အပိုင်း ၈
Viewers 596

ဂုဏ်မြင့်သူရယ်

 

အပိုင်း ၈

 

 

"မင်းကို ဘယ်သူက ဝင်ခိုင်းလို့လဲ" ရှဲ့ရှောသည် မှန်တင်ခုံဘက်သို့ မှီ၍ သူမ၏ အတွေးများကို အေးစက်စွာ ဖြတ်တောက်လိုက်သည်။ သူ့အမူအရာက အလွန်နက်မှောင်နေသည်။

 

 

ယဲ့အန်းသည် နောက်ဆုံးတွင် တွေဝေနေရာမှ မျက်နှာနီရဲလာသည်။ သူမအကြည့်ကို လွှဲလိုက်ပြီး "ကျ-ကျွန်မ အသံကြားပြီး ရှင်လဲကျသွားတယ်ထင်လို့..."

 

 

သူမ နှာခေါင်းကို မသိစိတ်ဖြင့် သုတ်လိုက်သည် - ဘုရားမလို့ နှာခေါင်းသွေးမလျှံတယ်။

 

 

မှန်တင်ခုံထဲက ပြုတ်ကျသော ဘူးခွံ အနည်းငယ် ရှိပြီး အဲဒီထဲမှ တစ်ခုသည် ကြမ်းပြင်ပေါ်တောင် ပြုတ်ကျနေသည်။ အစောပိုင်းတွင် ယဲ့အန်းသည် သူမ၏ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများကို  ထားရှိခဲ့သည်။ အခု ရှဲ့ရှော သည် သူ့ပစ္စည်းတွေကို လက်လှမ်းမှီဖို့ကြိုးစားရင်း မတော်တဆ တိုက်မိ၍ပြုတ်ကျသံထွက်ပေါ်လာခဲ့သည်။

 

 

ယဲ့အန်းသည် ရှက်ရွံ့စွာဖြင့် ကြမ်းပြင်ပေါ်ကျနေသော အလှဆီဘူးကို ကောက်ယူရန် ရှေ့သို့ တိုးလာသည်။ သူမသည် ၎င်းနှင့် အခြားပစ္စည်းများကို မူလနေရာ၌ ပြန်ထားခဲ့သည်။

 

 

ဤဖြစ်စဉ်တွင် ရှဲ့ရှောသည် ညှိုးငယ်နေသော မိန်မတစ်ဦးကဲ့သို့ သူ၏ အေးစက်သော မျက်နှာကို ထိန်းထားသည်။

 

 

"ရှင်ဘာလိုတာလဲ? ရှင့်အတွက် ကျွန်မ ယူပေးမယ်" ယဲ့အန်းသည် ပစ္စည်းများကို ပြန်လည်နေရာချပြီးနောက် ဂရုတစိုက် မေးလိုက်သည်။

 

 

ရှဲ့ရှောက သူမ၏စေတနာကို လျစ်လျူရှုမယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက အေးစက်စွာ ပြောလိုက်သည်။

 

 

 “ထွက်သွား

 

 

“……”

 

 

သူမ တကယ် ဆဲဆိုလိုက်ချင်နေသည်!

 

 

ဒီကောင်က အဆိပ်များရှိသလား။

 

 

ယဲ့အန်းသည် သူမ၏ သွေးပေါင်ချိန်တိုးလာသည်ကို ခံစားလိုက်ရသည်။ အသက် ပြင်းပြင်း နှစ်ချက်ရှူပြီးနောက်၊ သူမသည် မှန်တင်ခုံကိုကို မှီ၍ ခြေနှစ်ဖက်ကို ယှက်လိုက်သည်။ မေးစေ့ကို မြှောက်ထားရင်း "မသွားနိုင်ဘူး" ဟု တမင်တကာ ဆွ‌ပေးလိုက်သည်။

 

 

ရှဲ့ရှော၏ မျက်နှာသည် ပို၍ အေးစက်လာပြီး မျက်လုံးများ ကျဥ်း‌မြောင်းသွားသည်။ သူ့အမူအရာက မှုန်ကုပ်နေသည်။

 

 

