အပိုင်း
၆
စတီးစက်ရုံ၏အဓိကဝင်ပေါက်တွင်
ဝင်ပေါက် ၂ ခုရှိသည်။ စတုရန်းပုံခြံဝန်းဖြစ်ပြီး အရှေ့ဖက်ဝန်းနှင့် အနောက်ဖက်ဝန်းဟူ၍
ခွဲထားသည်။ စတီးစက်ရုံမှအလုပ်သမားအားလုံး ထိုတွင်နေကြသည်။
ခြံဝန်းထဲရှိ
အုတ်လူသွားလမ်း၊ ကြွေပြားများနှင့် ထွင်းထားသောမဟော်ဂနီ ပြတင်းပေါက်များမှာ ဤအိမ်၏အတိတ်က
ကြွယ်ဝချမ်းသာမှုကို ပြသနေသည်။
အခုတော့ခြံဝန်းထဲတွင်
မိသားစု ၅ စုနေသည်။ အရှေ့ခြံဝန်းမှာကြီးပြီး အနောက်ဖက်တွင် အခန်း ၂ ခုရှိသည်။ဝမ်ရှန်းဆိုင်မိသားစု
၅ ယောက် နေကြသည်။ ဝမ်ရှန်းဆိုင်က စတီးစက်ရုံ၏ လုံခြုံရေးဌာနတွင်အလုပ်လုပ်သည်။ သူကလူကောင်းတစ်ယောက်ဖြစ်သည်။
အရှေ့ဖက်ခြံဝန်း၏
အရှေ့တောင်ဖက်မှ အခန်းများတွင် မိသားစု ၂ ခုရှိသည်။ အရှေ့ဖက်မိသားစု၏ တာဝန်ရှိသူမှာ
ကျန်းတာ့ချန်ဖြစ်သည်။ ယခင်ကသူသည် နိုင်ငံတော်ပိုင်ဟော်တယ်တွင် စားဖိုမှူးတစ်ယောက်ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် စတီးစက်ရုံမှခေါင်းဆောင်များက သူ့ကိုအလုပ်ခန့်ခဲ့ပြီး
စက်ရုံသို့ပြောင်းခဲ့သည်။ သူက ကန်တွင်းတွင် စာဖိုးမှူးဆရာကြီးဖြစ်လာပြီး အလုပ်သမားကန်တင်း
၁၀ ခုကို တာဝန်ယူရသည်။ သူ့အားခေါင်းဆောင်ငယ်တစ်ယောက်ဟုပင် ပြောနိုင်သည်။
ဤရက်များတွင်
စတီးစက်ရုံမှာ အလွန်ပင်အမြတ်အစွန်းများပြီး စတီးစက်ရုံကန်တင်းကို တာဝန်ယူရသော စားဖိုမှူးဆရာကြီးများမှာ
လစာကောင်းပြီး အကျိုးအမြတ် များစွာရှိသည်။ ကျန်းတာ့ချန်၏ ဇနီးဖြစ်သူ လျှို့လိုင်တိမှာ
ကန်တင်းတွင် ဝယ်ယူသူဖြစ်သည်။
ကျန်းတာ့ချန်နှင့်
ဇနီးဖြစ်သူတွင် သားတစ်ယောက်နှင့်သမီးတစ်ယောက်ရှိသည်။ သမီးအကြီး ကျန်းရန်မှာ ကောင်တီအထက်တန်းကျောင်းတွင်
တက်ရောက်နေပြီး သားငယ်ကျန်းဟောင်မှာ ဂျူနီယာအထက်တန်းကျောင်းတွင် ဖြစ်သည်။
ကျန်းတာ့ချန်မှာ
ကန်တင်း၏ စားဖိုမှူးဆရာကြီးဖြစ်သောကြောင့် ကျန်းမိသားစုဝင် ၄ ယောက်မှာ သွေးနားထင်ရောက်နေကြသည်။
သူတို့က ခြံဝန်းထဲရှိမည်သူမဆိုထက် ပိုပြီးမြင့်မြတ်သည်ဟု ထင်နေကြသည်။
အန်ကယ်စွင်းနှင့်
ဇနီးဖြစ်သူတို့မှာ တောင်ဖက်တွင်နေထိုင်ကြသည်။ သူပင်စင်မယူခင်က အန်ကယ်စွင်းမှာ စတီးစက်ရုံတွင်
