အပိုင်း ၉
Viewers 686

ဂုဏ်မြင့်သူရယ်

 

အပိုင်း

 

 

 

ရှဲ့ရှောက "ကျောက်စိမ်းလိုလှသည်" ဆိုတဲ့ စကားလုံးကို တုံ့ပြန်မှု မရှိခဲ့ပါ။

 

 

ယဲ့အန်းသည် သူ၏ ကွဲလွဲသောအမူအရာကို တစ်ချက်ကြည့်လိုက်ကာ သူ့ဘေးနားတွင် နောက်တစ်ကြိမ်ဝင်ထိုင်လိုက်ပြီး "ရှင် စောစောအိပ်ဖို့ နွားနို့ကို ကျွန်မနွေးပေးနေတာ မဟုတ်ဘူးလား။ ကျွန်မ ညလယ်ကြီးမှာ ကစားဖို့ ကြိုးစားနေတယ်လို့ ရှင်ထင်နေတာလား။"

 

 

သူမ အသံကို လျှော့ပြီး ငြီးညူသံလေးဖြင့်ကျွန်မရဲ့ စေတနာကို အသိအမှတ်မပြုဘဲနဲ့လေ…”

 

 

သူတို့အိမ်ထောင်ရေးရဲ့ ပထမဆုံးညက အကြောင်းတွေးနေပုံရပြီးနောက် ရှဲ့ရှော က ခဏမျှတိတ်ဆိတ်နေပြီးမင်းအိပ်တော့၊ ငါ့ကိုစိတ်မပူပါနဲ့။"

 

 

ယဲ့အန်းက နေရာမှမရွေ့သေးပေ။ သူမက မျက်လုံးကို လှန်လိုက်ပြီး ပြန်ဖြေသည်။အိပ်မက်ဆိုးကနေ နိုးလာပြီး နည်းနည်းတော့ ကြောက်နေသေးတယ်။ ကျွန်မ တစ်ယောက်တည်း မအိပ်ချင်ဘူး"

 

 

ရှဲ့ရှောသည် သူမကို ယုံကြည်မှု တစ်စုံတစ်ရာပျောက်ဆုံးနေပြီး သူမသည် နောက်ထပ်လိမ်ညာပြောဆိုနေသည်ဟု မသိစိတ်က ထင်မြင်နေခဲ့သည်။ သူက မော့ကြည့်ပြီး မေးလိုက်သည်။ဟိုတုန်းက ဘယ်လိုအိပ်လဲ

 

 

ယဲ့အန်းကကျွန်မ ပုံမှန်အားဖြင့် အိပ်မက်ဆိုးတွေ မက်လေ့မရှိဘူး။ ဒီနေ့မှဘာဖြစ်နေလဲမသိဘူး။ ဖြစ်နိုင်တယ်... ရှင် ကျွန်မကို ရူးသွပ်စေတာဖြစ်နိုင်တယ်"

 

 

ရှဲ့ရှော - "...."

 

 

ပြီးတော့ အတိတ်က အတိတ်ပဲလေ။ ကျွန်မ အရင်က အိမ်ထောင်မရှိဘူး၊ အခု ရှိနေပြီ။ ကျွန်မ ခင်ပွန်းအနေနဲ့ ရှင် ကျွန်မအတွက် နည်းနည်းလေးတောင် စိုးရိမ်စိတ်မရှိဘူးလို့  မပြောနဲ့နော်။

 

……

 

အိမ်ထောင်ရေး၊ ခင်ပွန်းသူမသည် သူမ၏ အခန်းကဏ္ဍကို လျင်မြန်စွာပြောင်းလဲယူလိုက်သည်။

 

 

ရှဲ့ရှောက ရယ်မောလိုက်သည်။

 

 

စကားပြောပြီးနောက် ယဲ့အန်းသည် ရုတ်တရက် နှာချေသည်။

 

 

ဧပြီလ နီးနေပြီ ဖြစ်သော်လည်း ညဘက်တွင် ရာသီဥတုက အေးစိမ့်နေသေးပြီး ညဝတ်ဂါဝန်ကိုသာ ၀တ်ထားသည်။

 

 

ထိုနှာချေသံကိုကြားတော့ ရှဲ့ရှော ယသည် နောက်ဆုံးတွင် ထရပ်ပြီး နို့ခွက်ကို သူမထံ ပြန်ပေးသည်။

 

 

ယဲ့အန်းသည် ပြုံးကာ ခွက်ကို ယူလိုက်သည်။ သူမသည် သူ၏ ကွယ်ရာတွင် လက်သီးလက်မောင်းတန်းလိုက်သည်။

 

 

သူမကို အနိုင်ယူနိုင်တဲ့ယောက်ျား မရှိဘူး!