ယဲ့အန်းသည် သူ ဒေါသဖြစ်မည်ဟု ထင်ခဲ့သော်လည်း သူ့ဘေးနားရှိ ရေချိုးဝတ်စုံကိုဆွဲယူကာ သူ့ကိုယ်ပေါ်တွင် ဂရုမစိုက်ဘဲ ခြုံလိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ ထွက်လာခဲ့သည်။

 

 

ယဲ့အန်းက ရယ်လိုက်သည် - ပျင်းစရာကောင်းလိုက်တာ။

 

 

သူမ ထိုအတွေးကို တွေးပြီးသွားချိန်တွင် ရှဲ့ရှော သည် မှန်တံခါးကို မတော်တဆ ဝင်တိုက်မိသံ ကြားလိုက်ရသည်။

 

 

“……”

 

 

မြင်ကွင်းက ယဲ့အန်း၏ ဦးရေပြားကို ထုံကျင်သွားစေပြီး သူမပင် နာကျင်မှုကို ခံစားနိုင်သည်။

 

 

ရှဲ့ရှောသည် ၎င်းကို ကျင့်သားရနေပြီဟု ဟန်ဆောင်ကာ အသံမထွက်ပေ။ သူသည် တံခါးကို ကိုင်ကာ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။

 

 

သူလမ်းလျှောက်လာရင်း ယဲ့အန်းသည် သူ့ခြေထောက်ပေါ်ရှိ ဒဏ်ရာများကို မြင်လိုက်ရသည်။

 

 

တစ်ခုသာရှိသည် မဟုတ်။ သာမာန်အားဖြင့် သူသည် တော်တော့်ကို ထိမိ၍ လဲရပေမည်။

 

 

ယဲ့အန်းသည် သူမ၏ နှလုံးသားထဲတွင် ဒေါသများ ပျောက်ကွယ်သွားကာ ငေးစိုက်ကြည့်နေသည်။

 

 

မေ့ပစ်လိုက်၊ မျက်မမြင်တစ်ယောက်နဲ့ ဘာလို့ရန်ဖြစ်နေရမှာလဲ။

 

 

အသက်ကိုရှူထုတ်လိုက်ရင်း ရေချိုးခန်းထဲ လျှောက်သွားကာ အိပ်ခန်းထဲ ပြန်ဝင်ရန် ပျင်းစရာကောင်းလွန်းသဖြင့် ရေချိုးရန် အဝတ်အစားများ ချွတ်လိုက်သည်။

 

 

ပူနွေးသောရေသည် ဖြန်းချလိုက်ပြီး ရေနွေးငွေ့များက လေထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်။

 

 

ယဲ့အန်းသည် ရေနွေးဖြင့်‌ရေချိုးနေစဥ် သူမ၏ စိတ်သည် တဖြည်းဖြည်း ရှုပ်ထွေးလာသည်။ ရေချိုးပြီးသောအခါတွင် သူမသည်‌ရေချိုးခန်းထဲသို့ဝင်လာဏဥ်က သူမ၏ ညဝတ်အင်္ကျီကို မယူခဲ့ကြောင်း သိလိုက်ရသည်။

 

 

ရှဲ့ရှောကို သူ့အဝတ်အစားတွေ ယူလာခိုင်းဖို့ မဖြစ်နိုင်တာကြောင့် သူမဟာ မျက်နှာသုတ်ပုဝါနဲ့ ခြုံပြီး ဆံပင်ကို ခြောက်အောင် မှုတ်ပြီး အပြင်ထွက်ခဲ့သည်။

 

 

ရှဲ့ရှောသည် ကုတင်ဘေးတွင်ထိုင်ကာ အိပ်ယာခင်းကိုမ၍ အိပ်ရန်ပြင်ဆင်နေသည်။

 

 

ယဲ့အန်းသည် အနည်းငယ် စိတ်မလုံမလဲဖြစ်ပြီး မျက်နှာသုတ်ပုဝါကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမသည် အဝတ်လဲခန်းဆီသို့ ညင်သာစွာ လျှောက်လာသည်။

 

 