ဆရာတစ်ယောက်ဖြစ်ခဲ့သည်။ အဒေါ်စွင်းတွင် အလုပ်မရှိချေ။ သူတို့တွင်သမီး ၁ ယောက်သာရှိပြီး
ထိုသမီးက လက်ထပ်ပြီး အဝေးတွင်နေသည်။ စက်ရုံက ထိုအသက်ကြီးသော လင်မယား ၂ ယောက်ကို ခြံဝန်းထဲတွင်
အိမ် ၁ အိမ်ပေးထားသည်။
ခြံဝန်းကျယ်နောက်ဖေး၏
အရှေ့ဖက်တွင် ကုမိသားစု၏ အိမ်ရှိသည်။
မြောက်ဖက်တွင်ရှိသည်မှာ
တောင်ဖက်သို့လှည့်နေသော အဒေါ်တာ့ဖုအိမ်၏ ပင်မအခန်း ၂ ခန်းဖြစ်သည်။ အန်ကယ်တာ့ဖုမှာ စတီးစက်ရုံ
ဒုတိယဝပ်ရှော့၏ ဒါရိုက်တာဖြစ်ကာ ကျန်းတာ့ချန်၏ မိသားစုအထင်ကြီးသော တစ်ဦးတည်းသောသူဖြစ်သည်။
နောက်မိသားစုမှာ
ကုမိသားစုဖြစ်သည်။ ကုရှီအန်းမှာ စစ်တပ်ထဲတွင် လက်ထောက်တပ်ရင်းမှူးမဟုတ်လား? ဆိုရိုးရှိသည့်အတိုင်း
သေနတ်ကသန်မာလျှင် ခါးကလည်းသန်မာသည်။
သာမန်လူများနှင့်ယှဉ်လျှင်
စစ်တပ်အရာရှိများမှာ ပိုပြီးအကောင်ကြီးသည်ပင်။
နွေရာသီတွင်
မီးဖိုချောင်လေးမှာ ပေါင်းအိုးလိုပင်ပူနေတော့သည်။ ပြီးတော့ နည်းနည်းလေး လှုပ်လိုက်လျှင်ပင်
ချွေးများရွှဲနေပေသည်။ ခြံဝန်းထဲရှိလူများမှာ မီးမွှေးရန်အလုပ်ရှုပ်နေကြပြီး အပြင်လျှောက်သွားနေရန်
အချိန်မရှိကြပေ။
သည်အချိန်တွင်
အပြင်ကောင်းကင်မှာ မှောင်လာပြီး လင်းယောင်နှင့် ကုရှီတုန်းတို့ ခြံဝန်းထဲသို့ ချောမွေ့စွာဝင်လာကြသည်။
မိုးရာသီစကတည်းက
ယွင်ရွှေမြို့တော်တွင် ၂ ရက် ၃ ရက်မိုးရွာနေခဲ့သည်။ ခြံဝန်းရှိနံရံများမှာ ရေညှိများနှင့်ဖုံးလွှမ်းနေပြီး
စံပယ်အုံများမှာ ၎င်းတို့မှထိုးထွက်နေကြသည်။
မစ်စ်စွင်းနှင့်
ခင်ပွန်းဖြစ်သူတို့မှာ နေ့လည်စာစောစောစားကာ တံစက်မြိတ်အောက်တွင် သင်ယပ်တောင်များကိုခတ်ကာ
လေအေးများကိုခံစားနေကြသည်။
အန်ကယ်စွင်းမှာ
အသက်ကြီးပြီဖြစ်ကာ ညစာစားပြီးလျှင်စီးကရက်သောက်လေ့ရှိသည်။ အဒေါ်စွင်းက လင်းယောင်ကိုကြည့်ကာ
သည်လိုကောင်မလေးလှလှလေးကဘယ်ကလာသလဲဟု မေးသည်? သူကတစ်ခဏလောက်မျက်လုံးမှေးကာ ကြည့်လိုက်ပြီးပြောသည်။
"ငါ့မိန်းမကတော့ တကယ်ပဲ။ သူကဆွေ့လန်မိသားစုက
အန်ဇီရဲ့မိန်းမလေ။ အပြင်ကနေ အိမ်ပြန်လာတာလား?"