 

 

ယဲ့အန်းသည် ခွက်ကိုသွားထားလိုက်ပြီး သူ့လက်ကို ပြန်ဆေးလိုက်သည်။ သူမ ကုတင်ပေါ်ပြန်တက်ပြီး ရှဲ့ရှော၏ နံဘေးတွင် အိပ်လိုက်သည်။

 

 

ရှဲ့ရှောသည် သူမနှင့် ထိုသို့သော အခြေအနေမျိုး ကြုံပြီးနောက် အနည်းငယ် ပင်ပန်းသွားသည်။ တစ်ဖက်တွင် ယဲ့အန်းသည် လုံးဝအိပ်မပျော်နိုင်ပေ။ လှဲ့လိုက် လှိမ့်လိုက်ပြုသော်လည်း သူမ၏အနေအထား ဘယ်လောက်ပဲ ပြုပြင်ပြောင်းလဲနေပါစေ သက်သောင့်သက်သာဖြစ်သလိုမခံစားရဖြစ်နေသည်။

 

 

သူ့ဘေးတွင် လှုပ်ရှားနေသော ခန္ဓာကိုယ်သံကိုကြား၍ ရှဲ့ရှောက ခေါင်းကို လှည့်လိုက်သည်။ "ကြောက်နေသေးလား"

 

 

သူ ခဏရပ်လိုက်သည်။ "မင်းကြောက်ရင် မီးဖွင့်ထားလိုက်ပါ"

 

 

ယဲ့အန်းသည် သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။ အမှောင်ထဲတွင် သူ့အမူအရာကို မမြင်ရသော်လည်း သူ့အသံက နူးညံ့ပြီး တည်ငြိမ်သည်။

 

 

ယဲ့အန်းက စိုက်ကြည့်နေမိသည်။ အကယ်၍ သူသည် ထိုမတော်တဆမှုမျိုး မကြုံခဲ့ပါက၊ သူသည် အလွန်သိမ်မွေ့နေပေလိမ့်မည်။

 

 

ယဲ့အန်းသည် ကုတင်ဘေးမီးကို ဖွင့်လိုက်သည်။ ခပ်မှိန်မှိန် အဝါရောင်အလင်းတန်းများက အခန်းကို လင်းထိန်စေပြီး သူ့ပုံသဏ္ဌန်ကို ဖော်ပြကာ ထိုလူ၏ မျက်နှာပေါ်တွင် ကျရောက်နေသည်။

 

 

စောစောက သူမမက်ခဲ့သော အိပ်မက်ဆိုးကို တွေးရင်း သူ့ဘက်သို့ ဂရုတစိုက် လှည့်ကြည့်လိုက်သည်။ မှိန်ပျပျအလင်းရောင်ဖြင့် သူ့မျက်နှာကို ကြည့်လိုက်ပြီး သူမရဲ့အမူအရာက တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။

 

 

သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လှပသော လက်ချောင်းထိပ်များသည် သူ့မျက်ခုံးမွှေးများပေါ်တွင် ခဏတာ ငြိမ်ကျသွားကာ သူ့ကို ထိချင်နေပုံရသည်။ အဆုံးတွင် သူမလက်ကို ပြန်ယုတ်လိုက်သည်။

 

 

သူမ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ပြီးကောင်းသောညပါ ဟူသော စကားကို တိတ်တဆိတ် ဆိုလိုက်သည်။

 

 

ပြတင်းပေါက် အပြင်ဘက်တွင် နွေဦးမိုး၏ တဖွဲဖွဲအသံများ ဆက်လက်ထွက်ပေါ်နေသည်။ မိုးစက်များသည် အကိုင်းအခက်များနှင့် သစ်ရွက်များကို ဆေးကြောပြီး ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။

 

-

 

ဒုတိယနေ့နံနက်တွင် ယဲ့အန်းသည် နှိုးစက်ဖြင့် နိုးလာသည်။

 

 

ရှဲ့ရှော၏ မျက်လုံးများသည် နေ့နှင့်ညကို ခွဲခြားရခက်သောကြောင့် နှိုးစက်နာရီကို သတိပေးချက်အဖြစ် အသုံးပြုခဲ့သည်။

 

 

ယဲ့အန်းသည် မျက်လုံးများကို စူးစူးဝါးဝါးဖွင့်လိုက်ပြီး အိပ်ယာမှထရန် အိပ်ယာခင်းများကို မြှောက်လိုက်သည်။ သူမ မထချင်ပဲ ခေါင်းကုတ်လိုက်သည် သူမသည် ခဏလောက် ထပ်အိပ်ပျော်ရန် ပြန်လှဲလိုက်သည်။

 

 

ရှဲ့ရှော သွားတိုက်ပြီး အဝတ်အစားလဲပြီးနောက် နောက်ဆုံးတွင် သူမအိပ်ယာရန် ဆုံးဖြတ်လိုက်သည်။

 

 

ယနေ့ အပြင်ထွက်ရန် မလိုတော့သည့်အတွက် ရှဲ့ရှောသည် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ဝတ်လိုက်သည်။ ယဲ့အန်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ကို လှမ်းကြည့်ရင်း ရုတ်တရက် “Pfft” ရယ်မောသံ ထွက်လာသည်။

 

 

သူ့ရှေ့ကလူက ကောင်းကောင်းဝတ်ထားပေမဲ့ သူအိပ်တဲ့ပုံစံကြောင့် သူ့ဆံပင်တွေက ရှုပ်ပွနေဆဲပင်။ ဖြောင့်တန်းစွာ ထောင်မတ်နေသော ဆံပင်လေးတစ်ချောင်းရှိနေသေးသည်။

 

 

သူ့မျက်လုံးတွေက မှန်ထဲကို မကြည့်နိုင် မမြင်နိုင်တဲ့အတွက် မြင်ရမည်မဟုတ်ပါ။

 

 