လမ်းတစ်ဝက်တွင် သူမ ရုတ်တရက် သတိရသွားသည် - သူမှ မမြင်နိုင်တာ။ အခန်းတွင်း ကိုယ်တုံးလုံးနဲ့ လှည့်ပတ်နေရင်တောင် ပြဿနာမဖြစ်ပါဘူး။ သူမဘာလို့ ဒီလောက်သတိထားနေရမှာလဲ။

 

 

ရှဲ့ရှောက သူမကို ဂရုမစိုက်ကြောင်း သေချာစေရန် ယဲ့အန်းက တစ်ချက်ကြည့်လိုက်သည်။ သူမ လက်နှစ်ဖက်ကို စိတ်ချလက်ချ ဖြေလျှော့ပြီး အဝတ်လဲခန်းထဲသို့ ဝင်လိုက်သည်။

 

 

အဝတ်လဲခန်းထဲတွင် အဝတ်အစားပုံစံအမျိုးမျိုးရှိ၍ အားလုံးက သူမအတွကဝယ်ထားခြင်းဖြစ်သည်။ ကြိုးစားအားထုတ်မှုကြောင့် ယဲ့အန်းသည် အထည်များကို ပွတ်သပ်ကြည့်ပြီး နောက်ဆုံးတွင် အနီရောင်ပိုးသားညဝတ်ဂါဝန်ကို ရွေးချယ်လိုက်သည်။

 

 

ပေါ့ပါးသောအထည်သည် သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူမ၏ နူးညံ့သိမ်မွေ့သော ပခုံးဖြူဖြူများကို ထင်ရှားစေသည်။ စကတ်အနားတွန့်သည် ခြေကျင်းဝတ်အထက် အနည်းငယ်ရောက်ပြီး ဖုံးအုပ်ထားသောအပိုင်းကို မသိမသာ မြင်သာနေသည်။

 

 

ယဲ့အန်းသည် မှန်ထဲတွင် ကျေနပ်စွာ ကြည့်လိုက်ပြီး သူမ၏ ပုံမှန်အသားအရေ ထိန်းသိမ်းမှု လုပ်ရိုးလုပ်စဥ်အတိုင်း စတင်လိုက်သည်။ ထိုအချိန်တွင် သူမသည် ရှဲ့ရှောကို မရှောင်တော့ပေ။

 

 

မျက်မမြင်တစ်ဦးနှင့် လက်ထပ်ခြင်းသည် လွတ်လပ်လွန်းသည်။ တစ်ယောက်တည်းနေထိုင်ခြင်းနှင့် မခြားနားပေ။

 

 

ယခုအချိန်မှစ၍ ဤဧရာမစံအိမ်ကြီးသည် သူမ၏ အပိုင်ဖြစ်သည်။

 

 

ရှဲ့ရှောသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အခန်းတွင်း အဆက်မပြတ် ဆူညံနေသော အသံများကို နားထောင်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

 

 

နာရီဝက်ခန့် ကြာပြီးမှ သူမ ကုတင်ဘေးသို့ လျှောက်လာသည်။

 

 

ကုတင်ပေါ်တွင် လဲလျောင်းနေသော ယောက်ျားကို မြင်ပြီးနောက် သူမသည် အိပ်ယာခင်းများဆီသို့ လှမ်းယူနေရာမှရပ်တန့်သွားသည်။ သူမ၏ ယခင်စိုးရိမ်ပူပန်မှုများသည် တစ်ဖန်ပြန်ပေါ်လာသည်။

 

……

 

စီးပွားရေးအရ လက်ထပ်ထိမ်းမြားခဲ့ပြီး အချစ်ရေးမှာ ခံစားချက် မရှိကြသော်လည်း ၎င်းတို့၏ ဆက်ဆံရေးမှာ အမည်ခံစုံတွဲအဖြစ်သာ ဆက်ရှိနေမည်ဟု သဘောတူညီချက်မရှိပေ။ ရှဲ့ရှောက သူမကို နောက်မှ တစ်ခုခု လုပ်ချင်လျှင် ငြင်းရန် သင့်တော်သော အကြောင်းပြချက် ရှာမတွေ့‌ပေ။

 

 

ရေချိုးခန်းထဲမှ မြင်ကွင်းက သူမစိတ်ထဲ ပြန်မြင်ယောင်လာပြီး ယဲ့အန်း၏ မျက်နှာက မသိလိုက်ပဲ နီရဲလာသည်။

 

……

 

ရိုးရိုးသားသားပြောရရင် သူမဟာ အများကြီးမမြင်ရဘဲ တစေ့တစောင်းသာ မြင်လိုက်ရပေမယ့် အတော်လေးကို မြင်နေရတဲ့သဘောပါပဲ...

