အပိုင်း ၇
Viewers 594

ဂုဏ်မြင့်သူရယ်

 

အပိုင်း

 

 

 

အခန်းတွင်းရှိ လူနှစ်ဦး တရင်းတနှီး ပွေ့ဖက်နေတာကို မြင်၍ ရှဲ့ယွိရန်က ခေတ္တရပ်သွားပြီး သူ့အကြည့်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပါဝင်နေသည်။

 

 

မျက်လုံးကို ချက်ချင်းမှိတ်လိုက်ပြီး တံခါးကို ခပ်ဖွဖွမခေါက်မီ ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်သည်။

 

 

ရှဲ့ရှောသည် တံခါးခေါက်သံကို ကြားသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။ သူက ယဲ့အန်းကို နည်းနည်းလေးမှ မဆိုင်းမတွ တွန်းထုတ်လိုက်သည်။

 

 

ယဲ့အန်းက သူ့လက်ကို မသိမသာ လွှတ်လိုက်ပြီးရှင့်ရဲ့ ညီလေး အပြင်မှာ ရှိနေတယ်။ သူ့မှာ မင်းနဲ့ ဆွေးနွေးစရာတွေ ရှိတဲ့ပုံပဲ။ ကျွန်မဒီမှာ ခဏလောက် အနားယူလိုက်ဦးမယ်။ ကျွန်မကို စိတ်မရှိပါနဲ့။"

 

 

သူမစကားပြောပြီးနောက် ဆိုဖာပေါ်တွင်ပြန်ထိုင်ချလိုက်သည် သူမနဖူးကို လက်တစ်ဖက်တင်ကာ မသက်မသာဟန်ဆောင်လိုက်သည်။

 

 

ရှဲ့ရှောက သူမကို စိတ်မ၀င်စားဘဲ အပြင်သို့ ထွက်လာခဲ့သည်။

 

 

ရှဲ့ယွိရန်သည် သူ့လက်ကို ပိုက်ကာ အခန်းထဲရှိယဲ့အန်းကိုကြည့်လိုက်ပြီး "အဘိုးက ဆွေးနွေးစရာကိစ္စရှိလို့ မင်းကို သွားစေချင်တယ်" လို့ပြောလိုက်သည်။

 

 

ညီအစ်ကို နှစ်ယောက် အတူတူ ထွက်ခွာသွားကြသည်။

 

 

ယဲ့အန်း စိတ်လျှော့လိုက်သည်။ သူမ တံခါးကို အမြန်ပိတ်ပြီး ဆိုဖာပေါ် တွင် လှဲအိပ်ဖို့ ပြန်လှည့်လိုက်သည်။

 

 

အိမ်ထောင်ပြုရတာ အရမ်းခက်တယ်။

 

 

ယဲ့အန်းသည် ယမန်နေ့ညက အိပ်မပျော်ခြင်းဝေဒနာကို ခံစားခဲ့ရပြီး တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ သူမသည် နံနက်စောစောတွင် နိုးလာခဲ့သည်။ ထိုအချိန်တွင် အိပ်ခြင်စိတ်က ကြီးစိုးလာပြီး ပြန်လည်အားဖြည့်ရန် မျက်လုံးများကို မှိတ်ထားသည်။

 

 

သူမ အိပ်ပျော်ခါနီးတွင် တံခါးအပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

 

 

ယဲ့အန်းက မျက်လုံးများဖွင့်လိုက်သည်။ သူမစိတ်တွေ ရှုပ်ထွေးနေသည်။ ရှဲ့ရှော အထင်ဖြင့်ဝင်လာခဲ့ လို့ ခေါ်လိုက်သည်။

 

 

တံခါးပွင့်လာပြီး လွန်ခဲ့သည့် မိနစ်အနည်းငယ်က ထွက်သွားသော ရှဲ့ယွိရန် ဝင်လာသည်။ သူ့လက်ထဲတွင် စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ထားသည်။

 