သူ၏ ချောမောသော မျက်နှာသည် သူ၏ ဦးခေါင်းထိပ်ရှိ ဗွေဖြင့် တွဲလျက် ထူးထူးခြားခြား ချစ်စရာကောင်းသော မြင်ကွင်းကို ဖန်တီးနေသည်။

 

 

ယဲ့အန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ်ကြည့်ပြန်သည်။ သူမ ကုတင်ပေါ်သို့ လဲကျသွားပြီး အထိန်းအကွပ်မဲ့စွာ ရယ်မောနေသည်။

 

 

ဟက်ဟက်ပက်ပက်ရယ်မောသံကိုကြား၍ ရှဲ့ရှောသည် မျက်မှောင်ကြုတ်လိုက်ပြီး အဘယ့်ကြောင့်စောစောစီးစီး အော်ရယ်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။

 

 

ယဲ့အန်းသည် သူမ၏မျက်လုံးများတွင် မျက်ရည်များကျလာသည်အထိ ရယ်မောလိုက်ပြီး သူမ သူ့ကို လက်ဆွဲခေါ်မပြမီ အချိန်အနည်းငယ်ကြာခဲ့သည်။ "ဒီကိုလာပါ။"

 

 

ရှဲ့ရှောက မလှုပ်ပေ။ သူ့အကြည့်တွေက အေးစက်နေပြီး သူမကို စိတ်မရှည်သလို ဖြစ်နေသည်။

 

 

ယဲ့အန်းသည် သူမ၏ ဖိနပ်ကို ဝတ်ဆင်ကာ အိပ်ရာမှ ထလိုက်သည်။ သူမသည် သူ့ဆီသို့ လျှောက်သွားကာ သူ့ဆံပင်ဆီသို့ လက်လှမ်းလိုက်သည်။

 

 

ရှဲ့ရှောမသိစိတ်က သူ့လက်ကို ဖယ်ချချင်ပေမယ့် ယဲ့အန်းက သူ့ပုခုံးကိုဖိချလိုက်သည်။

 

 

"မလှုပ်နဲ့! ရှင့်ဆံပင်တွေ ထောင်နေတယ်။ ရှင့်ဆံပင်တွေ ထောင်နေလျက်သားနဲ့ အပြင်ထွက်ချင်ရင် ကျွန်မရှင့်ကို မတားဘူး။"

 

 

ထိုစကားကိုကြားပြီးနောက် ရှဲ့ရှောသည် နောက်ဆုံးတွင် ဆန့်ကျင်မှုကို ရပ်လိုက်သည်။ သူ့မျက်နှာက မှုန်ကုပ်သွားတယ်။

 

 

ယဲ့အန်းသည် ခြေဖျားထောက်ရပ်ကာ ၎င်းတို့ကို အောက်သို့ ချလိုက်သော်လည်း ဆံပင်များက နာခံရန် ငြင်းဆန်ခဲ့သည်။

 

 

"ခဏစောင့်၊ မလှုပ်နဲ့။"

 

 

ယဲ့အန်းသည် သူမ၏ ဖိနပ်ကို လဲကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သူမသည် styling sprayနှင့် ဘီးကိုယူကာ ပြန်လာခဲ့သည်။ သူမအလုပ်စလုပ်ရန်ပြင်ဆင်လိုက်ပြီး အကြံတစ်ခုရလိုက်သည်။

 

 

သူမဖုန်းကိုရှာရန် လှည့်ကြည့်လိုက်သည်။ သူမအပြုံးကို ထိန်းထားရင်း ကင်မရာကိုဖွင့်ကာ ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် ဆံပင်ကို ဆက်၍ဖြီးသည်။

 

 

"ရှင်ဘယ်လိုဆံပင်ပုံစံလိုချင်လဲ" ယဲ့အန်းသည် စပရေးဖြင့်မှုတ်နေရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။အလယ်ခွဲလား? ‌နောက်လှန်လား?ဆံထုံး ဆိုရင်ရော?”

 

 

သူမ ခေါင်းညိတ်လိုက်သည်။ဆံထုံးတွေက အခုခေတ်မှာ အရမ်းပေါ်ပြူလာဖြစ်ပြီး ခေတ်စားနေတယ်။ စမ်းကြည့်ချင်လား?"

 

 

ရှဲ့ရှော မျက်နှာသည် ချက်ချင်းပင် စိမ်းလန်းလာသည်။

 

 

ဒေါသထွက်မလာခင်မှာ ယဲ့အန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျန်နေသောဆံပင်များကို အမြန်သုတ်လိုက်ပြီး ဘေးကင်းသော အကွာအဝေးဆီကို ဆုတ်လိုက်သည်။

 

 

"ကောင်းပြီ ကျွန်မ ရှင့်ကို မစတော့ဘူး။ မနက်အစောကြီး ဒေါသထွက်ပြီး အသည်းထိခိုက်မှာ မကြောက်ဘူးလား

 

 

ရှဲ့ရှောက သူမကို မမြင်နိုင်သောကြောင့် သူမကို ဘာမှ မလုပ်နိုင်ခဲ့ချေ။ အေးစက်သော မျက်နှာဖြင့် အိပ်ခန်းမှ ထွက်လာခဲ့သည်။

 

 