 

 

အဟမ်း! အဲ့ဒါကိုပဲတွေးနေလို့မဖြစ်ဘူး!

 

……

 

ငြိမ်သက်သွားပြီးနောက် ယဲ့အန်းသည် ကုတင်ပေါ်တွင် ဂရုတစိုက်ထိုင်ကာ ခြေထောက်များကို ဖြည်းညှင်းစွာရွှေ့ပြီး အသိစိတ်ကပ်၍ လှဲချလိုက်သည်။ သူမ တိတ်တိတ်လေး တွေးလိုက်သည် - ဒီလူက တော်တော်ကြည့်ကောင်းသည်၊ သူ့ရုပ်ရည်က အရမ်းကောင်းပြီး သူကောင်းကောင်းအိပ်နေသည်။ လုံးဝဆုံးရှုံးစရာမရှိ။

 

 

ကုတင်သည် အလွန်ကျယ်ဝန်းပြီး အနည်းငယ်ကွာသော်လည်း ယဲ့အန်းသည် သူမဘေးနားရှိ ခန္ဓာကိုယ်၏ နွေးထွေးမှုကို ခံစားနိုင်သေးသည်။

 

 

သူမ စောင်ကိုလည်ပင်းအထိ အသာအယာ ဆွဲတင်လိုက်ပြီး ခေါင်းကို တောင့်၍ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ သူမ၏အမြင်တွင်၊ ထိုလူသည် မျက်လုံးများကိုမှိတ်ထားပြီး တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ သူ့တွင် မြင့်မားသော နှာတံရှိပြီး သူ့မျက်နှာတစ်ဖက်သည် အလင်းရောင်အောက်တွင် ရောင်ပြန်ဟပ်ကာ ချောမောပြီး နူးညံ့သယောင်ရှိသည်။

 

 

သူ အိပ်ပျော်သွားပြီလား?

 

 

ထိုသို့ သူမ တွေးမိလိုက်ပြီး ထိုလူက ရုတ်တရက် လှုပ်ရှားသွားသည်။

 

 

ယဲ့အန်း၏ အသက်ရှုသံများ လေးလံလာပြီး သူမ၏ လည်ပင်းသွေးကြောတွင်ပင် နှလုံးခုန်နှုန်းကို ခံစားနေရသည်။ သူမ၏ကျောကို မွေ့ယာပေါ်တွင် တင်းကျပ်စွာ ဖိထားသည်။

 

 

ထို့နောက် ရှဲ့ရှောက တစ်ဖက်သို့လှည့်ကာ အိပ်ယာခင်းကို ဆွဲလိုက်သည်။

 

 

ပြတင်းပေါက် အပြင်ဘက်ရှိ သစ်ပင်များသည် ညှင်သာစွာ လှုပ်ယမ်းနေ၏။ ယဲ့အန်းသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူ၏လှုပ်ရှားမှုကို ထပ်မတွေ့ရတော့ပေ။ သူမ အသက် ရှူထုတ်လိုက်သည်။

 

 

မှန်ပါသည်။ သူ့ပုံစံက သူမကို စိတ်မဝင်စားကြောင်း ထင်ရှားသည်။

 

 

သူမ အမှန်ပင် အတွေးလွန်နေခဲ့သည်။

 

 

ယဲ့အန်းသည် စိတ်လျော့လိုက်ပြီး မီးပိတ်ရန် လှမ်းလိုက်သည်။

 

 

အခန်းသည် အမှောင်ထဲသို့ နစ်မြုပ်သွားပြီး တိတ်ဆိတ်ငြိမ်သက်နေစဥ် တစ်ခုတည်းသော အသံမှာ အသက်ရှုသံများသာ ဖြစ်လေသည်။