 

ယဲ့အန်းသည် ချက်ချင်းပင် သတိဝင်လာသည်။

 

 

ရှဲ့ယွိရန်က စွပ်ပြုတ်ကို သယ်ပြီး သူမဆီ လှမ်းလာသည်။ သူမကို ပြုံးပြပြီး "အစ်ကိုကြီးကပြောတယ် မရီးကို နေလို့မကောင်းဘူးတဲ့  မီးဖိုချောင်က စွပ်ပြုတ်တခွက်ကို မရီးဆီကို ယူလာပေးဖို့ ပြောလို့ပါ"

 

 

ယဲ့အန်း - ???

 

 

ရှဲ့ယွိရန်က ဘယ်သူ့ကိုလှည့်စားဖို့ ကြိုးစားနေတာလဲ။ သူတကယ်ပဲ ငဲ့ညှာတာလား။

 

 

ယဲ့အန်းသည် သူမရှေ့မှ ငှက်သိုက်ဟင်းရည်ကို ကြည့်ရင်း မျက်နှာအမူအရာ ထိန်းသိမ်းရင်း သူ့ကို တိတ်တဆိတ်ရေရွတ်‌‌ပြောဆိုနေဆဲဖြစ်သည်။ သူမသည် ပန်းကန်လုံးဆီသို့ လက်လှမ်း၍ ညင်သာစွာ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

 

 

ရှဲ့ယွိရန်သည် စွပ်ပြုတ်ကို ပေးပြီးနောက် ထွက်ခွာရန် အလျင်စလိုမဖြစ်ခဲ့ပေ။ အလုပ်ရှုပ်ခံ၍ "မရီး ဆရာဝန်ပင့်ပြီး ဆေးစစ်ချင်သေးလား။"

 

 

ယဲ့အန်း၏နှလုံးခုန်သံမြန်သွားသည်။ ဇွန်းသေးသေးလေးကို ကိုက်ပြီး ပြုံးလိုက်သည်။ "မလိုပါဘူး။ မနက်စာ မစားရသေးလို့ သွေးတွင်းသကြားဓာတ် နည်းသွားတာပါ။ ဒီစွပ်ပြုတ်သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်။

 

 

ရှဲ့ယွိရန်က သူမကို ခဏလောက် စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

 

 

"ဒါဆို မရီး အဲဒီညက မမူးဘူးလား"

 

 

ဟမ်…”

 

 

ယဲ့အန်းသည် တစ်ဆို့လုနီးပါးဖြစ်ကာ စေ့စေ့ငုံ့ကြည့်နေသည့် သူ့အကြည့်များကို ပြန်လှန်ကြည့်မိသည်။

 

 

သူမကို မှတ်မိနေတယ်ဆိုတာ ထင်ရှားသည်။

 

 

ယဲ့အန်းသည်ရူးချင်ယောင်ဆောင်ခြင်း နှင့်သိက္ခာရှိရှိ ဝန်ခံခြင်းကြား တိတ်တဆိတ် ဗျာများနေခဲ့ပြီး နောက်ဆုံးတွင် ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။

ပြောရလျှင် သူမသည် အရှက်ရစရာဘာမှ မလုပ်ခဲ့သောကြောင့် အလွန်စိတ်လှုပ်ရှားနေရန် မလိုအပ်ပါ။

 

 

ယဲ့အန်းသည် စိတ်ထဲတွင် ထားကာ ပြုံးလိုက်သည်။ရှင် မှတ်မိနေမယ် မထင်ဘူး။ ကျွန်မတောင် မေ့တေ့တေ့ပါပဲ"

 

 

"မရီးက အရမ်းလှတဲ့သူလေ။ ဟုတ်ပါတယ်၊ ကျွန်တော်က မရီးကို သေသေချာချာ မှတ်မိနေတာ။" သူမ၏ ဝန်ခံချက်ကိုကြားပြီး ရှဲ့ယွိရန်၏ စူးစမ်းသောအကြည့်က ကျဉ်းမြောင်းသွားသည်။ သူက ဆိုဖာရဲ့ လက်တင်ကို မှီပြီး မျက်ခုံးကိုပင့်လိုက်သည်။