သူမဘတကယ်ဆံထုံး ထုံးပေးမည်ကို စိုးရိမ်သောကြောင့် ခြေလှမ်းအနည်းငယ်သာလှမ်းပြီးသည်နှင့် သူ့ဆံပင်ကို စမ်းကြည့်ချင်လာသည်။ သူက သတိမထားမိသောကြောင့် ဗီရိုနှင့် မတော်တဆ ထိမိ၍ လဲကျလုမတတ်ဖြစ်ပြီး ကျကွဲသံတစ်ခု ထွက်ပေါ်လာသည်။

 

 

ယဲ့အန်းသည် ထိုအသံကိုကြားပြီးအဆင်ပြေရဲ့လား ဟု အလျင်စလို မေးလိုက်သည်။

 

 

သူမ ရိုးသားစွာ မေးလိုက်ခြင်းဖြစ်သည်။

 

 

သို့သော်လည်း ရှဲ့ရှော၏ မျက်နှာသည် ပို၍ပင် မှုန်ကုပ်လာသည်။ သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီး နောက်ပြန်မလှည့်ဘဲ ထွက်သွားခဲ့သည်။

 

 

     “……”

 

 

ဘယ်လောက်ကြောက်စရာကောင်းလိုက်တဲ့ ဒေါသအိုးလဲ။

 

 

ယဲ့အန်းသည် အိပ်ခန်း၏ အပြင်အဆင်ကို လှည့်ပတ်ကြည့်ကာ မလိုအပ်သော ပရိဘောဂအချို့ကို စွန့်ပစ်သင့်သည်ဟု တွေးလိုက်သည်။ မဟုတ်ပါက၊ သူသည် အရာအားလုံးကို တစ်ချိန်လုံး တိုက်မိစေခြင်းဖြင့် ရှဲ့ပိုင်ယန်သည် သူ့ကို တမင်တကာ ညှင်းပန်းနှိပ်စက်နေသည်ဟု ထင်နေလိမ့်မည်။

 

     —

 

ယဲ့အန်းသည် ကိုယ်လက်ဆေးကျောပြီးနောက် သူမသည် မနက်စာစားရန် အောက်ထပ်သို့ မဆင်းမီ ပေါ့ပေါ့ပါးပါး ချောင်ဆမ်ကို လဲသွားသည်။

 

 

အဖိုး၊ ရှဲ့ပိုင်ယန်နှင့် ရှဲ့ရှောတို့သည် ထမင်းစားပွဲ၌ ထိုင်နေကြသည်။ ရှဲ့ရှောက စပြီးစားနေပြီပင်။

 

 

နှစ်ပေါင်းများစွာ အလေ့အကျင့်ကြောင့် သူ့အရိုးတွေထဲ စိမ့်ဝင်နေသော အလေ့အကျင့်ကြောင့် သူ၏ လှုပ်ရှားမှုများသည် ရည်မွန်ပြီး သန့်စင်နေသည်။

 

 

အဖိုးနှင့် ရှဲ့ပိုင်ယန် ရှေ့တွင် ယဲ့အန်းသည် ချက်ချင်းပင် နူးညံ့ပြီး ချစ်စရာကောင်းနေသည်။ သူမက ပြုံးပြီးအဘိုး ဟု ခေါ်သည်။

 

 

သူမက ရှဲ့ပိုင်ယန် ဘက်လှည့်လိုက်သည်။အဖေ။

 

 

သခင်ကြီးက ပြုံးသည်။ "အန်အန်းနိုးပြီလား"

 

 

ယဲ့အန်းက ရှဲ့ရှောကို ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။

 

 

အစားအသောက်ကို ငြိမ်သက်တိတ်ဆိတ်စွာ စားကြသည်။

 

 

မနက်စာစားပြီးနောက် ရှဲ့ရှောသည် အပေါ်ထပ်သို့ ပြန်တက်ခဲ့သည်။

 

 

ယဲ့အန်းအား ရှဲ့ပိုင်ယန်ကဘအနားသို့ ခေါ်၍ ရှဲ့ရှော၏ နေထိုင်မှု အကြိုက်များနှင့် ဝါသနာများကို ပြောပြသည်။ သူမသည် သူမ၏နူးညံ့သိမ်မွေ့ပြီး စာနာသော ဇနီးတာဝန်ကို ထိန်းသိမ်းရန် ကြိုးစားစဉ်တွင် ရံဖန်ရံခါ ပြုံးလျက် စိတ်ရှည်ရှည်နှင့် ဂရုတစိုက် နားထောင်ခဲ့သည်။

 

 

သူပြောပြီးသောအခါ ရှဲ့ပိုင်ယန်က ကတ်တစ်ကတ်ကို ထုတ်ပြီး သူမကို ပေးလိုက်သည်။ " မူလက ရှဲ့ရှောက မင်းကို ပေးသင့်ပေမယ့် အခု သူ့အတွက် နည်းနည်းတော့ အဆင်မပြေဘူး... တစ်ယောက်ယောက်က လစဉ် ယွမ် 500,000 ကတ်ထဲကို သွင်းပေးမယ်။ ဒါက မင်းသုံးဖို့ပါ။"

 

 

ယဲ့အန်းသည် သူ့ကို အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေမိသည်။

 

 

အဝတ်အစားပဲဖြစ်ဖြစ် လက်ဝတ်ရတနာပဲဖြစ်ဖြစ် ဝယ်စရာတစ်ခုခုရှိရင် အိမ်တော်ထိန်းကို အသိပေးပါ။ သူက မင်းကို ရအောင် ကူညီပေးလိမ့်မယ်။"