အန်းဇီ၏ဇနီးဟု
အပြောခံလိုက်ရသူ ကုရှီအန်း ဇနီးလင်းယောင် - "..."
လင်းယောင်မှာ
ထိုလူကြီးကသူမအား...အန်းဇီ၏ ဇနီးဟုပြောသည်ကို ကျင့်သားမရသေးပေ။
ကုရှီတုန်းကပြေးလာပြီး
သူ့ပါးစပ်လေးဖြင့်သူမကို ကယ်တင်လိုက်သည်။
"အဘွားစွင်း
ညပိုင်းမှာလေအေးအေးလေး ခံစားနေတာလား? ဟုတ်တယ် ဒါက ကျွန်တော့မရီးပါ။ ဘယ်လောက်ချောလဲနော်?
သေချာပေါက် ကျွန်တော့်မရီးက အရမ်းချောတာပေါ့။ ကျွန်တော်တို့လုပ်စရာမရှိလို့ အိမ်မှာပူနေတာနဲ့
အပြင်ထွက်ပြီးလမ်းလျှောက်ကြတာ။ ကျွန်တော့်လက်ထဲကလား ဘေစင်ကကွဲသွားလို့ပြင်ဖို့ယူလာလိုက်တာလေ
..."
ကုရှီအန်းမှာ
တောင်စဉ်ရေမရတွေကို အတည်ပေါက်နှင့်ပြောပြီး သူ၏မရီးကို အိမ်ထဲသို့ဆွဲလာခဲ့သည်။
မသွားခင်အဒေါ်စွင်းက
လင်းယောင်ကို နှုတ်ဆက်လိုက်သေးသည်။"အန်းဇီဇနီးလေး အချိန်ရရင်လမ်းလျှောက်ထွက်ခဲ့ဦးနော်
"
လင်းယောင်ပြုံးပြီး
ပြန်ပြောလိုက်သည်။ " ဟုတ်ကဲ့ ကျွန်မအချိန်ရတဲ့အခါ ထွက်ခဲ့ပါမယ်"
"သူကတကယ့်မိန်းမကောင်းလေးပဲ။
သူလက်ထပ်တာနဲ့ အမြန်ဆုံးကလေးတွေရမှာ။ မိန်းမတွေအနေနဲ့က ကလေးတွေပိုပြီးယူရမှာလေ
..."
လင်းယောင်
- .... ဘာလို့ဒီလိုဖြစ်ရတာလဲ?
ပြေးပေတော့
ပြေးပေတော့ ~
လင်းယောင်၏
ခြေလှမ်းသေးသေးလေးများမှာ လျင်မြန်လှပြီး ပျောက်ကွယ်သွားတော့သည်။ သို့သော် အဒေါ်စွင်းတွင်တော့
ပြောစရာများရှိနေသေးသည်။
အန်ကယ်စွင်းက
သူ့လက်ထဲမှဆေးရွက်ကြီးအိုးကိုခေါက်လိုက်ပြီး နားပူနားဆာလုပ်နေသော အဒေါ်စွင်းကိုစိုက်ကြည့်နေလိုက်တော့သည်။
"ဒီမိန်းမကတော့လေ
ပါးစပ်ကိုမပိတ်နိုင်ဘူး"
"အဘိုးကြီး
ရှင်ဘာပြောလိုက်တာလဲ?"
"ဘာမှမပြောပါဘူး။
မှောင်လာပြီ။ အိမ်ထဲပြန်ဝင်ပြီးအိပ်ရအောင်လေ"
လင်းယောင်နှင့်
သုန်ဇီအိမ်ပြန်ရောက်တော့ ကျန်းဆွေ့လန်မှာ အစားအစာကို စားပွဲဆီသို့ယူလာနေပေသည်။
ကုမန်ဆန်မှာ
ခြံဝန်းထဲတွင်ရေခပ်နေသည်။ ခြံဝန်းထဲတွင် ရေတွင်းတစ်ခုသာရှိပြီး ရေသွယ်ထားသည်မျိုးမရှိပေ။
ရေကိုကိုယ်တိုင်သာသယ်ရသည်။
ကုရှီတုန်းမှာ
ရေသယ်ရသည်ကို စိတ်အပျက်ဆုံးဖြစ်သည်။ သူထွက်ပြေးချင်သော်လည်း ပြေးလို့မရပေ။
"ဘာလုပ်နေတာလဲ
ကောင်စုတ်လေး? မင်းအဖေကိုရေကူသယ်လေ!"