 

 

ယဲ့အန်းသည် ရက်အနည်းငယ်သာ သိထားသည့် အမျိုးသားတစ်ဦးနှင့် ရုတ်တရက် အိပ်ရာဝင်ပြီးနောက် သူမအိပ်ရန် ခက်ခဲမည်ဟု မူလက ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာ လက်တွေ့နှင့် လွဲချော်နေခဲ့သည်။

 

 

သူမသည် နေ့ခင်းဘက်တွင် အလုပ်များနေပြီး နောက်ပိုင်းတွင် အရက်သောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ သူမသည် အိပ်ပျော်ရုံသာမက နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့သည်။

 

 

……

 

မြူခိုးတွေကြားတွင် သစ်ကိုင်းနှင့်သစ်ရွက်များပေါ်သို့ မိုးကျသံခပ်တိုးတိုးသည်  ပဲ့တင်ထပ်ကာ နားထဲကို တိုးဝင်လာသည်...။

 

——

 

ဆူညံသော ရယ်မောသံများနှင့် အရက်သောက်သံများသည် တဖြည်းဖြည်းနှင့် ပြောင်းလဲသွားသည်။

 

 

ခဏအကြာတွင် မိုးရွာနေသည့် အသံများ သိသိသာသာ လွှမ်းခြုံထွက်ပေါ်လာပြန်သည်။

 

……

 

မှောင်မိုက်ပြီး နက်နဲသော စင်္ကြံတွင် မီးရောင်များ တဖျပ်ဖျပ်ဖျပ်လက်နေပြီး လူများက သူမနောက်ကို မပြတ်လိုက်နေကြသည်။ သူမသည် အားကုန်ထုတ်ကာ ပြေးသွားသည်... နောက်ဆုံးတွင် မထင်ရှားသော အသွင်အပြင်တစ်ခုကို မြင်လိုက်ရသည်။

 

 

သူမသည် ထိုလူ၏အသွင်အပြင်ကို မော့ကြည့်လိုက်သည်။ မျောပါနေသောသစ်တုံးကို ဖမ်းဆွဲရန်ကြိုးစားနေသည့် ရေနစ်နေသော လူတစ်ဦးကဲ့သို့ သူ့ထံသို့ ရောက်အောင်ကြိုးစားနေသည်။

 

 

အလင်းတန်းတစ်ခု လင်းလက်လာသည်။

 

……

 

ကယ်ပါ…” လို့ တိုးတိုးလေးပြောသံကို သူမကိုယ်သူမ ကြားလိုက်ရသည်။

 

 

မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

 

 

စိုးရိမ်တကြီး မျက်လုံးဖွင့်လိုက်သောအခါ ယဲ့အန်း၏ စိတ်သည် ဗလာဖြစ်သွားသည်။

 

 

သူမသည် အိပ်ယာခင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ နဖူးတွင် အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။

 

 

ဒီအိပ်မက်ကို သူမနောက်ဆုံးမက်ခဲ့သည်မှာ အတော်ကြာခဲ့ပြီ။

 

 

သူမ နိုးနေပြီဖြစ်သော်လည်း မိုးသံများက သူမနားထဲတွင် ကြားနေသေးသည်။

 

 

သူ့အသက်ရှုခြင်းကို ငြိမ်သက်အောင်ကြိုးစားရင်း သူမပတ်ဝန်းကျင်တွင် အမှောင်ထုက ကြီးစိုးနေသည်။ သူမ ဂရုတစိုက် နားထောင်သည်။

 

 

အပြင်မှာ တကယ် မိုးရွာနေတယ် ဆိုတာ သိလိုက်ရသည်။

 

 

ညည်းသံများသည် ကျယ်ကျယ်လောင်လောင်မဟုတ်သော်လည်း ပုရွက်ဆိတ်များ သူမနှလုံးသားထဲသို့ စိမ့်ဝင်နေသလို ခံစားရသည်။

 

 

သူမ၏အိမ်မက်နှင့် ထင်ယောင်ထင်မှား ရောနှောနေခဲ့သည်။

 

……

 