 

……

 

တစ်လကို ယမ်း500,000 သုံးဖို့အတွက်၊ အဝတ်အစား၊ လက်ဝတ်ရတနာနဲ့ တခြား ဘာပဲ ဖြစ်ဖြစ်

 

 

ယဲ့အန်းသည် လွင့်မျောသွားတော့မည်။

 

 

သူမသည် စိတ်လှုပ်ရှားမှုကို မျိုသိပ်လိုက်ပြီး ကတ်ကို တည်ငြိမ်စွာ လက်ခံလိုက်သည်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ကျေးဇူးတင်ပါတယ် အဖေ

 

 

ရှဲ့ပိုင်ယန်က ညင်သာစွာ ပြုံးလိုက်သည်။အဘိုး မပြန်ခင် ခဏလောက်နေဦးမယ်။ ငါက ကုမ္ပဏီမှာ အလုပ်ရှုပ်နေတော့ မိသားစုကိစ္စတွေကို မစီမံနိုင်တော့ဘူး။ အဲဒီအခါကျရင် မင်းကို ငါဒုက္ခပေးရလိမ့်မယ်…” သူ ခေတ္တရပ်လိုက်ပြီးရှဲ့ရှော နဲ့ အချိန်ပိုဖြုန်းပါ လို့ ထပ်ပြောသည်။

 

 

ယဲ့အန်းသည် ရှဲ့မိသားစုက သူမအား အဘယ်ကြောင့် အမြန်လက်ထပ်စေချင်သည်ကို ကြာမြင့်စွာကတည်းက သိခဲ့ပြီးဖြစ်သောကြောင့် သူ့တောင်းဆိုမှုကြောင့် သူမ မအံ့သြခဲ့ပေ။ သူမ ခေါင်းညိတ်ပြလိုက်သည်။

 

 

စိုးရွံ့သော မျက်နှာကို မြင်လိုက်ရသဖြင့် သူမသည် ယဲ့ယွမ်နျန်ကို တွေးမိသွားသည်။

 

 

သူတို့နှစ်ယောက်လုံးက အဖေတစ်ယောက်၏ တာဝန်ကိုယူထားရပေမယ့် ဘယ်လိုမျိုး ကွာခြားချက်ကြီးမားနေတာလဲ။

 

 

ရှဲ့ပိုင်ယန်နှင့် စကားပြောပြီးနောက် ယဲ့အန်းသည် ပျော်ရွှင်စွာ လှေကားထစ်ကို တက်ခဲ့ပြီး ရှဲ့ရှောကို "ဂရုစိုက်" ရန် အသင့်ဖြစ်နေသည်။

 

 

ဤအခိုက်အတန့်တွင် သခင်လေးရှဲ့၏ ပြဿနာများသည် သူမ၏မျက်လုံးထဲတွင် လုံးဝပမွားသာဖြစ်ပေသည်။

 

     —-

 

ရှဲ့ရှောသည် အိပ်ခန်းထဲတွင် မရှိပါ။ ယဲ့အန်းသည် အချိန်အတော်ကြာအောင် ရှာဖွေခဲ့ရာ နောက်ဆုံးတွင် သူ့ကို စတူဒီယိုတွင် တွေ့ရှိခဲ့သည်။

 

 

စတူဒီယိုသည် အလွန်ကျယ်ဝန်းပြီး စာအုပ်စင်များကို အတွင်းဘက်စွန်းအထိ ချဲ့ထားသည်။ ကန့်လန့်ကာများကို တင်းတင်းကြပ်ကြပ် ပိတ်ထားသောကြောင့် မူလစိတ်ပျက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို ပို၍ အသက်မဲ့စေသည်။

 

 

AIယူနစ်ကို စတူဒီယိုတွင် ထည့်သွင်းထားပြီး၊ ၎င်းသည် လောလောဆယ်တွင် ၎င်း၏ စက်ရုပ်ဆန်ဆန် အသံဖြင့် တစ်ခုခုကို ဇာတ်ကြောင်းပြောပြနေပါသည်။ ရှဲ့ရှောသည်ဆိုဖာပေါ်ထိုင်ပြီး အေးအေးဆေးဆေး နားထောင်နေသည်။

 

 

ဆိုဖာက တကယ်ပဲ သူ့အချစ်စစ်ပါ။

 

 

ယဲ့အန်း တံခါးခေါက်လိုက်သည်။ သူမသည် ပထမဆုံးအဝေးထိန်းခလုတ်ကို ရှာတွေ့ပြီး ပြတင်းပေါက်ခန်းများကို ဖွင့်လိုက်သည်။

 

 

အနီးပတ်ဝန်းကျင်သည် နွေးထွေးသော အရောင်အသွေးများ ချက်ခြင်း တောက်ပလာစေပါသည်။

 

 

ရှဲ့ရှောက မျက်မှောင်ကြုတ်ပြီး " ဘာကူညီပေးရမလဲ?"