ကျန်းဆွေ့လန်မှာ
သူမလက်ကိုမြှောက်လိုက်ပြီး ကုရှီတုန်းအား ချက်ချင်းပင်ရိုက်တော့သည်။
စက်ရုံထဲတွင်ရှိသော
အသံကျယ်ကျယ် စပီကာက နောက်နေ့အတွက် မိုးလေဝသကို ကြေညာပေးကာ နောက်ရက်အနည်းငယ်တွင် မိုးရွာမည်ဆိုလေ၏။
မိုးရွာလျှင်
ခြံဝန်းထဲရှိ ရေတွင်းအား သုံးလို့မရနိုင်ပေ။ရေမှာရွှံ့နှင့်နောက်ကျိနေပြီး မြင်တောင်မမြင်ရပေ။
ကံကောင်းစွာနှင့်
အပေါ်တွင်ဖော်ပြခဲ့သည့်အတိုင်း ကောင်တီခြံဝန်းများမှာ နောက်နှစ်တွင် ဘုံပိုင်ရေကိုအသုံးပြုနိုင်ပေမည်။
ကုရှီတုန်းမှာ
ကုမန်ဆန်အား ကူညီရန် ပြေးသွားတော့သည်။
ကျန်းဆွေ့လန်မှာ
လင်းယောင်၏ အိတ်အကြီးအသေးများကိုတွေ့ပြီး လျှောက်လာကာ သူမနဖူးကို တို့လိုက်ပြီးဒေါသတကြီးဆိုတော့သည်။
"ဒီကလေးကတော့ နှစ်သစ်ကူးပိတ်ရက်မှာ အိမ်မှာမနေဘဲ ပစ္စည်းတွေအများကြီးထွက်ဝယ်နေတယ်။
အသက်ရှည်ရှည် မနေချင်ဘူးလား?"
လင်းယောင်မှာ
အမြန်ပင်နှစ်သိမ့်ရတော့သည်။ "သိပ်မများပါဘူးအဒေါ်ရဲ့။ ဒီပန်းပွင့်နဲ့ ပိတ်စလေးမလှဘူးလား?"
ကျန်းဆွေ့လန့်က
သူမလက်ကိုဆန့်ထုတ်ကာ ကိုင်ကြည့်ပြီးခေါင်းငြိမ့်လိုက်သည်။ "ချည်သားကတော်တော်ကောင်းပြီးတော့
ပုံစံကလည်း ကျက်သရေရှိတယ်။အဒေါ် မင်းကို ခါးကြိုးချည်ဂါဝန်လေး မနက်ဖြန်ချုပ်ပေးမယ်။
ကြည့်ကောင်းမှာ ကျိန်းသေတယ် "
လင်းယောင်
- "ဒါအဒေါ့်အတွက် သက်သက်ဝယ်လာတာ"
ကျန်းဆွေ့လန်
ဒါကိုကြားလိုက်သောအခါ ပိုစိတ်ညစ်သွားပြီး "ဒီအရူးမလေးကတော့ မင်းအဒေါ်က အသက်ပဲထက်ဝက်ကျိုးနေပြီ။
လှလှလေးတွေ ဝတ်ဖို့မလိုတော့ဘူး။ လက်ထဲမှာပိုက်ဆံပိုရင် သေချာစုထားရမှာလေ။တစ်ခြားစက်ရုံတွေမှာဆို
မိန်းကလေးတွေ လယ်သာဖိနပ်လေးတွေစီးနေကြတာ။ မင်းမှာပိုက်ဆံရှိရင်လယ်သာဖိနပ်ဝယ်သင့်တာ။
ဒါတွေဝယ်လိုက်လို့ မင်းအတွက်အချည်းနှီးဖြစ်မသွားဘူး ..."