မဂ်လာဆောင်သော ပထမညတွင် အိပ်မက်ဆိုး မက်တာထက် ပိုကောင်းတာ ဘာမှ မရှိတော့ချေ ယဲ့အန်းသည် နဖူးမှ ချွေးအေးတွေကို သုတ်လိုက်သည်။ သူမသည် ရှဲ့ရှောကို လှည့်ကြည့်လိုက်သော်လည်း သူမဘေးတွင် အမှောင်ပင်လယ်တစ်ခုကိုသာ တွေ့လိုက်ရသည်။

 

 

သူမ ခဏတုံ့ဆိုင်းသွားသည်။ ရှဲ့ရှောက မျက်မမြင်ဖြစ်တာကြောင့် မီးကိုဖွင့်လိုက်လျှင် သူ့အပေါ် သက်ရောက်မှုမရှိဟု ထင်သည်။

 

 

အလင်းသည် ချက်ချင်းပင် အခန်းထဲသို့ လွှမ်းသွားသည်။ ဂွမ်းစောင်များသည် အံ့သြစရာကောင်းလောက်အောင် ဗလာဖြစ်နေကြောင်း သူမ သိလိုက်သည်။ ရှဲ့ရှောသည် အိပ်ရာထဲတွင် လုံးဝမရှိပေ။

 

 

ယဲ့အန်းသည် အခန်းထဲကို အမြန်မရှာကြည့်မီ ခဏကြာ ငူငူကြီး စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ဆိုဖာပေါ်တွင် ထိုင်နေသော ပုံကို သူမတွေ့လိုက်ရသည်။ အိပ်ယာမှ ထွက်သွားချိန် သို့မဟုတ် ထိုနေရာတွင် ထိုင်နေသည်မှာ မည်မျှကြာသည်ကို မသိရပေ။

 

 

 “……”

 

 

ညနက်သန်းခေါင်မှာ သူဘာလို့ ဆိုဖာမှာသွားထိုင်နေတာလဲ။ သူ အဲ့ဆိုဖာကို စိတ်စွဲ တွယ်တာနေခဲ့တာလား ဒါမှမဟုတ် တစ်ခုခုလား။

 

 

ပြတင်းပေါက် အပြင်ဘက်တွင် မိုးသံများ ဆက်လက်ထွက်ပေါ်နေသည်။

 

 

ရီအန်းက သူ့ကိုကြည့်ရင်း သူ့စိတ်ဝိညာဉ်ကို တူးထုတ်ချင်ပြီး မေးလိုက်ချင်သည် – ဆိုဖာ ဒါမှမဟုတ် ပြင်သစ်ပြတင်းပေါက်တွေကို မင်းက ဘာကို သဘောကျနေတာလဲ။

 

 

"ရှင်နိုးနေတာလား?"

 

 

သူမ၏ အသံသည် တိတ်ဆိတ်နေရာမှ ရုတ်ခြည်းထွက်ပေါ်လာသည်။

 

 

ရှဲ့‌ရှောသည် သူမကို လုံးဝမကြားရသလို တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလိုက်သည်။

 

 

ယဲ့အန်း၏ နှလုံးသားသည် တစ်ဆို့သွားသလို ခံစားလိုက်ရသည်။ သူမသည် ယောက်ျားတစ်ယောက်နှင့် လက်ထပ်မည်ဟု သူမမျှော်လင့်ထားဘဲ အိပ်ရာပေါ်၌ သူမတစ်ယောက်တည်း အိပ်ရခြင်းမှာ ကြုံရာကျပန်းမိန်းကလေးဖြစ်နေတာကြောင့်မဟုတ်ဘဲ ဆိုဖာတစ်လုံးနှင့် ပြင်သစ်ပြတင်းပေါက်အချို့ကြောင့်ဖြစ်သည်။

 

 

သူမတွင် စကားမရှိပေ။

 

 

သူမ ထထိုင်ကာ စောင်ကို ပွေ့ဖက်၍ အသံကိုမြှင့်လိုက်ပြီး “အရမ်းနောက်ကျနေပြီလေ။ မအိပ်ဘဲ အဲ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ"

 

 