 

 

သူမကို မရီးဟုခေါ်သော်လည်း သူမကို အနည်းငယ်မျှ လေးလေးနက်နက် လေးစားမှု မရှိခဲ့ပေ။

 

 

ယဲ့အန်းက ပြုံးပြီး အေးအေးဆေးဆေး ရှင်းပြသည်။အဲဒီညက ကျွန်မ စီးပွားရေး စာချုပ်တစ်ခု ဆွေးနွေးပြီး ခါတိုင်းထက် နည်းနည်း ပိုသောက်လိုက်မိတယ်။ တစ်ယောက်ယောက်ပြောနေတာကို ကြားပြီးမှသာ မင်းဟာ အားရှောရဲ့ ညီငယ်လေးဆိုတာ ကျွန်မသိလိုက်ရတယ်။

 

 

အခြားညများကဲ့သို့ပင် သူမသည် သူမ၏ပခုံးတစ်ဖက်၊ သွယ်လျသောလည်ပင်းနှင့် ဖြောင့်စင်းသောညှပ်ရိုးတို့ကို ပေါ်လွင်စေသည့် ရိုးရှင်းသော ချောင်ဆမ်ကို ၀တ်ဆင်ထားသည်။ ချောင်ဆမ်သည် သူမ၏ခြေကျင်းဝတ်များတွင် ရပ်သွားပြီး အထည်သားသည် ရေကဲ့သို့ပေါ့ပါးသည်။

 

 

ထိုညသည် မှိန်ဖျော့ဖျော့နှင့် အုံ့ဆိုင်းနေသည်။ ရှုခင်းများသည် မြူမှုန်များဖြင့် ဖုံးလွှမ်းနေပြီး လူများ၏ ရုပ်ပုံများသည် စွဲမက်ဖွယ်ကောင်းနေပုံရသည်။ ယနေ့ ရာသီဥတုက သာယာသည်၊ လေနုအေးနဲ့ အရင်ရက်များထက် အများကြီး ပို၍သက်တောင့်သက်သာရှိသည်။

 

 

အပြင်ဘက် ပြတင်းပေါက်မှ လရောင်သည် သူမ၏ မျက်နှာတစ်ဖက်ကို လင်းလက်တောက်ပနေပြီး သူမ၏ နှင်းဖြူရောင် အသားအရည်နှင့် ယှဉ်နေသည်။

 

 

ယဲ့ယွမ်နျန်သည် အလွန်လှပသော သမီးလေးနှင့် ခွဲနေရန် ဆန္ဒရှိနေသည်။

 

 

ရှဲ့ယွိရန်က ခပ်ထေ့ထေ့ရယ်လိုက်သည်။ သူ့စကားလုံးများတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိသည်။မရီး၊ နောက်နောင်ကို ကျွန်တော့် အစ်ကိုကြီးကိုဂရုစိုက်ပါ။ အများကြီး အပြင်သွားမသောက်တာ ပိုကောင်းပါတယ်။"

 

 

ယဲ့အန်းသည် သူ့အကြည့်တွင် လှောင်ပြောင်သည့်အကြည့်တစ်ချက်ကို တွေ့လိုက်ရသည်။ သူမ မွန်းကျပ်လာသည်။

 

 

အလုပ်အတွက်မှ မဟုတ်ရင် လူတွေနဲ့ အရက်သောက်ဖို့ ဆန္ဒရှိမယ် သူထင်နေတာလား။

 

 

"ကောင်းကောင်းအနားယူပါ မရီး၊ ကျွန်တော် မရီးကို မနှောင့်ယှက်တော့ပါဘူး" ရှဲ့ယွိရန်က သတိပေးပြီးနောက် ထွက်သွားသည်။

 