လင်းယောင်၏
မျက်နှာလှလှလေးမှာ ရှုံ့သွားပြီး သူမမပျော်မရွှင် ဖြစ်သွားတော့သည်။ "ဟင်?အဒေါ်လည်း
ခြံဝန်းထဲမှာ လှတယ်လို့နာမည်ကြီးတာလေ။ အပြင်ထွက်ပြီးမေးကြည့်ရင် ဘယ်သူက အဒေါ့်ကိုမလှဘူးလို့ပြောမှာလဲ?အသားဖြူပြီး
၃၀ ကျော်လေးလိုပဲ။ဘဒီဟာကကျက်သရေရှိတာ။ တစ်ခြားသူတွေသာ ဒါကိုဝတ်မယ်ဆိုရင် ပစ္စည်းကောင်းကို
ဖြုန်းတီးသလိုပဲဖြစ်မှာ။ ဒါပေမယ့်အဒေါ်နဲ့ဆိုရင်တော့လိုက်မှာ "
လင်းယောင်
ဂုဏ်ယူစွာပြောပြီး ကုမန်ဆန်အားစစ်ကူတောင်းလိုက်သည်။
"ဦးလေးမန်ဆန်
ဟုတ်တယ်မလား?"
ကုမန်ဆန်မှာ
ဒီနှစ်တွင် ၄၆ နှစ်သာရှိသေးသည်။ သူသည်အမှန်ပင်ရိုးသားသည်။
သူထစ်ထစ်ငေါ့ငေါ့နှင့်
အင်းဟုပြောသည်။
"ဟုတ်တယ်
... အမှန်ပဲ"
ကျန်ဆွေ့လန်
ရှက်သွေးဖြာသွားတော့သည်။
အရိပ်အခြေမကြည့်တတ်သော
ကုရှီတုန်းမှာ ခုန်ဝင်လာပြီးပြောလိုက်သည်။ "အမေ ဘာလို့ရှက်နေတာလဲ?"
ရလဒ်အနေနှင့်
ထိုကောင်လေးမှာ မွေးမိခင်ဆီမှ နောက်တစ်ကြိမ် ဆော်ပလော်တီးခံလိုက်ရပြန်တော့သည်။
ယနေ့တွင်
ကုချွင်မေမှာ ရွှီအိမ်တွင် ညစာစားလေသည်။
ကျန်းဆွေ့လန်မှာ
စကားအနည်းငယ် ထပ်ပြောလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးလေးနှင့် ပိတ်စကိုကိုင်ကာ ပြန်ဝင်သွားတော့သည်။
လင်းယောင်မှာ
ပိတ်စများကို ကျန်းဆွေ့လန်အတွက်တင်သာမဟုတ်။ ကုမန်ဆန်နှင့် ကုရှီတုန်းအတွက်ပါ ဝယ်လာလေသည်။
သူတို့အားလုံးပျော်ရွှင်နေကြပြီး
တစ်ညလုံးပြုံးပျော်နေခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်
လင်းယောင်မှာအပြင်ထွက်လမ်းလျှောက်သည်။ စားပြီးသောအခါ သူမအိပ်ချင်လွန်းလို့ မျက်လုံးများပင်မဖွင့်နိုင်တော့။
ကျန်းဆွေ့လန်မှာ
သူမ၏ သားငယ်ကို သန့်ရှင်းထားသောဖျာကို ခင်းခိုင်းသည်။ လင်းယောင် ရေချိုးပြီးလန်းဆန်းသွားကာ
အိပ်ယာထဲလှဲလိုက်သည်။ ခေါင်းအုံးလေးကိုကိုင်ထားပြီး အေးမြပြီးနူးညံ့သော ဖျာများခင်းထားသော
အိပ်ယာပေါ်တွင် နေနေသည်။
တစ်ခဏကြာသောအခါ အိပ်ယာပေါ်မှအနီရောင်တောက်နေသော စောင်ကိုကြည့်လိုက်ပြီး
လှည့်လိုက်ကာသေတ္တာထဲမှ သန့်ရှင်းနေသောစောင်ကိုထုတ်ယူလိုက်သည်။ စောင်ကိုဖက်ကာ သက်တောင့်သက်သာ
အိပ်ပျော်သွားတော့သည်။
၉
နာရီတွင် ကုချွင်မေမှာ ကွေ့ဟွားဟူးထုန်မှ နီနေသောမျက်နှာဖြင့်ပြန်လာသည်။
ကုရှီတုန်းမှာ
လင်းယောင်ဝယ်လာသော လိမ္မော်ဆိုဒါနှင့် ဝက်သားတို့ကို လတ်ဆတ်နေစေရန် ရေတွင်းထဲတွင် တွဲလောင်းဆွဲထားသည်။
သူ့အစ်မအား ထိုသို့မြင်လိုက်ရတော့ မကျေမနပ်ငြီးတွားတော့သည်။
သူ့အစ်မက
စိတ်ရှုပ်စရာအကောင်းဆုံးပဲ။ သူပြန်ရောက်တာနဲ့ သူ့မရီးကို လုတော့တာပဲ!