ရှဲ့‌ရှောက သူမကို နောက်တစ်ကြိမ် လျစ်လျူရှုလိုက်သည်။

 

 

“……”

 

 

သူ့ပြဿနာက ဘာလဲ။ ယဲ့အန်းသည် ဒေါသအလွန်ထွက်လာကာ ခေါင်းကိုက်သွားသည်။ သူမနှင့် မဆက်ဆံချင်သော်လည်း အဖိုးနှင့် ရှဲ့ပိုင်ယန်၏ နှလုံးသားထဲမှ တောင်းဆိုမှုကို တွေးပြီးနောက်တွင် သူမသည် သူ့ကို လျစ်လျူရှုရန် မတတ်နိုင်တော့ပေ။ သူမ သက်ပြင်းတစ်ချက်ချပြီး အိပ်ယာမှ ထလိုက်သည်။

 

 

စကားပုံက ဘယ်လိုပါလိမ့်။

 

 

ဤသည်မှာ သူမ၏အတိတ်ဘဝက ဝဋ်ကြွေးဖြစ်ရမည်။

 

 

ဖိနပ်ကို ဝတ်ကာ သူ့အနားသို့ လျှောက်သွားလိုက်သည်။ သူမက သိမ်မွေ့သောလေသံဖြင့် “ဘာဖြစ်လို့လဲ၊ ရှင်အိပ်လို့မပျော်ဘူးလား?"

 

 

ရှဲ့ရှောသည် နောက်ဆုံးတွင် အနည်းငယ် တုံ့ပြန်သည်။ သူမ၏ အသံ လာရာဖက်သို့ သူ့ခေါင်းကို လှည့်လိုက်သည်။ သူ စကားပြန်မပြောပေ။

 

 

ယဲ့အန်းက သူ့ဘေးတွင် ဝင်ထိုင်သည်။ " အဆင်မပြေတဲ့‌နေရာရှိသလား ခေါင်းကိုက်နေတာလား''

 

 

ရှဲ့ရှောသည် ခပ်တည်တည်ပင်။

 

 

"ရှင့်ရဲ့နားထင်တွေကို နှိပ်ပေးရမလား"

 

 

သူမပြောသည့်အတိုင်း ဒူးထောက်ထိုင်ကာ သူ့နားထင်များကို နှိပ်‌ပေးရန် လက်ကိုလှမ်းလိုက်သည်။

 

 

ဒါပေမယ့် သူ့နားထင်တွေကို ထိလိုက်တာနဲ့ သူမလက်ကို ဖမ်းဆုပ်လိုက်သည်။

 

 

သူ့လက်က အနည်းငယ်အေးနေပြီး သူ့မျက်နှာက မောပန်းနွမ်းနယ်နေပြီး နုံးချိနေသည်။ ဒေါသကို မတွေ့ရတော့ဘဲ သိပ်ဗွေမယူပုံရသည်။

 

 

သူသည် ယဲ့အန်း၏လက်ကို ဖယ်လိုက်ပြီး အဝေးကို လှမ်းကြည့်ကာ ငြိမ်နေလိုက်သည်။

 

 

ယဲ့အန်က သူကိုင်ထားတဲ့လက်ကို ကြည့်ပြီး ဒေါသဖြစ်ပုံမပေါ်။ စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို စိကာ အခန်းထဲမှ ထွက်သွားသည်။

 

 

အချိန်အတော်ကြာပြီးနောက် သူမလက်ထဲတွင် အပူပေးထားသော နို့တစ်ခွက်နှင့် ပြန်လာခဲ့သည်။ ရှဲ့ရှော ရှေ့တွင် ကိုင်ထားလိုက်သည်။ “ရှင့်အတွက် ကျွန်မ နို့တစ်ခွက် နွှေးလာ‌ပေးတယ်။ သောက်လိုက်။ ရှင့်ကို ပိုကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးလိမ့်မယ်"

 

 

သူ ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်ရပြီး သူ့လက်ကို တိုက်ရိုက်ဆွဲကိုင်လိုက်ကာ နို့ခွက်ကို ကမ်းပေးလိုက်တယ်။

 

 