 

ယဲ့အန်းသည် အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။ ဒီညီအစ်ကိုနှစ်ယောက်ထဲမှ တစ်ယောက်သည် စက်ရုပ်ကဲ့သို့ အေးစက်စက်ဖြစ်ပြီး ကျန်တစ်ယောက်သည်ထိကပါးရိကပါးနှင့် ရိုင်းစိုင်းသည်။ သူတို့ထဲက တစ်ယောက်နဲ့မှ အဆင်ပြေဖို့ လွယ်မည် မဟုတ်ချေ။

 

 

သက်ပြင်းချလိုက်ပြီး ဟင်းရည်ကို ဆက်သောက်ရန် ခေါင်းငုံ့လိုက်သည်။

 

 

ရှဲ့ မိသားစု၏ ထမင်းချက်သည် ပါရမီထူးသည်ဟုပဲ ပြောရမလိုဖြစ်သည်။ ယဲ့အန်းသည် ဤအဆင့်မြင့်ဟင်းရည်ကြောင့် လျင်မြန်စွာ သက်သာသွားခဲ့သည်။

 

 

သိပ်မကြာခင်မှာပဲ အန်တီ ကျိုးက အဖိုးရှဲ့နဲ့ ရှဲ့ပိုင်ယန် တို့ သူမကို တွေ့ချင်ကြောင်း သတိပေးဖို့ တံခါးလာခေါက်ပြန်သည်။

 

 

ယဲ့အန်းက အန်တီ ကျိုးကို ပန်းကန်လုံး ပေးလိုက်ပြီး သူ့အမူအရာကို နောက်တစ်ကြိမ် ပြန်ပြင်လိုက်သည်။ သူမ အပြုံးကိုပြင်ဆင်ပြီးနောက် အခန်းထဲမှ ထွက်လာသည်။

 

     —–

 

မိသားစု ညစာစားပွဲသာ ဖြစ်ခဲ့သော်လည်း ယနေ့ လက်ထပ်ပွဲသည် မပြီးစီးသေးပေ။ ဂုဏ်ပြုခြင်းနှင့် သမရိုးကျ နှုတ်ခွန်းဆက်သခြင်းများကို ချန်ထား၍မရပေ။

 

 

နေ့လည်စာစားပြီးနောက် ရှဲ့ရှော သည်းမခံနိုင်တော့ဘဲ ယဲ့အန်းကို တစ်ယောက်တည်းထားခဲ့ပြီး ထွက်ခွာသွားခဲ့သည်။ သူ ဘယ်မှာပုန်းနေလဲ ဘယ်သူသိမည်နည်း။

 

 

ယဲ့အန်းသည် အဘိုး ရှဲ့နှင့် ရှဲ့ပိုင်ယန်တို့ကို သူမတစ်ယောက်တည်းသာ စကားစမြည်ပြောနိုင်သည်။

 

 

ပုံမှန်မေးခွန်းများဖြေပြီးနောက် သူမရဲ့မျက်နှာသသည် ပြုံးထားရသဖြင့် နွမ်းလျလာသည်။

 

 

နာရီကျော်လောက်တွင် ယဲ့အန်းသည် သတို့သမီးအခန်းထဲကို မပြန်မီအထိ အဘိုး ရှဲ့ ကျေနပ်လောက်အောင် စိတ်အပန်းပြေစေခဲ့သည်။

 

 

ရှဲ့ရှောသည် သူမထက်စောပြီး ပြန်လာခဲ့သည်။ ဆိုဖာပေါ်တွင် နေရာယူကာ ရုပ်တုတစ်ခုလို ဆက်လက်ပြုမူနေသည်။

 

 

ယဲ့အန်း၏ စိတ်ထဲတွင် ရှုပ်ယှက်ခတ်နေပြီး ဆံပင်နှင့်ချိတ်ထားသည့် အသုံးအဆောင်ပစ္စည်းများကို ဖယ်ရှားရန် သူမတက်လှမ်းလာသောအခါတွင် ဆိုဖာပေါ်မှ တိတ်ဆိတ်နေသော ပုံစံကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