 

 

ငွေကြေးအမြောက်အမြားကို ရရှိထားသည့် ယဲ့အန်းက ခပ်ပြုံးပြုံးသာ ပြန်ဖြေခဲ့သည်။ "ဘာမှမဟုတ်ပါဘူး၊ အဖေက ကျွန်မကို ရှင်နဲ့ အတူတူအချိန်တွေကို ကုန်ဆုံးစေချင်တယ်တဲ့"

 

 

သူမသည် ရှဲ့ရှောအနီးတွင်ထိုင်ကာ စပ်စုလိုက်သည်။ "ရှင်ဘာတွေနားထောင်နေတာလဲ"

 

 

ရှဲ့ရှော၏ မျက်တောင်များ မှိတ်သွားပြီး သူမကို ဂရုမစိုက်သော အမူအရာဖြင့် လျစ်လျူရှုလိုက်သည်။

 

 

မနေ့ညက သူမနှင့် ရှီရွှမ်းရွှမ်းတို့ စကားဝိုင်းအလယ်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရှီရွှမ်းရွှမ်း စိတ်ရှုပ်သွားပြီး မက်ဆေ့ခ်ျအနည်းငယ် ဆက်တိုက်ပို့လိုက်သည်။

 

 

ရှီရွှမ်းရွှမ်း- [???hello?]

 

 

ရှီရွှမ်းရွှမ်း - [ပုံတစ်ခုတောင်းတယ်။ မင်းဘာလို့ရုတ်တရက် ပျောက်သွားတာလဲ။]

 

 

ရှီရွှမ်းရွှမ်း - [confused_face.jpg]

 

     ……

 

ယဲ့အန်းက သူ့ဖုန်းကို ပိတ်ထားလိုက်ပြီး မနေ့က conversation ကိုစပြီး အကြောင်းပြန်ခဲ့သည်- [ဓာတ်ပုံတွေက လက်တွေ့ဘဝက သူ့ရဲ့ ချောမောမှုကို ဖမ်းဆုပ်လို့မရပါဘူး။ တစ်နေ့နေ့တော့ အပြင်မှာ မင်းကို ငါပြမယ်။[shy.face]]

 

 

ခဏအကြာတွင် ရှီရွှမ်းရွှမ်းဆီမှ စာသားအသစ်တစ်ခု ရောက်လာသည်။

 

 

ရှီရွှမ်းရွှမ်း - [မင်းမှာ သူ့ပုံမရှိလို့ ဟိုနေ့က ပျောက်သွားခဲ့တာလား။]

 

 

ရှီရွှမ်းရွှမ်း - [[frowny.face] မင်းရဲ့ Mr. Perfect အစစ်ဟုတ်မဟုတ် ငါ သံသယဖြစ်မိတယ်။]

 

 

ယဲ့အန်းသည် သူမဘေးတွင် စာအုပ်တစ်အုပ်ဖတ်နေသော ရှဲ့ရှောကိုကြည့်လိုက်သည်။ ဒီလို စိတ်တိုစရာကောင်းတဲ့ မျက်နှာက ဘယ်လို အတုဖြစ်နိုင်မလဲ။

 

 

မီးလုံး ရုတ်တရက် ပြတ်သွားသည်။ အမိုက်စား ဆံပင်တွေနဲ့ စောစောက ရိုက်ခဲ့တဲ့ ပုံကို ရှာတွေ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ဦးခေါင်းထိပ်ကို မြင်နိုင်တဲ့ နေရာကို ဖြတ်ပြီး ပေးပို့လိုက်သည်။

 

 

ရှီရွှမ်းရွှမ်း - [???]

 

 

ရှီရွှမ်းရွှမ်း - [အဲဒါဘာလဲ???]

 

 

ယဲ့အန်း - [ကျွန်မခင်ပွန်းချောရဲ့ ဆံပင်တချို့။]

 

 

ရှီရွှမ်းရွှမ်း - [???]

 

 

ယဲ့အန်း - [သူ့ဆံပင်ရဲ့ ချောမွေ့တဲ့ ဆံသားနဲ့ ကွေးကောက်ခြင်းရဲ့ ပြီးပြည့်စုံမှုကို ကြည့်ပါ။ ဆံချည်တစ်မျှင်စီသည် စွဲမက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုရှိတယ်။ ဒါက ကျွန်မခင်ပွန်းရဲ့ ကျက်သရေနဲ့ ချောမောမှုကို သက်သေပြဖို့ လုံလောက်ပါတယ်။]

 

 

ယဲ့အန်း - [ကမ္ဘာပေါ်မှာ သူနဲ့ ယှဉ်နိုင်တဲ့သူ မရှိဘူး! ]

 

 

ယဲ့အန်း - [serious_face.jpg]

 

 

ရှီရွှမ်းရွှမ်း - [………]

 

 

မင်းကိုယ့်ကို နောက်နေတာလား?

 

 

ရှီရွှမ်းရွှမ်းက သူမသည် ချမ်းသာသော်လည်း ရုပ်ဆိုးသောခင်ပွန်းနှင့် လက်ထပ်ပြီး မျက်နှာမပျက်ချင်ကြောင်း ခံစားခဲ့ရသည်။ အဲ့ဒါကြောင့် သူမ သူ့ကို ဖုံးကွယ်ပြီး မင်္ဂလာပွဲအကြောင်း ဘယ်သူ့ကိုမှတောင် အသိပေးခြင်း မရှိပါဘူး။

 

~

 

သူမ ခဏလောက်စဉ်းစားပြီး ဒီအကြောင်းအရာကို ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။- [နင်ပျော်နေသရွေ့ အားလုံးအဆင်ပြေပါတယ်။ ငါသွားရတော့မယ် - နောက်နှစ်ရက်မှာ ပြီးအောင်လုပ်ရမယ့် ဇာတ်ညွှန်းတစ်ခုရှိတယ်။ နောက်မှတွေ့မယ်!]