နောက်ရက်များတွင်
ခန့်မှန်းထားသည့်အတိုင်း ဆက်တိုက်ပင်မိုးရွာပြီး မိုးပေါက်များမှာ ဝရံတာစွန်းတွင် ခန်းဆီးပုတီးစေ့များကဲ့သို့ပင်
စီးကျနေသည်။ ဗုဒ္ဓံသရဏံပန်းပွင့်များနှင့် နှင်းဆီပွင့်များစိုစွတ်သွားပြီး အကိုင်းအခက်များနှင့်
သစ်ရွက်များမှာ စိမ်းလန်းပြီးလှပနေတော့သည်။
မိုးရွာသောအခါ
ကုအိမ်မှာပို၍ သက်ဝင်လှုပ်ရှားနေပေသည်။
ကုမန်ဆန်မိသားစုဝင်
၃ ယောက်မှာ ခါတိုင်းလိုပင်အလုပ်သွားအလုပ်ပြန် လုပ်ကြရသည်။ သို့သော် ကုရှီတုန်းမှာ အပြင်ထွက်လို့မရတော့ပေ။
ကောင်တီမူလတန်းကျောင်းတွင်
တတိယတန်းတက်ရောက်နေသော ထိုကောင်လေးမှာ စာတွင် ညံ့လည်းမညံ တော်လည်းမတော်ပေ။ သူစာမေးပွဲ
၂ ခု ၃ ခုလောက်ကျတတ်သည်။
ကျန်းဆွေ့လန်
သူမ မစိုးရိမ်ဘူးဆိုလျှင်ညာတာပင်ဟုပြောသည်။ မိသားစုတွင် သားသမီး ၃ ယောက်ရှိသည်။မည်သူကစိတ်မပူပဲနေမည်နည်း။
အငယ်ဆုံးသားမှာ အကြွေးကောက်ဖို့ မွေးဖွားလာရသည်။
ဤနေ့များတွင်
လူများမှာနောက်ပိုင်း မျိုးဆက်များလောက် ပညာသင်ကြားခြင်းကို အရေးမစိုက်ကြပေ။အများစုမှာ
မူလတန်းပြီးကာ စာဖတ်နိုင်ကြသည်။
အထူးသဖြင့်
၂ ယောက် ဝင်ငွေရှိသော ကုမိသားစုတွင် သားကြီးမှာ စစ်သားတစ်ယောက်ဖြစ်ပြီး ဒုတိယသမီးမှာအရောင်းဝန်ထမ်းဖြစ်သည်။
လူကြီးများမှာ ဘာမျှပူပန်စရာမလိုပေ။ သားငယ်ကြီးလာသောအခါ သူ့မိဘတစ်ယောက်၏ အလုပ်ကို လုပ်ကိုင်နိုင်ပေသည်။
ဘာမှအမှားအယွင်းမရှိလျှင် နိုင်ငံတော်ကကျွေးသည်ကို သူ့တစ်သက်လုံး စားသောက်နိုင်ပေမည်။
သို့သော်ဘယ်အမေက
ကိုယ့်ကလေးကို အနာဂတ်မရှိဖြစ်စေချင်မည်နည်း?
ကျန်းဆွေ့လန်
ထိုသည်ကို တွေးလိုက်ပြီး အခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းယောင်ကိုသူမအာရုံပို့လိုက်သည်။
သူမ၏
ယောင်ယောင်မှာ အထက်တန်းကျောင်းသူဖြစ်သည်။ စိတ်ထားယုတ်ညံ့သော လင်းတာ့ကော်သာ သူမကိုကျောင်းမထွက်စေခဲ့လျှင်
ယောင်ယောင်မှာကောလိပ်တက်နိုင်ခဲ့ပေမည်။
ယောင်ယောင်အား
သုန်ဇီကို စာသင်ခိုင်းလျှင်ရော?