 

 

မျက်နှာကျက်မှ အလင်းရောင်သည် မှိန်ပျပျ တောက်ပနေ၏။ ထိုလူသည် ဆိုဖာပေါ်တွင် တိတ်တဆိတ်ထိုင်နေပြီး တောက်ပသောအလင်းရောင်အောက်တွင် သူ့မျက်နှာတစ်ဝက်ကို လှည့်လိုက်သည်။ သူ့အမူအရာက ဘာမှမထူးခြားပါ။

 

     …………

 

သူမ ဘာကြောင့် ရုတ်တရက် စိတ်လှုပ်ရှားသွားရလဲ။

 

 

သူတို့နှစ်ဦးသာ ကျယ်ဝန်းသော အခန်းသစ်ကို သိမ်းပိုက်ထားသည်။ အသက်ရှုသံများကြားရလောက်အောင် တိတ်ဆိတ်နေသည်။

 

 

"ရေချိုးတော့မှာလား"

 

 

ယဲ့အန်း စိတ်လျော့ပြီး မေးရန် အချိန်အတော်ကြာခဲ့သည်။

 

 

ရှဲ့ရှောက ချက်ချင်းပြန်မဖြေသော်လည်း မတ်တပ်ထရပ်လိုက်သည်။

 

 

ယဲ့အန်းသည် သူ့အား အနှောက်အယှက်မပေးဘဲ အဝတ်လဲခန်းသို့ လျှောက်သွားခဲ့သည်။ သူ့အတွက် သန့်ရှင်းသပ်ရပ်သော မျက်နှာသုတ်ပုဝါတစ်ထည်နှင့် ညဝတ်အင်္ကျီကို ရှာတွေ့ပြီးနောက် ရှဲ့ရှောသည် သူ့ဝတ်စုံကို ချွတ်ထားပြီး လက်ရှိတွင် လည်စည်းကို ဖြေလျော့နေသည်ကို တွေ့လိုက်ရသည်။

 

 

နွေးထွေးသော အလင်းရောင်အောက်တွင် ယောက်ျား၏ သွယ်လျသောလက်ချောင်းများက လည်စည်းကို ညင်သာစွာ ဆွဲဖြုတ်လိုက်သည်။ သူ၏ချွန်ထက်သောမေးရိုးနှင့် လည်မျို၏ မြင်ကွင်းသည် ပြင်းပြသော ရမ္မက်သွေးကြွစေသသည့် အခြေအနေကို ဖန်တီးပေးနေသည်။

 

 

ယဲ့အန်း၏  မိန်းကလေးဆန်သော နှလုံးသားသည် ရင်တထိတ်ထိတ်ဖြစ်လာသည်။

 

 

သူ့မျက်လုံးတွေက ကွယ်နေပေမယ့် ထိုအမျိုးသားက ချောမောနေဆဲပင်။

 

 

သူမသည် သူ့ကို ကျေနပ်အောင် ကြည့်ပြီးနောက် သူ့ကို ကူညီရန် အနားသို့တိုးလာသည်။ မထင်မှတ်ပဲ သူ့လက်ကို ထိရုံမျှသာ ကိုင်မိလိုက်သောအခါတွင် သူက ချက်ချင်းပင် သူမကို တွန်းထုတ်လိုက်သည်။

 

 

ရှဲ့ရှောသည် သူမ၏အကူအညီကို အေးစက်စွာငြင်းဆန်လိုက်ပြီး ရေချိုးခန်းထဲသို့ သူ့ဘာသာသူဦးတည်သွားခဲ့သည်။

 

 

မိန်းကလေးဆန်သော နှလုံးသားသည် စိတ်ပျက်လက်ပျက် ကွဲကြေသွားခဲ့သည်။

 

 