 

 

ယဲ့အန်းနှင့်မတူဘဲ ရှီရွှမ်းရွှမ်းသည် ဇာတ်ညွှန်းရေးခြင်းနှင့် ထုတ်လုပ်ရေးတွင် အဓိကတာဝန်ယူခဲ့သည်။ သူမသည် ရံဖန်ရံခါတွင် အသေးအဖွဲ့ အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။ ဤစာတိုကို ပေးပို့ပြီးနောက် သူမသည် စာမူကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

 

 

ယဲ့အန်းသည်  chat browser မှ ထွက်ပြီး Weibo တွင် ပျင်းရိစွာ ပွတ်ဆွဲလိုက်သည်။

 

 

မကြာမီ  AI ဇာတ်ကြောင်းပြန်နေခြင်း အပြီးသတ်သွားပြီး အခန်းသည် တိတ်ဆိတ်သွားပြန်သည်။

 

 

ရှဲ့ရှောသည် စာဖတ်ခြင်းကိုပြောင်းရန် AI ကိုပြောရန်ပြင်ဆင်နေသည်ကိုမြင်၍ ယဲ့အန်းက ရုတ်တရက် "AI ကိုဖတ်ခိုင်းရတာ ပျင်းဖို့ကောင်းတယ်၊ ကျွန်မ ရှင့်ကိုဖတ်ပြရင်ရော?"

 

 

 ရှဲ့ရှောက ခေါင်းညိတ်လိုက်သည်။

 

 

ယဲ့အန်းက မေးစေ့ကို ဆန့်တန်းပြီးကျွန်မ အရင်က ဝတ္ထုတွေအတွက် အသံသရုပ်ဆောင်ဖူးတယ်၊ ဒါကြောင့် ကျွန်မက ဒါကို ကျွမ်းကျင်တယ်။ ကျွန်မအသံက နားထောင်လို့ကောင်းမယ် မထင်ဘူးလား"

 

 

သူမရဲ့ Weibo မှာတောင် ပရိသတ် သောင်းချီရှိခဲ့ပါတယ်။

 

 

ရှဲ့ရှောက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

 

သူမရဲ့ အသံသည် ကြည်လင်ပြီး ပေါ့ပါးပြီး နားထောင်ရတာ တကယ်ကို ကြည်နူးဖို့ ကောင်းသည်။ စကားအရမ်းပြောနေလျှင်ပင် တခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ပါ။ သူပထမဆုံးအကြိမ် ဝင်လာကတည်းက ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။

 

 

ယဲ့အန်းသည် ၎င်း၏ ငြင်းပယ်မှုကို မစောင့်ဘဲ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို ကောက်ယူကာ သူမ၏ ကိုယ်ပိုင် အရည်အချင်းကို သက်သေပြလိုသည့်ဟန်ဖြင့် စတင်ဖတ်လိုက်သည်။

 

 

နားထဲသို့ စိမ့်စမ်းရေများ စီးကျလာသကဲ့သို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသော အသံတစ်ခု။ ရှဲ့ရှောသည် သူ့လက်ချောင်းများကို လှုပ်ရှားမိသော်လည်း သူမကို မတားခဲ့ပေ။

 

 

ပြတင်းပေါက် အပြင်ဘက်တွင် နေရောင် လင်းလက်နေပြီး လူနှစ်ယောက် အတူတူ ထိုင်နေကာ နွေးထွေးမှု၏ ပုံရိပ်ယောင်ကို ပေးစွမ်းနေသည်။

 

 

"ဘယ်လိုနေလဲ? ခံစားချက်တွေ ပိုကြားနိုင်လား" စာအုပ်တစ်ဝက်လောက်ကို ဖတ်ရှုပြီးနောက် ယဲ့အန်းသည် ဂုဏ်ယူစွာ မျက်ခုံးပင့်လိုက်သည်။

 

 

ရှဲ့ရှောက ပြန်မဖြေသေးပေ။

 

 

ယဲ့အန်းသည် စာအုပ်ကို ချလိုက်ပြီး ရေတစ်ခွက်သောက်ရန် ထလိုက်သည်။

 

 

ရှဲ့ပိုင်ယန်က သူမကိုပေးလိုက်တဲ့ ကတ်ကိုသတိရကာ ခဏရပ်၍ ပြန်လှည့်လာပြီးရှင် လက်ဖက်ရည်သောက်ချင်လား။ ဒါမှမဟုတ် ကော်ဖီတစ်ခွက်လောက် သောက်ချင်လား လို့မေးသည်။

 

 

ရှဲ့ရှောမျက်လုံးမှိတ်လိုက်သည်။ သူ့အမူအရာက အေးစက်နေသည်။ "မလိုပါဘူး။"

 

 

ယဲ့အန်းသည် သူ၏ သည်းမခံနိုင်စရာ စရိုက်ကို ကျင့်သားရနေပြီဖြစ်သည်။ မမေးဘဲ ဧည့်ခန်းဆီသို့ လျှောက်သွားသည်။

 

 