သည်လိုနှင့်လင်းယောင်မှာ
ကုရှီတုန်း၏"ကျူတာ"ဖြစ်လာတော့သည်။
လင်းယောင်မသိခဲ့ပေ။
ပထမဆုံးအနေနှင့် သူမ သုန်ဇီ၏ တိုက်ခိုက်နေသော ပုံများကိုဆွဲထားသည်ဖြင့် ပြည့်နေသည့်
ဖတ်စာအုပ်အားကြည့်ကာ ဘာပြောရမည်မှန်းမသိတော့ပေ။
လင်းယောင်မယုံနိုင်ပေ
- "သုန်ဇီ ဒါမင်းရဲ့ဖတ်စာအုပ်လား?"
"စာအုပ်ထဲမှာပုံဆွဲတာက
ဆွဲလို့ရပါတယ်။ ပြဿနာက မင်းဆွဲတဲ့ဟာက အရမ်းရုပ်ဆိုးနေတာ"
ကုရှီတုန်းမှာ
အရေထူသော ကောင်စုတ်လေးဖြစ်သည်။ဤသည်မှာ သူ့ဘဝတွင်ပထမဆုံးအနေနှင့် မျက်နှာတွေနီလာပြီး
နားတွေပူလာသောအကြိမ်ဖြစ်သည်။
လင်းယောင်မှာ
သူ့ဆရာမဖြစ်လာတော့ ကုရှီတုန်းမှာနာခံကာ အိမ်စာတွေလုပ်ရတော့သည်။
၎င်းကကုမိသားစုအား
အံ့အားသင့်သွားစေသည်။
မိုးရွာပြီးနောက်ဆုံးတွင်
နေပြန်သာလာခဲ့သည်။
ထို့နောက်
နှစ်စဉ်ကျင်းပလေ့ရှိသော နဂါးလှေပွဲတော်ချိန်ရောက်ရှိလာကာ ၎င်းမှာ သုန်ဇီ၏ပွဲတော်ပင်။
သည်ရက်များတွင်
ဆန်ဖက်ထုပ်များကိုအသီးအရွက်များနှင့်ပြုလုပ်ကြသည်။ အရင်နှစ်များတွင် ကုမိသားစုမှာ အသီးအရွက်
ဆန်ဖက်ထုပ်များ စားခဲ့ကြသည်။
သည်နှစ်တွင်တော့
အိမ်တွင်အသားရှိပေသည်။ကျန်းဆွေ့လန် လက်ဝှေ့ယမ်းလိုက်ပြီး သည်နှစ်တွင်တော့အိမ်တွင်
ဆန်ဖက်ထုပ်များ ပိုလုပ်ရန်ပြောလေသည်။
ယွင်ရွှေတွင်
မြစ်ကမ်းဘေး၌ ပေါက်သော ကျူရွက်များကို အဓိကအသုံးပြုကြသည်။ ကျေးလက်တောရွာများဖက်တွင်တော့
ဝါးရွက်များကိုလည်း အသုံးပြုကြသည်။ဖက်ထုတ်များတွင် ဝက်ပေါင်ခြောက်ဖက်ထုပ်၊ဖက်ထုပ်ချို၊
ပဲဖက်ထုပ်နှင့် ဖက်ထုပ်နီများ ပါဝင်ကြသည်။
ကုမိသားစုက
ဝက်ပေါင်ခြောက်ဖက်ထုပ်နှင့် ပဲဖက်ထုပ်များလုပ်သည်။ မည်သည့် ဖက်ထုပ်ဖြစ်စေ တာ့ဇားယန်တွင်တော့
ရှားရှားပါးပါး စားကောင်းသောက်ဖွယ်များပင်။
ခြံဝန်းထဲရှိအိမ်တိုင်းမှာ
ဖက်ထုပ်များ၏ မွှေးပျံ့မှုကိုခံစားနေကြသည်။ လင်းယောင် ဖက်ထုပ်ကိုနွှာလိုက်ပြီး အပြုံးတစ်ပွင့်နှင့်
ပါးစပ်ထဲထည့်လိုက်သည်။
လမ်းပေါ်ရှိ
လော်စပီကာမှာ အသံမြည်လာသည်။အထက်က လူတွေက ဘာပြောတာလဲ? ကန်တင်းဖွင့်ပြီး အိုးကြီးထဲကနေ
စားရမယ်?