ယဲ့အန်း - ??? သူသည် နေ့ခင်းဘက်တွင် သူမကို လျစ်လျူရှုထားသော်လည်း ညဘက်တွင် သူမကိုဖက်တွယ်ရန် ရိုင်းရိုင်းစိုင်းစိုင်း ထပ်ငြင်းဆန်ရလား။ ငယ်ငယ်က သေသေချာချာ ရိုက်နှက်ဆုံးမ မခံခဲ့ရဘူးပဲ ငါသိလိုက်ပြီ။

 

 

ယဲ့အန်းသည် ဒေါသအလွန်ထွက်ကာ သူမနှလုံးသွေးများ မစီးဆင်းတော့သလို ခံစားလိုက်ရသည်။ သူ့ကို ကန်ပစ်လိုက်ချင်သော်လည်း မင်္ဂလာဆောင်သောညတွင် တစ်ယောက်ယောက် သေဆုံးသွားရင် မကောင်းဘူးလို့ တွေးမိသည်။ ထို့ကြောင့် သူမ စိတ်လျော့လိုက်သည်။

 

 

ရှဲ့ရှောသည် အိပ်ခန်းမှ ရေချိုးခန်းသို့ အကြိမ်များစွာ သွားဖူးသည်။ လမ်းလျှောက်တာ နှေးသော်လည်း အတားအဆီးမရှိ ဖြစ်နေသည်။ သူအရမ်း ခလုတ်မတိုက်မိပေ။

 

 

ယဲ့အန်းသည် သူမ၏ ဒေါသကို ချုပ်တည်းကာ သူ့နောက်သို့ လိုက်သွားပြီး ပစ္စည်းများကို ပြန်လည်နေရာချလိုက်သည်။ မူလက သူ့ကိုအကူအညီလိုတာရှိသေးလားလို့ မေးချင်သော်လည်း အေးစက်နေသော သူ့မျက်နှာကို မြင်ပြီးပြီးချင်း သူမ မမေးဖို့ဆုံးဖြတ်လိုက်သည်။

 

 

သူ့ သခင်လေး၏ ဒေါသကြောင့် သူမသည် သူ့ကိုယ်သူ အရှက်မခွဲမိတော့လျှင် ပိုကောင်းပေလိမ့်မည်။

 

 

ရေချိုးခန်းထဲက ထွက်လာပြီးနောက် ယဲ့အန်း သည် မှန်ဆီသို့ လျှောက်သွားပြီး ဆံပင်ကို ဆက်ချလိုက်သည်။

သူမသည် ဖြူစင်သော အခမ်းအနားဝတ်စုံကို ခါးကိုတင်းတင်းကြပ်ကြပ် ၀တ်ဆင်ထားကာ သူမ၏ခန္ဒာကိုယ်အလှကို အလေးပေးထားသည်။

 

 

သူမ၏ ရှည်လျားသော ဆံပင်များသည်ပြေကျလာပြီး အနုစိပ်သော ညှပ်ရိုးများကို ဖုံးအုပ်သွားသည်။

 

 

 မိတ်ကပ်လိမ်းထားပုံက မူလအတိုင်းရှိသေးသည်- သွယ်လျသောမျက်ခုံးများ၊ ရှည်လျားသောမျက်တောင် ကောက်ကောက်များနှင့် မက်မွန်ရောင် eyeshadow အနည်းငယ်သည် သူမ၏မျက်လုံးထောင့်များတွင် စွန်းထင်းနေသည်။ မှန်ထဲမှ သူမ၏ အသွင်အပြင်က ကွဲပြားသည့် ဟန်ကို ပြသနေသည်။

 

 

ယဲ့အန်းသည် မေးစေ့ကို မြှောက်ကာ ဗြုန်းကနဲ ကြည့်လိုက်သည်။ ဒီနေ့ သတို့သမီး မိတ်ကပ်လိမ်းတာ အရမ်းလှတယ်။

 

 