သူမရောက်သည်နှင့် လက်ဖက်ရည်ခွက်နှစ်ခွက် သယ်လာသော အဒေါ် ကျိုးကို တွေ့လိုက်ရသည်။

 

 

သခင်မလေး အဒေါ် ကျိုးက ပြုံးပြီး ပြောလိုက်သည်။

 

 

ယဲ့အန်းက ပြန်ပြုံးပြ၍ ဗန်းကို ယူလိုက်သည်။ "ကျွန်မကို သယ်ခွင့်ပေးပါ"

 

 

ယဲ့အန်း၏ မာန်လျော့သွားသော အသွင်ကို မြင်လိုက်ရသော အဒေါ် ကျိုးသည် ကျေနပ်အားရသော အမူအရာ ဖြစ်သွားသည်။

 

 

ကျွန်မ လက်ဖက်ရည်ကို ဘေးစားပွဲပေါ် တင်ထားတယ်။ ရှင်လိုချင်ရင် ကျွန်မကိုပြောပါ" စတူဒီယိုကိုပြန်ရောက်သောအခါ ယဲ့အန်းက သူမ၏လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ရှဲ့ရှော၏ ဘေးတွင် တစ်ဖန်ပြန်ထိုင်သည်။

 

 

လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်ပြီးနောက် ခေါင်းကို မော့ကာနောက်မှ ဖတ်ချင်သမျှ ဖတ်ဖို့ ကျွန်မကို လာရှာလို့ရတယ်။ မဂ္ဂဇင်းတွေ၊ အင်တာနက်သတင်းတွေ အားလုံးအဆင်ပြေတယ်။ ကျွန်မက AI ထက်တော့ အများကြီးသာပါတယ်။" သူမ ခေတ္တရပ်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "စိတ်​​ကောင်းရင် ရှင့်အတွက်​​ သီချင်းတောင်ဆိုပြလို့ရတယ်"

 

 

ယဲ့အန်းသည် သူမသည် နူးညံ့သိမ်မွေ့ပြီး စာနာပေးသလို ဖြစ်နေပြီဟု ထင်ခဲ့သည်။ ရှဲ့ရှော မတုန်လှုပ်သည့်တိုင်အောင် အနည်းဆုံးတော့ သူမကို ပိုကောင်းအောင် ဆက်ဆံသင့်ပါသည်။ မထင်မှတ်ပဲ၊ အေးစက်သောလူ၏ စကားတစ်ခွန်းကို သူမကြားလိုက်ရသည်။မင်း အဲ့လောက်တောင်အားနေလား

 

 

ယဲ့အန်း - “…..”

 

 

သူက အဆိပ်ရှိတာလား။

 

 

သူမ၏ ကောင်းသော စိတ်သည် ချက်ချင်း ပျောက်ကွယ်သွားကာ ယဲ့အန်းသည် သူ့ခေါင်းကိုလက်ဖက်ရည်ခွက်ကို ရိုက်ခွဲချင်သည့် အထိ ဒေါသထွက်သွားသည်။

 

 

မေ့ထားလိုက်ပါ၊ သူမသည် လစဉ်ထောက်ပံ့ကြေး ယွမ် 500,000  ဖြင့် နေမည်ဖြစ်သည်။

 

 

ယဲ့အန်းသည် အသက်ပြင်းပြင်းနှစ်ချက်ရှူလိုက်ပြီး သူ့အတွက် မူလရည်ရွယ်ထားသည့် လက်ဖက်ရည်တစ်ခွက်ကို လှမ်းယူလိုက်သည်။ သူမ ဒေါသပြေစေရန် တစ်ငုံသောက်လိုက်သည်။

 

 

သူမ မျိုချလိုက်သည်နှင့်​​ ဘေးနားရှိ ဖုန်းက မြည်လာသည်

 

 

ယဲ့အန်း က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ID ကိုကြည့်လိုက်သည်။ ရှန်းချွမ် ဖြစ်သည်။

 

 

လသာဆောင်သို့ လျှောက်သွားကာ ဖုန်းလက်ခံလိုက်သည်။

 

 

အန်အန်း၊ သတင်းဆိုးတစ်ခုရှိတယ်…” သူ ခေတ္တရပ်လိုက်သည်။ "Pharmacist" ပရောဂျက်ကို ဖျက်သိမ်းလိုက်ပြီ

 

 

ယဲ့အန်း မျက်မှောင်ကြုတ်လိုက်သည်။ " လုဟုန်က အဲဒါကို နောက်တစ်ရက်မှာ သဘောတူပြီးသား မဟုတ်ဘူးလား? ဘယ်လိုဖျက်လိုက်တာလဲ

 

 

ဖုန်းခေါ်ဆိုမှု၏အခြားတစ်ဖက်တွင် ရှန်းချွမ်က ကျိန်ဆဲနေသည်။ "အခြားပါတီက သူတို့ရဲ့စာချုပ်ကို ဖျက်သိမ်းပြီးတဲ့နေ့ နောက်တစ်ရက်နေတော့ ငါသတင်းရခဲ့တာ"

 

 

ယဲ့အန်းသည် လက်ရန်းကိုမှီလိုက်သည်။ သူမ မမြင်နိုင်သောဖက်တွင်  ရှဲ့ရှောသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယူရန် စမ်းတဝါးဝါး ရှာဖွေနေသည်။