောင်စုတ်လေးက နွေရာသီပိတ်ရက်ရသည်နှင့်အိမ်မှထွက်လည်တော့ကာ မိုးမချုပ်မချင်း အိမ်ပြန်မလာပေ။

 

 

ထိုအချိန်တွင် ကုရှီတုန်းမှာ လင်းယောင်၏ ဖောင်းနေသောအိတ်ကိုတွေ့ပြီး ပျော်ရွှင်စွာ ပြုံးကာပြေးလာတော့သည်။"မရီး မရီးကထောနေတာပဲ။ ဘာလို့ပစ္စည်းတွေ အများကြီးဝယ်လာတာလဲ?"

 

 

ကုရှီတုန်း၏ မျက်စိလျင်လျင်က ကုယောင်လက်ထဲရှိပေါင်ဝက်မျှသော သကြားကပ်မုန့်များဆီရောက်သွားပြီး သူ့အပြုံးက ပိုကြီးလာတော့သည်။ " သကြားကပ်မုန့်တွေလည်း ပါတာပဲ။ ကျွန်တော် အဲ့ဒါတွေကြိုက်တာကို မရီးဘယ်လိုသိတာလဲ"

 

 

လင်းယောင် သူ့ကိုတမင်စလိုက်သည်။ " ဘယ်သူက အဲ့ဒါကိုမင်းအတွက် ဝယ်လာတယ်လို့ပြောလို့လဲ? မရီးက ဒါကိုအစ်မချွင်မေ၊ အန်တီဆွေ့လန်နဲ့ အန်ကယ်မန်ဆန်တို့ဖို့ဝယ်လာတာ "

 

 

ကုရှီတုန်းက ဆိုးလွန်းသောကြောင့် သူ့မရီးက သူ့ကိုစ,နေသည်ကိုသိသည်။ သူ့အကြိုက် သကြားကပ်မုန့်များမှလွဲလျှင် အိမ်ကလူများ၌ကိုယ်ပိုင်အကြိုက်များရှိကြသည်။ သူ့အတွက်သာမဟုတ်လျှင် ဘာလို့ဝယ်လာမည်နည်း?

 

 

သူခေါင်းကုတ်ပြီးပြုံးလိုက်ကာ လောကဝတ်ပြုရန်အမြန်သွားလိုက်တော့သည်။ "မရီး ပစ္စည်းတွေကို ကျွန်တော်သယ်ပေးမယ်"

 

 

လင်းယောင်က ဒါကိုစောင့်နေတာပင်။

 

 

သည်လိုနှင့် ၁၁ နှစ်အရွယ်ကုရှီတုန်းမှာ ဘယ်ဖက်လက်တွင်ဘေစင်ကိုဆွဲပြီး ညာဖက်လက်တွင်အိတ်ကိုဆွဲလာတော့သည်။ သူသည် . မီတာရှိသော အရပ်ပုပုကောင်လေးဖြစ်ပြီး ပစ္စည်းများကြောင့် သူ့ခေါင်းနှင့်ခြေထောက် ချောင်းကိုသာ မြင်ရတော့သည်။လူကောင်သေးသော်လည်း သူ့ခြေထောက်များမှာ အလွန်လျင်မြန်လှကာ ခဏအတွင်းပင် အဝေးကြီးသို့ပြေးသွားတော့သည်။

 

 

လင်းယောင်သည် ကလေးကို လိပ်ကလေးတစ်ကောင်နှင့်တူအောင်လုပ်လိုက်ပြီး ခြံဝန်းထဲသို့ ယောက်သားရောက်လာကြတော့သည်။

 

 

နေ့လည်စာချက်ရန် အချိန်ရောက်ပြီ ဖြစ်သည်။