သို့သော် ရှဲ့ရှော က လုံးဝကျေးဇူးမတင်။ သူ့မျက်ခုံးတွေကို ကြုတ်လိုက်ပြီး ငြင်းလိုက်သည်။ "မလိုပါဘူး။"

 

 

သူ့လှုပ်ရှားမှုကြောင့် နွားနို့က ခွက်ထဲ ဖိတ်စင်လာပြီး ယဲ့အန်း၏ လက်ပေါ် ကျသွားသည်။

 

 

ယဲ့အန်းသည် ဒေါသတကြီးနှင့်။ "ရှင် ကျေနပ်ဖို့ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။ ညကြီးသန်းခေါင် ရှင့်အတွက် နို့ကိုနွှေးပေးဖို့ ကျွန်မ ခက်ခက်ခဲခဲ လုပ်လာရတာ၊ ဒါကို ရှင်က မှောက်ပစ်ပြီး ကျွန်မလက်ကိုအပူလောင်အောင်လုပ်တယ်!”

 

 

“……”

 

 

"အိုး၊ ပူလိုက်တာ!" သူမလက်ကိုသုတ်လိုက်ပြီး ရှဲ့ရှော ကိုပြသည်။ စိတ်ဆိုးပြီး “ကြည့်စမ်း၊ နီရဲနေတာပဲ။ အမာရွတ်တောင် ကျန်ခဲ့လောက်တယ်…”

 

 

ရှဲ့ရှော မမြင်နိုင်သော်လည်း ရှိုက်နေသော သူမ၏အသံကိုကြားပြီးနောက်တွင် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

 

 

သူမ တကယ်ထိခိုက်မှာကို စိုးရိမ်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ဆေးဘူးထဲမှာ အပူလောင်တာ သက်သာတဲ့ဆေးရှိတယ်၊ ကိုယ့်ဟာကိုယ်ယူလိုက်ပါ။"

 

 

ယဲ့အန်းက သူ့ကို နို့ခွက်ကိုထပ်ပေးသည်။ ချစ်စရာကောင်းသော ကလေးမလေးကဲ့သို့ အသံနေအသံထားနှင့် အခြေအနေတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားသည်။ "ဒါဆို နွားနို့သောက်ပါ"

 

 

ခွက်သည် သူ့လက်ချောင်းများကိုထိလိုက်ပြီး ရှဲ့ရှော သည် နောက်ဆုံးတွင် မငြင်းဆန်ခဲ့ပေ။ သူသည် ခွက်ကို  စမ်းတဝါးဝါးဖြင့် လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သိပ်မကြာခင်တွင် သူ့အမူအရာများ ပြောင်းလဲလာသည်။

 

 

ခေါင်းကို မော့ပြီး အံ့သြစွာ မေးသည်။ “မင်းလက်က ဘာနဲ့ လုပ်ထားလို့လဲ။ ဒီအပူချိန်လောက်နဲ့ မင်းကို ဘယ်လိုများ အပူလောင်ရတာလဲ"

 

 

အလင်းရောင်အောက်တွင် ယဲ့အန်း၏ လက်သည် လှပ ဖြူဖွေးပြီး မော်ဒယ်ဆန်သည်။ အပူလောင်ဒဏ်ရာ အနည်းငယ်မျှ မရှိပေ။

 

 

ယဲ့အန်း - ...သူမရဲ့ တိကျ၍ ကရုဏာကင်းမဲ့သော မုသားကို အချိန်တိုင်း သူ ဘယ်လို ဖော်ထုတ်နိုင်မလဲ။

 

 

သူမ၏ အသံသရုပ်ဆောင်စွမ်းရည်ဖြင့် သူမသည် မည်သူမဆို မျက်ရည်ကျလောက်သော သရုပ်ဆောင်ချက်ဖြင့် အလွယ်တကူ လှည့်စားနိုင်သည်။

 

 

ဒီလူက နှလုံးသားမရှိဘူး။

 

 

ယဲ့အန်းသည် အေးစက်သောမျက်နှာဖြင့် “ကျောက်စိမ်းလိုလှသည် ဆိုတဲ့ စကားလုံးကို ရှင်ကြားဖူးလား။

 

 

ရှဲ့ရှော - "...."