မျက်မမြင်တစ်ယောက်ဟာ အဲဒါကို နားမလည်နိုင်တာ သနားစရာကောင်းလိုက်တာ။

 

 

ဆံပင်တွေကို ဖြည်ချလိုက်ပြီးနောက် မိတ်ကပ်ကိုစဖျက်လိုက်သည်။

 

 

ရေချိုးခန်းအတွင်းမှ ရေသံထွက်လာသည်။ ယဲ့အန်း နားထောင်နေရင်း ဤအခြေအနေတစ်ခုလုံးသည် အနည်းငယ် အအိပ်မက်ဆန်သည်ဟု သူမ ခံစားမိသည်။

 

 

ရုတ်တရက် ဘယ်လို လက်ထပ်​​ဖြစ်သွားတာလဲ။

 

 

သူမ အိပ်မက်မက် မနေတာသေချာသလား?

 

 

သူမသည် အရက်ကြောင့် အနည်းငယ် မူးနေသေးပြီး သူ့ကိုယ်သူ ဆွဲဆိတ်လိုက်မိသည်။

 

 

ဟဲ့-”

 

 

နာသည်။ ဒါသည် အိပ်မက်မဟုတ် လက်တွေ့ဖြစ်သည်။

 

 

သူမကိုယ်တိုင် တကယ်လက်ထပ်ခဲ့သည်။

 

 

သူမမိတ်ကပ်ကို ဖယ်ရှားပြီးနောက် ရှဲ့ရှောသည် အပြင်မထွက်လာသေးပေ။ ယဲ့အန်းက သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ စောင့်ဆိုင်းနေစဉ် ရှီရွှမ်းရွှမ်းထံ စာပို့လိုက်သည်။

 

 

ရှီရွှမ်းရွှမ်း - [သခင်မလေး၊ မိသားစု ပိုင်ဆိုင်မှုအတွက် တိုက်ပွဲအခြေအနေက ဘယ်လိုလဲ။]

 

 

ယဲ့အန်းက သူမလက်ထဲရှိ ငွေနဲ့ စတော့တွေကို တွေးပြီး ရွှင်မြူးစွာ ပြန်ဖြေသည် - [ဒါက ပြီးပြည့်စုံတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ လောလောဆယ်တွင် "စည်းစိမ်ကိုလက်ထပ်ခြင်း" ဇာတ်ညွှန်းကို ရှင်းနေတယ်။]

 

 

ရှီရွှမ်းရွှမ်း - [???]

 

 

ရှီရွှမ်းရွှမ်း - [မင်းတကယ် ပိုက်ဆံရှိပြီး ချမ်းသာတဲ့သူနဲ့လက်ထပ်ဖို့ စီစဉ်နေတာလား။]

 

 

ယဲ့အန်း - [လက်ထပ်ဖို့ စီစဉ်နေတာမဟုတ်ဘူး၊ လက်ထပ်ပြီးသား။]

 

 

ယဲ့အန်း - [frustrated.jpg]

 

 

ယဲ့အန်း - [အရင်က ငါက မိသားစု ပိုင်ဆိုင်မှုနဲ့ တစ်ယောက်တည်း လှလှလေးနေဖို့ စီစဉ်ခဲ့ပေမယ့် ဒီလူက အရမ်းချောတယ်။ နောက်ပြီး သူ့မှာ ပိုက်ဆံရှိတယ်။ မတတ်နိုင်ပဲ... ထောင်ချောက်ထဲ ကျသွားတယ်။]

 

 

ရှီရွှမ်းရွှမ်း - […]

 

 

ရှီရွှမ်းရွှမ်း - [ဘယ်လောက်တောင်ချောတာလဲ။ ဓါတ်ပုံတစ်ပုံပို့ပေးပါ ဝေဖန်ပါရစေ ]

 

 

ယဲ့အန်းက စာပြန်တော့မည်အလုပ်တွင် ရေချိုးခန်းထဲမှအသံထွက်လာသည်။ တစ်စုံတစ်ယောက် တစ်ခုခု ပြုတ်ကျသွားသလိုကြားလိုက်ရသည်။

 

 

နေ့ခင်းဘက်တွင် အဖိုး ရှဲ့သည် သူမနှင့် နေ့တစ်ဝက်ခန့်ကြာ စကားပြောခဲ့သည်။ မိဘမဲ့တစ်ယောက်ကို အခြားတစ်ယောက်အား အပ်လိုက်သကဲ့သို့ အဖိုးတန်မြေးလေးကို ပြုစုစောင့်ရှောက်ရန် သူမကို ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။

 

 

သူ၏ တိုက်တွန်းမှုနှင့် ခေါင်းမှဆံပင်ဖြူများကို တွေးတောရင်း ယဲ့အန်းသည် ဆက်ပြီးအတင်းပြောမနေနိုင်တော့ပေ။ သူမ ဖုန်းကို ချပြီး ပြေးလိုက်သွားသည်။

 

 

"ဘာဖြစ်တာလဲ?"

 

 

တံခါးမှ လှမ်းမေးသော်လည်း အတွင်းမှ တုံ့ပြန်မှု မရှိပေ။

 

 

သူ မတော်တဆ လဲကျခဲ့တာ မဟုတ်ဘူးလား?

 

 

ခဏကြာပြီးနောက် အသံတစ်ခုထွက်လာသည်။

 

 

"ရှဲ့ရှော?"

 

 

ယဲ့အန်း၏ နှလုံးသားသည် တင်းကြပ်သွားသည်။ မစောင့်နိုင်တော့ဘဲ တံခါးကိုဖွင့်ကာ ဝင်လိုက်သည်။

 

 

"ရှင် အဆင်-"

 

 

သူမ၏ စကားသည် ရုတ်တရက် ရပ်တန့်သွားသည်။ ယဲ့အန်းသည် သူမရှေ့မှ အခြေအနေကို ကြောင်တောင်တောင် ကြည့်နေမိသည်။

 

 

ရေနွေးငွေ့ရိုက်နေသော ရေချိုးခန်းထဲတွင် ရှဲ့ရှောသည် အဝတ်ဗလာဖြင့် ရပ်နေသည်။ သူ့တွင် မည်သည့်အဝတ်အစားမှဝတ်ရန် အခွင့်အရေးမရလိုက်ဘဲ၊ သူ့ခန္ဒာကိုယ်ပေါ်ရှိ ရေစက်များကိုပင် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

 

 

ယဲ့အန်း၏အသံကိုကြားလိုက်သည်နှင့် သူ၏အောက်ပိုင်းကို ဖုံးအုပ်ရန် မျက်နှာသုတ်ပုဝါတစ်ထည်ကို လှမ်းယူလိုက်သည်။

 

 

“…‌‌ပြေလား?”

 

 

ယဲ့အန်းသည် နောက်ဆုံးစကားလုံးကို မှင်တက်စွာပြောရင်း သူမ၏မျက်နှာသည် လျင်မြန်စွာ နီရဲလာသည်။ သူ့စိတ်ထဲမှာ မီးတောက်လောင်နေသလိုခံစားရသည်။

 

 

ပြန်ထွက်ဖို့ပင် မေ့သွားသည်။ သူမ၏ အကြည့်များသည် အလိုအလျောက် အတက်အဆင်း ရွေ့လျားနေသည်။

 

 

လည်ပင်းမှ ရင်ဘတ်အထိ ဗိုက်ကြွက်သားအထိ

 

 

ကျယ်ဝန်းသောပခုံးများ၊ ခါးကျဉ်းကျဉ်းနှင့် ညီညာသော ဗိုက်ကြွက်သားများသည် အနုပညာဆန်ဆန် ကောက်ကြောင်းပေါ်နေသည်။

 

 

အိုး နိုး၊ မိန်းကလေးဆန်သော သူမနှလုံးသားသည် ပြန်ပြီး ခုန်လာတယ်။